|| Unicode ||
အပိုင်း ၃ - လင်ဝူယွီက နှစ်စက္ကန့်မျှ စဉ်းစားလိုက်ပြီးနောက် လည်ချောင်းရှင်းကာ ပြောလိုက်သည်။ “ကျီးကော… မလား”
မင်း လူတွေကို ပတ်စားနှပ်စားနေတဲ့အကွက်တွေကို ကြည့်နေတာလေ။
လင်ဝူယွီက စကားမဆိုဘဲ ပြုံးရုံသာပြုံးလျက် လိမ်စားကို နှစ်ချက်ကြည့်၍ ခေါင်းပြန်လှည့်လိုက်သည်။
“ဆက်ပြော”
အရူးက ဆိုသည်။
လိမ်စားက စကားမဆို။ လင်ဝူယွီသည် သူ့နောက်မှ အကြည့်စိမ်းစိမ်းတို့ကို ခံစားမိသည်။ လူတို့ကို လိမ်စားရာ၌ အဓိကငလိမ်ဂျာက ကျိန်းသေပေါက် အလိမ်ခံမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ အနားတွင်ရှိစေချင်မည်မဟုတ်။ သို့သော် သူကလည်း ထွက်သွားလိုစိတ်မရှိ။ နောက်ဆက်ပြောလာမည့်အကြောင်းအရာကို နားထောင်ရန် အင်မတိအင်မတန်ကိုမှ စိတ်ဝင်စားသည်။
“ဆက်ပြောလေ”
အရူးက ပြောသည်။ ထို့နောက် ခဏမျှ ရပ်လိုက်ပြီး ကပ်တိုးလေး ထပ်ပြောလိုက်၏။
“အဲလူကို ဘာလို့ ဂရုစိုက်နေတာလဲ။ သူ့ဘာသာ နားထောင်ချင်သပဆိုလဲ ထောင်ပလေ့စေ။ မင်းဟောတာ မမှန်လဲ ငါ ထုတ်မပြောပါဘူး”
“မဟုတ်ဘူး!”
လိမ်စားက အသံကို ကျယ်လိုက်သည်။
“ပြောသာပြော”
လင်ဝူယွီသည် ခေါင်းငုံ့၍ နှစ်ချက်ရယ်လိုက်မိသည်။
“အချစ်ဦးကို မနှစ်က တွေ့ခဲ့တယ် ဟုတ်တယ်မလား”
လိမ်စားက မေးသည်။
“... ဟုတ်တယ်”
အရူး၏အသံက အံ့အားသင့်မှုတို့ စွန်းလျက်။
“မင်း ရည်းစားထားဖူးတယ်မလား”
လိမ်စား၏လက်ထောက်သည်လည်း အံ့ဩတကြီးဖြစ်သွားခဲ့သည်။
“ပြီးတော့ အဲဒါကလဲ အတိအတကောင်မလေးနဲ့မလား”
“မင်း ဘာတွေပြောနေတာလဲ”
အရူးက အကြောက်အကန်ငြင်းသည်။
“ငါက ဘယ်လိုလုပ် အဲလိုလူမျိုးကို ကြိုက်ရမှာလဲ။ ပြီးတော့လဲ မင်း လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်တာ မကောင်းဘူးမလား။ ပြီးတော့ ကျီးကော*ဆို ဒီလောက်ချောလဲ ကြိုက်မဲ့သူ တစ်ယောက်မှမရှိ….”
“ဆက်မပြောနဲ့တော့၊ တော်လိုက်တော့”
လိမ်စားက ပြောလိုက်၏။ စကားခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။
“နောက်တစ်ခွန်းပြောလို့ နာမည်ကို ပြောင်းမခေါ်လို့ကတော့ ဒီည မင်းသွားတွေ ဘယ်နားမှာ ကျွတ်သွားမလဲဆိုတာ ကူဟောပေးလိုက်မယ်”
လက်ထောက်က အရယ်လွန်ပြီး တံတွေးပင် သီးသွားခဲ့လေ၏။
လင်ဝူယွီမှာ မရယ်မိအောင် ထိန်းထားရသည်။
“မင်း သူ့ကို တစ်ခုခုတွက်ပေးစေချင်တာမလား။ မြန်မြန်မေးလိုက်လေ”
လက်ထောက်က ရယ်လျက် ပြောလိုက်၏။
“နောက်ထပ် ရည်းစား ဘယ်တော့ရမလဲ မေးချင်လို့”
အရူးက မေးသည်။
“အဲဒါတော့ မတွေ့မိဘူး”
လိမ်စားက ဆိုသည်။
“ဘာလို့လဲ”
အရူးက မေးသည်။
“တစ်ခုခုဖြစ်ဖြစ် ပြောပြလို့မရဘူးလား”
“မင်း ကိုယ့်ကိုယ်ကိုယ် ဘာထင်နေလဲ။ မင်း ပျော်သွားအောင် တစ်ခုတော့ ပြောပေးမယ်”
လိမ်စားက တုတ်လွှတ်သည်။ နှစ်စက္ကန့်မျှ တန့်ပြီးနောက် နောက်ထပ် ရိုက်ချက်တစ်ခု လွှတ်၏။
“မင်း ဘယ်ချိန် ရည်းစားထပ်ရမလဲဆိုတာကိုတော့ မမြင်ဘူး။ ဒါပေမဲ့ လာမဲ့နှစ်နှစ်အတွင်းတော့ ဘာအချစ်ရေးကိစ္စမှ ရှိလာမှာမဟုတ်ဘူးဆိုတာကိုတော့ မြင်တယ်”
“ဖာ့ခ်!”
အရူးမှာ ရင်ကွဲပတ်လက်။
“တကယ် အမှန်ကြီးလား”
“ယုံရင် မှန်တယ်”
လက်ထောက်က ရိုးရိုးသားသားနှင့် တလေးတနက်လေး ပြောလိုက်သည်။
“အတည်ပြုဖို့ နှစ်နှစ်လောက် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်လိုက်ပေါ့… နောက်နှစ်နှစ်ကြာပြီးလို့ မင်း ငါတို့ကို ရှာတွေ့နိုင်သေးရင်…”
လင်ဝူယွီသည် ခဏမျှ အသံတိတ်ရယ်လိုက်ပြီး နောက်မှစကားဝိုင်းကို အာရုံ ဆက်ထားမနေလိုက်တော့ချေ။ လိမ်စားကလည်း ဆက်မလိမ်တော့ဘဲ အရူး၏ ဝမ်းနည်းပက်လက်ဖြစ်နေမှုကိုသာ နားထောင်နေရသည်မှာ စိတ်ဝင်စားစရာမကောင်းလိုက်တော့ပေ။
သူ့စိတ်ထဲ၌ လုပ်ရမည့်စာများက တစ်ပုံတစ်ပင်စောင့်နေကြသည်။ သူက ကျီးကော*ကို စိတ်ထဲမှ မောင်းထုတ်လိုက်လေတော့၏။
ချန်အိမ်မှ လေးယောက်မြောက်သားဖြစ်သူ ထွက်သွားပြီးနောက် လျို့ကျင်းဖန်က ထသွားရန် စဉ်းစားနေခဲ့သည်။ တုန်းကြီးနှင့် အခြားသူတို့က ပန်းအလှဆင်ထားသည့်နေရာနားရှိ နေရာလွတ်၌ စပီကာများ ဆင်နေကြသည်။ သူ သွားပေါင်းချင်သည်။
သို့သော်လည်း တင်းကျိက လှုပ်မည့်အလားအလာမရှိသည်ကိုမြင်တော့ လျို့ကျင်းဖန်မှာလည်း ထိုဘက်သို့ လှည့်လှည့်ကြည့်၍သာ ငြိမ်ငြိမ်ထိုင်နေလိုက်ရလေတော့၏။
“ကိုယ့်ဘာသာ သွားချင်ရင် သွားလေ။ ငါနဲ့ ဒီမှာ ထိုင်ပေးနေဖို့ မလိုဘူး”
တင်းကျိက ပြောလိုက်သည်။
“သူတို့ကို ငါရောက်နေတာသာ မပြောလိုက်နဲ့။ ဒီမှာ ခဏလောက် ထိုင်ချင်လို့”
“အိုကေ!”
လျို့ကျင်းဖန်က ချက်ချင်းပင် ထခုန်ရပ်လိုက်သည်။ သို့သော် ချက်ချင်းပင် သူ့ဘေး၌ ပြန်ထိုင်ချလိုက်ပြီး တုတ်တုတ်မလှုပ်ဘဲ ကြောင်တောင်ငေးစိုက်ကြည့်နေသော အရှေ့မှလူကို ကြည့်ကာ ကပ်တိုးလေး ပြောလာခဲ့၏။
“အဲလူ… ဘာကိစ္စမှတော့ မရှိလောက်ဘူးမလား”
“အသည်းကွဲနေတဲ့ ထိပ်တန်းကျောင်းသားလေးတစ်ယောက်ပဲ။ ဘာကိစ္စရှိမှာလဲ”
တင်းကျိက ပြောလိုက်သည်။
လျို့ကျင်းဖန်က သူ့ကို ခဏမျှ ငေးစိုက်ကြည့်လာခဲ့၏။
“မင်းက တကယ်ကို သောက်ထူးသောက်ဆန်းကောင်”
“သွားတော့ သွား”
တင်းကျိက သူ့ကို လက်ခါယမ်းပြလိုက်သည်။
လျို့ကျင်းဖန်က လှေကားပေါ်မှ တခုန်ခုန်နှင့် ဆင်း၍ တုန်းကြီးတို့အဖွဲ့ဆီသို့ ပြေးသွား၏။
တင်းကျိသည် သူရှေ့မှလူ၏ နောက်စေ့ကို ခဏမျှ စူးစိုက်ကြည့်နေခဲ့၏။ ဤလူသည် မိန်းမောနေပုံရပြီး တုတ်တုတ်မလှုပ်သည်မှာ ၁၀ မိနစ်ခန့်ရှိလေပြီ။
သူက ခဏမျှ ချီတုံချတုံဖြစ်နေခဲ့ပြီးနောက် ဘေးဘီဝဲယာပတ်ကြည့်လိုက်ပြီး တစ်နေရာရာမှ ကွန်ကရစ်အပိုင်းအစသေးသေးလေးတစ်ခုကို ကောက်ယူကာ ထိုလူ၏ညာဘက်မှ လှေကားထစ်ကို ချိန်၍ တောက်ချလိုက်သည်။
သူက မကြာခဏ ပစ္စည်းတို့ကို အမှိုက်ပုံးထဲသို့ ဝေးဝေးမှ လှမ်းလှမ်းပစ်ထည့်တတ်ပြီး များသောအားဖြင့် ဝင်လေ့ရှိသည်။ သူ၏ လက်တည့်မှုကို ယုံကြည်မှုရှိသည်။
သို့သော်လည်း ကွန်ကရစ်စက သူတောက်ချလိုက်သည့်အချိန်တွင်ပင် နှစ်ဖဲ့ပဲ့သွားခဲ့လေ၏။
တစ်ဖဲ့က လှေကားပေါ်မှ ထိုလူ၏ ညာဘက်၊ သူချိန်ထားသော နေရာသို့ ကျသွားသည်။
နောက်တစ်ဖဲ့ကတော့ ထိုလူ၏ခေါင်းပေါ် ကျသွားခဲ့၏။
ပြီးလျှင် ၎င်းက ပြန်ခုန်မထွက်သွား။
သည်တိုင်း ခေါင်းထက်၌သာ အသာရပ်သွား၏။
လင်ဝူယွီသည် လက်မြှောက်၍ ခေါင်းကို ကိုင်ကြည့်လိုက်သည်။
လက်ထဲမှ ကွန်ကရစ်ခဲစလေးကို မြင်လိုက်ရချိန် ကြက်သေသေသွားခဲ့ပြီး နောက်သို့ လှည့်ကြည့်လိုက်၏။ သူ့နောက်မှ လူ ၃ ယောက်က မည်သည့်အချိန်၌ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေတော့သည် မသိ။ ကျီးကောဆိုသည့် လိမ်စားက သူ့ကို ကြည့်နေသည်။
လင်ဝူယွီသည် ထိုလာစမှုကို မည်သို့မှ မခံစားရဘဲ ကွန်ကရစ်ခဲစလေးကို ကျီးကောလက်ထဲသို့ ပေါ့ပေါ့ကလေးပင် ပြန်ပစ်ပေးလိုက်ပြီး မေးလိုက်၏။
“ကိစ္စရှိလို့လား”
“မရှိဘူး”
ကျီးကောက သူ့လက်ထဲမှ ကွန်ကရစ်ခဲစကို ငုံ့ကြည့်၍ ပြန်ဖြေလိုက်သည်။
“လက်တည့်သားပဲ”
လင်ဝူယွီ၏ စာကျက်မှတ်နေမှုမှာ နှောင့်ယှက်ခံလိုက်ရပြီဖြစ်လေရကား ပြန်ကျက်လိုစိတ်လည်း ရှိမနေလိုက်တော့။ သို့နှင့် သူ့ကိုသာ ဆက်စိုက်ကြည့်လိုက်သည်။
“ဘယ်ဈေးလဲ”
“ဘာ?”
ကျီးကောက မျက်မှောင်ကြုတ်လိုက်သည်။
“အဲ… ဗေဒင်တွက်တာ”
လင်ဝူယွီက ပြောလိုက်သည်။
“ဘယ်လောက်လဲ”
ကျီးကောဆိုသူက မည်ကဲ့သို့သော လိမ်စားမျိုးလဲတော့ မသိ။ “ဘယ်လောက်လဲ” ဆိုသော စကားလုံး ၃ လုံးကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့လေ၏။
“မင်းဘာစကားပြောတာလဲ”
လင်ဝူယွီက စကားမဆိုဘဲ သူ့ကိုသာ ကြည့်နေခဲ့သည်။
“မင်း ငါ့ကို သိလား”
သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။
လင်ဝူယွီက နှစ်စက္ကန့်မျှ စဉ်းစားလိုက်ပြီးနောက် လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“ကျီးကော… မလား”
ကျီးကောမှာ ခတ္တ လိပ်ပြာလွင့်သွားခဲ့လေ၏။ သူက ပါးစပ်ကို ဟလိုက်သော်လည်း မည်သည့်စကားမှ ထွက်မလာ။ ခဏအကြာ၌ သူက ကောက်ကာငင်ကာ ဝါးလုံးကွဲအော်ရယ်လေတော့၏။
“တခြားသူသာဆို မင်း ဒီနေရာတင် အသက်နဲ့ခန္ဓာ အိုးစားကွဲသွားပြီ သိလား”
လင်ဝူယွီက နှုတ်ခမ်းထောင့်တို့ကို တွန့်ချိုး၍ မရယ်မိအောင် ထိန်းလိုက်သည်။
“မသိတဲ့သူမို့ အပြစ်မရှိပါဘူး။ ရယ်ပါ ကိစ္စမရှိဘူး”
ကျီးကောက အောက်သို့ လှေကားတစ်ထစ် ဆင်းလာပြီး သူ့ဘေး၌ လာထိုင်သည်။ ထို့နောက် လက်တစ်ဖက် ဆန့်ပေးလာကာ အသံအားဖြင့် နူးညံ့ပုံရသော်လည်း အကြောင်းအရာအားဖြင့်တော့ ပြင်းထန်ရက်စက်လှသောစကားကို ဆိုလာခဲ့လေ၏။
“ငါ့နာမည်က တင်းကျိ။ “ပွင့်လင်းကြင်နာမှုရှိသော (ကွမ်းဖုန်းကျိယွဲ့)” ရဲ့ ကျိ။ နာမည်ခေါ်လို့ရတယ်။ နောက်တစ်ခါ နာမည်ထပ်မှားခေါ်လို့ကတော့ ငါ မင်းကို ချက်ချင်း ဒီညရဲ့ အလင်းထိန်ဆုံး လျှပ်စစ်ဂျင်ဖြစ်သွားအောင် လုပ်ပစ်မယ်”
ကျိကောပဲ…
လင်ဝူယွီက သူ၏အခြိမ်းအခြောက်စကားကို စိတ်ထဲမထားဘဲ သူ့လက်ကို လှုပ်ယမ်း၍ လက်ဆွဲနှုတ်ဆက်လိုက်ပြီး ကနဦးအကြောင်းအရာသို့ ပြန်သွားလိုက်သည်။
“အဲတော့ အလကားပေါ့ ဟုတ်လား”
“အလကားပေါ့!”
