🌸More Than Friends(သူငယ်ချင်...

By LoonDarli

54.9K 2.4K 192

❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့... More

🌸Intro🌸
🌸Part -1🌸
🌸Part -2🌸
🌸Part -3🌸
🌸Part -4🌸
🌸Part -5🌸
🌸Part -6🌸
🌸Part -7🌸
🌸Part -8🌸
🌸Part -9🌸
🌸Part -10🌸
🌸Part-12🌸
🌸Part -13🌸
🌸Part -14🌸
🌸Part -15🌸
🌸Part -16🌸
🌸Part -17🌸
🌸Part -18🌸
🌸Part -19🌸
🌸Part -20🌸
🌸Part -21🌸
🌸Part -22🌸
🌸Final🌸

🌸Part -11🌸

1.9K 113 3
By LoonDarli

(Zawgyi)

🌸More than friend(သူငယ္ခ်င္းထက္ပိုေသာ)🌸

"ေရွာင္းက်န႔္ေၾကာင့္....ေရွာင္းက်န႔္က...ေရွာင္းက်န႔္က ငါ့အေပၚ ေျပာင္းလဲသြားတယ္!...ေအ့! ငါ့ကိုသူဂ႐ုစိုက္ေတာ့ဘူး! ေရွာင္းက်န႔္က ငါ့ကိုျပစ္ထားတယ္...ငါ့ကို သူစိမ္းတစ္ေယာက္လို ဆက္ဆံတယ္"

"ေရွာင္းက်န႔္ကလား? ျဖစ္နိုင္ပါ့မလား ေရွာင္းက်န႔္ေလာက္ မင္းအေပၚခ်စ္ၿပီး သည္းခံေပးတာ ေရွာင္းက်န႔္ပဲရွိတယ္ မင္းက ဘာသြားလုပ္လိူ႕လဲရိေပၚ"

"ငါ ဘာမွမလုပ္ဘူး...တစ္ခုပဲ ေရွာင္းက်န႔္အေပၚ ငါအျပစ္တစ္ခုလုပ္ထားမိတယ္ ဒါေပမယ့္ အဲ့ဒါကိုသူခြင့္လႊတ္ေပးလိုက္ၿပီထင္ေနတာ အခုက အကုန္ေျပာင္းလဲသြားတယ္ကြာ! ေအ့!"

"ဘယ္လိုေျပာင္းလဲတာလဲ?"

"ေရွာင္းက်န႔္က အရင္ကနဲ႕မတူေတာ့ဘူး မ်က္ႏွာငယ္ေလးနဲ႕ေနေနၾကသူက အခုဆိုယုံၾကည္မႈအျပည့္နဲ႕ မ်က္မွန္ေတြအစား မ်က္ကပ္မွန္ေတြတပ္လာတယ္ အရင္က အားလုံးကသူ႕ကိုဂ႐ုမစိုက္ၾကဘူး အခုဆိုအားလုံးက သူ႕ကိုဂ႐ုစိုက္ၿပီး ခ်စ္ေပးလာၾကတယ္"

"မင္းေျပာခ်င္တာက အဓိကက ဘာလဲ မင္းကိုပဲဂ႐ုစိုက္ေပးၿပီး အာ႐ုံစိုက္ေပးေစခ်င္ေနတာလားရိေပၚ"

"ဟုတ္တယ္...ေအ့!....ငါ့ကိုပဲဂ႐ုစိုက္ရမယ္ ငါ့ကိုပဲဂ႐ုစိုက္ရမယ္"

ေျပာရင္း စားပြဲေပၚေမွာက္က်သြားတဲ့ရိေပၚကို ရွီးခ်န္လႈပ္ႏွိုးေနသည္

"ရိေပၚ...ရိ‌ေပၚ...ဟာ ဆိုင္မွာေတာ့ မအိပ္နဲ႕ေလရိေပၚရာ....မင္းနဲ႕ေတာ့ ဒုကၡပါပဲ ေအာ္ ေရွာင္းက်န႔္ကိုဖုန္းဆက္ရမယ္"

ရွီးခ်န္ ေရွာင္းက်န႔္ဆီဖုန္းဆက္လိုက္သည္။ ေရွာင္းက်န႔္ လာမယ့္Finalစာေမးပြဲအတြက္ စာက်က္ေနသည္။ မက်က္လို႔မရ သူကစာဉာံ့တာေၾကာင့္ ဒီေနာက္ဆုံးႏွစ္ကို ေအာင္မွျဖစ္မည္ပင္။

~တီး....တီး...တီး..~

ဖုန္းလာတာေၾကာင့္ ေရွာင္းက်န႔္ဖုန္းကိုယူၾကည့္လိုက္ေတာ့ ရွီးခ်န္ဆီကပင္

(ဟင္? ေကာပဲ ႐ုတ္တရတ္ႀကီးထူးထူးဆန္းဆန္း)

"Hello ေကာ"

"Hello ေရွာင္းက်န႔္ ေကာပါ ရွီးခ်န္"

"ဟူတ္ကဲ့ေကာ အခု ဘာျဖစ္လို႔လဲဗ်"

"ဟာ မင္းကလဲ ငါကတစ္ခုခုျဖစ္မွဖုန္းဆက္ရမွာလား?"

"မဟုတ္ပါဘူးဗ်ာ ႐ုတ္တရတ္ဆိုေတာ့ ထူးဆန္းေနလို႔ပါ"

"ထူးဆန္းဆို ဒီမွာမင္းရဲ႕အခ်စ္ေတာ္ႀကီး ဝမ္ရိေပၚ မူးၿပီးေမွာက္ေနလို႔ေလ"

"ဗ်ာ!"

ရွီးခ်န္ရဲ႕စကားေၾကာင့္ ေရွာင္းက်န႔္ စိုးရိမ္စိတ္သန္းသြားသည္။ ထိုအခ်ိန္ ရွီးခ်န္ေဘးကေန ေအာ္ဟစ္ေနတဲ့ဝမ္ရိေပၚ

"ေရွာင္းက်န႔္!.....ေအ့! ေရွာင္းက်န႔္..."

