Hey ! You Have To Be My Husba...
By Eros_90
166K 7.5K 358
My Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။ More
❗❗Review ( Uni+Zaw )
ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw
အသိပေးခြင်း ( အသိပေးခြင်း )
Part- 1 ( Uni )
Part- 1 ( Zaw)
Part - 2 ( Uni )
Part - 2 ( Zaw )
Part - 3 ( Uni )
Part - 3 ( Zaw )
Part - 4 ( Uni )
Part - 4 ( Zaw )
Part - 5 ( Zaw )
Part - 6 ( Uni )
Part - 6 ( Zaw )
Part - 7 ( Uni )
Part - 7 ( Zaw )
Part - 8 ( Uni )
Part - 8 ( Zaw )
Part - 9 ( Uni )
Part - 9 ( Zaw )
Part - 10 ( Uni )
Part - 10 ( Zaw )
Part - 11 ( Uni )
Part - 11 ( Zaw )
Part - 12 ( Uni )
Part - 12 ( Zaw )
Please
Part - 13 ( Uni )
Part - 13 ( Zaw )
Part - 14 ( Uni )
Part - 14 ( Zaw )
Please ❗❗
Part - 15 ( Uni )
Part - 15 ( Zaw )
Part - 16 ( Uni )
Part - 16 ( Zaw)
Part - 17 ( Uni )
Part - 17 ( Zaw )
Part - 18 ( Uni )
Part - 18 ( Zaw )
Part - 19 ( Uni )
Part - 19 ( Zaw )
Part - 20 ( Uni )
Part - 20 ( Zaw )
Part - 21 ( Uni )
Part - 21 ( Zaw )
Part - 22 ( Uni )
Part - 22 ( Zaw)
Part - 23 ( Uni )
Part - 23 ( Zaw )
Part - 24 ( Uni)
Part - 24 ( Zaw)
Part - 25 ( Uni )
Part - 25 ( Zaw )
Part - 26 ( Uni )
Part - 26 ( Zaw )
Thank You For All ( Uni + Zaw)
Part - 5 ( Uni )
4.2K 225 5
By Eros_90
အပိုင်း - ၅
" လင်းလင်းရေ ဂေဟာမှူးခေါ်နေတယ် "
ဂေဟာမှတာဝန်ရှိသူတစ်ယောက်၏ အော်ပြောသံကြောင့် အားလပ်ချိန် စားဖိုဆောင်တွင်ကူညီနေသောလင်းမြတ်တစ်ယောက် ရုံးခန်းရှိရာသို့အပြေးသွားရပြန်သည်။ ရုံးခန်းတွင်းဝင်,ဝင်ချင်းမှာပင် ဂေဟာတွင်စာသင်ပေးနေသည့်ဆရာမ၏ရင်ခွင်ထဲ တအီအီငိုနေသော ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရ၏။ မွေးစထဲကအသက်၈နှစ်အထိ ဂေဟာမှာသာနေရသည့် ကိုယ့်အတွက်ကတော့ ဒီလိုမြင်ကွင်းမျိုးတွေကို မကြာခဏမြင်ဖူးပြီးသားပင်ဖြစ်သည်။
" လင်းလင်း သားဒီကိုလာခဲ့ဦး "
