When I Fly Towards You ( ဘာသာ...

By ANyein_26

7K 474 29

NO PAID GP ‼️ Title - She's a Little Crazy / 她病得不轻; 陆遥知他意 Author - Zhu Yi Chapter - 63 Started Date : 23.11... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6.1
Chapter-6.2
Chapter-7
Chapter-8
Chapter-10
Chapter - 11.1
Chapter - 11.2
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18.1
Chapter - 18.2
Chapter - 19

Chapter-9

156 14 1
By ANyein_26





[ ငါ့ရဲ့အင်္ဂလိပ်စာအဆင့်တွေကို ငါ နင့်ဆီ ရောင်းပေးလို့ရတယ်
မေတ္တာလက်ဆောင်ကတော့ ငါပဲ.. နင် လိုချင်ရဲ့လား ]

      < နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

တစ်ညအကြာတွင် သူမ၏စိတ်ဝိညာဉ်ကို ပြန်လည်ရရှိခဲ့သည်။ နောက်ဆုံးတော့ သူမဟာ ပြဿနာတွေကို တဝဲလည်လည် တွေးနေတတ်တဲ့သူမဟုတ်လေဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်နေပါစေ သူမက အရင် ပရောပရည်လုပ်ပြီး နောက်မှပဲ စိတ်ပူစရာရှိတာပူတော့မယ်။

သူမ၏စိတ်ထဲတွင် စူးကျိုက်ကျိုက်သည် ကျန်းလုရန့်အနားတွင် ရှိနေသည့်အချိန်တိုင်း သူမ၏တည်ရှိမှုကို မကြာခဏဆိုသလို သိစေခဲ့သည်။ နေ့လယ်စာစားပြီးနောက် သူမ ကျန်းကျားကို နှုတ်ဆက်ပြီး စာသင်ခန်းသို့ ပြန်သွားခဲ့သည်။

အချိန်ကိုခန့်မှန်းပြီးနောက် စူးကျိုက်ကျိုက်သည် ဆယ့်ငါးမိနစ်ခန့် အိမ်စာလုပ်ပြီးနောက် ကျန်တစ်နေကုန် အိမ်စာများကို ယူကာ စာကြည့်တိုက်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။

အရင်တစ်ခေါက်က နေရာကို ရှာတွေ့ပြီးနောက်တွင် ခေါင်းငုံ့ကာ အိမ်စာလုပ်နေသော ကျန်းလုရန့်ကို ချက်ချင်းတွေ့လိုက်ရသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသူတစ်ယောက်တောင် ရှိနေပါသေး၏။ ထို့ကြောင့် စူးကျိုက်ကျိုက်က သူ့ဘေးနားတွင် အလွယ်တကူ ဝင်ထိုင်လိုက်ပါသည်။

ကျန်းလုရန့်၏မျက်ခွံများပင် မလှုပ်မရှား...

သူက သူ့ဘေးမှာထိုင်နေတဲ့သူကို လုံးဝဂရုမစိုက်သလို အာရုံလည်းမပျံ့လွင့်သွားခဲ့ဘူး။

စူးကျိုက်ကျိုက် သူ့ရဲ့လေ့ကျင့်ခန်းစာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ အင်္ဂလိပ်စာကွက်လပ်ဖြည့်...

သူမ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီး သူ့ကို အာရုံမစိုက်တော့ဘဲ လေ့ကျင့်ခန်းစာအုပ်ထဲမှ ဓာတုဗေဒဖော်မြူလာတွေကို ကြည့်ဖို့ ခေါင်းလှည့်လိုက်တော့ ကြေကွဲလုမတတ် စိတ်တိုလာရသည်။ သူမက အင်္ဂလိပ်စာ အလွန်ကျွမ်းကျင်ပါလျက်နဲ့ ဤစာလုံးပေါင်းများကို အဘယ်ကြောင့် သူမ မမှတ်မိနိုင်ရသနည်း။

မေးခွန်း ၃ : တူညီသော အီလက်ထရွန်များ သို့မဟုတ် တူညီသော အီလက်ထရွန်နစ်ဖွဲ့စည်းပုံပါရှိသော မော်လီကျူးများသည် isoelectronic ဖြစ်သည်။ အောက်ဖော်ပြပါ မော်လီကျူးများထဲမှ မည်သည့်အရာသည် isoelectronic မဟုတ်ပါသနည်း...

စူးကျိုက်ကျိုက်သည် ထပ်မညည်းညူတော့ရန် ဆုံးဖြတ်လိုက်ပြီး ဆယ်မိနစ်ကျော်ကြာအောင် သူမ၏အကြမ်းစာရွက်တွင် ရေးခြစ်ရန် ဘောပင်ကို ကောက်ကိုင်လိုက်သည်။

အင်္ဂလိပ်စာ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံနေရသော ကျန်းလုရန့်မှာ နားမလည်နိုင်စွာ အာရုံပြောင်းသွားခဲ့သည်။ သူ့ဘေးနားကလူမှာ သူမလက်ချောင်းများကို ချိုး၍ တစ်ခုချင်းစီ တိုးတိုးလေးရေရွတ်နေသည်ကို နားထောင်နေလေသည်။

"ဟိုက်ဒရိုဂျင်၊ ဟီလီယမ်၊ လီသီယမ်၊ လီသီယမ်၊ ဘယ်ရီလီယမ်၊ ဘိုရွန်၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ ဖလိုရင်း၊ နီယွန်၊ ဆိုဒီယမ်... ဆိုဒီယမ်.. မဟုတ်ဘူး မှားနေပြီ မဂ္ဂနီဆီယမ် အလူမီနီယံ၊ ဆိုဒီယမ်၊ ဆီလီကွန်၊ ဖော့စဖရပ်စ်၊ ဆိုဒီယမ်; ဆယ့်သုံး"

ကျန်းလုရန့် : "......"

သူမက အဖြေကို ရှာတွေ့သွားသောအခါတွင် သူမ၏စိတ်အခြေနေမှာ လွတ်မြောက်သွားသလိုပင် ၊ ခက်ခဲတဲ့ပြဿနာကို ဖြေရှင်းရတာ အရမ်းအကျိုးရှိတယ်။

သူမ စိတ်လျှော့လိုက်သည်နှင့် စူးကျိုက်ကျိုက်မှာ ကျန်းလုရန့်၏အကြည့်ကို ချက်ချင်း သတိပြုမိသွားသည်။ သူ့အကြည့်တွေက ထူးဆန်းပြီး နားမလည်နိုင်တဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြထားပါ၏။

စူးကျိုက်ကျိုက်မှာမူ သူစိုက်ကြည့်တာ ခံနေရသည့်အတွက် အနည်းငယ် ရှက်သွားပြီး သူမမျက်လုံးတွေကို အလျင်အမြန် အောက်ငုံ့လိုက်လေသည်။ သူ အကြည့်လွှဲသွားသည့်အခါမှ သူမ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ထို့နောက် သူမ သူ့ရဲ့လေ့ကျင့်ခန်းစာအုပ်ကို သေသေချာချာ ကြည့်လိုက်၏။

