သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65.5K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-141/142

377 27 0
By Miracle_Phyu97

လင်းဖန် 141+142

အခန်း(၁၄၁) ဓားနှင့်နတ်သမီး၏ဒဏ္ဌာရီ၊ထိပ်တန်း ရုပ်သံဒရမ်မာနောက်တစ်ခု

"လင်းဖန် ငါလည်း ပါမယ်။ ငါ တခြားဒရမ်မာတွေကို ငြင်းထားတယ်။ မင်း ဇာတ်ဝင်ခန်းရိုက်ဖို့ ငါ့ကို လိုရင် ပွင့်ပွင့်လင်းလင်းသာပြော" ရှုယန်က လင်းဖန်၏ ပခုံးကိုပုတ်ကာ ပြောလိုက်ပါသည်။

"ဆရာ ငါကောပဲ။ ရှောင်းယွီက အရမ်းတော်တယ်။" စုရှောင်းယွီက လင်းဖန်ကို ပြုံးပြလိုက်ပါသည်။

"ငါကောပဲ" လင်းကျင်းကျင်းကလည်း အတည်ပေါက် ပြောလိုက်ပါသည်။

"ငါတို့ ဝမ်ချွေ့ကို လူတွေ အနိုင်ကျင့်တာမျိုး သည်းခံလို့ မဖြစ်ဘူး။ သူတို့ ယွဲ့ဟွာမှာ ဘာမှ မရှိဘူးလို့ ထင်နေလား။ လင်းခယ့်ရှင်းနဲ့ စာချုပ် ချုပ်ထားလည်း ဘာဖြစ်လဲ။ ငါတို့လက်ရာ ကောင်းကောင်း ထုတ်လုပ်လို့ ရသေးတာပဲ" ဒါရိုက်တာ လုပမ်ခိုင်းက စားပွဲခုံကို ရိုက်လိုက်ပါသည်။

အားလုံး လင်းဖန်ကို ယုံကြည်မှု ပြည့်ဝနေကြသည်။

လင်းဖန်သာ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ထုတ်လုပ်နိုင်ပြီး မူလသရုပ်ဆောင်များသာ ပါဝင်သရုပ်ဆောင်လိုက်ပါက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲက လင်းခယ့်ရှင်း ပါဝင်သရုပ်ဆောင်ထားသည့် ကြယ်ဥယျာဥ်ကို မရှုံးလောက်ပါ။

စီအီးအိုလီက လင်းဖန်ကိုကြည့်ပြီး ပြောလိုက်ပါသည်။ "လင်းဖန် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲဇာတ်ညွှန်းက အခြေအနေ ဘယ်လိုရှိလဲ။ ဖြစ်နိုင်ရင် ငါတို့ ရိုက်ကူးရေးစပြီး သူတို့ကို စစ်ကြေညာကြရအောင်။”

ဇာတ်ညွှန်းကောင်းတစ်ခုက ရုပ်သံဒရမ်မာတစ်ခု၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။

ဟွာစဲရုပ်ရှင်မှာ ထိပ်တန်း ဇာတ်ညွှန်းရေး ဆရာကြီးငါးယောက် ရှိသော်လည်း လင်းဖန်ကလည်း စစ်မှန်သည့် ဇာတ်ညွှန်းရေးဆရာကြီး ဖြစ်ပါသည်။

လင်းဖန်ရဲ့ ဇာတ်ညွှန်းက ဒီလူတွေကို မမှီဘဲ နေပါ့မလား။

လင်းဖန်၏ ဒီလောကထဲက အတွေ့အကြုံက မမြင့်သေးတာ မှန်သော်လည်း လင်းဖန်နဲ့ ဆက်ဆံဖူးသူများသာ သူ့ဇာတ်ညွှန်းရေး စွမ်းရည်ကို ကြုံတွေ့ဖူးပါလိမ့်မည်။

စီအီးအိုလီက ဆက်ပြော၏။ "လင်းဖန် ဇာတ်ညွှန်းတစ်ခုကို ထုတ်မယ်ဆို ကုမ္ပဏီက မူပိုင်ခွင့် ဝယ်ယူပြီး မင်းရဲ့ ဇာတ်ညွှန်းကို ပြန်ရိုက်ကူးမယ်။ စျေးမနှိမ်ဘဲ အရင်ကထက်တောင် မြင့်မယ်။”

အားလုံး၏ မျှော်လင့်စောင့်စားသော အကြည့်အောက်တွင် လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ "စီအီးအိုလီ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲဇာတ်ညွှန်းက မပြီးသေးပါဘူး။ ဟုတ်တာပေါ့။ ဒီစီးရီးရဲ့ ဒုတိယတွဲကို သေချာပေါက် ရိုက်မှာပါ။ ဒါပေမယ့် အချိန်ယူရမယ်။”

"ကျွန်တော် မကြာသေးခင်ကမှ ဇာတ်ညွှန်း အသစ်တစ်ပုဒ် ရေးထားသေးတယ်။ ရုပ်သံဒရမ်မာအဖြစ် ပြန်လည်ရိုက်ကူးဖို့ စီစဥ်ထားတယ်ဗျ။” လင်းဖန်က ပြောလိုက်၏။
လင်းဖန် ဇာတ်ညွှန်းသစ် ရေးထားသည်ဟု ကြားလိုက်ရသောအခါ အားလုံး တုန်လှုပ်သွားပါသည်။

လင်းဖန် ဇာတ်ညွှန်း အသစ်စက်စက်တစ်ခု ရေးထားတာလား။

ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ကုမ္ပဏီ လောလောဆယ် မရိုက်ကူးနိုင်သေးရင်တောင် အဆင်ပြေသည်။

"ကောင်းပြီ။ ငါ ဇာတ်ညွှန်းကို မဖတ်တော့ဘူး။ ကုမ္ပဏီက တစ်ပိုင်းကို ၆၀၀,၀၀၀ နဲ့ ဝယ်မယ်။”

"ဟုတ်တာပေါ့။ စျေးကွက်ထဲက ဖျော်ဖြေရေး ကုမ္ပဏီတွေကိုလည်း မင်းဇာတ်ညွှန်းပြကြည့်လို့ ရပါတယ်။ ဒီဇာတ်ညွှန်းအတွက် ရိုက်ကူးခွင့်ကို ဘယ်သူရရ အရေးမကြီးဘူး။ မင်းသေချာပေါက် ရေပန်းစားတဲ့ ရုပ်သံဒရမ်မာ အသစ်စက်စက်တစ်ခုကို သေချာပေါက် ရိုက်ကူးနိုင်မယ်ဆိုတာ ငါယုံကြည်တယ်။” စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။

ဒါ လင်းဖန်အပေါ် ထားရှိသော သူ့ယုံကြည်မှု ဖြစ်ပါသည်။

လင်းဖန်က ကုမ္ပဏီ၏ ဇာတ်ညွှန်းရေးဆရာ မဟုတ်ပါ။ ထို့ကြောင့် သူ့ဇာတ်ညွှန်းကို သူလုပ်ချင်တာ လုပ်လို့ ရပါသည်။

လင်းဖန်၏ ဇာတ်ညွှန်းများကို စျေးမြင့်မြင့်ဖြင့် ရောင်းနိုင်သည်။

လက်ရှိ လင်းဖန်က အနုပညာလောကထဲတွင် အတော်လေး နာမည်ကြီးသူ ဖြစ်၏။

တစ်ပိုင်းကို ၆၀၀,၀၀၀ စျေးကပင် အတော်လေး မြင့်မားနေပါပြီ။

"ဟုတ်ကဲ့ပါ။ ကျွန်တော်ဇာတ်ညွှန်းကို အရင် တင်ပြပြီး မူပိုင်ခွင့် ယူလိုက်ဦးမယ်။ ပြီးမှ ဇာတ်ညွှန်းအတွက် စာချုပ်ချုပ်ပြီး ရိုက်ကူးရေး စလို့ရပါပြီ။" လင်းဖန်က ပြုံးလိုက််ပါသည်။

"ဒါနဲ့ လင်းဖန် မင်းဇာတ်ညွှန်းနာမည်က ဘာတဲ့လဲ။" စီအီးအိုလီက မေးလိုက်ပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဌာရီတဲ့။"

လင်းဖန်၏ ဇာတ်ညွှန်းအသစ်က "ဓားနှင့်နတ်သမီး ဒဏ္ဌာရီ" ဖြစ်ပါသည်။

သူက တကယ့် ဂန္ဓဝင်လက်ရာစစ်စစ်ကို ဖန်တီးချင်ပြီး လူတွေလေးလေးနက်နက် သဘောကျမည့် ရုပ်သံဒရမ်မာမျိုး ဖန်တီးချင်သည်။

ထို့ကြောင့် ဒီဇာတ်ညွှန်းက လင်းဖန်၏ ဆန်းသစ်မှု ဖြစ်ပါသည်။

သူ့ရဲ့ မာစတာအဆင့် ဖန်တီးနိုင်စွမ်းနှင့် လူတိုင်း သိသည့် ဂန္ဓဝင်လက်ရာတစ်ခုကို လင်းဖန် ဖန်တီးချင်သည်။

မူပိုင်ခွင့်တင်ပြီးနောက် ဖျော်ဖြေရေး ကုမ္ပဏီများစွာက လင်းဖန်၏ "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" ဇာတ်ညွှန်းကို ကြည့်လိုက်ကြပါသည်။

အစကတော့ ဖျော်ဖြေရေးကုမ္ပဏီများစွာက ဇာတ်ညွှန်းအတွက် ယှဥ်ပြိုင်ကြလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း အံ့သြဖို့ကောင်းစွာ ယွဲ့ဟွာဖျော်ဖြေရေးကလွဲပြီး တခြား ဖျော်ဖြေရေးကုမ္ပဏီများက လင်းဖန်၏ ဇာတ်ညွှန်း ရိုက်ကူးခွင့်ကို ဘယ်သူမှ မဝယ်ကြပါ။

"ဟယ်လို မစ္စတာလင်း။ ကျွန်တော်တို့ ကုမ္ပဏီက မစ္စတာလင်းရဲ့ ဇာတ်ညွှန်းရေး စွမ်းရည်ကို အရမ်းလေးစားပါတယ်။ ဒီဇာတ်ညွှန်းထဲက ဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် စာချုပ် မချုပ်နိုင်တာကိုတော့ စိတ်မကောင်းပါဘူး။ နောက်ဇာတ်ညွှန်းတစ်ခုအတွက် အတူတူ အလုပ်တွဲလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။”

"မစ္စတာလင်း။ ခင်ဗျားရဲ့ ဇာတ်ညွှန်း ဇာတ်လမ်းက မဆိုးပါဘူး။ ဇာတ်သိမ်းက မလှတာတော့ နှမြောစရာပဲ။ တရုတ်ရုပ်သံဒရမ်မာတွေ အကုန်လုံးက ဟာသတွေချည်းပဲလေ။ ပရိသတ်ကလည်း ပျော်ရွှင်ဖွယ်ရာဇာတ်သိမ်းကို ပိုကြိုက်ကြတယ်။ ဇာတ်သိမ်းမလှရင် အဆင်ပြေမှာ မဟုတ်ဘူး ထင်တယ်။”

