🌸More Than Friends(သူငယ်ချင်...
By LoonDarli
48.2K 2.3K 192
❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့... More
🌸Intro🌸
🌸Part -1🌸
🌸Part -2🌸
🌸Part -3🌸
🌸Part -4🌸
🌸Part -5🌸
🌸Part -6🌸
🌸Part -7🌸
🌸Part -8🌸
🌸Part -10🌸
🌸Part -11🌸
🌸Part-12🌸
🌸Part -13🌸
🌸Part -14🌸
🌸Part -15🌸
🌸Part -16🌸
🌸Part -17🌸
🌸Part -18🌸
🌸Part -19🌸
🌸Part -20🌸
🌸Part -21🌸
🌸Part -22🌸
🌸Final🌸
🌸Part -9🌸
1.6K 105 2
By LoonDarli
(Zawgyi)
🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸
"ဟီဟိ"
"ဟာ"
"ဟယ်"
"ဟေ အဲ့လိုလား"
"အေးဆို"
ရှောင်းကျန့် အားလုံးရဲ့စကားသံများကို ခပ်သဲ့သဲ့ကြားကာ ရိုဟန်ရဲ့နားအနားကိုကပ်၍
"အင်း"
"အင်း ရှောင်းကျန့်"
"ငါထိုင်ချင်တယ်"
"အော် အေးအေး လာလာ"
"ဒီမှာထိုင်ကြ"
"ထိုင် ရှောင်းကျန့်"
"အင်း"
ဝမ်ချင်က
"ဝိုင်လေးပဲပေးပါ"
"ရိုဟန်ကရော"
"အော်အေးအေး"
"ငါ့မောင် ငါ့မောင်!"
"အမ ရှောင်းကျန့်က"
"ရိပေါ်"
"ရိပေါ်!"
"အမ်? အင်း ဝမ်ချင်ပြော"
"အင်း ပြောလေ"
"ဘာ!!"
"ရှောင်းကျန့်"
"အော် ယွီပင်း ပြောလေ"
"ယွီပင်း ဒါဘာလုပ်တာလဲ"
"ရှောင်းကျန့်ဆီ"
"ကိုယ်.."
"ပြောလေ ရိပေါ်"
"တော်ကြပါတော့ ငါခေါင်းမူးလာလို့ အိမ်ပြန်တော့မယ်"
"အင်း ရှောင်းကျန့်"
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
......................................................................................................
(Unicode)
🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸
ရိပေါ် စိတ်ထဲတွင် မတင်မကျဖြစ်ကာ ရှောင်းကျန့်ကိူစိတ်ပူနေသည်။ ထိူအချိန် ခြံဝန်းအရှေ့သိူ့ ရပ်လာသော အနက်ရောင်ကားအရှည်ကြီးတစ်စီး။ ထိုကားကိုကြည့်လိုက်ရုံနဲ့ ဘယ်သူလာလဲဆိုတာကို တန်းသိကြသည်။ ပွဲကိုလာတဲ့သူတွေအားလုံးရဲ့အကြည့်က ထိုကားအနက်ရောင်ဆီသိူ့သာ။
ကားရဲ့အရှေ့တွင် သ-က်တော်စောင့်များက မတ်တပ်ရပ်ကာ တံခါးဖွင့်ပေးတော့ ကားထဲမှရိုဟန်ကထွက်လာပြီး ကားထဲသိူ့ထပ်မံလက်ကမ်းလိုက်သည်။ ဒါကိုမြင်တဲ့ကျောင်းသူကျောင်းသားများက
"ဟယ် ရိုဟန်က ဘယ်သူနဲ့လာတာလဲမသိဘူးနော် ခါတိုင်းဆိုသူတစ်ယောက်ထဲလာနေကြပါ အခုဘယ်သူနဲ့ပါလိမ့်"
"အေးနော် သွားပါပြီဟယ် ငါ့နှလုံးသားလေး ဘယ်ဟာမနောက်ပါသွားပြီလဲမသိဘူး"
"အေးဟယ် ငါ့မှာလည်း အိမ်မက်တွေမက်လိုက်ရတာ"
"ဒါပေမယ့် ငါတို့မှာမျှော်လင့်ချက်ရှိပါသေးတယ်ဟ ဝမ်ချင်ရဲ့မောင်လေးကလည်း တကယ့်အချောလေးလေ "
"အေးနော် သူလေးကျန်သေးတယ် ငါမေ့နေတာ"
"ဟီဟိ"
ထိုစကားသံတွေကို ရိပေါ်နဲ့ဝမ်ချင်ကကြားကာ သူတို့လည်းအတွေးကိုယ်စီနဲ့ပင်
(ရိုဟန်က ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတဲ့သူပါ ဘယ်လိုဖြစ်တာပါလိမ့်?)
