သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65.5K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-147/148

370 25 0
By Miracle_Phyu97

လင်းဖန် 147+148

အခန်း(၁၄၇) ရုပ်သံစီးရီးရိုက်ကူးမှု ပြီးဆုံးသွားပြီ၊ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် စီအီးအိုလီ မှင်သက်သွားခြင်း

ဆယ်မိနစ်ကြာသောအခါ မိုးကြိုးပစ်သံလို ကျယ်လောင်သည့် လက်ခုပ်သြဘာသံများ ထွက်ပေါ်လာပါသည်။

လက်ထောက်ဒါရိုက်တာ လုပမ်ခိုင်းနဲ့ ဝမ်ထမ်းအားလုံးလည်း ပါဝင်သည်။

စုရှောင်းယွီကလည်း ငိုနေပြီး ရိုက်ကူးရေးပြီးဆုံးမှုကို လာကြည့်သည့် စီအီးအိုလီတောင် ပါဝင်နေပါသေးသည်။

လင်းကျင်းကျင်းနှင့် ရှုယန်တို့က လက်ခုပ်များ ဆက်တီးကြဆဲဖြစ်သည်။

လင်းဖန်လည်း ရှားဝမ်ချွေ့ကို ထူပေးလိုက်၏။ ဇာတ်ဝင်ခန်းအားလုံးအဆုံးသတ်သွားပါပြီ.

မျက်နှာနီနေသည့် ရှားဝမ်ချွေ့ကိုကြည့်ရင်း သူမကို အခွင့်အရေး ထပ်ယူလိုက်မိတာ လင်းဖန် သတိထားမိသွားပါသည်။

"မိန်းမ ငါတောင်းပန်ပါတယ်။ ငါနင့်ကို အနိုင်ကျင့်လိုက်မိပြန်ပြီ" လင်းဖန််က နူးညံ့စွာ ပြောလိုက်ပါသည်။

"ဘယ်သူက နင့်မိန်းမလဲ။ အရှက်လည်း မရှိဘူး။" ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲနေပါသည်။ သူမ၏ လက်ချောင်းလေးများကို အနည်းငယ် ကွေးပြလိုက်သည်။ သို့သော် သူမ ပျော်ရွှင်နေပါသည်။ အမှန်ပင်။ သူမ အနည်းငယ်လည်း စိတ်ပျက်မိပါသည်။

သူမနှင့် လင်းဖန်တို့ နောာက်ထပ် ရုပ်သံဒရမ်မာ တစ်ခုရိုက်ကူးပြီးကြပြန်ပြီ။

ဒီရုပ်သံဒရမ်မာထဲတွင် သူမက သူ့မိန်းမ ဖြစ်သည်။ ကြမ္မာဆိုး ဖြစ်သော်လည်း ဒီရုပ်သံဒရမ်မာကို ရိုက်ကူးနေစဥ် သူမ အလွန်ပျော်ရွှင်ပါသည်။

စီအီးအိုလီကကော ဘယ်လိုလူမျိုးလဲ။ ဒိနေ့ ရုပ်သံစီးရီး ရိုက်ကူးရေး ပြီးတော့မှာကို သိသဖြင့် နောက်ဆုံး ဇာတ်ဝင်ခန်းများကို ကြည့်ရှုဖို့ အထူးတလည် လာခဲ့ခြင်း ဖြစ်ပါသည်။

စီအီးအိုလီ၏ မျက်လုံးများပင် စိုစွတ်နေပါသည်။

အရင်တုန်းက ရိုက်ကူးရေးလုပ်ငန်းများကို တစ်ခါမှ လာမကြည့်ဖူးပါ။ ယခုတော့ ရောက်ဖူးပြီ ဖြစ်ကာ သက်ပြင်းချလိုက်မိပါသည်။

သူတို့၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းမွန်လွန်းသည်။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ သရုပ်ဆောင်စွမ်းရည်များကော လင်းကျင်းကျင်းနဲ့ ရှုယန််တို့၏ ဇာတ်ဝင်ခန်းများကါ အားလုံးပြီးပြည့်စုံလှပါသည်။

နောက်ခံတီးလုံး မပါဝင်ဘဲနဲ့တောင် ဒီလိုအာနိသင်မျိုး ရနိုင်သည်။

နောက်ခံတီးလုံးသား ထည့်လိုက်ပါက ဒီရုပ်သံဒရမ်မာက ပို၍ပင် ဝမ်းနည်းဖို့ ကောင်းသွားနိုင်ပါသည်။

ကြမ္မာဆိုးသည့် ဇာတ်သိမ်းက ရုပ်သံဒရမ်မာကို ပို၍ပင် ပြီးပြည့်စုံသွားစေသည်။ ဝန်ထမ်းအားလုံး၏ ရင်ထဲမှာလည်း စွဲမြဲသွားခဲ့သည်။

"ကောင်းလိုက်တဲ့ သရုပ်ဆောင်စကေးတွေ"

"ယွဲ့ဟွာမှာ ဒီလိုသရုပ်ဆောင်ကောင်းတွေ ရှိနေတာ တကယ်ဝမ်းသာတယ်ကွာ" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။ အားလုံးကို သဘောကျစွာဖြင့် ကြည့်လိုက်၏။

သရုပ်ဆောင်များက သရုပ်ဆောင်စွမ်းရည် ကောင်းမွန်ပြီး အလွန်အလုပ်ကြိုးစားကြသည်။ သူတို့ပေးသည့် ခံစားချက်တစ်ခုတည်းနဲ့ စီအီးအိုလီက သာမန်ထက် ပိုသည်ဟု ယုံကြည်သွားပါသည်။

စီအီးအိုလီ၏ အားကောင်းသော ထောက်ပံ့မှု မရှိရင်လည်း သူတို့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရုပ်သံဒရမ်မာကို ရိုက်ကူးနိုင်မှာ မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲက ဖျော်ဖြေရေး ကုမ္ပဏီအားလုံးက လင်းဖန်၏ ဇာတ်ညွှန်းကို ငြင်းဆန်ခဲ့ကြသည်။ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"က ရိုက်ကူးဖို့ မတန်ဘူးဟု သူတို့ ခံစားမိကြပါသည်။

စီအီးအိုလီတစ်ယောက်တည်းသာ လင်းဖန်ကို အားပေးခဲ့သည်။

ယခု ရုပ်သံဒရမ်မာကို ရိုက်ကူးပြီးပြီ ဖြစ်သဖြင့် လင်းဖန်ကို ယုံကြည်တာ တကယ်ပဲ မှန်ကန်သည်ဟု ခံစားမိပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရုပ်သံစီးရီးက တကယ်ပဲ ရေပန်းစားလာနိုင်သည်။

ဟွဲစဲပစ်ချား၏ "ကြယ်ဥယျာဥ်" ကို ယှဥ်နိုင်ဖို့ကတော့ ရိုးရိုးသားသား ပြောရလျှင် စီအီးအိုလီလည်း ယုံကြည်ချက် သိပ်မရှိပါ။

ဘာပဲဖြစ်ဖြစ် "ကြယ်ဥယျာဥ်" ကဲ့သို့ ဘဝသရုပ််ဖော် ဒရမ်မာများက စျေးကွက်နဲ့ ပိုပြီး ကိုက်ညီမှု ရှိသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ကဲ့သို့သော ရှန်းရှဒရမ်မာက ပြည်တွင်းရှန်းရှရုပ်သံဒရမ်မာလောကတွင် ပထမဆုံးဖြစ်ကာ အလွန်ရက်စက်ပါသည်။

ဒီလိုရုပ်သံဒရမ်မာမျိုးကို ပရိတ်သတ်က သဘောကျမလား ဆိုတာကိုတော့ စီအီးအိုလီလည်း အတပ်မပြောနိုင်ပါ။

သို့သော်လည်း ဒီရုပ်သံဒရမ်မာက စိတ်ဝင်စားဖို့ ကောင်းတာကိုတော့ သံသယဖြစ်စရာမလိုပါ။

ဝန်ထမ်းတချို့က မျက်ရည်များကို တိုးတိုးတိတ်တိတ် သုတ်နေကြသည်။

တချို့၏ မျက်လုံးများကတော့ နီရဲနေဆဲ ဖြစ်သည်။

"ဒီရုပ်သံဒရမ်မာက အရမ်းကောင်းတာပဲ။ ငါငိုတောင် ငိုနေပြီ။ ဇာတ်လမ်းကလည်း အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ ခေါင်းဆောင်မင်းသမီးကို မသေစေချင်ဘူး။ ဇာတ်သိမ်းက ပျော်စရာဇာတ်သိမ်းဖြစ်ရင် သိပ်ကောင်းမှာပဲ။"

"ငါငိုနေပြီ အကျင့်မကောင်းတဲ့လင်းဖန် ဘယ်လို ဇာတ်ညွှန်းမျိုးကို ရေးထားတာလဲ။ ငါ့ကို ငိုအောင် လုပ်တယ်။"

"သူတို့သရုပ်ဆောင်စကေးတွေက အရမ်း ဝမ်းနည်းဖို့ ကောင်းတာပဲ။ အရမ်း အထင်ကြီးသွားပြီ။"

"ငါ ခုနက တကယ်ငိုနေတာ။ သရုပ်ဆောင်စွမ်းရည်တွေနဲ့ မျက်နှာအနေအထားတွေကြောင့် ကမ္ဘာကြီး ပြိုတော့မလိုပဲ။ ငါ့အချစ်ဆုံးလူကိုပါ ဆုံးရှုံးလိုက်ရသလို ခံစားရစေတယ်။”

"တော်လိုက်တာ။ နောက်ဆုံးဇာတ်ဝင်ခန်းမှာ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတာပဲ။ သရုပ်ဆောင် အတွေ့အကြုံ အနည်းဆုံး ၁၀ နှစ်လောက် မရှိရင် ဒီလောက် ကောင်းအောင် သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။"

"နာကျင်မှု၊ ဝမ်းနည်းမှု၊ စိတ်ပျက်အားငယ်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှု၊ ငါသာဆိုရင် အဲ့လို စိတ်ခံစားချက်တွေကို ဘယ်လိုထုတ်ပြရမှန်း သိမှာ မဟုတ်ဘူး။ အစ်ကိုဖန်က သရုပ်ဆောင်တဲ့ နေရာမှာ တကယ်ဈာန်ဝင်နေတာပဲ။ သူ့ကို လက်မထောင်ပြလိုက်ချင်တယ်။"

"အစ်ကိုဖန် ဈာန်ဝင်တာ မဝင်တာနဲ့ မဆိုင်ဘူး။ အဓိကက ငါကိုယ်တိုင်တောင် ဈာန်ဝင်သွားတာပဲ။ ဒါတောင် ဒီရုပ်သံဒရမ်မာမှာ နောက်ခံတီးလုံးတွေ၊ အထူးပြုလုပ်ချက်တွေ၊ နောက်ဆက်တွဲ တည်းဖြတ်မှုတွေ မလုပ်ရသေးလို့။ ဒါတွေသာ လုပ်ပြီး ထုတ်လွှင့်လိုက်လို့ကတော့ ငါ တကယ် ငိုမိသွားလောက်ပြီ။”