သူက ကွက်လပ်ဖြည့်ကိုပဲ လုပ်နေသေးဆဲ ၊ ပြီးတော့ သူမ အရင်က ဒါကိုလုပ်ဖူးပုံရတယ်။ စူးကျိုက်ကျိုက် အဲဒါကို စိတ်ဝင်တစားကြည့်နေရာ အဖြေကိုတွေးပြီး ပြောဖို့ တုံ့ဆိုင်းနေလေသည်။

မကြာမီပင် သူမအကြည့်တွေကို ဖယ်လိုက်ပြီး နောက်ထပ် ဆယ်မိနစ်လောက် စာရေးနေလိုက်သည်။ သူမ ခေါင်းကို လှည့်ကြည့်လိုက်တော့ သူက မေးခွန်းအတူတူကိုပဲ လုပ်နေသေးတာကို တွေ့လိုက်ရသော် သူမ အရမ်းစိုးရိမ်ပြီး သူ့ကို ကူလုပ်ပေးချင်နေခဲ့၏။

နောက်ထပ်ဆယ်မိနစ်အကြာတွင် ကျန်းလုရန့်က ကွက်လပ်ဖြည့်သဒ္ဒါကို စတင်လိုက်သည်ကို သူမ သတိပြုမိသောအခါ နားမလည်နိုင်စွာဖြင့် သူမ ပိုပြီး အသက်ရှုချောင်လာခဲ့သည်။

၆:၂၀ တွင် ကျန်းလုရန့်သည် ပထမအကြိမ် ဖတ်ရှုနားလည်မှုလေ့ကျင့်ခန်းအတွက် နောက်ဆုံးအဖြေကိုရေးပြီးနောက် သူ၏ပစ္စည်းများကို သိမ်းဆည်းပြီး ထွက်သွားလေသည်။

စူးကျိုက်ကျိုက်က သူမပစ္စည်းတွေကို ကျောင်းလွယ်အိတ်ထဲ ကမန်းကတန်း ထည့်ပြီး အလျင်စလို လိုက်သွားသည်။ စာကြည့်တိုက်ထဲမှ ထွက်လာပြီးနောက် သူမ သူ့ဘေးမှာ ရပ်လိုက်ပြီး သူ့အား အသံတိုးတိုးလေးဖြင့် မနေနိုင်ဘဲ သတိပေးလိုက်မိ၏။

"နင် နားလည်မှုဆိုင်ရာ ကွက်လပ်ဖြည့်တာ အရမ်းနှေးလွန်းတယ် နင် အဲဒါကို နာရီဝက်နီးပါးလောက် လုပ်ခဲ့တာ အချိန်တွေ အများကြီး ဖြုန်းလိုက်တာပဲ"

အင်္ဂလိပ်စာနှင့်ပတ်သတ်လာလျှင် ကျန်းလုရန့်မှာ တော်တော်လေး စိတ်ဆိုးသွားခဲ့၏။ သူ ခဏလောက် နှုတ်ဆိတ်နေပြီးမှ မကြည်မလင် လေသံဖြင့် ပြောလာသည်။

"ငါ အဲဒါကို နားမလည်ရင် တခြားမေးခွန်းတွေကို မကူးပြောင်းလိုက်ချင်ဘူး"

ဒါကိုကြားတော့ စူးကျိုက်ကျိုက် အနည်းငယ် ထိတ်လန့်သွားပြီး

"နင် အဲဒါကို နားလည်ပြီလား"

"....."

သို့သော်လည်း သူ နားမလည်ခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့သည်။

"နင့်မှာ မေးခွန်းသုံးခုပဲ ရှိတာမဟုတ်လား? နင် တကယ်နားလည်မှာသေချာလား!"

"....."

သူ့မျက်နှာမှာ အရှက်ရစရာ မလိုပါဘူး။

သူ့ဘေးနားက စူးကျိုက်ကျိုက်မှာ သူ့ကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်နေမြဲဖြစ်ရာ ပထမဆုံးအကြိမ်အဖြစ် ကျန်းလုရန့် စိတ်ရှုပ်သွားရပြီး လေးလေးနက်နက် လေသံဖြင့် ပြောလာသည်။

"မင်းမှာလဲ ဓာတုဗေဒ အဖြေမှန်ရွေးတဲ့မေးခွန်း သုံးခုပဲ ရှိတာမဟုတ်လား.. နောက်ပြီး မင်း အဲဒီမေးခွန်းတွေကို ၁၅ မိနစ်လောက် စဉ်းစားပြီးတာတောင် မှားနေတုန်းပဲလေ"

သူက ဤကဲ့သို့ ရှည်လျားသောစကားအား ပြောလိုက်ခြင်းကို သူမ ပထမဆုံးအကြိမ် ကြားလိုက်ခြင်းမှာ စူးကျိုက်ကျိုက် အနည်းငယ် မှင်တက်သွားပြီး သူမကိုယ်သူမ ခုခံပြောဆိုခဲ့သည်။

"ဒါက ငါ အတန်းထဲမှာ နားမထောင်လို့ပါ"

အင်္ဂလိပ်စာအတန်းတိုင်းကို ဂရုတစိုက်နားထောင်ခဲ့သည့်တိုင် စာမေးပွဲမှာ အမှတ် ၃၀ ရနေဆဲဖြစ်သော ကျန်းလုရန့်မှာ နှုတ်ဆိတ်သွားလေသည်။ စူးကျိုက်ကျိုက် ချက်ချင်း သဘောပေါက်သွားပြီး သူမစကားတွေကို အတင်းအကျပ် ညှိယူလိုက်သည်။

"အဟမ်း အဟွတ် ဒီလိုမေးခွန်းမျိုး အရင်က မလုပ်ဖူးတာကြောင့်ပါ ငါ တစ်ခါလုပ်ပြီးရင် နောက်တစ်ခါကျရင် အဖြေမှန်ရသွားလိမ့်မယ်"

ကျန်းလုရန့် တိတ်ဆိတ်နေခဲ့သည်။

စူးကျိုက်ကျိုက် ခေါင်းကုတ်လျက် စကားပြောတာကို ဆက်လက်ထိန်းသိမ်းရန် ဂရုဏာသံလေးဖြင့်

"ငါ အတန်းတိုင်းကို သေသေချာချာ ဂရုတစိုက် နားထောင်ပါတယ် ဒါပေမဲ့ နားမလည်နိုင်ခဲ့ပါဘူး သြော် ငါ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်"

သူမသည် အတန်းထဲတွင် နားမထောင်သော ကျောင်းသားမျိုးမဟုတ်သည်မှာ အသေအချာပါပဲ ၊ သူမက အရမ်းစိတ်အားထက်သန်ပါတယ်နော်!