တင်းကျိက စိတ်မရှည်ဖြစ်လာဟန်တူ၏။
“ဘာဖြစ်ချင်တာလဲပြော”
“ငါ့ကို တွက်ပေးလို့ရမလား”
လင်ဝူယွီက သူ့ရှေ့သို့ ဘယ်လက်ကို ဆန့်ထုတ်ပေးလာခဲ့သည်။
“မတွက်ဘူး”
တင်းကျိက ဆို၏။
“မင်းက သူစိမ်းတွေကိုဆို မတွက်ပေးဘူးလား”
လင်ဝူယွီက အပြုံးသဲ့သဲ့ပြုံးလိုက်သည်။
တင်းကျိက မျက်ဝန်းတို့ကို မှေးစဉ်းလျက် သူ့ကို အသံတိတ်သာ ကြည့်နေခဲ့၏။
“သူစိမ်းဆို လိမ်လို့မကောင်းလို့လား”
လင်ဝူယွီက ပြောလိုက်သည်။
“မင်း အသည်းကွဲနေတယ်”
တင်းကျိက သူ့လက်ကို ပြန်ရုတ်လိုက်ပြီး သူ့ကို ကြည့်လိုက်၏။
“တစ်ပတ်ထဲမှာတင်ပဲ”
လင်ဝူယွီသည်လည်း သူ့ကို ကြည့်လိုက်သည်။
“မှန်တယ်မလား”
တင်းကျိက မေး၏။
“တစ်ဝက်မှန်တယ်”
လင်ဝူယွီက အမှန်အတိုင်း ပြန်ဖြေသည်။
“တစ်ဖက်သတ်အချစ် ကျရှုံးလာတာ”
တင်းကျိက ပြောလိုက်သည်။
“အင်း”
လင်ဝူယွီက ခေါင်းညိတ်သည်။
“လက်ကိုမကြည့်ဘဲနဲ့လဲ တွက်တတ်တာလား”
“အကုန် ခန့်မှန်းရတာချည်းပဲကို ဘာလို့ လက်ကို ကြည့်နေအုံးမှာလဲ”
တင်းကျိက အထင်အမြင်သေးစွာ နှာမှုတ်လိုက်၏။
“ဆက်နားထောင်အုံးမှာလား”
“မထောင်တော့ဘူး”
လင်ဝူယွီက တုတ်ထိုးအိုးပေါက် ပြန်ဖြေသည်။
တကယ်တော့ သူ့အနေနှင့် မေးစရာဟူ၍ များများစားစားမရှိပါချေ။ တစ်ခုခု သိချင်လာလျှင် အဖြေကို သူ့ဘာသာပင် ရှာဖွေတတ်သည်။ သူစိမ်းတစ်ယောက်က သူ့ကို လာပြောပြပေးနေရန် မလိုအပ်ပေ။ အထူးသဖြင့် အတည်မပြုရသေးပါက။
အမှန်တကယ်ပင် မေးစရာရှိနေခဲ့ပါက ယင်းမှာကား အလ္လာပ သလ္လာပဆိုရုံမျှထက် မပိုပေ။ တင်းကျိနှင့် စကားနည်းနည်းပါးပါးဆက်ပြောနေရုံမျှသာ ဖြစ်လိမ့်မည်။
သို့သော် အတော်လေး မှောင်နေပြီဖြစ်သည်။ ပြန်ရတော့မည်။ ညဘက်ကိုယ်ပိုင်စာကြည့်ချိန်ပင် ဆင်းချိန်နီးနေပြီဖြစ်ရာ အကင်ဝင်ဝယ်၍လည်း မရတော့ပေ။ အနည်းငယ် စိတ်ဆင်းညိုမိသွားခဲ့၏။
တင်းကျိက ည ၁၁ ထိုးသည်အထိ ပန်းခြံငယ်လေးထဲ၌ နေခဲ့သည်။ ပတ်ဝန်းကျင်၌ လူလည်း ရှင်းနေပြီဖြစ်ရာ သူက လှေကားထစ်ပေါ်မှ ခုန်လျက် ဆင်းလိုက်၏။
ယနေ့က စနေ၊ တနင်္ဂနွေပိတ်ရက်မဟုတ်ပေ။ တုန်းကြီးနှင့် အခြားသီချင်းဆိုသူတို့ထံ၌ ပရိသတ်နည်းနည်းသာရှိသည်။ ထို့ကြောင့် လျို့ကျင်းဖန်က သူတို့နှင့် ပေါင်း၍ အတူ နေရာပြောင်းသွားခဲ့ကြ၏။ သစ္စာမရှိပုံများ စာလေးတစ်စောင်သာ ပို့ထားခဲ့သည်။ တင်းကျိက ထိုနေရာသို့ လှမ်းကြည့်လိုက်တော့ မည်သူမှ မရှိလိုက်တော့ပေ။ သူက ပျင်းကြောဆန့်လိုက်သည်။ ပြန်ချိန်တန်လေပြီ။ သူ့အဖေက အဘွားအိမ်၌ ရှိနေလောက်ဦးမည်။ သို့သော်လည်း သူ ယခုမပြန်ပါက အဘိုးအဘွားတို့ စိတ်ပူနေကြပေတော့မည်။
ဆိုသော်ငြားလည်း သူ အိမ်သို့ ပြန်ရောက်တော့ သူ့အဖေက ပြန်သွားပြီဖြစ်ကြောင်း မထင်မှတ်ထားစွာတွေ့လိုက်ရသည်။ အိမ်ထဲ၌ သူ့အဘိုးကသာ အိပ်ရာမဝင်သေးဘဲ လက်ဖက်ရည်အိုးလေးတစ်အိုးကို ကိုင်၍ တီဗီကြည့်နေခဲ့၏။
သူဝင်လာသည်ကို တွေ့တော့ အဘိုးက သူ့ရှေ့မှ ရေနွေးခွက်ထဲသို့ ရေနွေးငှဲ့ထည့်၍ ပြောလာခဲ့သည်။
“ပြန်လာပြီလား”
“ဟုတ်”
တင်းကျိက သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး ရေနွေးတစ်ငုံ သောက်ကာ ဆိုဖာပေါ် မှီလိုက်သည်။
“မထင်ထားဘူးမလား”
အဘိုးက ပြုံးလျက် ပြောလာခဲ့သည်။
“စောစောစီးစီးပြန်မလာမိတာ နောင်တရနေပြီမလား”
“ဘာကို နောင်တရရမှာလဲ။ ကျွန်တော်က ပျော်လွန်းလို့ ပြန်တောင်မလာချင်ဖြစ်နေတာ”
တင်းကျိက ပြောလိုက်သည်။
“မင်းအဖေကို ငါ ပြန်ခိုင်းလိုက်တာ”
အဘိုးက ခြေထောက်ကို ပုတ်လိုက်၏။
“မင်း ကျောင်းမသွားတာ ၂ ရက်ရှိပြီမလား။ မနက်ဖြန် ကျောင်းသွား။ ကျောင်းဆင်းတာနဲ့ အိမ်ကို တန်းပြန်လာခဲ့။ စာမေးပွဲမဖြေခင် ခြေများမနေနဲ့။ စာကို သေချာအာရုံစိုက်”
တင်းကျိက ဆိတ်ဆိတ်သာနေသည်။
“မင်းမိဘတွေလဲ မင်းကို ဝင်မစွက်ဖက်ချင်ကြပါဘူး”
အဘိုးက ပြော၏။
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းက ဉာဏ်သိပ်ထက်တဲ့ ကလေးပဲလေ။ စာကိုလဲ…”
“အရေးမပါတာတွေ ပြောမနေပါနဲ့တော့”
တင်းကျိက အဘိုးကို စကားဖြတ်ပြောလိုက်သည်။
“ကျွန်တော်သာ တကယ်ပဲ ဉာဏ်ကောင်းရင် ဒီလိုဖြစ်နေမှာမှ မဟုတ်ပဲ”
“ဘာပဲဖြစ်ဖြစ် မင်းက ငတုံးငအတစ်ကောင်ပဲလေ”
အဘိုးက နည်းနည်းလေးမှတွေးတောခြင်းမရှိဘဲ စကားလုံးကို ပြောင်းလိုက်၏။
“စာကို အာရုံတစိုက်နဲ့ မလုပ်ရင် ဘယ်လို သွားအောင်မှာလဲ”
တင်းကျိက ပြုံးလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။
“ဟုတ်ပါပြီ… ထပ်လေသချည်းထပ်မနေပါနဲ့တော့။ အဘိုးက ကိုယ့်ရေနွေးကို သောက်၊ ကျွန်တော်က သွားအိပ်တော့မယ်”
ကျောင်းကိုက သွားရမည်ပင်ဖြစ်သည်။ သူ ဤအပတ်အတွက် အစမ်းမေးခွန်းအသစ်တို့ကို ယခုထိ မယူရသေးပေ။
သို့နှင် သူ စောစောလေး ထွက်လာခဲ့လိုက်သည်။ ကျောင်းသို့ရောက်တော့ ကျောင်းတံခါးပင် မဖွင့်သေး။
တင်းကျိက မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းကို တစ်ချက်ကြည့်ကြည့်လိုက်သည်။ အိပ်မှုံစုံမွှားနှင့် အနည်းငယ်ရီဝေဝေဖြစ်နေသေးမှုက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေတော့၏။
“မင်းဘိုးအေဥပဲ!”