"ဒီရုပ်သံဒရမ်မာကို ငါတကယ်မျှော်လင့်နေပြီ။ သေချာပေါက် follow လုပ်ထားမယ်။"

"လခွမ်း။ ငါတို့ ဒီလောက်ကောင်းတဲ့ ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးနိုင်ခဲ့တာပဲ။ ငါတို့ ကြယ်ဥယျာဥ်ကို မရှုံးလောက်ဘူး။ အစ်ကိုဖန်က အရမ်းချောတယ်။ ရှားဝမ်ချွေ့က အရမ်းလှပနေတာပဲ။ စုရှောင်းယွီကလည်း လင်းခယ့်ရှင်းအောက် မနိမ့်ဘူး။ လင်းကျင်းကျင်းကလည်း အရမ်းလှတယ်။ ဒီလိုမိန်းမလှလေး ၃ ယောက်နဲ့ လင်းဖန်နဲ့ ရှုယန်တို့လို ရုပ်ချောချော ကောင်လေး ၂ ယောက်နဲ့ဆို ငါတို့ ဟွာစဲရုပ်ရှင်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလား။"

"တိုက်ထား တိုက်ထား"

အားလုံး မျက်ရည်တွေကို သုတ်ပြီးနောက် နောက်ဆုံး ဇာတ်ဝင်ခန်းကို အထင်ကြီးသွားကြသည်။

သူတို့အားလုံး လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ လှပသော ကမ္ဘာနောက်ကို လိုက်လာခဲ့ကြသည်။

ထိုကမ္ဘာက ဆွဲဆောင်မှု ရှိလွန်းပါသည်။

ရုပ်သံစီးရီး ရိုက်ကူးရေးများ ပြီးဆုံးသွားသောအခါ အားလုံး အတူတူ စုစည်းလိုက်ကြသည်။

နောက်ဆက်တွဲတည်းဖြတ်ရေး ခေါင်းဆောင် ရွှယ်ခဲ့ရှင်းလည်း ရောက်လာပါသည်။

ဒီလို သရုပ်ဆောင်စွမ်းရည်များကို မြင်လိုက်ရသောအခါ ရွှယ်ခဲ့ရှင်းက လေးလေးနက်နက် အံ့သြသွားပါသည်။

"လင်းဖန် နင့်သရုပ်ဆောင်စွမ်းရည်တွေက ကောင်းလိုက်တာ။”

"နောက်ဆက်တွဲတည်းဖြတ်ရေးတွေ ဘယ်လို လုပ်ရတော့မလဲ။ နောက်ဆက်တွဲတည်းဖြတ်ရေးက ဝန်ထမ်းတွေ အကုန်လုံး ငိုကုန်ရင် ဘယ်လိုလုပ်ရမလဲ" ရွှယ်ခဲ့ရှင်းက ပြောလိုက်ပါသည်။ သူမ လင်းဖန်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဟားဟား ဘာမှမဖြစ်ပါဘူးဗျာ။ ကျွန်တော့်ကို လိုအပ်ရင် ကျွန်တော်ကူညီပေးပါ့မယ်။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ရွှယ်ခဲ့ရှင်းက ခေါင်းခါကာ ပြောလိုက်၏။ "လင်းဖန် စိတ်မပူပါနဲ့။ ကျွန်မတို့က နောက်ဆက်တွဲ ထုတ်လုပ်ရေးမှာ ပရော်ဖက်ရှင်နယ်တွေချည်းပါပဲ။ အရင်တစ်ခေါက်က ကျွန်မတို့ကို အများကြီး သင်ပေးသွားတယ်။ ဒီတစ်ခေါက်တော့ ရှင်အနားယူလိုက်ပါ။ ကျွန်မတို့ နားမလည်တာရှိရင် လာမေးပါ့မယ်။"

လင်းဖန် ဒါကိုကြားတော့ ခေါင်းငြိမ့်လိုက်ပါသည်။ ရွှယ်ခဲ့ရှင်းတို့ နောက်ဆက်တွဲ တည်းဖြတ်ရေးအဖွဲ့ကလည်း အားကောင်းကြပါသည်။

အရင်တစ်ခေါက်က အတူတူ အလုပ်လုပ်ဖူးသဖြင့် လင်းဖန် ရွှယ်ခဲ့ရှင်းကို ယုံကြည်မှုရှိပါသည်။

စုရှောင်းယွီက လင်းဖန်ဆီသို့ ပြေးလာပြီး ဖက်လိုက်ပါသည်။

"ဆရာ နင်က အရမ်းတော်တာပဲ။ ငါခုနက ငိုမိသွားတယ်" စုရှောင်းယွီက ပြောလိုက်ပါသည်။

"အစ်မဝမ်ချွေ့လည်း အရမ်းတော်တာပဲ။ ငါသာဆို သေချာပေါက် ဒီလိုအာနိသင်မျိုး ရအောင် သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး" စုရှောင်းယွီက ရှားဝမ်ချွေ့၏ လက်မောင်းကို ကိုင်ကာ မျက်တောင်ခတ်လိုက်ပါသည်။

"ဒါနဲ့... ဆရာ ငါ့သခွားသီးနဲ့ ငှက်ပျောသီးတွေ အကုန်လုံးကို စားလိုက်မိပြီ။ တစ်လလောက် ကောင်းကောင်းကန်းကန်း ဘာမှ မစားရသေးဘူး။ ဒီလထဲ ၅ ပေါင်တောင် ကျသွားတယ်။ ငါ့ရင်ဘတ်တွေတောင် ပိုသေးသွားပြီ။ ငါ စားသောက်ပွဲကြီးတစ်ခု စားချင်တယ်။" စုရှောင်းယွီက ပြောလိုက်သည်။

ရှားဝမ်ချွေ့လည်း ဝိတ်နည်းနည်းကျသွားပါသည်။ အားလုံးက ဒီအချိန်တောအတွင်း အများကြီး ကြိုးစားခဲ့ကြ၏။

ဒီရုပ်သံဒရမ်မာကို ရိုက်ကူးပြီးနောက် လင်းဖန် ကျန်တာ စိတ်ပူဖို့ မလိုတော့ပါ။

နောက်ဆက်တွဲတည်းဖြတ်ရေးကို ပြုလုပ်ပြီးပါက ထုတ်လွှင့်ပြသနိုင်ပါပြီ။

ရုပ်သံဒရမ်မာ ထွက်လာသောအခါ လင်းခယ့်ရှင်း၏ ကြယ်ဥယျာဥ်နှင့် ယှဥ်ပြိုင်နိုင်ပါလိမ့်မည်။

အခု အားလုံးလုပ်ဖို့လိုတာက အရသာရှိသည့် ဟင်းလျာများကို စားသောက်ဖို့ ဖြစ်သည်။

အားလုံး၏ မျှော်လင့်စောင့်စားနေသော အကြည့်ကို ကြည့်ရင်း လင်းဖန် တောက်တောက်ပပ ပြုံးလိုက်ပါသည်။

"ရုပ်သံစီးရီးကို ရိုက်ကူးပြီးစီးသွားပြီဆိုတော့ အားလုံးအတွက် စားသောက်ပွဲကြီးတစ်ခု ချက်ကျွေးပါ့မယ်။"

"ချွေ့ချွေ့အကြိုက်ဆုံး ငါးပေါင်းဟင်းလည်း ပါတယ်" လင်းဖန်က ပြုံးကာ အားလုံးကို ကြည့်လိုက်ပါသည်။ ရုပ်သံစီးရီးကို ပြီးပြည့်စုံစွာ အောင်မြင်အောင် ရိုက်ကူးနိုင်ခဲ့သဖြင့် လင်းဖန် ဒီရုပ်သံစီးရီးကို ပိုပြီးယုံကြည်ချက်ပြည့်ဝလာပါသည်။

လင်းဖန် ချက်ပြုတ်ပေးမည်ဟု ကြားသောအခါ ရိုက်ကူးရေးအဖွဲသားအားလုံး ကြိုဆိုလိုက်ကြ၏။

လင်းဖန်၏ စားသောက်ပွဲများက အလွန်အရသာရှိလွန်းပါသည်။

အထူးသဖြင့် စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ဖြစ်သည်။ ကောင်မလေးနှစ်ယောက် သွားရည်ပင် ကျနေပါပြီ။

လင်းကျင်းကျင်းလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ရှုယန်ကလည်း သူ့ဗိုက်ကို ကိုင်နေပါပြီ။

ဒါရိုက်တာအဖွဲ့နှင့် ဝန်ထမ်းများလည်း ရှိပါသေးသည်။

အမှန်ပင်။ လင်းဖန်တစ်ယောက်တည်း ချက်ပြုတ်မှာ မဟုတ်ပေ။ တခြားစားဖိုမှူးများလည်း ရှိနေပါသေးသည်။

သို့သော် လင်းဖန်ရှိပါက ဒီနေ့ သူတို့အားလုံး သေချာပေါက် အရသာရှိသည့် ဟင်းလျာများကို စားနိုင်တော့မည်။

"ဝိုး... ငါစာားသောက်ပွဲကြီးမစားရတာကြာပြီ။ နောက်ဆုံးတော့ အစ်ကိုဖန်ရဲ့ အရသာရှိတဲ့ ဟင်းလျာတွေကို စားနိုင်တော့မယ်ကွ။"

"အစ်ကိုဖန် ငါလည်း စားချင်တယ်။"

"အစ်ကိုဖန်က အကောင်းဆုံးပဲ။"

ဒရမ်မာထဲမှာ သရုပ်ဆောင်သည့် နာမည်ကျော်များနှင့် အဖွဲ့သားများကလည်း အစားသောင်းကျန်းသူများ ဖြစ်ကြသည်။

သူတို့ကိုမဆိုဦးနဲ့ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့တောင် အရသာရှိသည့်ဟင်းလျာများမစားရတာ ကြာပြီ။

သူတို့နေ့တိုင်းလိုလို နည်းနည်းသာစာားကြပြီး ရိုက်ကူးရေးသွားလုပ်ရသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" အတွက် အားလုံး အများကြီး စတေးထားကြသည်။

လင်းခယ့်ရှင်း၏ ရုပ်သံဒရမ်မာ "ကြယ်ဥယျာဥ်"နဲ့ ရှားဝမ်ချွေ့တို့၏ ရုပ်သံဒရမ်မာ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"တို့ကို ရိုက်ကူးပြီးစီးကြပါပြီ။

ထို့နောက် ဒီစားသောက်ပွဲကြီး ပြီးသောအခါ တိုက်ပွဲပြင်းထန်ပါလိမ့်မည်။

အချိန်ကျလာပါက ရုပ်သံဒရမ်မာနှစ်ခုထဲက ဘယ်တစ်ခုက ရေပန်းစားလာမလဲဆိုတာကို စောင့်ကြည့်ရပါမည်။