ကျန်းလုရန့်က ဆက်ပြောလိုစိတ်မရှိတာကို တွေ့လိုက်ရတော့ စူးကျိုက်ကျိုက်လည်း စကားမပြောတော့ဘူး။

စင်္ကြံသည် အလွန်တိတ်ဆိတ်နေပြီး လေချွန်သံ၊ ဖိနပ်သံများ၊ နှစ်ယောက်စလုံး၏ အသက်ရှုသံများနှင့် စူးကျိုက်ကျိုက်၏... ခုန်နေသော နှလုံးခုန်သံများ ဝန်းရံထားလေသည်။

နှစ်ယောက်သား တတိယထပ်ကို အမြန်ရောက်သွားကြသည်။

ကျန်းလုရန့်က တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ့စာသင်ခန်းဆီသို့ လျှောက်သွားခဲ့သည်။

"ကျန်းလုရန့်"

စူးကျိုက်ကျိုက်မှာ လှေကားထစ်တွင် ရပ်နေပြီး စွမ်းအင်ချွေတာရေး မီးအိမ်၏ မှိန်မှိန်လေးသည် သူမခန္ဓာကိုယ်ပေါ် ထွန်းတောက်လာကာ သူမ၏မျက်နှာကို ပိုမိုတောက်ပလာစေသည်။

သူက ပျင်းရိပျင်းတွဲ မျက်နှာထားဖြင့် ခေါင်းလှည့်ကြည့်လာရင်း သူမစကားများကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

ကောင်းကင်ယံသည် ပို၍မှောင်လာကာ မြူများ ဖုံးလွှမ်းနေသကဲ့သို့ ညသည် ပို၍နက်လာသည်။ စူးကျိုက်ကျိုက်က နောက်ပြောင်နေတာကို ရပ်လိုက်ပြီး နူးညံ့သိမ်မွေ့သော လေသံလေးဖြင့် သတိပေးလာပါ၏။

"မေးခွန်းတွေကို ပြေလည်အောင် မဖြေရှင်းနဲ့၊ စကားလုံးတွေကို မှန်မှန်ကန်ကန် ကျက်မှတ်တာက ပိုအသုံးဝင်တယ်"

***

"အမ်? ဒီတော့ နင်က ထိပ်တန်းကျောင်းသားကို စာကျက်နည်း သင်ပေးခဲ့တာလား"

စူးကျိုက်ကျိုက်သည် သူမ၏စကားကြောင့် ဆို့နင့်သွားပြီး ခွန်းတုံ့ပြန်လေ၏။

"သူက အင်္ဂလိပ်စာမှာ လုံးဝမတော်ဘူးလေ ဟုတ်တယ်မလား"

"ဒါပေမဲ့ နောက်ဆုံး လပတ်စာမေးပွဲအပြီးမှာ သူက ငါတို့အဆင့်တွေထဲမှာ ထိပ်တန်း ၅၀ ဖြစ်နေတုန်းပဲလေ အဲဒီမှာ သူ့ရဲ့အင်္ဂလိပ်စာရမှတ်တွေလဲ ပါတာပဲ"

"......"

စူးကျိုက်ကျိုက် မငြင်းပယ်နိုင်လေဘူး။ သူမ ခဏလောက်တွေးပြီး လေးလေးနက်နက် ပြန်ဖြေလာ၏။

"ဘာပဲဖြစ်ဖြစ် သူက စကားလုံးတွေကို သေချာမကျက်ဘူး အဲဒီကွက်လပ်ဖြည့်တာအတွက်က စကားလုံးနည်းနည်းလေးပဲရှိတာ အားလုံးကို ပထမယူနစ်မှာ သင်ထားပြီးသား.. သူက နားမလည်နိုင်သေးဘူး"

"ထိပ်တန်းကျောင်းသားတွေတောင်မှ သူတို့အခက်အခဲတွေရှိတာပဲ"

ကျန်းကျား သက်ပြင်းချလိုက်သည်။

"တကယ်တော့ သူ့ကို ဒီလိုသတိပေးတာက ရယ်စရာကောင်းတယ်ဆိုတာ ငါသိပါတယ်"

စူးကျိုက်ကျိုက်သည် ဓာတုဗေဒ သင်ရိုးညွှန်းတမ်းစာအုပ်ကို လှန်လှောကြည့်ရင်း

"ဒါပေမဲ့ သူက အင်္ဂလိပ်စာကြောင့် တော်တော်အခက်အခဲဖြစ်နေတဲ့ပုံရတယ်"

"အဆုံးမှာတော့ သူ့သူငယ်ချင်းတွေအကုန်လုံး အဲဒီမှာရှိနေတာပါပဲလေ သူသာ ထိပ်တန်းအတန်းကနေ ခွဲခြားသွားမယ်ဆိုရင် လူတွေကို ပြန်ပြီး သိလာရလိမ့်မယ်"

ဪ အဲ့လိုလား?

စူးကျိုက်ကျိုက် ဒါကို စိတ်မပူတော့ဘူး။ သူမက မေးခွန်းကို လက်ညှိုးထိုးပြပြီး မေး၏။

"ဒီမေးခွန်းမှာ ငါဘာမှားခဲ့တာလဲဆိုတာကို နင် ကူညီပေးနိုင်မလား"

ကျန်းကျားသည် သူမ၏ခဲတံကို နှိပ်လိုက်ပြီး အကြမ်းစာရွက်ကိုထုတ် သူမအား ရှင်းပြလိုက်သည်။ ပို့ချချက်အပြီးတွင် သူမသည် ရုတ်တရက် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရကာ

"ဟေး နင် ဓာတုဗေဒမေးခွန်းကို တကယ်မေးတာလား နင် ဓာတုဗေဒနဲ့ လမ်းခွဲချင်တယ်လို့ မပြောခဲ့ဘူးလား"

"ငါတို့ ပြန်သင့်မြတ်သွားပြီ"

စူးကျိုက်ကျိုက် သူမမေးဖျားလေးကို ကိုင်လျက် အနည်းငယ် စိတ်ဓာတ်ကျသွားကာ

"အာ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ အလူမီနီယံ... ငါ ဘာလို့ အဲဒါတွေကို အမြဲတမ်း နောက်ပြန်ကျက်နေရတာလဲ"

သူ သူမဆိုတာကို မကြားသွားလောက်ပါဘူးနော်...

ရှက်စရာကောင်းလိုက်တာ...

***

နောက်ဆုံးညစာကြည့်ချိန်အတန်း ပြီးသွားပြီးနောက် ကျန်းလုရန့်သည် အင်္ဂလိပ်အဖြေများကို ထုတ်နှုတ်ပြီး ကွက်လပ်ဖြည့်ထားသော အဖြေများကို စစ်ဆေးခဲ့သည်။ ထင်တဲ့အတိုင်းပဲ သူ့မှာ မေးခွန်းသုံးခုပဲ အဖြေမှန်တယ် ၊ သူ သဒ္ဒါမေးခွန်း နှစ်ခုသာ မှန်ကန်ခဲ့ပြီး သူ၏ဖတ်ရှုနားလည်မှုမှာ အံ့ဩစရာကောင်းအောင် အကုန်လုံးမှန်နေသည်။
   
အဲဒါက သူ့ကို ချက်ချင်းဆိုသလို ပိုကောင်းလာစေပါတယ်။

ဒါပေမဲ့ သူက ခွဲခြမ်းစိတ်ဖြာချက်ကို မဖတ်ချင်သေးတဲ့အတွက် တစ်ချက်ကြည့်လိုက်ပြီး အဖြေကို အံဆွဲထဲကို ပြန်ထည့်လိုက်သည်။

ယဲ့ကျန်းရှင်း မတ်တပ်ထရပ်ပြီး သူမကျောပိုးအိတ်ကို လွယ်ကာ တစ်ပြင်လုံးပြည့်နှက်နေသော သူ့ရဲ့လေ့ကျင့်ခန်းစာအုပ်ကိုမြင်သော် မနေနိုင်ဘဲ မေးလိုက်မိသည်။

"နင် အမှားတွေ အများကြီး ထပ်လုပ်မိပြန်ပြီလား?"