သူက ကင်းတဲ၏ ပြတင်းပေါက်ဘေး၌ ရပ်လျက် ထိတ်လန့်တကြားအော်လိုက်မိသည်။
“ဘာလဲ။ အချိန်မှားကြည့်မိသွားတာလား”
အစောင့်ဦးလေးကြီးက ပြတင်းပေါက်ကို မှီကာ ရယ်လျက် မေးလာခဲ့၏။
“အွန်း”
တင်းကျိက အနည်းငယ်စိတ်ပျက်လက်ပျက်နှင့် သူ့ဖုန်းစခရင်ပေါ်မှ နာရီကို ကိန်းဂဏန်းပုံစံသို့ ပြန်ပြောင်းလိုက်သည်။
ဒါလား ဉာဏ်ထက်တာ။ လက်တံနာရီကိုတောင် မှန်အောင် မကြည့်နိုင်ပဲနဲ့။
“မနက်စာရော စားခဲ့ရရဲ့လား”
ဦးလေးကြီးက မေးသည်။
“စားခဲ့တယ်”
တင်းကျိက ဗလုံးဗထွေး ပြန်ဖြေလိုက်သည်။
“ဝင်လာခဲ့”
ဦးလေးကြီးက တံခါးဖွင့်ပေး၏။
“မင်းတို့တတိယနှစ်က အဆောင်နေတဲ့သူတွေလဲ ခုချိန်လောက်ဆို အိပ်ရာကထပြီး အတန်းထဲ သွားနေလောက်ကြရောပေါ့”
“ရပါတယ် ဦးလေး”
တင်းကျိက သူ့ကို ကြည့်လိုက်သည်။ ဤဦးလေးကြီးက တာဝန်ကျသည်မှာ နှစ်လခန့်သာ ရှိသေးသည်။
“ကျွန်တော်က တတိယနှစ်မှန်း ဘယ်လိုသိတာလဲ”
“ငါ မင်းကို သိတာပေါ့ တင်းချီရ”
ဦးလေးကြီးက ဆို၏။
“ကြေညာဘုတ်ရဲ့ အဲမှန်အောက်မှာ မင်းဓာတ်ပုံရှိတယ်လေ”
အမည်မှားခေါ်ခံရခြင်းက တင်းကျိအဖို့ အထွေအထူးမခံစားရတော့ချေ။ သူ့တွင် မူလကတန်းကတည်းက အမည်ပေါင်းများစွာရှိသည်။ တင်းချီ၊ တင်းယွီချီ၊ တင်းဝမ်၊ တင်း ဘာညာဘာညာ။ သူ့ကို တင်းလင် ဟု လာခေါ်နေသော အကန်းများပင် ရှိသေး၏။ သူက ဦးလေးကြီးကို ပြုံးပြလိုက်ပြီး အထဲသို့ ဝင်လာခဲ့လိုက်သည်။
စာသင်ခန်းထဲမှ နောက်ဆုံး ၃ တန်းမှာ ထူးခြားသောနေရာဖြစ်သည်။ အမြဲတစေ ကျောင်းဝင်ခွင့်နှုန်းနှင့် ပတ်သတ်၍ ထိပ်ဆုံးနေရာကို ဖူကျုံးနှင့် အပြိုင်အဆိုင်လုနေသည့် စန်းကျုံးကဲ့သို့သော ကျောင်းတစ်ကျောင်း၌ပင် နောက်ဆုံး ၃ တန်းမှာ သူ၏ကိုယ်ပိုင်ထူးခြားမှုတစ်ခု ရှိနေသေးဆဲပင်။ ဥပမာအားဖြင့် ယခုလောလောဆယ်၌ တင်းကျိ၏ထိုင်ခုံဖော်ဖြစ်နေသူ အတန်းဖော်ရှီရှန့်ယန်သည် စာရေးခုံပေါ်၌ ကိတ်မုန့်တစ်ပိုင်းကို တင်လျက် ဓားတစ်ချောင်းဖြင့် အားကြိုးမာန်တက် အပိုင်းသေးသေးလေးများ လှီးနေခဲ့သည်။ အကြိမ်ကြိမ်၊ အဖန်ဖန် လှီးနေသည်မှာ အပိုင်းအစတို့ကို ၁ စင်တီမီတာ၏တစ်ဝက်အထိ လှီးရန် ပန်းတိုင်ထားထားပုံရ၏။
အမှန်အတိုင်းဆိုရပါလျှင် အဆိုပါအရွယ်အစားကို ရနိုင်ရန်မှာကား အတော်လေးစိန်ခေါ်မှုကြီးသည်။ ကိတ်က အဆိုပါအရွယ်အစားသို့ မရောက်မီ၌ပင် အပိုင်းပိုင်းအစစ ကြေမွလုနီးနီးဖြစ်နေလေပြီ။
အပူသည်တွေ။
ဟယ်လောင်ရှစ် ပြောသလိုပေါ့။
အမြဲတစေ နောက်တန်း၌ ခုံနေရာပြောင်းမထိုင်လိုသူအချို့ရှိသည်။ ထို့ကြောင့် အနောက်တန်း၌ အပူသည်များ လာစုပုံနေတတ်ကြသည်။ ဘယ်ဘက်သို့ပင် ကြည့်ကြည့်၊ ညာဘက်သို့ပင် ကြည့်ကြည့် မြင်နိုင်ပေ၏။
လက်သည်းကိုတတိတိကိုက်နေသော ဘယ်ဘက်မှ ထိုလူသားကိုတော့ လောလောဆယ် အေးရာအေးကြောင်းထားထားနှင့်လိုက်ဦးမည်။
“မင်းကို တစ်ခုမေးမလို့”
တင်းကျိသည် သူ့ကျောပိုးအိတ်ထဲမှ ရူပဗေဒမေးခွန်းတစ်စုံကို ဆွဲထုတ်လိုက်၏။
“အင်း”
ရှီရှန့်ယန်က ခေါင်းညိတ်ပြသည်။
တင်းကျိက ရိုးရိုးရှင်းရှင်းပုစ္စာတစ်ပုဒ်ကို ရွေးလိုက်၏။
“ငါ့ကို ဒီမေးခွန်း တစ်ချက် ရှင်းပြ”
ရှီရှန့်ယန်က အနည်းငယ် ပြန်တက်ကြွသွားခဲ့ပြီး သူ့အား ပုစ္ဆာကို ရှင်းပြပြီးသည့်နောက် စာရေးခုံပေါ်မှ ကိတ်မုန့်ကို စားလိုက်သည်။
တင်းကျိက သူ့ကို ကူညီပေးလို၍တော့ မဟုတ်။ ပါးကျုံးမှ တစ်ယောက်က စာမေးပွဲမဖြေမီ ရူးသွားခဲ့ပြီး ထိုင်ခုံဖော်ကို ဓားဖြင့် ၇ ချက်၊ ၈ ချက် ဇွပ်ဇွပ်ဇွပ်လိုက်ကြောင်း သတင်းကြားထားမိ၍သာ။
ပြီးလျှင် ရှီရှန့်ယန့်က အရပ်ရော၊ ကိုယ်အလေးချိန်ပါ ၁၉၆ ရှိသည့် ထောင့်မှန်စတုဂံပုံ လူသန်ကြီးတစ်ဦးဖြစ်သည်။
ဤသည်ကား ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်း မည်၏။
နေ့ရက်တိုင်းက ကြာချိန်တူသော်လည်း စိတ်ထဲ၌ခံစားရသောကြာချိန်ကတော့ဖြင့် ကွာခြားသည်။ ဥပမာ ယနေ့ဆိုလျှင် သူသည် ညနေဘက်၌ “ကိုယ့်အိမ်” ဆိုသည့်နေရာကို ပြန်ရမည်ဖြစ်သောကြောင့် ကျောင်းတွင်နေရသည်က အချိန်တို့က အကုန်မြန်လှသည်။ အချိန်တွင် ခြေထောက်တို့သာ ရှိပါက သူသည် အရှိန်နှေးစေရန် အပြေးအလွှားနှင့် ပြေးဆွဲထားမိပေလိမ့်မည်။
တကယ်တော့ သူသည် ပြီးခဲ့သောစာသင်နှစ်တုန်းက အဆောင်နေသေးသည်။ အင်မတန်သက်သောင့်သက်သာရှိလှ၏။ သို့သော်လည်း သူ့အဖေကတော့ သူက သက်သာသက်သာဖြစ်လွန်အားကြီးလှသည်ဟု တွေးကာ သူ့ကို အိမ်သို့ အတင်းပြန်လာခိုင်းခဲ့သည်။
အများစုကတော့ တံခါးလေးဖွင့်လိုက်သည်နှင့် အစားအသောက်အနံ့သင်းသင်းလေးများကို ရကာ မိဘတို့၏ အပြုံးကို မြင်ရသည်။ အင်မတန်ကောင်းလှပါ၏။
သက်သောင့်သက်သာမရှိရုံသာ။
တင်းကျိသည် သူတို့နှစ်ဦးနှင့် အတူနေခဲ့ရသောအချိန်မှာ နည်းပါးလွန်းလှသည်။ ရံဖန်ရံခါဆုံမိခြင်းသည်ပင်လျှင် ရင်းနှီးမှုဖြစ်သည်။ ရင်းနှီးသောသူစိမ်းတစ်ယောက်။ အထူးသဖြင့် ပထမ ၂ နှစ်၌ သူတို့သည် ရင်းနှီးသည်ဟုပင် မဆိုနိုင်ခဲ့ပေ။
တရုတ်နှစ်သစ်ကူးက တစ်ကြိမ်ခန့်တွေ့ဖူးလောက်သည်။ ကလေးဟူသည် အသက်အားဖြင့် ငယ်လေလေ မှတ်ဉာဏ်တို့က ဝေဝါးမှေးမှိန်သွားရန် ပိုမြန်လေပင်။ နောက်တစ်ကြိမ်တွေ့ကြချိန်၌ သူတို့က မေ့သွားခဲ့ကြသည်မှာ ကြာလှလေပြီ။
“ပြန်ရောက်ပြီလား”
အမေက ထမင်းစားခန်းထဲမှ လှမ်းပြောပြီးနောက် ပြန်လှည့်ကာ ချက်ပြုတ်ပြင်ဆင်နေသော အန်တီကို ပြောလိုက်သည်။
“အစ်မလျို့… ဟင်းပွဲတွေ ချရအောင်”
တင်းကျိသည် ကျောပိုးအိတ်ကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီး လက်သွားဆေးလိုက်၏။
စားပွဲပေါ်မှ ဟင်းအားလုံးက သူ့အကြိုက်များပင်။ ခရမ်းချဥ်သီးကြက်ဥမွှေကြော်၊ အရသာ ၅ မျိုး ဘဲစတူး၊ ဝက်စဉ်းကောပေါင်း၊ ဝက်နံရိုးစွပ်ပြုတ်။ အိမ်သို့ ပြန်လာတိုင်း ဤဟင်းတို့က အဓိကဟင်းလျာဖြစ်ပြီး အခြားဟင်း ၂ မျိုး၊ ၃ မျိုး အပြောင်းအလဲရှိသည်။
ဤမီနူးသည် ၂ နှစ်၊ ၃ နှစ်ခန့်ကြာလာသည်အထိ ပြောင်းလဲမလာခဲ့ပေ။ သူ့မိဘများ တရုတ်သို့ ပြန်ရောက်လာကြပြီး သူ့အဘွားထံမှ သူအကြိုက်ဆုံးဟင်းတို့ကို မေးမြန်းခဲ့ကြပြီးကတည်းကပင်။
တစ်ခါတစ်ရံ တင်းကျိသည် သူတို့၏ ဦးနှောက်မှ တွေးတောပုံ၊ တွေးတောနည်းတို့ကို အတော်လေးနားမလည်နိုင်ပေ။
သူက ဤဟင်းလျာတို့ကို မည်မျှပင်ကြိုက်သည်ဆိုစေဦးတော့ ၂ နှစ်၊ ၃ နှစ်ခန့်ကြီးကျတော့ ငြီးလာလေပြီ။ သို့ရာတွင်မူ ဘာကြိုက်လဲဟု မေးလာသည့်အချိန်များတွင်တော့ သူ့မှာ အဖြေကား ထွက်မလာခဲ့။
သူက အစားကြေးမများသကဲ့သို့ မကြိုက်သည့်အစားအစားဟူ၍လည်း မရှိပါချေ။
သူ့အတွက်ကတော့ စားလိုက်၍ ဆက်ဆံရေးတစ်ခု ပိုမိုကောင်းမွန်တိုးတက်လာနိုင်သော အထူးတလည် နှစ်ခြိုက်လွန်းလှသည့်ဟင်းလျာဟူ၍ မရှိပေ။ သူက အဘွား၏လက်ရာကို ခံတွင်းအသားကျနေရုံမျှသာ။
“စားကောင်းလား”
အမေက မေးသည်။
“အင်း… ကောင်းတယ်”
တင်းကျိက ခေါင်းညိတ်လိုက်သည်။
“ဒီနေ့ ကျောင်းသွားလား”
အဖေက မေး၏။
“သွားတယ်”
တင်းကျိက ခေါင်းငုံ့ကာ စားရင်း ဖြေလိုက်သည်။ သူတို့နှစ်ယောက်လုံး ပြိုင်တူ သက်ပြင်းချလိုက်ကြသည်ကို သူ့မျက်ဝန်းထောင့်မှ မြင်လိုက်ရသည်။
“အခုထက်ပိုအာရုံစိုက်ဖို့ လိုသေးတယ်”
အဖေက ပြောလာသည်။
“ငါ မင်းတို့ဟယ်လောင်ရှစ်နဲ့ ဖုန်းပြောပြီးပြီ။ ဒီနောက်ပိုင်း မင်း အတန်းတွေ အရမ်းပြေးပြီး စာမေးပွဲအမှတ်တွေလဲ တော်တော်ကျလာတယ်တဲ့”
“အင်း”
တင်းကျိက အင်မတန်ကိုမှ ပူးပူးပေါင်းပေါင်းနှင့် ပြန်တုံ့ပြန်ပေးလိုက်သည်။ ဤကဲ့သို့ အပြုသဘောဆောင်သော သဘောထားနှင့် စကားကိုဖြတ်ရန် ကြိုးစားလိုက်ခြင်းပင်။
သို့သော်လည်း မအောင်မြင်လိုက်ပါ။
“မင်းက ငယ်ငယ်လေးကတည်းက ဉာဏ်ထက်တဲ့ကလေးတစ်ယောက်ဖြစ်ခဲ့တာ”
အဖေက ဆက်ပြောသည်။
“ဟုတ်တယ်… မင်းရဲ့လက်ရှိအမှတ်တွေက တခြားသူတွေနဲ့ယှဉ်ရင်တော့ မဆိုးဘူး။ ဒါပေမဲ့ မင်းက ဒီ့ထက်ပိုကောင်းအောင် လုပ်နိုင်သေးတယ်။ မင်း…”
တင်းကျိက ခရမ်းချဉ်သီးကြက်ဥမွှေကြော်ကို သူ့ပန်းကန်ထဲသို့ နှစ်ဇွန်းခပ်ထည့်ကာ ထမင်းနှင့် ရောမွှေလိုက်ပြီး ခေါင်းငုံ့ကာ အလုတ်ရေအနည်းငယ် စားလိုက်ပြီးနောက် အစားကို လက်စသတ်လိုက်သည်။ ထို့နောက် ပန်းကန်ကို နေရာတကျချလိုက်ပြီးသည်နှင့် ထရပ်လိုက်၏။
“ဘယ်သွားမလို့လဲ”
အမေက သူ့ကို ကြည့်လာခဲ့သည်။
“စာလုပ်မလို့”
တင်းကျိသည် ဆိုဖာနားသို့ လျှောက်သွားလိုက်ပြီး ကျောပိုးအိတ်ကို ယူလိုက်သည်။
“မင်း ခံစားနေပြန်ပြီလား”
အဖေက ဆိုလာခဲ့၏။
“ကလေးစားလို့သောက်လို့ပြီးမှ ပြောကြပါလား”
အစ်မလျို့က သက်ပြင်းချသည်။
“ကျွန်မတို့ဆို ထမင်းစားပွဲဝိုင်းမှာ ကလေးတွေအကြောင်း ဘယ်တော့မှ မဆွေးနွေးဘူး။ အစားစားချင်စိတ်ကို ထိခိုက်စေနိုင်လို့”
“သူက ထမင်းစားနေတုန်းလေးပဲ ကျွန်မတို့ပြောတဲ့ စကားကို နည်းနည်းပါးပါး နားထောင်တာ”
အမေကလည်း သက်ပြင်းချလိုက်၏။
“အဘိုးအဘွားတွေက ကျွန်မတို့လို ဘေးက တတွတ်တွတ်ပြောပေးကြတာ မဟုတ်ဘူး။ နောက်ဆုံးကျတော့ ဒီကလေး ဘယ်လိုဖြစ်လာလဲ…”
တင်းကျိက အခန်းထဲ ဝင်လာခဲ့ပြီး တံခါးကို ပိတ်လိုက်ချိန် ရုတ်တရက် အားပိုထည့်လိုက်မိရာ တံခါးက ဒုန်းခနဲပိတ်သွားခဲ့၏။