"ေတြ႕လားငါ့ညီ မင္းေကာင္ကို မင္းလာေခၚစမ္းပါကြာ ဆိုင္မွာလာေသာင္းက်န္းေနလို႔ ဆိုင္ကလည္း တေအာင့္ေနပိတ္ေတာ့မွာကြ"

ေရွာင္းက်န႔္ ရိေပၚဆီကေန သူ႕နာမည္ကိုေအာ္ဟစ္ေနတာၾကားရေတာ့ ပို၍စိုးရိမ္စိတ္ျဖစ္ေနသည္။

"ဟုတ္ေကာ ကြၽန္ေတာ္အခုလာၿပီေနာ္ ရိေပၚကို ခဏေလာက္ထိန္းေပးထားပါဦး"

"ေအးေအးေအး ရတယ္ ထိန္းေပးထားမယ္ လာခဲ့"

"ဟူတ္ကဲ့ေကာ"

ေရွာင္းက်န႔္ ဖုန္းခ်ကာ ကားေသာ့ကိုယူလွ်က္ အိမ္ေအာက္သို႔ ကပ်ာကယာဆင္းလာသည္။ ေရွာင္းမားက

"သား ဘယ္သြားမလို႔လဲ"

"ရိေပၚ Barမွာ မူးၿပီးေသာင္းက်န္းေနလို႔မား သားသြားလိုက္ဦးမယ္"

"ေအာ္ေအးေအး ကားကိုဂ႐ုစိုက္ေမာင္းဦးေနာ္သား"

"ဟုတ္ကဲ့မား"

ေရွာင္းက်န႔္ ကားေပၚတက္ကာ infinity barသို႔ေမာင္းထြက္လာခဲ့သည္။

...................................................................................

>>>Infinity Bar၌<<<

Barသို႔ေရာက္ေတာ့ ေရွာင္းက်န႔္ ရိေပၚကိုရွာရသည္။ ရွီးခ်န္ ဆိုင္ေရွ႕ထြက္လာေတာ့ ရွီးခ်န္အနားကိုေျပးသြားေသာေရွာင္းက်န႔္

"ေကာ ရိေပၚေရာ"

".........."

ရွီးခ်န္ ေရွာင္းက်န႔္ကိုေတြ႕ေတာ့ မ်က္လုံးအစုံတို႔ျပဴးက်ယ္သြားကာ ပါးစပ္အေဟာင္းသားျဖင့္ ဒါေၾကာင့္ ေရွာင္းက်န႔္က

"ေကာ ဘာၾကည့္ေနတာလဲ ရိေပၚေရာလို႔"

"ဟမ္? ေအး ရိ ရိေပၚက အထဲ အထဲထဲမွာ.."

ေရွာင္းက်န႔္ ရွီးခ်န္လည္းေျပာလိုက္ေရာ ဆိုင္အတြင္းထဲသို႔ေျပးဝင္သြားသည္။ ရွီးခ်န္ ေျပးဝင္သြားတဲ့ေရွာင္းက်န႔္ကို ‌ေ-သခ်ာလ္ုက္ၾကည့္ေနကာ ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္

"တကယ္ပဲ ရိေပၚေျပာတာမွန္တာပဲ ေရွာင္းက်န႔္က အရမ္းေခ်ာတာပဲ မဟုတ္ဘူး လွတာပဲ အရမ္းလွတယ္"

ေရွာင္းက်န႔္ ရိေပၚကိုေတြ႕ပါၿပီ ။ စားပြဲခုံေပၚေမွာက္အိပ္ေနကာ မူးေနတဲ့ရိေပၚအနားကိုသြားကာ လႈပ္ႏွိုးလိုက္သည္

"ရိေပၚ"

ရိေပၚ သူ႕ကိုလႈပ္ႏွိုးတဲ့သူရဲ႕အသံ‌ကို သူ‌ေ-သခ်ာနားေထာင္ေနသည္။ သူသိတာေပါ့ ဒီအသံခ်ိဳခ်ိဳေလးက ေရွာင္းက်န႔္ရဲ႕အသံဆိုတာကို။ ရိေပၚ ေခါင္းအနည္းငယ္ေထာင္လာကာ မ်က္လုံးမပြင့္တပြင့္ျဖင့္

"ေရွာင္းက်န႔္..."

"ရိေပၚ မင္းဘာလို႔ဒီေလာက္ေသာက္ေနရတာလဲ ၾကည့္ပါဦး အက်ီေတြကလည္း ဖယိုဖရဲနဲ႕ လာ ထ အိမ္ျပန္မယ္"

"ဟင့္အင္း မျပန္ဘူး...ေရွာင္းက်န႔္...ေရွာင္းက်န႔္...."

"ရိေပၚ မင္းမရစ္နဲ႕ ဆိုင္ပိတ္ေနၿပီ လာ ထ ကားေပၚသြားမယ္"

ဆိုကာ ရိေပၚလက္ကို သူ႕ပုခုံးမွာသိုင္းဖက္လွ်က္ တြဲကာကားေပၚသို႔တင္ရသည္။ ရွီးခ်န္ေကာက

"ေရွာင္းက်န႔္ ျဖစ္ပါ့မလား မင္းတစ္ေယာက္ထဲသြားလို႔"

"ျဖစ္ပါတယ္ေကာ ကြၽန္ေတာ္တို႔သြားၿပီ"

"ေအးေအး ဂ႐ုစိုက္သြားေနာ္"

"ဟုတ္ကဲ့"

ေရွာင္းက်န႔္ မူးေနတဲ့ရိေပၚကို ခါးပက္ပတ္ေပးကာ ကားကိုေမာင္းထြက္သြားသည္ ။

လမ္းမရဲ႕တစ္ေန႕ရာအေရာက္ ေလေတြအရမ္းတက္ေနတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န႔္ ကားကိုရပ္လိုက္ရသည္

"ရိေပၚ ဘာျဖစ္ေနတာလဲ အဆင္ေျပရဲ႕လား?"

မူးမူးျဖင့္ ခါးပက္ကိုအတင္းခြၽတ္ကာ ကားေပၚက ဆင္းသြားေသာရိေပၚေၾကာင့္ ေရွာင္းက်န႔္ပါ လိုက္ဆင္းရသည္

"ဟာ ရိေပၚ မင္းဘယ္သြားမလို႔လဲ"

ေရွာင္းက်န႔္စကားမဆူံး ‌လမ္းေဘး၌ ထိုးအန္ေနတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န႔္ ရိေပၚရဲ႕ေက်ာေလးကို အသာေလးဖိနိုပ္ေပးေနရသည္

"ရိေပၚရယ္...ဘာလို႔ ဒီေလာက္ေသာက္ရတာလဲ တကယ္ပဲ"

ရိေပၚ အန္လို႔အၿပီး ပါးစပ္ကိုအက်ီျဖင့္သုတ္ကာ ရီေဝ‌ေဝအၾကည့္ျဖင့္ ေရွာင္းက်န႔္ကိုၾကည့္သည္

"ေရွာင္းက်န႔္...."

