ချစ်အတွက် မနက်ဖြန်

By Natpankalay

101K 12.8K 1K

အချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား.... More

အပိုင်း-၁
အပိုင်း-၃
အပိုင်း-၄
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
အပိုင်း-၂၂
အပိုင်း-၂၃ ဇာတ်သိမ်းပိုင်း

အပိုင်း-၂

5.4K 678 53
By Natpankalay

တင်းနစ်ကွင်းထဲမှာ တင်းနစ်ဆော့ကစားနေရပေမယ့် သမ္ဘာ့အာရုံက အဲ့ဒီမှာမရှိ။နောက်ဆုံးတော့ ရှုံးနိမ့်သွားသည်မို့ တင်းနစ်ကွင်း တွင် လွင်မင်း၏ တဟားဟား အော်ရယ်သံကြီးသာ ကြီးစိုးနေတော့ သမ္ဘာ အာရုံရှိနေသည့်တစ်နေရာကနေ အာရုံပျက်ပြားသွား ရသည်။

"ဘယ်လိုဖြစ်တာလဲ ကိုလွင်ရာ။ အားရပါရကြီး"

" ငါက မင်းကိုတစ်ခါတစ်လေလေးမှ နိုင်ဖူးတော့ သဘောကျလွန်းလို့ပါကွာ။ တင်းနစ်ကစားရင်း ငါ မင်းကို မနိုင်တာ ဘယ်နှစ်နှစ်တောင်ရှိပြီလဲ.ခုမှ နိုင်ရတာ ငါ့ကိုယ်ငါ ဂုဏ်ယူလွန်းလို့..။ဒါပေမဲ့ စိတ်နဲ့ကိုယ်နဲ့တော့ မင်းမကပ်သလိုပဲနော်။"

လွင်မင်းက ရေဘူးဖွင့်မော့သောက်လိုက်ရင်းဖြင့် တစ်ဖက်ကနေ သမ္ဘာ့အနားရောက်လာသည်။အာရုံမရှိဆို.. ဆော့ကစားနေတာ သိပ်မကြာခင်မှာပင် တစ်ဖက်က ရေကူးကန်အစပ်နားကနေ ထီးလေးအောက်ထိုင်ရင်း သူ့ကို စူးစူးဝါးဝါးကြည့်နေသည့် လူက ရှိနေသည်မလား။ခုထိလည်း ထိုသူက စားပွဲပေါ်မှာ laptop ချထားပေမယ့် ခုထိ သူ့ကိုကြည့်နေဆဲ။

"ရေးရီက ဘာဖြစ်နေတာလဲ။မင်းကိုကြည့်နေတဲ့ပုံကိုကြည့်ရတာ ဘဝအဆက်ဆက်က ရန်သူလိုပဲ"

"မသိဘူး။အရင်ကလည်း အဆင်ပြေလှတယ်မဟုတ်ပေမဲ့ သူ လှေကားပေါ်က ပြုတ်ကျပြီးကတည်းက ခေါင်းထိသွားတယ် ထင်တယ်"

သမ္ဘာက ပြုံးစစနှင့်ပြောတော့ လွင်မင်းက ရယ်မိသည်။သမ္ဘာက မထိတထိပြောတတ်သလို ရံဖန်ရံခါ စနောက်တတ်တော့ အေးဆေးနေတတ်သည့် ရေးရီနှင့်က အကြောမတည့်။

"ကိုလွင် နားရင်နားဦး။ ကျွန်တော် သူ့နားသွားလိုက်ဦးမယ်"

"ဟေ့ မင်း သွားစမနေနဲ့ဦး"

သမ္ဘာက ပြုံးပြကာ ဘာမှပြန်မပြောဘဲ တင်းနစ်ကွင်းထဲကနေ ထွက်လျက် ရေကူးကန်ဘက်လျှောက်လာခဲ့သည်။ မြင့်မိုရ် စံအိမ်ကြီးတွင်က တင်းနစ်ကွင်းရော ရေကူးကန်ပါ ဆောက်လုပ်ထားတာမို့ ပုံမှန်အားဖြင့် အေးဆေးနေချင်သည့် အချိန်များ တွင် သမ္ဘာက အပြင်မထွက်ဘဲ လွင်မင်းနှင့် အိမ်တွင်သာ တင်းနစ်ဆော့ကစားတတ်သည်။

"ဘာဖြစ်လို့ ကိုယ့်ကို အဲ့လောက်ထိ စူးစူးဝါးဝါးကြည့်နေတာလဲ"

ပြောဆိုရင်းဖြင့် သမ္ဘာက ရေးရီရှေ့က ခုံတွင် ဝင်ထိုင်လိုက်သည်။ညနေခင်းချိန်ခါမို့ နေက သိပ်မပူတော့ဘဲ ရေကူးကန်ဘေးတွင်က နေထိုင်လို့ကောင်းသည့်အနေအထားရှိနေလေသည်။ အဝါရောင်အမိုးထီးကြီးအောက်တွင် ရေးရီ မျက်နှာက တင်းမာနေ သော်လည်း ဝင်းဖန့်ဖန့်ဖြင့် ကြည့်ကောင်းနေသည်မှာလည်း မငြင်းနိုင်။

"ဘယ်သူကြည့်လို့လဲ။"

"ညာတယ်နော် မင်း.."