ကျန်းလုရန့်က ပြန်မဖြေ ၊ သူမ ခဏလောက်စဉ်းစားပြီးနောက် ပြန်ထိုင်ကာ သူ့ကို ဘေးစောင်းကြည့်ရင်း

"နင် ငါ့ကို သင်ပေးစေချင်လား"

"မလိုဘူး"

သူ၏ပြတ်ပြတ်သားသား အဖြေကြောင့် ယဲ့ကျန်းရှင်း အနည်းငယ် ရှက်ရွံ့သွားသော်လည်း သူမက ဘာမှမပြောခဲ့။

"အာ ဒါဆို စိတ်ဓာတ်မကျပါနဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန်လုပ် နင့်အဆင့်တွေ တိုးတက်လာမှာ သေချာပါတယ်"

"အင်း"

ကျန်းလုရန့် လေ့ကျင့်ခန်းစာအုပ်ကိုပိတ်ပြီး အံဆွဲထဲတွင် ထည့်လိုက်သည်။ သူ့ကို ဒီလိုမျိုးမြင်တော့ ယဲ့ကျန်းရှင်းလည်း အနည်းငယ်ငြီးငွေ့သွားသလို ခံစားလိုက်ရပြီး သူ့ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

ကျန်းလုရန့်သည် သူ၏သင်္ချာစာအုပ်များကို ထုတ်ကာ စမ်းကြည့်သည်။ curfew* ချိန်ရောက်ခါနီးမှ သူ့ပစ္စည်းတွေကို သိမ်းဆည်းပြီး အိပ်ဆောင်ကို ပြန်သွားခဲ့သည်။

( * သတ်မှတ်ချိန်အတွင်းအပြင်မထွက်ရအမိန့် )

သူလိုအပ်သော စာအုပ်များကို စားပွဲ သို့မဟုတ် အံဆွဲထဲမှ ဆွဲထုတ်လိုက်သည်။

နောက်ဆုံးတော့ English Compulsory One စာအုပ်ပေါ်တွင် သူ့မျက်လုံးတွေက ရပ်တန့်သွားပြီး ကောက်ကိုင်လိုက်သည်။ စူးကျိုက်ကျိုက်၏စကားများမှာ ယခုမှပင် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

[ မေးခွန်းတွေကို ပြေလည်အောင် မဖြေရှင်းနဲ့၊ စကားလုံးတွေကို မှန်မှန်ကန်ကန် ကျက်မှတ်တာက ပိုအသုံးဝင်တယ် ]

သူ သိပ်ဂရုမစိုက်ဘဲ စာအုပ်ကို စားပွဲပေါ်ရှိ စာအုပ်အပုံလိုက်ကြီးပေါ်သို့ ပေါ့ပေါ့တန်တန် ပြန်လွှင့်ပစ်လိုက်သည်။ ထို့နောက် တံခါးနားသို့ လျှောက်သွားပြီး မီးခလုတ်ကို ပိတ်လိုက်သည်။

အရှေ့တံခါးမှ ထွက်လာပြီး တံခါးကိုပိတ်ကာ အနောက်တံခါးဆီသို့ လျှောက်သွားသည်။ သူ တံခါးကိုပိတ်နေရင်း ခေတ္တရပ်လိုက်သည်။ ကျန်းလုရန့်သည် ယနေ့တွင် periodic table ကို အလွတ်ကျက်ပြီးသည့်နောက် စူးကျိုက်ကျိုက်၏အမူအရာကို ထူးထူးခြားခြား မှတ်မိနေပါသည်။

... သူ အင်္ဂလိပ်စာမေးခွန်းတွေ လုပ်နေချိန်မှာ တခြားသူတွေကလည်း သူ့ကို အဲဒီလိုမျိုး မြင်နေလောက်မလား?

မဖြစ်နိုင်ဘူး...

ကျန်းလုရန့် သူ့ဆံပင်တွေကို ကုတ်လိုက်ပြီး အဲဒီမှာ ခဏကြာအောင် ရပ်နေခဲ့သည်။ အဆုံးတွင် သူသည် စာသင်ခန်းကို အလင်းရောင်ပေးထားသော စင်္ကြံမှအလင်းရောင်ကို အသုံးပြု၍ သူ့နေရာသို့ ပြန်သွားကာ အပေါ်ဆုံးမှစာအုပ်ကို ကောက်ယူလိုက်ပြန်သည်။

....ကောင်းပြီလေ အဲဒီအစား အလွတ်ကျက်ကြည့်ရအောင်

_____________________
 






[ ငါ့ရဲ႕အဂၤလိပ္စာအဆင့္ေတြကို ငါ နင့္ဆီ ေရာင္းေပးလို႔ရတယ္
ေမတၱာလက္ေဆာင္ကေတာ့ ငါပဲ.. နင္ လိုခ်င္ရဲ႕လား ]

      < နတ္မိမယ္ေလးစူးက်ိဳက္က်ိဳက္ရဲ႕ဒိုင္ယာရီ >

တစ္ညအၾကာတြင္ သူမ၏စိတ္ဝိညာဥ္ကို ျပန္လည္ရရွိခဲ့သည္။ ေနာက္ဆုံးေတာ့ သူမဟာ ျပႆနာေတြကို တဝဲလည္လည္ ေတြးေနတတ္တဲ့သူမဟုတ္ေလဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဘာေတြပဲျဖစ္ေနပါေစ သူမက အရင္ ပေရာပရည္လုပ္ၿပီး ေနာက္မွပဲ စိတ္ပူစရာရွိတာပူေတာ့မယ္။

သူမ၏စိတ္ထဲတြင္ စူးက်ိဳက္က်ိဳက္သည္ က်န္းလုရန့္အနားတြင္ ရွိေနသည့္အခ်ိန္တိုင္း သူမ၏တည္ရွိမႈကို မၾကာခဏဆိုသလို သိေစခဲ့သည္။ ေန႕လယ္စာစားၿပီးေနာက္ သူမ က်န္းက်ားကို ႏႈတ္ဆက္ၿပီး စာသင္ခန္းသို႔ ျပန္သြားခဲ့သည္။

အခ်ိန္ကိုခန႔္မွန္းၿပီးေနာက္ စူးက်ိဳက္က်ိဳက္သည္ ဆယ့္ငါးမိနစ္ခန႔္ အိမ္စာလုပ္ၿပီးေနာက္ က်န္တစ္ေနကုန္ အိမ္စာမ်ားကို ယူကာ စာၾကည့္တိုက္သို႔ တန္းတန္းမတ္မတ္သြားခဲ့သည္။

အရင္တစ္ေခါက္က ေနရာကို ရွာေတြ႕ၿပီးေနာက္တြင္ ေခါင္းငုံ႕ကာ အိမ္စာလုပ္ေနေသာ က်န္းလုရန့္ကို ခ်က္ခ်င္းေတြ႕လိုက္ရသည္။ သူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနသူတစ္ေယာက္ေတာင္ ရွိေနပါေသး၏။ ထို႔ေၾကာင့္ စူးက်ိဳက္က်ိဳက္က သူ႕ေဘးနားတြင္ အလြယ္တကူ ဝင္ထိုင္လိုက္ပါသည္။

က်န္းလုရန့္၏မ်က္ခြံမ်ားပင္ မလႈပ္မရွား...