"အင္း ငါရွိတယ္ရိေပၚ"

"ဘာလို႔...ဘာလို႔ ငါ့လက္ကိုျဖဳတ္ခ်သြားတာလဲဟင္"

ေရွာင္းက်န႔္ ရိေပၚအေမးေၾကာင့္ ခဏတာေၾကာင္အသြားသည္

"ရိေပၚ မင္းဘာေတြျဖစ္ေနတာလဲ"

"ငါမင္းမရွိရင္ မေနတက္ဘူးေရွာင္းက်န႔္...ေအ့! ငါ့ကိုျပစ္မထားပါနဲ႕လား...အထူးသျဖင့္ ေအ့! မင္းအနားမွာ တျခားသူေတြရွိေနရင္ ငါမႀကိဳက္ဘူး...မင္းမ်က္လုံးထဲမွာ ငါ့ကိုပဲရွိေစခ်င္တယ္ မင္းအရင္က ဒီလိုမဟုတ္ဘူးေရွာင္းက်န႔္...ေအ့! အရင္ကဆို ငါမွငါျဖစ္ေနတဲ့မင္းက အခုေတာ့ ငါ့ကိုဆိုသူစိမ္းတစ္ေယာက္လိုပဲ ဘာလို႔လဲ? ဘာလို႔လဲ!...ေအ့! ငါ့ကို မင္းမေက်နပ္တာဘာရွိလို႔လဲေျပာ ဟမ္! ေျပာေလ!"

ေရွာင္းက်န႔္ ရိေပၚဆီကထြက္လာတဲ့စကားေတြေၾကာင့္ သူ႕စိတ္ထဲမွာတင္းသမွ်အကုန္ လႊတ္ခ်ျပစ္လိုက္ခ်င္သည္ ။ သိူ႕ေသာ္

"ေတာ္ေတာ့ရိေပၚ...မင္း ထပ္မေျပာနဲ႕ေတာ့ အခုအိမ္ျပန္ရေအာင္ ကားေပၚတက္ေတာ့"

ဆိုကာ လွည့္ထြက္သြားတဲ့ေရွာင္းက်န႔္ကို ရိေပၚလက္ကေန လွမ္းဆြဲလိုက္သည္

"ေအ့! ေျပာ အခုေျပာ! ဘာလို႔လဲ! ငါ့ကိုဘာလို႔အရင္လိုမဟုတ္ေတာ့တာလဲ! ေျပာ!"

ေျပာရင္း မ်က္ရည္က်လာတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န႔္ စိတ္မထိန္းနိုင္ေတာ့ေပ။ ရင္ထဲကေန လွိုက္လွိုက္ၿပီးတက္လာတဲ့ဝမ္းနည္းမႈေတြက မ်က္ဝန္း၌စုေဝးလွ်က္ မ်က္ရည္အျဖစ္က်ဆင္းလာခဲ့ၿပီ

"ေတာ္ေတာ့ရိေပၚ! မင္းငါ့ကိုဆက္ၿပီး ဘာေတြထပ္ကစားဖို႔ႀကိဳးစားမလို႔လဲ! မင္းမ်က္ရည္ေတြနဲ႕ ငါ့ကိုမခ်ဳပ္ကိုင္ပါနဲ႕ေတာ့! မင္းစိတ္တိုင္းက် ငါေနခဲ့တယ္ ဟိုးငယ္ငယ္ေလးကတည္းက မင္းသေဘာအတိုင္း ငါအားလုံးလုပ္ေပးခဲ့တယ္ မင္းကိုနာက်င္မယ့္အရာဆို ငါအေရွ႕ကေန ကာစီးေပးခဲ့တယ္ အဲ့ဒါက ဘာလို႔လဲသိလား!

တကယ္ပါရိေပၚ မင္းကေလ တကယ့္အနီးမႈန္ေကာင္ပဲသိလား အၿမဲအနားမွာရွိေနတဲ့ငါ့ကိုဆိုမျမင္ဘူး တျခားသူေတြကိုၾကတမ္းတေနတယ္ ငါလည္းႏွလုံးသားနဲ႕ပါဟ ငါလည္းခံစားတက္တယ္! မင္းေပ်ာ္ေအာင္ငါလိုက္လုပ္ေပးေန ျဖည့္ဆည္းေပးေနတယ္ဆိုတာကေလ ငါမင္းကိုအရမ္းခ်စ္လို႔သိရဲ႕လား!!!!!"

ရိေပၚ ေရွာင္းက်န႔္ဆီမွ စကားသံေတြေၾကာင့္ အံ့ဩကာေၾကာင္ၾကည့္ေနသည္

"မင္း...မင္းက...မင္းက ေအ့! ေယာကၤ်ားခ်င္းလာႀကိဳက္ေနတာလား ေရွာင္းက်န႔္ မင္းကငါ့အေပၚ ဘယ္လိုသေဘာေတြလာထားေနတာလဲ!"

"ေအး ဟုတ္တယ္ ငါကေယာကၤ်ားခ်င္းႀကိဳက္တာ အဲ့ေတာ့ဘာျဖစ္လဲ မင္းငါ့ကိုမခ်စ္ဘူးမလား! ငါသိတယ္! ငါဘယ္ေလာက္လုပ္ေပးေပး ဘယ္ေလာက္အနစ္နာခံခဲ့ခံခဲ့ မင္းငါ့ကို နဲနဲေလးမွေတာင္ခံစားခ်က္မရွိဘူးဆိုတာ ငါသိတယ္ဝမ္ရိေပၚ!!!!"

"မဟုတ္ဘူး...ငါက မင္းကိုသူငယ္ခ်င္းလိုခ်စ္တာေလ ေရွာင္းက်န႔္...ေအ့!"

"ငါကေတာ့ သူငယ္ခ်င္းလိုမဟုတ္ဘူး ဟိုးငယ္ငယ္ေလးကတည္းက ခ်စ္သူတစ္ေယာက္လိုခ်စ္ခဲ့တာ ဒီေန႕အထိ ငါ့ရင္ထဲမွာ သိမ္းထားခဲ့ရတာ...မင္းကိုအရမ္းေျပာခ်င္တဲ့စကားေတြကို ငါ့ရင္ထဲမွာ ၿမိဳသိပ္ထားခဲ့ရတာ!! ဝမ္ရိေပၚ! ငါမင္းကို အရမ္းခ်စ္တယ္!"