ကြည့်ပါလား။နှုတ်ခမ်းလေးတွန့်ရုံသာပြုံးလျက် လူကိုမခံချိမခံသာအောင်ကြည့်သည့် အကြည့်တွေကို ရေးရီ အမြင်ကတ်တာ။ ဒါပေမဲ့ အဲ့လိုအပြုံးတွေနှင့်ပဲ ရေးရီနှလုံးသားကို သိမ်းပိုက်ခဲ့သလို အဲ့ဒီအပြုံးတွေနှင့်ပဲ ရေးရီနှလုံးသားကိုလည်း ဖျက်ဆီးခဲ့တာ။

"ခေါင်းက သက်သာရဲ့လား။မူးနောက်တာမျိုးရော ရှိလား"

"ရှိရှိ မရှိရှိ မင်းနဲ့မဆိုင်ပါဘူး"

"ဟော်.. ဘာလို့မဆိုင်ရမှာလဲ။လှေကားပေါ်ကနေ ကိုယ်က တွန်းချထားတာဆို.. အဲ့ဒီတော့ ကိုယ်နဲ့ဆိုင်တာပေါ့"

ရေးရီက လိမ်ပြောခဲ့တာမို့ သူ အဲ့လိုပြောလာတော့ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ဖြင့် မလုံမလဲဖြစ်မိသေးသည်။မတတ်နိုင်။ ကံကြမ္မာကပေးလာသည့် ဒုတိယအခွင့်အရေးတွင်မတော့ ရေးရီသည် သူ့နှလုံးသားကိုလည်း ထိခိုက်နာကျင်အောင် လုပ်ချင်မိပါ သေးသည်။

"ဒါနဲ့ မနက်ဖြန် အိမ်ရာဆောက်နေတဲ့ဘက်ကို မင်းတို့ team သွားစစ်ရမှာနော်။ကိုယ်လည်း သွားရမှာဆိုတော့ မနက်ကျ အိမ်ကနေ အတူတူသွားကြတာပေါ့"

"မသွား..အယ့် သွားတာပေါ့"

ငြင်းမိမလိုဖြစ်ပြီးမှ စကားထိန်းလိုက်ရသည်။သူနှင့်နီးကပ်အောင်နေပြီး သူ့အနားရောက်မှ သူ့ကို နာကျင်အောင်လုပ်လို့ ရမှာ မလား။ ဒီအကြိမ်မှာတော့ ရေးရီက သူနှင့်ဝေးဝေးနေပြီး သူ့ကိုချစ်မိခဲ့သည့်စိတ်တွေနှင့် နာကျင်မနေချင်။သူ့ကို.. သူ့နှလုံးသားကို ရေးရီ ခံစားခဲ့ရသလို နာကျင်ခံစားရဖို့ ကြိုးပမ်းမည်သာ။

"အကိုလေး... ဖုန်းက ဆက်တိုက်မြည်နေတော့ ကိုလွင်မင်းက လာပေးခိုင်းလို့"

အိမ်ကအကူကောင်မလေးက သမ္ဘာ့ဖုန်းကိုယူလာလျက် လှမ်းပေးလာသည်။ သူ တင်းနစ်ကွင်းထဲ မလာခင် ဧည့်ခန်းထဲမှာ ဖုန်းထားခဲ့သည်ကိုအမှတ်ရ၏။ screen ပေါ်က ဒေစီဆိုသည့်အမည်ကိုတွေ့သည့်အခါ သမ္ဘာ မျက်ခုံးတွန့်သွားမိသည်။ အရင်အပတ်ကတည်းက ဖြတ်ခဲ့ပြီးသားကို ကြားထဲလည်း မပြတ်ဘဲ အမြဲလာနွယ်နေသည့်တစ်ယောက်။

"မင်းရဲ့ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့ ရည်းစားမလား။ ဖုန်းပြောရင်တော့ ဒီနားကနေ ထွက်သွားပြီးပြောပေး။ အာရုံနောက် လို့"

"အဟက်. အိုခေ..အိုခေ.."

စူဆောင့်နေသည့် ရေးရီပုံစံက ထိုအခိုက်အတန့်တွင် ဘယ်လိုသဘောကျစရာကောင်းလိုက်မှန်းမသိ ဖြစ်သွားတာမို့ သမ္ဘာ သဘောကျစွာ အသံထွက်ရယ်မိကာ စားပွဲပေါ်က လိမ္မော်ရည်ခွက်လေးကို တစ်ကျိုက်မော့လိုက်ပြီးမှ ထထွက်သွား လိုက်တော့သည်။

"အယ်..."

"ဘာဖြစ်တာလဲ မိစူး"

မိစူးဆိုသည့် အကူကောင်မလေးက သမ္ဘာထွက်သွားပေမယ့် မသွားသေးဘဲ ပါးစပ်လေးဟလျက် အံ့ဩနေဟန်ဖြစ်နေသည်။

"ဟို ဒီလိမ္မော်ရည်က ကိုရေးအတွက် မိစူးဖျော်ပေးလိုက်တာမလား။ တစ်ဝက်တောင်ကျိုးနေပြီကို"

"အေးလေ. သောက်နေတာ အရသာရှိတယ်လေ"

"အဲ့. အဲ့ဒါကို အကိုလေးက သောက်သွားတာ.."

သမ္ဘာက ကောက်မော့သွားတာလည်းဟုတ်တာပဲ။ဒါပေမဲ့ မိစူးက အံ့အံ့ဩဩဖြင့် လက်ညှိုးလေးက တထောင်ထောင်။

"ကဲ.. ဘာပြောချင်တာလဲ မိစူးရာ။ "

"အကိုလေးက သူများသောက်ပြီးသား ဘယ်တော့မှ မသောက်တတ်ဘူး ကိုရေးရဲ့။ထူးထူးဆန်းဆန်းတော့."

