Came From Deepest Somewhere

By Tayy_1823

4.6K 218 5

ရှောင်းကျန့်ကအများပြောသလို ဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးပဲဖြစ်ခဲ... More

Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Final Chapter
XZ's POV
Gift Chapter💙

Chapter-1

882 24 0
By Tayy_1823


ကျောင်းဝန်းကလေးဟာ စာသင်စာအံသံတွေနဲ့ဆူညံနေလေရဲ့။ အလယ်တန်းအဆောင်နားက တရုတ်စကားပင်ကြီးမှာလည်းအပွင့်တွေဖွေးဖွေးလှုပ်လို့။ အစိမ်းရောင်အရွက်နောက်ခံမှာ အဖြူရောင်အပွင့်လေးတွေရယ် ဝတ်ဆံနေရာမှာအဝါဖန့်ဖန့်လေးရယ်နဲ့သိပ်လှတယ်လို့ဆိုရမယ်။ စီနီယာအစ်ကိုကြီးသာသိရင် ဒီနေရာကိုပန်းချီလာဆွဲဦးမယ်ထင်တယ်။

"ဝမ်ရိပေါ် ဘာတွေများတွေးနေတာလဲ"

"ခင်ဗျာ"

အတွေးတွေလွန်နေတုန်း ရုတ်တရက်ခေါ်သံကြားလို့ကြည့်မိတော့ အတန်းရှေ့ကသချ်ာဆရာမကသတိပေးသလိုကြည့်နေတယ်။

"ကျွန်တော်တောင်းပန်ပါတယ် ဆရာမ"

မျက်မှန်အဝိုင်းလေးကိုနှာနုရိုးနားထိပင့်တင်ရင်း ရိပေါ်ပြောတော့ ဆရာမကခွင့်လွှတ်ပေးရှာပါတယ်။ ဟုတ်တယ် သူအတန်းထဲမှာဆိုတာကိုမေ့သွားခဲ့တာ။ ပြတင်းပေါက်ဘေးကသူ့နေရာကြောင့်အပြင်ကိုငေးမိရင်းက စီနီယာအစ်ကိုကြီးကိုပါတွေးမိသွားခဲ့တာ။ စာကိုသေချာပြန်အာရုံစိုက်လိုက်တော့လည်း အချိန်တွေဟာဘာသိဘာသာပါဘဲ။ တစ်ချိန်ပြီးတစ်ချိန်ပြောင်းသွားလိုက်တာဆိုတာ ကျောင်းဆင်းခေါင်းလောင်းသံကဒေါင်ခနဲ။ ဒါနဲ့...ဒီနေ့နဲ့ဆိုစီနီယာအစ်ကိုကြီးရန်မဖြစ်တာနှစ်ရက်ရှိပြီ။

---

"ဝမ်ရိပေါ် အဲ့ဒီစာအုပ်တွေကို ရုံးခန်းထဲပို့လိုက်နော်"

"ဟုတ်ကဲ့ ဆရာမ"

ဆရာမက အတန်းခန်းထဲကထွက်ခါနီးမှာစရာရှိတာမှာတယ်။ ထမင်းစားကျောင်းဆင်းချိန်မို့အတန်းထဲမှာဆူညံပွက်လို့။ စားပွဲပေါ်မှာတင်ထားတဲ့စာအုပ်ပုံကို ဆရာမခိုင်းသလိုရုံးခန်းထဲကိုပို့ပြီးမှနေ့လည်စာစားဖို့ တွေးမိတယ်။ မျက်မှန်ဝိုင်းကလေးအမြဲတပ်ထားပြီး စာကလွဲရင်ဘာမှမသိတဲ့သူ့ကို ဆရာမတွေကအစစအရာရာအရေးပေးပါတယ်။ စာတော်တဲ့ကျောင်းသားတွေရဲ့အခွင့်ထူးလို့ပြောရမလားဘဲပေါ့။ တစ်ဆက်တည်းရုံးခန်းလို့ပြောလိုက်​​တာနဲ့စီနီယာအစ်ကိုကြီးကို သတိရမိသေးရဲ့။ ခဏခဏရန်ဖြစ်ပြီးဝန်ခံကတိထိုးရနေကျ။