ေရွာင္းက်န႔္စကားေတြကို ရိေပၚတစ္ေယာက္လက္မခံနိုင္ေသးပါ။ ေခါင္းကို ေျဖးေျဖးေလးခါရမ္းကာ လက္မခံနိုင္ျဖစ္ေနတဲ့ရိေပၚ

"မဟုတ္ဘူး....ေရွာင္းက်န႔္ မင္းဘာေတြေျပာေနတာလဲ ေအ့!"

မူးေဝေဝျဖစ္ေနတဲ့ရိေပၚ အနားကိုတိုးလာကာ မ်က္ရည္ေတြက်ေနတဲ့ေရွာင္းက်န႔္ ရိေပၚရင္ဘတ္ကိုႏွစ္ခ်က္ထုရိုက္လိုက္သည္

"ဒါက ငါ့ကိုမီးထဲမွာတစ္ေယာက္ထဲျပစ္ထားခဲ့တဲ့အတြက္!! ဒါက ငါ့အခ်စ္ကိုမျမင္ပဲ ငါ့ကိုအၿမဲငိုေအာင္လုပ္ခဲ့တဲ့အတြက္!! ရိေပၚ ငါ့ကို မင္းမီးထဲမွာျပစ္ထားခဲ့တုန္းက ငါမင္းကို အဲ့ကတည္းက မုန္းခဲ့ရမွာ!!!! ငါ့ႏွလုံးသားက မင္းကိုမမုန္းနိုင္ပဲ ဆက္ခ်စ္ေပးေနလို႔ ငါ့ကိူငါ အရမ္းမုန္းတယ္!! မီးထဲမွာတုန္းက ငါ့ကိုသာ ျပန္လာေခၚပါ့မယ္လို႔ တစ္ခြန္းေလာက္ေျပာခဲ့ရင္ေတာင္ ငါအ‌ေ-သေျဖာင့္မွာပါ!...အခုေတာ့ ငါ့ကိုလ်စ္လ်ဴရႈၿပီး မိန္းကေလးတစ္ေယာက္ကိုကယ္သြားတဲ့မင္းကို ငါမုန္းခ်င္တယ္ ဝမ္ရိေပၚ!!! "

"ငါ...ေအ့! ငါ..ေတာင္းပန္ပါတယ္ "

"ေတာင္းပန္တယ္? ဟုတ္လား? အင္းေပါ့ တစ္ခုခုဆို ေတာင္းပန္ပါတယ္ဆိုတဲ့စကားေလးနဲ႕တင္ အရာရာကိူ မင္းဘာပဲလုပ္ခဲ့လုပ္ခဲ့ ခြင့္လႊတ္ေပးခဲ့တဲ့ ငါလိုႏြားကို မင္းပါးစပ္ကေန ဒီစကားပဲ ထြက္တက္မွာေပါ့!!"

"မဟုတ္ဘူးေရွာင္းက်န႔္ ငါ့ကိုျပစ္မထားေစခ်င္ဘူး..ေအ့!...မင္းအနားမွာ တျခားသူေတြရွိရင္ ငါမႀကိဳက္ဘူး မင္းငါ့စကားကိုပဲနားေထာင္ရမယ္ မင္းငါ့အနားမွာပဲေနရမယ္ ငါေျပာတာပဲနားေထာင္ရမယ္ ေအ့! ငါခိုင္းတာပဲလုပ္ရမယ္"

"ဝမ္ရိေပၚ...မင္းကေလ တကယ့္အတၱသမားပဲ! မင္းေျပာသလိုလုပ္ ထားရာေန ေစရာသြားမယ့္ေရွာင္းက်န႔္က မရွိေတာ့ဘူး!! ဘာလို႔မရွိေတာ့တာလဲေရာသိလား! အဲ့ဒါမင္းေၾကာင့္ပဲဝမ္ရိေပၚ!! မင္းရဲ႕ ငါ့အေပၚကိုလ်စ္လ်ႉရႉမႈေတြေၾကာင့္ပဲ! မင္းသိထားဖို႔က မင္းရဲ႕အခ်စ္ကိုေမွ်ာ္လင့္ၿပီး မင္းအနားကပ္တြယ္ေနမယ့္ေရွာင္းက်န႔္က မရွိေတာ့ဘူးဆိုတာပဲ!"

"ဘာလို႔လဲ မင္းငါ့ကိုခ်စ္တာကို ငါမွမသိတာ..ေအ့"

"မသိတာ? သိေအာင္လုပ္ျပခဲ့တာေတြကိုလည္း လ်စ္လႉရႈခဲ့တာက ဘယ္သူလဲ! မင္းမ်က္လုံးထဲမွာ မင္းအေတြးထဲမွာ အရာရာအားလုံးက မင္းရဲ႕ရည္းစားေတြနဲ႕ပဲျပည့္ႏွံ႕ေနခဲ့တာေလ!! ငါဆိုတာကဘာလဲ မင္းအတြက္ အခိုင္းအေစတစ္ေယာက္ပဲ ျဖစ္ခဲ့တာမဟုတ္လား!!"

ေျပာရင္း မ်က္ရည္ေတြနဲ႕ ေျမျပင္ေပၚထိုင္ခ်ကာ ဒူးေထာက္လိုက္တဲ့ေရွာင္းက်န႔္

"ရိေပၚရယ္...ငါေတာင္းပန္ပါတယ္ ငါ့ကိုေနာက္ထပ္ ထပ္ၿပီးနာက်င္ရေအာင္မလုပ္ပါနဲ႕ေတာ့...ငါလည္း အရမ္းနာက်င္ရလြန္းလို႔ ငါ့ကိုယ္ငါ သနားလွၿပီရိေပၚရယ္...ငါ့ကို မင္းရဲ႕အႏုနည္းေတြနဲ႕ ထပ္ၿပီးမနိုပ္စက္ပါနဲ႕ေတာ့..."