သူ့ဘာသာပြောလျက် သူ့ဘာသာပဲ ကုန်သွားသည့် လိမ္မော်ရည်ဖန်ခွက်လေးကို ကိုင်လျက် ပြန်လှည့်သွားသည်။ရေးရီ ရင်ထဲနွေးခနဲ ဖြစ်သွားရသည်။သို့သော် ချက်ချင်း ခေါင်းကိုခါယမ်းမိရ၏။ရုတ်တရက်ဆိုတော့ သတိမထားမိဘဲ ဖြစ်သွားတာနေမှာပါ။ ခုကနမှ တင်းနစ်ကစားထားတာဆိုတော့ မောနေတာနှင့် သတိလက်လွတ်ဖြစ်သွားတာနေမှာ။

ရေးရီအနေဖြင့် သတိလက်လွတ်ဖြစ်လို့လုံးဝမရတာမို့။သေးသေးမွှားမွှားအရာကစလို့ ရင်ထဲထပ်မံရောက်လာမည်စိုးသည်မို့ ရေးရီ သတိရှိဖို့လိုအပ်ပါသည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မနက်က ထွက်လာကတည်းက အုံ့မှိုင်းနေသည့် မိုးက ခုတော့ စလို့ ရွာလေပြီ။မိုးဖွားလေးကနေစလို့ သည်းလာသည့်အခါ ကားရှေ့ကို အမြင်က မသဲကွဲချင်တော့။ဝိုက်ပါကလည်း မိုးရေကို မနိုင်ဖြစ်လာရသည်မို့ လမ်းဘေးတစ်နေရာတွင် ကားကွေ့ကာ ရပ်ထားလိုက်ရတော့သည်။

"ခဏတော့ ရပ်ထားမှရတော့မယ်"

သမ္ဘာက ပြောရင်းဖြင့် ဘေးတွင်ထိုင်နေသည့် ရေးရီကိုကြည့်လိုက်တော့ အနည်းငယ်ကျုံ့ကျုံ့လေးဖြစ်နေတာမို့ အဲကွန်းကို ပိတ်ချ လိုက်သည်။ဝတ်ထားသည်က ဂျင်းဘောင်းဘီပွပွ တီရှပ်လက်ရှည်အပါးလေးနှင့်မို့ သမ္ဘာမျက်မှောင်ကြုံ့မိကာ..

"ကားနောက်ခန်းထဲမှာ စောင်ထည့်ထားတဲ့ အိတ်ရှိတယ်။မိုးက ထပ်သည်းဦးမှာ. မင်းအေးနေလိမ့်မယ် ယူခြုံထားလိုက်"

သူ့စကားသံကြောင့် ရေးရီက လှည့်ကြည့်လာသည်။ ဟုတ်တာပေါ့။ သမ္ဘာက လည်ပိတ်အနီကို အပေါက် ဂျင်းဂျက်ကတ် ခပ်ရင့်ရင့်ရယ် အောက်က စတိုင်ပန်လိုအသားကလည်း နွေးမည့်ပုံ။

"မနက်ကတည်းက မိုးအေးချင်နေတာသိတာပဲ။ကိုယ့်ဘာသာ ဘယ်လိုနွေးထွေးအောင်ဝတ်ရမယ်ဆိုတာတော့ သိမှပေါ့"

"မသိဘဲနေမလား"

"ဒါဆို ဘာလို့ မဝတ်ခဲ့လဲ"

"ငါမေ့သွားလို့ကို"

ခုနကတော့ ခပ်စွာစွာပေမဲ့ ဒီအသံကတော့ ခပ်တိုးတိုးလေးမို့ ကားရှေ့မှန်ကို ထိခတ်နေသည့် မိုးရေစက်တွေကိုပဲကြည့်နေသည့် သမ္ဘာက လှစ်ခနဲပြုံးမိသည်။ရေးရီကတော့ ခန္ဓာကိုယ်လေးကိုင်းလျက် နောက်ခန်းဘက်က စောင်အိတ်ကို လှမ်းရှာနေပါသည်။

"အယ့်.. စောင်အိတ်က ထောင့်ကပ်နေတာ ယူမရဘူး"

"ဖယ်... ကိုယ်ယူပေးမယ်"

ဖယ်ဆိုပေမယ့် ရေးရီက မဖယ်ရသေးသလို သမ္ဘာကလည်း ကိုယ်ကိုကိုင်းလှည့်လိုက်သည်မို့ ရှေ့ခန်းက ထိုင်ခုံနှစ်ခုံကြားကနေ နှစ်ယောက်သားက အနောက်ခန်းဘက် လှမ်းယူနေသည့်ဟန်သည် လူချင်းနီးကပ်မတတ်။ရေးရီ မျက်နှာလှည့်လိုက်သည်တွင် နီစွေးစွေးနှုတ်ခမ်းတစ်စုံက ကိုယ့်ရှေ့နားတွင်ပဲမို့ ရုတ်တရက်လန့်ကာ ထရပ်မိတော့သည်။

"အား.."

ကားခေါင်မိုးနှင့် ခေါင်းပြေးဆောင့်သည်မှာ မခံသာလှ။ကားထဲတွင်ကတော့ သမ္ဘာ့၏ သဘောတကျရယ်သံက ခပ်လွင်လွင်။

"မင်း ဘာရယ်နေတာလဲ"

"ဘာလို့ မလုံမလဲဖြစ်နေတာလဲ။ ကိုယ့်မျက်နှာက ကြောက်ဖို့ကောင်းတဲ့ထဲမှာ မပါပါဘူး။ဘာလဲ.. နီးနီးကပ်ကပ်မြင်ရတော့ ရင်ခုန်သွားတာလား"

"သေလိုက်လေ.."

ချက်ချင်းပဲ ခွန်းတုံ့ပြန်လိုက်ပေမယ့် ခေါင်းကလည်းနာသေး။ရှက်စိတ်ကလည်းဖြစ်သေးတာမို့ ရေးရီမျက်နှာလေး ပူထူထူ။

"ကဲပါ.. ရော့ ခြုံထား..ခါးပတ်ပါ ပြန်ပတ်ထားလိုက်တော့"

သူ ပေးလာသည့် အနီရောင်စောင်ပါးလေးကို လှမ်းယူလိုက်ရင်း ရေးရီ တစ်ကိုယ်လုံးလုံနေအောင်ကို ပတ်ထားလိုက်သည်။သမ္ဘာက heater ကိုပါ ဖွင့်ပေးလာ၏။

"ခေါင်းကတော့ ဂရုစိုက်ရတော့မယ်ထင်တယ်။နှစ်ခါရှိပြီ ထိခိုက်ထားတာဆိုတော့လေ. ဟုတ်တယ်မလား"