သူ့ကျောပိုးအိတ်အပြာရောင်လေးထဲမှာ  ပန်းချီဆွဲတဲ့ဆေးရောင်စုံဘူးတစ်ဘူးရှိနေတယ်။ ဒါက ဒီလreport cardမှာ ရိပေါ်ကအဆင့်တစ်ရလို့ အတန်းပိုင်ဆရာမကဆုချတဲ့သဘောမျိုးပေးလိုက်တာ။ အရင်လတွေကလည်း ကွန်ပါဘူးကလေးတွေ၊ဗလာစာအုပ်ကလေးတွေစသဖြင့်ဆုချနေကျ။ အဆင့်တစ်ရတာကအမြဲတမ်းမို့မထူးဆန်းပေမယ့် ဒီလရတဲ့ဆေးရောင်စုံဘူးလေးကတော့ထူးခြားတယ်။ စီနီယာအစ်ကိုကြီးသဘောကျမယ်ထင်ပါတယ်။

စားပွဲပေါ်ကစာအုပ်ထပ်ကိုမရင်း ကော်ရစ်တာကနေရုံးခန်းဆီကိုလျှောက်လာလိုက်တယ်။ရုံးခန်းနဲ့သူတို့အခန်းကြားမှာ စာသင်ခန်းသုံးခုလောက်သာခြားတာမို့ သိပ်ကြာကြာမလျှောက်ရဘဲရုံးခန်းဆီကိုရောက်ပါတယ်။

"စာအုပ်တွေလာပို့တာပါခင်ဗျ"

ကျောင်းအုပ်ဆရာမကြီးကိုခွင့်တောင်းသလိုပြောရင်း ဝင်ပေါက်နားက စားပွဲလေးပေါ်မှာစာအုပ်တွေကိုထားလိုက်တယ်။ ပြန်ထွက်ခါနီးသေချာကြည့်မှ ရုံးခန်းအလယ်ကစားပွဲမှာထိုင်နေတာ​က စီနီယာအစ်ကိုကြီး။ မျက်နှာကလည်းနည်းနည်းဖူးယောင်နေပုံထောက်တော့ ရန်ဖြစ်လာပြန်ပြီထင်ပါတယ်။ စီနီယာအစ်ကိုကြီးရှေ့မှာ ခံဝန်ကတိလက်မှတ်ထိုးတဲ့စာအုပ်ရှည်ကြီးရယ် ဆုံးမစကားတတွတ်တွတ်ပြောနေတဲ့ဆရာမရယ်ရှိတယ်။ ဘာထူးမှာလဲ စီနီယာအစ်ကိုကြီးက ခံဝန်ကတိဆိုတာမှင်ခြစ်ရာလေးလို့ဘဲသတ်မှတ်တတ်တဲ့သူ။ အထူးသဖြင့်ရန်ပွဲတွေနဲ့မကင်းနိုင်တဲ့သူမျိုး။

အကြာကြီးငေးကြည့်နေတုန်း စီနီယာအစ်ကိုကြီးကဖြတ်ခနဲပြန်ကြည့်လာတယ်။ ဒါပေမယ့်ထုံးစံအတိုင်းလိုဘဲ ဒီတစ်ကြိမ်လည်းပြုံးရယ်ပြတာမျိုးမရှိဘူး။ သေချာကြည့်မိမှ နားထင်စပ်မှာသွေးစတချို့တောင်ရှိနေသေးတယ်။ ဒီလိုပုံစံနဲ့ဆိုညနေကျ ဆေးရောင်စုံဘူးကလေးပေးဖို့မဖြစ်သေးပါဘူး။ စီနီယာအစ်ကိုကြီးစိတ်ကြည်မယ့်နေ့ကိုစောင့်ရဦးမယ်။