ဆရာမကြီး၏ခေါ်သံကြောင့် လက်လေးပိုက်ကာ အနားကိုရောက်အောင်တိုးသွားလိုက်သည်။
" သား ဒီသူငယ်ချင်းကဒီနေ့မှရောက်လာတာ။ သူက အခုမှရောက်လာတော့ သူငယ်ချင်းလဲမရှိသေးဘူး။သားနဲ့ရွယ်တူဆိုတော့ သားအခန်းထဲမှာပဲ ထားလိုက်နော် "
" ဟုတ်ကဲ့ပါ ခင်ဗျာ "
" နောက်ပြီး သူနဲ့သားကရွယ်တူဆိုပေမဲ့ သားကဒီမှာအရင်ထဲကနေခဲ့တဲ့သူဆိုတော့ အရင်ကညီလေးညီမလေးတွေလိုပဲဂရုစိုက်ပေးရမယ်နော်"
" ဟုတ်ကဲ့ပါ ခင်ဗျာ "
ကိုယ်နဲ့ရွယ်တူဆိုသည့်ကောင်လေးသည် ကိုယ်ထက်လူကောင်အများကြီးသေးနေ၏။
" လင်းလင်း လိမ္မာတာဆရာမသိပါတယ်။ အခုသူငယ်ချင်းကိုခေါ်သွားပြီး သူနဲ့နေပေးလိုက်။ နောက်ရက်တွေသားကသူနဲ့အတူနေပြီး သင်ပေးစရာရှိတာတွေသင်ပေး ။ ကဲ ရှိန်းလေးလဲ မငိုနဲ့တော့နော်။ လင်းလင်းက အရမ်းသဘောကောင်းတာ။နောက်ဆို သားဒီမှာပျော်သွားမှာပါကွယ်"
စကားအဆုံးတွင် ဆရာမလေး၏ရင်ခွင်ထဲပုန်းခိုသလိုဝင်ရောက်နေသည့်ကောင်လေးက ရှိုက်ကာရှိုက်ကာငိုယိုနေလေတော့သည်။ ဒီလိုမျိုးတွေ မကြာခဏကြုံဖူးနေသည့် ကိုယ့်အတွက် ကတော့ ဒီလိုအခြေအနေကိုစိတ်မရှည်တာမျိုးမဖြစ်မိဘဲ စိတ် ရှည်ရှည်သာစောင့်နေမိသည်။ ဆရာမလေးကတော့ ထိုကလေးကို စိတ်ရှည်လက်ရှည်ချော့မြှူနေကာ
" ရှိန်း သားလေး၊ လင်းလင်းနဲ့လိုက်သွားနော်။ သူကလေဒီဂေဟာမှာအလိမ္မာဆုံးကလေးပဲ။ နောက်ပြီး သူကဒီဂေဟာမှာ ငယ်ငယ်ထဲကနေလာရတဲ့ကလေးဆိုတော့ သူကိုကအခြားကလေးတွေနဲ့အတူမနေခိုင်းဘူး။ တစ်ယောက်ထဲနေရတာ။ သားက အခြားကလေးတွေနဲ့ ရောပြီးမနေချင်ဘူးမဟုတ်လား။
" မ ... မနေချင် အင့် "
စကားမဆုံးခင် ရှိုက်သံလေးထွက်လာပြန်၏။
" အခြားကလေးတွေနဲ့သားမနေချင်ရင် လင်းလင်းနဲ့နေနော် သားလေး။ ဆရာမလဲ အမြဲရှိနေမှာပဲဟာ"
ဂေဟာမှူးရော ဆရာမပါ အချိန်အကြာကြီးချေ့ာပြီးကာမှထိုကောင်လေးက ကိုယ်နဲ့အတူပါလာလေတော့သည်။အခန်းထဲကိုရောက်သည့်အခါ အထဲကိုဝေ့ကြည့်ရင်းကိုယ့်အိပ်ယာနှင့်ဝေးသော အခြားအခန်းထောင့်တစ်ဖက်တွင်ဒူးနှစ်ချောင်းကိုလက်ကလေးဖြင့်ပွေ့ပိုက်ရင်း ငြိမ်သက်စွာထိုင်နေ၏ ။ ခေါင်းလေးကိုမူ ဒူးခေါင်းပေါ်တင်ထားသေး၏။ဘေးစောင်းအနေအထားတွင် မျက်ဝန်းမှမျက်ရည်တို့သည် ပါးပြင်ကိုဖြတ်၍စီးလာနေသည်ကို မြင်လိုက်ရ၏။
