Promise

By Leowang2004

28.6K 2K 705

ပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါ‌... More

Promise 1
Promise 2
Promise 3
Promise 4
Promise 5
Promise 6
Promise- 7
Promise 8
Promise 9
Promise 10
promise 11
Promise 12
ရင်ဖွင့်စာ
Promise 13
Promise 14
Promise 15
promise 16
promise 17
Promise 18
Promise 20
Promise 21
ဝမ်းနည်းမိ
Promise 22
Promise 23
Promise 24
Promise 25
နှုတ်ဆက်လက်ဆောင်‌လေး

Promise 19

661 66 25
By Leowang2004

"ဒီကလူငယ်လေးက ..... "

"ဒီကသူဌေးရဲ့ဝေယာဝစ္စတွေလုပ်ပေးဖို့လာတာပါဗျ "

ခြံဝတွင်းဘဲလ်ကိုတီးလို့ စကားဆိုသည့်အခါ အိမ်ထဲမှာထွက်လာသောအမျိုးသမီးကြီးတစ်ဦးနဲ့ ရိပေါ်လိုအရွယ်ကောင်မလေးတစ်ဦးဟာ ခြံတံခါးကနားရောက်လာပြီး ရိပေါ်အားမေးမြန်းလာသည် 

"ဪ အချိန်ပိုင်းကိုယ်ရေးအလုပ်သမားလေး "

"ဟုတ်ကဲ့ "

ထို့နောက်တွင် ရိပေါ်အားတရင်းတနှီးပြောဆိုကာ အိမ်ထဲသို့ဖိတ်ခေါ်လာသည်

အိမ်ကြီး၏အပြင်ပိုင်းကကြည့်လျှင်ခြံဝန်းလေးမှာတော်တော်လေးလှပပြီးကျယ်ဝန်းလှသည်ခြံတံခါးမှ အိမ်ကြီးဆီ‌သို့လျှောက်လမ်းရာလမ်းတစ်လျှောက်၏ဘေးဘက်တွင် အပင်များစိုက်ထား၏ လျှောက်လမ်းဟာကားနှစ်စီးပြိုင်ဝင်လို့ရလောက်အောင်ကျယ်ဝန်းပြီးဘေးဘက်တွင်ဘောင်ခတ်ထားကာ အလှမြတ်ခင်းစိမ်းများရှိ၏ ထိုမြက်ခင်းစိမ်းများပေါ်တွင်ကျောက်စရစ်လမ်းလေးခင်ထားပြီးလူသွားလမ်းလေးလုပ်ထားသည် ပန်းများစိုက်ပျိုးထာတာကြောင့်တော်တော်လေးလှပသည် မြင်ရသူအဖို့ရင်အေးစေ၏

အိမ်ကြီးမှာ ခြံဝန်းကြီးနဲ့မတူညီစွာ အဖြူနဲ့အနက်‌ရောင်ကိုသာသုံးပြီးဆေးခြယ်ထားသည် အပြင်အဆင်များမှာအထက်တန်းဆန်လှသည် ရိပေါ်မှာအရာအားလုံးကိုငေးကနဲဖြစ်ကာ ပါးစပ်လေးဟ၍လိုက်ငေးရုံသာတက်နိုင်သည်  အိမ်ကကီး၏အတွင်းဘက်တွင် sofa ကအစ လိုက်ကာကအဆုံးခဲရောင်ကိုသာသုံးထားပြီး အပေါ်ထပ်ကိုတက်ရန်သုံးသောလှေကားများမှာမှန်ကာများဖြစ်သည်အပြင်ကကြည့်လျင်သိပ်ကျယ်မည့်ပုံမပေါ်သော်လည်း အထဲဝင်မှဘယ်လောက်ကျယ်ဝန်းကြောင်းသိနိုင်သည်

"ကဲ ကလေးတို့ မိတ်ဆက်ပေးမယ် သူ့နာမည်ကဝမ်ရိပေါ် တဲ့ အချိန်ပိုင်းနဲ့သူဌေးရဲ့ဝေယာဝစ္စအသေးစိတ်ကိုလုပ်ပေးမယ့်သူ ပြီးတော့သူကမင်းတို့နဲ့အဆင့်မတူဘူးဒါကြောင့်အကိုလေးလို့ခေါ်ရမယ် "

"နားလည်ပါပြီ အိမ်ထိန်း "