စာသင်ခန်းဆီကိုလျှောက်လာရင်း တွေးမိတာကလည်းစီနီယာအစ်ကိုကြီးအကြောင်းပါဘဲ။ စီနီယာအစ်ကိုကြီးနဲ့ရိပေါ်နဲ့ကတစ်လမ်းတည်းနေတဲ့အိမ်နီးချင်းတွေ။ ငယ်ငယ်တည်းကလားဆိုရင်တော့ မဟုတ်ဘူး။ ရိပေါ်အလယ်တန်းပထမနှစ်စလောက်က ဒီကိုပြောင်းလာမှပေါ့။ ဖြစ်ချင်တော့ ရိပေါ်မာမားနဲ့ စီနီယာအစ်ကိုကြီးမာမား ယင်းအားရီနဲ့ကအခင်ဆုံးသူငယ်ချင်းတွေဖြစ်နေခဲ့တယ်။

စီနီယာအစ်ကိုကြီးကိုစတွေ့တုန်းကလည်း အခုလိုဒဏ်ရာတွေနဲ့ပါဘဲ။ တစ်နည်းအားဖြင့် ကျောင်းသားသစ်ကလေးသူ့ကို အတန်းကြီးကျောင်းသားတွေကအနိုင်ကျင့်ခဲ့တုန်းကပေါ့။ စီနီယာအစ်ကိုကြီးက အဲ့ဒီကျောင်းသားဆိုးတွေနဲ့ရန်ဖြစ်ပြီး ရိပေါ်ကိုကယ်ခဲ့တာ။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး"

ကျောင်းသားဆိုးတွေလက်ချက်နဲ့ မြေပြင်ပေါ်ကိုကျပြီး ဖုန်လူးနေတဲ့ကျောပိုးအိတ်အပြာလေးကိုကောက် မျက်မှန်ဝိုင်းလေးကိုတပ်ရင်း ကျေးဇူးတင်စကားဆိုတော့ စီနီယာအစ်ကိုကြီးကပြုံးလည်းမပြုံး၊ရယ်လည်းမရယ်။

"မင်းညံ့လှချည်လား ဘာလို့ပြန်မချတာလဲ"

မျက်ခုံးတွေကိုတွန့်ချိုးရင်း မကျေနပ်သလိုမေးလာတဲ့စီနီယာအစ်ကိုကြီးကြောင့် ရိပေါ်ဦးနှောက်ကပူခနဲ။ တကယ်ဆိုသူရန်ဖြစ်ရမှာကြောက်တာလားဆိုတော့ မကြောက်ပြန်ဘူး။ ဒါပေမယ့် သူသာရန်ဖြစ်ရင် မာမားစိတ်ကောင်းမှာမဟုတ်လို့ ဒီတိုင်းငြိမ်ခံနေလိုက်တာ။

"ကျွန်တော်ရန်ဖြစ်ရင် မာမားစိတ်မကောင်းဖြစ်မှာစိုးလို့ခင်ဗျ"

အဲ့လိုဖြေတော့ စီနီယာအစ်ကိုကြီးက ဘာမှတော့ပြန်မပြော။ သတိထားကြည့်မိတော့ စီနီယာအစ်ကိုကြီးမျက်လုံးအောက်မှာ သွေးစတချို့ရှိတယ်။

"ဒါလေးကပ်ထားပါခင်ဗျ"

အမြဲတမ်းဆောင်ထားတတ်တဲ့အနာကပ်ပလာစတာလေးကို ကမ်းပေးတော့ အသာတကြည်ယူပြီး ဘာမှမပြောဘဲလှည့်ထွက်သွားတယ်။ ရိပေါ်တစ်ယောက်တည်းသာနေရာမှာကြောင်တောင်တောင်နဲ့ကျန်နေခဲ့ရတာ။ ရန်ဖြစ်ရင်ဆိုတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ဘဲ တစ်ခုခုထိခိုက်မိရင်အလွယ်ရအောင် မာမားထည့်ပေးထားတတ်တဲ့အနာကပ်ပလာစတာလေးက အဲ့ဒီနေ့ကတော့အတိအကျကြီးအသုံးဝင်ခဲ့တယ်။