ကိုယ်ကတော့ လူမှန်းမသိခင်ထဲကဒီဂေဟာကိုရောက်လာသူမို့အခုလိုတစ်ခါမှမငိုဘူးချေ။ အခြားကလေးတွေငိုတာတော့တွေ့ခဲ့ဖူး၏။ အခုဒီကောင်လေးငိုနေပုံက ဝမ်းနည်းမှုအပြင်ထိတ်လန့်မှုတွေပါ ပါနေသလိုခံစားရသည် ။ သူနားကိုသွားပြီးသူ့အဝတ်ထုတ်ကိုချပေးလိုက်တော့ လန့်သွားသလိုဆက်ခနဲတုန်သွားရင်း ထပြေးဖို့ဟန်ပြင်သည်။ အနောက်ကိုချက်ချင်းပြန်ဆုတ်လိုက်ရသည်။
" ငါ မင်းအဝတ်ထုတ်ကိုလာပေးတာလေ။ မလန့်နဲ့နော်။ငါဘာမှမလုပ်ဘူး "
" ငါ့နား မ .... မလာပါနဲ့ ။ ငါ ...  ငါကြောက်တယ်"
" အေးပါ ငါမလာဘူးနော်။ ငါ့ကိုလဲ မကြောက်နဲ့။ မင်းကိုဘာမှမလုပ်ပါဘူး"
" ဝေး ... ဝေးဝေးနေပါ "
အခန်းတွင်း တိတ်ဆိတ်သွားတော့သည်။ ထိုနေ့မှစ၍ အသစ်ရောက်လာသောထိုကောင်လေးသည် မည်သူနဲ့မှရောနှောနေထိုင်ခြင်းမရှိဘဲ သီးသန့်နေလေတော့သည်။ အခြားကလေးတွေလို ကျောင်းစာလဲမသင်ရချေ။ ဆရာမတွေကလဲ အတင်းခေါ်ကာစာသင်ပေးတာမျိုးမရှိ ။သူ့ကိုသာ အရိပ်တကြည့်ကြည့်ထားလေ၏။ စိတ်အားငယ်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ကို အမြဲတမ်းခံစားနေရပုံရှိသောထိုကောင်လေးသည် ညဆိုလျှင်လဲကောင်းစွာအိပ်တာမျိုးမရှိချေ ။ အထူးသဖြင့် သူ့အနားကို
ကိုယ်ရောက်လာမှာကြောက်နေပုံရ၏။ ဒါကြောင့်ပဲ ကိုယ်တိုင်လဲ သူနှင့်ဝေးဝေးနေပြီး သူ့ကိုအဝေးကသာစောင့်ကြည့်နေ ရ၏။
ယနေ့သည် ဂေဟာသန့်ရှင်းရေးလုပ်သည့်နေ့ဖြစ်လေသည်။လင်းမြတ်လည်း ကိုယ်နိုင်သလောက်အလုပ်တွေကိုဝိုင်းကူညီလုပ်ပေးနေ၏။ ရုံးခန်းထဲက ဘုရားပန်းအိုးရေလဲရန်သတိရပြီးရုံးခန်းရှိရာသို့လာလိုက်၏။
" အသစ်ရောက်လာတဲ့ ကလေးက အခြေအနေဘယ်လိုရှိသေးလဲ ဆရာမ "
အခန်းတွင်းရှိ ဂေဟာမှူး၏စကားသံကြောင့် ခြေလှမ်းတို့ရပ်တန့်သွားမိသည်။ တမင်တကာ ခိုးနားထောင်တာမဟုတ်သော်လည်း ရှေ့ဆက်မသွားဘဲရပ်တန့်နေမိ၏။
" ကလေးက စိတ်ဒဏ်ရာကြီးသွားပုံပဲ။ လူလဲကြောက်တယ်"
" အင်းလေ ဒီလိုကလေးတွေမှစိတ်ဒဏ်ရာမဖြစ်ရင် ဘယ် လိုကလေးက စိတ်ဒဏ်ရာဖြစ်မှာတဲ့လဲ။ သူ့စိတ်ဒဏ်ရာတွေကိုအသက်ငယ်တုန်းမှာပဲ မေ့သွားပါစေဆုတောင်းပေးရမှာပေါ့။သနားစရာကောင်းလိုက်တဲ့ ကလေး,လေးပါကွယ် "
