အမှောင်တွေဖုံးလွှမ်းနေတဲ့ လမိုက်ညရဲ့
သန်းခေါင် အချိန်တွင်
နတ်ဆိုးသခင်ရဲ့အိမ်တော်အတွင်း၌
တိုက်ခိုက်သံများ ဆူညံနေပေတော့၏။
သိပ်မကြာလိုက်ပါပဲ
တိုက်ခိုက်မှု့စွမ်းရည်ညံ့ဖျင်းတဲ့
တစ်ဖက်လူကကျရှုံးသွားကာ
"ဘယ်သူလဲပြောစမ်း !!!
ငါ့ကိုတိုက်ခိုက်ဖို့ မင်းကိုလွှတ်လိုက်တဲ့သူက"
သန်းခေါင်ယံအချိန်တွင်
အေးစက်စက်ပေါ်ထွက်လာတဲ့
ထိုသူ့ရဲ့ အာဏာသံက ပြင်းထန်လွန်းလှ၏။
တစ်ဖက်လူကလဲ သူရဲ့သခင်ခိုင်းလိုက်တဲ့အမိန့်အတိုင်း
ကြင်ယာတော်ရှင်းက လွှတ်လိုက်ကြောင်းသာပြောလိုက်၏။
အမတ်မင်းဟုန်မှတဆင့်ခိုင်းခံရကြောင်းတော့မပြောခဲ့ပေ
"ကြင်ယာတော်ရှင်း...ဟုတ်လား အဟက် သူကငါ့ကို ရှင်းပြစ်ဖို့ပါကြံနေပြီဆိုတော့ ငါကလဲငဲ့ညှာနေစရာ မလိုလောက်တော့ဘူးထင်ပါတယ်"
ထို့နောက် နတ်ဆိုးသခင်က ထိုလူရဲ့ ဓားကိုေကာက်ယူကာသူ့ရဲ့ လက်မောင်းသွေးကိုစွန်းထင်စေလိုက်ပြီး
"မင်းကိုခိုင်းစေတဲ့ ကြင်ယာတော်ကို ငါသေ သွားပြီလို့ပြောလိုက် ပြီးရင် သူပေးတဲ့ ဆုလဒ်ကိုယူပြီး ဒီတိုင်းပြည်ရဲ့ အဝေးဆုံးကိုထွက်သွား မင်းကိုငါထပ်မမြင်ချင်ဘူး"
.......................
"မယ်တော်ပြောတာ သားတော်လက်မခံနိုင်ဘူး
ဘာဖြစ်လို့ ရှောင်အဆိပ်မိတာက
ကြင်ယာတော်ရှင်းနဲ့ ပတ်သက်နေနိုင်ရတာလဲ
မယ်တော့်မှာ သက်သေမရှိသေးရင်
တခြားသူကို မစွပ်စွဲတာပို့ကောင်းလိမ့်မယ်"
"မင်းကြီး...ဒီမယ်တော်ရဲ့ စကားတွေကို ဘာကြောင့် မယုံမကြည်ဖြစ်နေရတာလဲ အခုလဲ သားရှောင်ကို အထင်မလွဲစေဖို့ အရင်ကထပ်ပိုစောင့်ရှောက် ပေးဖို့ သတိပေးရုံပဲ ဒါကို ဘာလို့ အဲ့မိန်းကလေးကိုစပ်စပ်ထိမခံဖြစ်နေရတာလဲ "
"မယ်တော် ရှင်းလျန်ကို သဘောမကျတာ နားလည်တယ်
ဒါပေမဲ့ ဒီလောက်ထိမစွပ်စွဲသင့်ဘူး
သူ့မှာလဲ သားတော်ရဲ့ ကိုယ်ဝန်ကိုလွယ်ထားရတဲ့အပြင် အခုလိုစိတ်ပင်ပန်းစရာတွေပါ သိရ ရင် ဘယ်လောက်များဝမ်းနည်းနေလိုက်မလဲ မယ်တော်ရဲ့ သားရှောင်ကိုသာ နောက်ထပ် လူထပ်မသတ်ဖို့ သွားဆုံးမလိုက်ပါ
သားတော်ကို ခွင့်ပြုပါဦး...!!!"
" မင်းကြီး...!!!မင်းကြီး!!!
ဟင်းးဒီကလေးပြောရဆိုရခက်နေတူန်းပဲ"
မယ်တော့်နန်းဆောင်ကထွက်လာသည်နှင့် ဒေါသအလျောက် ခြေလှမ်းပြင်မိသည်က ရှောင်ကျန့်ဆီကိုသာ...