(ကျစ် ဒီကောင်ကိုမြင်ရင် ရှောင်းကျန့်ကိုပဲသတိရနေတယ် တကယ့်အနှောင့်ကောင်ပဲရိုဟန်)
ရိုဟန်လက်ကိုကိုင်ကာ ကားပေါ်မှဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် အားလူံးဆီမှ ထွက်လာသော အမေဋိတ်စကားသံများ
"ဟာ"
"ဟယ်"
"ကုန်ပြီ မိန်းမရေ နင်တို့ငါတို့တော့ ရှရတော့မယ်ထင်တယ်"
"ကောင်လေးက ချောလိုက်တာ"
"အဲ့ဒါရှောင်းကျန့်မလား မျက်မှန်လေးနဲ့လေ ရိပေါ်ရဲ့သူငယ်ချင်း"
"အေး ဟုတ်တယ်ဟ ငါအခုမှကြည့်မိတယ် ဟာကွာ ဒီလောက်လှတာကို ငါဘာလို့အစောကြီးကတည်းက မမြင်ခဲ့တာလဲ"
"ဟေ့ကောင် သူက ယောင်္ကျားလေးလေ ဘလိုလုပ်ပြီးလှရတာလဲ ချောတာမဟုတ်ဘူးလား"
"မင်းက အလှတရားကိုမခံစားတက်တဲ့ကောင်ပဲ အဲ့ဒါကချောတာထက်ပိုတဲ့ လှတာကွ လှတာ ယောင်္ကျားလေးတွေမှာလည်း လှတယ်ဆိုတာရှိတယ်ကွ ယောင်္ကျားလေးတွေလှရင် မိန်းကလေးလိုက်မမှီဘူး ရှင်းလား"
"ဟေ အဲ့လိုလား"
"အေးဆို"
ရှောင်းကျန့် အားလုံးရဲ့စကားသံများကို ခပ်သဲ့သဲ့ကြားကာ ရိုဟန်ရဲ့နားအနားက်ိုကပ်၍
"ရိုဟန် ငါဖြစ်ပါ့မလား ငါရင်တုန်နေတယ်"
"ဖြစ်ပါတယ်ရှောင်းကျန့်ရ ငါတစ်ယောက်လူံးရှိတာပဲ လာ ပွဲထဲသွားရအောင်"
"အင်း"
ရိပေါ် ကားထဲမှထွက်လာတဲ့ရှောင်းကျန့်ကိုမြင်ကာ ပါးစပ်အဟောင်းသားဖြင့်ကြည့်လျှက်
(ဒါ...ဒါ ရှောင်းကျန့်ပဲ! ဘယ်လိုတွေဖြစ်ကုန်တာလဲ ရှောင်းကျန့်က ဘယ်လိုလုပ်ပြီး ဒီလိုပုံစံပြောင်းသွားရတာလဲ? နောက်ပြီး ဘာလို့ရိုဟန်နဲ့မှလဲ?)
ရိပေါ်က အတွေးတွေနဲ့မေးခွန်းတွေများနေသလောက် ဝမ်ချင်ကတော့ ပျော်သွားကာ ရှောင်းကျန့်တို့အနားသွား၍
"ရှောင်းကျန့်  ရှင်ကရှောင်းကျန့်မလား?"