လှည့်မေးကာပြုံးပြနေသည့် သမ္ဘာ့မျက်နှာက ရေးရီမျက်လုံးထဲတော့ အမြင်ကတ်ချင်လွန်းစရာကောင်းလှသလို တစ်ဆက်တည်း မှာလည်း သိပ်ကို ဆွဲဆောင်မှုရှိလွန်းနေသည်ကို လက်မခံချင်ဘဲလည်း လက်ခံလိုက်ရသေးသည်။

"မိုးစဲမှပဲ ကိုယ်တို့သွားကြမယ်။ မင်းတို့ team ကို စာပို့ထားလိုက်လေ။ကိုယ်တို့ နောက်ကျမယ်ဆိုတဲ့အကြောင်း"

ရေးရီက ဘာမှပြန်မပြောဘဲ ကား dashboard ပေါ်တွင် တင်ထားသည့် ဖုန်းလေးကို လှမ်းယူရင်းစာပို့နေလိုက်သည်။

"ဖြူနုငယ်ဆိုတဲ့တစ်ယောက်နဲ့ လုံးဝပြတ်သွားပြီမလား"

စာရိုက်နေသည့် ရေးရီလက်ကလေး တုန့်ဆိုင်းသွားရသည်။တကယ်တော့ သူနှင့် ချစ်ကျွမ်းဝင်မိပါပြီဆိုကတည်းက ဖြူနုငယ်ကို လုံးဝကို မေ့ဖျောက်ထားနိုင်ခဲ့တာ။ဖြူနုငယ်နှင့်သူက မနှစ်ကတည်းက လမ်းခွဲခဲ့ကြတာ။ တိတိပပဆိုရပါလျှင် ဖြူနုငယ်က သူနှင့်တွဲနေစဉ်မှာပင် တခြားတစ်ယောက်နှင့် တွဲလျက် နောက်ဆုံးသူ့ကို ထားပစ်ခဲ့တာမဟုတ်ပါလား။ဖြူနုငယ်က ရေးရီ၏ အချစ်ဦးဖြစ်သလို ရေးရီ လက်ထပ်ဖို့အထိ တွေးထားခဲ့သည့် မိန်းကလေး။

"ပြတ်သွားတာပဲကောင်းတယ်။အဲ့ဒီမိန်းမက .."

"မင်း သူများကို ဝေဖန်စရာမလိုပါဘူး။ပြီးတော့ ပြတ်သွားတာ မပြတ်တာ မင်းကိစ္စလည်းမဟုတ်ဘူး"

"စိတ်ပူပေးတာ။ မင်းက အဲ့လိုကိစ္စတွေမှာမကျွမ်းကျင်ဘူးမလား"

"ဟုတ်တာပေါ့. ရည်းစားသက်စေ့ထားတဲ့ မင်းလောက်တော့ ငါက ဘယ်လိုလုပ် ကျွမ်းကျင်မှာလဲ"

ရယ်မောစရာလည်းမပါပါဘဲနှင့် သမ္ဘာကရယ်သည်။သမ္ဘာမြင့်မိုရ်က မြင့်မိုရ်ဟိုတယ်ကြီးမှာ မန်နေဂျာချုပ်ရာထူးကို ရယူထား နိုင်သလို ရုပ်ရည်ကလည်း ချောမောလျက် ချမ်းသာတာမို့ တွဲချင်သည့်သူကများသည်။ များသလိုပဲ သမ္ဘာကလည်း သူ စိတ်ရှိသလောက်တွဲသည်။

"အဲ့ဒါကြောင့် နောက်ထပ် ရည်းစားမထားနဲ့"

အမိန့်ပေးသလို ပြောလာတာကြောင့် ရေးရီ အမြင်ကတ်စွာကြည့်မိပြန်ပါသည်။ဘဝမှာ ရည်းစားက နှစ်ယောက်ပဲထားခဲ့ဖူးသည်။ တစ်ယောက်က ဖြူနုငယ်။ တစ်ယောက်က သူ... ။တကယ်တမ်း ရေးရီ အသည်းနင့်အောင်ချစ်ခဲ့ရသည့် အချစ်ရဆုံးသူကပဲ ရေးရီကို အသည်းခွဲခဲ့တာပဲမလား။နောက်ဆုံး ရေးရီက အသိစိတ်ကင်းမဲ့လျက် သူ့ လက်ထပ်ပွဲပြုလုပ်သည့် ဟိုတယ်ရှေ့မှာပဲ ကားအက်ဆီးဒင့် ဖြစ်လျက်..

"ဟော.. ဘာလို့ငိုနေတာလဲ။ရည်းစားမထားနဲ့လို့ပြောတာနဲ့ ငိုရောလား"

"ဟင်.."

သတိထားမိတော့မှ ပါးပေါ်တွင်ကမျက်ရည်စက်တွေ။ရေးရီ ချက်ချင်းပင်သုတ်ပစ်လိုက်ကာ မျက်နှာကို တင်းမာပစ်လိုက်သည်။ သမ္ဘာက သူ့ကို စူးစမ်းသလိုကြည့်သည်။

"အဲ့မိန်းမကို သတိရသွားတာကြောင့်လား"

မဟုတ်တာတွေ လာပြောနေပြန်တော့ မင်းကြောင့်လို့ မအော်မိရုံတမယ်ဖြစ်ရသည်။ဘာလို့များ သမ္ဘာက ဒီနေ့မှ စကားတွေ သိပ်များနေတာလဲ။

"မင်း ဘာလို့ ငါ့ကိစ္စတွေ လာစိတ်ဝင်စားနေတာလဲ။မင်းဘာသာ မင်းရဲ့ရည်းစားတွေကို နံပါတ်စဉ်တပ်နေလိုက်။မိုးစဲနေပြီ မောင်းတော့.. မမောင်းရဲရင် ဖယ်.. ငါမောင်းမယ်"

"ဪ စိတ်ချည်းပဲ... "