သူသည် တံခါးနောက်၌ ခဏမျှ ရပ်နေခဲ့သည်။ ထို့နောက် စာရေးခုံတွင် ထိုင်ချလိုက်၏။ ယခုတလော၌ အနည်းငယ်ပေါ့ပြက်ပြက်နေနေမိသည်။ သူက ဗိုက်ကို ပွတ်လိုက်သည်။ အစားကို အလျှင်အမြန်ကြီးစားလိုက်မိခြင်းကြောင့် အနည်းငယ်ပြည့်အင့်နေ၏။
သို့သော်လည်း ပေါ့ပြက်ပြက်နေခြင်းမှာကား အကျင့်ပင်ဖြစ်နေလေပြီ။ ခဏကြာတိုင်း သူ့မှာ အလွန်အမင်း ပင်ပန်းလာပြီး ပျော်ရန်ပါးရန်မှလွဲ၍ အရာရာတိုင်းအတွက် မိုတီဗေးရှင်းတို့ ပျောက်ဆုံးလာတတ်သည်။
သို့နှင့် သူ့အဆင့်တို့က ဆက်တိုက် တက်လိုက်၊ ကျလိုက်နှင့် မငြိမ်လိုက်တော့ဘဲ အလွန်လျော့တိလျော့ရဲဖြစ်လာခဲ့၏။
သူသည် လုံ့ဝဝီရိယမရှိ၊ အာရုံစူးစိုက်မှုမရှိ၊ အသုံးတည့်သောစာလုပ်နည်း မရှိ။
ပေါ့ပြက်ပြက်နေတတ်သောအကျင့်ကို ပြင်လိုစိတ်လည်း မရှိ။
အကျဉ်းချုံ့ဆိုရပါက သူသည် သူ့ကိုယ်သူ အလွန်အမင်းဉာဏ်ထက်လှသည်ဟု မထင်၊ အခြားသူတို့က သူ့ကို ဉာဏ်ထက်သည်ဟု လာပြောလျှင်လည်း မကြိုက်။ သူက ရိုးရိုးရှင်းရှင်းလေးပင် “ဉာဏ်ထက်သည်” ဆိုသော စကားလုံးနှစ်လုံးမှာ သူနှင့် ကိုက်ညီမှုမရှိဟု ခံစားရသည်။
စာလုပ်ရမယ်။
သူသည် ကျောပိုးအိတ်ထဲမှ သိပ္ပံလေ့ကျင့်ခန်းမေးခွန်းတစ်စုံကို ထုတ်လိုက်ပြီး စာရေးခုံပေါ် မှောက်ကာ လက်မောင်းတစ်ဖက်ခေါင်းခု၍ စာစလုပ်လိုက်သည်။
–
“ဒီနေ့ ညနေစာ ကန်တင်းမှာ မစားဘူးလား”
ချန်မန်က လင်ဝူယွီကို ကြည့်လိုက်သည်။
“မင်းက ပိုပိုပြီး စည်းမဲ့ကမ်းမဲ့ဖြစ်လာချက်ပဲ”
“ခေါင်းနည်းနည်းကိုက်နေလို့”
လင်ဝူယွီက နားထင်နှစ်ဖက်ကို ဖိလိုက်သည်။
“ငါ အပြင်ခဏ သွားလိုက်အုံးမယ်။ လမ်းမှာ ခံတွင်းတွေ့လောက်မဲ့ဟာလေးတွေ တွေ့မှာပါ”
“နည်းနည်းပါးပါးပြန်သယ်လာခဲ့ဖို့ မမေ့နဲ့နော်”
ချန်မန်က ချက်ချင်း ခိုင်းတော့သည်။
“ဒီနေ့ စောစောပြန်ရောက်လောက်တယ်”
လင်ဝူယွီက ပြောလိုက်သည်။
“အကင်တော့ ပါလာမှာမဟုတ်ဘူး”
“ငါတို့က အလကားရတဲ့အစားအသောက်ကို အဲလောက်ထိ ကြေးများမနေဘူး။ စားလို့ရရင်ပြီးရော”
ချန်မန်က ပြန်ပြောလေ၏။
လင်ဝူယွီ ပြုံးလိုက်သည်။
လွန်ခဲ့သောရက်ပိုင်းခန့် သူ ပန်းခြံလေးဆီသွားခဲ့စဉ်က လမ်းတစ်ဖက်ခြမ်း၌ “ခွေးတိုင်း လာကြသည်” ဆိုသည့် ချစ်စရာကောင်းစွာအလှဆင်ထားသော ဆိုင်လေးတစ်ဆိုင်ကို မြင်ခဲ့မိသည်။ သူက လမ်းကူးရမည်ကို ပျင်းသဖြင့် မသွားဖြစ်ခဲ့ပေ။
ယနေ့တွင်တော့ သူသည် လမ်းလျှောက်ပန်းလျှောက်ထွက်ရင်း သွားကြည့်ကြည့်ရန် တွေးထားသည်။ စားပြီးသွားလျှင် သူ့ခေါင်းကိုက်နေမှုတို့ ပျောက်သွားနိုင်မည့် စားကောင်းသောက်ဖွယ်တစ်ခုခုရှိလျှင် ရှိလောက်မည်။
ပွတ်သပ်ဆော့ကစား၍ရမည့် ခွေးလေးများလည်း ရှိလောက်မည်။
မျှော်လင့်ချက်အကြီးကြီးနှင့် လင်ဝူယွီသည် ပန်းခြံငယ်လေးဘက်သို့ ဦးတည်လိုက်၏။
“ခွေးတိုင်း လာကြသည်”
ကော်ဖီဆိုင်သေးသေးလေး တစ်ဆိုင်ပင်။
အမှန်ပင် ခွေးများရှိသည်။ မျိုးစပ်ထားသော ခွေးလေး ၃ ကောင်ပင်။ လည်ပင်း၌ လျို့လျို့၊ လန့်လန့်၊ ကုံကုံ ဆိုသည့် နာမည်ကတ်လေးများ ကိုယ်စီဆွဲထားကြ၏။
သို့သော်လည်း ယင်းက အဓိကအချက်မဟုတ်သေး။ အဓိကအချက်မှာကား ဆိုင်ထဲမှ ဝိုင်းများပင်။ ဝိုင်းတိုင်းက ထိုင်ခုံတစ်ခုံသာ ပါသော တစ်ယောက်ဝိုင်းများဖြစ်နေကြသည်။
စားပွဲပေါ်၌ ရေးထားသည်မှာ – “ဟိုင်း… စင်ဂယ်ခွေးလေး”
သို့သော်လည်း နံရံပေါ် အထပ်ထပ်ကပ်ထားသော ဓာတ်ပုံတို့ကတော့ နှစ်ယောက်ပုံများပင်။ ချိုအီနေသော စုံတွဲပုံများ။
လင်ဝူယွီမှာ ရိုက်ချက်ပြင်းပြင်းတစ်ချက် ထိုးနှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့နှင့် သူက မည်သည့်ခွေးလေးကိုမှ မပွတ်သပ်လိုက်တော့ဘဲ ပြန်လှည့်ထွက်လာခဲ့လိုက်လေတော့၏။
ခေါင်းက တဒိန်းဒိန်းနှင့် ထိုးကိုက်နေသည်။
လင်ဝူယွီသည် ရင်ပြင်ငယ်လေးအနားရှိ ဆေးဆိုင်တစ်ဆိုင်မှ အကိုက်အခဲပျောက်ဆေးတစ်ဘူးဝယ်လိုက်သည်။ ထို့နောက် ဆေးသောက်ရန်အတွက် ရေသွားဝယ်ရန် လမ်းတစ်ဖက်မှ စူပါမားကတ်သို့သွားစဉ် ရင်ပြင်ကို အဖြတ်၌ လှေကားထစ်ပေါ်၌ ရပ်နေသော တင်းကျိနှင့် ဆုံ၏။
“တိုက်ဆိုင်လိုက်တာ”
တင်းကျိက ဘယ်ဘက်မျက်ခုံးကို ပင့်လိုက်သည်။
ယနေ့တွင်တော့ တင်းကျိဘေး၌ လိမ်စားလက်ထောက် မပါ၊ ကိုယ်တိုင်ကိုယ်ကျအလိမ်လာခံသော အရူးလည်း မရှိ။ သူတစ်ဦးတည်းသာ။
“ငါ လာ၊ မလာ တွက်ထားပြီးသား မဟုတ်ဘူးလား”
လင်ဝူယွီသည် ခေါင်းက ထိုးကိုက်နေဆဲဖြစ်သည့်တိုင် လမ်းလျှောက်ခြင်းကို မရပ်။
“မတွက်ပါဘူး”
တင်းကျိက သူ့ကို ကြည့်လိုက်သည်။
“ငါသာ တွက်လိုက်ရင် မင်းအတွက် ရေတစ်ဘူးယူလာပေးမှာပေါ့”
လင်ဝူယွီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခြေလှမ်းတို့ကို ရပ်လိုက်သည်။
“ခေါင်းကိုက်နေတာလား”
တင်းကျိက မေး၏။ သူ့နှုတ်ခမ်းထောင့်စွန်းထက်ဝယ် ဂုဏ်ယူဟန် အပြုံးပါးပါးတစ်ပွင့် ခိုးနားလျက်။
လင်ဝူယွီက စကားမဆိုဘဲ သူ့လာခဲ့သောဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
“ငါ့မှာ ရေပါတယ်”
တင်းကျိက အနောက်မှ ဖန်ပုလင်းအကြီးကြီးတစ်ပုလင်းကို ဆွဲထုတ်လိုက်၏။
“ဒါပေမဲ့ ငါ ခုပဲ သောက်…”
“မှန်းကြည့်မယ်”
လင်ဝူယွီက ပြောလိုက်သည်။
“ဟမ်?”
တင်းကျိမှာ နားဝေတိမ်တောင်ဖြစ်သွားခဲ့သည်။
“အရင်တစ်ခါ ငါ ပြန်သွားတုန်းက မင်းမြင်လိုက်တယ်။ အဲအချိန်က များသောအားဖြင့် အိမ်ပြန်ကြတဲ့အချိန်။ အဓိပ္ပါယ်က ငါနေတဲ့နေရာက အဲဘက်မှာ…”
သူက တင်းကျိ၏နောက်ဘက်သို့ ညွှန်ပြ၏။
“ဟိုဘက်နား”
တင်းကျိက ဖန်ပုလင်းကြီးကိုသာ ကိုင်ထားလျက် စကားမဆို။
“ဒါပေမဲ့ ဒီနေ့ကျတော့ ငါက ဆန့်ကျင်ဘက်က လာတယ်။ လာနေတုန်းမှာလဲ နားထင်ကို ၄ ခါလောက် ဖိမိမယ်။ ခေါင်းကိုက်နေတာ ဖြစ်ဖို့များတယ်။ ပြီးတော့ တော်တော်လေးလဲ ပြင်းတယ်”
လင်ဝူယွီက သူ့နားထင်ကို ထပ်ဖိလိုက်သည်။
“အဲတော့ ငါက ခေါင်းကိုက်ပျောက်အောင် ဆေးသွားဝယ်မယ်။ ရင်ပြင်ငယ်နားမှာ ဆေးဆိုင်က တစ်ဆိုင်ပဲရှိတယ်။ မင်းသာ ငါလာနေတာကို မမြင်ရင် တွက်လို့မရနိုင်လောက်ဘူး”
တင်းကျိက ဆိတ်ဆိတ်သာ နေလျက် သူ့ကိုသာ ကြည့်နေခဲ့၏။
“တကယ်တော့ သေချာသွားအောင် ခေါင်းကိုက်နေတာလားလို့ မေးတာကတော့ ပိုသင့်လျော်တယ်။ ဘာပဲဖြစ်ဖြစ် ငါက ဆေးဆိုင်ကလူဆီက ရေတစ်ခွက်လောက်တောင်းပြီး ဆေးသောက်လို့ရတာပဲလေ”
လင်ဝူယွီက ခဏ စဉ်းစားလိုက်သည်။
“ဒါပေမဲ့ ရေအကြောင်းအရင်ပြောတာကတော့ ပိုကောင်းတယ်။ ဘာပဲဆိုဆို ပြောတာမှားသွားရင်တောင် ခေါင်းကိုက်နေတယ် ဆိုတာကို ဆင်ခြေပေးလိုက်လို့ရတယ်။ ခေါင်းကိုက်တာက မဟုတ်ဘူးဆိုရင်လဲ ကိစ္စမရှိဘူး၊ ငါ မင်းကို မသိဘူးပေါ့”
“မင်းဘကြီး!”
တင်းကျိက ပြောလိုက်သည်။
“မှန်းတာ မှန်တယ်မလား”
လင်ဝူယွီက မေးလိုက်သည်။
“ရေ”
လင်ဝူယွီ လက်ဖြန့်လိုက်သည်။
တင်းကျိက သူ့အား သူ့လက်ထဲမှ ဖန်ပုလင်းကြီးကို ကမ်းပေးလိုက်၏။
*
ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။
တင်းကျိရဲ့ နာမည်က 丁霁 “Dīng Jì” လို့ ပေါင်းတာ။ ဒါပေမဲ့ တရုတ်တွေရဲ့ထုံးစံအတိုင်း သံတူကြောင်းကွဲတွေက အများကြီးရှိတော့ 霁哥 “Jì Gē” အစား 鸡哥 “Jī Gē” လို့ ခေါ်လိုက်တာ။ 鸡哥 “Jī Gē” က 鸡 “ Jī ” ရဲ့အဓိပ္ပါယ်က ကြက်လို့ အဓိပ္ပါယ်ရတယ်။ အဲဒါကြောင့် အိုင်တို့ကျိကောက ခြိမ်းဟယ်ခြောက်ဟယ်တွေ ဖြစ်နေတာ။
ထုံးစံအတိုင်း အစားအသောက်ပုံလေးတွေကြည့်ပြီး သွားရည်ကျသွားပါအုံး။ ပုံလှလှလေးတွေချည်း ရွေးပေးထားတယ် ><
___________________________
|| Zawgyi ||
အပိုင္း ၃ - လင္ဝူယြီက ႏွစ္စကၠန႔္မွ် စဥ္းစားလိုက္ၿပီးေနာက္ လည္ေခ်ာင္းရွင္းကာ ေျပာလိုက္သည္။ “က်ီးေကာ… မလား”
မင္း လူေတြကို ပတ္စားႏွပ္စားေနတဲ့အကြက္ေတြကို ၾကည့္ေနတာေလ။
လင္ဝူယြီက စကားမဆိုဘဲ ၿပဳံး႐ုံသာၿပဳံးလ်က္ လိမ္စားကို ႏွစ္ခ်က္ၾကည့္၍ ေခါင္းျပန္လွည့္လိုက္သည္။
“ဆက္ေျပာ”
အ႐ူးက ဆိုသည္။
လိမ္စားက စကားမဆို။ လင္ဝူယြီသည္ သူ႕ေနာက္မွ အၾကည့္စိမ္းစိမ္းတို႔ကို ခံစားမိသည္။ လူတို႔ကို လိမ္စားရာ၌ အဓိကငလိမ္ဂ်ာက က်ိန္းေသေပါက္ အလိမ္ခံမွလြဲ၍ အျခားမည္သူတစ္ဦးတစ္ေယာက္ကိုမွ အနားတြင္ရွိေစခ်င္မည္မဟုတ္။ သို႔ေသာ္ သူကလည္း ထြက္သြားလိုစိတ္မရွိ။ ေနာက္ဆက္ေျပာလာမည့္အေၾကာင္းအရာကို နားေထာင္ရန္ အင္မတိအင္မတန္ကိုမွ စိတ္ဝင္စားသည္။
“ဆက္ေျပာေလ”
အ႐ူးက ေျပာသည္။ ထို႔ေနာက္ ခဏမွ် ရပ္လိုက္ၿပီး ကပ္တိုးေလး ထပ္ေျပာလိုက္၏။
“အဲလူကို ဘာလို႔ ဂ႐ုစိုက္ေနတာလဲ။ သူ႕ဘာသာ နားေထာင္ခ်င္သပဆိုလဲ ေထာင္ပေလ့ေစ။ မင္းေဟာတာ မမွန္လဲ ငါ ထုတ္မေျပာပါဘူး”
“မဟုတ္ဘူး!”
လိမ္စားက အသံကို က်ယ္လိုက္သည္။
“ေျပာသာေျပာ”
လင္ဝူယြီသည္ ေခါင္းငုံ႕၍ ႏွစ္ခ်က္ရယ္လိုက္မိသည္။
“အခ်စ္ဦးကို မႏွစ္က ေတြ႕ခဲ့တယ္ ဟုတ္တယ္မလား”
လိမ္စားက ေမးသည္။
“... ဟုတ္တယ္”
အ႐ူး၏အသံက အံ့အားသင့္မႈတို႔ စြန္းလ်က္။
“မင္း ရည္းစားထားဖူးတယ္မလား”
လိမ္စား၏လက္ေထာက္သည္လည္း အံ့ဩတႀကီးျဖစ္သြားခဲ့သည္။
“ၿပီးေတာ့ အဲဒါကလဲ အတိအတေကာင္မေလးနဲ႕မလား”
“မင္း ဘာေတြေျပာေနတာလဲ”
အ႐ူးက အေၾကာက္အကန္ျငင္းသည္။
“ငါက ဘယ္လိုလုပ္ အဲလိုလူမ်ိဳးကို ႀကိဳက္ရမွာလဲ။ ၿပီးေတာ့လဲ မင္း လူတစ္ေယာက္ကို အျပင္ပန္းၾကည့္ၿပီး ဆုံးျဖတ္တာ မေကာင္းဘူးမလား။ ၿပီးေတာ့ က်ီးေကာ*ဆို ဒီေလာက္ေခ်ာလဲ ႀကိဳက္မဲ့သူ တစ္ေယာက္မွမရွိ….”