ထိုအချိန် နန်းဆောင်ပေါက်ဝမှာ
မင်းကြီးနဲ့ ဆုံခဲ့တဲ့ ချင်းဟွာက
မယ်တော်ကြီးဆီ အခစားဝင်လာခဲ့သည်။
" ချင်းတွာ မယ်တော်ကြီးကို ဂါရဝပြုပါတယ် "
"အင်း ချင်းတွာ ဘာတွေစုံစမ်းလို့ရခဲ့လဲ
အခုရောဘာတွေ သိခဲ့ရပြီလဲ"
"ကျွန်တော်မျိုးမ စုံစမ်းခဲ့ပါတယ် ဒါပေမဲ့
တော်တော်များများ
ဆေးဝါးရောင်းတဲ့ကုန်သည်တွေတောင်
မသိတဲ့အဆိပ်ပါတဲ့ ဒါနဲ့...မင်းကြီးက
အတော်လေးဒေါသထွက်နေပုံပဲ
ခုနက အပေါက်ဝမှာ မင်းကြီးနဲ့တွေ့ ခဲ့တယ်..."
"ဟုတ်တယ် အဆိပ်ကိစ္စ ရှင်းလျန်နဲ့
ပတ်သက်တယ်ပြောလိုက်လို့တဲ့
ဒီကလေး ဘာလို့ ဒီလောက်ဒေါသကြီးနေမှန်းမသိဘူး"
"အော် ဒီကိစ္စသိပ်မသေချာသေးလို့
မင်းကြီးက စိတ်တိုသွားတာဖြစ်ပါလိမ့်မယ်"
ချင်းဟွာ စိတ်ထဲမှာတော့
*မင်းကြီးမျက်ဝန်းတွေက ဘာလို့ဂနာမငြိမ်ဖြစ်နေရတာလဲ *
.....................
"ယွဲ့ယယ် သက်သာသွားပြီလား"
"ဟုတ်ကဲ့ သခင်လေး"
"တောင်းပန်ပါတယ်နော် ငါ့ကြောင့် အခုလိုမျိုး...ဟင့်"
"မ...မဟုတ်ပါဘူး
သခင်လေး... သခင်လေး...
မငိုပါနဲ့ ယွဲ့ယယ် ဘာမှမဖြစ်ပါဘူး မငိုပါနဲ့ "
"မင်းငိုနေလို့ ယွဲ့ ယယ် ခံစားခဲ့ရတာတွေ
ပျောက်သွားမှာလား ရှောင်ကျန့်"
"ကျန်းချန်...ကျန်းချန်...
မင်းပြန်လာပြီလား
ငါမင်းကို တကယ်သတိရနေတာ"
ထို့နောက် ရှောင်ကျန့်က
ကျန်းချန်ကို ပြေးဖက်လိုက်သည်။
" အဖြစ်မှန်ကိုစုံစမ်းမှ
အမှန်တရားကိုသိမှာပေါ့ "
ထိုအချိန်...
"တောက်!!!
ကောင်းလိုက်တဲ့ ရှောင်ကျန့်!!!
အစေခံနဲ့တောင် တယုတယထိတွေ့ နေတယ်ပေါ့လေ !!! "
"အ...အရှင်!!!"
"အရှင် ... ကျွန်တော်မျိုးရှင်းပြပါ့မယ်။
အရှင်ထင်သလိုမဟုတ်ရပါဘူး"
"ဟုတ်ပါတယ် မင်းကြီး ကျွန်တော်မျိုးတို့က ရိုးရိုးသားသား..."
"တိတ်စမ်း!!!
ငါ့ရှေ့မှာတောင် ဒီလောက်ထိဖြစ်ပျက်နေကြတာ
ဒါကို ရိုးရိုးသားသား လို့ပြောလို့
ငါကိုယ်တော်က ယုံကြည်ပေးရမှာလား!!!"
ရှောင်ကျန့်က အရှင်အား မျက်လူံးစိမ်းများဖြင့် ကြည့်ကာ
"အရှင် မင်းကြီးက ကျွန်တော်မျိုးကို
အဲ့ဒီလောက်တောင် အယုံအကြည်ကင်းမဲ့နေခဲ့တာလား"
ရှောင်ကျန့်ရဲ့ နားမလည်နိုင်တဲ့ မျက်ဝန်းစိမ်းတွေနဲ့ မျက်ရည်စတွေကြောင့် မင်းကြီးဘက်က တုန့်ပြန်မှု့ မရှိပဲ တိတ်ဆိတ်လို့နေ၏။
"ကျွန်တော်မျိုးရဲ့ ကိုယ့်ကျင့်သိက္ခာတွေ
ချစ်ခြင်းမေတ္တာတွေကို အဲ့လောက်တောင်
မယုံမကြည်ဖြစ်နေခဲ့တာကို ... "
ရှောင်ကျန့်က အငိုမျက်လုံးအပြုံးမျက်နှာဖြင့်ထိုသို့ဆိုလာ၏။
"ဟုတ်တယ်... ကျွန်တော်မျိုးနဲ့ ကျန်းချန်က..."