"ဟုတ်ပါတယ် ဝမ်ချင် ဘာဖြစ်လို့လဲ"
"ရှောင်းကျန့် ကျွန်မဖြင့်လေ လုံးဝတောင်မမှတ်မိဘူးဖြစ်သွားတာ အရမ်းကိုပြောင်းလဲသွားတယ်ရှောင်းကျန့် ရှင်အရမ်းချောတယ် မဟုတ်ဘူး အရမ်းလှတာ"
"ဟုတ်ကဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ရိုဟန်ရေ"
"အင်း ရှောင်းကျန့်"
"ငါထိုင်ချင်တယ်"
"အင်းအင်း ဝမ်ချင် ငါတို့ကိုနေရာချပေးဦး"
"အော် အေးအေး လာလာ"
ဝမ်ချင်က စားပွဲဝိုင်းတစ်ဝိုင်းကိုခေါ်သွားကာ
"ဒီမှာထိုင်ကြ"
ရှောင်းကျန့်ထိုင်မယ့်ခုံကို ရိုဟန်က ဆွဲထုတ်ပေးပြီး
"ထိုင် ရှောင်းကျန့်"
"အင်း"
ရှောင်းကျန့် ခုံမှာထိုင်လိုက်ကာ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်မိတော့ ဝိုင်းတစ်ဝိုင်းမှ သူ့ကိုစိုက်ကြည့်နေတဲ့ရိပေါ်ကို တွေ့လိုက်သည် ။
(ရိပေါ် မင်းငါ့ကိုအဲ့လိုအကြည့်နဲ့လာမကြည့်နဲ့ အခုကစပြီး ငါမပျော့ဉာံ့တော့ဘူး)
ရိပေါ် ရှောင်းကျန့်ကို စိုက်ကြည့်နေသည်
(ရှောင်းကျန့် ငါနားမလည်နိုင်ဘူး မင်းနဲ့ရိုဟန်ကဘာတွေလဲ မင်းဘာလို့ မင်းရဲ့ပုံစံက ဒီလောက်ပြောင်းလဲသွားရတာလဲ?)
ဝမ်ချင်က
"ရှောင်းကျန့် ဘာသုံးဆောင်မလဲ ကျွန်မမှာပေးမယ်"
"ဝိုင်လေးပဲပေးပါ"
"ရိုဟန်ကရော"
"ရှောင်းကျန့်လိုပဲပေး"
"အော်အေးအေး"
ဝမ်ချင် waitersကို စားစရာများမှာပေးကာ သူ့မောင်ယွီပင်းအနားကိုသွားရသည်။ ယွီပင်းတစ်ယောက် ရှောင်းကျန့်ကိုကြည့်နေကာ မလှုပ်မရှပ်ဖြင့် ။ ဝမ်ချင်က ယွီပင်းပုခုံးကိုလှုပ်လျှက်
"ငါ့မောင် ငါ့မောင်!"
"ဗျ ဗျာ? အမ ဘာပြောလိုက်တာလဲ"
"အမလေး စိတ်နဲ့လူနဲ့ရောကပ်ပါဦးငါ့မောင်ရယ်"
"အမ ရှောင်းကျန့်က"
"အေး ဟူတ်တယ် အမလည်းအရမ်းအံ့ဩသွားတယ် ရှောင်းကျန့်ကိုဒီလိုအလှမျိုးရှိမယ်ဆိုတာ အမ ‌အစောကတည်းကကြိုသိပြီးသား ဒါပေမယ့် အခုမြင်လိုက်ရတော့ ပိုအံ့သြမိတယ် အရမ်းချောပြီး အရမ်းလှတာပဲ"
"ဟုတ်တယ်အမ ရှောင်းကျန့်က အရမ်းလှတယ်"
"အမ ထင်တာမမှားရင် ရှောင်းကျန့်ရဲ့ဖုံးကွယ်‌နေတဲ့အလှကို ရိုဟန်ကဖော်ထုတ်လိုက်တာပဲ"
"သူ့ဘာသာ ဘလိုပဲထုတ်ထုတ် ကျွန်တော်က ရှောင်းကျန့်ကို ဖွင့်ပြောမှရမယ် မဟုတ်ရင်"
"ဟဲ့ ဘေးမှာရိုဟန်ရှိနေတယ်လေ သူတို့ကဘာတွေလဲမသိပဲနဲ့"