ရိပေါ်အား အလုပ်သမားတွေနဲ့မိတ်ဆက်ပေးနေချိန် အကိုလေးလို့သုံးနှုန်းခိုင်းတာကြောင့်နင်ချင်သွားသည်သူက ဒီအိမ်ရဲ့အလုပ်သမားပဲလေ ဘာလိုပဲဖြစ်ဖြစ် တန်းတူဆက်ဆံရမှာမဟုတ်လားအခုဟာကမဟုတ်သေးပါဘူး 

"မဟုတ်တာ ကျနော်လဲ ဒီအိမ်ကြီးရဲ့အလုပ်သမားပဲလေ ဒီတိုင်းအဆင်ပြေသလိုခေါ်ပါဗျ "

"မရလို့ပါ ‌အကိုလေး သူဌေးရဲ့အမိန့်မလို့ပါ"

ရိပေါ်ထက်အသက်အများကြီးကြီးတဲ့အိမ်တော်ထိန်းကပါ ရိပေါ်အား"အကိုလေး"လို့သုံးနှုန်းလာတာကြောင့်နောက်ဆုံးမှာလက်လျော့လိုက်ရတော့သည်

ထပ်ပြီးအိမ်‌တော်ထိန်းကသူဌေးအခန်းကိုပြကာ လုပ်စရာကိစ္စများကိုပြောပြသည် အိမ်တော်ထိန်းရဲ့အမည်မှာ မင်ယွဲ့ယီ ဖြစ်သည်အသက်ငါးဆယ်စွန်းစွန်းရှိပြီဖြစ်ပြီးနု‌ပျိုစဲအပျိုကြီးလဲဖြစ်သည်  ပြောပြချက်တွေအရ သူဌေးဆိုသူဟာ မိဘတွေနဲ့ခွဲနေတာဖြစ်ပြီး မိဘများမှာလဲ မွေးရပ်မြေထက်နိုင်ငံခြားမှာအခြေချနေသည်ကများလေသည်တဲ့ အခုချိန်ဟာ ရုံးသွားချိန်ဖြစ်သည်မို့ အခန်းရှင်းလင်းပေးပြီး ညနေအိမ်ပြန်လာချိန်တွင်ဝတ်ဖို့နဲ့ ညအိပ်ဝတ်စုံကိုအိပ်ယာပေါ်တွင်အဆင်သင့်‌ပြင်ပေးထားရမှာဖြစ်သည်

ရိပေါ်ရဲ့အဖြစ်ဟာ ကိုယ့်အလုပ်ရှင်ရဲ့နာမည်လဲမသိ ဘာမှသေချာရေရာမသိတဲ့ဘဝဖြစ်နေရသည် အိမ်တော်ထိန်းအားလည်းမမေးမိ မေ့သွားတာလည်းပါပေလိမ့်မည်  ပထမဆုံးနေ့မို့လုပ်စရာသိပ်မရှိပေ သို့သော်လဲလုပ်စရာရှိတာလုပ်ပေးထားလိုက်သည် လက်ပတ်နာရီများအားအသစ်ဝယ်ထားပုံပေါ်သည်  စာပွဲပေါ်တွင်အခုထိမသိမ်းရသေးဘဲပါကင်အတိုင်းရှိနေသေးသည် ရိပေါ်ဟာအခန်းထဲကိုသန့်ရှင်းပီ့းတာနဲ့ နာရီစင်ထဲသို့ နာရီများအားနေရာချကာ ပါဆယ်ပုံးလေးများအားအင်္ကျီစင်၏ အပေါ်သို့တင်ရန် မမှီတာကြောင့်ခြေဖျားထောက်ကာတင်နေရသည် နာရီဗူးငါးဗူးမို့ အစဉ်လိုက်ထပ်ကာတင်ဖို့လုပ်နေသည်ငို့သော်လည်းမြင့်လွန်းသော ဗီဒီုကြောင့်ခြေဖျားထောက်ရုံနဲ့မရတော့ ဘေးမှာထားသောခုံပုလေးအားယူကာ တက်ရန်ကြံလိုက်သည်

"ဘာလို့အဲ့လောက်တောင်ခက်ရတာလဲ "

ခုံခုရသည့်အပြင်ခြေဖျားပါထောက်ရ‌တာကြောင့်အဆင်မပြေလှကံဆိုးစွာနဲ့ ဗူးတွေကလွတ်ကျကာ လူကပါအနောက်သို့‌ယိုင်ကျကာချော်လဲတော့သည် တဆက်တည်းမျက်ဝန်းတွေလည်းမှေးမှိတ်ထားပြီးသား