အဲ့လိုနဲ့စီနီယာအစ်ကိုကြီးနဲ့ ရိပေါ်နဲ့စတွေ့တယ်။ မာမားမိတ်ဆက်ပေးလို့ စီနီယာအစ်ကိုကြီးနာမည်ကို မကြာခင်ဘဲသိခဲ့ရတယ်။ စီနီယာအစ်ကိုကြီးရဲ့နာမည်ကရှောင်းကျန့်တဲ့။ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား။ ကျောင်းရဲ့နာမည်ကျော်။ ယင်းအားရီကတော့ စီနီယာအစ်ကိုကြီးလို့ခေါ်ရတာရှည်တယ်ဆိုပြီး တစ်ခုခုပြောင်းခေါ်ဖို့ပြောသေးတယ်။

"ကျန့်ကောလို့ခေါ်လို့ရလားဗျ"

အဲ့လိုခွင့်တောင်းမိတုန်းက စီနီယာအစ်ကိုကြီးရဲ့မျက်လုံးတွေကစူးခနဲ။

"မရဘူး ငါခွင့်မပြုဘူး"

ဒီစကားနဲ့ဘဲအားခဲထားသမျှအရာရာငြိမ်းပါတယ်။ ခွင့်မပြုတဲ့နာမ်စားကိုခေါ်တော့ရော ဘာအကျိုးထူးမှာတဲ့လဲ။ စီနီယာအစ်ကိုကြီးလို့ခေါ်ရလည်း အပန်းကြီးတာမှမဟုတ်တာ။ ညနေကျရင်တော့ စီနီယာအစ်ကိုကြီးရဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးရပါဦးမယ်။ စီနီယာအစ်ကိုကြီးကတော့ ဘယ်လိုနေမယ်မသိပေမယ့် ရိပေါ်ကတော့ စီနီယာအစ်ကိုကြီးရဲ့မျက်နှာပေါ်မှာနေပြောက်လာထိုးရင်တောင် ကိုးလိုကန့်လန့်ခံစားရတာမို့။

---

"ရိပေါ် ဘယ်လဲ"

ဆေးသေတ္တာအသေးလေးကိုင်ပြီးထွက်လာတော့ မီးဖိုခန်းထဲကမာမားကလှမ်းမေးတယ်။ မာမားကတော့ မီးဖိုခန်းထဲမှာချွေးတလုံးလုံးနဲ့။

"ကျန့်ကောဆီသွားမလို့ မား"

"ဒုက္ခပါဘဲ ဒီကလေးရန်ဖြစ်ပြန်ပြီလား"

"ဟိုဘက်ကစတာပါ မားရဲ့"

"အံမလေး ကိုယ်တော်ချောလေး
သူ့အစ်ကိုဘက်ကသာကာပေး သိလား"

ပက်ခနဲပြန်ပြောလိုက်တဲ့သူ့ကို မာမားကခနဲ့သလို စကားနာထိုးတယ်။ တကယ်ဘဲလည်း ရန်ဖြစ်တိုင်း စီနီယာအစ်ကိုကြီးအလွန်မဟုတ်တာ ရိပေါ်အသိ။ ဘယ်လိုဖြစ်ဖြစ် သူ့ကျန့်ကောကလူဆိုးမှမဟုတ်တာ။

"နေဦး ရှောင်ယင်းအတွက် ပုစွန်ဟင်းပေးလိုက်ဦးမယ်"

အဲ့လိုပါဘဲ မာမားက ယင်းအားရီတို့အိမ်ကို သူသွားတိုင်း တစ်ခုမဟုတ်တစ်ခုပေးနေကျ။ မာမားပေးတဲ့ဟင်းဘူးလေးကိုယူပြီး စီနီယာအစ်ကိုကြီးအိမ်ကိုထွက်လာခဲ့တယ်။ တစ်ဖက်ကဆေးသေတ္တာ တစ်ဖက်ကဟင်းဘူးနဲ့မို့နည်းနည်းကိုးလိုကန့်လန့်နိုင်တာကလွဲရင် ရိပေါ်မျက်နှာကပြုံးလို့။ လူတွေဖြတ်သွားရင်လိုက်ဟောင်တတ်တဲ့ခွေးဘီလူးကြီးကိုတောင် ပြုံးပြဖြစ်ခဲ့သေးတာ။