အခန်း(၁၄၈) စုကျန့်တီဗီ တုန်လှုပ်သွားပြီ၊ ဓားနှင့် နတ်သမီးဒဏ္ဍာရီက စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်

ရုပ်သံဒရမ်မာကို ရိုက်ကူးပြီးသောအခါ နောက်ဆက်တွဲ တည်းဖြတ်ရေးအဆင့်သို့ ရောက်လာသည်။

လင်းဖန်က ဒီအပိုင်းတွေမှာ ထပ်ပြီး ဝင်မပါတော့ပါ။

သူတည်းဖြတ်ရေးအဖွဲ့သားများကို အများကြီး ကူညီပေးပြီးပါပြီ။ သူ ဝင်မပါရင်တောင် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရုပ်သံဒရမ်မာကို ကောင်းမွန်စွာ တည်းဖြတ် ထုတ်လုပ်နိုင်လောက်ပါသည်။

တစ်ဖက်မှာတော့ ကုမ္ပဏီထောက်ခံချက်များ၏ စာချုပ်ဖျက်သိမ်းသည့် အသိပေးစာများကို တရားဥပဒေဌာနသို့ ပို့ဆောင်လိုက်ပြီး မကြာခင် ရှင်းပါလိမ့်မည်။

လောလောဆယ် ရှားဝမ်ချွေ့ အလုပ်မရှိသဖြင့် အလွန် စိတ်အေးလက်အေး ဖြစ်နေပါသည်။

သူမ၏ ကုမ္ပဏီထောက်ခံချက်နှင့် ကြော်ငြာအားလုံး ဖျက်သိမ်းခံလိုက်ရသည်။

နေ့တိုင်းဖိအားများစွာကို ရင်ဆိုင်ရတော့မှာ မဟုတ်ပေ။

လင်းဖန်လည်း ထိုနည်းလည်းကောင်း ဖြစ်၏။ နေ့တိုင်း ငပျင်းဘဝကို ပြန်ရောက်သွားခဲ့ပါသည်။

ဒီရက်ပိုင်းတွေမှာတော့ လင်းဖန် အေးအေးဆေးဆေးပဲ ဖြစ်သည်။

တစ်နေ့ ယွဲ့ဟွာက အသိပေးစာတစ်ခု ပို့လိုက်၏။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" တရားဝင် ပြီးမြောက်သွားပါပြီ။

ဖန်သားပြင်ပေါ်မှာ ထုတ်လွှင့်ပြသနိုင်ပြီဆိုတာနဲ့ ပရိတ်သတ်ကို ချပြလို့ရပါပြီ။

ထို့နောက် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"၏ ထုတ်လွှင်ပြသမှု မူပိုင်ခွင့်များအတွက် စကားပြောဖို့ အချိန်ရောက်ပါပြီ။

ရုပ်မြင်သံကြားဌာန များစွာက "ကြယ်ဥယျာဥ်"၏ ထုတ်လွှင့်ပြသခွင့်အတွက် ယှဥ်ပြိုင်တိုက်ခိုက်နေကြသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"အတွက် ယှဥ်ပြိုင်နေကြသည့် ရုပ်မြင်သံကြားဌာနက များများစားစား မရှိပါ။

စုကျန့်တီဗီတွင်။

လင်းဖန်က စုကျန့်တီဗီဌာနတွင် ရောက်နေပြီး ဝန်ထမ်း၏ တုန့်ပြန်မှုကို စောင့်နေပါသည်။

ဝန်ထမ်း အပြင်ကိုထွက်လာတော့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ဇာတ်ညွှန်းမူကြမ်းကို ဖတ်ရှုကာ မျက်မှောင်ကြုတ်သွားသည်။ သူ ပြောလိုက်၏။ "ဒါရိုက်တာလင်း ဒီဓားနှင့်နတ်သမီးဒဏ္ဍာရီက သာမန် တွေးပုံခေါ်ပုံတွေနဲ့ ကိုက်ညီမှုမရှိဘူး။ ဇာတ်သိမ်းကလည်း ကြမ္မာဆိုးရွားတဲ့ ဇာတ်သိမ်းကြီးပဲ။ ပါဝင်သရုပ်ဆောင်တဲ့လူတွေက နာမည်ကျော်တွေ ဖြစ်ပေမယ့် ပရိတ်သတ်က အသိအမှတ်ပြုမှာ မဟုတ်လောက်ဘူး။ ဒီရုပ်သံဒရမ်မာ ရေပန်းစားမလာနိုင်ဘူးထင်တယ်။”

လင်းဖန်က ဒီရုပ်သံဒရမ်မာ၏ ဒါရိုက်တာ ဖြစ်သည်။ အဖွဲ့သားများထဲတွင် သူ့ကို ဒါရိုက်တာလင်းဟု ခေါ်ကြ၏။

ဒါက လင်းဖန် ရိုက်ကူးထားသည့် ပထမဆုံး ရုပ်သံဒရမ်မာ ဖြစ်ပါသည်။ သူကိုယ်တိုင် ထုတ်လွှင့်ပြသမူပိုင်ခွင့်အတွက် စကားပြောဖို့ ရောက်လာခဲ့သည်။

လင်းဖန်က ပြောလိုက်သည်။ "ဇာတ်သိမ်းကတော့ ကြမ္မာဆိုးတာ ဟုတ်ပါတယ်။ ကြမ္မာဆိုးဇာတ်သိမ်းကြောင့်သာ ပရိတ်သတ်တွေက အမှတ်ရပြီး ကျွန်တော်လည်း ဂန္တဝင်ရုပ်သံဒရမ်မာတစ်ခုကို ဖန်တီးနိုင်မှာပါ။”

စုကျန့်တီဗီ၏ ဝန်ထမ်းက ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ ဒီရုပ်သံဒရမ်မာရဲ့ မူပိုင်ခွင့်ကို ဝယ်လို့တော့ ရပါတယ်။ ဒါပေမယ့် တောင်းဆိုစရာတစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ရုပ်ရှင်ကို အရင်ကြည့်မှ ဖြစ်မယ်။”

"ဒါက မသေသပ်တဲ့ ရုပ်သံဒရမ်မာတစ်ခု ဖြစ်နေရင်တော့ ကျွန်တော် စိတ်မကောင်းပါဘူး။ စုကျန့်တီဗီမှာ ထုတ်လွှင့်ပြသနိုင်မှာ မဟုတ်ဘူး" စုကျန့်တီဗီ၏ ဝန်ထမ်းက ပြောလိုက်ပါသည်။

"ကောင်းပါပြီ" လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။

ရုံးခန်းထဲတွင် စုကျန့်တီဗီ၏ ဝန်ထမ်းက "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ပထမ ၅ ပိုင်းကို လက်ခံရရှိပြီး ဖွင့်ကြည့်လိုက်ပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ၏ ပထမပိုင်းကို မြင်လိုက်ရသောအခါ စုကျန့်တီဗီ၏ ဝန်ထမ်းအားလုံး ကြက်သေ သေကုန်ကြပါသည်။

ပထမပိုင်း စတင်သောအခါ သူတို့အားလုံး ဇာတ်ဝင်ခန်းများ၊ တေးဂီတများနှင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီထဲက ဇာတ်ကောင်များကို လုံးဝ စွဲလမ်းသွားကြသည်။

စုကျန့်တီဗီ၏ ဝန်ထမ်းများအားလုံးကလည်း လူသားများ ဖြစ်သည်။ သူတို့သည် မိန်းကလေးများနှင့် နာမည်ကျော်များကို သဘောကျကြပါသည်။

ကျောက်လင်အာအဖြစ် ရှားဝမ်ချွေ့၊ လင်းယွဲ့ရုအဖြစ် စုရှောင်းယွီတို့ကို မြင်လိုက်ရသောအခါ အချင်းချင်း ပြန်ကြည့်လိုက်မိကြပါသည်။

ကောင်မလေးနှစ်ယောက်က နန်းတွင်းဝတ်စုံများဖြင့် လှပလွန်းသည်။

ထို့အပြင် ဒီရုပ်သံဒရမ်မာတွင် ရှားဝမ်ချွေ့က ခေါင်းဆောင်မင်းသမီးဖြစ်ပြီး စုရှောင်းယွီက ဇာတ်ပို့မင်းသမီး ဖြစ်သည်။ စုရှောင်းယွီက ဇာတ်ပို့မင်းသမီး ဖြစ်သော်လည်း ဒီရုပ်သံဒရမ်မာထဲတွင် ဇာတ်ဝင်ခန်းများစွာ ပါဝင်ပါသည်။

သူတို့ ဆက်ကြည့်လိုက်ကြရင်း ဖန်သားပြင်ပေါ်မှာ လင်းဖန်လည်း ပေါ်လာပါသည်။ ရှုယန်လည်း ပါပါသေးသည်။

ရုပ်သံစီးရီးတစ်ခုလုံး၏ ထုတ်လုပ်ရေး၊ အထူးပြုလုပ်ချက်များ၊ ဇာတ်ဝင်ခန်းပြောင်းလဲမှုတိုင်းက စုကျန့်တီဗီ၏ ဝန်ထမ်းများကို အံ့သြသွားစေခဲ့သည်။

နိုင်ငံတော်ထဲမှာ ဒီလောက်ကောင်းတဲ့ ရုပ်သံဒရမ်မာ ရှိနိုင်ပါ့မလား။

ဒါက နိုင်ငံတော်ထဲက ပထမဆုံး ရှန်းရှဒရမ်မာဖြစ်သည်။ အစကတည်းက အရှိန်အဝါ ကျယ်ကျယ်ပြန့်ပြန့်နှင့် ကောင်းမွန်စွာ ရိုက်ကူးထားသော ဇာတ်ဝင်ခန်းတို့ဖြင့် ဒီက ဝန်ထမ်းများကို ဆွဲဆောင်သွားခဲ့သည်။

ထို့နောက် ရုပ်သံဒရမ်မာ၏ ဇာတ်လမ်း စတင်ပါသည်။

မကြာမီ ထိုဝန်ထမ်းများ ရုပ်သံဒရမ်မာ အပိုင်း ၅ ပိုင်းကို ကြည့်ရှု၍ ပြီးဆုံးသွားခဲ့ပါသည်။

စုကျန့်တီဗီ၏ ဝန်ထမ်များ ကြည့်ရှု၍ ပြီးဆုံးသွားသောအခါ သူတို့ လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

"လခွမ်း ဒီရုပ်သံဒရမ်မာက ကောင်းလွန်းတယ်ဟ။ ငါ စွဲလမ်းမိတဲ့ ရှန်းရှဒရမ်မာကို ကြည့်ရတာ ဒါပထမဆုံးအကြိမ်ပဲ။"

"ငါလည်း ရုပ်သံဒရမ်မာတွေ အများကြီး မြင်ဖူးပြီး အကုန်လုံးကိုလည်း ကြည့်ဖူးတယ်။ ဒါပေမယ့် ဒီလို ရုပ်သံဒရမ်မာမျိုးကို မြင်ဖူးတာတော့ ပထမဆုံးအကြိမ်ပဲကွာ။"