"အင့် "

ကံကောင်းတာလားမသိပေမယ့်ရိပေါ်ဟာကြမ်းပြင်ပေါ်ကျတာမဟုတ်ပဲနွေးထွေးလွန်းတဲ့တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်ရှိသွားသလိုခံစားလိုက်ရသည် မှေးမှိတ်ထားမိသော မျက်ဝန်းတွေအားဖြေးညင်းစွာဖွင့်ကြည့်မိတဲ့အခါ အမြင်အာရုံထဲ ဝင်ရောက်လာသူကတစ်ဦးတည်းသာ ထိုသူကားရိပေါ်လုံးဝမ‌မျှော်လင့်ထားသောသူ ဒီတစ်သတ်ပြန်မဆုံနိုင်တော့ဘူးလို့ထင်ထားတဲ့သူ အတိတ်ကရိ‌ပေါ်ကိုယ်တိုင်ရက်ရက်စက်စက်စွန့်ပစ်ခဲ့တဲ့သူ တစ်နည်းရိပေါ်သိပ်ချစ်ရတဲ့သူဖြစ်နေခဲ့တယ် ဒါကြောင့်ပဲလွမ်းနေခဲ့တဲ့မျက်နှာကို‌သေချာစူးစိုက်ကာကြည့်နေမိခဲ့သည်

ပြောင်းလဲသွားခဲ့တယ် ဟိုးအရင်ကလို ဖြစ်သလိုနေတဲ့ပုံစံမဟုတ်တော့ဘူး ဆံပင်ပုတ်သိုက်နဲ့ဖြစ်သလိုနေသည့်လူဆိုးကောင်းလေးပုံစံမဟုတ်တော့ဘူး လူကြီးလူကောင်းဆန်လာတယ် တည်ကြည်တယ် အများကြီးတောက်ပြောင်လာခဲ့တာပဲ သူ့ရဲ့ကိုကို သိပ်ကိုချောလွန်းတယ်

"ကြည့်လို့ဝပြီလား "

"ဟင် "

ခါးကိုဆွဲဖတ်ထားသောလက်ချောင်းများမှာတင်းကျပ်လာပြီး ရိပေါ်ကိုသတိပေးလာသည် ရှက်မိသွားကာ အမြန်ပဲ ရင်ခွင်ထဲကရုန်းထွက်လိုက်မိသည်

"နမော်နမဲ့မလုပ်နဲ့ ဒီကပစ္စည်းတွေကအကုန်ဈေးကြီးတယ် "

"ဟုတ်ကဲ့ "

ရိပေါ်ကိုအခုမှတွေ့ဖူးသလိုပုံစံမျိုးနှင့်ဆက်ဆံကာ တစ်ချက်သာကြည့်ပြီး အပေါ်ကုတ်အား ချွတ်လို့ဗီဒိုထဲကဂျိတ်မှာချိတ်လို့‌ေသချာအလုပ်လုပ်ဖို့ပြောလာသည် စိမ်းကားလွန်းတဲ့ ရှောင်ကျန့်ရဲ့လုပ်ရက်ကြောင့်ရိပေါ်ဟာ ရင်ထဲတင်းကျက်မိသွားသည် သို့သော်လည်းအခုလိုအခြေနေကိုကိုယ်တိုင်ဖန်တီးခဲ့တာပဲမဟုတ်လား

တစ်ချက်သာကြည့်ပြီးထွက်သွားသည့်သူကို ရိပေါ်မှာငေးရင်းသာတက်နိုင်ခဲ့သည် သိပ်ချစ်ပေမယ့်မမျှော်မှန်းရဲတော့လောက်အောင်သူတို့ကြားစည်းခြားခဲ့လေပြီ အဆင့်အတန်းဟာလည်းပြောင်းပြန်အနေထားနဲ့ကွာခြားခဲ့လေပြီ တစ်ချိန်ကသိပ်ချစ်ရသူဟာ တောက်ပနေတာမြင်ရပြန်တော့ သိပ်ဝမ်းသာသည် ဝမ်းသာမျက်ရည်တွေကျမိသည်အထိ ရိပေါ်ဟာဘယ်သူမှမရှိတော့တဲ့အခန်းကျယ်ကြီးထဲမှာ ငိုနေခဲ့သည် ဝမ်းနည်းမိလို့မဟုတ် ပြောခဲ့တဲ့အတိုင်း တောက်ပလာခဲ့လို့