ပြောပြောဆိုဆိုဖြင့် သမ္ဘာက ကားလေးကို လမ်းပေါ်တက်လျက် ပြန်မောင်းထွက်ရတော့သည်။ကားမောင်းခြင်းကိုပဲ အာရုံပြန်စိုက်လျက် သမ္ဘာ့ပုံစံကို ဘေးကနေ တိတ်တိတ်လေးခိုးကြည့်ရင်း ရေးရီ သက်ပြင်းတိုးတိုးလေးခိုးချမိသည်။ ဘယ်လိုကြည့်ကြည့် ခန့်ညားနေသည့် သမ္ဘာသည် ယခင်က ရေးရီကို ချစ်မြတ်နိုးခဲ့ခြင်းတွေကို ထပ်မံပေါင်းထည့်ကြည့်သည့်အခါ ဘယ်တော့မှ လက်မလွှတ်နိုင်လောက်အောင် သဘောကျမြတ်နိုးခဲ့ရပါသော ယောကျာ်းဖြစ်သည်။

သို့ပေမယ့် ဘယ်တတ်နိုင်လိမ့်မလဲ။အခြေအနေတွေသည် ကိုယ်ဖြစ်ချင်သည့်အတိုင်းဖြစ်ခဲ့ခြင်းမဟုတ်။ ရေးရီချစ်ခဲ့သလို သမ္ဘာက ပြန်မချစ်ခဲ့ဘူးမလား။ဒါမှမဟုတ် ချစ်ချင်ယောင်ဆောင်ခဲ့ပြီးမှ ပေါ့ပေါ့တန်တန်ဖြင့် လမ်းခွဲခဲ့သည်လား။သက်ပြင်းတွေသာ ခိုးချဖြစ်ရင်း ရေးရီ မျက်ရည်လည်မိပါသည်။

ယောကျာ်းမိန်းမ ခွဲခြားမသတ်မှတ်နိုင်ဘဲနဲ့ကို ရေးရီ သူ့ကို သိပ်ကိုချစ်ခဲ့တာ။

*****************************

#With Heart

Just A Dreamer

(တတ်နိုင်သလောက် update မှန်အောင်လုပ်ပေးပါ့မယ်နော်။ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေး နှစ်ရက်လို့ မှန်းထားပါတယ်"


Zawgyi


အပိုင္း-၂

တင္းနစ္ကြင္းထဲမွာ တင္းနစ္ေဆာ့ကစားေနရေပမယ့္ သမာၻ႔အာ႐ုံက အဲ့ဒီမွာမရွိ။ေနာက္ဆုံးေတာ့ ရႈံးနိမ့္သြားသည္မို႔ တင္းနစ္ကြင္း တြင္ လြင္မင္း၏ တဟားဟား ေအာ္ရယ္သံႀကီးသာ ႀကီးစိုးေနေတာ့ သမာၻ အာ႐ုံရွိေနသည့္တစ္ေနရာကေန အာ႐ုံပ်က္ျပားသြား ရသည္။

"ဘယ္လိုျဖစ္တာလဲ ကိုလြင္ရာ။ အားရပါရႀကီး"

" ငါက မင္းကိုတစ္ခါတစ္ေလေလးမွ ႏိုင္ဖူးေတာ့ သေဘာက်လြန္းလို႔ပါကြာ။ တင္းနစ္ကစားရင္း ငါ မင္းကို မႏိုင္တာ ဘယ္ႏွစ္ႏွစ္ေတာင္ရွိၿပီလဲ.ခုမွ ႏိုင္ရတာ ငါ့ကိုယ္ငါ ဂုဏ္ယူလြန္းလို႔..။ဒါေပမဲ့ စိတ္နဲ႔ကိုယ္နဲ႔ေတာ့ မင္းမကပ္သလိုပဲေနာ္။"

လြင္မင္းက ေရဘူးဖြင့္ေမာ့ေသာက္လိုက္ရင္းျဖင့္ တစ္ဖက္ကေန သမာၻ႔အနားေရာက္လာသည္။အာ႐ုံမရွိဆို.. ေဆာ့ကစားေနတာ သိပ္မၾကာခင္မွာပင္ တစ္ဖက္က ေရကူးကန္အစပ္နားကေန ထီးေလးေအာက္ထိုင္ရင္း သူ႔ကို စူးစူးဝါးဝါးၾကည့္ေနသည့္ လူက ရွိေနသည္မလား။ခုထိလည္း ထိုသူက စားပြဲေပၚမွာ laptop ခ်ထားေပမယ့္ ခုထိ သူ႔ကိုၾကည့္ေနဆဲ။

"ေရးရီက ဘာျဖစ္ေနတာလဲ။မင္းကိုၾကည့္ေနတဲ့ပုံကိုၾကည့္ရတာ ဘဝအဆက္ဆက္က ရန္သူလိုပဲ"

"မသိဘူး။အရင္ကလည္း အဆင္ေျပလွတယ္မဟုတ္ေပမဲ့ သူ ေလွကားေပၚက ျပဳတ္က်ၿပီးကတည္းက ေခါင္းထိသြားတယ္ ထင္တယ္"

သမာၻက ၿပဳံးစစႏွင့္ေျပာေတာ့ လြင္မင္းက ရယ္မိသည္။သမာၻက မထိတထိေျပာတတ္သလို ရံဖန္ရံခါ စေနာက္တတ္ေတာ့ ေအးေဆးေနတတ္သည့္ ေရးရီႏွင့္က အေၾကာမတည့္။

"ကိုလြင္ နားရင္နားဦး။ ကြၽန္ေတာ္ သူ႔နားသြားလိုက္ဦးမယ္"

"ေဟ့ မင္း သြားစမေနနဲ႔ဦး"

သမာၻက ၿပဳံးျပကာ ဘာမွျပန္မေျပာဘဲ တင္းနစ္ကြင္းထဲကေန ထြက္လ်က္ ေရကူးကန္ဘက္ေလွ်ာက္လာခဲ့သည္။ ျမင့္မိုရ္ စံအိမ္ႀကီးတြင္က တင္းနစ္ကြင္းေရာ ေရကူးကန္ပါ ေဆာက္လုပ္ထားတာမို႔ ပုံမွန္အားျဖင့္ ေအးေဆးေနခ်င္သည့္ အခ်ိန္မ်ား တြင္ သမာၻက အျပင္မထြက္ဘဲ လြင္မင္းႏွင့္ အိမ္တြင္သာ တင္းနစ္ေဆာ့ကစားတတ္သည္။