"မသိရင် သိအောင်လုပ်‌ရမှာပေါ့အမရဲ့ မဟုတ်ရင် အထင်နဲ့သာ နောက်ဆုတ်လိုက်ရင် သူများနောက်ပါသွားလိမ့်မယ် ယွီပင်းတို့က အဲ့လိုအဖြစ်မခံဘူးအမ"
ပြောလည်းပြော လုပ်လည်းလုပ်ဆိုကာ ရှောင်းကျန့်တို့ဝိုင်းကိုသွားလိုက်သောယွီပင်းကြောင့် ဝမ်ချင်မှာတားချိန်မရတော့ပေ
"ဟဲ့ ဟဲ့ ငါ့မောင် အော် ငါ့မောင်လည်းဇွတ်ပါလား မတက်နိုင်ဘူးလေ ဦးသူယူကြပေါ့"
ဝမ်ချင် ရိပေါ်အနားကိုသွားထိုင်ကာ
"ရိပေါ်"
ရိပေါ် ရှောင်းကျန့်ကိုစိုက်ကြည့်နေကာ အတွေးများနေတာကြောင့် ဝမ်ချင့်အသံကိုမကြားပေ ဒါကြောင့် ဝမ်ချင်က ထပ်မံ၍ခေါ်လိုက်သည်
"ရိပေါ်!"
"အမ်? အင်း ဝမ်ချင်ပြော"
"ရှင် ဘာဖြစ်နေတာလဲ ကျွန်မခေါ်နေတာလည်းမကြားဘူး"
"ဒီလိုပါပဲ သီချင်းသံတွေကြောင့် သိပ်မကြားသလိုဖြစ်သွားတယ်"
"ရပါတယ် ကျွန်မ အခုရှင့်ကိုတစ်ခုပြောပြမယ်"
"အင်း ပြောလေ"
"ကျွန်မမောင်လေးက ရှောင်းကျန့်ကိုသဘောကျနေတယ်"
"ဘာ!!"
"အမလေး ဖြေးဖြေးပြောပါ ဘာဖြစ်တာလဲ"
"အမ်း...ဟို...ရုတ် ရုတ်တရတ်ဆိုတော့ အံ့ဩသွားလို့ပါ"
"အံ့ဩမနေနဲ့ အခုပဲရှောင်းကျန့်ကို ကျွန်မမောင်က ဖွင့်ပြောတော့မှာ ဟိုမှာကြည့်"
ဆိုကာ ရှောင်းကျန့်တို့ဝိုင်းကို လက်ညိုးထိုးပြတဲ့ဝမ်ချင်ကြောင့် ရိပေါ်ကြည့်လိုက်သည် ။ ရှောင်းကျန့် ရိုဟန်ထည့်ပေးနေတဲ့ သူ့ပန်းကန်ထဲက သစ်သီးတွေကိုစားနေသည်။ ယွီပင်း မိုက်ကိုယူလိုက်ကာ ရှောင်းကျန့်အနားကိုလာပြီး မိုက်ဖြင့်အားလုံးကြားအောင် ပြောလိုက်သည်
"ရှောင်းကျန့်"
"အော် ယွီပင်း ပြောလေ"
"ကိုယ်မင်းကို သဘောကျတယ်ရှောင်းကျန့် ကိုယ်အချစ်ကိုလက်ခံပေးပါ"
အားလုံးက မိုက်ဖြင့်ပြောလိုက်တဲ့ယွီပင်းရဲ့စကားသံကြောင့် အံ့ဩသွားကြသည်။
"ဟဲ့ရေ ငါတို့တော့ မျှော်လင့်ချက်တွေပျောက်ဆုံးပါပြီဟယ် ရိုဟန်ကိုလည်းမရတော့ဘူး ဝမ်ချင်ရဲ့မောင်လေးကိုလည်းမရတော့ဘူး"
"ဘလိုပဲဖြစ်ဖြစ်ပါ ငါကတော့ ငါမရရင် မိန်းကလေးတွေနဲ့တော့သဘောမတူနိုင်ဘူး တူမယ့်တူ လင်ပဲယူစေချင်တယ်"
အများရဲ့စကားခပ်သဲ့သဲ့ကြောင့် ဝမ်ချင်က သဘောကျနေသလောက် ရိပေါ်ကတော့ ထိုသို့မဟုတ်ပေ။ မျက်နှာကြီးရဲနေကာ ရှောင်းကျန့်တို့ဝိုင်းကိုစူးစိုက်ကြည့်နေသောရိပေါ်
(ဘာတွေဖြစ်ကုန်တာလဲ? ယွီပင်းကပါ...)