"ဇာတ်သိမ်း မလှတဲ့ ရုပ်သံဒရမ်မာ ဖြစ်နေလို့ပေါ့။ စျေးကွက်ထဲက လိုအပ်ချက်တွေနဲ့ ပြည့်မှီတယ်လို့ ကျွန်တော်တို့ မထင်ဘူး။ အတူတူ အလုပ် မလုပ်နိုင်တာ စိတ်မကောင်းပါဘူး။ ဟာသအဖြစ် ပြောင်းလဲလိုက်ရင်တော့ ကျွန်တော်တို့ အတူတူ တွဲလုပ်နိုင်မှာပါ။ ပြောင်းလဲချင်လား။”

ဖျော်ဖြေရေး ကုမ္ပဏီအားလုံးနီးပါးက လင်းဖန်၏ "ဓားနဲ့နတ်သမီးဒဏ္ဌာရီ" ကို ငြင်းလိုက်ကြပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဌာရီ၏ ဇာတ်သိမ်းက ခေါင်းဆောင်မင်းသမီးတစ်ယောက် ဇာတ်လိုက်၏ လက်ထဲတွင် သေဆုံးသွားခြင်း ဖြစ်သည်။

ငှက်အဖြစ် ပြောင်းလဲသွားပြီး အတူတူ ပျံသန်းသွားသည့် ဇာတ်ကောင်နှစ်ကောင်လည်း ရှိသေးသည်။ သူတို့က ကောင်းကင်ပေါ်မှာ အတူတူ ပျံသန်းချင်သည့် အချစ် ငှက်ကလေးနှစ်ကောင် ဖြစ်ချင်ခဲ့ခြင်း ဖြစ်သည်။

ဇာတ်လမ်းက ပြောင်မြောက်သည်။ အချစ်ရေး ဇာတ်ဝင်ခန်းများကလည်း ကြည်နူးစရာ ဖြစ်၏။ သို့သော်လည်း ရင်ကွဲစရာကောင်းလွန်းပါသည်။

ယနေ့ခေတ် တရုတ်ရုပ်သံဒရမ်မာများထဲတွင် အများစုက လူငယ်ကြိုက်များသာ ဖြစ်သည်။ အားလုံးက ပြန်လည်ဆုံစည်းခြင်းကိုသာ သဘောာကြကြသည်။ စျေးကွက်ပေါ်မှာ ဇာတ်သိမ်း မလှသည့် ရုပ်သံဒရမ်မာဆိုတာ မရှိခဲ့ဖူးပေ။

ထို့ကြောင့်လည်း ဒီလို ဇာတ်ညွှန်းမျိုးက ရက်စက်လွန်းသဖြင့် အဓိက ဖျော်ဖြေရေး ကမ္ပဏီကြီးများ အားလုံး ငြင်းဆန်လိုက်ခြင်း ဖြစ်ပါသည်။

ယွဲ့ဟွာဖျော်ဖြေရေးတွင်။

လူများစွာ လင်းဖန်၏ ဇာတ်ညွှန်းကို ဖတ်နေကြသည်။

လင်းဖန်ဘာကြောင့် ဇာတ်သိမ်းမလှသည့် ဇာတ်ညွှန်းမျိုး ရေးရတာလဲ နားမလည်ကြပေ။

ရှုယန်တောင် နားမလည်ပါ။

သို့သော်လည်း လင်းဖန်ကို အမြဲတမ်း ထောက်ခံသည့် လူတစ်ယောက်တော့ ရှိပါသည်။

သူက ဇာတ်ညွှန်းရေးဆရာကြီး ထျန်ကျန်း ဖြစ်၏။

"ဘုရား... ဇာတ်ညွှန်းရေးထားတာ တော်တော် ကောင်းတာပဲ။"

"လင်းဖန်ရဲ့ ဇာတ်ညွှန်းက အရင် ဘဝရဲ့ပျော်ရွှင်မှုထက်တောင် ပိုကောင်းနေသေးတယ်။ နက်နဲမှုလည်း ပိုမြင့်တယ်။” ဆရာကြီး ထျန်ကျန်းက အံ့သြစွာ ပြောလိုက်သည်။

"အပြင်ပိုင်းမှာတော့ ဇာတ်ညွှန်းက ဇာတ်သိမ်းမလှတဲ့ပုံပေါ်ပေမယ့် ဒီဇာတ်ညွှန်းထဲက ဇာတ်သိမ်းမလှမှုက လူအများကြီးနဲ့ ဆက်နွယ်နေလို့ပဲ။”

"ဒါက တကယ့်ကို ရဲတင်းတဲ့ ကြိုးစားမှုပဲ။ ဒါပေမယ့် ဆန်းသစ်မှု မရှိဘဲ အောင်မြင်မှုဆိုတာ ဖြစ်လာနိုင်ပါ့မလား။”

"စဥ်းစားကြည့်စမ်းပါ။ ရေနွေးငွေ့အင်ဂျင်တွေ မရှိဘဲ လူသားတွေက စက်ရုံခေတ်ကို ရောက်လာနိုင်ပါ့မလား။ ထပ်ခါထပ်ခါ တိုးတက်မှုမရှိဘဲ  လူသားတွေက အမြှောက်တွေ၊ လေယာဥ်တွေကို တီထွင်နိုင်ခဲ့ပါ့မလား။ ဒီလို ဆန်းသစ်တဲ့ ပါရမီရှင်မျိုးတွေက ခေတ်တစ်ခေတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တယ်။”

"ဇာတ်ညွှန်းထဲက ဇာတ်ကောင်စရိုက်တွေက သေသပ်တယ်။ အနုပညာဆန်ပြီး လက်တွေ့လည်း ကျတယ်။ ဒီရုပ်သံစီးရီးရဲ့ Themeက ကံကြမ္မာပဲ။ ကံကြမ္မာဆိုးဆိုတာ လှပတာ တစ်ခုခုကို မျက်နှာချင်းဆိုင်ရင်း ပျက်စီးမှုထဲ လျှောက်လှမ်းရတဲ့ စိတ်ပျက်အားလျော့မှုပဲ။ ပြီးတော့ ဒါက ရှန်းရှဒရမ်မာပဲ။ တကယ်ပဲ ကြမ္မာဆိုးပေမယ့် ဒီရုပ်သံစီးရီးကိုသာ ထုတ်လွှင့်ပြသလိုက်ရင် တကယ့် ဂန္ဓဝင်လက်ရာ ဖြစ်လာမှာ သံသယဖြစ်စရာ မလိုဘူး။”

"အဲ့တာကြောင့် လင်းဖန်ရဲ့ ဇာတ်ညွှန်းက တော်တော်လေး ကောင်းတယ်လို့ ငါထင်တယ်။”

"ဒီဇာတ်ညွှန်းကို ကောင်းကောင်း ရိုက်ကူးနိုင်မယ်ဆိုရင် ဓားနှင့်နတ်သမီးဒဏ္ဌာရီက ရှန်းရှဒရမ်မာတွေရဲ့ ထိပ်တန်း ဖြစ်လာပြီး နိုင်ငံတော် တစ်လျှောက်လုံး လုံးဝ နာမည်ကြီးလာလိမ့်မယ်။” ဆရာကြီးထျန်ကျန်းက ပြောလိုက်ပါသည်။ လင်းဖန်၏ ဇာတ်ညွှန်းကို ချီးကျူးလိုက်ပါသည်။

ဖျော်ဖြေရေးကုမ္ပဏီအတော်များများက လင်းဖန်၏ ဇာတ်ညွှန်းကို အထင်မကြီးသော်လည်း ဆရာကြီးထျန်ကျန်းက အလွန် အသိအမှတ်ပြုပါသည်။

ဆရာကြီးထျန်ကျန်း၏ မျက်လုံးထဲမှာတော့ လင်းဖန်က တကယ့် ဇာတ်ညွှန်းရေးဆရာစစ်စစ် ဖြစ်သည်။ လင်းဖန်၏ အမြင်က ရွှေအဆင့် ဇာတ်ညွှန်းရေးဆရာ ဆိုတာထက် ကျော်လွန်နေပါပြီ။

လင်းဖန် ရေးသားထားသည့် "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" က လင်းခယ့်ရှင်း ပါဝင်သည့် "ကြယ်ဥယျာဥ်" ကိုပင် ကျော်လွန်သွားနိုင်ပါသည်။ ဒီရုပ်သံဒရမ်မာက တကယ့် ဂန္ဓဝင်လက်ရာစစ်စစ် ဖြစ်နိုင်သည်။ ရုပ်သံဒရမ်မာများ၏ သမိုင်းဝင်စံချိန်ကို ချိုးဖျက်ပြီး ထိပ်တန်း ဂန္ဓဝင်လက်ရာ ဖြစ်လာပါလိမ့်မည်။

အခန်း(၁၄၂) လင်းဖန်ကိုယ်တိုင် သူ့ရုပ်ရှင်ကို ရိုက်ကူးမည်၊ ဟွာစဲရုပ်ရှင်ကို စစ်ကြေညာခြင်း

စဥ်းစားချင့်ချိန်မှုတချို့ ပြုလုပ်ပြီးနောက် စီအီးအိုလီက လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ "လင်းဖန် ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။”

"မင်းရုပ်သံစီးရီးကို မဝယ်ချင်တဲ့ ဖျော်ဖြေရေး ကုမ္ပဏီတွေ အများကြီးပဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မင်းနောက်မှာ ယွဲ့ဟွာ အမြဲတမ်း ရှိနေမယ်။”

"ငါဇာတ်ညွှန်းကို မြင်ပြီးပြီ ဆရာကြီးထျန့်ကျန်း ပြောသလိုပဲ မင်းရေးထားတာ အရမ်းကောင်းတယ်။ မင်းတို့တွေ ဒီရုပ်သံဒရမ်မာကိုလည်း ကောင်းကောင်းမွန်မွန် ရိုက်ကူးနိုင်ဖို့ မျှော်လင့်နေပါပြီ။”

"ဒါပေမယ့် ငါပြောချင်တာက ရုပ်သံဒရမ်မာကို ရိုက်ကူးနိုင်ပြီဆိုရင်တောင် ရင်းနှီးမြှုပ်နှံသူ မရှိလောက်ဘူး။”

"အဲ့တာကြောင့် ငါတို့ ဒီရုပ်သံဒရမ်မာကို ရိုက်ကူးဖို့ နည်းနည်း ခက်ခဲလိမ့်မယ်" စီအီးအိုလီက လင်းဖန်ကို ကြည့်ကာ ပြောလိုက်ပါသည်။