“ဆက္မေျပာနဲ႕ေတာ့၊ ေတာ္လိုက္ေတာ့”
လိမ္စားက ေျပာလိုက္၏။ စကားခဏရပ္လိုက္ၿပီးေနာက္ ဆက္ေျပာသည္။
“ေနာက္တစ္ခြန္းေျပာလို႔ နာမည္ကို ေျပာင္းမေခၚလို႔ကေတာ့ ဒီည မင္းသြားေတြ ဘယ္နားမွာ ကြၽတ္သြားမလဲဆိုတာ ကူေဟာေပးလိုက္မယ္”
လက္ေထာက္က အရယ္လြန္ၿပီး တံေတြးပင္ သီးသြားခဲ့ေလ၏။
လင္ဝူယြီမွာ မရယ္မိေအာင္ ထိန္းထားရသည္။
“မင္း သူ႕ကို တစ္ခုခုတြက္ေပးေစခ်င္တာမလား။ ျမန္ျမန္ေမးလိုက္ေလ”
လက္ေထာက္က ရယ္လ်က္ ေျပာလိုက္၏။
“ေနာက္ထပ္ ရည္းစား ဘယ္ေတာ့ရမလဲ ေမးခ်င္လို႔”
အ႐ူးက ေမးသည္။
“အဲဒါေတာ့ မေတြ႕မိဘူး”
လိမ္စားက ဆိုသည္။
“ဘာလို႔လဲ”
အ႐ူးက ေမးသည္။
“တစ္ခုခုျဖစ္ျဖစ္ ေျပာျပလို႔မရဘူးလား”
“မင္း ကိုယ့္ကိုယ္ကိုယ္ ဘာထင္ေနလဲ။ မင္း ေပ်ာ္သြားေအာင္ တစ္ခုေတာ့ ေျပာေပးမယ္”
လိမ္စားက တုတ္လႊတ္သည္။ ႏွစ္စကၠန႔္မွ် တန႔္ၿပီးေနာက္ ေနာက္ထပ္ ရိုက္ခ်က္တစ္ခု လႊတ္၏။
“မင္း ဘယ္ခ်ိန္ ရည္းစားထပ္ရမလဲဆိုတာကိုေတာ့ မျမင္ဘူး။ ဒါေပမဲ့ လာမဲ့ႏွစ္ႏွစ္အတြင္းေတာ့ ဘာအခ်စ္ေရးကိစၥမွ ရွိလာမွာမဟုတ္ဘူးဆိုတာကိုေတာ့ ျမင္တယ္”
“ဖာ့ခ္!”
အ႐ူးမွာ ရင္ကြဲပတ္လက္။
“တကယ္ အမွန္ႀကီးလား”
“ယုံရင္ မွန္တယ္”
လက္ေထာက္က ရိုးရိုးသားသားႏွင့္ တေလးတနက္ေလး ေျပာလိုက္သည္။
“အတည္ျပဳဖို႔ ႏွစ္ႏွစ္ေလာက္ စိတ္ရွည္ရွည္နဲ႕ ေစာင့္ၾကည့္လိုက္ေပါ့… ေနာက္ႏွစ္ႏွစ္ၾကာၿပီးလို႔ မင္း ငါတို႔ကို ရွာေတြ႕နိုင္ေသးရင္…”
လင္ဝူယြီသည္ ခဏမွ် အသံတိတ္ရယ္လိုက္ၿပီး ေနာက္မွစကားဝိုင္းကို အာ႐ုံ ဆက္ထားမေနလိုက္ေတာ့ေခ်။ လိမ္စားကလည္း ဆက္မလိမ္ေတာ့ဘဲ အ႐ူး၏ ဝမ္းနည္းပက္လက္ျဖစ္ေနမႈကိုသာ နားေထာင္ေနရသည္မွာ စိတ္ဝင္စားစရာမေကာင္းလိုက္ေတာ့ေပ။
သူ႕စိတ္ထဲ၌ လုပ္ရမည့္စာမ်ားက တစ္ပုံတစ္ပင္ေစာင့္ေနၾကသည္။ သူက က်ီးေကာ*ကို စိတ္ထဲမွ ေမာင္းထုတ္လိုက္ေလေတာ့၏။
ခ်န္အိမ္မွ ေလးေယာက္ေျမာက္သားျဖစ္သူ ထြက္သြားၿပီးေနာက္ လ်ိဳ႕က်င္းဖန္က ထသြားရန္ စဥ္းစားေနခဲ့သည္။ တုန္းႀကီးႏွင့္ အျခားသူတို႔က ပန္းအလွဆင္ထားသည့္ေနရာနားရွိ ေနရာလြတ္၌ စပီကာမ်ား ဆင္ေနၾကသည္။ သူ သြားေပါင္းခ်င္သည္။
သို႔ေသာ္လည္း တင္းက်ိက လႈပ္မည့္အလားအလာမရွိသည္ကိုျမင္ေတာ့ လ်ိဳ႕က်င္းဖန္မွာလည္း ထိုဘက္သို႔ လွည့္လွည့္ၾကည့္၍သာ ၿငိမ္ၿငိမ္ထိုင္ေနလိုက္ရေလေတာ့၏။
“ကိုယ့္ဘာသာ သြားခ်င္ရင္ သြားေလ။ ငါနဲ႕ ဒီမွာ ထိုင္ေပးေနဖို႔ မလိုဘူး”
တင္းက်ိက ေျပာလိုက္သည္။
“သူတို႔ကို ငါေရာက္ေနတာသာ မေျပာလိုက္နဲ႕။ ဒီမွာ ခဏေလာက္ ထိုင္ခ်င္လို႔”
“အိုေက!”
လ်ိဳ႕က်င္းဖန္က ခ်က္ခ်င္းပင္ ထခုန္ရပ္လိုက္သည္။ သို႔ေသာ္ ခ်က္ခ်င္းပင္ သူ႕ေဘး၌ ျပန္ထိုင္ခ်လိဳက္ၿပီး တုတ္တုတ္မလႈပ္ဘဲ ေၾကာင္ေတာင္ေငးစိုက္ၾကည့္ေနေသာ အေရွ႕မွလူကို ၾကည့္ကာ ကပ္တိုးေလး ေျပာလာခဲ့၏။
“အဲလူ… ဘာကိစၥမွေတာ့ မရွိေလာက္ဘူးမလား”
“အသည္းကြဲေနတဲ့ ထိပ္တန္းေက်ာင္းသားေလးတစ္ေယာက္ပဲ။ ဘာကိစၥရွိမွာလဲ”
တင္းက်ိက ေျပာလိုက္သည္။
လ်ိဳ႕က်င္းဖန္က သူ႕ကို ခဏမွ် ေငးစိုက္ၾကည့္လာခဲ့၏။
“မင္းက တကယ္ကို ေသာက္ထူးေသာက္ဆန္းေကာင္”
“သြားေတာ့ သြား”
တင္းက်ိက သူ႕ကို လက္ခါယမ္းျပလိုက္သည္။
လ်ိဳ႕က်င္းဖန္က ေလွကားေပၚမွ တခုန္ခုန္ႏွင့္ ဆင္း၍ တုန္းႀကီးတို႔အဖြဲ႕ဆီသို႔ ေျပးသြား၏။
တင္းက်ိသည္ သူေရွ႕မွလူ၏ ေနာက္ေစ့ကို ခဏမွ် စူးစိုက္ၾကည့္ေနခဲ့၏။ ဤလူသည္ မိန္းေမာေနပုံရၿပီး တုတ္တုတ္မလႈပ္သည္မွာ ၁၀ မိနစ္ခန႔္ရွိေလၿပီ။
သူက ခဏမွ် ခ်ီတုံခ်တဳံျဖစ္ေနခဲ့ၿပီးေနာက္ ေဘးဘီဝဲယာပတ္ၾကည့္လိုက္ၿပီး တစ္ေနရာရာမွ ကြန္ကရစ္အပိုင္းအစေသးေသးေလးတစ္ခုကို ေကာက္ယူကာ ထိုလူ၏ညာဘက္မွ ေလွကားထစ္ကို ခ်ိန္၍ ေတာက္ခ်လိဳက္သည္။
သူက မၾကာခဏ ပစၥည္းတို႔ကို အမွိုက္ပုံးထဲသို႔ ေဝးေဝးမွ လွမ္းလွမ္းပစ္ထည့္တတ္ၿပီး မ်ားေသာအားျဖင့္ ဝင္ေလ့ရွိသည္။ သူ၏ လက္တည့္မႈကို ယုံၾကည္မႈရွိသည္။
သို႔ေသာ္လည္း ကြန္ကရစ္စက သူေတာက္ခ်လိဳက္သည့္အခ်ိန္တြင္ပင္ ႏွစ္ဖဲ့ပဲ့သြားခဲ့ေလ၏။
တစ္ဖဲ့က ေလွကားေပၚမွ ထိုလူ၏ ညာဘက္၊ သူခ်ိန္ထားေသာ ေနရာသို႔ က်သြားသည္။
ေနာက္တစ္ဖဲ့ကေတာ့ ထိုလူ၏ေခါင္းေပၚ က်သြားခဲ့၏။
ၿပီးလွ်င္ ၎က ျပန္ခုန္မထြက္သြား။
သည္တိုင္း ေခါင္းထက္၌သာ အသာရပ္သြား၏။
လင္ဝူယြီသည္ လက္ျမႇောက္၍ ေခါင္းကို ကိုင္ၾကည့္လိုက္သည္။
လက္ထဲမွ ကြန္ကရစ္ခဲစေလးကို ျမင္လိုက္ရခ်ိန္ ၾကက္ေသေသသြားခဲ့ၿပီး ေနာက္သို႔ လွည့္ၾကည့္လိုက္၏။ သူ႕ေနာက္မွ လူ ၃ ေယာက္က မည္သည့္အခ်ိန္၌ တစ္ေယာက္တည္း က်န္ရစ္ခဲ့ေလေတာ့သည္ မသိ။ က်ီးေကာဆိုသည့္ လိမ္စားက သူ႕ကို ၾကည့္ေနသည္။
လင္ဝူယြီသည္ ထိုလာစမႈကို မည္သို႔မွ မခံစားရဘဲ ကြန္ကရစ္ခဲစေလးကို က်ီးေကာလက္ထဲသို႔ ေပါ့ေပါ့ကေလးပင္ ျပန္ပစ္ေပးလိုက္ၿပီး ေမးလိုက္၏။
“ကိစၥရွိလို႔လား”
“မရွိဘူး”
က်ီးေကာက သူ႕လက္ထဲမွ ကြန္ကရစ္ခဲစကို ငုံ႕ၾကည့္၍ ျပန္ေျဖလိုက္သည္။
“လက္တည့္သားပဲ”
လင္ဝူယြီ၏ စာက်က္မွတ္ေနမႈမွာ ေႏွာင့္ယွက္ခံလိုက္ရၿပီျဖစ္ေလရကား ျပန္က်က္လိုစိတ္လည္း ရွိမေနလိုက္ေတာ့။ သို႔ႏွင့္ သူ႕ကိုသာ ဆက္စိုက္ၾကည့္လိုက္သည္။
“ဘယ္ေဈးလဲ”
“ဘာ?”
က်ီးေကာက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
“အဲ… ေဗဒင္တြက္တာ”
လင္ဝူယြီက ေျပာလိုက္သည္။
“ဘယ္ေလာက္လဲ”
က်ီးေကာဆိုသူက မည္ကဲ့သို႔ေသာ လိမ္စားမ်ိဳးလဲေတာ့ မသိ။ “ဘယ္ေလာက္လဲ” ဆိုေသာ စကားလုံး ၃ လုံးကို ၾကားလိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ မ်က္ႏွာအမူအရာက ခ်က္ခ်င္းေျပာင္းလဲသြားခဲ့ေလ၏။
“မင္းဘာစကားေျပာတာလဲ”
လင္ဝူယြီက စကားမဆိုဘဲ သူ႕ကိုသာ ၾကည့္ေနခဲ့သည္။
“မင္း ငါ့ကို သိလား”
သူက သူ႕ကိုယ္သူ လက္ညွိုးထိုးျပသည္။
လင္ဝူယြီက ႏွစ္စကၠန႔္မွ် စဥ္းစားလိုက္ၿပီးေနာက္ လည္ေခ်ာင္းရွင္းကာ ေျပာလိုက္သည္။
“က်ီးေကာ… မလား”
က်ီးေကာမွာ ခတၱ လိပ္ျပာလြင့္သြားခဲ့ေလ၏။ သူက ပါးစပ္ကို ဟလိုက္ေသာ္လည္း မည္သည့္စကားမွ ထြက္မလာ။ ခဏအၾကာ၌ သူက ေကာက္ကာငင္ကာ ဝါးလုံးကြဲေအာ္ရယ္ေလေတာ့၏။
“တျခားသူသာဆို မင္း ဒီေနရာတင္ အသက္နဲ႕ခႏၶာ အိုးစားကြဲသြားၿပီ သိလား”
လင္ဝူယြီက ႏႈတ္ခမ္းေထာင့္တို႔ကို တြန႔္ခ်ိဳး၍ မရယ္မိေအာင္ ထိန္းလိုက္သည္။
“မသိတဲ့သူမို႔ အျပစ္မရွိပါဘူး။ ရယ္ပါ ကိစၥမရွိဘူး”
က်ီးေကာက ေအာက္သို႔ ေလွကားတစ္ထစ္ ဆင္းလာၿပီး သူ႕ေဘး၌ လာထိုင္သည္။ ထို႔ေနာက္ လက္တစ္ဖက္ ဆန႔္ေပးလာကာ အသံအားျဖင့္ ႏူးညံ့ပုံရေသာ္လည္း အေၾကာင္းအရာအားျဖင့္ေတာ့ ျပင္းထန္ရက္စက္လွေသာစကားကို ဆိုလာခဲ့ေလ၏။
“ငါ့နာမည္က တင္းက်ိ။ “ပြင့္လင္းၾကင္နာမႈရွိေသာ (ကြမ္းဖုန္းက်ိယြဲ႕)” ရဲ႕ က်ိ။ နာမည္ေခၚလို႔ရတယ္။ ေနာက္တစ္ခါ နာမည္ထပ္မွားေခၚလို႔ကေတာ့ ငါ မင္းကို ခ်က္ခ်င္း ဒီညရဲ႕ အလင္းထိန္ဆုံး လွ်ပ္စစ္ဂ်င္ျဖစ္သြားေအာင္ လုပ္ပစ္မယ္”
က်ိေကာပဲ…
လင္ဝူယြီက သူ၏အၿခိမ္းအေျခာက္စကားကို စိတ္ထဲမထားဘဲ သူ႕လက္ကို လႈပ္ယမ္း၍ လက္ဆြဲႏႈတ္ဆက္လိုက္ၿပီး ကနဦးအေၾကာင္းအရာသို႔ ျပန္သြားလိုက္သည္။
“အဲေတာ့ အလကားေပါ့ ဟုတ္လား”
“အလကားေပါ့!”