ရှောင်းကျန့် ယွီပင်းရဲ့စကားသံကြောင့် မတ်တပ်ထရပ်လိုက်သည်
"ယွီပင်း ဒါဘာလုပ်တာလဲ"
"ကိုယ်မင်းကိုချစ်တဲ့အကြောင်းတွေကို ဖွင့်ပြောနေတာလေ"
ထိုအခါ ရိုဟန်က ထရပ်လာပြီး
"မင်းကို ရှောင်းကျန့်က ပြန်ချစ်မယ်များထင်နေတာလား?"
"ဒါက ငါတို့ကိစ္စပါရိုဟန်"
"မင်းတို့ကိစ္စ? ဟဟဟဟ ရှောင်းကျန့်က ငါနဲ့ပဲဆိုင်တာ"
"မင်းနဲ့ပဲဆိုင်တယ်ပြောရအောင် ရှောင်းကျန့်နဲ့မင်းနဲ့က ချစ်သူတွေလား?"
ရိုဟန်နဲ့ယွီပင်းရဲ့ စကားချင်းစစ်ထိုးမှုရဲ့အလယ်မှာ ရှောင်းကျန့်တစ်‌ယောက် ဘာမှမပြောနိုင်ပေ။ ရိပေါ် ထိုမြင်ကွင်းကိုကြည့်ကာ ဒေါသထွက်၍ ထရပ်ကာ ရှောင်းကျန့်ဆီသွားမယ်လုပ်တော့ ရိပေါ်လက်ကိုဆွဲလိုက်သောဝမ်ချင်
"ရိပေါ် ရှင်ဘယ်သွားမလို့လဲ"
"ရှောင်းကျန့်ဆီ"
"ရိပေါ် ရှောင်းကျန့်က ရှင့်သူငယ်ချင်းမှန်းသိပါတယ် ဒါပေမယ့် သူတို့ကိစ္စကို သူတို့ရှင်းပါစေ ရှင်ဝင်မပါပါနဲ့"
"ဒါဆို ကိုယ်က ဒီအတိုင်းထိုင်ကြည့်နေရမှာလား"
"ရှင်က ဒီအတိုင်းထိုင်မကြည့်ချင်လို့ ဘာလုပ်ချင်တာလဲ"
"ကိုယ်.."
ရိပေါ်မှာ အဖြေမရှိပေ။ သူဒေါသထွက်ကာ ထိုနေရာကနေ ရှောင်းကျန့်ကို ခေါ်ထုတ်သွားချင်သည်။ သို့သော် ခေါ်ထုတ်သွားရလောက်တဲ့အထိ သူ့မှာပြစ်ချက်ဆိုတာမရှိ အကြောင်းပြချက်မရှိ သူ့သူငယ်ချင်းကိုချစ်ရေးဆိုနေကြတာကို သူကဒေါသထွက်ပြီး ဆွဲထုတ်သွားတယ်ဆိုတဲ့အရာကလည်း ကို့ယို့ကားယားဆန်လှသည်။ ထိုအကြောင်းပြချက်ကြောင့် ဆွဲထုတ်မယ်ဆိုရအောင် သူနဲ့ရှောင်းကျန့်က သူငယ်ချင်းအဆင့်သာ သို့‌သော် သူဒါတွေကိုမတွေးနိုင်တော့ပေ။ အတွေးများနေတဲ့ရိပေါ်ကို ဝမ်ချင်က
"ပြောလေ ရိပေါ်"
"ကိုယ်မကြိုက်ဘူး ရှောင်းကျန့်က ကိုယ့်သူငယ်ချင်းပဲ သူ့ကိုအခုလိုဝိုင်းလုနေကြတာကို မုန်းတယ်"
"ရိပေါ် ရှင့်စကားက ဘာကြီးလဲ"
"ကိုယ်မသိဘူးဝမ်ချင် မင်းထင်ချင်သလိုထင်"