လင်းဖန်က ခေါင်းငြိမ့်လိုက်၏။ "စီအီးအိုလီ။  အပြင်လောကက ကျွန်တော်တို့ကို အထင်မကြီးမှသာ အောင်မြင်လာတဲ့အခါ ပိုပြီးအဓိပ္ပာယ်ရှိလာမှာပါ။”

"ရင်းနှီးမြှုပ်နှံသူ မရှိရင် ကျွန်တော်ကိုယ်တိုင် ဒရမ်မာထဲမှာ ရင်းနှီးမြှုပ်နှံပေးမယ်" လင်းဖန်က ပြောလိုက်ပါသည်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီရုပ်သံဒရမ်မာကို ကောင်းကောင်း ရိုက်ကူးရမယ်။ ဒီရုပ်သံဒရမ်မာက ဟွာစဲရုပ်ရှင်ကို ရှုံးမှာ မဟုတ်ဘူးလို့လည်း ကျွန်တော်ယုံကြည်တယ်။” လင်းဖန်က ယုံကြည်ချက်ပြည့်ဝစွာ ပြောလိုက်ပါသည်။

စီအီးအိုလီက လင်းဖန်၏ ပခုံးကိုပုတ်ကာ ပြောလိုက်ပါသည်။ "အဲ့အချိန်ကျရင် ကုမ္ပဏီကလည်း ငွေတချို့ ပေးမှာပါ။ ရင်းနှီးမြှုပ်နှံသူ မရှိရင်တောင် ငါတို့ ဒီရုပ်သံဒရမ်မာကို ကောင်းကောင်း ရိုက်ကူးကြမယ်။”

လင်းဖန်နှင့် စီအီးအိုလီတို့ စာချုပ်ကို လက်မှတ် ထိုးပြီးနောာက် ယွဲ့ဟွာက ဒီဇာတ်ညွှန်းကို ရိုက်ကူးဖို့ တစ်ပိုင်း ၆၀၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဌာရီ" အပိုင်း စုစုပေါင်း ၃၆ ပိုင်း ရှိသည်။ တစ်နည်းအားဖြင့် လင်းဖန်၏ "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" ဇာတ်ညွှန်းက စုစုပေါင်း ၂၁.၆ သန်းဖြင့် ရောင်းထွက်ခဲ့ပါသည်။

ယွမ် ၂၁.၆ သန်း သူ့ဘဏ်အကောင့်ထဲသို့ရောက်လာသောအခါ လင်းဖန် ပြုံးလိုက်သည်။

သူ နောက်ထပ် သန်း ၂၀ ကျော် ရလိုက်ပြန်ပြီ။ ဒါက ဝင်ငွေ အများကြီး မဟုတ်သော်လည်း ဒီရုပ်သံဒရမ်မာကို စတင်ရိုက်ကူးဖို့ လုံလောက်ပါသည်။ လက်ရှိ သူ့မှာ ငွေသား သန်း ၃၀၀ ရှိနေပါပြီ။

သူ့ဒရမ်မာမှာ ရင်းနှီးမြှုပ်နှံသူ မရှိရင်တောင် သူ့ကိုယ်သူ အားကိုးနိုင်သည်။

ဒီရုပ်သံဒရမ်မာက ကြမ္မာဆိုးဒရမ်မာဖြစ်ကာ တခြားကုမ္ပဏီများက သိပ်ပြီး အထင်မကြီးသော်လည်း ယွဲ့ဟွာဖျော်ဖြေရေးတွင် အရင်တုန်းက လင်းဖန်နဲ့ အတူတူ အလုပ်လုပ်ဖူးသည့် သရုပ်ဆောင်များက လင်းဖန်၏ ဇာတ်ညွှန်းကို အလွန်သဘောကျကြပါသည်။

"အစ်ကိုဖန် ငါမင်းဇာတ်ညွှန်းထဲမှာ သရုပ်ဆောင်ချင်လို့ ဇာတ်ကောင်နေရာတစ်ခုလောက် ပေးပါလား။”

"အစ်ကိုဖန် ဇာတ်ညွှန်းက ဘာလို့ ဒီလောက်တောင် စိတ်ဝင်စားဖို့ ကောင်းရတာလဲ။ နည်းနည်း ရက်စက်တာလေးတစ်ခုပဲ။ ဖတ်နေရင်းနဲ့တောင် ငိုမိတယ်။”

"တကယ်ကြီး ဖတ်ပြီး ငိုမိတယ်။ ဇာတ်သိမ်းက ဘာလို့ ဒီလိုဖြစ်ရတာလဲ။ အစပိုင်းတော့ အရမ်းချိုမြိန်တယ်လို့ ပြောပေမယ့် နောက်ဆုံးကျတော့ ဇာတ်လိုက်နှစ်ယောက် ခွဲခွာကြရတာပဲ။ သရုပ်ဆောင်မယ်ဆို တော်တော်လေး ရင်ကွဲရလိမ့်မယ်။”

"အစ်ကိုဖန်ရဲ့ လက်ရာတွေက တကယ့်ကို ထိပ်တန်းအဆင့်တွေချည်းပဲ။ တခြား ဖျော်ဖြေရေး ကုမ္ပဏီတွေက အစ်ကိုဖန်ရဲ့ ဇာတ်ညွှန်းကို အထင်မကြီးလောက်ဘူး။ ဒီရုပ်သံဒရမ်မာကို ရိုက်ကူးပြီးရင် သေချာပေါက် ဂန္ဓဝင်လက်ရာတစ်ခု ဖြစ်လာမှာပါ။”

"ဘာပဲဖြစ်ဖြစ် ငါအစ်ကိုလင်းဖန်ကို ယုံကြည်တယ်။ ဒီဇာတ်ညွှန်းကိုလည်း အရမ်းကြိုက်တယ်။”

သရုပ်ဆောင်များစွာက လင်းဖန်ကို လာတွေ့ပြီး ဇာတ်ကောင်နေရာလာတောင်းကြပါသည်။

လင်းဖန်တစ်ယောက် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဇာတ်ကောင်နေရာများစွာကို ရွေးချယ်ခဲ့သည်။

ခေါင်းဆောင်မင်းသားကတောာ့ သူကိုယ်တိုင်ပဲ ဖြစ်သည်။

ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့ဖြစ်၏။

အမျိုးသမီး ဇာတ်ပို့ ဇာတ်ကောင်နေရာများကို စုရှောင်းယွီနှင့် လင်းကျင်းကျင်းတို့အား ပေးထားပါသည်။

ရှုယန်က အမျိုးသားဇာတ်ပို့ ဖြစ်၏။

ယွဲ့ဟွာ နာမည်ကြီးသရုပ်ဆောင် အများကြီးကိုတော့ မငှားရမ်းနိုင်ပါ။ သရုပ်ဆောင် အားလုံးနီးပါးက ဘဝရဲ့ပျော်ရွှင်မှုမှ ဖြစ်ပြီး အနုပညာကြေးကလည်း မမြင့်မားပါ။

သရုပ်ဆောင်များကို ရွေးချယ်ပြီးနောက် ပရိုဂျူဆာနဲ့ ဒါရိုက်တာများကို ဆုံးဖြတ်မည်ဖြစ်သည်။

"ညီလေးဖန် မင်း ဒါရိုက်တာလုပ်လို့ရတာပဲ။ ငါတို့အားလုံးက မင်းအဖွဲ့လုပ်မယ်။ ဒီရုပ်သံဒရမ်မာရဲ့ ဒါရိုက်တာက မင်းလုပ်မှဖြစ်မယ်" လုပမ်ခိုင်းက ပြောလိုက်သည်။

သူ လင်းဖန်ကို အလွန်လေးစားပါသည်။ လင်းဖန်သာ ဒီရုပ်သံဒရမ်မာ၏ ဒါရိုက်တာ ဖြစ်နိုင်သည်ဟုလည်း ခံစားမိပါသည်။

လင်းဖန် ဒါကိုကြားသောအခါ ခေါင်းငြိမ့်လိုက်ပါသည်။

သူ ဒါရိုက်တာ လုပ်လို့ ရသည်။

ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေးတုန်းကလည်း လုပမ်ခိုင်းကို သူ အများကြီး ကူညီပေးခဲ့သည်။

အစကတော့ လင်းဖန်က လုပမ်ခိုင်းကို ဒါရိုက်တာ ထပ်လုပ်ခိုင်းချင်သော်လည်း လုပမ်ခိုင်းက လင်းဖန်ကို လေးစားလွန်းနေပါသည်။

သူတို့က ဒါရိုက်တာစွမ်းရည်ရှကြသူများဖြစ်သော်လည်း လုပမ်ခိုင်းက လင်းဖန်၏ ဒါရိုက်တာစွမ်းရည် ဘယ်လောက်ကောင်းသလဲ လေးလေးနက်နက် နားလည်ထားသည်။

လင်းဖန် ဒါရိုက်တာလုပ်သည့်အခါ လုပမ်ခိုင်းက ဘေးဘက်မှ သင်ယူနေခဲ့၏။။

သူနှင့် လင်းဖန်တို့အကြားက ခြားနားချက်ကို ခံစားခဲ့ရပါသည်။

ဒီရုပ်သံဒရမ်မာအတွက် ရင်းနှီးမြှုပ်နှံသူ အများကြီး မရှိသော်လည်း လုပမ်ခိုင်းက လင်းဖန်၏ လက်ထောက်လုပ်ပေးမည်ဖြစ်သည်။

လင်းဖန်၏ ဒါရိုက်တာစွမ်းရည်က အားကောင်းလွန်း၏။ လုပမ်ခိုင်းတစ်ယောက် လင်းဖန်ဆီမှ အများကြီး သင်ယူနိုင်လိမ့်မည်ဟု ခံစားမိပါသည်။

လင်းဖန်ကို သူ့လမ်းပြမီးကဲ့သို့ သဘောထားပြီးပြီ ဖြစ်သည်။

ဒီရုပ်သံဒရမ်မာ၏ ပရိုဂျူဆာကတော့ ယွဲ့ဟွာဖျော်ဖြေရေးပဲ ဖြစ်ပါသည်။

ယွဲ့ဟွာဖျော်ဖြေရေးက ဒီရုပ်သံဒရမ်မာအတွက် သန်း ၂၅၀ ရင်းနှီးမြှုပ်နှံထားသည်။

ထို့နောက် လင်းဖန်လည်း သန်း ၂၅၀ ထုတ်လိုက်ပြီး "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" အတွက် ရင်းနှီးမြှုပ်နှံလိုက်ပါသည်။

အလွန် ရိုးရှင်းပါသည်။ ဘယ်သူမှ ဇာတ်ညွှန်းကို မဝယ်ချင်သဖြင့် ရုပ်သံဒရမ်မာမှာ ဘယ်သူကကော ရင်းနှီးမြှုပ်နှံချင်မှာလဲ။