"ပိန်သွားတယ်"

"ဗျာ"

"အရင်ကတနင့်တပိုး ဝက်ကလေးလိုလေးတဲ့ကိုယ်လေးကအခုဆိုလက်တစ်ဖက်တည်းနဲ့တောင်ပေါ့ပါးလွန်းတယ် "

နေ့လည်စာစားချိန်တွင်ဘယ်တုန်းကမှအိမ်ကိုမပြန်တတ်တဲ့သူဌေးက အင်္ကျီလဲရင်းဖိုင်တစ်ခုယူစရာရှိတယ်ဆိုကာပြန်ပို့ခိုင်းတာကြောင့်ပြန်လိုက်ပို့ပေးရသည် အိမ်အပြန်လမ်းမှာတည်းက တစ်ယောက်ထဲရီလိုက်ပြုံးလိုက်နဲ့ သူဌေးက တော်တော်ထူးဆန်းနေ၏ အရင်ကအရီအပြုံးအလွန်နည်းပါးသူမဟုတ်လား အခုလဲ အဆက်မရှိတဲ့စကားတွေဆိုလာပြန်သည်ကြာရင် သူဌေးလက်ထောက်ေချာင်းယွမ် ရူးရတော့မည်

"သူဌေးဘာ‌ကိုဆိုလိုတာလဲဗျ "

"ဝမ်ရိပေါ်ကလွန်ခဲ့တဲ့နှစ်တွေမှာဘာလုပ်နေခဲ့တာလဲ မိသားစုရဲ့အချစ်ခံလေးမဟုတ်လားဘာလို့ ပင်ပန်းသလိုဖြစ်နေရတာလဲ အလုပ်တွေလဲလာပ်နေသေးတယ် "

ချောင်ယွမ်သိလိုက်ပြီ သူဌေးက ဝမ်ရိပေါ်ကိုတွေ့လာခဲ့တာထင် ကိုရီးယားမှာထဲက ဝမ်ရိပေါ်အကြောင်းကိုစုံစမ်းခိုင်းပြီး ပိုက်ဆံလိုကြောင်းသိတဲ့အခါ ပိုက်ဆံချေးပေးပြီး အလုပ်ပေးထားခဲ့တာ နှစ်ယောက်ကြားဘယ်လိုဆက်ဆံရေးလဲမသိပေမယ့် ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးကငယ်ငယ်လေးနဲ့ချစ်စရာလေး သူဌေးကဘယ်လိုဘယ်ပုံရှိတယ် မပြောပြဘူး သူ့ရဲ့အတိတ်အကြောင်းလဲလူရင်းကလွဲပြီးဘယ်သူမှမသိဘူး ရှောင်းလုပ်ငန်းစုရဲ့ဆက်ခံသူလို့သာသိထားတာဖြစ်ပြီးတော့ သခင်ကြီးရဲ့ပထမအိမ်ထောင်ရဲ့သားလို့သိရတယ် ကျန်တာတော့မသိခဲ့

"ဟုတ်ကဲ့ ဝမ်ရိပေါ်က ဘွဲ့ရပြီးပါပြီ အခုတော့ အချိန်ပိုင်းအလုပ်လုပ်နေပါတယ်ဝမ်လုပ်ငန်းစုလေးကပြိုကွဲနေပြီးအခုတော့ အကြွေးပိနေခဲ့တာပါ သူလည်းအိမ်နဲ့အဆင်မပြေဘူးထင်ပါတယ်သူဌေး သူ့အကိုနဲ့‌အရင်လိုမဟုတ်ဘဲအေးစက်စက်ဆက်ဆံရေးလို့ပတ်ဝန်းကျင်ကပြောကြတယ် ပြီးတော့ ..."