"ဟော...ရိပေါ်လေး
ဘာလာလုပ်သလဲ"

ခြံထဲမှာသစ်ပင်ရေလောင်းနေတဲ့ယင်းအားရီက သူ့ကိုမြင်တော့ အပြေးကလေးလာနှုတ်ဆက်တယ်။ ယင်းအားရီကကျက်သရေရှိရှိလှပတဲ့အမျိုးသမီးတစ်ယောက်။ ပြောရရင် မာမားထက်တောင်လှသေးတယ်။ ကျန့်ကောကလည်း ယင်းအားရီနဲ့တူလို့ချောတာဖြစ်လိမ့်မယ်။ မဟုတ်ဘူး ပြည့်ပြည့်စုံစုံလှတာမျိုး။

"မားကပုစွန်ဟင်းပေးခိုင်းလိုက်လို့ပါ ယင်းအားရီ" 

"အားရီတော့မထင်ပါဘူး
သားအစ်ကိုဆီလာတာလမ်းကြုံလို့ ပေးလိုက်တာမဟုတ်လား"

လက်ထဲကဆေးသေတ္တာလေးကိုမေ့ငေါ့ပြရင်း အားရီကစနောက်တယ်။ အချစ်ဆုံးသူငယ်ချင်းလို့မပြောရဘူး မာမားနဲ့ယင်းအားရီက စတတ်နောက်တတ်တာလည်းတူတယ်။ ပြုံးနေတတ်တာလည်းတူသေးတယ်။ စီနီယာအစ်ကိုကြီးလိုမဟုတ်ဘူး။

"သားရဲ့ကျန့်ကော သူ့အခန်းထဲမှာရှိတယ် ဝင်သွားလိုက်"

ပြောပြောဆိုဆိုနဲ့ ယင်းအားရီကဟင်ဘူးကိုလက်လွှဲယူပြီး မီးဖိုခန်းဘက်​ဝင်သွားပြီ။ အားရီပြောတဲ့သူ့ရဲ့ကျန့်ကောအခန်းရှေ့ရောက်တော့ တံခါးကိုနှစ်ချက်ခေါက်လိုက်တယ်။ သုံးစက္ကန့်လောက်ကြာတော့ အပြာနုရောင်အခန်းတံခါးလေးပွင့်လာတယ်။

"ဝင်ခဲ့"

ဖော်ရွေခြင်းလည်းမမည်၊ ရိုင်းပျခြင်းလည်းမမည်တဲ့စကားနှစ်ခွန်းနဲ့ဘဲ စီနီယာအစ်ကိုကြီးကကြိုဆိုတယ်။ ဘယ်လိုဘဲကျန့်ကောလို့ခေါ်ချင်ခေါ်ချင် စီနီယာအစ်ကိုကြီးစိတ်ပျက်သွားမှာတော့ သူကြောက်တယ်။ ယင်းအားရီနဲ့မာမားရှေ့ဆို ကျန့်ကောရယ်လို့သုံးတတ်ပေမယ့် စီနီယာအစ်ကိုကြီးရှေ့မှာတော့ တစ်ကြိမ်တစ်ခါတောင်ခေါ်ဖို့မတွေးခဲ့မိရိုးအမှန်။

"ကျွန်တော်ထည့်ပေးရမလားဗျ"

မျက်နှာပေါ်ကဒဏ်ရာတွေကို မသေမသပ်ဆေးထည့်နေတဲ့စီနီယာအစ်ကိုကြီးကြောင့် ရိပေါ်မေးတော့ မဆိုင်းမတွဘဲခေါင်းခါပါတယ်။ ဒီလိုပါဘဲ ဆေးသေတ္တာယူပေးတတ်တာကလွဲရင် စီနီယာအစ်ကိုကြီးမျက်နှာကိုထိတောင်မထိဖူးခဲ့။

"စီနီယာအစ်ကိုကြီးဟာလေ အမြဲဒဏ်ရာဒဏ်ချက်တွေနဲ့ချည်း"