ဒီရုပ်သံဒရမ်မာ ရေပန်းစားလာပါ့မလား ဆိုတာတောင် သူတို့ မသေချာကြပေ။

လူများစွာ၏ မျက်လုံးထဲတွင် ဒီရုပ်သံဒရမ်မာက သေချာပေါက် ကျရှုံးလိမ့်မည်ဟု ထင်ထားကြသည်။

ဇာတ်သိမ်းမလှသည့် ရုပ်သံဒရမ်မာတစ်ခုက လက်ရှိ စျေးကွက်နဲ့ မကိုက်ညီဘဲ ပရိသတ်၏ အကြိုက်နဲ့လည်း မကိုက်ညီပါ။

"ကြယ်ဥယျာဥ်" က အလွန်အေးချမ်း၏။ စိတ်ဝင်စားဖို့ကောင်းပြီး သက်ဝင်သော ရုပ်သံဒရမ်မာတစ်ခု ဖြစ်သည်။ လင်းခယ့်ရှင်းပါ ပါဝင်ထားသဖြင့် ပါဝင်သရုပ်ဆောင်သူများနှင့် ရင်းနှီးမြှုပ်နှံမှုများက အားကောင်းကြပါသည်။

ဇာတ်ညွှန်းကို အတည်ပြုပြီးသောအခါ ဝန်ထမ်းအားလုံးကိုလည်း အတည်ပြုပြီးပါပြီ။

ဒီရုပ်သံဒရမ်မာ၏ ပရိုဂျူဆာက ယွဲ့ဟွာဖျော်ဖြေရေး ဖြစ်သည်။ ဒါရိုက်တာက လင်းဖန်၊ ခေါင်းဆောင်မင်းသားကလည်း လင်းဖန်ပဲ ဖြစ်၏။

ဒီရုပ်သံဒရမ်မာက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ပူးပေါင်းရိုက်ကူးမှု ဒုတိယအကြိမ် ဖြစ်သည်။

ဒီရုပ်သံဒရမ်မာက ရှန်းရှဒရမ်မာဖြစ်ပြီး ၎င်း၏ စတိုင်ကလည်း ယနေ့ခေတ် စျေးကွက်နဲ့ လုံးဝ ခြားနားပါသည်။

ရှားဝမ်ချွေ့၏ စာချုပ်ဖျက်သိမ်းမှုများ၊ ဖျော်ဖြေရေးကုမ္ပဏီများ၏ ငြင်းဆိုမှုများ၊ ရင်းနှီးမြှုပ်နှံသူမရှိသည့် ပြဿနာများကို ကြုံတွေ့ရတာတောင် သူတို့ "ဓားနှင့်နတ်သမီးဒဏ္ဌာနီ" ရုပ်သံဒရမ်မာကို စတင်ရိုက်ကူးခဲ့ပါသည်။

သြဂုတ်လ ၃ ရက်တွင် ယွဲ့ဟွာက "ဓားနှင့် နတ်သမီးဒဏ္ဌာရီ" ရိုက်ကူးရေးကို ဝေ့ပေါ် ပေါ်မှာ တရားဝင် ကြေညာခဲ့ပါသည်။

သတင်းပြန့်သွားသောအခါ ဖျော်ဖြေရေး လောကထဲတွင် ပွက်လောရိုက်သွားခဲ့ပါသည်။

ယွဲ့ဟွာက ဟွာစဲရုပ်ရှင်၏ "ကြယ်ဥယျာဥ်"ကို ယှဥ်ပြိုင်ဖို့ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ရိုက်ကူးလိမ့်မည်ဟု အားလုံး ထင်ထားခဲ့ကြ၏။

သို့သော်လည်း ယွဲ့ဟွာက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို မရိုက်ကူးဘဲ "ဓားနှင့်နတ်သမီးဒဏ္ဌာရီ"ကို ရိုက်ကူးလိမ့်မည်ဟုတော့ မထင်ထားခဲ့ကြပေ။

ရိုက်ကူးရေးသတင်းကို ကြေညာလိုက်သောအခါ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ပရိသတ်များ အချက်တစ်ချက်ကို သတိထားမိသွားကြသည်။

"ဘုရားရေ ဓားနှင့်နတ်သမီးဒဏ္ဌာရီ ခေါင်းဆောင်မင်းသားက လင်းဖန်၊ ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့တို့ပဲဟ။”

"ပြီးတော့ ဒီရုပ်သံဒရမ်မာရဲ့ မူလဇာတ်ညွှန်းက လင်းဖန် ရေးထားတာတဲ့။”

"ကြည့်ဦး။ ဒါရိုက်တာကလည်း လင်းဖန်ပဲ။"

"ဘုရားရေ အစ်ကိုဖန်က ဇာတ်ညွှန်းရေးဆရာဖြစ်ရုံတင်မကဘူး။ ဒါရိုက်တာလည်း ဟုတ်သေးတယ်။ ပြီးတော့ ခေါင်းဆောင်မင်းသားအဖြစ်လည်း ပါဝင်ထားသေးတယ်။”

"ငါ ဒီဒရမ်မာကို Follow လုပ်ထားလိုက်တော့မယ်။ ဒီရုပ်သံဒရမ်မာက အရမ်းကောင်းလိမ့်မယ်။ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ ရိုက်ကူးရေး မစသေးပေမယ့် ဒီဒရမ်မာကိုပဲ စောင့်နေတော့မယ်။”

"အရင်တုန်းက အစ်ကိုဖန်နဲ့ ရှားဝမ်ချွေ့တို့ကို နာမည်ဖျက်တဲ့လူတွေ အများကြီးပဲ။ ကီးဘုတ်ဖိုက်တာတွေလည်း အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ငါ့မင်းသားလေးနဲ့ နတ်သမီးလေးကို အမြဲတမ်း အားပေးနေဦးမှာပဲ။”

"ဓားနှင့်နတ်သမီးဒဏ္ဌာရီ လုပ်ထားကွ။”

ပရိသတ်များအားလုံး အံ့အားသင့် ပျော်ရွှင်သွားကြပါသည်။

ရှားဝမ်ချွေ့ကို အွန်လိုင်းပေါ်မှာ လူများစွာ နာမည်ဖျက်ခဲ့တုန်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ကောလဟာလများကို မတုန့်ပြန်ခဲ့ကြပေ။

အင်တာနက်ပေါ်မှာ အမာခံပရိသတ်များစွာရှိသည်။ ထိုလူတွေက လင်းဖန်နဲ့ရှားဝမ်ချွေ့ကို တမင်သက်သက် နာမည်ဖျက်နေမှန်း သူတို့ ပြောနိုင်ပါသည်။

လင်းဖန်၏ နည်းလမ်းကတော့ တုန့်ပြန်သည့်အနေဖြင့် ရုပ်သံစီးရီးအသစ်တစ်ခုကို ထုတ်လုပ်ဖို့ ဖြစ်ပါသည်။

ဒီရုပ်သံဒရမ်မာ၏ နာမည်က "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" ဖြစ်သည်။

ဘာကြောင့်မှန်းမသိဘဲ ပရိသတ်များ နာမည်ကိုမြင်လိုက်သောအခါ အလွန်သဘောကျသွားကြပြီး မျှော်လင့်ချက်များ ပြည့်ဝနေကြပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီရုပ်သံဒရမ်မာ၏ ခေါင်းဆောင်မင်းသားက လင်းဖန် ဖြစ်နေသောကြောင့်ပင်။

ဒီရုပ်သံဒရမ်မာ၏ ဒါရိုက်တာနဲ့ မူလဇာတ်ညွှန်းရေးဆရာကတောင် လင်းဖန်ပဲ ဖြစ်သည်။

ပရိသတ်များစွာ၏ ရင်ထဲတွင် ဖော်မပြနိုင်သော ခံစားချက်များ ဖြစ်တည်လာပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဌာရီ"ကိုသာ ရိုက်ကူးနိုင်ပါက သေချာပေါက် နောက်ထပ် ဂန္ဓဝင်လက်ရာတစ်ခု ဖြစ်လာပါလိမ့်မည်။

Zawgyi

လင္းဖန္ 141+142

အခန္း(၁၄၁) ဓားႏွင့္နတ္သမီး၏ဒဏၭာရီ၊ထိပ္တန္း ႐ုပ္သံဒရမ္မာေနာက္တစ္ခု

"လင္းဖန္ ငါလည္း ပါမယ္။ ငါ တျခားဒရမ္မာေတြကို ျငင္းထားတယ္။ မင္း ဇာတ္ဝင္ခန္း႐ိုက္ဖို႔ ငါ့ကို လိုရင္ ပြင့္ပြင့္လင္းလင္းသာေျပာ" ႐ႈယန္က လင္းဖန္၏ ပခုံးကိုပုတ္ကာ ေျပာလိုက္ပါသည္။

"ဆရာ ငါေကာပဲ။ ေ႐ွာင္းယြီက အရမ္းေတာ္တယ္။" စုေ႐ွာင္းယြီက လင္းဖန္ကို ျပဳံးျပလိုက္ပါသည္။

"ငါေကာပဲ" လင္းက်င္းက်င္းကလည္း အတည္ေပါက္ ေျပာလိုက္ပါသည္။

"ငါတို႔ ဝမ္ေခြၽ႕ကို လူေတြ အႏိုင္က်င့္တာမ်ိဳး သည္းခံလို႔ မျဖစ္ဘူး။ သူတို႔ ယြဲ႕ဟြာမွာ ဘာမွ မ႐ွိဘူးလို႔ ထင္ေနလား။ လင္းခယ့္႐ွင္းနဲ႔ စာခ်ဳပ္ ခ်ဳပ္ထားလည္း ဘာျဖစ္လဲ။ ငါတို႔လက္ရာ ေကာင္းေကာင္း ထုတ္လုပ္လို႔ ရေသးတာပဲ" ဒါ႐ိုက္တာ လုပမ္ခိုင္းက စားပြဲခုံကို ႐ိုက္လိုက္ပါသည္။

အားလုံး လင္းဖန္ကို ယုံၾကည္မႈ ျပည့္ဝေနၾကသည္။

လင္းဖန္သာ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယတြဲကို ထုတ္လုပ္ႏိုင္ၿပီး မူလသ႐ုပ္ေဆာင္မ်ားသာ ပါဝင္သ႐ုပ္ေဆာင္လိုက္ပါက ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယတြဲက လင္းခယ့္႐ွင္း ပါဝင္သ႐ုပ္ေဆာင္ထားသည့္ ၾကယ္ဥယ်ာဥ္ကို မ႐ႈံးေလာက္ပါ။

စီအီးအိုလီက လင္းဖန္ကိုၾကည့္ၿပီး ေျပာလိုက္ပါသည္။ "လင္းဖန္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယတြဲဇာတ္ၫႊန္းက အေျခအေန ဘယ္လို႐ွိလဲ။ ျဖစ္ႏိုင္ရင္ ငါတို႔ ႐ိုက္ကူးေရးစၿပီး သူတို႔ကို စစ္ေၾကညာၾကရေအာင္။”