စကားသံတို့တိတ်သွားရလေသည်။ လင်းမြတ်လည်း လာရင်းကိစ္စကိုဆက်မလုပ်တော့ပဲ ထိုနေရာမှလေးလံစွာထွက်လာမိတော့သည်။ ရှိန်းဆိုသည့်ကောင်လေးက သူ့ကိုမြင်ရရင်ကို စိတ်မကောင်းဖြစ်ရသည့်ခံစားချက်ကို ခံစားနေရသည်။သူ့မှာ ဘယ်လိုမျိုးမကောင်းတာတွေ ကြုံခဲ့ရတာပါလိမ့်။သိချင်မိသည်။သိမှာသာ သူ့ကိုကူညီနိုင်မည်မဟုတ်ပါလား။
*
*
*
*
*
*
*
*
" ကြီးကြီးငယ် ရှိန်းကလေ ဘာလို့ဒီကိုရောက်လာတာလဲဟင်"
လင်းမြတ်တစ်ယောက် စားဖိုဆောင်ထဲကူညီရင်း ကြီးကြီးငယ် ကို ရှိန်းအကြောင်းစပ်စုနေမိသည်။ လက်ကလဲ ရှိန်းအတွက် ကျိုပေးနေသည့်ဆန်ပြုတ်အိုးကို စိတ်ပါလက်ပါမွှေပေးနေသည်။ ကြီးကြီးငယ်က ဒီဂေဟာမှာအားကိုးရတဲ့သူလေ။ကလေးတွေအပေါ်အရမ်းဂရုစိုက်သလို ကလေးတွေအကြောင်းကိုလည်း ဂေဟာကဆရာမတွေနည်းတူသိတဲ့သူ။
" ရှင်လေးကစပ်စုလိုက်တာ ။ ဆန်ပြုတ်အိုးကိုသာဂရုစိုက်ပါဟဲ့"
" ဂရုစိုက်ပါတယ် ကြီးငယ်ကလဲ။ သိချင်တာလေးတော့ပြောပြလေနော်"
" ဒီကလေးနှယ် အသက်လေး၈နှစ်ကျော်တယ်ဆို လူကြီးလိုပဲ အရမ်းစပ်စုတာတော်"
" ကြီးငယ်ကလဲ "
မကျေမချမ်းရေရွတ်မိရင်း နှုတ်ခမ်းစူလိုက်မိတော့သည်။
" အောင်မလေး ဒါကကျုပ်ကိုစိတ်ကောက်တာပေါ့လေ။စိတ်တော့မကောက်ပါနဲ့အေ။ နည်းနည်းပြောပြမယ်ဟုတ်ပြီ လား။ ဒါပေမဲ့ လင်းလင်းလေးက ရှိန်းကိုသွားပြန်မမေးရဘူးနော်။ ကြီးငယ်ပြောတာကြားလား။ ရှိန်းလေးပိုပြီးစိတ်မကောင်းဖြစ်သွားမှာ"
" ဟုတ်ကဲ့ သားပြန်မမေးပါဘူး "
လွန်ခဲ့သည့်နှစ်ရက်လောက်က ညဘက်ကြီးအိမ်မက်တွေမက် ကာ အခန်းတွင်းထပြီးအော်ဟစ်နေသည့်ကောင်လေးသည်အပူတွေကြီးပြီးသတိလစ်သွား၏။ သူအိမ်မက်မက်ပြီးထိုသို့အော်ဟစ်သောင်းကျန်းတိုင်း သူ့နားကိုအခြားသူတွေလာမှာကိုကြောက်ရွံ့နေတတ်သည်။ နောက်ဆုံးတွင် သတိလစ် သွားမြဲ။ ယခုလဲထိုနည်းအတိုင်းပင်။ ဂေဟာကိုလာနေကြဆရာဝန်မမက ဆေးထိုးပေးပြီး နေကောင်းအောင်လုပ်ပေးထားပေမည့် အခုထိတော့ဆန်ပြုတ်သာစားသေးသည်။ ဒီလိုအားနည်းပြီး နေမကောင်းဖြစ်နေတဲ့သူငယ်ချင်းကို ပိုပြီးစိတ် ညစ်အောင်မလုပ်သင့်မှန်းတော့ ကိုယ်နားလည်၏။
" ကြီးငယ် ပြောမယ်ဆိုပြောပြလေ"
" အေးပါဟဲ့ မအားသေးလို့ပါ"
ကြီးငယ်ကပါးစပ်ကလည်းပြော လက်ကလည်းခေါင်းကိုခေါက်လာလေသည်။ ဒါပေမဲ့ နာကျင်လောက်အောင်တော့အားမပါချေ။