မနိုင်သလိုလွှတ်ခနဲပြောမိတော့ ဆေးထည့်နေတဲ့မျက်နှာကတစ်ချက်ငဲ့ကြည့်လာပြီး အကြည့်လွှဲသွားတယ်။ စီနီယာအစ်ကိုကြီးက အပြာနုရောင်သိပ်ကြိုက်ပုံရတယ်။ လိုက်ကာခန်းစီးတွေနဲ့ အိပ်ရာခင်းတွေကအစ အိမ်စီးအနွေးဖိနပ်ကလေးအဆုံးအပြာနုရောင်တွေချည်း။ ပြောရရင် သူ့ကျန့်ကောအခန်းက ကောင်းကင်ဘုံသေးသေးလေးနဲ့တူတယ်။

"ရိပေါ်"

"ဗျာ"

အငေးလွန်နေရာကနေလှည့်ကြည့်လိုက်တော့ ဆေးသေတ္တာပေးနေတဲ့စီနီယာအစ်ကိုကြီးရဲ့မျက်နှာက စိတ်သိပ်ရှည်ပုံတော့မပေါ်။ သူ့အခန်းကိုရောက်တိုင်း တအားငေးနေတတ်တာကိုမကြိုက်ဘူးထင်ပါရဲ့။ အရှက်ပြေမျက်မှန်ကိုနှာနုရိုးဆီပင့်တင်လိုက်ရင်း ဆေးသေတ္တာကလေးကိုအမြန်ယူလိုက်ရတယ်။

"ဒါဆိုပြန်ပါဦးမယ်ခင်ဗျ"

ဆေးသေတ္တာကလေးပိုက်ပြီး နှုတ်ဆက်တော့ဘာမှပြန်မပြော။ သိပ်တော့မထူးခြားပါ အရင်နေ့တွေကလည်း ဒီတိုင်းဘဲဟာကို။

"နေဦး ဒါလေးယူသွား"

တော်တော်ထူးခြားသွားပြီ ဒီနေ့သူ့ကိုတားတယ်။ ဘယ်သူကမို့လို့လဲဆိုရင် သူ့စီနီယာအစ်ကိုကြီးက တစ်နည်း သူ့ကျန့်ကောက။ လက်ထဲကိုရောက်လာတာက စာရွက်လိပ်ဖြူရှည်ရှည်လေး။ အရမ်းအရမ်းဖွင့်ကြည့်ချင်နေပေမယ့် လက်ကမအားနေတာမို့အိမ်ရောက်မှဘဲဖွင့်ကြည့်တော့မယ်လို့တွေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး"

"အင်း သွားလို့ရပြီ"

အခန်းတံခါးဂျုံးခနဲပိတ်သွားတဲ့အသံကိုလည်း ဒီတစ်ခါစိတ်မညစ်ညူးမိ။ အိမ်ရောက်ရင်တော့ မာမားကိုကြွားရမယ်။ သူ့ကျန့်ကောက တစ်ခုခုပေးလိုက်တယ်လို့။

"မား ကျွန်တော်ပြန်ရောက်ပြီ"

အိမ်ရှေ့မှာဖိနပ်ကိုချွတ်ရင်း အိမ်အပေါ်ထပ်က သူ့အခန်းဆီကိုခပ်မြန်မြန်ဘဲပြေးမိတယ်။ မာမားကတော့ အောက်ကနေမြည်တွန်တောက်တီးနေသေးတယ်။ 'ဒီကလေး ဘာဖြစ်လာပါလိမ့်'တဲ့။

စက္ကူလိပ်လေးကိုဖွင့်ကြည့်လိုက်တော့ စမြင်လိုက်ရတာက သူ့ကျန့်ကောရဲ့လက်မှတ်လှလှလေး။ အပေါ်မှာက ပုံတူပန်းချီတစ်ခု။ ဆံပင်အညိုရောင်ခပ်အုပ်အုပ်၊ မျက်မှန်ဝိုင်းနဲ့ကောင်လေး။ တစ်နည်းအားဖြင့် ရိပေါ် ဝမ်ရိပေါ်ဘဲပေါ့။ ဒိန်းခနဲဆောင့်တက်သွားတဲ့ပျော်ရွှင်မှုတွေက မိုးပျံပူဖောင်းကလေးတွေလိုလို တိမ်စိမ်တိမ်လိပ်ကလေးတွေလိုလို။ ဘယ်သူပြောလဲ စီနီယာအစ်ကိုကြီးက သူ့ကိုမခင်ဘူးလို့။