ဇာတ္ၫႊန္းေကာင္းတစ္ခုက ႐ုပ္သံဒရမ္မာတစ္ခု၏ ေအာင္ျမင္မႈအတြက္ အေျခခံအုတ္ျမစ္ ျဖစ္သည္။

ဟြာစဲ႐ုပ္႐ွင္မွာ ထိပ္တန္း ဇာတ္ၫႊန္းေရး ဆရာႀကီးငါးေယာက္ ႐ွိေသာ္လည္း လင္းဖန္ကလည္း စစ္မွန္သည့္ ဇာတ္ၫႊန္းေရးဆရာႀကီး ျဖစ္ပါသည္။

လင္းဖန္ရဲ႕ ဇာတ္ၫႊန္းက ဒီလူေတြကို မမွီဘဲ ေနပါ့မလား။

လင္းဖန္၏ ဒီေလာကထဲက အေတြ႕အၾကဳံက မျမင့္ေသးတာ မွန္ေသာ္လည္း လင္းဖန္နဲ႔ ဆက္ဆံဖူးသူမ်ားသာ သူ႕ဇာတ္ၫႊန္းေရး စြမ္းရည္ကို ၾကဳံေတြ႕ဖူးပါလိမ့္မည္။

စီအီးအိုလီက ဆက္ေျပာ၏။ "လင္းဖန္ ဇာတ္ၫႊန္းတစ္ခုကို ထုတ္မယ္ဆို ကုမၸဏီက မူပိုင္ခြင့္ ဝယ္ယူၿပီး မင္းရဲ႕ ဇာတ္ၫႊန္းကို ျပန္႐ိုက္ကူးမယ္။ ေစ်းမႏွိမ္ဘဲ အရင္ကထက္ေတာင္ ျမင့္မယ္။”

အားလုံး၏ ေမွ်ာ္လင့္ေစာင့္စားေသာ အၾကည့္ေအာက္တြင္ လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။ "စီအီးအိုလီ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယတြဲဇာတ္ၫႊန္းက မၿပီးေသးပါဘူး။ ဟုတ္တာေပါ့။ ဒီစီးရီးရဲ႕ ဒုတိယတြဲကို ေသခ်ာေပါက္ ႐ိုက္မွာပါ။ ဒါေပမယ့္ အခ်ိန္ယူရမယ္။”

"ကြၽန္ေတာ္ မၾကာေသးခင္ကမွ ဇာတ္ၫႊန္း အသစ္တစ္ပုဒ္ ေရးထားေသးတယ္။ ႐ုပ္သံဒရမ္မာအျဖစ္ ျပန္လည္႐ိုက္ကူးဖို႔ စီစဥ္ထားတယ္ဗ်။” လင္းဖန္က ေျပာလိုက္၏။
လင္းဖန္ ဇာတ္ၫႊန္းသစ္ ေရးထားသည္ဟု ၾကားလိုက္ရေသာအခါ အားလုံး တုန္လႈပ္သြားပါသည္။

လင္းဖန္ ဇာတ္ၫႊန္း အသစ္စက္စက္တစ္ခု ေရးထားတာလား။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယတြဲကို ကုမၸဏီ ေလာေလာဆယ္ မ႐ိုက္ကူးႏိုင္ေသးရင္ေတာင္ အဆင္ေျပသည္။

"ေကာင္းၿပီ။ ငါ ဇာတ္ၫႊန္းကို မဖတ္ေတာ့ဘူး။ ကုမၸဏီက တစ္ပိုင္းကို ၆၀၀,၀၀၀ နဲ႔ ဝယ္မယ္။”

"ဟုတ္တာေပါ့။ ေစ်းကြက္ထဲက ေဖ်ာ္ေျဖေရး ကုမၸဏီေတြကိုလည္း မင္းဇာတ္ၫႊန္းျပၾကည့္လို႔ ရပါတယ္။ ဒီဇာတ္ၫႊန္းအတြက္ ႐ိုက္ကူးခြင့္ကို ဘယ္သူရရ အေရးမႀကီးဘူး။ မင္းေသခ်ာေပါက္ ေရပန္းစားတဲ့ ႐ုပ္သံဒရမ္မာ အသစ္စက္စက္တစ္ခုကို ေသခ်ာေပါက္ ႐ိုက္ကူးႏိုင္မယ္ဆိုတာ ငါယုံၾကည္တယ္။” စီအီးအိုလီက ျပဳံးကာ ေျပာလိုက္ပါသည္။

ဒါ လင္းဖန္အေပၚ ထား႐ွိေသာ သူ႕ယုံၾကည္မႈ ျဖစ္ပါသည္။

လင္းဖန္က ကုမၸဏီ၏ ဇာတ္ၫႊန္းေရးဆရာ မဟုတ္ပါ။ ထို႔ေၾကာင့္ သူ႕ဇာတ္ၫႊန္းကို သူလုပ္ခ်င္တာ လုပ္လို႔ ရပါသည္။

လင္းဖန္၏ ဇာတ္ၫႊန္းမ်ားကို ေစ်းျမင့္ျမင့္ျဖင့္ ေရာင္းႏိုင္သည္။

လက္႐ွိ လင္းဖန္က အႏုပညာေလာကထဲတြင္ အေတာ္ေလး နာမည္ႀကီးသူ ျဖစ္၏။

တစ္ပိုင္းကို ၆၀၀,၀၀၀ ေစ်းကပင္ အေတာ္ေလး ျမင့္မားေနပါၿပီ။

"ဟုတ္ကဲ့ပါ။ ကြၽန္ေတာ္ဇာတ္ၫႊန္းကို အရင္ တင္ျပၿပီး မူပိုင္ခြင့္ ယူလိုက္ဦးမယ္။ ၿပီးမွ ဇာတ္ၫႊန္းအတြက္ စာခ်ဳပ္ခ်ဳပ္ၿပီး ႐ိုက္ကူးေရး စလို႔ရပါၿပီ။" လင္းဖန္က ျပဳံးလိုက္္ပါသည္။

"ဒါနဲ႔ လင္းဖန္ မင္းဇာတ္ၫႊန္းနာမည္က ဘာတဲ့လဲ။" စီအီးအိုလီက ေမးလိုက္ပါသည္။

"ဓားႏွင့္နတ္သမီးဒဏၭာရီတဲ့။"

လင္းဖန္၏ ဇာတ္ၫႊန္းအသစ္က "ဓားႏွင့္နတ္သမီး ဒဏၭာရီ" ျဖစ္ပါသည္။

သူက တကယ့္ ဂႏၶဝင္လက္ရာစစ္စစ္ကို ဖန္တီးခ်င္ၿပီး လူေတြေလးေလးနက္နက္ သေဘာက်မည့္ ႐ုပ္သံဒရမ္မာမ်ိဳး ဖန္တီးခ်င္သည္။

ထို႔ေၾကာင့္ ဒီဇာတ္ၫႊန္းက လင္းဖန္၏ ဆန္းသစ္မႈ ျဖစ္ပါသည္။

သူ႕ရဲ႕ မာစတာအဆင့္ ဖန္တီးႏိုင္စြမ္းႏွင့္ လူတိုင္း သိသည့္ ဂႏၶဝင္လက္ရာတစ္ခုကို လင္းဖန္ ဖန္တီးခ်င္သည္။

မူပိုင္ခြင့္တင္ၿပီးေနာက္ ေဖ်ာ္ေျဖေရး ကုမၸဏီမ်ားစြာက လင္းဖန္၏ "ဓားႏွင့္နတ္သမီးဒဏၭာရီ" ဇာတ္ၫႊန္းကို ၾကည့္လိုက္ၾကပါသည္။

အစကေတာ့ ေဖ်ာ္ေျဖေရးကုမၸဏီမ်ားစြာက ဇာတ္ၫႊန္းအတြက္ ယွဥ္ၿပိဳင္ၾကလိမ့္မည္ဟု ထင္ထားခဲ့သည္။ သို႔ေသာ္လည္း အံ့ၾသဖို႔ေကာင္းစြာ ယြဲ႕ဟြာေဖ်ာ္ေျဖေရးကလြဲၿပီး တျခား ေဖ်ာ္ေျဖေရးကုမၸဏီမ်ားက လင္းဖန္၏ ဇာတ္ၫႊန္း ႐ိုက္ကူးခြင့္ကို ဘယ္သူမွ မဝယ္ၾကပါ။

"ဟယ္လို မစၥတာလင္း။ ကြၽန္ေတာ္တို႔ ကုမၸဏီက မစၥတာလင္းရဲ႕ ဇာတ္ၫႊန္းေရး စြမ္းရည္ကို အရမ္းေလးစားပါတယ္။ ဒီဇာတ္ၫႊန္းထဲက ဇာတ္လမ္းက အရမ္းစိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ဒါေပမယ့္ စာခ်ဳပ္ မခ်ဳပ္ႏိုင္တာကိုေတာ့ စိတ္မေကာင္းပါဘူး။ ေနာက္ဇာတ္ၫႊန္းတစ္ခုအတြက္ အတူတူ အလုပ္တြဲလုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။”

"မစၥတာလင္း။ ခင္ဗ်ားရဲ႕ ဇာတ္ၫႊန္း ဇာတ္လမ္းက မဆိုးပါဘူး။ ဇာတ္သိမ္းက မလွတာေတာ့ ႏွေျမာစရာပဲ။ တ႐ုတ္႐ုပ္သံဒရမ္မာေတြ အကုန္လုံးက ဟာသေတြခ်ည္းပဲေလ။ ပရိသတ္ကလည္း ေပ်ာ္႐ႊင္ဖြယ္ရာဇာတ္သိမ္းကို ပိုႀကိဳက္ၾကတယ္။ ဇာတ္သိမ္းမလွရင္ အဆင္ေျပမွာ မဟုတ္ဘူး ထင္တယ္။”

"ဇာတ္သိမ္း မလွတဲ့ ႐ုပ္သံဒရမ္မာ ျဖစ္ေနလို႔ေပါ့။ ေစ်းကြက္ထဲက လိုအပ္ခ်က္ေတြနဲ႔ ျပည့္မွီတယ္လို႔ ကြၽန္ေတာ္တို႔ မထင္ဘူး။ အတူတူ အလုပ္ မလုပ္ႏိုင္တာ စိတ္မေကာင္းပါဘူး။ ဟာသအျဖစ္ ေျပာင္းလဲလိုက္ရင္ေတာ့ ကြၽန္ေတာ္တို႔ အတူတူ တြဲလုပ္ႏိုင္မွာပါ။ ေျပာင္းလဲခ်င္လား။”

ေဖ်ာ္ေျဖေရး ကုမၸဏီအားလုံးနီးပါးက လင္းဖန္၏ "ဓားနဲ႔နတ္သမီးဒဏၭာရီ" ကို ျငင္းလိုက္ၾကပါသည္။

ဓားႏွင့္နတ္သမီးဒဏၭာရီ၏ ဇာတ္သိမ္းက ေခါင္းေဆာင္မင္းသမီးတစ္ေယာက္ ဇာတ္လိုက္၏ လက္ထဲတြင္ ေသဆုံးသြားျခင္း ျဖစ္သည္။