"ဘာျဖစ္လို႔ ကိုယ့္ကို အဲ့ေလာက္ထိ စူးစူးဝါးဝါးၾကည့္ေနတာလဲ"

ေျပာဆိုရင္းျဖင့္ သမာၻက ေရးရီေရွ႕က ခုံတြင္ ဝင္ထိုင္လိုက္သည္။ညေနခင္းခ်ိန္ခါမို႔ ေနက သိပ္မပူေတာ့ဘဲ ေရကူးကန္ေဘးတြင္က ေနထိုင္လို႔ေကာင္းသည့္အေနအထားရွိေနေလသည္။ အဝါေရာင္အမိုးထီးႀကီးေအာက္တြင္ ေရးရီ မ်က္ႏွာက တင္းမာေန ေသာ္လည္း ဝင္းဖန႔္ဖန႔္ျဖင့္ ၾကည့္ေကာင္းေနသည္မွာလည္း မျငင္းႏိုင္။

"ဘယ္သူၾကည့္လို႔လဲ။"

"ညာတယ္ေနာ္ မင္း.."

ၾကည့္ပါလား။ႏႈတ္ခမ္းေလးတြန႔္႐ုံသာၿပဳံးလ်က္ လူကိုမခံခ်ိမခံသာေအာင္ၾကည့္သည့္ အၾကည့္ေတြကို ေရးရီ အျမင္ကတ္တာ။ ဒါေပမဲ့ အဲ့လိုအၿပဳံးေတြႏွင့္ပဲ ေရးရီႏွလုံးသားကို သိမ္းပိုက္ခဲ့သလို အဲ့ဒီအၿပဳံးေတြႏွင့္ပဲ ေရးရီႏွလုံးသားကိုလည္း ဖ်က္ဆီးခဲ့တာ။

"ေခါင္းက သက္သာရဲ႕လား။မူးေနာက္တာမ်ိဳးေရာ ရွိလား"

"ရွိရွိ မရွိရွိ မင္းနဲ႔မဆိုင္ပါဘူး"

"ေဟာ္.. ဘာလို႔မဆိုင္ရမွာလဲ။ေလွကားေပၚကေန ကိုယ္က တြန္းခ်ထားတာဆို.. အဲ့ဒီေတာ့ ကိုယ္နဲ႔ဆိုင္တာေပါ့"

ေရးရီက လိမ္ေျပာခဲ့တာမို႔ သူ အဲ့လိုေျပာလာေတာ့ မ်က္လုံးေလးပုတ္ခတ္ပုတ္ခတ္ျဖင့္ မလုံမလဲျဖစ္မိေသးသည္။မတတ္ႏိုင္။ ကံၾကမၼာကေပးလာသည့္ ဒုတိယအခြင့္အေရးတြင္မေတာ့ ေရးရီသည္ သူ႔ႏွလုံးသားကိုလည္း ထိခိုက္နာက်င္ေအာင္ လုပ္ခ်င္မိပါ ေသးသည္။

"ဒါနဲ႔ မနက္ျဖန္ အိမ္ရာေဆာက္ေနတဲ့ဘက္ကို မင္းတို႔ team သြားစစ္ရမွာေနာ္။ကိုယ္လည္း သြားရမွာဆိုေတာ့ မနက္က် အိမ္ကေန အတူတူသြားၾကတာေပါ့"

"မသြား..အယ့္ သြားတာေပါ့"

ျငင္းမိမလိုျဖစ္ၿပီးမွ စကားထိန္းလိုက္ရသည္။သူႏွင့္နီးကပ္ေအာင္ေနၿပီး သူ႔အနားေရာက္မွ သူ႔ကို နာက်င္ေအာင္လုပ္လို႔ ရမွာ မလား။ ဒီအႀကိမ္မွာေတာ့ ေရးရီက သူႏွင့္ေဝးေဝးေနၿပီး သူ႔ကိုခ်စ္မိခဲ့သည့္စိတ္ေတြႏွင့္ နာက်င္မေနခ်င္။သူ႔ကို.. သူ႔ႏွလုံးသားကို ေရးရီ ခံစားခဲ့ရသလို နာက်င္ခံစားရဖို႔ ႀကိဳးပမ္းမည္သာ။

"အကိုေလး... ဖုန္းက ဆက္တိုက္ျမည္ေနေတာ့ ကိုလြင္မင္းက လာေပးခိုင္းလို႔"

အိမ္ကအကူေကာင္မေလးက သမာၻ႔ဖုန္းကိုယူလာလ်က္ လွမ္းေပးလာသည္။ သူ တင္းနစ္ကြင္းထဲ မလာခင္ ဧည့္ခန္းထဲမွာ ဖုန္းထားခဲ့သည္ကိုအမွတ္ရ၏။ screen ေပၚက ေဒစီဆိုသည့္အမည္ကိုေတြ႕သည့္အခါ သမာၻ မ်က္ခုံးတြန႔္သြားမိသည္။ အရင္အပတ္ကတည္းက ျဖတ္ခဲ့ၿပီးသားကို ၾကားထဲလည္း မျပတ္ဘဲ အၿမဲလာႏြယ္ေနသည့္တစ္ေယာက္။

"မင္းရဲ႕ဘယ္ႏွစ္ေယာက္ေျမာက္မွန္းမသိတဲ့ ရည္းစားမလား။ ဖုန္းေျပာရင္ေတာ့ ဒီနားကေန ထြက္သြားၿပီးေျပာေပး။ အာ႐ုံေနာက္ လို႔"

"အဟက္. အိုေခ..အိုေခ.."