သူက သူ႕ေဘးမွာထိုင္ေနတဲ့သူကို လုံးဝဂ႐ုမစိုက္သလို အာ႐ုံလည္းမပ်ံ့လြင့္သြားခဲ့ဘူး။

စူးက်ိဳက္က်ိဳက္ သူ႕ရဲ႕ေလ့က်င့္ခန္းစာအုပ္ကို တစ္ခ်က္ၾကည့္လိုက္သည္။ အဂၤလိပ္စာကြက္လပ္ျဖည့္...

သူမ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္ေနၿပီး သူ႕ကို အာ႐ုံမစိုက္ေတာ့ဘဲ ေလ့က်င့္ခန္းစာအုပ္ထဲမွ ဓာတုေဗဒေဖာ္ျမဴလာေတြကို ၾကည့္ဖို႔ ေခါင္းလွည့္လိုက္ေတာ့ ေၾကကြဲလုမတတ္ စိတ္တိုလာရသည္။ သူမက အဂၤလိပ္စာ အလြန္ကြၽမ္းက်င္ပါလ်က္နဲ႕ ဤစာလုံးေပါင္းမ်ားကို အဘယ္ေၾကာင့္ သူမ မမွတ္မိနိုင္ရသနည္း။

ေမးခြန္း ၃ : တူညီေသာ အီလက္ထ႐ြန္မ်ား သို႔မဟုတ္ တူညီေသာ အီလက္ထ႐ြန္နစ္ဖြဲ႕စည္းပုံပါရွိေသာ ေမာ္လီက်ဴးမ်ားသည္ isoelectronic ျဖစ္သည္။ ေအာက္ေဖာ္ျပပါ ေမာ္လီက်ဴးမ်ားထဲမွ မည္သည့္အရာသည္ isoelectronic မဟုတ္ပါသနည္း...

စူးက်ိဳက္က်ိဳက္သည္ ထပ္မညည္းၫူေတာ့ရန္ ဆုံးျဖတ္လိုက္ၿပီး ဆယ္မိနစ္ေက်ာ္ၾကာေအာင္ သူမ၏အၾကမ္းစာ႐ြက္တြင္ ေရးျခစ္ရန္ ေဘာပင္ကို ေကာက္ကိုင္လိုက္သည္။

အဂၤလိပ္စာ၏ ႏွိပ္စက္ညွဥ္းပန္းျခင္းကို ခံေနရေသာ က်န္းလုရန့္မွာ နားမလည္နိုင္စြာ အာ႐ုံေျပာင္းသြားခဲ့သည္။ သူ႕ေဘးနားကလူမွာ သူမလက္ေခ်ာင္းမ်ားကို ခ်ိဳး၍ တစ္ခုခ်င္းစီ တိုးတိုးေလးေရ႐ြတ္ေနသည္ကို နားေထာင္ေနေလသည္။

"ဟိုက္ဒရိုဂ်င္၊ ဟီလီယမ္၊ လီသီယမ္၊ လီသီယမ္၊ ဘယ္ရီလီယမ္၊ ဘို႐ြန္၊ ကာဗြန္၊ နိုက္ထရိုဂ်င္၊ ေအာက္ဆီဂ်င္၊ ဖလိုရင္း၊ နီယြန္၊ ဆိုဒီယမ္... ဆိုဒီယမ္.. မဟုတ္ဘူး မွားေနၿပီ မဂၢနီဆီယမ္ အလူမီနီယံ၊ ဆိုဒီယမ္၊ ဆီလီကြန္၊ ေဖာ့စဖရပ္စ္၊ ဆိုဒီယမ္; ဆယ့္သုံး"

က်န္းလုရန့္ : "......"

သူမက အေျဖကို ရွာေတြ႕သြားေသာအခါတြင္ သူမ၏စိတ္အေျခေနမွာ လြတ္ေျမာက္သြားသလိုပင္ ၊ ခက္ခဲတဲ့ျပႆနာကို ေျဖရွင္းရတာ အရမ္းအက်ိဳးရွိတယ္။

သူမ စိတ္ေလွ်ာ့လိုက္သည္ႏွင့္ စူးက်ိဳက္က်ိဳက္မွာ က်န္းလုရန့္၏အၾကည့္ကို ခ်က္ခ်င္း သတိျပဳမိသြားသည္။ သူ႕အၾကည့္ေတြက ထူးဆန္းၿပီး နားမလည္နိုင္တဲ့ ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ထုတ္ျပထားပါ၏။

စူးက်ိဳက္က်ိဳက္မွာမူ သူစိုက္ၾကည့္တာ ခံေနရသည့္အတြက္ အနည္းငယ္ ရွက္သြားၿပီး သူမမ်က္လုံးေတြကို အလ်င္အျမန္ ေအာက္ငုံ႕လိုက္ေလသည္။ သူ အၾကည့္လႊဲသြားသည့္အခါမွ သူမ သက္ျပင္းတစ္ခ်က္ခ်လိဳက္မိသည္။ ထို႔ေနာက္ သူမ သူ႕ရဲ႕ေလ့က်င့္ခန္းစာအုပ္ကို ေသေသခ်ာခ်ာ ၾကည့္လိုက္၏။

သူက ကြက္လပ္ျဖည့္ကိုပဲ လုပ္ေနေသးဆဲ ၊ ၿပီးေတာ့ သူမ အရင္က ဒါကိုလုပ္ဖူးပုံရတယ္။ စူးက်ိဳက္က်ိဳက္ အဲဒါကို စိတ္ဝင္တစားၾကည့္ေနရာ အေျဖကိုေတြးၿပီး ေျပာဖို႔ တုံ႕ဆိုင္းေနေလသည္။

မၾကာမီပင္ သူမအၾကည့္ေတြကို ဖယ္လိုက္ၿပီး ေနာက္ထပ္ ဆယ္မိနစ္ေလာက္ စာေရးေနလိုက္သည္။ သူမ ေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ သူက ေမးခြန္းအတူတူကိုပဲ လုပ္ေနေသးတာကို ေတြ႕လိုက္ရေသာ္ သူမ အရမ္းစိုးရိမ္ၿပီး သူ႕ကို ကူလုပ္ေပးခ်င္ေနခဲ့၏။