"ဒီရုပ်သံဒရမ်မာက 'ဘဝရဲ့ပျော်ရွှင်မှု' ထက်တောင် ပိုကောင်းပြီး ပိုဆွဲဆောင်မှုရှိသေးတယ်လို့ ခံစားမိတယ်။"

"ရုပ်သံဒရမ်မာရဲ့ ကျန်တဲ့အပိုင်းတွေကို ဆက်ကြည့်လို့ရလား။ ငါ လုံးဝ မှင်သက်မိပြီး သဘောကျသွားပြီ။ တစ်ချီတည်း အကုန်ကြည့်ပစ်ချင်တယ်။ ဒီလိုရှန််းရှ ဂန္တဝင်လက်ရာမျိုးကို အလွတ်မပေးနိုင်ဘူး။"

ဝန်ထမ်းများအားလုံး အံ့သြတကြီး ဖြစ်ကုန်ကြပါသည်။ သူတို့အားလုံး ဓားနှင့်နတ်သမီးဒဏ္ဍာရီကြောင့် တုန်လှုပ်သွားကြသည်။

ရာဇဝင်ထဲက ပထမဆုံး ရှန်းရှဒရမ်မာမှာ သူတို့ကိုအစကတည်းက တုန်လှုပ်စေခဲ့ပါပြီ။

သူတို့က ဒီလုပ်ငန်းမှာ ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့ ရုပ်သံဒရမ်မာပေါင်းစုံကို မြင်ဖူးပြီး သူတို့ကို စိတ်လှုပ်ရှားစေသည့် ရုပ်သံဒရမ်မာက အလွန်နည်းပါးပါသည်။

'ဘဝရဲ့ပျော်ရွှင်မှု'လို ရေပန်းစားသည့် ဒရမ်မာမှာတောင် ဒီလူများ၏ မျက်လုံးထဲတွင် မဆိုးပါဘူး ဆိုရုံလောက်သာ ရှိသည်။

သို့သော်လည်း 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ'က ဝန်ထမ်းများကို တားမရ ဆီးမရ ဖြစ်စေခဲ့ပါသည်။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က လှပလွန်းသည်။ သူတို့၏ ဟန်ပန်အမူအရာများ၊ လုပ်ဆောင်ချက်များ၊ သရုပ်ဆောင်စွမ်းရည်များက ဝန်ထမ်းများအားလုံးကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

လင်းဖန်တစ်ယောက် ထိုကဲ့သို့ ကောင်မလေးနှစ်ယောက်နှင့် သရုပ်ဆောင်ရတာကို ဝန်ထမ်းများ မနာလိုဖြစ်မိပါသည်။

ပထမတော့ ဒီရုပ်သံဒရမ်မာက လင်းဖန် ရိုက်ကူးထားတာမှန်း သိသဖြင့် သိပ်ပြီး အာရုံမစိုက်ခဲ့ပါ။

လင်းဖန်က ရုပ်သံဒရမ်မာတစ်ခု၏ ဇာတ်ညွှန်းအတွက် နာမည်ကြီးသော်လည်း သူ့အကြောင်း အားလုံး သိနေဖို့ မလုံလောက်ပေ။

ဘာပဲဖြစ်ဖြစ် ဇာတ်ညွှန်းရေးဆရာဆိုတာ ပေါများပါသည်။

လင်းဖန်က တကယ်ပဲ ကြယ်ပွင့်တစ်ပွင့်ဖြစ်ကာ အလွန်လည်း ချောမောပါသည်။ သို့သော် ဝန်ထမ်းများ၏ အမြင်မှာတော့ ဒါတွေက ဒါရိုက်တာပညာနဲ့ ဘာမှ မဆိုင်ပါ။

အပိုင်း ၅ ပိုင်းကို ကြည့်ရှုပြီးနောက်မှာတော့ စုကျန့်တီဗီ၏ ဝန်ထမ်းများက လင်းဖန်အပေါ် အမြင်များ ပြောင်းလဲကုန်ကြပါသည်။

လင်းဖန်က ဒါရိုက်တာတစ်ယောက်ဖြစ်ရုံတင် မဟုတ်ပါ။ ထူးချွန်သော ဒါရိုက်တာ ဖြစ်ပါသည်။

ရာဇဝင်ထဲက ပထမဆုံး ရှန်းရှ ဂန္တဝင်လက်ရာမှာ လင်းဖန်၏ လက်ထဲမှ ပေါက်ဖွားလာတော့မည်။

အရင်တုန်းက ရှန်းရှဒရမ်မာကို ဘယ်သူမှ ရိုက်ကူးမကြည့်ကြပါ။ သို့သော်လည်း လင်းဖန်ကတော့ ရှန်းရှ ဂန္တဝင်လက်ရာစစ်စစ်ကို ရိုက်ကူးနိုင်ခဲ့သည်။

ဒီရုပ်သံဒရမ်မာ၏ ဇာတ်လမ်းများက အလွန်ဆွဲဆောင်မှုရှိကာ အချိတ်အဆက်လည်း ထိမိသည်။

"ဒါရိုက်တာလင်း ခင်ဗျား ဒီလောက် ဒါရိုက်တာပညာတော်တာ မသိခဲ့ဘူး။"

"ဒါရိုက်တာလင်း ခင်ဗျားရဲ့ ဓာနှင့်နတ်သမီးဒဏ္ဍာရီက ၃၆ ပိုင်းပဲ ရှိတာလား။ အဲ့လောက်ဆို မလုံလောက်ဘူးလို့ ခံစားရတယ်ဗျာ။"

"ဟုတ်တယ်။ ဒီရုပ်သံဒရမ်မာထဲက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ဘဝရဲ့ပျော်ရွှင်မှုထဲကထက်တောင် အများကြီး ပိုကောင်းလာတယ်လို့ ခံစားရတယ်။ ဇာတ်ဝင်ခန်းနဲ့ အသံပြုလုပ်ချက်တွေကလည်း အရမ်းကောင်းတာပဲ။"

"ခင်ဗျား ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ထုတ်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဘာကြောင့် ရိုက်ကူးခဲ့တာလဲဆိုတာကို မသိခဲ့ဘူးဗျာ။ အခုတော့ သိပါပြီ။ ဒီဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ အဆင့်အတန်းနဲ့ အောင်မြင်မှုက တော်တော်လေး မြင့်မားတယ်။ ဇာတ်ညွှန်းကိုလည်း ခင်ဗျားပဲ ရေးတာဆို။”

ဝန်ထမ်းများစွာက လင်းဖန်ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။ သူတို့ သဘောထားများ မသိမသာ ပြောင်းလဲသွားကြပါပြီ။

ဒီလိုဇာတ်လမ်း၊ ဒီလိုသရုပ်ဆောင်များနဲ့ ဒီရုပ်သံဒရမ်မာ ရေပန်းစား မလာပါက သည်းမခံနိုင်စရာ ကောင်းပါလိမ့်မည်။

Zawgyi

လင္းဖန္ 147+148

အခန္း(၁၄၇) ႐ုပ္သံစီးရီး႐ိုက္ကူးမႈ ၿပီးဆုံးသြားၿပီ၊ လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေၾကာင့္ စီအီးအိုလီ မွင္သက္သြားျခင္း

ဆယ္မိနစ္ၾကာေသာအခါ မိုးႀကိဳးပစ္သံလို က်ယ္ေလာင္သည့္ လက္ခုပ္ၾသဘာသံမ်ား ထြက္ေပၚလာပါသည္။

လက္ေထာက္ဒါ႐ိုက္တာ လုပမ္ခိုင္းနဲ႔ ဝမ္ထမ္းအားလုံးလည္း ပါဝင္သည္။

စုေ႐ွာင္းယြီကလည္း ငိုေနၿပီး ႐ိုက္ကူးေရးၿပီးဆုံးမႈကို လာၾကည့္သည့္ စီအီးအိုလီေတာင္ ပါဝင္ေနပါေသးသည္။

လင္းက်င္းက်င္းႏွင့္ ႐ႈယန္တို႔က လက္ခုပ္မ်ား ဆက္တီးၾကဆဲျဖစ္သည္။

လင္းဖန္လည္း ႐ွားဝမ္ေခြၽ႕ကို ထူေပးလိုက္၏။ ဇာတ္ဝင္ခန္းအားလုံးအဆုံးသတ္သြားပါၿပီ.

မ်က္ႏွာနီေနသည့္ ႐ွားဝမ္ေခြၽ႕ကိုၾကည့္ရင္း သူမကို အခြင့္အေရး ထပ္ယူလိုက္မိတာ လင္းဖန္ သတိထားမိသြားပါသည္။

"မိန္းမ ငါေတာင္းပန္ပါတယ္။ ငါနင့္ကို အႏိုင္က်င့္လိုက္မိျပန္ၿပီ" လင္းဖန္္က ႏူးညံ့စြာ ေျပာလိုက္ပါသည္။

"ဘယ္သူက နင့္မိန္းမလဲ။ အ႐ွက္လည္း မ႐ွိဘူး။" ႐ွားဝမ္ေခြၽ႕၏ မ်က္ႏွာက အနည္းငယ္ နီရဲေနပါသည္။ သူမ၏ လက္ေခ်ာင္းေလးမ်ားကို အနည္းငယ္ ေကြးျပလိုက္သည္။ သို႔ေသာ္ သူမ ေပ်ာ္႐ႊင္ေနပါသည္။ အမွန္ပင္။ သူမ အနည္းငယ္လည္း စိတ္ပ်က္မိပါသည္။

သူမႏွင့္ လင္းဖန္တို႔ ေနာာက္ထပ္ ႐ုပ္သံဒရမ္မာ တစ္ခု႐ိုက္ကူးၿပီးၾကျပန္ၿပီ။

ဒီ႐ုပ္သံဒရမ္မာထဲတြင္ သူမက သူ႕မိန္းမ ျဖစ္သည္။ ၾကမၼာဆိုး ျဖစ္ေသာ္လည္း ဒီ႐ုပ္သံဒရမ္မာကို ႐ိုက္ကူးေနစဥ္ သူမ အလြန္ေပ်ာ္႐ႊင္ပါသည္။

စီအီးအိုလီကေကာ ဘယ္လိုလူမ်ိဳးလဲ။ ဒိေန႔ ႐ုပ္သံစီးရီး ႐ိုက္ကူးေရး ၿပီးေတာ့မွာကို သိသျဖင့္ ေနာက္ဆုံး ဇာတ္ဝင္ခန္းမ်ားကို ၾကည့္႐ႈဖို႔ အထူးတလည္ လာခဲ့ျခင္း ျဖစ္ပါသည္။

စီအီးအိုလီ၏ မ်က္လုံးမ်ားပင္ စိုစြတ္ေနပါသည္။

အရင္တုန္းက ႐ိုက္ကူးေရးလုပ္ငန္းမ်ားကို တစ္ခါမွ လာမၾကည့္ဖူးပါ။ ယခုေတာ့ ေရာက္ဖူးၿပီ ျဖစ္ကာ သက္ျပင္းခ်လိုက္မိပါသည္။

သူတို႔၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက ေကာင္းမြန္လြန္းသည္။

လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔ သ႐ုပ္ေဆာင္စြမ္းရည္မ်ားေကာ လင္းက်င္းက်င္းနဲ႔ ႐ႈယန္္တို႔၏ ဇာတ္ဝင္ခန္းမ်ားကါ အားလုံးၿပီးျပည့္စုံလွပါသည္။

ေနာက္ခံတီးလုံး မပါဝင္ဘဲနဲ႔ေတာင္ ဒီလိုအာနိသင္မ်ိဳး ရႏိုင္သည္။

ေနာက္ခံတီးလုံးသား ထည့္လိုက္ပါက ဒီ႐ုပ္သံဒရမ္မာက ပို၍ပင္ ဝမ္းနည္းဖို႔ ေကာင္းသြားႏိုင္ပါသည္။

ၾကမၼာဆိုးသည့္ ဇာတ္သိမ္းက ႐ုပ္သံဒရမ္မာကို ပို၍ပင္ ၿပီးျပည့္စုံသြားေစသည္။ ဝန္ထမ္းအားလုံး၏ ရင္ထဲမွာလည္း စြဲၿမဲသြားခဲ့သည္။

"ေကာင္းလိုက္တဲ့ သ႐ုပ္ေဆာင္စေကးေတြ"

"ယြဲ႕ဟြာမွာ ဒီလိုသ႐ုပ္ေဆာင္ေကာင္းေတြ ႐ွိေနတာ တကယ္ဝမ္းသာတယ္ကြာ" စီအီးအိုလီက ျပဳံးကာ ေျပာလိုက္ပါသည္။ အားလုံးကို သေဘာက်စြာျဖင့္ ၾကည့္လိုက္၏။

သ႐ုပ္ေဆာင္မ်ားက သ႐ုပ္ေဆာင္စြမ္းရည္ ေကာင္းမြန္ၿပီး အလြန္အလုပ္ႀကိဳးစားၾကသည္။ သူတို႔ေပးသည့္ ခံစားခ်က္တစ္ခုတည္းနဲ႔ စီအီးအိုလီက သာမန္ထက္ ပိုသည္ဟု ယုံၾကည္သြားပါသည္။

စီအီးအိုလီ၏ အားေကာင္းေသာ ေထာက္ပံ့မႈ မ႐ွိရင္လည္း သူတို႔ "ဓားႏွင့္နတ္သမီးဒ႑ာရီ" ႐ုပ္သံဒရမ္မာကို ႐ိုက္ကူးႏိုင္မွာ မဟုတ္ေပ။

ဘာပဲျဖစ္ျဖစ္ ေစ်းကြက္ထဲက ေဖ်ာ္ေျဖေရး ကုမၸဏီအားလုံးက လင္းဖန္၏ ဇာတ္ၫႊန္းကို ျငင္းဆန္ခဲ့ၾကသည္။ "ဓားႏွင့္နတ္သမီးဒ႑ာရီ"က ႐ိုက္ကူးဖို႔ မတန္ဘူးဟု သူတို႔ ခံစားမိၾကပါသည္။

စီအီးအိုလီတစ္ေယာက္တည္းသာ လင္းဖန္ကို အားေပးခဲ့သည္။

ယခု ႐ုပ္သံဒရမ္မာကို ႐ိုက္ကူးၿပီးၿပီ ျဖစ္သျဖင့္ လင္းဖန္ကို ယုံၾကည္တာ တကယ္ပဲ မွန္ကန္သည္ဟု ခံစားမိပါသည္။

"ဓားႏွင့္နတ္သမီးဒ႑ာရီ" ႐ုပ္သံစီးရီးက တကယ္ပဲ ေရပန္းစားလာႏိုင္သည္။

ဟြဲစဲပစ္ခ်ား၏ "ၾကယ္ဥယ်ာဥ္" ကို ယွဥ္ႏိုင္ဖို႔ကေတာ့ ႐ိုး႐ိုးသားသား ေျပာရလွ်င္ စီအီးအိုလီလည္း ယုံၾကည္ခ်က္ သိပ္မ႐ွိပါ။

ဘာပဲျဖစ္ျဖစ္ "ၾကယ္ဥယ်ာဥ္" ကဲ့သို႔ ဘဝသ႐ုပ္္ေဖာ္ ဒရမ္မာမ်ားက ေစ်းကြက္နဲ႔ ပိုၿပီး ကိုက္ညီမႈ ႐ွိသည္။

"ဓားႏွင့္နတ္သမီးဒ႑ာရီ" ကဲ့သို႔ေသာ ႐ွန္း႐ွဒရမ္မာက ျပည္တြင္း႐ွန္း႐ွ႐ုပ္သံဒရမ္မာေလာကတြင္ ပထမဆုံးျဖစ္ကာ အလြန္ရက္စက္ပါသည္။

ဒီလို႐ုပ္သံဒရမ္မာမ်ိဳးကို ပရိတ္သတ္က သေဘာက်မလား ဆိုတာကိုေတာ့ စီအီးအိုလီလည္း အတပ္မေျပာႏိုင္ပါ။

သို႔ေသာ္လည္း ဒီ႐ုပ္သံဒရမ္မာက စိတ္ဝင္စားဖို႔ ေကာင္းတာကိုေတာ့ သံသယျဖစ္စရာမလိုပါ။

ဝန္ထမ္းတခ်ိဳ႕က မ်က္ရည္မ်ားကို တိုးတိုးတိတ္တိတ္ သုတ္ေနၾကသည္။

တခ်ိဳ႕၏ မ်က္လုံးမ်ားကေတာ့ နီရဲေနဆဲ ျဖစ္သည္။

"ဒီ႐ုပ္သံဒရမ္မာက အရမ္းေကာင္းတာပဲ။ ငါငိုေတာင္ ငိုေနၿပီ။ ဇာတ္လမ္းကလည္း အရမ္းဝမ္းနည္းဖို႔ ေကာင္းတယ္။ ေခါင္းေဆာင္မင္းသမီးကို မေသေစခ်င္ဘူး။ ဇာတ္သိမ္းက ေပ်ာ္စရာဇာတ္သိမ္းျဖစ္ရင္ သိပ္ေကာင္းမွာပဲ။"

"ငါငိုေနၿပီ အက်င့္မေကာင္းတဲ့လင္းဖန္ ဘယ္လို ဇာတ္ၫႊန္းမ်ိဳးကို ေရးထားတာလဲ။ ငါ့ကို ငိုေအာင္ လုပ္တယ္။"

"သူတို႔သ႐ုပ္ေဆာင္စေကးေတြက အရမ္း ဝမ္းနည္းဖို႔ ေကာင္းတာပဲ။ အရမ္း အထင္ႀကီးသြားၿပီ။"

"ငါ ခုနက တကယ္ငိုေနတာ။ သ႐ုပ္ေဆာင္စြမ္းရည္ေတြနဲ႔ မ်က္ႏွာအေနအထားေတြေၾကာင့္ ကမ႓ာႀကီး ၿပိဳေတာ့မလိုပဲ။ ငါ့အခ်စ္ဆုံးလူကိုပါ ဆုံး႐ႈံးလိုက္ရသလို ခံစားရေစတယ္။”

"ေတာ္လိုက္တာ။ ေနာက္ဆုံးဇာတ္ဝင္ခန္းမွာ လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က အရမ္းေကာင္းတာပဲ။ သ႐ုပ္ေဆာင္ အေတြ႕အၾကဳံ အနည္းဆုံး ၁၀ ႏွစ္ေလာက္ မ႐ွိရင္ ဒီေလာက္ ေကာင္းေအာင္ သ႐ုပ္ေဆာင္ႏိုင္မွာ မဟုတ္ဘူး။"

"နာက်င္မႈ၊ ဝမ္းနည္းမႈ၊ စိတ္ပ်က္အားငယ္မႈ၊ ေမွ်ာ္လင့္ခ်က္ကင္းမဲ့မႈ၊ ငါသာဆိုရင္ အဲ့လို စိတ္ခံစားခ်က္ေတြကို ဘယ္လိုထုတ္ျပရမွန္း သိမွာ မဟုတ္ဘူး။ အစ္ကိုဖန္က သ႐ုပ္ေဆာင္တဲ့ ေနရာမွာ တကယ္ဈာန္ဝင္ေနတာပဲ။ သူ႕ကို လက္မေထာင္ျပလိုက္ခ်င္တယ္။"

"အစ္ကိုဖန္ ဈာန္ဝင္တာ မဝင္တာနဲ႔ မဆိုင္ဘူး။ အဓိကက ငါကိုယ္တိုင္ေတာင္ ဈာန္ဝင္သြားတာပဲ။ ဒါေတာင္ ဒီ႐ုပ္သံဒရမ္မာမွာ ေနာက္ခံတီးလုံးေတြ၊ အထူးျပဳလုပ္ခ်က္ေတြ၊ ေနာက္ဆက္တြဲ တည္းျဖတ္မႈေတြ မလုပ္ရေသးလို႔။ ဒါေတြသာ လုပ္ၿပီး ထုတ္လႊင့္လိုက္လို႔ကေတာ့ ငါ တကယ္ ငိုမိသြားေလာက္ၿပီ။”

"ဒီ႐ုပ္သံဒရမ္မာကို ငါတကယ္ေမွ်ာ္လင့္ေနၿပီ။ ေသခ်ာေပါက္ follow လုပ္ထားမယ္။"

"လခြမ္း။ ငါတို႔ ဒီေလာက္ေကာင္းတဲ့ ႐ုပ္သံဒရမ္မာတစ္ခုကို ႐ိုက္ကူးႏိုင္ခဲ့တာပဲ။ ငါတို႔ ၾကယ္ဥယ်ာဥ္ကို မ႐ႈံးေလာက္ဘူး။ အစ္ကိုဖန္က အရမ္းေခ်ာတယ္။ ႐ွားဝမ္ေခြၽ႕က အရမ္းလွပေနတာပဲ။ စုေ႐ွာင္းယြီကလည္း လင္းခယ့္႐ွင္းေအာက္ မနိမ့္ဘူး။ လင္းက်င္းက်င္းကလည္း အရမ္းလွတယ္။ ဒီလိုမိန္းမလွေလး ၃ ေယာက္နဲ႔ လင္းဖန္နဲ႔ ႐ႈယန္တို႔လို ႐ုပ္ေခ်ာေခ်ာ ေကာင္ေလး ၂ ေယာက္နဲ႔ဆို ငါတို႔ ဟြာစဲ႐ုပ္႐ွင္ကို အႏိုင္ယူႏိုင္မွာ မဟုတ္ဘူးလား။"

"တိုက္ထား တိုက္ထား"

အားလုံး မ်က္ရည္ေတြကို သုတ္ၿပီးေနာက္ ေနာက္ဆုံး ဇာတ္ဝင္ခန္းကို အထင္ႀကီးသြားၾကသည္။

သူတို႔အားလုံး လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔၏ လွပေသာ ကမ႓ာေနာက္ကို လိုက္လာခဲ့ၾကသည္။