ရိေပၚ ထိုင္ခ်လိဳက္ကာ ေရွာင္းက်န႔္ကိုဖက္ထားေပးလိုက္သည္

"မငိုနဲ႕ေတာ့ တိ‌တ္ေတာ့ေနာ္...ေအ့!...ငါ့ရဲ႕ေရွာင္းက်န႔္ေလး"

ေရွာင္းက်န႔္ ေက်ာေလးကိုပုတ္ေပးေနတဲ့ရိေပၚ အခ်ိန္ခဏအၾကာတြင္ ၿငိမ္သြားသည္။ ေရွာင္းက်န႔္ေမာ့ၾကည့္ေတာ့ သူ႕ကိုဖက္ထားရင္း အမူးလြန္ၿပီး ငုတ္တုတ္အိပ္ေပ်ာ္ေနတဲ့ရိေပၚေၾကာင့္ တစ္ဖန္တြဲထူရကာ ကားထဲသို႔ျပန္ထည့္လိုက္ၿပီး သူလည္းကားထဲဝင္လွ်က္ မ်က္ရည္မ်ားကိုသုတ္ကာ

"ဒီညက ေနာက္ဆုံးပဲရိေပၚ...ငါ့ဆီကေန ခ်စ္တယ္ဆိုတဲ့စကားကို မင္းဘယ္ေတာ့မွၾကားရေတာ့မွမဟုတ္ဘူး ဒီညရဲ႕အျဖစ္အပ်က္ေတြကို မင္းမမွတ္မိဖို႔ဆုေတာင္းပါတယ္"

ကားကိုစက္ႏွိုးကာ ဝမ္အိမ္သို႔ေမာင္းထြက္သြားေသာေရွာင္းက်န႔္ အရာအားလုံးကိူ သူလ်စ္လ်ဴရႈခဲ့ပါၿပီ

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

#WattpadAuthor_LoonDarli

#feedbackေလးေတြေပးခဲ့ၾကပါဦးခဗ်

#ဖတ္ရႈေပးတဲ့ဒါဒါေလးေတြကိုေက်းဇူးတင္ပါတယ္ခဗ်


..................................................................................

(Unicode)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

"ရှောင်းကျန့်ကြောင့်....ရှောင်းကျန့်က...ရှောင်းကျန့်က ငါ့အပေါ် ပြောင်းလဲသွားတယ်!...အေ့! ငါ့ကိုသူဂရုစိုက်တော့ဘူး! ရှောင်းကျန့်က ငါ့ကိုပြစ်ထားတယ်...ငါ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံတယ်"

"ရှောင်းကျန့်ကလား? ဖြစ်နိုင်ပါ့မလား ရှောင်းကျန့်လောက် မင်းအပေါ်ချစ်ပြီး သည်းခံပေးတာ ရှောင်းကျန့်ပဲရှိတယ် မင်းက ဘာသွားလုပ်လိူ့လဲရိပေါ်"

"ငါ ဘာမှမလုပ်ဘူး...တစ်ခုပဲ ရှောင်းကျန့်အပေါ် ငါအပြစ်တစ်ခုလုပ်ထားမိတယ် ဒါပေမယ့် အဲ့ဒါကိုသူခွင့်လွှတ်ပေးလိုက်ပြီထင်နေတာ အခုက အကုန်ပြောင်းလဲသွားတယ်ကွာ! အေ့!"

"ဘယ်လိုပြောင်းလဲတာလဲ?"

"ရှောင်းကျန့်က အရင်ကနဲ့မတူတော့ဘူး မျက်နှာငယ်လေးနဲ့နေနေကြသူက အခုဆိုယုံကြည်မှုအပြည့်နဲ့ မျက်မှန်တွေအစား မျက်ကပ်မှန်တွေတပ်လာတယ် အရင်က အားလုံးကသူ့ကိုဂရုမစိုက်ကြဘူး အခုဆိုအားလုံးက သူ့ကိုဂရုစိုက်ပြီး ချစ်ပေးလာကြတယ်"

"မင်းပြောချင်တာက အဓိကက ဘာလဲ မင်းကိုပဲဂရုစိုက်ပေးပြီး အာရုံစိုက်ပေးစေချင်နေတာလားရိပေါ်"

"ဟုတ်တယ်...အေ့!....ငါ့ကိုပဲဂရုစိုက်ရမယ် ငါ့ကိုပဲဂရုစိုက်ရမယ်"

ပြောရင်း စားပွဲပေါ်မှောက်ကျသွားတဲ့ရိပေါ်ကို ရှီးချန်လှုပ်နှိုးနေသည်

"ရိပေါ်...ရိ‌ပေါ်...ဟာ ဆိုင်မှာတော့ မအိပ်နဲ့လေရိပေါ်ရာ....မင်းနဲ့တော့ ဒုက္ခပါပဲ အော် ရှောင်းကျန့်ကိုဖုန်းဆက်ရမယ်"

ရှီးချန် ရှောင်းကျန့်ဆီဖုန်းဆက်လိုက်သည်။ ရှောင်းကျန့် လာမယ့်Finalစာမေးပွဲအတွက် စာကျက်နေသည်။ မကျက်လို့မရ သူကစာဉာံ့တာကြောင့် ဒီနောက်ဆုံးနှစ်ကို အောင်မှဖြစ်မည်ပင်။

~တီး....တီး...တီး..~

ဖုန်းလာတာကြောင့် ရှောင်းကျန့်ဖုန်းကိုယူကြည့်လိုက်တော့ ရှီးချန်ဆီကပင်

(ဟင်? ကောပဲ ရုတ်တရတ်ကြီးထူးထူးဆန်းဆန်း)

"Hello ကော"

"Hello ရှောင်းကျန့် ကောပါ ရှီးချန်"

"ဟူတ်ကဲ့ကော အခု ဘာဖြစ်လို့လဲဗျ"

"ဟာ မင်းကလဲ ငါကတစ်ခုခုဖြစ်မှဖုန်းဆက်ရမှာလား?"

"မဟုတ်ပါဘူးဗျာ ရုတ်တရတ်ဆိုတော့ ထူးဆန်းနေလို့ပါ"

"ထူးဆန်းဆို ဒီမှာမင်းရဲ့အချစ်တော်ကြီး ဝမ်ရိပေါ် မူးပြီးမှောက်နေလို့လေ"

"ဗျာ!"

ရှီးချန်ရဲ့စကားကြောင့် ရှောင်းကျန့် စိုးရိမ်စိတ်သန်းသွားသည်။ ထိုအချိန် ရှီးချန်ဘေးကနေ အော်ဟစ်နေတဲ့ဝမ်ရိပေါ်

"ရှောင်းကျန့်!.....အေ့! ရှောင်းကျန့်..."