"ရပြီ "

သူဌေးနဲ့ဝမ်ရိပေါ်ကြားဘယ်လိုအတိတ်ရှိမှန်းမသိပေမယ့် ကျနော်ပြောတာကို‌နောက်ဆုံးထိနားထောင်စေချင်ပါတယ် သို့သော်လည်း
သူဌေးဟာသူ့စကားကို‌နားမထောင်ခဲ့ပါလေ

ကားပြတင်းပေါ်ကမှ အပြင်ကိုသာငေးမြဲငေးနေခဲ့တဲ့ရှောင်ကျန့်ကြောင့် ကားအတွင်းပြန်လည်တိတ်ဆိတ်သွားခဲ့သည်

"ကဲ အကိုလေး သိသင့်သလောက်သိပြီထင်ပါတယ် "

"ဟုတ်ကဲ့ နားလည်ပါပြီဗျ "

"ဒါနဲ့လေ "

အိမ်ကြီးရဲ့စည်းကမ်းချက်တွေကိုပြောပြနေရင်း စကားဝင်လိုက်သည့်ရိပေါ်ဟာ ဘေးကအိမ်တော်ထိန်းကြီးကိုလှည့်ကြည့်လိုက်သည် ထို့အတူအိမ်တော်ထိန်းကြီးဟာလည်းစိတ်ဝင်တစား ငေးကြည့်နေ၏

"ဒါနဲ့ ဒီအိမ်ရဲ့သူဌေးက ရှောင်ကျန့်လား "

"အင်းဟုတ်တယ် မသိဘူးလားကွဲ့ "

"ဟင့်အင်း "

ရိပေါ်ရဲ့အဖြေကို အိမ်တော်ထိန်းနှာကြောင်အလျက် ဘယ့်နှယ်ကိုယ်လုပ်ရမည့် အလုပ်ရဲ့သူဌေးကိုတောင်မသိဘူးတဲ့ ဘယ်လိုမျိုးတောင်ပါလိမ့်ပေါ့  အိမ်တော်ထိန်း၏အတွေးကို ရိပေါ်ဟာသိသွားသည့်ဟန် ခေါင်းခါလက်ယန်းလို့ အငြင်းစကားလေးနဲ့ ရှင်းပြလာလေသည်

"အာ မဟုတ်ဘူး မဟုတ်ဘူး ဟို ကျနော်ရဲ့အခက်ခဲကိုကူညီပေးမယ်ဆိုပြီးလူတစ်ယောက်ကဒီမှာလာပြီးအလုပ်လုပ်ပေးဆိုလို့ လာခဲ့တာပါ "

"ဪ သူဌေးက သဘောအရမ်းကောင်းတယ်တည်ငြိမ်ပြီးအေးစက်စက်ဖြစ်နေပေမယ့် စိတ်ရင်းလေးကောင်းရှာတယ်ကွဲ့ အရင်က ကိုရီးယားကအိမ်တော်မှာနေနေပေမယ့်အခုဒီကိုပြောင်းလာတော့ အိမ်ထိန်းပါလိုက်လာခဲ့တာပေါ့ "

"ဟုတ်ကဲ့  "

အလုပ်တွေပြီးတာနဲ့ညနေစောင်းတော့ရိပေါ်ဟာ အိမ်ကိုပြန်လာခဲ့သည်  အင်တာဗျူးကလည်း ဖြေထားတာကြာနေပြီ အခုထိအကြောင်းမပြောင်းသေးဒီလိုဆိုရိပေါ်ဟာကျိန်းသေပြုတ်ပြီထသ်ပါတယ် အတွေးတွေနဲ့အတူအိမ်ရှေ့ကိုရောက်လာခဲ့သည်

"ငယ်လေး "

ခြံဝတွင်ရပ်‌စောင့်နေတဲ့ကိုကြီးကသူ့နားကိုလမ်းလျှောက်လာတယ် စိုးရိမ်ပူပန်နေတဲ့ပုံစံကိုသူ့ကိုကြည့်လာတယ်

"အလုပ်ကနောက်ကျလိုက်တာ အခုကဘာအလုပ်လုပ်နေတာလဲ ကိုကြီးကိုပြောပါဦး "

"တောက်တိုမရလေးလုပ်တာပါ အချိန်နဲ့မို့ သိပ်ပြီးတော့ စိုးရိမ်မနေပါနဲ့ကျနော်အဆင်ပြေတယ်အခုတော့ပင်ပန်းလို့နားချင်ပြီ "

"ငယ်လေး "

ထွက်သွားပြန်တယ် ဒီလိုတွေသူ့အပေါ်ငယ်လေး အေးစက်နေခဲ့တာကြာခဲ့ပြီ အတိတ်ကိုစွန့်မလွှတ်နိုင်သေးတာလား ငယ်လေးကိုအခုလိုမြင်နေရတာစိတ်မချမ်းသာဘူး ကျိန်းသေ ကျိယန်ရဲ့ အမှားလည်းကင်းမနေခဲ့ပါလေ