တင္းက်ိက စိတ္မရွည္ျဖစ္လာဟန္တူ၏။
“ဘာျဖစ္ခ်င္တာလဲေျပာ”
“ငါ့ကို တြက္ေပးလို႔ရမလား”
လင္ဝူယြီက သူ႕ေရွ႕သို႔ ဘယ္လက္ကို ဆန႔္ထုတ္ေပးလာခဲ့သည္။
“မတြက္ဘူး”
တင္းက်ိက ဆို၏။
“မင္းက သူစိမ္းေတြကိုဆို မတြက္ေပးဘူးလား”
လင္ဝူယြီက အၿပဳံးသဲ့သဲ့ၿပဳံးလိုက္သည္။
တင္းက်ိက မ်က္ဝန္းတို႔ကို ေမွးစဥ္းလ်က္ သူ႕ကို အသံတိတ္သာ ၾကည့္ေနခဲ့၏။
“သူစိမ္းဆို လိမ္လို႔မေကာင္းလို႔လား”
လင္ဝူယြီက ေျပာလိုက္သည္။
“မင္း အသည္းကြဲေနတယ္”
တင္းက်ိက သူ႕လက္ကို ျပန္႐ုတ္လိုက္ၿပီး သူ႕ကို ၾကည့္လိုက္၏။
“တစ္ပတ္ထဲမွာတင္ပဲ”
လင္ဝူယြီသည္လည္း သူ႕ကို ၾကည့္လိုက္သည္။
“မွန္တယ္မလား”
တင္းက်ိက ေမး၏။
“တစ္ဝက္မွန္တယ္”
လင္ဝူယြီက အမွန္အတိုင္း ျပန္ေျဖသည္။
“တစ္ဖက္သတ္အခ်စ္ က်ရႈံးလာတာ”
တင္းက်ိက ေျပာလိုက္သည္။
“အင္း”
လင္ဝူယြီက ေခါင္းညိတ္သည္။
“လက္ကိုမၾကည့္ဘဲနဲ႕လဲ တြက္တတ္တာလား”
“အကုန္ ခန႔္မွန္းရတာခ်ည္းပဲကို ဘာလို႔ လက္ကို ၾကည့္ေနအုံးမွာလဲ”
တင္းက်ိက အထင္အျမင္ေသးစြာ ႏွာမႈတ္လိုက္၏။
“ဆက္နားေထာင္အုံးမွာလား”
“မေထာင္ေတာ့ဘူး”
လင္ဝူယြီက တုတ္ထိုးအိုးေပါက္ ျပန္ေျဖသည္။
တကယ္ေတာ့ သူ႕အေနႏွင့္ ေမးစရာဟူ၍ မ်ားမ်ားစားစားမရွိပါေခ်။ တစ္ခုခု သိခ်င္လာလွ်င္ အေျဖကို သူ႕ဘာသာပင္ ရွာေဖြတတ္သည္။ သူစိမ္းတစ္ေယာက္က သူ႕ကို လာေျပာျပေပးေနရန္ မလိုအပ္ေပ။ အထူးသျဖင့္ အတည္မျပဳရေသးပါက။
အမွန္တကယ္ပင္ ေမးစရာရွိေနခဲ့ပါက ယင္းမွာကား အလႅာပ သလႅာပဆို႐ုံမွ်ထက္ မပိုေပ။ တင္းက်ိႏွင့္ စကားနည္းနည္းပါးပါးဆက္ေျပာေန႐ုံမွ်သာ ျဖစ္လိမ့္မည္။
သို႔ေသာ္ အေတာ္ေလး ေမွာင္ေနၿပီျဖစ္သည္။ ျပန္ရေတာ့မည္။ ညဘက္ကိုယ္ပိုင္စာၾကည့္ခ်ိန္ပင္ ဆင္းခ်ိန္နီးေနၿပီျဖစ္ရာ အကင္ဝင္ဝယ္၍လည္း မရေတာ့ေပ။ အနည္းငယ္ စိတ္ဆင္းညိုမိသြားခဲ့၏။
တင္းက်ိက ည ၁၁ ထိုးသည္အထိ ပန္းၿခံငယ္ေလးထဲ၌ ေနခဲ့သည္။ ပတ္ဝန္းက်င္၌ လူလည္း ရွင္းေနၿပီျဖစ္ရာ သူက ေလွကားထစ္ေပၚမွ ခုန္လ်က္ ဆင္းလိုက္၏။
ယေန႕က စေန၊ တနဂၤေႏြပိတ္ရက္မဟုတ္ေပ။ တုန္းႀကီးႏွင့္ အျခားသီခ်င္းဆိုသူတို႔ထံ၌ ပရိသတ္နည္းနည္းသာရွိသည္။ ထို႔ေၾကာင့္ လ်ိဳ႕က်င္းဖန္က သူတို႔ႏွင့္ ေပါင္း၍ အတူ ေနရာေျပာင္းသြားခဲ့ၾက၏။ သစၥာမရွိပုံမ်ား စာေလးတစ္ေစာင္သာ ပို႔ထားခဲ့သည္။ တင္းက်ိက ထိုေနရာသို႔ လွမ္းၾကည့္လိုက္ေတာ့ မည္သူမွ မရွိလိုက္ေတာ့ေပ။ သူက ပ်င္းေၾကာဆန႔္လိုက္သည္။ ျပန္ခ်ိန္တန္ေလၿပီ။ သူ႕အေဖက အဘြားအိမ္၌ ရွိေနေလာက္ဦးမည္။ သို႔ေသာ္လည္း သူ ယခုမျပန္ပါက အဘိုးအဘြားတို႔ စိတ္ပူေနၾကေပေတာ့မည္။
ဆိုေသာ္ျငားလည္း သူ အိမ္သို႔ ျပန္ေရာက္ေတာ့ သူ႕အေဖက ျပန္သြားၿပီျဖစ္ေၾကာင္း မထင္မွတ္ထားစြာေတြ႕လိုက္ရသည္။ အိမ္ထဲ၌ သူ႕အဘိုးကသာ အိပ္ရာမဝင္ေသးဘဲ လက္ဖက္ရည္အိုးေလးတစ္အိုးကို ကိုင္၍ တီဗီၾကည့္ေနခဲ့၏။
သူဝင္လာသည္ကို ေတြ႕ေတာ့ အဘိုးက သူ႕ေရွ႕မွ ေရေႏြးခြက္ထဲသို႔ ေရေႏြးငွဲ႕ထည့္၍ ေျပာလာခဲ့သည္။
“ျပန္လာၿပီလား”
“ဟုတ္”
တင္းက်ိက သူ႕ေဘးတြင္ ဝင္ထိုင္လိုက္ၿပီး ေရေႏြးတစ္ငုံ ေသာက္ကာ ဆိုဖာေပၚ မွီလိုက္သည္။
“မထင္ထားဘူးမလား”
အဘိုးက ၿပဳံးလ်က္ ေျပာလာခဲ့သည္။
“ေစာေစာစီးစီးျပန္မလာမိတာ ေနာင္တရေနၿပီမလား”
“ဘာကို ေနာင္တရရမွာလဲ။ ကြၽန္ေတာ္က ေပ်ာ္လြန္းလို႔ ျပန္ေတာင္မလာခ်င္ျဖစ္ေနတာ”
တင္းက်ိက ေျပာလိုက္သည္။
“မင္းအေဖကို ငါ ျပန္ခိုင္းလိုက္တာ”
အဘိုးက ေျခေထာက္ကို ပုတ္လိုက္၏။
“မင္း ေက်ာင္းမသြားတာ ၂ ရက္ရွိၿပီမလား။ မနက္ျဖန္ ေက်ာင္းသြား။ ေက်ာင္းဆင္းတာနဲ႕ အိမ္ကို တန္းျပန္လာခဲ့။ စာေမးပြဲမေျဖခင္ ေျခမ်ားမေနနဲ႕။ စာကို ေသခ်ာအာ႐ုံစိုက္”
တင္းက်ိက ဆိတ္ဆိတ္သာေနသည္။
“မင္းမိဘေတြလဲ မင္းကို ဝင္မစြက္ဖက္ခ်င္ၾကပါဘူး”
အဘိုးက ေျပာ၏။
“ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္ မင္းက ဉာဏ္သိပ္ထက္တဲ့ ကေလးပဲေလ။ စာကိုလဲ…”
“အေရးမပါတာေတြ ေျပာမေနပါနဲ႕ေတာ့”
တင္းက်ိက အဘိုးကို စကားျဖတ္ေျပာလိုက္သည္။
“ကြၽန္ေတာ္သာ တကယ္ပဲ ဉာဏ္ေကာင္းရင္ ဒီလိုျဖစ္ေနမွာမွ မဟုတ္ပဲ”
“ဘာပဲျဖစ္ျဖစ္ မင္းက ငတုံးငအတစ္ေကာင္ပဲေလ”
အဘိုးက နည္းနည္းေလးမွေတြးေတာျခင္းမရွိဘဲ စကားလုံးကို ေျပာင္းလိုက္၏။
“စာကို အာ႐ုံတစိုက္နဲ႕ မလုပ္ရင္ ဘယ္လို သြားေအာင္မွာလဲ”
တင္းက်ိက ၿပဳံးလိုက္ၿပီးေနာက္ သက္ျပင္းခ်လိဳက္၏။
“ဟုတ္ပါၿပီ… ထပ္ေလသခ်ည္းထပ္မေနပါနဲ႕ေတာ့။ အဘိုးက ကိုယ့္ေရေႏြးကို ေသာက္၊ ကြၽန္ေတာ္က သြားအိပ္ေတာ့မယ္”
ေက်ာင္းကိုက သြားရမည္ပင္ျဖစ္သည္။ သူ ဤအပတ္အတြက္ အစမ္းေမးခြန္းအသစ္တို႔ကို ယခုထိ မယူရေသးေပ။
သို႔ႏွင္ သူ ေစာေစာေလး ထြက္လာခဲ့လိုက္သည္။ ေက်ာင္းသို႔ေရာက္ေတာ့ ေက်ာင္းတံခါးပင္ မဖြင့္ေသး။
တင္းက်ိက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ဖုန္းကို တစ္ခ်က္ၾကည့္ၾကည့္လိုက္သည္။ အိပ္မႈံစုံမႊားႏွင့္ အနည္းငယ္ရီေဝေဝျဖစ္ေနေသးမႈက ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားခဲ့ေလေတာ့၏။
“မင္းဘိုးေအဥပဲ!”