ေနာက္ထပ္ဆယ္မိနစ္အၾကာတြင္ က်န္းလုရန့္က ကြက္လပ္ျဖည့္သဒၵါကို စတင္လိုက္သည္ကို သူမ သတိျပဳမိေသာအခါ နားမလည္နိုင္စြာျဖင့္ သူမ ပိုၿပီး အသက္ရႈေခ်ာင္လာခဲ့သည္။

၆:၂၀ တြင္ က်န္းလုရန့္သည္ ပထမအႀကိမ္ ဖတ္ရႈနားလည္မႈေလ့က်င့္ခန္းအတြက္ ေနာက္ဆုံးအေျဖကိုေရးၿပီးေနာက္ သူ၏ပစၥည္းမ်ားကို သိမ္းဆည္းၿပီး ထြက္သြားေလသည္။

စူးက်ိဳက္က်ိဳက္က သူမပစၥည္းေတြကို ေက်ာင္းလြယ္အိတ္ထဲ ကမန္းကတန္း ထည့္ၿပီး အလ်င္စလို လိုက္သြားသည္။ စာၾကည့္တိုက္ထဲမွ ထြက္လာၿပီးေနာက္ သူမ သူ႕ေဘးမွာ ရပ္လိုက္ၿပီး သူ႕အား အသံတိုးတိုးေလးျဖင့္ မေနနိုင္ဘဲ သတိေပးလိုက္မိ၏။

"နင္ နားလည္မႈဆိုင္ရာ ကြက္လပ္ျဖည့္တာ အရမ္းေႏွးလြန္းတယ္ နင္ အဲဒါကို နာရီဝက္နီးပါးေလာက္ လုပ္ခဲ့တာ အခ်ိန္ေတြ အမ်ားႀကီး ျဖဳန္းလိုက္တာပဲ"

အဂၤလိပ္စာႏွင့္ပတ္သတ္လာလွ်င္ က်န္းလုရန့္မွာ ေတာ္ေတာ္ေလး စိတ္ဆိုးသြားခဲ့၏။ သူ ခဏေလာက္ ႏႈတ္ဆိတ္ေနၿပီးမွ မၾကည္မလင္ ေလသံျဖင့္ ေျပာလာသည္။

"ငါ အဲဒါကို နားမလည္ရင္ တျခားေမးခြန္းေတြကို မကူးေျပာင္းလိုက္ခ်င္ဘူး"

ဒါကိုၾကားေတာ့ စူးက်ိဳက္က်ိဳက္ အနည္းငယ္ ထိတ္လန႔္သြားၿပီး

"နင္ အဲဒါကို နားလည္ၿပီလား"

"....."

သို႔ေသာ္လည္း သူ နားမလည္ျခင္းျဖင့္သာ အဆုံးသတ္သြားခဲ့သည္။

"နင့္မွာ ေမးခြန္းသုံးခုပဲ ရွိတာမဟုတ္လား? နင္ တကယ္နားလည္မွာေသခ်ာလား!"

"....."

သူ႕မ်က္ႏွာမွာ အရွက္ရစရာ မလိုပါဘူး။

သူ႕ေဘးနားက စူးက်ိဳက္က်ိဳက္မွာ သူ႕ကို ပ်စ္ပ်စ္ႏွစ္ႏွစ္ ေဝဖန္ေနၿမဲျဖစ္ရာ ပထမဆုံးအႀကိမ္အျဖစ္ က်န္းလုရန့္ စိတ္ရႈပ္သြားရၿပီး ေလးေလးနက္နက္ ေလသံျဖင့္ ေျပာလာသည္။

"မင္းမွာလဲ ဓာတုေဗဒ အေျဖမွန္ေ႐ြးတဲ့ေမးခြန္း သုံးခုပဲ ရွိတာမဟုတ္လား.. ေနာက္ၿပီး မင္း အဲဒီေမးခြန္းေတြကို ၁၅ မိနစ္ေလာက္ စဥ္းစားၿပီးတာေတာင္ မွားေနတုန္းပဲေလ"

သူက ဤကဲ့သို႔ ရွည္လ်ားေသာစကားအား ေျပာလိုက္ျခင္းကို သူမ ပထမဆုံးအႀကိမ္ ၾကားလိုက္ျခင္းမွာ စူးက်ိဳက္က်ိဳက္ အနည္းငယ္ မွင္တက္သြားၿပီး သူမကိုယ္သူမ ခုခံေျပာဆိုခဲ့သည္။

"ဒါက ငါ အတန္းထဲမွာ နားမေထာင္လို႔ပါ"

အဂၤလိပ္စာအတန္းတိုင္းကို ဂ႐ုတစိုက္နားေထာင္ခဲ့သည့္တိုင္ စာေမးပြဲမွာ အမွတ္ ၃၀ ရေနဆဲျဖစ္ေသာ က်န္းလုရန့္မွာ ႏႈတ္ဆိတ္သြားေလသည္။ စူးက်ိဳက္က်ိဳက္ ခ်က္ခ်င္း သေဘာေပါက္သြားၿပီး သူမစကားေတြကို အတင္းအက်ပ္ ညွိယူလိုက္သည္။

"အဟမ္း အဟြတ္ ဒီလိုေမးခြန္းမ်ိဳး အရင္က မလုပ္ဖူးတာေၾကာင့္ပါ ငါ တစ္ခါလုပ္ၿပီးရင္ ေနာက္တစ္ခါက်ရင္ အေျဖမွန္ရသြားလိမ့္မယ္"

က်န္းလုရန့္ တိတ္ဆိတ္ေနခဲ့သည္။

စူးက်ိဳက္က်ိဳက္ ေခါင္းကုတ္လ်က္ စကားေျပာတာကို ဆက္လက္ထိန္းသိမ္းရန္ ဂ႐ုဏာသံေလးျဖင့္

"ငါ အတန္းတိုင္းကို ေသေသခ်ာခ်ာ ဂ႐ုတစိုက္ နားေထာင္ပါတယ္ ဒါေပမဲ့ နားမလည္နိုင္ခဲ့ပါဘူး ေၾသာ္ ငါ အရမ္းစိတ္မေကာင္းျဖစ္ရပါတယ္"

သူမသည္ အတန္းထဲတြင္ နားမေထာင္ေသာ ေက်ာင္းသားမ်ိဳးမဟုတ္သည္မွာ အေသအခ်ာပါပဲ ၊ သူမက အရမ္းစိတ္အားထက္သန္ပါတယ္ေနာ္!