"ရှောင်ကျန့် !!! မဟုတ်တာတွေကို မင်းကြီးကိုရွဲ့ချင်တာနဲ့မပြောစမ်းနဲ့"
ကျန်းချန်က ဟန့်တားလိုက်သည်။
သိူ့သော် ရှောင်ကျန့်က လည်ပင်းကြောတွေထောင်သည်အထိ
ဝမ်းနည်းဒေါသထွက်ကာ
"ကျွန်တော်မျိုးနဲ့ ကျန်းချန်က..."
"မဟုတ်ဘူး"
ထိုအငြင်းစကားသံနဲ့အတူ နန်းဆောင်ထဲဝင်လာသူက
ချင်းဟွာ...
နန်းဆောင်တံခါးကို အရှိန်နဲ့ဖွင့်ပြီး ဝင်လာတဲ့ ချင်းဟွာက
ကျန်းချန်ရဲ့လက်ကိုတွဲလိုက်ကာ
"ကျွန်မတို့က တွဲနေကြတာ စစ်သူကြီးမင်း
ယင်းအိမ်တော်ကိုရောက်ထဲက
နှစ်ဦးသားချစ်ကျွင်းဝင်နေကြပြီးသား...
မင်းကြီး အခု အထင်လွဲစရာရှိသေးလား..."
"မင်းတို့...မင်းတို့...စောင့်ကြည့်နေလိုက်
ငါဒီအမှန်တရားကို မရ ရအောင်ဖော်ထုတ်ပြမယ်!!! "
မင်းကြီးက နန်းဆောင်ထဲကနေ ဒေါသတကြီးထွက်သွားခဲ့သည်။ ရှောင်ကျန့်ကတော့ နေရာမှာတင် ရုတ်တရက်ဖြစ်ပျက်သွားသမျှအတွက် စွန့်အနေဆဲ..
ကျန်းချန်ကတော့ မင်းကြီးကိုပဲဒေါသထွက်ရမလား
ရှောင်ကျန့်ကိုပဲ သနားရမလား ဝေခွဲရခက်နေ၏။
ထို့နောက်တွင်တော့ စိတ်ဒူန်းဒုန်းးချကာ
ဘေးက ချင်းမိန်းကလေးကိုပဲ ကျေးဇူးတင်လိုက်မိတော့၏။
"ကျေးဇူးတင်ပါတယ် ချင်းမိန်းကလေး"
"ယင်းအိမ်တော်တုန်းက ကိစ္စကို အကြွေးပြန်ဆပ်တယ်လို့
သတ်မှတ်လိုက်ရင်ရပါပြီ"
" ဟင်းးး မင်းကြီးက ဘာလို့ ဒီလောက်တောင်မှ
စိတ်တိုလွယ်နေရတာလဲ
အရင်က ဒီလောက်စိတ်မကြီးဘူး
ဒေါသလဲရှေ့ မထားတက်ဘူး"
"မင်းကြီးရဲ့ မျက်လုံးတွေက ဂနာမငြိမ်ဘူး
အဲ့တာ စိတ်ကယောက်ကယက် ဖြစ်နေတယ်လို့
ယူဆလို့ရတယ် တယောက်ယောက်က ညှို့ယူထားသလိုမျိုးပေါ့
တော်သေးတာပေါ့ မယ်တော်ကြီး နဲ့ ပြောပြီးပြီးချင်း
မင်းကြီးနောက်လိုက်လားလို့
အခုပြသာနာ ပိုကြီးမသွားတာ "
ချင်းဟွာက နားလည်သူပီပီရှင်းပြတော့
"ချင်းမိန်းကလေး
အရှင်က ဘာဖြစ်တာလဲဟင် "
ညိုးငယ်စွာမေးလာတဲ့ ကြင်ယာတော်ရှောင်ဟာ သနားစရာအတိ
"ပြုစားထားတယ်လို့ထင်တယ်
တစ်ယောက်ယောက်က ဆေးခတ်ပြီးတော့ပဲ ဖြစ်ဖြစ် အောက်လမ်းသုံးပြီးတော့ပဲ ဖြစ်ဖြစ် မင်းကြီးရဲ့ စိတ်ကိုထိန်းချုပ်ချင်နေတာ"
"ဒါ...ဒါဆို ဘယ်လို့လုပ်ရမလဲဟင်
အရှင်...အရှင်ပုံမှန်အတိုင်းပြန်ဖြစ်အောင်
ဘယ်လိုလုပ်ရမလဲ"
ချင်းဟွာ ခေါင်းယမ်းပြလိုက်သည်။ အမှန်တကယ်လဲ
သူမ ကိုယ်တိုင် ဘာလုပ်ပေးရမှန်းမသိပါချေ...