"တွေ့လားငါ့ညီ မင်းကောင်ကို မင်းလာခေါ်စမ်းပါကွာ ဆိုင်မှာလာသောင်းကျန်းနေလို့ ဆိုင်ကလည်း တအောင့်နေပိတ်တော့မှာကွ"

ရှောင်းကျန့် ရိပေါ်ဆီကနေ သူ့နာမည်ကိုအော်ဟစ်နေတာကြားရတော့ ပို၍စိုးရိမ်စိတ်ဖြစ်နေသည်။

"ဟုတ်ကော ကျွန်တော်အခုလာပြီနော် ရိပေါ်ကို ခဏလောက်ထိန်းပေးထားပါဦး"

"အေးအေးအေး ရတယ် ထိန်းပေးထားမယ် လာခဲ့"

"ဟူတ်ကဲ့ကော"

ရှောင်းကျန့် ဖုန်းချကာ ကားသော့ကိုယူလျှက် အိမ်အောက်သို့ ကပျာကယာဆင်းလာသည်။ ရှောင်းမားက

"သား ဘယ်သွားမလို့လဲ"

"ရိပေါ် Barမှာ မူးပြီးသောင်းကျန်းနေလို့မား သားသွားလိုက်ဦးမယ်"

"အော်အေးအေး ကားကိုဂရုစိုက်မောင်းဦးနော်သား"

"ဟုတ်ကဲ့မား"

ရှောင်းကျန့် ကားပေါ်တက်ကာ infinity barသို့မောင်းထွက်လာခဲ့သည်။

...................................................................................

>>>Infinity Bar၌<<<

Barသို့ရောက်တော့ ရှောင်းကျန့် ရိပေါ်ကိုရှာရသည်။ ရှီးချန် ဆိုင်ရှေ့ထွက်လာတော့ ရှီးချန်အနားကိုပြေးသွားသောရှောင်းကျန့်

"ကော ရိပေါ်ရော"

".........."

ရှီးချန် ရှောင်းကျန့်ကိုတွေ့တော့ မျက်လုံးအစုံတို့ပြူးကျယ်သွားကာ ပါးစပ်အဟောင်းသားဖြင့် ဒါကြောင့် ရှောင်းကျန့်က

"ကော ဘာကြည့်နေတာလဲ ရိပေါ်ရောလို့"

"ဟမ်? အေး ရိ ရိပေါ်က အထဲ အထဲထဲမှာ.."

ရှောင်းကျန့် ရှီးချန်လည်းပြောလိုက်ရော ဆိုင်အတွင်းထဲသို့ပြေးဝင်သွားသည်။ ရှီးချန် ပြေးဝင်သွားတဲ့ရှောင်းကျန့်ကို ‌ေ-သချာလ်ုက်ကြည့်နေကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်

"တကယ်ပဲ ရိပေါ်ပြောတာမှန်တာပဲ ရှောင်းကျန့်က အရမ်းချောတာပဲ မဟုတ်ဘူး လှတာပဲ အရမ်းလှတယ်"

ရှောင်းကျန့် ရိပေါ်ကိုတွေ့ပါပြီ ။ စားပွဲခုံပေါ်မှောက်အိပ်နေကာ မူးနေတဲ့ရိပေါ်အနားကိုသွားကာ လှုပ်နှိုးလိုက်သည်

"ရိပေါ်"

ရိပေါ် သူ့ကိုလှုပ်နှိုးတဲ့သူရဲ့အသံ‌ကို သူ‌ေ-သချာနားထောင်နေသည်။ သူသိတာပေါ့ ဒီအသံချိုချိုလေးက ရှောင်းကျန့်ရဲ့အသံဆိုတာကို။ ရိပေါ် ခေါင်းအနည်းငယ်ထောင်လာကာ မျက်လုံးမပွင့်တပွင့်ဖြင့်

"ရှောင်းကျန့်..."

"ရိပေါ် မင်းဘာလို့ဒီလောက်သောက်နေရတာလဲ ကြည့်ပါဦး အကျီတွေကလည်း ဖယိုဖရဲနဲ့ လာ ထ အိမ်ပြန်မယ်"

"ဟင့်အင်း မပြန်ဘူး...ရှောင်းကျန့်...ရှောင်းကျန့်...."

"ရိပေါ် မင်းမရစ်နဲ့ ဆိုင်ပိတ်နေပြီ လာ ထ ကားပေါ်သွားမယ်"

ဆိုကာ ရိပေါ်လက်ကို သူ့ပုခုံးမှာသိုင်းဖက်လျှက် တွဲကာကားပေါ်သို့တင်ရသည်။ ရှီးချန်ကောက

"ရှောင်းကျန့် ဖြစ်ပါ့မလား မင်းတစ်ယောက်ထဲသွားလို့"

"ဖြစ်ပါတယ်ကော ကျွန်တော်တို့သွားပြီ"

"အေးအေး ဂရုစိုက်သွားနော်"

"ဟုတ်ကဲ့"

ရှောင်းကျန့် မူးနေတဲ့ရိပေါ်ကို ခါးပက်ပတ်ပေးကာ ကားကိုမောင်းထွက်သွားသည် ။

လမ်းမရဲ့တစ်နေ့ရာအရောက် လေတွေအရမ်းတက်နေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် ကားကိုရပ်လိုက်ရသည်

"ရိပေါ် ဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လား?"

မူးမူးဖြင့် ခါးပက်ကိုအတင်းချွတ်ကာ ကားပေါ်က ဆင်းသွားသောရိပေါ်ကြောင့် ရှောင်းကျန့်ပါ လိုက်ဆင်းရသည်

"ဟာ ရိပေါ် မင်းဘယ်သွားမလို့လဲ"

ရှောင်းကျန့်စကားမဆူံး ‌လမ်းဘေး၌ ထိုးအန်နေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် ရိပေါ်ရဲ့ကျောလေးကို အသာလေးဖိနိုပ်ပေးနေရသည်

"ရိပေါ်ရယ်...ဘာလို့ ဒီလောက်သောက်ရတာလဲ တကယ်ပဲ"

ရိပေါ် အန်လို့အပြီး ပါးစပ်ကိုအကျီဖြင့်သုတ်ကာ ရီဝေ‌ေဝအကြည့်ဖြင့် ရှောင်းကျန့်ကိုကြည့်သည်

"ရှောင်းကျန့်...."

"အင်း ငါရှိတယ်ရိပေါ်"

"ဘာလို့...ဘာလို့ ငါ့လက်ကိုဖြုတ်ချသွားတာလဲဟင်"

ရှောင်းကျန့် ရိပေါ်အမေးကြောင့် ခဏတာကြောင်အသွားသည်

"ရိပေါ် မင်းဘာတွေဖြစ်နေတာလဲ"

"ငါမင်းမရှိရင် မနေတက်ဘူးရှောင်းကျန့်...အေ့! ငါ့ကိုပြစ်မထားပါနဲ့လား...အထူးသဖြင့် အေ့! မင်းအနားမှာ တခြားသူတွေရှိနေရင် ငါမကြိုက်ဘူး...မင်းမျက်လုံးထဲမှာ ငါ့ကိုပဲရှိစေချင်တယ် မင်းအရင်က ဒီလိုမဟုတ်ဘူးရှောင်းကျန့်...အေ့! အရင်ကဆို ငါမှငါဖြစ်နေတဲ့မင်းက အခုတော့ ငါ့ကိုဆိုသူစိမ်းတစ်ယောက်လိုပဲ ဘာလို့လဲ? ဘာလို့လဲ!...အေ့! ငါ့ကို မင်းမကျေနပ်တာဘာရှိလို့လဲပြော ဟမ်! ပြောလေ!"