ငွက္အျဖစ္ ေျပာင္းလဲသြားၿပီး အတူတူ ပ်ံသန္းသြားသည့္ ဇာတ္ေကာင္ႏွစ္ေကာင္လည္း ႐ွိေသးသည္။ သူတို႔က ေကာင္းကင္ေပၚမွာ အတူတူ ပ်ံသန္းခ်င္သည့္ အခ်စ္ ငွက္ကေလးႏွစ္ေကာင္ ျဖစ္ခ်င္ခဲ့ျခင္း ျဖစ္သည္။

ဇာတ္လမ္းက ေျပာင္ေျမာက္သည္။ အခ်စ္ေရး ဇာတ္ဝင္ခန္းမ်ားကလည္း ၾကည္ႏူးစရာ ျဖစ္၏။ သို႔ေသာ္လည္း ရင္ကြဲစရာေကာင္းလြန္းပါသည္။

ယေန႔ေခတ္ တ႐ုတ္႐ုပ္သံဒရမ္မာမ်ားထဲတြင္ အမ်ားစုက လူငယ္ႀကိဳက္မ်ားသာ ျဖစ္သည္။ အားလုံးက ျပန္လည္ဆုံစည္းျခင္းကိုသာ သေဘာာၾကၾကသည္။ ေစ်းကြက္ေပၚမွာ ဇာတ္သိမ္း မလွသည့္ ႐ုပ္သံဒရမ္မာဆိုတာ မ႐ွိခဲ့ဖူးေပ။

ထို႔ေၾကာင့္လည္း ဒီလို ဇာတ္ၫႊန္းမ်ိဳးက ရက္စက္လြန္းသျဖင့္ အဓိက ေဖ်ာ္ေျဖေရး ကမၸဏီႀကီးမ်ား အားလုံး ျငင္းဆန္လိုက္ျခင္း ျဖစ္ပါသည္။

ယြဲ႕ဟြာေဖ်ာ္ေျဖေရးတြင္။

လူမ်ားစြာ လင္းဖန္၏ ဇာတ္ၫႊန္းကို ဖတ္ေနၾကသည္။

လင္းဖန္ဘာေၾကာင့္ ဇာတ္သိမ္းမလွသည့္ ဇာတ္ၫႊန္းမ်ိဳး ေရးရတာလဲ နားမလည္ၾကေပ။

႐ႈယန္ေတာင္ နားမလည္ပါ။

သို႔ေသာ္လည္း လင္းဖန္ကို အၿမဲတမ္း ေထာက္ခံသည့္ လူတစ္ေယာက္ေတာ့ ႐ွိပါသည္။

သူက ဇာတ္ၫႊန္းေရးဆရာႀကီး ထ်န္က်န္း ျဖစ္၏။

"ဘုရား... ဇာတ္ၫႊန္းေရးထားတာ ေတာ္ေတာ္ ေကာင္းတာပဲ။"

"လင္းဖန္ရဲ႕ ဇာတ္ၫႊန္းက အရင္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈထက္ေတာင္ ပိုေကာင္းေနေသးတယ္။ နက္နဲမႈလည္း ပိုျမင့္တယ္။” ဆရာႀကီး ထ်န္က်န္းက အံ့ၾသစြာ ေျပာလိုက္သည္။

"အျပင္ပိုင္းမွာေတာ့ ဇာတ္ၫႊန္းက ဇာတ္သိမ္းမလွတဲ့ပုံေပၚေပမယ့္ ဒီဇာတ္ၫႊန္းထဲက ဇာတ္သိမ္းမလွမႈက လူအမ်ားႀကီးနဲ႔ ဆက္ႏြယ္ေနလို႔ပဲ။”

"ဒါက တကယ့္ကို ရဲတင္းတဲ့ ႀကိဳးစားမႈပဲ။ ဒါေပမယ့္ ဆန္းသစ္မႈ မ႐ွိဘဲ ေအာင္ျမင္မႈဆိုတာ ျဖစ္လာႏိုင္ပါ့မလား။”

"စဥ္းစားၾကည့္စမ္းပါ။ ေရေႏြးေငြ႕အင္ဂ်င္ေတြ မ႐ွိဘဲ လူသားေတြက စက္႐ုံေခတ္ကို ေရာက္လာႏိုင္ပါ့မလား။ ထပ္ခါထပ္ခါ တိုးတက္မႈမ႐ွိဘဲ  လူသားေတြက အေျမႇာက္ေတြ၊ ေလယာဥ္ေတြကို တီထြင္ႏိုင္ခဲ့ပါ့မလား။ ဒီလို ဆန္းသစ္တဲ့ ပါရမီ႐ွင္မ်ိဳးေတြက ေခတ္တစ္ေခတ္ရဲ႕ တိုးတက္ဖြံ႕ၿဖိဳးမႈအတြက္ လိုအပ္တယ္။”

"ဇာတ္ၫႊန္းထဲက ဇာတ္ေကာင္စ႐ိုက္ေတြက ေသသပ္တယ္။ အႏုပညာဆန္ၿပီး လက္ေတြ႕လည္း က်တယ္။ ဒီ႐ုပ္သံစီးရီးရဲ႕ Themeက ကံၾကမၼာပဲ။ ကံၾကမၼာဆိုးဆိုတာ လွပတာ တစ္ခုခုကို မ်က္ႏွာခ်င္းဆိုင္ရင္း ပ်က္စီးမႈထဲ ေလွ်ာက္လွမ္းရတဲ့ စိတ္ပ်က္အားေလ်ာ့မႈပဲ။ ၿပီးေတာ့ ဒါက ႐ွန္း႐ွဒရမ္မာပဲ။ တကယ္ပဲ ၾကမၼာဆိုးေပမယ့္ ဒီ႐ုပ္သံစီးရီးကိုသာ ထုတ္လႊင့္ျပသလိုက္ရင္ တကယ့္ ဂႏၶဝင္လက္ရာ ျဖစ္လာမွာ သံသယျဖစ္စရာ မလိုဘူး။”

"အဲ့တာေၾကာင့္ လင္းဖန္ရဲ႕ ဇာတ္ၫႊန္းက ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ ငါထင္တယ္။”

"ဒီဇာတ္ၫႊန္းကို ေကာင္းေကာင္း ႐ိုက္ကူးႏိုင္မယ္ဆိုရင္ ဓားႏွင့္နတ္သမီးဒဏၭာရီက ႐ွန္း႐ွဒရမ္မာေတြရဲ႕ ထိပ္တန္း ျဖစ္လာၿပီး ႏိုင္ငံေတာ္ တစ္ေလွ်ာက္လုံး လုံးဝ နာမည္ႀကီးလာလိမ့္မယ္။” ဆရာႀကီးထ်န္က်န္းက ေျပာလိုက္ပါသည္။ လင္းဖန္၏ ဇာတ္ၫႊန္းကို ခ်ီးက်ဴးလိုက္ပါသည္။

ေဖ်ာ္ေျဖေရးကုမၸဏီအေတာ္မ်ားမ်ားက လင္းဖန္၏ ဇာတ္ၫႊန္းကို အထင္မႀကီးေသာ္လည္း ဆရာႀကီးထ်န္က်န္းက အလြန္ အသိအမွတ္ျပဳပါသည္။

ဆရာႀကီးထ်န္က်န္း၏ မ်က္လုံးထဲမွာေတာ့ လင္းဖန္က တကယ့္ ဇာတ္ၫႊန္းေရးဆရာစစ္စစ္ ျဖစ္သည္။ လင္းဖန္၏ အျမင္က ေ႐ႊအဆင့္ ဇာတ္ၫႊန္းေရးဆရာ ဆိုတာထက္ ေက်ာ္လြန္ေနပါၿပီ။

လင္းဖန္ ေရးသားထားသည့္ "ဓားႏွင့္နတ္သမီးဒဏၭာရီ" က လင္းခယ့္႐ွင္း ပါဝင္သည့္ "ၾကယ္ဥယ်ာဥ္" ကိုပင္ ေက်ာ္လြန္သြားႏိုင္ပါသည္။ ဒီ႐ုပ္သံဒရမ္မာက တကယ့္ ဂႏၶဝင္လက္ရာစစ္စစ္ ျဖစ္ႏိုင္သည္။ ႐ုပ္သံဒရမ္မာမ်ား၏ သမိုင္းဝင္စံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး ထိပ္တန္း ဂႏၶဝင္လက္ရာ ျဖစ္လာပါလိမ့္မည္။

အခန္း(၁၄၂) လင္းဖန္ကိုယ္တိုင္ သူ႕႐ုပ္႐ွင္ကို ႐ိုက္ကူးမည္၊ ဟြာစဲ႐ုပ္႐ွင္ကို စစ္ေၾကညာျခင္း

စဥ္းစားခ်င့္ခ်ိန္မႈတခ်ိဳ႕ ျပဳလုပ္ၿပီးေနာက္ စီအီးအိုလီက လင္းဖန္ကို ၾကည့္ကာ ျပဳံးလိုက္ပါသည္။ "လင္းဖန္ ဒီလိုအေျခအေနမ်ိဳး ျဖစ္လာလိမ့္မယ္လို႔ မထင္ထားဘူး။”

"မင္း႐ုပ္သံစီးရီးကို မဝယ္ခ်င္တဲ့ ေဖ်ာ္ေျဖေရး ကုမၸဏီေတြ အမ်ားႀကီးပဲ။ ဒါေပမယ့္ ကိစၥမ႐ွိပါဘူး။ မင္းေနာက္မွာ ယြဲ႕ဟြာ အၿမဲတမ္း ႐ွိေနမယ္။”

"ငါဇာတ္ၫႊန္းကို ျမင္ၿပီးၿပီ ဆရာႀကီးထ်န္႔က်န္း ေျပာသလိုပဲ မင္းေရးထားတာ အရမ္းေကာင္းတယ္။ မင္းတို႔ေတြ ဒီ႐ုပ္သံဒရမ္မာကိုလည္း ေကာင္းေကာင္းမြန္မြန္ ႐ိုက္ကူးႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါၿပီ။”

"ဒါေပမယ့္ ငါေျပာခ်င္တာက ႐ုပ္သံဒရမ္မာကို ႐ိုက္ကူးႏိုင္ၿပီဆိုရင္ေတာင္ ရင္းႏွီးျမႇဳပ္ႏွံသူ မ႐ွိေလာက္ဘူး။”

"အဲ့တာေၾကာင့္ ငါတို႔ ဒီ႐ုပ္သံဒရမ္မာကို ႐ိုက္ကူးဖို႔ နည္းနည္း ခက္ခဲလိမ့္မယ္" စီအီးအိုလီက လင္းဖန္ကို ၾကည့္ကာ ေျပာလိုက္ပါသည္။