_____________________________________

မနက်နေရောင်မထွက်ခင် ၆နာရီလောက်ကတည်းက ရိပေါ်ဟာ ရှောင်းအိမ်ကြီးကိုသွားရသည် သူဌေးရဲ့အလုပ်သွားချိန်အမှီအားလုံးပြင်ဆင်ပေးရမည် ရုံးတက်အဝတ်စား တွေအပြင် ထမင်းဗူးပါပြင်ဆင်ပေးရသည် အိမ်ထမင်းအိမ်ဟက်းပဲကြိုက်သည့် သူဌေးဖြစ်သူကြောင့် အိမ်တော်ထိန်းကိုယ်တိုင်ချက်ပြု‌တ်ပြင်ဆင်ပေးရပေသည်

"ရောက်လာပြီလား"

"ဟုတ်ကဲ့ "

အိမ်ထိန်းအားနှုတ်ဆက်ကာ အဝတ်ရွေးပေးခြင်းအားစတင်‌ရသည် အဝတ်စားပိုင်းဆိုင်ရာတွေအကုန်ပြီးတာနဲ့ သူဌေးအခန်းထဲမှအထွက် မြင်လိုက်ရသည့်အိမ်ယာပေါ်က အိပ်စက်နေသူလေးကြောင့်  အခန်းပြင်ထွက်မည့်ခြေလှမ်းများအားရပ်တန့်လိုက်မိသည်

"ချောလိုက်တာ "

အိပ်နေတာတောင်ချောလွန်းနေသူကြောင့် ဪိပေါ်ဟာ ကုန်းပြီးမျက်နှာလေးကိုသေချာအသေးစိတ်ကြည့်နေမိသည် လက်ချောင်းတို့ဟာအငြိမ်မနေခဲ့ ဝဲကျနေသော ဆံနွယ်တို့ကိုသပ်တင်ပေးကာ ပါးလေးကိုအုပ်ကိုင်လိုက်မိသည်

"အင့် "

ပါးပေါ်ကလက်အား ဆုတ်ကိုင်လို့ စောင့်ဆွဲချလိုက်သည်ကြောင့် ရိပေါ်ဟာ အိပ်နေသောရှောင်ကျန့်ပေါ်သို့ထပ်ရက်လဲကျသွားတော့သည် ထိုသည်ကိုပင်ရှောင်ကျန့်မှာလျင်မြန်စွာပဲ အနေထားပြောင်းလို့သူ့အောက်ကိုဆွဲသွင်းလိုက်သည်

"ဘာလုပ်တာလဲ"

"ဟို ~~ ဟို ဆံပင်ကျနေလို့ သက်တင်ပေးရုံပါ "

သူခိုးလူမိသလိုရှက်ကြောက်စွာအကြည့်လွဲလို့ပြောနေသူလေးကိုရှောင်ကျန့်အသဲယားမိသည် သို့သော်လည်းနှလုံးသားထက်မာနဆန်သော ဦးနှောက်ကအနိုင်ယူသည်

"မင်းငါ့ကုမ္ပဏီမှာအလုပ်လာလျှောက်တယ်မလား"

"မ ~~ မဟုတ်ပါဘူး တကယ်မင်းကုမ္ပဏီမှန်းမသိတာပါ "

‌သူ့အောက်မွေ့ယာထက်က စောင်ပုံထဲတွင်နစ်မြုပ်နေသူလေးအားတကယ်အသဲယားနေမိပြန်သည် ချစ်သည် ထိုကလကိုသိပ်ချစ်သည် သို့သော် မတန်ဘူး ရှောင်ကျန့်ရဲ့အချစ်ဟာ ဒီကလေးနဲ့လုံးဝမတန် သို့သော်လည်းရက်စက်သောထိုကလေးကိုမှအချစ်တွေတနင့်တပိုးပေးနေမိတာမျိုးကခက်ခဲလွန်းလှသည်

"မင်းကိုအလုပ်မခန့်နိုင်ဘူး ဒီအစားမင်းတို့မိသားစုရဲ့ကျန်ရှိနေတဲ့ အကြွေးတွေကို ငါ့အိမ်မှာငါ့အစေခံလုပ်ပြီးဆပ်ပေး မင်းမလုပ်ရင် အိမ်ထိလိုက်လာမယ် "