ထိုကမ႓ာက ဆြဲေဆာင္မႈ ႐ွိလြန္းပါသည္။

႐ုပ္သံစီးရီး ႐ိုက္ကူးေရးမ်ား ၿပီးဆုံးသြားေသာအခါ အားလုံး အတူတူ စုစည္းလိုက္ၾကသည္။

ေနာက္ဆက္တြဲတည္းျဖတ္ေရး ေခါင္းေဆာင္ ႐ႊယ္ခဲ့႐ွင္းလည္း ေရာက္လာပါသည္။

ဒီလို သ႐ုပ္ေဆာင္စြမ္းရည္မ်ားကို ျမင္လိုက္ရေသာအခါ ႐ႊယ္ခဲ့႐ွင္းက ေလးေလးနက္နက္ အံ့ၾသသြားပါသည္။

"လင္းဖန္ နင့္သ႐ုပ္ေဆာင္စြမ္းရည္ေတြက ေကာင္းလိုက္တာ။”

"ေနာက္ဆက္တြဲတည္းျဖတ္ေရးေတြ ဘယ္လို လုပ္ရေတာ့မလဲ။ ေနာက္ဆက္တြဲတည္းျဖတ္ေရးက ဝန္ထမ္းေတြ အကုန္လုံး ငိုကုန္ရင္ ဘယ္လိုလုပ္ရမလဲ" ႐ႊယ္ခဲ့႐ွင္းက ေျပာလိုက္ပါသည္။ သူမ လင္းဖန္ကိုၾကည့္ကာ သက္ျပင္းခ်လိုက္သည္။

"ဟားဟား ဘာမွမျဖစ္ပါဘူးဗ်ာ။ ကြၽန္ေတာ့္ကို လိုအပ္ရင္ ကြၽန္ေတာ္ကူညီေပးပါ့မယ္။” လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

႐ႊယ္ခဲ့႐ွင္းက ေခါင္းခါကာ ေျပာလိုက္၏။ "လင္းဖန္ စိတ္မပူပါနဲ႔။ ကြၽန္မတို႔က ေနာက္ဆက္တြဲ ထုတ္လုပ္ေရးမွာ ပေရာ္ဖက္႐ွင္နယ္ေတြခ်ည္းပါပဲ။ အရင္တစ္ေခါက္က ကြၽန္မတို႔ကို အမ်ားႀကီး သင္ေပးသြားတယ္။ ဒီတစ္ေခါက္ေတာ့ ႐ွင္အနားယူလိုက္ပါ။ ကြၽန္မတို႔ နားမလည္တာ႐ွိရင္ လာေမးပါ့မယ္။"

လင္းဖန္ ဒါကိုၾကားေတာ့ ေခါင္းၿငိမ့္လိုက္ပါသည္။ ႐ႊယ္ခဲ့႐ွင္းတို႔ ေနာက္ဆက္တြဲ တည္းျဖတ္ေရးအဖြဲ႕ကလည္း အားေကာင္းၾကပါသည္။

အရင္တစ္ေခါက္က အတူတူ အလုပ္လုပ္ဖူးသျဖင့္ လင္းဖန္ ႐ႊယ္ခဲ့႐ွင္းကို ယုံၾကည္မႈ႐ွိပါသည္။

စုေ႐ွာင္းယြီက လင္းဖန္ဆီသို႔ ေျပးလာၿပီး ဖက္လိုက္ပါသည္။

"ဆရာ နင္က အရမ္းေတာ္တာပဲ။ ငါခုနက ငိုမိသြားတယ္" စုေ႐ွာင္းယြီက ေျပာလိုက္ပါသည္။

"အစ္မဝမ္ေခြၽ႕လည္း အရမ္းေတာ္တာပဲ။ ငါသာဆို ေသခ်ာေပါက္ ဒီလိုအာနိသင္မ်ိဳး ရေအာင္ သ႐ုပ္ေဆာင္ႏိုင္မွာ မဟုတ္ဘူး" စုေ႐ွာင္းယြီက ႐ွားဝမ္ေခြၽ႕၏ လက္ေမာင္းကို ကိုင္ကာ မ်က္ေတာင္ခတ္လိုက္ပါသည္။

"ဒါနဲ႔... ဆရာ ငါ့သခြားသီးနဲ႔ ငွက္ေပ်ာသီးေတြ အကုန္လုံးကို စားလိုက္မိၿပီ။ တစ္လေလာက္ ေကာင္းေကာင္းကန္းကန္း ဘာမွ မစားရေသးဘူး။ ဒီလထဲ ၅ ေပါင္ေတာင္ က်သြားတယ္။ ငါ့ရင္ဘတ္ေတြေတာင္ ပိုေသးသြားၿပီ။ ငါ စားေသာက္ပြဲႀကီးတစ္ခု စားခ်င္တယ္။" စုေ႐ွာင္းယြီက ေျပာလိုက္သည္။

႐ွားဝမ္ေခြၽ႕လည္း ဝိတ္နည္းနည္းက်သြားပါသည္။ အားလုံးက ဒီအခ်ိန္ေတာအတြင္း အမ်ားႀကီး ႀကိဳးစားခဲ့ၾက၏။

ဒီ႐ုပ္သံဒရမ္မာကို ႐ိုက္ကူးၿပီးေနာက္ လင္းဖန္ က်န္တာ စိတ္ပူဖို႔ မလိုေတာ့ပါ။

ေနာက္ဆက္တြဲတည္းျဖတ္ေရးကို ျပဳလုပ္ၿပီးပါက ထုတ္လႊင့္ျပသႏိုင္ပါၿပီ။

႐ုပ္သံဒရမ္မာ ထြက္လာေသာအခါ လင္းခယ့္႐ွင္း၏ ၾကယ္ဥယ်ာဥ္ႏွင့္ ယွဥ္ၿပိဳင္ႏိုင္ပါလိမ့္မည္။

အခု အားလုံးလုပ္ဖို႔လိုတာက အရသာ႐ွိသည့္ ဟင္းလ်ာမ်ားကို စားေသာက္ဖို႔ ျဖစ္သည္။

အားလုံး၏ ေမွ်ာ္လင့္ေစာင့္စားေနေသာ အၾကည့္ကို ၾကည့္ရင္း လင္းဖန္ ေတာက္ေတာက္ပပ ျပဳံးလိုက္ပါသည္။

"႐ုပ္သံစီးရီးကို ႐ိုက္ကူးၿပီးစီးသြားၿပီဆိုေတာ့ အားလုံးအတြက္ စားေသာက္ပြဲႀကီးတစ္ခု ခ်က္ေကြၽးပါ့မယ္။"

"ေခြၽ႕ေခြၽ႕အႀကိဳက္ဆုံး ငါးေပါင္းဟင္းလည္း ပါတယ္" လင္းဖန္က ျပဳံးကာ အားလုံးကို ၾကည့္လိုက္ပါသည္။ ႐ုပ္သံစီးရီးကို ၿပီးျပည့္စုံစြာ ေအာင္ျမင္ေအာင္ ႐ိုက္ကူးႏိုင္ခဲ့သျဖင့္ လင္းဖန္ ဒီ႐ုပ္သံစီးရီးကို ပိုၿပီးယုံၾကည္ခ်က္ျပည့္ဝလာပါသည္။

လင္းဖန္ ခ်က္ျပဳတ္ေပးမည္ဟု ၾကားေသာအခါ ႐ိုက္ကူးေရးအဖြဲသားအားလုံး ႀကိဳဆိုလိုက္ၾက၏။

လင္းဖန္၏ စားေသာက္ပြဲမ်ားက အလြန္အရသာ႐ွိလြန္းပါသည္။

အထူးသျဖင့္ စုေ႐ွာင္းယြီနဲ႔ ႐ွားဝမ္ေခြၽ႕တို႔ျဖစ္သည္။ ေကာင္မေလးႏွစ္ေယာက္ သြားရည္ပင္ က်ေနပါၿပီ။

လင္းက်င္းက်င္းလည္း ထိုနည္းလည္းေကာင္းျဖစ္သည္။ ႐ႈယန္ကလည္း သူ႕ဗိုက္ကို ကိုင္ေနပါၿပီ။

ဒါ႐ိုက္တာအဖြဲ႕ႏွင့္ ဝန္ထမ္းမ်ားလည္း ႐ွိပါေသးသည္။

အမွန္ပင္။ လင္းဖန္တစ္ေယာက္တည္း ခ်က္ျပဳတ္မွာ မဟုတ္ေပ။ တျခားစားဖိုမႉးမ်ားလည္း ႐ွိေနပါေသးသည္။

သို႔ေသာ္ လင္းဖန္႐ွိပါက ဒီေန႔ သူတို႔အားလုံး ေသခ်ာေပါက္ အရသာ႐ွိသည့္ ဟင္းလ်ာမ်ားကို စားႏိုင္ေတာ့မည္။

"ဝိုး... ငါစာားေသာက္ပြဲႀကီးမစားရတာၾကာၿပီ။ ေနာက္ဆုံးေတာ့ အစ္ကိုဖန္ရဲ႕ အရသာ႐ွိတဲ့ ဟင္းလ်ာေတြကို စားႏိုင္ေတာ့မယ္ကြ။"

"အစ္ကိုဖန္ ငါလည္း စားခ်င္တယ္။"

"အစ္ကိုဖန္က အေကာင္းဆုံးပဲ။"

ဒရမ္မာထဲမွာ သ႐ုပ္ေဆာင္သည့္ နာမည္ေက်ာ္မ်ားႏွင့္ အဖြဲ႕သားမ်ားကလည္း အစားေသာင္းက်န္းသူမ်ား ျဖစ္ၾကသည္။

သူတို႔ကိုမဆိုဦးနဲ႔ ႐ွားဝမ္ေခြၽ႕ႏွင့္ စုေ႐ွာင္းယြီတို႔ေတာင္ အရသာ႐ွိသည့္ဟင္းလ်ာမ်ားမစားရတာ ၾကာၿပီ။

သူတို႔ေန႔တိုင္းလိုလို နည္းနည္းသာစာားၾကၿပီး ႐ိုက္ကူးေရးသြားလုပ္ရသည္။

"ဓားႏွင့္နတ္သမီးဒ႑ာရီ" အတြက္ အားလုံး အမ်ားႀကီး စေတးထားၾကသည္။

လင္းခယ့္႐ွင္း၏ ႐ုပ္သံဒရမ္မာ "ၾကယ္ဥယ်ာဥ္"နဲ႔ ႐ွားဝမ္ေခြၽ႕တို႔၏ ႐ုပ္သံဒရမ္မာ "ဓားႏွင့္နတ္သမီးဒ႑ာရီ"တို႔ကို ႐ိုက္ကူးၿပီးစီးၾကပါၿပီ။

ထို႔ေနာက္ ဒီစားေသာက္ပြဲႀကီး ၿပီးေသာအခါ တိုက္ပြဲျပင္းထန္ပါလိမ့္မည္။

အခ်ိန္က်လာပါက ႐ုပ္သံဒရမ္မာႏွစ္ခုထဲက ဘယ္တစ္ခုက ေရပန္းစားလာမလဲဆိုတာကို ေစာင့္ၾကည့္ရပါမည္။