လင္းဖန္က ေခါင္းၿငိမ့္လိုက္၏။ "စီအီးအိုလီ။  အျပင္ေလာကက ကြၽန္ေတာ္တို႔ကို အထင္မႀကီးမွသာ ေအာင္ျမင္လာတဲ့အခါ ပိုၿပီးအဓိပၸာယ္႐ွိလာမွာပါ။”

"ရင္းႏွီးျမႇဳပ္ႏွံသူ မ႐ွိရင္ ကြၽန္ေတာ္ကိုယ္တိုင္ ဒရမ္မာထဲမွာ ရင္းႏွီးျမႇဳပ္ႏွံေပးမယ္" လင္းဖန္က ေျပာလိုက္ပါသည္။

"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ဒီ႐ုပ္သံဒရမ္မာကို ေကာင္းေကာင္း ႐ိုက္ကူးရမယ္။ ဒီ႐ုပ္သံဒရမ္မာက ဟြာစဲ႐ုပ္႐ွင္ကို ႐ႈံးမွာ မဟုတ္ဘူးလို႔လည္း ကြၽန္ေတာ္ယုံၾကည္တယ္။” လင္းဖန္က ယုံၾကည္ခ်က္ျပည့္ဝစြာ ေျပာလိုက္ပါသည္။

စီအီးအိုလီက လင္းဖန္၏ ပခုံးကိုပုတ္ကာ ေျပာလိုက္ပါသည္။ "အဲ့အခ်ိန္က်ရင္ ကုမၸဏီကလည္း ေငြတခ်ိဳ႕ ေပးမွာပါ။ ရင္းႏွီးျမႇဳပ္ႏွံသူ မ႐ွိရင္ေတာင္ ငါတို႔ ဒီ႐ုပ္သံဒရမ္မာကို ေကာင္းေကာင္း ႐ိုက္ကူးၾကမယ္။”

လင္းဖန္ႏွင့္ စီအီးအိုလီတို႔ စာခ်ဳပ္ကို လက္မွတ္ ထိုးၿပီးေနာာက္ ယြဲ႕ဟြာက ဒီဇာတ္ၫႊန္းကို ႐ိုက္ကူးဖို႔ တစ္ပိုင္း ၆၀၀,၀၀၀ ျဖင့္ ဝယ္ယူခဲ့ပါသည္။

"ဓားႏွင့္နတ္သမီးဒဏၭာရီ" အပိုင္း စုစုေပါင္း ၃၆ ပိုင္း ႐ွိသည္။ တစ္နည္းအားျဖင့္ လင္းဖန္၏ "ဓားႏွင့္နတ္သမီးဒဏၭာရီ" ဇာတ္ၫႊန္းက စုစုေပါင္း ၂၁.၆ သန္းျဖင့္ ေရာင္းထြက္ခဲ့ပါသည္။

ယြမ္ ၂၁.၆ သန္း သူ႕ဘဏ္အေကာင့္ထဲသို႔ေရာက္လာေသာအခါ လင္းဖန္ ျပဳံးလိုက္သည္။

သူ ေနာက္ထပ္ သန္း ၂၀ ေက်ာ္ ရလိုက္ျပန္ၿပီ။ ဒါက ဝင္ေငြ အမ်ားႀကီး မဟုတ္ေသာ္လည္း ဒီ႐ုပ္သံဒရမ္မာကို စတင္႐ိုက္ကူးဖို႔ လုံေလာက္ပါသည္။ လက္႐ွိ သူ႕မွာ ေငြသား သန္း ၃၀၀ ႐ွိေနပါၿပီ။

သူ႕ဒရမ္မာမွာ ရင္းႏွီးျမႇဳပ္ႏွံသူ မ႐ွိရင္ေတာင္ သူ႕ကိုယ္သူ အားကိုးႏိုင္သည္။

ဒီ႐ုပ္သံဒရမ္မာက ၾကမၼာဆိုးဒရမ္မာျဖစ္ကာ တျခားကုမၸဏီမ်ားက သိပ္ၿပီး အထင္မႀကီးေသာ္လည္း ယြဲ႕ဟြာေဖ်ာ္ေျဖေရးတြင္ အရင္တုန္းက လင္းဖန္နဲ႔ အတူတူ အလုပ္လုပ္ဖူးသည့္ သ႐ုပ္ေဆာင္မ်ားက လင္းဖန္၏ ဇာတ္ၫႊန္းကို အလြန္သေဘာက်ၾကပါသည္။

"အစ္ကိုဖန္ ငါမင္းဇာတ္ၫႊန္းထဲမွာ သ႐ုပ္ေဆာင္ခ်င္လို႔ ဇာတ္ေကာင္ေနရာတစ္ခုေလာက္ ေပးပါလား။”

"အစ္ကိုဖန္ ဇာတ္ၫႊန္းက ဘာလို႔ ဒီေလာက္ေတာင္ စိတ္ဝင္စားဖို႔ ေကာင္းရတာလဲ။ နည္းနည္း ရက္စက္တာေလးတစ္ခုပဲ။ ဖတ္ေနရင္းနဲ႔ေတာင္ ငိုမိတယ္။”

"တကယ္ႀကီး ဖတ္ၿပီး ငိုမိတယ္။ ဇာတ္သိမ္းက ဘာလို႔ ဒီလိုျဖစ္ရတာလဲ။ အစပိုင္းေတာ့ အရမ္းခ်ိဳၿမိန္တယ္လို႔ ေျပာေပမယ့္ ေနာက္ဆုံးက်ေတာ့ ဇာတ္လိုက္ႏွစ္ေယာက္ ခြဲခြာၾကရတာပဲ။ သ႐ုပ္ေဆာင္မယ္ဆို ေတာ္ေတာ္ေလး ရင္ကြဲရလိမ့္မယ္။”

"အစ္ကိုဖန္ရဲ႕ လက္ရာေတြက တကယ့္ကို ထိပ္တန္းအဆင့္ေတြခ်ည္းပဲ။ တျခား ေဖ်ာ္ေျဖေရး ကုမၸဏီေတြက အစ္ကိုဖန္ရဲ႕ ဇာတ္ၫႊန္းကို အထင္မႀကီးေလာက္ဘူး။ ဒီ႐ုပ္သံဒရမ္မာကို ႐ိုက္ကူးၿပီးရင္ ေသခ်ာေပါက္ ဂႏၶဝင္လက္ရာတစ္ခု ျဖစ္လာမွာပါ။”

"ဘာပဲျဖစ္ျဖစ္ ငါအစ္ကိုလင္းဖန္ကို ယုံၾကည္တယ္။ ဒီဇာတ္ၫႊန္းကိုလည္း အရမ္းႀကိဳက္တယ္။”

သ႐ုပ္ေဆာင္မ်ားစြာက လင္းဖန္ကို လာေတြ႕ၿပီး ဇာတ္ေကာင္ေနရာလာေတာင္းၾကပါသည္။

လင္းဖန္တစ္ေယာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ ဇာတ္ေကာင္ေနရာမ်ားစြာကို ေ႐ြးခ်ယ္ခဲ့သည္။

ေခါင္းေဆာင္မင္းသားကေတာာ့ သူကိုယ္တိုင္ပဲ ျဖစ္သည္။

ေခါင္းေဆာင္မင္းသမီးက ႐ွားဝမ္ေခြၽ႕ျဖစ္၏။

အမ်ိဳးသမီး ဇာတ္ပို႔ ဇာတ္ေကာင္ေနရာမ်ားကို စုေ႐ွာင္းယြီႏွင့္ လင္းက်င္းက်င္းတို႔အား ေပးထားပါသည္။

႐ႈယန္က အမ်ိဳးသားဇာတ္ပို႔ ျဖစ္၏။

ယြဲ႕ဟြာ နာမည္ႀကီးသ႐ုပ္ေဆာင္ အမ်ားႀကီးကိုေတာ့ မငွားရမ္းႏိုင္ပါ။ သ႐ုပ္ေဆာင္ အားလုံးနီးပါးက ဘဝရဲ႕ေပ်ာ္႐ႊင္မႈမွ ျဖစ္ၿပီး အႏုပညာေၾကးကလည္း မျမင့္မားပါ။

သ႐ုပ္ေဆာင္မ်ားကို ေ႐ြးခ်ယ္ၿပီးေနာက္ ပ႐ိုဂ်ဴဆာနဲ႔ ဒါ႐ိုက္တာမ်ားကို ဆုံးျဖတ္မည္ျဖစ္သည္။

"ညီေလးဖန္ မင္း ဒါ႐ိုက္တာလုပ္လို႔ရတာပဲ။ ငါတို႔အားလုံးက မင္းအဖြဲ႕လုပ္မယ္။ ဒီ႐ုပ္သံဒရမ္မာရဲ႕ ဒါ႐ိုက္တာက မင္းလုပ္မွျဖစ္မယ္" လုပမ္ခိုင္းက ေျပာလိုက္သည္။

သူ လင္းဖန္ကို အလြန္ေလးစားပါသည္။ လင္းဖန္သာ ဒီ႐ုပ္သံဒရမ္မာ၏ ဒါ႐ိုက္တာ ျဖစ္ႏိုင္သည္ဟုလည္း ခံစားမိပါသည္။

လင္းဖန္ ဒါကိုၾကားေသာအခါ ေခါင္းၿငိမ့္လိုက္ပါသည္။

သူ ဒါ႐ိုက္တာ လုပ္လို႔ ရသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ႐ိုက္ကူးေရးတုန္းကလည္း လုပမ္ခိုင္းကို သူ အမ်ားႀကီး ကူညီေပးခဲ့သည္။

အစကေတာ့ လင္းဖန္က လုပမ္ခိုင္းကို ဒါ႐ိုက္တာ ထပ္လုပ္ခိုင္းခ်င္ေသာ္လည္း လုပမ္ခိုင္းက လင္းဖန္ကို ေလးစားလြန္းေနပါသည္။

သူတို႔က ဒါ႐ိုက္တာစြမ္းရည္႐ွၾကသူမ်ားျဖစ္ေသာ္လည္း လုပမ္ခိုင္းက လင္းဖန္၏ ဒါ႐ိုက္တာစြမ္းရည္ ဘယ္ေလာက္ေကာင္းသလဲ ေလးေလးနက္နက္ နားလည္ထားသည္။

လင္းဖန္ ဒါ႐ိုက္တာလုပ္သည့္အခါ လုပမ္ခိုင္းက ေဘးဘက္မွ သင္ယူေနခဲ့၏။။

သူႏွင့္ လင္းဖန္တို႔အၾကားက ျခားနားခ်က္ကို ခံစားခဲ့ရပါသည္။

ဒီ႐ုပ္သံဒရမ္မာအတြက္ ရင္းႏွီးျမႇဳပ္ႏွံသူ အမ်ားႀကီး မ႐ွိေသာ္လည္း လုပမ္ခိုင္းက လင္းဖန္၏ လက္ေထာက္လုပ္ေပးမည္ျဖစ္သည္။