သူက ကင္းတဲ၏ ျပတင္းေပါက္ေဘး၌ ရပ္လ်က္ ထိတ္လန႔္တၾကားေအာ္လိုက္မိသည္။
“ဘာလဲ။ အခ်ိန္မွားၾကည့္မိသြားတာလား”
အေစာင့္ဦးေလးႀကီးက ျပတင္းေပါက္ကို မွီကာ ရယ္လ်က္ ေမးလာခဲ့၏။
“အြန္း”
တင္းက်ိက အနည္းငယ္စိတ္ပ်က္လက္ပ်က္ႏွင့္ သူ႕ဖုန္းစခရင္ေပၚမွ နာရီကို ကိန္းဂဏန္းပုံစံသို႔ ျပန္ေျပာင္းလိုက္သည္။
ဒါလား ဉာဏ္ထက္တာ။ လက္တံနာရီကိုေတာင္ မွန္ေအာင္ မၾကည့္နိုင္ပဲနဲ႕။
“မနက္စာေရာ စားခဲ့ရရဲ႕လား”
ဦးေလးႀကီးက ေမးသည္။
“စားခဲ့တယ္”
တင္းက်ိက ဗလုံးဗေထြး ျပန္ေျဖလိုက္သည္။
“ဝင္လာခဲ့”
ဦးေလးႀကီးက တံခါးဖြင့္ေပး၏။
“မင္းတို႔တတိယႏွစ္က အေဆာင္ေနတဲ့သူေတြလဲ ခုခ်ိန္ေလာက္ဆို အိပ္ရာကထၿပီး အတန္းထဲ သြားေနေလာက္ၾကေရာေပါ့”
“ရပါတယ္ ဦးေလး”
တင္းက်ိက သူ႕ကို ၾကည့္လိုက္သည္။ ဤဦးေလးႀကီးက တာဝန္က်သည္မွာ ႏွစ္လခန႔္သာ ရွိေသးသည္။
“ကြၽန္ေတာ္က တတိယႏွစ္မွန္း ဘယ္လိုသိတာလဲ”
“ငါ မင္းကို သိတာေပါ့ တင္းခ်ီရ”
ဦးေလးႀကီးက ဆို၏။
“ေၾကညာဘုတ္ရဲ႕ အဲမွန္ေအာက္မွာ မင္းဓာတ္ပုံရွိတယ္ေလ”
အမည္မွားေခၚခံရျခင္းက တင္းက်ိအဖို႔ အေထြအထူးမခံစားရေတာ့ေခ်။ သူ႕တြင္ မူလကတန္းကတည္းက အမည္ေပါင္းမ်ားစြာရွိသည္။ တင္းခ်ီ၊ တင္းယြီခ်ီ၊ တင္းဝမ္၊ တင္း ဘာညာဘာညာ။ သူ႕ကို တင္းလင္ ဟု လာေခၚေနေသာ အကန္းမ်ားပင္ ရွိေသး၏။ သူက ဦးေလးႀကီးကို ၿပဳံးျပလိုက္ၿပီး အထဲသို႔ ဝင္လာခဲ့လိုက္သည္။
စာသင္ခန္းထဲမွ ေနာက္ဆုံး ၃ တန္းမွာ ထူးျခားေသာေနရာျဖစ္သည္။ အၿမဲတေစ ေက်ာင္းဝင္ခြင့္ႏႈန္းႏွင့္ ပတ္သတ္၍ ထိပ္ဆုံးေနရာကို ဖူက်ဳံးႏွင့္ အၿပိဳင္အဆိုင္လုေနသည့္ စန္းက်ဳံးကဲ့သို႔ေသာ ေက်ာင္းတစ္ေက်ာင္း၌ပင္ ေနာက္ဆုံး ၃ တန္းမွာ သူ၏ကိုယ္ပိုင္ထူးျခားမႈတစ္ခု ရွိေနေသးဆဲပင္။ ဥပမာအားျဖင့္ ယခုေလာေလာဆယ္၌ တင္းက်ိ၏ထိုင္ခုံေဖာ္ျဖစ္ေနသူ အတန္းေဖာ္ရွီရွန႔္ယန္သည္ စာေရးခုံေပၚ၌ ကိတ္မုန႔္တစ္ပိုင္းကို တင္လ်က္ ဓားတစ္ေခ်ာင္းျဖင့္ အားႀကိဳးမာန္တက္ အပိုင္းေသးေသးေလးမ်ား လွီးေနခဲ့သည္။ အႀကိမ္ႀကိမ္၊ အဖန္ဖန္ လွီးေနသည္မွာ အပိုင္းအစတို႔ကို ၁ စင္တီမီတာ၏တစ္ဝက္အထိ လွီးရန္ ပန္းတိုင္ထားထားပုံရ၏။
အမွန္အတိုင္းဆိုရပါလွ်င္ အဆိုပါအ႐ြယ္အစားကို ရနိုင္ရန္မွာကား အေတာ္ေလးစိန္ေခၚမႈႀကီးသည္။ ကိတ္က အဆိုပါအ႐ြယ္အစားသို႔ မေရာက္မီ၌ပင္ အပိုင္းပိုင္းအစစ ေၾကမြလုနီးနီးျဖစ္ေနေလၿပီ။
အပူသည္ေတြ။
ဟယ္ေလာင္ရွစ္ ေျပာသလိုေပါ့။
အၿမဲတေစ ေနာက္တန္း၌ ခုံေနရာေျပာင္းမထိုင္လိုသူအခ်ိဳ႕ရွိသည္။ ထို႔ေၾကာင့္ အေနာက္တန္း၌ အပူသည္မ်ား လာစုပုံေနတတ္ၾကသည္။ ဘယ္ဘက္သို႔ပင္ ၾကည့္ၾကည့္၊ ညာဘက္သို႔ပင္ ၾကည့္ၾကည့္ ျမင္နိုင္ေပ၏။
လက္သည္းကိုတတိတိကိုက္ေနေသာ ဘယ္ဘက္မွ ထိုလူသားကိုေတာ့ ေလာေလာဆယ္ ေအးရာေအးေၾကာင္းထားထားႏွင့္လိုက္ဦးမည္။
“မင္းကို တစ္ခုေမးမလို႔”
တင္းက်ိသည္ သူ႕ေက်ာပိုးအိတ္ထဲမွ ႐ူပေဗဒေမးခြန္းတစ္စုံကို ဆြဲထုတ္လိုက္၏။
“အင္း”
ရွီရွန႔္ယန္က ေခါင္းညိတ္ျပသည္။
တင္းက်ိက ရိုးရိုးရွင္းရွင္းပုစၥာတစ္ပုဒ္ကို ေ႐ြးလိုက္၏။
“ငါ့ကို ဒီေမးခြန္း တစ္ခ်က္ ရွင္းျပ”
ရွီရွန႔္ယန္က အနည္းငယ္ ျပန္တက္ႂကြသြားခဲ့ၿပီး သူ႕အား ပုစာၦကို ရွင္းျပၿပီးသည့္ေနာက္ စာေရးခုံေပၚမွ ကိတ္မုန႔္ကို စားလိုက္သည္။
တင္းက်ိက သူ႕ကို ကူညီေပးလို၍ေတာ့ မဟုတ္။ ပါးက်ဳံးမွ တစ္ေယာက္က စာေမးပြဲမေျဖမီ ႐ူးသြားခဲ့ၿပီး ထိုင္ခုံေဖာ္ကို ဓားျဖင့္ ၇ ခ်က္၊ ၈ ခ်က္ ဇြပ္ဇြပ္ဇြပ္လိုက္ေၾကာင္း သတင္းၾကားထားမိ၍သာ။
ၿပီးလွ်င္ ရွီရွန႔္ယန႔္က အရပ္ေရာ၊ ကိုယ္အေလးခ်ိန္ပါ ၁၉၆ ရွိသည့္ ေထာင့္မွန္စတုဂံပုံ လူသန္ႀကီးတစ္ဦးျဖစ္သည္။
ဤသည္ကား ကိုယ့္ကိုယ္ကိုယ္ကာကြယ္ျခင္း မည္၏။
ေန႕ရက္တိုင္းက ၾကာခ်ိန္တူေသာ္လည္း စိတ္ထဲ၌ခံစားရေသာၾကာခ်ိန္ကေတာ့ျဖင့္ ကြာျခားသည္။ ဥပမာ ယေန႕ဆိုလွ်င္ သူသည္ ညေနဘက္၌ “ကိုယ့္အိမ္” ဆိုသည့္ေနရာကို ျပန္ရမည္ျဖစ္ေသာေၾကာင့္ ေက်ာင္းတြင္ေနရသည္က အခ်ိန္တို႔က အကုန္ျမန္လွသည္။ အခ်ိန္တြင္ ေျခေထာက္တို႔သာ ရွိပါက သူသည္ အရွိန္ေႏွးေစရန္ အေျပးအလႊားႏွင့္ ေျပးဆြဲထားမိေပလိမ့္မည္။
တကယ္ေတာ့ သူသည္ ၿပီးခဲ့ေသာစာသင္ႏွစ္တုန္းက အေဆာင္ေနေသးသည္။ အင္မတန္သက္ေသာင့္သက္သာရွိလွ၏။ သို႔ေသာ္လည္း သူ႕အေဖကေတာ့ သူက သက္သာသက္သာျဖစ္လြန္အားႀကီးလွသည္ဟု ေတြးကာ သူ႕ကို အိမ္သို႔ အတင္းျပန္လာခိုင္းခဲ့သည္။
အမ်ားစုကေတာ့ တံခါးေလးဖြင့္လိုက္သည္ႏွင့္ အစားအေသာက္အနံ႕သင္းသင္းေလးမ်ားကို ရကာ မိဘတို႔၏ အၿပဳံးကို ျမင္ရသည္။ အင္မတန္ေကာင္းလွပါ၏။
သက္ေသာင့္သက္သာမရွိ႐ုံသာ။
တင္းက်ိသည္ သူတို႔ႏွစ္ဦးႏွင့္ အတူေနခဲ့ရေသာအခ်ိန္မွာ နည္းပါးလြန္းလွသည္။ ရံဖန္ရံခါဆုံမိျခင္းသည္ပင္လွ်င္ ရင္းႏွီးမႈျဖစ္သည္။ ရင္းႏွီးေသာသူစိမ္းတစ္ေယာက္။ အထူးသျဖင့္ ပထမ ၂ ႏွစ္၌ သူတို႔သည္ ရင္းႏွီးသည္ဟုပင္ မဆိုနိုင္ခဲ့ေပ။
တ႐ုတ္ႏွစ္သစ္ကူးက တစ္ႀကိမ္ခန႔္ေတြ႕ဖူးေလာက္သည္။ ကေလးဟူသည္ အသက္အားျဖင့္ ငယ္ေလေလ မွတ္ဉာဏ္တို႔က ေဝဝါးေမွးမွိန္သြားရန္ ပိုျမန္ေလပင္။ ေနာက္တစ္ႀကိမ္ေတြ႕ၾကခ်ိန္၌ သူတို႔က ေမ့သြားခဲ့ၾကသည္မွာ ၾကာလွေလၿပီ။
“ျပန္ေရာက္ၿပီလား”
အေမက ထမင္းစားခန္းထဲမွ လွမ္းေျပာၿပီးေနာက္ ျပန္လွည့္ကာ ခ်က္ျပဳတ္ျပင္ဆင္ေနေသာ အန္တီကို ေျပာလိုက္သည္။
“အစ္မလ်ိဳ႕… ဟင္းပြဲေတြ ခ်ရေအာင္”
တင္းက်ိသည္ ေက်ာပိုးအိတ္ကို ဆိုဖာေပၚ ပစ္တင္လိုက္ၿပီး လက္သြားေဆးလိုက္၏။
စားပြဲေပၚမွ ဟင္းအားလုံးက သူ႕အႀကိဳက္မ်ားပင္။ ခရမ္းခ်ဥ္သီးၾကက္ဥေမႊေၾကာ္၊ အရသာ ၅ မ်ိဳး ဘဲစတူး၊ ဝက္စဥ္းေကာေပါင္း၊ ဝက္နံရိုးစြပ္ျပဳတ္။ အိမ္သို႔ ျပန္လာတိုင္း ဤဟင္းတို႔က အဓိကဟင္းလ်ာျဖစ္ၿပီး အျခားဟင္း ၂ မ်ိဳး၊ ၃ မ်ိဳး အေျပာင္းအလဲရွိသည္။
ဤမီႏူးသည္ ၂ ႏွစ္၊ ၃ ႏွစ္ခန႔္ၾကာလာသည္အထိ ေျပာင္းလဲမလာခဲ့ေပ။ သူ႕မိဘမ်ား တ႐ုတ္သို႔ ျပန္ေရာက္လာၾကၿပီး သူ႕အဘြားထံမွ သူအႀကိဳက္ဆုံးဟင္းတို႔ကို ေမးျမန္းခဲ့ၾကၿပီးကတည္းကပင္။
တစ္ခါတစ္ရံ တင္းက်ိသည္ သူတို႔၏ ဦးေႏွာက္မွ ေတြးေတာပုံ၊ ေတြးေတာနည္းတို႔ကို အေတာ္ေလးနားမလည္နိုင္ေပ။
သူက ဤဟင္းလ်ာတို႔ကို မည္မွ်ပင္ႀကိဳက္သည္ဆိုေစဦးေတာ့ ၂ ႏွစ္၊ ၃ ႏွစ္ခန႔္ႀကီးက်ေတာ့ ၿငီးလာေလၿပီ။ သို႔ရာတြင္မူ ဘာႀကိဳက္လဲဟု ေမးလာသည့္အခ်ိန္မ်ားတြင္ေတာ့ သူ႕မွာ အေျဖကား ထြက္မလာခဲ့။
သူက အစားေၾကးမမ်ားသကဲ့သို႔ မႀကိဳက္သည့္အစားအစားဟူ၍လည္း မရွိပါေခ်။
သူ႕အတြက္ကေတာ့ စားလိုက္၍ ဆက္ဆံေရးတစ္ခု ပိုမိုေကာင္းမြန္တိုးတက္လာနိုင္ေသာ အထူးတလည္ ႏွစ္ၿခိဳက္လြန္းလွသည့္ဟင္းလ်ာဟူ၍ မရွိေပ။ သူက အဘြား၏လက္ရာကို ခံတြင္းအသားက်ေန႐ုံမွ်သာ။
“စားေကာင္းလား”
အေမက ေမးသည္။
“အင္း… ေကာင္းတယ္”
တင္းက်ိက ေခါင္းညိတ္လိုက္သည္။
“ဒီေန႕ ေက်ာင္းသြားလား”
အေဖက ေမး၏။
“သြားတယ္”
တင္းက်ိက ေခါင္းငုံ႕ကာ စားရင္း ေျဖလိုက္သည္။ သူတို႔ႏွစ္ေယာက္လုံး ၿပိဳင္တူ သက္ျပင္းခ်လိဳက္ၾကသည္ကို သူ႕မ်က္ဝန္းေထာင့္မွ ျမင္လိုက္ရသည္။
“အခုထက္ပိုအာ႐ုံစိုက္ဖို႔ လိုေသးတယ္”
အေဖက ေျပာလာသည္။
“ငါ မင္းတို႔ဟယ္ေလာင္ရွစ္နဲ႕ ဖုန္းေျပာၿပီးၿပီ။ ဒီေနာက္ပိုင္း မင္း အတန္းေတြ အရမ္းေျပးၿပီး စာေမးပြဲအမွတ္ေတြလဲ ေတာ္ေတာ္က်လာတယ္တဲ့”
“အင္း”
တင္းက်ိက အင္မတန္ကိုမွ ပူးပူးေပါင္းေပါင္းႏွင့္ ျပန္တုံ႕ျပန္ေပးလိုက္သည္။ ဤကဲ့သို႔ အျပဳသေဘာေဆာင္ေသာ သေဘာထားႏွင့္ စကားကိုျဖတ္ရန္ ႀကိဳးစားလိုက္ျခင္းပင္။
သို႔ေသာ္လည္း မေအာင္ျမင္လိုက္ပါ။
“မင္းက ငယ္ငယ္ေလးကတည္းက ဉာဏ္ထက္တဲ့ကေလးတစ္ေယာက္ျဖစ္ခဲ့တာ”
အေဖက ဆက္ေျပာသည္။
“ဟုတ္တယ္… မင္းရဲ႕လက္ရွိအမွတ္ေတြက တျခားသူေတြနဲ႕ယွဥ္ရင္ေတာ့ မဆိုးဘူး။ ဒါေပမဲ့ မင္းက ဒီ့ထက္ပိုေကာင္းေအာင္ လုပ္နိုင္ေသးတယ္။ မင္း…”
တင္းက်ိက ခရမ္းခ်ဥ္သီးၾကက္ဥေမႊေၾကာ္ကို သူ႕ပန္းကန္ထဲသို႔ ႏွစ္ဇြန္းခပ္ထည့္ကာ ထမင္းႏွင့္ ေရာေမႊလိုက္ၿပီး ေခါင္းငုံ႕ကာ အလုတ္ေရအနည္းငယ္ စားလိုက္ၿပီးေနာက္ အစားကို လက္စသတ္လိုက္သည္။ ထို႔ေနာက္ ပန္းကန္ကို ေနရာတက်ခ်လိဳက္ၿပီးသည္ႏွင့္ ထရပ္လိုက္၏။
“ဘယ္သြားမလို႔လဲ”
အေမက သူ႕ကို ၾကည့္လာခဲ့သည္။
“စာလုပ္မလို႔”