စူေဆာင့္ေနသည့္ ေရးရီပုံစံက ထိုအခိုက္အတန႔္တြင္ ဘယ္လိုသေဘာက်စရာေကာင္းလိုက္မွန္းမသိ ျဖစ္သြားတာမို႔ သမာၻ သေဘာက်စြာ အသံထြက္ရယ္မိကာ စားပြဲေပၚက လိေမၼာ္ရည္ခြက္ေလးကို တစ္က်ိဳက္ေမာ့လိုက္ၿပီးမွ ထထြက္သြား လိုက္ေတာ့သည္။

"အယ္..."

"ဘာျဖစ္တာလဲ မိစူး"

မိစူးဆိုသည့္ အကူေကာင္မေလးက သမာၻထြက္သြားေပမယ့္ မသြားေသးဘဲ ပါးစပ္ေလးဟလ်က္ အံ့ဩေနဟန္ျဖစ္ေနသည္။

"ဟို ဒီလိေမၼာ္ရည္က ကိုေရးအတြက္ မိစူးေဖ်ာ္ေပးလိုက္တာမလား။ တစ္ဝက္ေတာင္က်ိဳးေနၿပီကို"

"ေအးေလ. ေသာက္ေနတာ အရသာရွိတယ္ေလ"

"အဲ့. အဲ့ဒါကို အကိုေလးက ေသာက္သြားတာ.."

သမာၻက ေကာက္ေမာ့သြားတာလည္းဟုတ္တာပဲ။ဒါေပမဲ့ မိစူးက အံ့အံ့ဩဩျဖင့္ လက္ညႇိဳးေလးက တေထာင္ေထာင္။

"ကဲ.. ဘာေျပာခ်င္တာလဲ မိစူးရာ။ "

"အကိုေလးက သူမ်ားေသာက္ၿပီးသား ဘယ္ေတာ့မွ မေသာက္တတ္ဘူး ကိုေရးရဲ႕။ထူးထူးဆန္းဆန္းေတာ့."

သူ႔ဘာသာေျပာလ်က္ သူ႔ဘာသာပဲ ကုန္သြားသည့္ လိေမၼာ္ရည္ဖန္ခြက္ေလးကို ကိုင္လ်က္ ျပန္လွည့္သြားသည္။ေရးရီ ရင္ထဲေႏြးခနဲ ျဖစ္သြားရသည္။သို႔ေသာ္ ခ်က္ခ်င္း ေခါင္းကိုခါယမ္းမိရ၏။႐ုတ္တရက္ဆိုေတာ့ သတိမထားမိဘဲ ျဖစ္သြားတာေနမွာပါ။ ခုကနမွ တင္းနစ္ကစားထားတာဆိုေတာ့ ေမာေနတာႏွင့္ သတိလက္လြတ္ျဖစ္သြားတာေနမွာ။

ေရးရီအေနျဖင့္ သတိလက္လြတ္ျဖစ္လို႔လုံးဝမရတာမို႔။ေသးေသးမႊားမႊားအရာကစလို႔ ရင္ထဲထပ္မံေရာက္လာမည္စိုးသည္မို႔ ေရးရီ သတိရွိဖို႔လိုအပ္ပါသည္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မနက္က ထြက္လာကတည္းက အုံ႔မႈိင္းေနသည့္ မိုးက ခုေတာ့ စလို႔ ႐ြာေလၿပီ။မိုးဖြားေလးကေနစလို႔ သည္းလာသည့္အခါ ကားေရွ႕ကို အျမင္က မသဲကြဲခ်င္ေတာ့။ဝိုက္ပါကလည္း မိုးေရကို မႏိုင္ျဖစ္လာရသည္မို႔ လမ္းေဘးတစ္ေနရာတြင္ ကားေကြ႕ကာ ရပ္ထားလိုက္ရေတာ့သည္။

"ခဏေတာ့ ရပ္ထားမွရေတာ့မယ္"

သမာၻက ေျပာရင္းျဖင့္ ေဘးတြင္ထိုင္ေနသည့္ ေရးရီကိုၾကည့္လိုက္ေတာ့ အနည္းငယ္က်ဳံ႕က်ဳံ႕ေလးျဖစ္ေနတာမို႔ အဲကြန္းကို ပိတ္ခ် လိုက္သည္။ဝတ္ထားသည္က ဂ်င္းေဘာင္းဘီပြပြ တီရွပ္လက္ရွည္အပါးေလးႏွင့္မို႔ သမာၻမ်က္ေမွာင္ႀကဳံ႕မိကာ..

"ကားေနာက္ခန္းထဲမွာ ေစာင္ထည့္ထားတဲ့ အိတ္ရွိတယ္။မိုးက ထပ္သည္းဦးမွာ. မင္းေအးေနလိမ့္မယ္ ယူၿခဳံထားလိုက္"

သူ႔စကားသံေၾကာင့္ ေရးရီက လွည့္ၾကည့္လာသည္။ ဟုတ္တာေပါ့။ သမာၻက လည္ပိတ္အနီကို အေပါက္ ဂ်င္းဂ်က္ကတ္ ခပ္ရင့္ရင့္ရယ္ ေအာက္က စတိုင္ပန္လိုအသားကလည္း ေႏြးမည့္ပုံ။

"မနက္ကတည္းက မိုးေအးခ်င္ေနတာသိတာပဲ။ကိုယ့္ဘာသာ ဘယ္လိုေႏြးေထြးေအာင္ဝတ္ရမယ္ဆိုတာေတာ့ သိမွေပါ့"

"မသိဘဲေနမလား"

"ဒါဆို ဘာလို႔ မဝတ္ခဲ့လဲ"

"ငါေမ့သြားလို႔ကို"

ခုနကေတာ့ ခပ္စြာစြာေပမဲ့ ဒီအသံကေတာ့ ခပ္တိုးတိုးေလးမို႔ ကားေရွ႕မွန္ကို ထိခတ္ေနသည့္ မိုးေရစက္ေတြကိုပဲၾကည့္ေနသည့္ သမာၻက လွစ္ခနဲၿပဳံးမိသည္။ေရးရီကေတာ့ ခႏၶာကိုယ္ေလးကိုင္းလ်က္ ေနာက္ခန္းဘက္က ေစာင္အိတ္ကို လွမ္းရွာေနပါသည္။