လင္းဖန္၏ ဒါ႐ိုက္တာစြမ္းရည္က အားေကာင္းလြန္း၏။ လုပမ္ခိုင္းတစ္ေယာက္ လင္းဖန္ဆီမွ အမ်ားႀကီး သင္ယူႏိုင္လိမ့္မည္ဟု ခံစားမိပါသည္။

လင္းဖန္ကို သူ႕လမ္းျပမီးကဲ့သို႔ သေဘာထားၿပီးၿပီ ျဖစ္သည္။

ဒီ႐ုပ္သံဒရမ္မာ၏ ပ႐ိုဂ်ဴဆာကေတာ့ ယြဲ႕ဟြာေဖ်ာ္ေျဖေရးပဲ ျဖစ္ပါသည္။

ယြဲ႕ဟြာေဖ်ာ္ေျဖေရးက ဒီ႐ုပ္သံဒရမ္မာအတြက္ သန္း ၂၅၀ ရင္းႏွီးျမႇဳပ္ႏွံထားသည္။

ထို႔ေနာက္ လင္းဖန္လည္း သန္း ၂၅၀ ထုတ္လိုက္ၿပီး "ဓားႏွင့္နတ္သမီးဒဏၭာရီ" အတြက္ ရင္းႏွီးျမႇဳပ္ႏွံလိုက္ပါသည္။

အလြန္ ႐ိုး႐ွင္းပါသည္။ ဘယ္သူမွ ဇာတ္ၫႊန္းကို မဝယ္ခ်င္သျဖင့္ ႐ုပ္သံဒရမ္မာမွာ ဘယ္သူကေကာ ရင္းႏွီးျမႇဳပ္ႏွံခ်င္မွာလဲ။

ဒီ႐ုပ္သံဒရမ္မာ ေရပန္းစားလာပါ့မလား ဆိုတာေတာင္ သူတို႔ မေသခ်ာၾကေပ။

လူမ်ားစြာ၏ မ်က္လုံးထဲတြင္ ဒီ႐ုပ္သံဒရမ္မာက ေသခ်ာေပါက္ က်႐ႈံးလိမ့္မည္ဟု ထင္ထားၾကသည္။

ဇာတ္သိမ္းမလွသည့္ ႐ုပ္သံဒရမ္မာတစ္ခုက လက္႐ွိ ေစ်းကြက္နဲ႔ မကိုက္ညီဘဲ ပရိသတ္၏ အႀကိဳက္နဲ႔လည္း မကိုက္ညီပါ။

"ၾကယ္ဥယ်ာဥ္" က အလြန္ေအးခ်မ္း၏။ စိတ္ဝင္စားဖို႔ေကာင္းၿပီး သက္ဝင္ေသာ ႐ုပ္သံဒရမ္မာတစ္ခု ျဖစ္သည္။ လင္းခယ့္႐ွင္းပါ ပါဝင္ထားသျဖင့္ ပါဝင္သ႐ုပ္ေဆာင္သူမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားက အားေကာင္းၾကပါသည္။

ဇာတ္ၫႊန္းကို အတည္ျပဳၿပီးေသာအခါ ဝန္ထမ္းအားလုံးကိုလည္း အတည္ျပဳၿပီးပါၿပီ။

ဒီ႐ုပ္သံဒရမ္မာ၏ ပ႐ိုဂ်ဴဆာက ယြဲ႕ဟြာေဖ်ာ္ေျဖေရး ျဖစ္သည္။ ဒါ႐ိုက္တာက လင္းဖန္၊ ေခါင္းေဆာင္မင္းသားကလည္း လင္းဖန္ပဲ ျဖစ္၏။

ဒီ႐ုပ္သံဒရမ္မာက လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ပူးေပါင္း႐ိုက္ကူးမႈ ဒုတိယအႀကိမ္ ျဖစ္သည္။

ဒီ႐ုပ္သံဒရမ္မာက ႐ွန္း႐ွဒရမ္မာျဖစ္ၿပီး ၎၏ စတိုင္ကလည္း ယေန႔ေခတ္ ေစ်းကြက္နဲ႔ လုံးဝ ျခားနားပါသည္။

႐ွားဝမ္ေခြၽ႕၏ စာခ်ဳပ္ဖ်က္သိမ္းမႈမ်ား၊ ေဖ်ာ္ေျဖေရးကုမၸဏီမ်ား၏ ျငင္းဆိုမႈမ်ား၊ ရင္းႏွီးျမႇဳပ္ႏွံသူမ႐ွိသည့္ ျပႆနာမ်ားကို ၾကဳံေတြ႕ရတာေတာင္ သူတို႔ "ဓားႏွင့္နတ္သမီးဒဏၭာနီ" ႐ုပ္သံဒရမ္မာကို စတင္႐ိုက္ကူးခဲ့ပါသည္။

ၾသဂုတ္လ ၃ ရက္တြင္ ယြဲ႕ဟြာက "ဓားႏွင့္ နတ္သမီးဒဏၭာရီ" ႐ိုက္ကူးေရးကို ေဝ့ေပၚ ေပၚမွာ တရားဝင္ ေၾကညာခဲ့ပါသည္။

သတင္းျပန္႔သြားေသာအခါ ေဖ်ာ္ေျဖေရး ေလာကထဲတြင္ ပြက္ေလာ႐ိုက္သြားခဲ့ပါသည္။

ယြဲ႕ဟြာက ဟြာစဲ႐ုပ္႐ွင္၏ "ၾကယ္ဥယ်ာဥ္"ကို ယွဥ္ၿပိဳင္ဖို႔ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယတြဲကို ႐ိုက္ကူးလိမ့္မည္ဟု အားလုံး ထင္ထားခဲ့ၾက၏။

သို႔ေသာ္လည္း ယြဲ႕ဟြာက ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယတြဲကို မ႐ိုက္ကူးဘဲ "ဓားႏွင့္နတ္သမီးဒဏၭာရီ"ကို ႐ိုက္ကူးလိမ့္မည္ဟုေတာ့ မထင္ထားခဲ့ၾကေပ။

႐ိုက္ကူးေရးသတင္းကို ေၾကညာလိုက္ေသာအခါ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ပရိသတ္မ်ား အခ်က္တစ္ခ်က္ကို သတိထားမိသြားၾကသည္။

"ဘုရားေရ ဓားႏွင့္နတ္သမီးဒဏၭာရီ ေခါင္းေဆာင္မင္းသားက လင္းဖန္၊ ေခါင္းေဆာင္မင္းသမီးက ႐ွားဝမ္ေခြၽ႕တို႔ပဲဟ။”

"ၿပီးေတာ့ ဒီ႐ုပ္သံဒရမ္မာရဲ႕ မူလဇာတ္ၫႊန္းက လင္းဖန္ ေရးထားတာတဲ့။”

"ၾကည့္ဦး။ ဒါ႐ိုက္တာကလည္း လင္းဖန္ပဲ။"

"ဘုရားေရ အစ္ကိုဖန္က ဇာတ္ၫႊန္းေရးဆရာျဖစ္႐ုံတင္မကဘူး။ ဒါ႐ိုက္တာလည္း ဟုတ္ေသးတယ္။ ၿပီးေတာ့ ေခါင္းေဆာင္မင္းသားအျဖစ္လည္း ပါဝင္ထားေသးတယ္။”

"ငါ ဒီဒရမ္မာကို Follow လုပ္ထားလိုက္ေတာ့မယ္။ ဒီ႐ုပ္သံဒရမ္မာက အရမ္းေကာင္းလိမ့္မယ္။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယတြဲ ႐ိုက္ကူးေရး မစေသးေပမယ့္ ဒီဒရမ္မာကိုပဲ ေစာင့္ေနေတာ့မယ္။”

"အရင္တုန္းက အစ္ကိုဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ကို နာမည္ဖ်က္တဲ့လူေတြ အမ်ားႀကီးပဲ။ ကီးဘုတ္ဖိုက္တာေတြလည္း အမ်ားႀကီးပဲ။ ဘာပဲျဖစ္ျဖစ္ ငါ့မင္းသားေလးနဲ႔ နတ္သမီးေလးကို အၿမဲတမ္း အားေပးေနဦးမွာပဲ။”

"ဓားႏွင့္နတ္သမီးဒဏၭာရီ လုပ္ထားကြ။”

ပရိသတ္မ်ားအားလုံး အံ့အားသင့္ ေပ်ာ္႐ႊင္သြားၾကပါသည္။

႐ွားဝမ္ေခြၽ႕ကို အြန္လိုင္းေပၚမွာ လူမ်ားစြာ နာမည္ဖ်က္ခဲ့တုန္းက လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ေကာလဟာလမ်ားကို မတုန္႔ျပန္ခဲ့ၾကေပ။

အင္တာနက္ေပၚမွာ အမာခံပရိသတ္မ်ားစြာ႐ွိသည္။ ထိုလူေတြက လင္းဖန္နဲ႔႐ွားဝမ္ေခြၽ႕ကို တမင္သက္သက္ နာမည္ဖ်က္ေနမွန္း သူတို႔ ေျပာႏိုင္ပါသည္။

လင္းဖန္၏ နည္းလမ္းကေတာ့ တုန္႔ျပန္သည့္အေနျဖင့္ ႐ုပ္သံစီးရီးအသစ္တစ္ခုကို ထုတ္လုပ္ဖို႔ ျဖစ္ပါသည္။

ဒီ႐ုပ္သံဒရမ္မာ၏ နာမည္က "ဓားႏွင့္နတ္သမီးဒဏၭာရီ" ျဖစ္သည္။

ဘာေၾကာင့္မွန္းမသိဘဲ ပရိသတ္မ်ား နာမည္ကိုျမင္လိုက္ေသာအခါ အလြန္သေဘာက်သြားၾကၿပီး ေမွ်ာ္လင့္ခ်က္မ်ား ျပည့္ဝေနၾကပါသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ဒီ႐ုပ္သံဒရမ္မာ၏ ေခါင္းေဆာင္မင္းသားက လင္းဖန္ ျဖစ္ေနေသာေၾကာင့္ပင္။

ဒီ႐ုပ္သံဒရမ္မာ၏ ဒါ႐ိုက္တာနဲ႔ မူလဇာတ္ၫႊန္းေရးဆရာကေတာင္ လင္းဖန္ပဲ ျဖစ္သည္။

ပရိသတ္မ်ားစြာ၏ ရင္ထဲတြင္ ေဖာ္မျပႏိုင္ေသာ ခံစားခ်က္မ်ား ျဖစ္တည္လာပါသည္။

"ဓားႏွင့္နတ္သမီးဒဏၭာရီ"ကိုသာ ႐ိုက္ကူးႏိုင္ပါက ေသခ်ာေပါက္ ေနာက္ထပ္ ဂႏၶဝင္လက္ရာတစ္ခု ျဖစ္လာပါလိမ့္မည္။

Continue Reading

You'll Also Like

352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
256K 24.8K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
471K 56.9K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...