" ရှိန်းလေးက သူငယ်ငယ်ထဲက သူ့အဖေသေသွားတာတဲ့။သူ့အမေကလဲ သူ့ကိုမလိုချင်ဘဲမွေးထားရတာတဲ့လေ။ရှိန်းလေးအမေရဲ့အဖေနဲ့အမေ ၊ ရှိန်းလေးရဲ့ အဖိုးအဖွားတွေက ရှိန်းလေးကို သူ့မေမေကိုယ်ဝန်စဆောင်ရပြီလို့သိတဲ့နေ့မှာ မတော်တစ်ဆမှုတစ်ခုနဲ့ဆုံးသွားတယ်တဲ့။ နောက်ပိုင်းမှာလဲ သူတို့နေတဲ့အိမ် မီးလောင်တဲ့အထဲပါသွားတယ်။ အဲကနေစပြီး စီးပွားပျက်ဆင်းရဲသွားရတာပေါ့။ နောက်ပိုင်း ရှိန်းလေးကိုမွေးတဲ့နေ့မှာ သူ့အဖေကလဲ မတော်တစ်ဆမှုတစ်ခုဖြစ်ပြီး ဆုံးသွားတာ အလောင်းတောင်အကောင်းတိုင်းပြန်မရဘူးတဲ့လေ။ အဲဒီအချိန်တွေထဲက ရှိန်းလေးမေမေက သူ့သားကိုအရမ်းမုန်းသွားတာတဲ့။ ဒီကလေးက မိသားစုကိုကောင်းကျိုးမပေးဘူး။ ဒီကလေးကြောင့်သူ့မိဘတွေတွေနဲ့ သူ့အမျိုးသားသေရတယ်။စီးပွားပျက်ရတယ်ပေါ့ အဲလိုအတွေးနဲ့ကလေးကိုနို့တောင်မတိုက်ဘဲ ပစ်ထားတာတဲ့လေ "
ကြားရသည့်စကားကြောင့် လင်းမြတ်မှာ စိတ်မကောင်းဖြစ် သွားရလေသည်။
" အဲဒါက ရှိန်းလုပ်လို့ဖြစ်တာမှမဟုတ်တာကို။ သူတောင်ဗိုက် ထဲမှာပဲနေ,နေရသေးတာကို ဘာလို့ သူ့ကြောင့်လို့ပြောရတာလဲ"
ကလေးပီပီ စိတ်ထဲရှိတာကိုပြောလိုက်မိတော့၏။ ကြီးငယ်ကတော့ ရီမော၍သာနေလေတော့သည်။
" ဟုတ်ပါ့နော် ဒါတွေကဘာကြောင့်ရှိန်းလေးကြောင့်ဖြစ်ရမှာလဲ။ လင်းလင်းလေးကမှ ငယ်ပေမဲ့တွေးတတ်သေးတယ်"
ကြီးငယ်၏ချီးကျူးစကားကြောင့် လင်းမြတ်ပျော်သွားရသည်။
" ရှိန်းလေးက ပတ်ဝန်းကျင်ကောင်းလို့ အသက်ရှင်တာတဲ့။အခုအရွယ်လေးရောက်လာတော့ သူ့အမေကနောက်အိမ်ထောင်ပြုတယ်။ နောက်အိမ်ထောင်ဆိုတာက နောက်ထပ်ယောကျ်ားယူတာကိုပြောတာပေါ့။ ရှိန်းလေးရဲ့ပထွေးက ရှိန်းလေးကိုသူ့အိမ်မှာထားဖို့ လက်မခံဘူးတဲ့။ ရိုက်တာတွေဘာတွေလဲရှိတယ်ပြောတယ်။ အဲကနေစပြီး သူ့အမေကလဲဒီကလေးကိုအရင်ထဲကမမွေးချင်တော့ ရှိန်းလေးကဒုက္ခရောက်နေတာပေါ့။ နောက်တော့ သူတို့အရင်နေခဲ့တဲ့ရပ်ကွက်က မိဘမဲ့ကလေးတွေကိုမွေးတဲ့ဘုန်းကြီးကျောင်းကိုပို့လိုက်တာပဲ။ အဲဒီကနေမှ ဒီကိုရောက်လာရတာ"
ကြီးငယ်၏စကားတွင် လင်းမြတ်ရင်ထဲမောသွားရပြန်လေတော့သည်။ အရွယ်နှင့်မလိုက်အောင် သနားဖို့ကောင်းသည့်ကောင်လေးသည် ဒီလောက်တောင်ဒုက္ခတွေများခဲ့မှန်း ယခုမှပင်သိရလေသည်။ ဒီကောင်လေး လူအရမ်းကြောက်တတ်ပြီးအမြဲတမ်းတုန်လှုပ်နေတာတတ် တာတွေကရော သူ့အမေတွေကြောင့်ပဲလား။ ဘာပဲဖြစ်ဖြစ် ရှိန်းနဲ့တဖြေးဖြေးရင်းနှီးအောင်နေပြီး သူ့ကိုပျော်ပျော်ရွှင်ရွှင်နေတတ်သည့်ကလေးတစ်ယောက်ဖြစ်အောင် ကြိုးစားရမယ်လို့ ကိုယ့်ဘာသာပင် ကတိပေးလိုက်မိတော့၏။