ရှောင်းကျန့် ရိပေါ်ဆီကထွက်လာတဲ့စကားတွေကြောင့် သူ့စိတ်ထဲမှာတင်းသမျှအကုန် လွှတ်ချပြစ်လိုက်ချင်သည် ။ သိူ့သော်

"တော်တော့ရိပေါ်...မင်း ထပ်မပြောနဲ့တော့ အခုအိမ်ပြန်ရအောင် ကားပေါ်တက်တော့"

ဆိုကာ လှည့်ထွက်သွားတဲ့ရှောင်းကျန့်ကို ရိပေါ်လက်ကနေ လှမ်းဆွဲလိုက်သည်

"အေ့! ပြော အခုပြော! ဘာလို့လဲ! ငါ့ကိုဘာလို့အရင်လိုမဟုတ်တော့တာလဲ! ပြော!"

ပြောရင်း မျက်ရည်ကျလာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် စိတ်မထိန်းနိုင်တော့ပေ။ ရင်ထဲကနေ လှိုက်လှိုက်ပြီးတက်လာတဲ့ဝမ်းနည်းမှုတွေက မျက်ဝန်း၌စုဝေးလျှက် မျက်ရည်အဖြစ်ကျဆင်းလာခဲ့ပြီ

"တော်တော့ရိပေါ်! မင်းငါ့ကိုဆက်ပြီး ဘာတွေထပ်ကစားဖို့ကြိုးစားမလို့လဲ! မင်းမျက်ရည်တွေနဲ့ ငါ့ကိုမချုပ်ကိုင်ပါနဲ့တော့! မင်းစိတ်တိုင်းကျ ငါနေခဲ့တယ် ဟိုးငယ်ငယ်လေးကတည်းက မင်းသဘောအတိုင်း ငါအားလုံးလုပ်ပေးခဲ့တယ် မင်းကိုနာကျင်မယ့်အရာဆို ငါအရှေ့ကနေ ကာစီးပေးခဲ့တယ် အဲ့ဒါက ဘာလို့လဲသိလား!

တကယ်ပါရိပေါ် မင်းကလေ တကယ့်အနီးမှုန်ကောင်ပဲသိလား အမြဲအနားမှာရှိနေတဲ့ငါ့ကိုဆိုမမြင်ဘူး တခြားသူတွေကိုကြတမ်းတနေတယ် ငါလည်းနှလုံးသားနဲ့ပါဟ ငါလည်းခံစားတက်တယ်! မင်းပျော်အောင်ငါလိုက်လုပ်ပေးနေ ဖြည့်ဆည်းပေးနေတယ်ဆိုတာကလေ ငါမင်းကိုအရမ်းချစ်လို့သိရဲ့လား!!!!!"

ရိပေါ် ရှောင်းကျန့်ဆီမှ စကားသံတွေကြောင့် အံ့ဩကာကြောင်ကြည့်နေသည်

"မင်း...မင်းက...မင်းက အေ့! ယောင်္ကျားချင်းလာကြိုက်နေတာလား ရှောင်းကျန့် မင်းကငါ့အပေါ် ဘယ်လိုသဘောတွေလာထားနေတာလဲ!"

"အေး ဟုတ်တယ် ငါကယောင်္ကျားချင်းကြိုက်တာ အဲ့တော့ဘာဖြစ်လဲ မင်းငါ့ကိုမချစ်ဘူးမလား! ငါသိတယ်! ငါဘယ်လောက်လုပ်ပေးပေး ဘယ်လောက်အနစ်နာခံခဲ့ခံခဲ့ မင်းငါ့ကို နဲနဲလေးမှတောင်ခံစားချက်မရှိဘူးဆိုတာ ငါသိတယ်ဝမ်ရိပေါ်!!!!"

"မဟုတ်ဘူး...ငါက မင်းကိုသူငယ်ချင်းလိုချစ်တာလေ ရှောင်းကျန့်...အေ့!"

"ငါကတော့ သူငယ်ချင်းလိုမဟုတ်ဘူး ဟိုးငယ်ငယ်လေးကတည်းက ချစ်သူတစ်ယောက်လိုချစ်ခဲ့တာ ဒီနေ့အထိ ငါ့ရင်ထဲမှာ သိမ်းထားခဲ့ရတာ...မင်းကိုအရမ်းပြောချင်တဲ့စကားတွေကို ငါ့ရင်ထဲမှာ မြိုသိပ်ထားခဲ့ရတာ!! ဝမ်ရိပေါ်! ငါမင်းကို အရမ်းချစ်တယ်!"

ရှောင်းကျန့်စကားတွေကို ရိပေါ်တစ်ယောက်လက်မခံနိုင်သေးပါ။ ခေါင်းကို ဖြေးဖြေးလေးခါရမ်းကာ လက်မခံနိုင်ဖြစ်နေတဲ့ရိပေါ်

"မဟုတ်ဘူး....ရှောင်းကျန့် မင်းဘာတွေပြောနေတာလဲ အေ့!"

မူးဝေဝေဖြစ်နေတဲ့ရိပေါ် အနားကိုတိုးလာကာ မျက်ရည်တွေကျနေတဲ့ရှောင်းကျန့် ရိပေါ်ရင်ဘတ်ကိုနှစ်ချက်ထုရိုက်လိုက်သည်

"ဒါက ငါ့ကိုမီးထဲမှာတစ်ယောက်ထဲပြစ်ထားခဲ့တဲ့အတွက်!! ဒါက ငါ့အချစ်ကိုမမြင်ပဲ ငါ့ကိုအမြဲငိုအောင်လုပ်ခဲ့တဲ့အတွက်!! ရိပေါ် ငါ့ကို မင်းမီးထဲမှာပြစ်ထားခဲ့တုန်းက ငါမင်းကို အဲ့ကတည်းက မုန်းခဲ့ရမှာ!!!! ငါ့နှလုံးသားက မင်းကိုမမုန်းနိုင်ပဲ ဆက်ချစ်ပေးနေလို့ ငါ့ကိူငါ အရမ်းမုန်းတယ်!! မီးထဲမှာတုန်းက ငါ့ကိုသာ ပြန်လာခေါ်ပါ့မယ်လို့ တစ်ခွန်းလောက်ပြောခဲ့ရင်တောင် ငါအ‌ေ-သဖြောင့်မှာပါ!...အခုတော့ ငါ့ကိုလျစ်လျူရှုပြီး မိန်းကလေးတစ်ယောက်ကိုကယ်သွားတဲ့မင်းကို ငါမုန်းချင်တယ် ဝမ်ရိပေါ်!!! "