တင္းက်ိသည္ ဆိုဖာနားသို႔ ေလွ်ာက္သြားလိုက္ၿပီး ေက်ာပိုးအိတ္ကို ယူလိုက္သည္။
“မင္း ခံစားေနျပန္ၿပီလား”
အေဖက ဆိုလာခဲ့၏။
“ကေလးစားလို႔ေသာက္လို႔ၿပီးမွ ေျပာၾကပါလား”
အစ္မလ်ိဳ႕က သက္ျပင္းခ်သည္။
“ကြၽန္မတို႔ဆို ထမင္းစားပြဲဝိုင္းမွာ ကေလးေတြအေၾကာင္း ဘယ္ေတာ့မွ မေဆြးေႏြးဘူး။ အစားစားခ်င္စိတ္ကို ထိခိုက္ေစနိုင္လို႔”
“သူက ထမင္းစားေနတုန္းေလးပဲ ကြၽန္မတို႔ေျပာတဲ့ စကားကို နည္းနည္းပါးပါး နားေထာင္တာ”
အေမကလည္း သက္ျပင္းခ်လိဳက္၏။
“အဘိုးအဘြားေတြက ကြၽန္မတို႔လို ေဘးက တတြတ္တြတ္ေျပာေပးၾကတာ မဟုတ္ဘူး။ ေနာက္ဆုံးက်ေတာ့ ဒီကေလး ဘယ္လိုျဖစ္လာလဲ…”
တင္းက်ိက အခန္းထဲ ဝင္လာခဲ့ၿပီး တံခါးကို ပိတ္လိုက္ခ်ိန္ ႐ုတ္တရက္ အားပိုထည့္လိုက္မိရာ တံခါးက ဒုန္းခနဲပိတ္သြားခဲ့၏။
သူသည္ တံခါးေနာက္၌ ခဏမွ် ရပ္ေနခဲ့သည္။ ထို႔ေနာက္ စာေရးခုံတြင္ ထိုင္ခ်လိဳက္၏။ ယခုတေလာ၌ အနည္းငယ္ေပါ့ျပက္ျပက္ေနေနမိသည္။ သူက ဗိုက္ကို ပြတ္လိုက္သည္။ အစားကို အလွ်င္အျမန္ႀကီးစားလိုက္မိျခင္းေၾကာင့္ အနည္းငယ္ျပည့္အင့္ေန၏။
သို႔ေသာ္လည္း ေပါ့ျပက္ျပက္ေနျခင္းမွာကား အက်င့္ပင္ျဖစ္ေနေလၿပီ။ ခဏၾကာတိုင္း သူ႕မွာ အလြန္အမင္း ပင္ပန္းလာၿပီး ေပ်ာ္ရန္ပါးရန္မွလြဲ၍ အရာရာတိုင္းအတြက္ မိုတီေဗးရွင္းတို႔ ေပ်ာက္ဆုံးလာတတ္သည္။
သို႔ႏွင့္ သူ႕အဆင့္တို႔က ဆက္တိုက္ တက္လိုက္၊ က်လိဳက္ႏွင့္ မၿငိမ္လိုက္ေတာ့ဘဲ အလြန္ေလ်ာ့တိေလ်ာ့ရဲျဖစ္လာခဲ့၏။
သူသည္ လုံ႕ဝဝီရိယမရွိ၊ အာ႐ုံစူးစိုက္မႈမရွိ၊ အသုံးတည့္ေသာစာလုပ္နည္း မရွိ။
ေပါ့ျပက္ျပက္ေနတတ္ေသာအက်င့္ကို ျပင္လိုစိတ္လည္း မရွိ။
အက်ဥ္းခ်ဳံ႕ဆိုရပါက သူသည္ သူ႕ကိုယ္သူ အလြန္အမင္းဉာဏ္ထက္လွသည္ဟု မထင္၊ အျခားသူတို႔က သူ႕ကို ဉာဏ္ထက္သည္ဟု လာေျပာလွ်င္လည္း မႀကိဳက္။ သူက ရိုးရိုးရွင္းရွင္းေလးပင္ “ဉာဏ္ထက္သည္” ဆိုေသာ စကားလုံးႏွစ္လုံးမွာ သူႏွင့္ ကိုက္ညီမႈမရွိဟု ခံစားရသည္။
စာလုပ္ရမယ္။
သူသည္ ေက်ာပိုးအိတ္ထဲမွ သိပၸံေလ့က်င့္ခန္းေမးခြန္းတစ္စုံကို ထုတ္လိုက္ၿပီး စာေရးခုံေပၚ ေမွာက္ကာ လက္ေမာင္းတစ္ဖက္ေခါင္းခု၍ စာစလုပ္လိုက္သည္။
–
“ဒီေန႕ ညေနစာ ကန္တင္းမွာ မစားဘူးလား”
ခ်န္မန္က လင္ဝူယြီကို ၾကည့္လိုက္သည္။
“မင္းက ပိုပိုၿပီး စည္းမဲ့ကမ္းမဲ့ျဖစ္လာခ်က္ပဲ”
“ေခါင္းနည္းနည္းကိုက္ေနလို႔”
လင္ဝူယြီက နားထင္ႏွစ္ဖက္ကို ဖိလိုက္သည္။
“ငါ အျပင္ခဏ သြားလိုက္အုံးမယ္။ လမ္းမွာ ခံတြင္းေတြ႕ေလာက္မဲ့ဟာေလးေတြ ေတြ႕မွာပါ”
“နည္းနည္းပါးပါးျပန္သယ္လာခဲ့ဖို႔ မေမ့နဲ႕ေနာ္”
ခ်န္မန္က ခ်က္ခ်င္း ခိုင္းေတာ့သည္။
“ဒီေန႕ ေစာေစာျပန္ေရာက္ေလာက္တယ္”
လင္ဝူယြီက ေျပာလိုက္သည္။
“အကင္ေတာ့ ပါလာမွာမဟုတ္ဘူး”
“ငါတို႔က အလကားရတဲ့အစားအေသာက္ကို အဲေလာက္ထိ ေၾကးမ်ားမေနဘူး။ စားလို႔ရရင္ၿပီးေရာ”
ခ်န္မန္က ျပန္ေျပာေလ၏။
လင္ဝူယြီ ၿပဳံးလိုက္သည္။
လြန္ခဲ့ေသာရက္ပိုင္းခန႔္ သူ ပန္းၿခံေလးဆီသြားခဲ့စဥ္က လမ္းတစ္ဖက္ျခမ္း၌ “ေခြးတိုင္း လာၾကသည္” ဆိုသည့္ ခ်စ္စရာေကာင္းစြာအလွဆင္ထားေသာ ဆိုင္ေလးတစ္ဆိုင္ကို ျမင္ခဲ့မိသည္။ သူက လမ္းကူးရမည္ကို ပ်င္းသျဖင့္ မသြားျဖစ္ခဲ့ေပ။
ယေန႕တြင္ေတာ့ သူသည္ လမ္းေလွ်ာက္ပန္းေလွ်ာက္ထြက္ရင္း သြားၾကည့္ၾကည့္ရန္ ေတြးထားသည္။ စားၿပီးသြားလွ်င္ သူ႕ေခါင္းကိုက္ေနမႈတို႔ ေပ်ာက္သြားနိုင္မည့္ စားေကာင္းေသာက္ဖြယ္တစ္ခုခုရွိလွ်င္ ရွိေလာက္မည္။
ပြတ္သပ္ေဆာ့ကစား၍ရမည့္ ေခြးေလးမ်ားလည္း ရွိေလာက္မည္။
ေမွ်ာ္လင့္ခ်က္အႀကီးႀကီးႏွင့္ လင္ဝူယြီသည္ ပန္းၿခံငယ္ေလးဘက္သို႔ ဦးတည္လိုက္၏။
“ေခြးတိုင္း လာၾကသည္”
ေကာ္ဖီဆိုင္ေသးေသးေလး တစ္ဆိုင္ပင္။
အမွန္ပင္ ေခြးမ်ားရွိသည္။ မ်ိဳးစပ္ထားေသာ ေခြးေလး ၃ ေကာင္ပင္။ လည္ပင္း၌ လ်ိဳ႕လ်ိဳ႕၊ လန့္လန့္၊ ကုံကုံ ဆိုသည့္ နာမည္ကတ္ေလးမ်ား ကိုယ္စီဆြဲထားၾက၏။
သို႔ေသာ္လည္း ယင္းက အဓိကအခ်က္မဟုတ္ေသး။ အဓိကအခ်က္မွာကား ဆိုင္ထဲမွ ဝိုင္းမ်ားပင္။ ဝိုင္းတိုင္းက ထိုင္ခုံတစ္ခုံသာ ပါေသာ တစ္ေယာက္ဝိုင္းမ်ားျဖစ္ေနၾကသည္။
စားပြဲေပၚ၌ ေရးထားသည္မွာ – “ဟိုင္း… စင္ဂယ္ေခြးေလး”
သို႔ေသာ္လည္း နံရံေပၚ အထပ္ထပ္ကပ္ထားေသာ ဓာတ္ပုံတို႔ကေတာ့ ႏွစ္ေယာက္ပုံမ်ားပင္။ ခ်ိဳအီေနေသာ စုံတြဲပုံမ်ား။
လင္ဝူယြီမွာ ရိုက္ခ်က္ျပင္းျပင္းတစ္ခ်က္ ထိုးႏွက္ခံလိုက္ရသကဲ့သို႔ ခံစားလိုက္ရသည္။ သို႔ႏွင့္ သူက မည္သည့္ေခြးေလးကိုမွ မပြတ္သပ္လိုက္ရဘဲ ျပန္လွည့္ထြက္လာခဲ့လိုက္ေလေတာ့၏။
ေခါင္းက တဒိန္းဒိန္းႏွင့္ ထိုးကိုက္ေနသည္။
လင္ဝူယြီသည္ ရင္ျပင္ငယ္ေလးအနားရွိ ေဆးဆိုင္တစ္ဆိုင္မွ အကိုက္အခဲေပ်ာက္ေဆးတစ္ဘူးဝယ္လိုက္သည္။ ထို႔ေနာက္ ေဆးေသာက္ရန္အတြက္ ေရသြားဝယ္ရန္ လမ္းတစ္ဖက္မွ စူပါမားကတ္သို႔သြားစဥ္ ရင္ျပင္ကို အျဖတ္၌ ေလွကားထစ္ေပၚ၌ ရပ္ေနေသာ တင္းက်ိႏွင့္ ဆုံ၏။
“တိုက္ဆိုင္လိုက္တာ”
တင္းက်ိက ဘယ္ဘက္မ်က္ခုံးကို ပင့္လိုက္သည္။
ယေန႕တြင္ေတာ့ တင္းက်ိေဘး၌ လိမ္စားလက္ေထာက္ မပါ၊ ကိုယ္တိုင္ကိုယ္က်အလိမ္လာခံေသာ အ႐ူးလည္း မရွိ။ သူတစ္ဦးတည္းသာ။
“ငါ လာ၊ မလာ တြက္ထားၿပီးသား မဟုတ္ဘူးလား”
လင္ဝူယြီသည္ ေခါင္းက ထိုးကိုက္ေနဆဲျဖစ္သည့္တိုင္ လမ္းေလွ်ာက္ျခင္းကို မရပ္။
“မတြက္ပါဘူး”
တင္းက်ိက သူ႕ကို ၾကည့္လိုက္သည္။
“ငါသာ တြက္လိုက္ရင္ မင္းအတြက္ ေရတစ္ဘူးယူလာေပးမွာေပါ့”
လင္ဝူယြီက သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေျခလွမ္းတို႔ကို ရပ္လိုက္သည္။
“ေခါင္းကိုက္ေနတာလား”
တင္းက်ိက ေမး၏။ သူ႕ႏႈတ္ခမ္းေထာင့္စြန္းထက္ဝယ္ ဂုဏ္ယူဟန္ အၿပဳံးပါးပါးတစ္ပြင့္ ခိုးနားလ်က္။
လင္ဝူယြီက စကားမဆိုဘဲ သူ႕လာခဲ့ေသာဘက္သို႔ ျပန္လွည့္ၾကည့္လိုက္သည္။
“ငါ့မွာ ေရပါတယ္”
တင္းက်ိက အေနာက္မွ ဖန္ပုလင္းအႀကီးႀကီးတစ္ပုလင္းကို ဆြဲထုတ္လိုက္၏။
“ဒါေပမဲ့ ငါ ခုပဲ ေသာက္…”
“မွန္းၾကည့္မယ္”
လင္ဝူယြီက ေျပာလိုက္သည္။
“ဟမ္?”
တင္းက်ိမွာ နားေဝတိမ္ေတာင္ျဖစ္သြားခဲ့သည္။
“အရင္တစ္ခါ ငါ ျပန္သြားတုန္းက မင္းျမင္လိုက္တယ္။ အဲအခ်ိန္က မ်ားေသာအားျဖင့္ အိမ္ျပန္ၾကတဲ့အခ်ိန္။ အဓိပၸါယ္က ငါေနတဲ့ေနရာက အဲဘက္မွာ…”
သူက တင္းက်ိ၏ေနာက္ဘက္သို႔ ၫႊန္ျပ၏။
“ဟိုဘက္နား”
တင္းက်ိက ဖန္ပုလင္းႀကီးကိုသာ ကိုင္ထားလ်က္ စကားမဆို။
“ဒါေပမဲ့ ဒီေန႕က်ေတာ့ ငါက ဆန႔္က်င္ဘက္က လာတယ္။ လာေနတုန္းမွာလဲ နားထင္ကို ၄ ခါေလာက္ ဖိမိမယ္။ ေခါင္းကိုက္ေနတာ ျဖစ္ဖို႔မ်ားတယ္။ ၿပီးေတာ့ ေတာ္ေတာ္ေလးလဲ ျပင္းတယ္”
လင္ဝူယြီက သူ႕နားထင္ကို ထပ္ဖိလိုက္သည္။
“အဲေတာ့ ငါက ေခါင္းကိုက္ေပ်ာက္ေအာင္ ေဆးသြားဝယ္မယ္။ ရင္ျပင္ငယ္နားမွာ ေဆးဆိုင္က တစ္ဆိုင္ပဲရွိတယ္။ မင္းသာ ငါလာေနတာကို မျမင္ရင္ တြက္လို႔မရနိုင္ေလာက္ဘူး”
တင္းက်ိက ဆိတ္ဆိတ္သာ ေနလ်က္ သူ႕ကိုသာ ၾကည့္ေနခဲ့၏။
“တကယ္ေတာ့ ေသခ်ာသြားေအာင္ ေခါင္းကိုက္ေနတာလားလို႔ ေမးတာကေတာ့ ပိုသင့္ေလ်ာ္တယ္။ ဘာပဲျဖစ္ျဖစ္ ငါက ေဆးဆိုင္ကလူဆီက ေရတစ္ခြက္ေလာက္ေတာင္းၿပီး ေဆးေသာက္လို႔ရတာပဲေလ”
လင္ဝူယြီက ခဏ စဥ္းစားလိုက္သည္။
“ဒါေပမဲ့ ေရအေၾကာင္းအရင္ေျပာတာကေတာ့ ပိုေကာင္းတယ္။ ဘာပဲဆိုဆို ေျပာတာမွားသြားရင္ေတာင္ ေခါင္းကိုက္ေနတယ္ ဆိုတာကို ဆင္ေျခေပးလိုက္လို႔ရတယ္။ ေခါင္းကိုက္တာက မဟုတ္ဘူးဆိုရင္လဲ ကိစၥမရွိဘူး၊ ငါ မင္းကို မသိဘူးေပါ့”
“မင္းဘႀကီး!”
တင္းက်ိက ေျပာလိုက္သည္။
“မွန္းတာ မွန္တယ္မလား”
လင္ဝူယြီက ေမးလိုက္သည္။
“ေရ”
လင္ဝူယြီ လက္ျဖန႔္လိုက္သည္။
တင္းက်ိက သူ႕အား သူ႕လက္ထဲမွ ဖန္ပုလင္းႀကီးကို ကမ္းေပးလိုက္၏။
*
ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္။
တင္းက်ိရဲ႕ နာမည္က 丁霁 “Dīng Jì” လို႔ ေပါင္းတာ။ ဒါေပမဲ့ တ႐ုတ္ေတြရဲ႕ထုံးစံအတိုင္း သံတူေၾကာင္းကြဲေတြက အမ်ားႀကီးရွိေတာ့ 霁哥 “Jì Gē” အစား 鸡哥 “Jī Gē” လို႔ ေခၚလိုက္တာ။ 鸡哥 “Jī Gē” က 鸡 “ Jī ” ရဲ႕အဓိပၸါယ္က ၾကက္လို႔ အဓိပၸါယ္ရတယ္။ အဲဒါေၾကာင့္ အိုင္တို႔က်ိေကာက ၿခိမ္းဟယ္ေျခာက္ဟယ္ေတြ ျဖစ္ေနတာ။
ထုံးစံအတိုင္း အစားအေသာက္ပုံေလးေတြၾကည့္ၿပီး သြားရည္က်သြားပါအုံး။ ပုံလွလွေလးေတြခ်ည္း ေ႐ြးေပးထားတယ္ ><
__________________________