က်န္းလုရန့္က ဆက္ေျပာလိုစိတ္မရွိတာကို ေတြ႕လိုက္ရေတာ့ စူးက်ိဳက္က်ိဳက္လည္း စကားမေျပာေတာ့ဘူး။

စၾကၤံသည္ အလြန္တိတ္ဆိတ္ေနၿပီး ေလခြၽန္သံ၊ ဖိနပ္သံမ်ား၊ ႏွစ္ေယာက္စလုံး၏ အသက္ရႈသံမ်ားႏွင့္ စူးက်ိဳက္က်ိဳက္၏... ခုန္ေနေသာ ႏွလုံးခုန္သံမ်ား ဝန္းရံထားေလသည္။

ႏွစ္ေယာက္သား တတိယထပ္ကို အျမန္ေရာက္သြားၾကသည္။

က်န္းလုရန့္က တိတ္ဆိတ္ၿငိမ္သက္စြာျဖင့္ သူ႕စာသင္ခန္းဆီသို႔ ေလွ်ာက္သြားခဲ့သည္။

"က်န္းလုရန့္"

စူးက်ိဳက္က်ိဳက္မွာ ေလွကားထစ္တြင္ ရပ္ေနၿပီး စြမ္းအင္ေခြၽတာေရး မီးအိမ္၏ မွိန္မွိန္ေလးသည္ သူမခႏၶာကိုယ္ေပၚ ထြန္းေတာက္လာကာ သူမ၏မ်က္ႏွာကို ပိုမိုေတာက္ပလာေစသည္။

သူက ပ်င္းရိပ်င္းတြဲ မ်က္ႏွာထားျဖင့္ ေခါင္းလွည့္ၾကည့္လာရင္း သူမစကားမ်ားကို တိတ္တဆိတ္ ေစာင့္ဆိုင္းေနသည္။

ေကာင္းကင္ယံသည္ ပို၍ေမွာင္လာကာ ျမဴမ်ား ဖုံးလႊမ္းေနသကဲ့သို႔ ညသည္ ပို၍နက္လာသည္။ စူးက်ိဳက္က်ိဳက္က ေနာက္ေျပာင္ေနတာကို ရပ္လိုက္ၿပီး ႏူးညံ့သိမ္ေမြ႕ေသာ ေလသံေလးျဖင့္ သတိေပးလာပါ၏။

"ေမးခြန္းေတြကို ေျပလည္ေအာင္ မေျဖရွင္းနဲ႕၊ စကားလုံးေတြကို မွန္မွန္ကန္ကန္ က်က္မွတ္တာက ပိုအသုံးဝင္တယ္"

***

"အမ္? ဒီေတာ့ နင္က ထိပ္တန္းေက်ာင္းသားကို စာက်က္နည္း သင္ေပးခဲ့တာလား"

စူးက်ိဳက္က်ိဳက္သည္ သူမ၏စကားေၾကာင့္ ဆို႔နင့္သြားၿပီး ခြန္းတုံ႕ျပန္ေလ၏။

"သူက အဂၤလိပ္စာမွာ လုံးဝမေတာ္ဘူးေလ ဟုတ္တယ္မလား"

"ဒါေပမဲ့ ေနာက္ဆုံး လပတ္စာေမးပြဲအၿပီးမွာ သူက ငါတို႔အဆင့္ေတြထဲမွာ ထိပ္တန္း ၅၀ ျဖစ္ေနတုန္းပဲေလ အဲဒီမွာ သူ႕ရဲ႕အဂၤလိပ္စာရမွတ္ေတြလဲ ပါတာပဲ"

"......"

စူးက်ိဳက္က်ိဳက္ မျငင္းပယ္နိုင္ေလဘူး။ သူမ ခဏေလာက္ေတြးၿပီး ေလးေလးနက္နက္ ျပန္ေျဖလာ၏။

"ဘာပဲျဖစ္ျဖစ္ သူက စကားလုံးေတြကို ေသခ်ာမက်က္ဘူး အဲဒီကြက္လပ္ျဖည့္တာအတြက္က စကားလုံးနည္းနည္းေလးပဲရွိတာ အားလုံးကို ပထမယူနစ္မွာ သင္ထားၿပီးသား.. သူက နားမလည္နိုင္ေသးဘူး"

"ထိပ္တန္းေက်ာင္းသားေတြေတာင္မွ သူတို႔အခက္အခဲေတြရွိတာပဲ"

က်န္းက်ား သက္ျပင္းခ်လိဳက္သည္။

"တကယ္ေတာ့ သူ႕ကို ဒီလိုသတိေပးတာက ရယ္စရာေကာင္းတယ္ဆိုတာ ငါသိပါတယ္"

စူးက်ိဳက္က်ိဳက္သည္ ဓာတုေဗဒ သင္ရိုးၫႊန္းတမ္းစာအုပ္ကို လွန္ေလွာၾကည့္ရင္း

"ဒါေပမဲ့ သူက အဂၤလိပ္စာေၾကာင့္ ေတာ္ေတာ္အခက္အခဲျဖစ္ေနတဲ့ပုံရတယ္"

"အဆုံးမွာေတာ့ သူ႕သူငယ္ခ်င္းေတြအကုန္လုံး အဲဒီမွာရွိေနတာပါပဲေလ သူသာ ထိပ္တန္းအတန္းကေန ခြဲျခားသြားမယ္ဆိုရင္ လူေတြကို ျပန္ၿပီး သိလာရလိမ့္မယ္"

ဪ အဲ့လိုလား?

စူးက်ိဳက္က်ိဳက္ ဒါကို စိတ္မပူေတာ့ဘူး။ သူမက ေမးခြန္းကို လက္ညွိုးထိုးျပၿပီး ေမး၏။

"ဒီေမးခြန္းမွာ ငါဘာမွားခဲ့တာလဲဆိုတာကို နင္ ကူညီေပးနိုင္မလား"

က်န္းက်ားသည္ သူမ၏ခဲတံကို ႏွိပ္လိုက္ၿပီး အၾကမ္းစာ႐ြက္ကိုထုတ္ သူမအား ရွင္းျပလိုက္သည္။ ပို႔ခ်ခ်က္အၿပီးတြင္ သူမသည္ ႐ုတ္တရက္ အနည္းငယ္ ထူးဆန္းသလို ခံစားလိုက္ရကာ

"ေဟး နင္ ဓာတုေဗဒေမးခြန္းကို တကယ္ေမးတာလား နင္ ဓာတုေဗဒနဲ႕ လမ္းခြဲခ်င္တယ္လို႔ မေျပာခဲ့ဘူးလား"

"ငါတို႔ ျပန္သင့္ျမတ္သြားၿပီ"

စူးက်ိဳက္က်ိဳက္ သူမေမးဖ်ားေလးကို ကိုင္လ်က္ အနည္းငယ္ စိတ္ဓာတ္က်သြားကာ

"အာ ဆိုဒီယမ္၊ မဂၢနီဆီယမ္၊ အလူမီနီယံ... ငါ ဘာလို႔ အဲဒါေတြကို အၿမဲတမ္း ေနာက္ျပန္က်က္ေနရတာလဲ"

သူ သူမဆိုတာကို မၾကားသြားေလာက္ပါဘူးေနာ္...

ရွက္စရာေကာင္းလိုက္တာ...