"ငါ...အေ့! ငါ..တောင်းပန်ပါတယ် "

"တောင်းပန်တယ်? ဟုတ်လား? အင်းပေါ့ တစ်ခုခုဆို တောင်းပန်ပါတယ်ဆိုတဲ့စကားလေးနဲ့တင် အရာရာကိူ မင်းဘာပဲလုပ်ခဲ့လုပ်ခဲ့ ခွင့်လွှတ်ပေးခဲ့တဲ့ ငါလိုနွားကို မင်းပါးစပ်ကနေ ဒီစကားပဲ ထွက်တက်မှာပေါ့!!"

"မဟုတ်ဘူးရှောင်းကျန့် ငါ့ကိုပြစ်မထားစေချင်ဘူး..အေ့!...မင်းအနားမှာ တခြားသူတွေရှိရင် ငါမကြိုက်ဘူး မင်းငါ့စကားကိုပဲနားထောင်ရမယ် မင်းငါ့အနားမှာပဲနေရမယ် ငါပြောတာပဲနားထောင်ရမယ် အေ့! ငါခိုင်းတာပဲလုပ်ရမယ်"

"ဝမ်ရိပေါ်...မင်းကလေ တကယ့်အတ္တသမားပဲ! မင်းပြောသလိုလုပ် ထားရာနေ စေရာသွားမယ့်ရှောင်းကျန့်က မရှိတော့ဘူး!! ဘာလို့မရှိတော့တာလဲရောသိလား! အဲ့ဒါမင်းကြောင့်ပဲဝမ်ရိပေါ်!! မင်းရဲ့ ငါ့အပေါ်ကိုလျစ်လျှူရှူမှုတွေကြောင့်ပဲ! မင်းသိထားဖို့က မင်းရဲ့အချစ်ကိုမျှော်လင့်ပြီး မင်းအနားကပ်တွယ်နေမယ့်ရှောင်းကျန့်က မရှိတော့ဘူးဆိုတာပဲ!"

"ဘာလို့လဲ မင်းငါ့ကိုချစ်တာကို ငါမှမသိတာ..အေ့"

"မသိတာ? သိအောင်လုပ်ပြခဲ့တာတွေကိုလည်း လျစ်လှူရှုခဲ့တာက ဘယ်သူလဲ! မင်းမျက်လုံးထဲမှာ မင်းအတွေးထဲမှာ အရာရာအားလုံးက မင်းရဲ့ရည်းစားတွေနဲ့ပဲပြည့်နှံ့နေခဲ့တာလေ!! ငါဆိုတာကဘာလဲ မင်းအတွက် အခိုင်းအစေတစ်ယောက်ပဲ ဖြစ်ခဲ့တာမဟုတ်လား!!"

ပြောရင်း မျက်ရည်တွေနဲ့ မြေပြင်ပေါ်ထိုင်ချကာ ဒူးထောက်လိုက်တဲ့ရှောင်းကျန့်

"ရိပေါ်ရယ်...ငါတောင်းပန်ပါတယ် ငါ့ကိုနောက်ထပ် ထပ်ပြီးနာကျင်ရအောင်မလုပ်ပါနဲ့တော့...ငါလည်း အရမ်းနာကျင်ရလွန်းလို့ ငါ့ကိုယ်ငါ သနားလှပြီရိပေါ်ရယ်...ငါ့ကို မင်းရဲ့အနုနည်းတွေနဲ့ ထပ်ပြီးမနိုပ်စက်ပါနဲ့တော့..."

ရိပေါ် ထိုင်ချလိုက်ကာ ရှောင်းကျန့်ကိုဖက်ထားပေးလိုက်သည်

"မငိုနဲ့တော့ တိ‌တ်တော့နော်...အေ့!...ငါ့ရဲ့ရှောင်းကျန့်လေး"

ရှောင်းကျန့် ကျောလေးကိုပုတ်ပေးနေတဲ့ရိပေါ် အချိန်ခဏအကြာတွင် ငြိမ်သွားသည်။ ရှောင်းကျန့်မော့ကြည့်တော့ သူ့ကိုဖက်ထားရင်း အမူးလွန်ပြီး ငုတ်တုတ်အိပ်ပျော်နေတဲ့ရိပေါ်ကြောင့် တစ်ဖန်တွဲထူရကာ ကားထဲသို့ပြန်ထည့်လိုက်ပြီး သူလည်းကားထဲဝင်လျှက် မျက်ရည်များကိုသုတ်ကာ

"ဒီညက နောက်ဆုံးပဲရိပေါ်...ငါ့ဆီကနေ ချစ်တယ်ဆိုတဲ့စကားကို မင်းဘယ်တော့မှကြားရတော့မှမဟုတ်ဘူး ဒီညရဲ့အဖြစ်အပျက်တွေကို မင်းမမှတ်မိဖို့ဆုတောင်းပါတယ်"

ကားကိုစက်နှိုးကာ ဝမ်အိမ်သို့မောင်းထွက်သွားသောရှောင်းကျန့် အရာအားလုံးကိူ သူလျစ်လျူရှုခဲ့ပါပြီ

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

#WattpadAuthor_LoonDarli

#feedbackလေးတွေပေးခဲ့ကြပါဦးခဗျ

#ဖတ်ရှုပေးတဲ့ဒါဒါလေးတွေကိုကျေးဇူးတင်ပါတယ်ခဗျ











Continue Reading

You'll Also Like

502K 49.6K 36
ဝမ်ရိပေါ်ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီ/ ဝမ္ရိေပၚရဲ႕ ကေလးကို ကိုယ္ဝန္ေဆာင္ထားရၿပီ Associated Name 一不小心揣了对家的崽儿 Author(s) 美丽子是真的美丽 Translator(s) idun...
16.4M 546K 35
Down-on-her-luck Aubrey gets the job offer of a lifetime, with one catch: her ex-husband is her new boss. *** Aubrey...
4.7M 196K 101
Camilo Madrigal. His nerve. His self-obsessed smirk. You wanted nothing to do with him after what he did. But maybe there's something beneath that sm...