"ကောင်းပြီ ဒါဆိုရှင်သွားလေ"
ဝမ်ချင် ရိပေါ်လက်ကိုလွှတ်လိုက်သည်နှင့် ရှောင်းကျန့်ဆီထွက်သွားသောရိပေါ်။ ဝမ်ချင် ရိပေါ်ကိုကြည့်နေကာ တွေးမိသည်
(ရိပေါ် ရှင့်စကားက ဘယ်နေရာကိုရောက်သွားလဲဆိုတာရှင်သိလား? ဒါပေမယ့် ရှင်ပြောသလိုပဲ သူငယ်ချင်းကိုဝိုင်းလုလို့ ဒေါသဖြစ်နေတယ်လို့ပဲ ကျွန်မမှတ်ယူလိုက်ပါမယ်)
ရိပေါ် ရှောင်းကျန့်အနားကိုသွားကာ ရှောင်းကျန့်လက်ကိုဆွဲကိုင်လိုက်ပြီး
"ပြန်မယ်ရှောင်းကျန့် လာ"
ထိုအခါ ရိပေါ်လက်ကိုလှမ်းဆွဲလိုက်ကာ ဟန့်တားလိုက်သောရိုဟန်
"ရှောင်းကျန့်ကို ငါခေါ်လာတာ ငါပဲပြန်ပို့မယ်"
"မင်းငါ့လက်ကိုအခုလွှတ်လိုက်ရိုဟန်"
ရိပေါ် စူးရဲသောအကြည့်ဖြင့်ရိုဟန်ကိုကြည့်ကာပြောတော့ ကြားထဲမှာညပ်နေတဲ့ရှောင်းကျန့်တစ်ယောက် ရိုဟန်နဲ့ရိပေါ်ကိုကြည့်ကာ ကြောက်နေသည်။ ယွီပင်းက
"မင်းတို့နှစ်ယောက်လုံးဆုံးဖြတ်စရာမလိုဘူး ရှောင်းကျန့်ဆုံးဖြတ်လိမ့်မယ် ရှောင်းကျန့် မင်းရိပေါ်နဲ့လိုက်သွားမလား ကိုယ်နဲ့ရိုဟန်ကြား တိကျတဲ့အဖြေကိုပေးမလား?"
ယွီပင်းရဲ့စကားကြောင့် အားလုံးရဲ့အာရုံတွေက ရှောင်းကျန့်အပေါ်ပုံကျသွားကြသည်။ ထိုလေးယောက်ဆိုင်နေတဲ့ပွဲကို ဘေးမှကြည့်‌ကြသော ကျောင်းသူတွေက
"ဟဲ့ဟဲ့ ရှောင်းကျန့်က ဘယ်သူ့ကိုရွေးမယ်ထင်လဲ"
"ငါကတော့ ရိုဟန်ကိုရွေးမယ်ထင်တယ် ဘာလို့ဆိုရိုဟန်က ငါတို့ကျောင်းရဲ့ပိုင်ရှင်ရဲ့သားလေ နောက်ပြီးကျောင်းရဲ့ဂုဏ်ဆောင်လက်ရွေးစင်လေ"
"ငါကတော့ အဲ့လိုမထင်ဘူး ငါကတော့ဝမ်ချင်ရဲ့မောင်လေးကို ရွေးမယ်လို့ထင်တယ် ဘာလို့ဆို ဝမ်ချင်ရဲ့မောင်က Company ပိုင်ရှင်သူဌေးလေးလေ ခန့်တာမှလည်းလွန်ရော"
ထိုမိန်းကလေးတို့ရဲ့စကားဝိုင်းကြားထဲကနေ ဖြတ်ပြောလာတဲ့ကောင်လေးတစ်ယောက်
"ရှောင်းကျန့်က ရိပေါ်ကိုရွေးလိမ့်မယ်"
မိန်းကလေးနှစ်ယောက် -" ဘာလို့လဲ?"