***

ေနာက္ဆုံးညစာၾကည့္ခ်ိန္အတန္း ၿပီးသြားၿပီးေနာက္ က်န္းလုရန့္သည္ အဂၤလိပ္အေျဖမ်ားကို ထုတ္ႏႈတ္ၿပီး ကြက္လပ္ျဖည့္ထားေသာ အေျဖမ်ားကို စစ္ေဆးခဲ့သည္။ ထင္တဲ့အတိုင္းပဲ သူ႕မွာ ေမးခြန္းသုံးခုပဲ အေျဖမွန္တယ္ ၊ သူ သဒၵါေမးခြန္း ႏွစ္ခုသာ မွန္ကန္ခဲ့ၿပီး သူ၏ဖတ္ရႈနားလည္မႈမွာ အံ့ဩစရာေကာင္းေအာင္ အကုန္လုံးမွန္ေနသည္။
   
အဲဒါက သူ႕ကို ခ်က္ခ်င္းဆိုသလို ပိုေကာင္းလာေစပါတယ္။

ဒါေပမဲ့ သူက ခြဲျခမ္းစိတ္ျဖာခ်က္ကို မဖတ္ခ်င္ေသးတဲ့အတြက္ တစ္ခ်က္ၾကည့္လိုက္ၿပီး အေျဖကို အံဆြဲထဲကို ျပန္ထည့္လိုက္သည္။

ယဲ့က်န္းရွင္း မတ္တပ္ထရပ္ၿပီး သူမေက်ာပိုးအိတ္ကို လြယ္ကာ တစ္ျပင္လုံးျပည့္ႏွက္ေနေသာ သူ႕ရဲ႕ေလ့က်င့္ခန္းစာအုပ္ကိုျမင္ေသာ္ မေနနိုင္ဘဲ ေမးလိုက္မိသည္။

"နင္ အမွားေတြ အမ်ားႀကီး ထပ္လုပ္မိျပန္ၿပီလား?"

က်န္းလုရန့္က ျပန္မေျဖ ၊ သူမ ခဏေလာက္စဥ္းစားၿပီးေနာက္ ျပန္ထိုင္ကာ သူ႕ကို ေဘးေစာင္းၾကည့္ရင္း

"နင္ ငါ့ကို သင္ေပးေစခ်င္လား"

"မလိုဘူး"

သူ၏ျပတ္ျပတ္သားသား အေျဖေၾကာင့္ ယဲ့က်န္းရွင္း အနည္းငယ္ ရွက္႐ြံ႕သြားေသာ္လည္း သူမက ဘာမွမေျပာခဲ့။

"အာ ဒါဆို စိတ္ဓာတ္မက်ပါနဲ႕ ေမးခြန္းေတြကို မွန္မွန္ကန္ကန္လုပ္ နင့္အဆင့္ေတြ တိုးတက္လာမွာ ေသခ်ာပါတယ္"

"အင္း"

က်န္းလုရန့္ ေလ့က်င့္ခန္းစာအုပ္ကိုပိတ္ၿပီး အံဆြဲထဲတြင္ ထည့္လိုက္သည္။ သူ႕ကို ဒီလိုမ်ိဳးျမင္ေတာ့ ယဲ့က်န္းရွင္းလည္း အနည္းငယ္ၿငီးေငြ႕သြားသလို ခံစားလိုက္ရၿပီး သူ႕ကို ႏႈတ္ဆက္ကာ ထြက္လာခဲ့သည္။

က်န္းလုရန့္သည္ သူ၏သခၤ်ာစာအုပ္မ်ားကို ထုတ္ကာ စမ္းၾကည့္သည္။ curfew* ခ်ိန္ေရာက္ခါနီးမွ သူ႕ပစၥည္းေတြကို သိမ္းဆည္းၿပီး အိပ္ေဆာင္ကို ျပန္သြားခဲ့သည္။

( * သတ္မွတ္ခ်ိန္အတြင္းအျပင္မထြက္ရအမိန့္ )

သူလိုအပ္ေသာ စာအုပ္မ်ားကို စားပြဲ သို႔မဟုတ္ အံဆြဲထဲမွ ဆြဲထုတ္လိုက္သည္။

ေနာက္ဆုံးေတာ့ English Compulsory One စာအုပ္ေပၚတြင္ သူ႕မ်က္လုံးေတြက ရပ္တန့္သြားၿပီး ေကာက္ကိုင္လိုက္သည္။ စူးက်ိဳက္က်ိဳက္၏စကားမ်ားမွာ ယခုမွပင္ သူ႕စိတ္ထဲတြင္ ထြက္ေပၚလာသည္။

[ ေမးခြန္းေတြကို ေျပလည္ေအာင္ မေျဖရွင္းနဲ႕၊ စကားလုံးေတြကို မွန္မွန္ကန္ကန္ က်က္မွတ္တာက ပိုအသုံးဝင္တယ္ ]

သူ သိပ္ဂ႐ုမစိုက္ဘဲ စာအုပ္ကို စားပြဲေပၚရွိ စာအုပ္အပုံလိုက္ႀကီးေပၚသို႔ ေပါ့ေပါ့တန္တန္ ျပန္လႊင့္ပစ္လိုက္သည္။ ထို႔ေနာက္ တံခါးနားသို႔ ေလွ်ာက္သြားၿပီး မီးခလုတ္ကို ပိတ္လိုက္သည္။

အေရွ႕တံခါးမွ ထြက္လာၿပီး တံခါးကိုပိတ္ကာ အေနာက္တံခါးဆီသို႔ ေလွ်ာက္သြားသည္။ သူ တံခါးကိုပိတ္ေနရင္း ေခတၱရပ္လိုက္သည္။ က်န္းလုရန့္သည္ ယေန႕တြင္ periodic table ကို အလြတ္က်က္ၿပီးသည့္ေနာက္ စူးက်ိဳက္က်ိဳက္၏အမူအရာကို ထူးထူးျခားျခား မွတ္မိေနပါသည္။

... သူ အဂၤလိပ္စာေမးခြန္းေတြ လုပ္ေနခ်ိန္မွာ တျခားသူေတြကလည္း သူ႕ကို အဲဒီလိုမ်ိဳး ျမင္ေနေလာက္မလား?

မျဖစ္နိုင္ဘူး...

က်န္းလုရန့္ သူ႕ဆံပင္ေတြကို ကုတ္လိုက္ၿပီး အဲဒီမွာ ခဏၾကာေအာင္ ရပ္ေနခဲ့သည္။ အဆုံးတြင္ သူသည္ စာသင္ခန္းကို အလင္းေရာင္ေပးထားေသာ စၾကၤံမွအလင္းေရာင္ကို အသုံးျပဳ၍ သူ႕ေနရာသို႔ ျပန္သြားကာ အေပၚဆုံးမွစာအုပ္ကို ေကာက္ယူလိုက္ျပန္သည္။

....ေကာင္းၿပီေလ အဲဒီအစား အလြတ္က်က္ၾကည့္ရေအာင္

_____________________
 

Continue Reading

You'll Also Like

156K 2.1K 18
When a Slytherin and Hufflepuff becomes a 'couple' it shocks everyone. It become the gossip of the school. The heir of Slytherin has fallen For a Huf...
849K 70.6K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
2.9M 83.1K 25
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...