ဆန်ပြုတ်ပူပူလေးထည့်ထားသည့်ပန်းကန်လေးကို အခန်းထဲယူလာလိုက်သည်။ ရှိန်းကတော့ ထုံးစံအတိုင်းအခန်းထောင့်လေးတွင်ကပ်ထိုင်နေပြီး သူပုံစံအတိုင်း ဒူးခေါင်းကိုလက်နှစ်ဖက် နှင့်ပိုက်ထားပြီး ထိုဒူးခေါင်းအပေါ် ခေါင်းလေးစောင်းကာတင်ထားသည်။ သူနှင့်ကိုယ် အနေနည်းနည်းကြာလာတော့ ကိုယ်နှင့်မရင်းနှီးသည့်တိုင် အရင်ကလောက်တော့ခါးခါးသီးသီး မရှိတော့ချေ။ ဆန်ပြုတ်ပန်းကန်လေးကို သူ့အနားရှိခုံလေးပေါ်တင်ပေးလိုက်ပြီး ကိုယ့်အိပ်ယာရှိသည့်ဘက်ကိုပြန်လာထိုင် လိုက်သည်။ ကိုယ့်ကိုကြည့်မနေသောရှိန်းအား စကားလှမ်းပြောလိုက်၏။
" ရှိန်း ငါမင်းစားဖို့ဆန်ပြုတ်ဝိုင်းပြုတ်ပေးလာတယ်။ စားလိုက်နော်။ ဆန်ပြုတ်စားမှ မင်းအားရှိမှာ။အားရှိမှ မင်းလုပ်ချင် တာတွေကိုလုပ်နိုင်မှာ။ ဘာပဲဝမ်းနည်းစရာရှိရှိ မင်းအတွက် ငါရှိတယ်ဆိုတာသိထားပါ။ ငါကအမြဲတမ်းမင်းရဲ့သူငယ်ချင်းပါပဲ"
စကားခွန်းတုန့်ပြန်မလာသော်လည်း ရှိန်းက ကိုယ့်ကိုလှမ်းကာကြည့်လာသည်။ အချိန်နည်းနည်းကြာသည့်အထိ အကြည့်ချင်းဆုံနေမိ၏။ ထို့နောက် ဆန်ပြုတ်ကို တိတ်တဆိတ်သာစားနေလေတော့သည်။
တိတ်ဆိတ်နေသည့် အခန်းငယ်လေးအတွင်း အသံ တို့ဆွံ့အနေပြီ မျက်ဝန်းချင်း စကားဆိုမိကြလေသည်။ ယထိုအကြည့်တို့သည်ပင်လျှင် ရင်းနှီးမှုတည်ဆောက်ဖို့အတွက် ပထမဆုံးခြေလှမ်းလေးဖြစ်ခဲ့တော့၏။
Eros_90
13.1.2024 ( ၈ နာရီ ၄၀ မိနစ် )
16.1.2024 Update ရှိ။
A/N - ဒီFic ကိုရေးဖို့အများကြီးစဉ်းစားခဲ့ပါတယ်။ ရှိန်းခေါင်ယံဘဝ နောက်ကြောင်းပြန်တဲ့အပိုင်းကို အစအဆုံးဖတ်ပြီးတဲ့အချိန်ကြရင် လက်ရှိဘဝကသျှန်အံ့ဟန်လေးရဲ့ဘဝနဲ့ရောထွေးကာမမြင်ဖို့ ကြိုတင်မေတ္တာရပ်ခံပါရစေ။
Continue Reading
You'll Also Like
23.9K 2K 24
278K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
566K 49.3K 29
Taekook Fanfiction Jeon Kim Own creation
97.7K 15.8K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...