"ဟင် "

သူ့စကားကြောင်းပြူးကျယ်လာသောမျက်ဝန်းလေးအရည်ကြည်များဝေ့သီလာပုံကိုသူသိပ်နှစ်သက်သည် စောက်ရမ်းလှတယ် ဝမ်ရိပေါ်ကတကယ်လှတဲ့သူ

"တစ်ချိန်က ငါ့ကိုချိုးနှိမ်ခဲ့တဲ့မင်းမိသားစု အခုတော့ငါ့လက်အောက်မှာလေ ဟက် ! မင်းတို့ပိုင်ဆိုင်မှုကအကုန်လုံးငါ့အပိုင်ဖြစ်သွားပြီ ဟားဟား "

"ရှောင်ကျန့် "

ထိုက်တန်တယ် မင်းတို့အတွက်ငါ့ရဲ့တန်ပြန်မှုသေးသေးလေးပဲရှိသေးတာ လက်မခံနိုင်လဲ လက်ခံနိုင်အောင်ကြိုးစားရမှာပဲဝမ်ရိပေါ် အားတင်းထားပါဦးနောက်ဖပ်နာကျင်ရဦးမှာ ငါကအငြိုးထားပြီးလက်စားချေမှာမို့


#စာဖတ်သူအားလုံးအားကျေးဇူးတင်လျက်ပါ
လိုအပ်ချက်များစွာဖြင့် ..........




Zawgyi

"ဒီကလူငယ်လေးက ..... "




"ဟုတ်ကဲ့ "














"အင့် "



"ကြည့်လို့ဝပြီလား "

"ဟင် "



"ဟုတ်ကဲ့ "

ရိပေါ်ကိုအခုမှတွေ့ဖူးသလိုပုံစံမျိုးနှင့်ဆက်ဆံကာ တစ်ချက်သာကြည့်ပြီး အပေါ်ကုတ်အား ချွတ်လို့ဗီဒိုထဲကဂျိတ်မှာချိတ်လို့‌သေချာအလုပ်လုပ်ဖို့ပြောလာသည် စိမ်းကားလွန်းတဲ့ ရှောင်ကျန့်ရဲ့လုပ်ရက်ကြောင့်ရိပေါ်ဟာ ရင်ထဲတင်းကျက်မိသွားသည် သို့သော်လည်းအခုလိုအခြေနေကိုကိုယ်တိုင်ဖန်တီးခဲ့တာပဲမဟုတ်လား


"ပိန်သွားတယ်"

"ဗျာ"


နေ့လည်စာစားချိန်တွင်ဘယ်တုန်းကမှအိမ်ကိုမပြန်တတ်တဲ့သူဌေးက အင်္ကျီလဲရင်းဖိုင်တစ်ခုယူစရာရှိတယ်ဆိုကာပြန်ပို့ခိုင်းတာကြောင့်ပြန်လိုက်ပို့ပေးရသည် အိမ်အပြန်လမ်းမှာတည်းက တစ်ယောက်ထဲရီလိုက်ပြုံးလိုက်နဲ့ သူဌေးက တော်တော်ထူးဆန်းနေ၏ အရင်ကအရီအပြုံးအလွန်နည်းပါးသူမဟုတ်လား အခုလဲ အဆက်မရှိတဲ့စကားတွေဆိုလာပြန်သည်ကြာရင် သူဌေးလက်ထောက်ချောင်းယွမ် ရူးရတော့မည်





"ရပြီ "





"ဒါနဲ့လေ "




"ဟင့်အင်း "




"ဟုတ်ကဲ့  "


"ငယ်လေး "




"ငယ်လေး "


_____________________________________


"ရောက်လာပြီလား"

"ဟုတ်ကဲ့ "


"ချောလိုက်တာ "


"အင့် "


"ဘာလုပ်တာလဲ"







"ဟင် "



"ရှောင်ကျန့် "





Continue Reading

You'll Also Like

135K 6.2K 35
"I can never see you as my wife. This marriage is merely a formality, a sham, a marriage on paper only." . . . . . . She was 10 years younger than hi...
469K 14.2K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
89.3K 3.1K 52
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...
73.7K 2.9K 24
Noah always believed her and Lando were forever, but when he ended things with her to further his racing career it left her heartbroken and alone. I...