"ဘာလို့ဆို ရှောင်းကျန့်ရဲ့အချစ်ဆုံးသူငယ်ချင်းက ရိပေါ်မို့လို့ပဲ"
ဝမ်ချင် ထိုကျောင်းသားတွေရဲ့စကားဝိုင်းကိုနားထောင်နေကာ သူလည်းစိတ်ဝင်စားနေသည်။ ရှောင်းကျန့်က ဘယ်သူ့ကိုရွေးမလဲဆိုတာ သူကိုယ်တိုင်လည်းသိချင်သည်။
ရှောင်းကျန့် ထိုသုံးယောက်ကြား ဖြေရခက်နေသည်။ ယွီပင်းကိုငြင်းဖို့အတွက်ဆိုရအောင်ကလည်း သူကရိပေါ်ကိုရွဲ့နေတာမို့ အဆင်မပြေ။ ရိုဟန့်အနားမှာမနေရင်လည်း မကောင်းပေ အဘယ်ကြောင့်ဆို သူ့ကိုဒီလိုပုံစံကိုပြောင်းလဲပေးခဲ့တာက ရိုဟန်ပင်။ ရိပေါ်ကိုတော့ သူမလွန်ဆန်နိုင် ရိပေါ်ရဲ့စကားတစ်ခွန်းဆို ရှောင်းကျန့်အရမ်းတန်ဖိုးထားရသည် သို့သော်
"တော်ကြပါတော့ ငါခေါင်းမူးလာလိူ့ အိမ်ပြန်တော့မယ်"
ဆိုကာ ရိပေါ်လက်ကိုဖြုတ်ချလိုက်သောရှောင်းကျန့် ရိုဟန်ကိုကြည့်ကာ
"ရိုဟန် ငါ့ကိုအိမ်လိုက်ပို့ပေး"
"အင်း ရှောင်းကျန့်"
ရိုဟန် ရှောင်းကျန့်ကို လက်ဆွဲခေါ်သွားကာ ကားတံခါးဖွင့်ပေးတော့ ရှောင်းကျန့် ကားထဲသို့ဝင်လိုက်သည်။ ရိပေါ် သူ့လက်ကိုဖြုတ်ချလိုက်တဲ့ရှောင်းကျန့်ကြောင့် သူ့ရင်ထဲဘယ်လိုဖြစ်သွားမှန်းမသိ တစ်ခုခုကိုနာကျင်သွားရသလိုမျိုးဖြစ်ပြီး ကားပေါ်တက်သွားတဲ့ရှောင်းကျန့်ကိုကြည့်နေမိသည်။ ရှောင်းကျန့် ကားမထွက်ခင် ကားပြတင်းပေါက်မှရိပေါ်ကိုတစ်ချက်ကြည့်ကာ အကြည့်ကိုလွှဲပြစ်လိုက်သည်။
(ရှောင်းကျန့် မင်းရိပေါ်ကိုလှည့်ကြည့်လို့မဖြစ်ဘူး အားတင်းထားစမ်း ငါ့ကိုအပြစ်မတင်နဲ့ရိပေါ် ဒါတွေအားလုံးက မင်းကြောင့်ပဲ)
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
#WattpadAuthor_LoonDarli
#feedbackလေးတွေပေးခဲ့ကြပါဦးခဗျ
#ဖတ်ရှူပေးတဲ့ဒါဒါလေးတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခဗျ
Continue Reading
You'll Also Like
6.1K 657 24
ကျန့်ကောနဲ့ ရိပေါ်ရဲ့ ပုံကြမ်းလေးတွေပါ။ ပန်းချီပညာသင်မထားတာမို့ ဒီတိုင်း ချစ်တဲ့စိတ်နဲ့ ခြစ်ထားရုံသာ...။
15K 360 80
(Edited Chapter 16. Anything after that is not edited yet) Kara Amor is chasing down her lost love when she heads to Japan. However, she ends up in...
468K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
1.1M 37.9K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...