အခန္း(၁၄၈) စုက်န္႔တီဗီ တုန္လႈပ္သြားၿပီ၊ ဓားႏွင့္ နတ္သမီးဒ႑ာရီက စိတ္ဝင္စားဖို႔ ေကာင္းလြန္းတယ္

႐ုပ္သံဒရမ္မာကို ႐ိုက္ကူးၿပီးေသာအခါ ေနာက္ဆက္တြဲ တည္းျဖတ္ေရးအဆင့္သို႔ ေရာက္လာသည္။

လင္းဖန္က ဒီအပိုင္းေတြမွာ ထပ္ၿပီး ဝင္မပါေတာ့ပါ။

သူတည္းျဖတ္ေရးအဖြဲ႕သားမ်ားကို အမ်ားႀကီး ကူညီေပးၿပီးပါၿပီ။ သူ ဝင္မပါရင္ေတာင္ "ဓားႏွင့္နတ္သမီးဒ႑ာရီ" ႐ုပ္သံဒရမ္မာကို ေကာင္းမြန္စြာ တည္းျဖတ္ ထုတ္လုပ္ႏိုင္ေလာက္ပါသည္။

တစ္ဖက္မွာေတာ့ ကုမၸဏီေထာက္ခံခ်က္မ်ား၏ စာခ်ဳပ္ဖ်က္သိမ္းသည့္ အသိေပးစာမ်ားကို တရားဥပေဒဌာနသို႔ ပို႔ေဆာင္လိုက္ၿပီး မၾကာခင္ ႐ွင္းပါလိမ့္မည္။

ေလာေလာဆယ္ ႐ွားဝမ္ေခြၽ႕ အလုပ္မ႐ွိသျဖင့္ အလြန္ စိတ္ေအးလက္ေအး ျဖစ္ေနပါသည္။

သူမ၏ ကုမၸဏီေထာက္ခံခ်က္ႏွင့္ ေၾကာ္ျငာအားလုံး ဖ်က္သိမ္းခံလိုက္ရသည္။

ေန႔တိုင္းဖိအားမ်ားစြာကို ရင္ဆိုင္ရေတာ့မွာ မဟုတ္ေပ။

လင္းဖန္လည္း ထိုနည္းလည္းေကာင္း ျဖစ္၏။ ေန႔တိုင္း ငပ်င္းဘဝကို ျပန္ေရာက္သြားခဲ့ပါသည္။

ဒီရက္ပိုင္းေတြမွာေတာ့ လင္းဖန္ ေအးေအးေဆးေဆးပဲ ျဖစ္သည္။

တစ္ေန႔ ယြဲ႕ဟြာက အသိေပးစာတစ္ခု ပို႔လိုက္၏။

"ဓားႏွင့္နတ္သမီးဒ႑ာရီ" တရားဝင္ ၿပီးေျမာက္သြားပါၿပီ။

ဖန္သားျပင္ေပၚမွာ ထုတ္လႊင့္ျပသႏိုင္ၿပီဆိုတာနဲ႔ ပရိတ္သတ္ကို ခ်ျပလို႔ရပါၿပီ။

ထို႔ေနာက္ "ဓားႏွင့္နတ္သမီးဒ႑ာရီ"၏ ထုတ္လႊင္ျပသမႈ မူပိုင္ခြင့္မ်ားအတြက္ စကားေျပာဖို႔ အခ်ိန္ေရာက္ပါၿပီ။

႐ုပ္ျမင္သံၾကားဌာန မ်ားစြာက "ၾကယ္ဥယ်ာဥ္"၏ ထုတ္လႊင့္ျပသခြင့္အတြက္ ယွဥ္ၿပိဳင္တိုက္ခိုက္ေနၾကသည္။

"ဓားႏွင့္နတ္သမီးဒ႑ာရီ"အတြက္ ယွဥ္ၿပိဳင္ေနၾကသည့္ ႐ုပ္ျမင္သံၾကားဌာနက မ်ားမ်ားစားစား မ႐ွိပါ။

စုက်န္႔တီဗီတြင္။

လင္းဖန္က စုက်န္႔တီဗီဌာနတြင္ ေရာက္ေနၿပီး ဝန္ထမ္း၏ တုန္႔ျပန္မႈကို ေစာင့္ေနပါသည္။

ဝန္ထမ္း အျပင္ကိုထြက္လာေတာ့ "ဓားႏွင့္နတ္သမီးဒ႑ာရီ" ဇာတ္ၫႊန္းမူၾကမ္းကို ဖတ္႐ႈကာ မ်က္ေမွာင္ၾကဳတ္သြားသည္။ သူ ေျပာလိုက္၏။ "ဒါ႐ိုက္တာလင္း ဒီဓားႏွင့္နတ္သမီးဒ႑ာရီက သာမန္ ေတြးပုံေခၚပုံေတြနဲ႔ ကိုက္ညီမႈမ႐ွိဘူး။ ဇာတ္သိမ္းကလည္း ၾကမၼာဆိုး႐ြားတဲ့ ဇာတ္သိမ္းႀကီးပဲ။ ပါဝင္သ႐ုပ္ေဆာင္တဲ့လူေတြက နာမည္ေက်ာ္ေတြ ျဖစ္ေပမယ့္ ပရိတ္သတ္က အသိအမွတ္ျပဳမွာ မဟုတ္ေလာက္ဘူး။ ဒီ႐ုပ္သံဒရမ္မာ ေရပန္းစားမလာႏိုင္ဘူးထင္တယ္။”

လင္းဖန္က ဒီ႐ုပ္သံဒရမ္မာ၏ ဒါ႐ိုက္တာ ျဖစ္သည္။ အဖြဲ႕သားမ်ားထဲတြင္ သူ႕ကို ဒါ႐ိုက္တာလင္းဟု ေခၚၾက၏။

ဒါက လင္းဖန္ ႐ိုက္ကူးထားသည့္ ပထမဆုံး ႐ုပ္သံဒရမ္မာ ျဖစ္ပါသည္။ သူကိုယ္တိုင္ ထုတ္လႊင့္ျပသမူပိုင္ခြင့္အတြက္ စကားေျပာဖို႔ ေရာက္လာခဲ့သည္။

လင္းဖန္က ေျပာလိုက္သည္။ "ဇာတ္သိမ္းကေတာ့ ၾကမၼာဆိုးတာ ဟုတ္ပါတယ္။ ၾကမၼာဆိုးဇာတ္သိမ္းေၾကာင့္သာ ပရိတ္သတ္ေတြက အမွတ္ရၿပီး ကြၽန္ေတာ္လည္း ဂႏၲဝင္႐ုပ္သံဒရမ္မာတစ္ခုကို ဖန္တီးႏိုင္မွာပါ။”

စုက်န္႔တီဗီ၏ ဝန္ထမ္းက ေခါင္းၿငိမ့္လိုက္ၿပီး ေျပာလိုက္သည္။ "ကြၽန္ေတာ္တို႔ ဒီ႐ုပ္သံဒရမ္မာရဲ႕ မူပိုင္ခြင့္ကို ဝယ္လို႔ေတာ့ ရပါတယ္။ ဒါေပမယ့္ ေတာင္းဆိုစရာတစ္ခုေတာ့ ႐ွိတယ္။ ကြၽန္ေတာ္တို႔႐ုပ္႐ွင္ကို အရင္ၾကည့္မွ ျဖစ္မယ္။”

"ဒါက မေသသပ္တဲ့ ႐ုပ္သံဒရမ္မာတစ္ခု ျဖစ္ေနရင္ေတာ့ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ စုက်န္႔တီဗီမွာ ထုတ္လႊင့္ျပသႏိုင္မွာ မဟုတ္ဘူး" စုက်န္႔တီဗီ၏ ဝန္ထမ္းက ေျပာလိုက္ပါသည္။

"ေကာင္းပါၿပီ" လင္းဖန္က ေခါင္းၿငိမ့္လိုက္ပါသည္။

႐ုံးခန္းထဲတြင္ စုက်န္႔တီဗီ၏ ဝန္ထမ္းက "ဓားႏွင့္နတ္သမီးဒ႑ာရီ" ပထမ ၅ ပိုင္းကို လက္ခံရ႐ွိၿပီး ဖြင့္ၾကည့္လိုက္ပါသည္။

"ဓားႏွင့္နတ္သမီးဒ႑ာရီ" ၏ ပထမပိုင္းကို ျမင္လိုက္ရေသာအခါ စုက်န္႔တီဗီ၏ ဝန္ထမ္းအားလုံး ၾကက္ေသ ေသကုန္ၾကပါသည္။

ပထမပိုင္း စတင္ေသာအခါ သူတို႔အားလုံး ဇာတ္ဝင္ခန္းမ်ား၊ ေတးဂီတမ်ားႏွင့္ ဓားႏွင့္နတ္သမီးဒ႑ာရီထဲက ဇာတ္ေကာင္မ်ားကို လုံးဝ စြဲလမ္းသြားၾကသည္။

စုက်န္႔တီဗီ၏ ဝန္ထမ္းမ်ားအားလုံးကလည္း လူသားမ်ား ျဖစ္သည္။ သူတို႔သည္ မိန္းကေလးမ်ားႏွင့္ နာမည္ေက်ာ္မ်ားကို သေဘာက်ၾကပါသည္။

ေက်ာက္လင္အာအျဖစ္ ႐ွားဝမ္ေခြၽ႕၊ လင္းယြဲ႕႐ုအျဖစ္ စုေ႐ွာင္းယြီတို႔ကို ျမင္လိုက္ရေသာအခါ အခ်င္းခ်င္း ျပန္ၾကည့္လိုက္မိၾကပါသည္။

ေကာင္မေလးႏွစ္ေယာက္က နန္းတြင္းဝတ္စုံမ်ားျဖင့္ လွပလြန္းသည္။

ထို႔အျပင္ ဒီ႐ုပ္သံဒရမ္မာတြင္ ႐ွားဝမ္ေခြၽ႕က ေခါင္းေဆာင္မင္းသမီးျဖစ္ၿပီး စုေ႐ွာင္းယြီက ဇာတ္ပို႔မင္းသမီး ျဖစ္သည္။ စုေ႐ွာင္းယြီက ဇာတ္ပို႔မင္းသမီး ျဖစ္ေသာ္လည္း ဒီ႐ုပ္သံဒရမ္မာထဲတြင္ ဇာတ္ဝင္ခန္းမ်ားစြာ ပါဝင္ပါသည္။

သူတို႔ ဆက္ၾကည့္လိုက္ၾကရင္း ဖန္သားျပင္ေပၚမွာ လင္းဖန္လည္း ေပၚလာပါသည္။ ႐ႈယန္လည္း ပါပါေသးသည္။

႐ုပ္သံစီးရီးတစ္ခုလုံး၏ ထုတ္လုပ္ေရး၊ အထူးျပဳလုပ္ခ်က္မ်ား၊ ဇာတ္ဝင္ခန္းေျပာင္းလဲမႈတိုင္းက စုက်န္႔တီဗီ၏ ဝန္ထမ္းမ်ားကို အံ့ၾသသြားေစခဲ့သည္။