သူအတန်းတင်ပထမရတုန်းက ရိုက်ထားတဲ့ဓာတ်ပုံမှန်ဘောင်ကလေးကို သူ့ပုံထုတ်ပြီး အဲ့ဒီပန်းချီလေးထည့်ကြည့်တယ်။ ကံကောင်းချင်တော့ ပန်းချီလေးနဲ့မှန်ဘောင်ကလေးကကွက်တိဖြစ်နေပုံများ။ အိပ်ရာဘေးက စားပွဲပုလေးပေါ်မှာမှန်ဘောင်လေးကိုတယုတယတင်ထားလိုက်တယ်။ မနက်၊နေ့၊ည အဲ့ဒီပန်းချီကိုကြည့်ပြီးဗိုက်ဝတော့မယ့်ခံစားချက်မျိုးက ရင်ထဲမှာထုထည်ခပ်ကြီးကြီး။ ဒီပန်းချီကလေးနဲ့သူ့ဆေးသေတ္တာကလေးနဲ့လဲရတာတန်ပါတယ်။ လမ်းမပေါ်က ကလေးတွေပြေးလွှားဆော့ကစားတဲ့အသံကိုကြားတာလည်း ရိပေါ်ခမျာတဟီးဟီးနဲ့။ စီနီယာအစ်ကိုကြီးက သဘောမဆိုးပါဘူး။ မပြုံးမရယ်တတ်တာကလွဲပြီး အရာရာအဆင်ပြေပါတယ်။

အဲ့ဒီနေ့ညက မာမားချက်ထားတဲ့ပုစွန်ဟင်းက အရင်နေ့တွေထက် ထမင်းမြိန်စေတယ်။ သူ့ကျန့်ကောက ပုံတူပန်းချီလေးလက်ဆောင်ပေးတဲ့အကြောင်းပြောပြတော့ မာမားကတအံ့တသြနဲ့ရယ်။ အဲ့နေ့ညစာထမင်းဝိုင်းလေးမှာ ပန်းချီပုံလေးကဘယ်လိုတူကြောင်း၊ ဘယ်လိုသပ်ရပ်ကြောင်းနဲ့ ပန်းချီဆရာဘယ်လိုတော်ကြောင်းကလွဲရင် စကားလုံးတွေရှိမနေခဲ့ပါဘူး။ မာမားကတော့ မနိုင်သလိုခေါင်းယမ်းရင်းနဲ့ 'ဒီကလေးနှယ် ပန်းချီပုံကလေးရတာကိုထီပေါက်သလိုဘဲ'တဲ့။ မဟုတ်ပါဘူး ထီပေါက်တာ ဒီလောက်ဘယ်ပျော်ဖို့ကောင်းပါ့မလဲ။ စီနီယာအစ်ကိုကြီးရဲ့လက်ဆောင်က တစ်သက်မှာတစ်ခါဆိုတာမျိုးမို့ ပိုပျော်ဖို့ကောင်းတာပေါ့။

#TayyYizhan
17.6.2022(Fri)

Continue Reading

You'll Also Like

1.1M 37.6K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
27.5K 1.1K 33
*ကျွန်တော်ဆိုးချင်ဆိုးမယ် ဒါမဲ့ မရိုင်းဘူး* #BJYXSZD (Uni+Zaw) !!(+)ခန်းတွေ ကြမ်းတမ်းတဲ့စကားလုံးတွေပါလာနိုင်တဲ့အတွက်မဖတ်ချင်ကျော်သွားလို့ရပါတယ်နော်...
4.7K 193 16
အချစ်တစ်ခုအစပြုကြမလား ရှောင်း ? 8.8.2022
464K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...