ႏိုင္ငံေတာ္ထဲမွာ ဒီေလာက္ေကာင္းတဲ့ ႐ုပ္သံဒရမ္မာ ႐ွိႏိုင္ပါ့မလား။

ဒါက ႏိုင္ငံေတာ္ထဲက ပထမဆုံး ႐ွန္း႐ွဒရမ္မာျဖစ္သည္။ အစကတည္းက အ႐ွိန္အဝါ က်ယ္က်ယ္ျပန္႔ျပန္႔ႏွင့္ ေကာင္းမြန္စြာ ႐ိုက္ကူးထားေသာ ဇာတ္ဝင္ခန္းတို႔ျဖင့္ ဒီက ဝန္ထမ္းမ်ားကို ဆြဲေဆာင္သြားခဲ့သည္။

ထို႔ေနာက္ ႐ုပ္သံဒရမ္မာ၏ ဇာတ္လမ္း စတင္ပါသည္။

မၾကာမီ ထိုဝန္ထမ္းမ်ား ႐ုပ္သံဒရမ္မာ အပိုင္း ၅ ပိုင္းကို ၾကည့္႐ႈ၍ ၿပီးဆုံးသြားခဲ့ပါသည္။

စုက်န္႔တီဗီ၏ ဝန္ထမ္မ်ား ၾကည့္႐ႈ၍ ၿပီးဆုံးသြားေသာအခါ သူတို႔ လင္းဖန္ကို အံ့အားသင့္စြာ ၾကည့္လိုက္ၾကသည္။

"လခြမ္း ဒီ႐ုပ္သံဒရမ္မာက ေကာင္းလြန္းတယ္ဟ။ ငါ စြဲလမ္းမိတဲ့ ႐ွန္း႐ွဒရမ္မာကို ၾကည့္ရတာ ဒါပထမဆုံးအႀကိမ္ပဲ။"

"ငါလည္း ႐ုပ္သံဒရမ္မာေတြ အမ်ားႀကီး ျမင္ဖူးၿပီး အကုန္လုံးကိုလည္း ၾကည့္ဖူးတယ္။ ဒါေပမယ့္ ဒီလို ႐ုပ္သံဒရမ္မာမ်ိဳးကို ျမင္ဖူးတာေတာ့ ပထမဆုံးအႀကိမ္ပဲကြာ။"

"ဒီ႐ုပ္သံဒရမ္မာက 'ဘဝရဲ႕ေပ်ာ္႐ႊင္မႈ' ထက္ေတာင္ ပိုေကာင္းၿပီး ပိုဆြဲေဆာင္မႈ႐ွိေသးတယ္လို႔ ခံစားမိတယ္။"

"႐ုပ္သံဒရမ္မာရဲ႕ က်န္တဲ့အပိုင္းေတြကို ဆက္ၾကည့္လို႔ရလား။ ငါ လုံးဝ မွင္သက္မိၿပီး သေဘာက်သြားၿပီ။ တစ္ခ်ီတည္း အကုန္ၾကည့္ပစ္ခ်င္တယ္။ ဒီလို႐ွန္္း႐ွ ဂႏၲဝင္လက္ရာမ်ိဳးကို အလြတ္မေပးႏိုင္ဘူး။"

ဝန္ထမ္းမ်ားအားလုံး အံ့ၾသတႀကီး ျဖစ္ကုန္ၾကပါသည္။ သူတို႔အားလုံး ဓားႏွင့္နတ္သမီးဒ႑ာရီေၾကာင့္ တုန္လႈပ္သြားၾကသည္။

ရာဇဝင္ထဲက ပထမဆုံး ႐ွန္း႐ွဒရမ္မာမွာ သူတို႔ကိုအစကတည္းက တုန္လႈပ္ေစခဲ့ပါၿပီ။

သူတို႔က ဒီလုပ္ငန္းမွာ ကြၽမ္းက်င္သူမ်ားျဖစ္ၾကသည္။ သူတို႔ ႐ုပ္သံဒရမ္မာေပါင္းစုံကို ျမင္ဖူးၿပီး သူတို႔ကို စိတ္လႈပ္႐ွားေစသည့္ ႐ုပ္သံဒရမ္မာက အလြန္နည္းပါးပါသည္။

'ဘဝရဲ႕ေပ်ာ္႐ႊင္မႈ'လို ေရပန္းစားသည့္ ဒရမ္မာမွာေတာင္ ဒီလူမ်ား၏ မ်က္လုံးထဲတြင္ မဆိုးပါဘူး ဆို႐ုံေလာက္သာ ႐ွိသည္။

သို႔ေသာ္လည္း 'ဓားႏွင့္နတ္သမီးဒ႑ာရီ'က ဝန္ထမ္းမ်ားကို တားမရ ဆီးမရ ျဖစ္ေစခဲ့ပါသည္။

႐ွားဝမ္ေခြၽ႕ႏွင့္ စုေ႐ွာင္းယြီတို႔က လွပလြန္းသည္။ သူတို႔၏ ဟန္ပန္အမူအရာမ်ား၊ လုပ္ေဆာင္ခ်က္မ်ား၊ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက ဝန္ထမ္းမ်ားအားလုံးကို ဆြဲေဆာင္ႏိုင္ခဲ့ပါသည္။

လင္းဖန္တစ္ေယာက္ ထိုကဲ့သို႔ ေကာင္မေလးႏွစ္ေယာက္ႏွင့္ သ႐ုပ္ေဆာင္ရတာကို ဝန္ထမ္းမ်ား မနာလိုျဖစ္မိပါသည္။

ပထမေတာ့ ဒီ႐ုပ္သံဒရမ္မာက လင္းဖန္ ႐ိုက္ကူးထားတာမွန္း သိသျဖင့္ သိပ္ၿပီး အာ႐ုံမစိုက္ခဲ့ပါ။

လင္းဖန္က ႐ုပ္သံဒရမ္မာတစ္ခု၏ ဇာတ္ၫႊန္းအတြက္ နာမည္ႀကီးေသာ္လည္း သူ႕အေၾကာင္း အားလုံး သိေနဖို႔ မလုံေလာက္ေပ။

ဘာပဲျဖစ္ျဖစ္ ဇာတ္ၫႊန္းေရးဆရာဆိုတာ ေပါမ်ားပါသည္။

လင္းဖန္က တကယ္ပဲ ၾကယ္ပြင့္တစ္ပြင့္ျဖစ္ကာ အလြန္လည္း ေခ်ာေမာပါသည္။ သို႔ေသာ္ ဝန္ထမ္းမ်ား၏ အျမင္မွာေတာ့ ဒါေတြက ဒါ႐ိုက္တာပညာနဲ႔ ဘာမွ မဆိုင္ပါ။

အပိုင္း ၅ ပိုင္းကို ၾကည့္႐ႈၿပီးေနာက္မွာေတာ့ စုက်န္႔တီဗီ၏ ဝန္ထမ္းမ်ားက လင္းဖန္အေပၚ အျမင္မ်ား ေျပာင္းလဲကုန္ၾကပါသည္။

လင္းဖန္က ဒါ႐ိုက္တာတစ္ေယာက္ျဖစ္႐ုံတင္ မဟုတ္ပါ။ ထူးခြၽန္ေသာ ဒါ႐ိုက္တာ ျဖစ္ပါသည္။

ရာဇဝင္ထဲက ပထမဆုံး ႐ွန္း႐ွ ဂႏၲဝင္လက္ရာမွာ လင္းဖန္၏ လက္ထဲမွ ေပါက္ဖြားလာေတာ့မည္။

အရင္တုန္းက ႐ွန္း႐ွဒရမ္မာကို ဘယ္သူမွ ႐ိုက္ကူးမၾကည့္ၾကပါ။ သို႔ေသာ္လည္း လင္းဖန္ကေတာ့ ႐ွန္း႐ွ ဂႏၲဝင္လက္ရာစစ္စစ္ကို ႐ိုက္ကူးႏိုင္ခဲ့သည္။

ဒီ႐ုပ္သံဒရမ္မာ၏ ဇာတ္လမ္းမ်ားက အလြန္ဆြဲေဆာင္မႈ႐ွိကာ အခ်ိတ္အဆက္လည္း ထိမိသည္။

"ဒါ႐ိုက္တာလင္း ခင္ဗ်ား ဒီေလာက္ ဒါ႐ိုက္တာပညာေတာ္တာ မသိခဲ့ဘူး။"

"ဒါ႐ိုက္တာလင္း ခင္ဗ်ားရဲ႕ ဓာႏွင့္နတ္သမီးဒ႑ာရီက ၃၆ ပိုင္းပဲ ႐ွိတာလား။ အဲ့ေလာက္ဆို မလုံေလာက္ဘူးလို႔ ခံစားရတယ္ဗ်ာ။"

"ဟုတ္တယ္။ ဒီ႐ုပ္သံဒရမ္မာထဲက သ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေတြက ဘဝရဲ႕ေပ်ာ္႐ႊင္မႈထဲကထက္ေတာင္ အမ်ားႀကီး ပိုေကာင္းလာတယ္လို႔ ခံစားရတယ္။ ဇာတ္ဝင္ခန္းနဲ႔ အသံျပဳလုပ္ခ်က္ေတြကလည္း အရမ္းေကာင္းတာပဲ။"

"ခင္ဗ်ား ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယတြဲကို ထုတ္မယ္လို႔ ထင္ထားတာ။ ဒါေပမယ့္ ဓားႏွင့္နတ္သမီးဒ႑ာရီကို ဘာေၾကာင့္ ႐ိုက္ကူးခဲ့တာလဲဆိုတာကို မသိခဲ့ဘူးဗ်ာ။ အခုေတာ့ သိပါၿပီ။ ဒီဓားႏွင့္နတ္သမီးဒ႑ာရီရဲ႕ အဆင့္အတန္းနဲ႔ ေအာင္ျမင္မႈက ေတာ္ေတာ္ေလး ျမင့္မားတယ္။ ဇာတ္ၫႊန္းကိုလည္း ခင္ဗ်ားပဲ ေရးတာဆို။”

ဝန္ထမ္းမ်ားစြာက လင္းဖန္ကို အံ့ၾသတႀကီး ၾကည့္လိုက္ၾကသည္။ သူတို႔ သေဘာထားမ်ား မသိမသာ ေျပာင္းလဲသြားၾကပါၿပီ။

ဒီလိုဇာတ္လမ္း၊ ဒီလိုသ႐ုပ္ေဆာင္မ်ားနဲ႔ ဒီ႐ုပ္သံဒရမ္မာ ေရပန္းစား မလာပါက သည္းမခံႏိုင္စရာ ေကာင္းပါလိမ့္မည္။

Continue Reading

You'll Also Like

376K 68.7K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
1.1M 65.5K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
276K 23.1K 84
គេមាន​សំណាង​ ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ / គីម​ ថេហ្យុង មីន យ៉ុនហ្គីXផាក ជី...