"အယ့္.. ေစာင္အိတ္က ေထာင့္ကပ္ေနတာ ယူမရဘူး"

"ဖယ္... ကိုယ္ယူေပးမယ္"

ဖယ္ဆိုေပမယ့္ ေရးရီက မဖယ္ရေသးသလို သမာၻကလည္း ကိုယ္ကိုကိုင္းလွည့္လိုက္သည္မို႔ ေရွ႕ခန္းက ထိုင္ခုံႏွစ္ခုံၾကားကေန ႏွစ္ေယာက္သားက အေနာက္ခန္းဘက္ လွမ္းယူေနသည့္ဟန္သည္ လူခ်င္းနီးကပ္မတတ္။ေရးရီ မ်က္ႏွာလွည့္လိုက္သည္တြင္ နီေစြးေစြးႏႈတ္ခမ္းတစ္စုံက ကိုယ့္ေရွ႕နားတြင္ပဲမို႔ ႐ုတ္တရက္လန႔္ကာ ထရပ္မိေတာ့သည္။

"အား.."

ကားေခါင္မိုးႏွင့္ ေခါင္းေျပးေဆာင့္သည္မွာ မခံသာလွ။ကားထဲတြင္ကေတာ့ သမာၻ႔၏ သေဘာတက်ရယ္သံက ခပ္လြင္လြင္။

"မင္း ဘာရယ္ေနတာလဲ"

"ဘာလို႔ မလုံမလဲျဖစ္ေနတာလဲ။ ကိုယ့္မ်က္ႏွာက ေၾကာက္ဖို႔ေကာင္းတဲ့ထဲမွာ မပါပါဘူး။ဘာလဲ.. နီးနီးကပ္ကပ္ျမင္ရေတာ့ ရင္ခုန္သြားတာလား"

"ေသလိုက္ေလ.."

ခ်က္ခ်င္းပဲ ခြန္းတုံ႔ျပန္လိုက္ေပမယ့္ ေခါင္းကလည္းနာေသး။ရွက္စိတ္ကလည္းျဖစ္ေသးတာမို႔ ေရးရီမ်က္ႏွာေလး ပူထူထူ။

"ကဲပါ.. ေရာ့ ၿခဳံထား..ခါးပတ္ပါ ျပန္ပတ္ထားလိုက္ေတာ့"

သူ ေပးလာသည့္ အနီေရာင္ေစာင္ပါးေလးကို လွမ္းယူလိုက္ရင္း ေရးရီ တစ္ကိုယ္လုံးလုံေနေအာင္ကို ပတ္ထားလိုက္သည္။သမာၻက heater ကိုပါ ဖြင့္ေပးလာ၏။

"ေခါင္းကေတာ့ ဂ႐ုစိုက္ရေတာ့မယ္ထင္တယ္။ႏွစ္ခါရွိၿပီ ထိခိုက္ထားတာဆိုေတာ့ေလ. ဟုတ္တယ္မလား"

လွည့္ေမးကာၿပဳံးျပေနသည့္ သမာၻ႔မ်က္ႏွာက ေရးရီမ်က္လုံးထဲေတာ့ အျမင္ကတ္ခ်င္လြန္းစရာေကာင္းလွသလို တစ္ဆက္တည္း မွာလည္း သိပ္ကို ဆြဲေဆာင္မႈရွိလြန္းေနသည္ကို လက္မခံခ်င္ဘဲလည္း လက္ခံလိုက္ရေသးသည္။

"မိုးစဲမွပဲ ကိုယ္တို႔သြားၾကမယ္။ မင္းတို႔ team ကို စာပို႔ထားလိုက္ေလ။ကိုယ္တို႔ ေနာက္က်မယ္ဆိုတဲ့အေၾကာင္း"

ေရးရီက ဘာမွျပန္မေျပာဘဲ ကား dashboard ေပၚတြင္ တင္ထားသည့္ ဖုန္းေလးကို လွမ္းယူရင္းစာပို႔ေနလိုက္သည္။

"ျဖဴႏုငယ္ဆိုတဲ့တစ္ေယာက္နဲ႔ လုံးဝျပတ္သြားၿပီမလား"

စာ႐ိုက္ေနသည့္ ေရးရီလက္ကေလး တုန႔္ဆိုင္းသြားရသည္။တကယ္ေတာ့ သူႏွင့္ ခ်စ္ကြၽမ္းဝင္မိပါၿပီဆိုကတည္းက ျဖဴႏုငယ္ကို လုံးဝကို ေမ့ေဖ်ာက္ထားႏိုင္ခဲ့တာ။ျဖဴႏုငယ္ႏွင့္သူက မႏွစ္ကတည္းက လမ္းခြဲခဲ့ၾကတာ။ တိတိပပဆိုရပါလွ်င္ ျဖဴႏုငယ္က သူႏွင့္တြဲေနစဥ္မွာပင္ တျခားတစ္ေယာက္ႏွင့္ တြဲလ်က္ ေနာက္ဆုံးသူ႔ကို ထားပစ္ခဲ့တာမဟုတ္ပါလား။ျဖဴႏုငယ္က ေရးရီ၏ အခ်စ္ဦးျဖစ္သလို ေရးရီ လက္ထပ္ဖို႔အထိ ေတြးထားခဲ့သည့္ မိန္းကေလး။

"ျပတ္သြားတာပဲေကာင္းတယ္။အဲ့ဒီမိန္းမက .."

"မင္း သူမ်ားကို ေဝဖန္စရာမလိုပါဘူး။ၿပီးေတာ့ ျပတ္သြားတာ မျပတ္တာ မင္းကိစၥလည္းမဟုတ္ဘူး"

"စိတ္ပူေပးတာ။ မင္းက အဲ့လိုကိစၥေတြမွာမကြၽမ္းက်င္ဘူးမလား"

"ဟုတ္တာေပါ့. ရည္းစားသက္ေစ့ထားတဲ့ မင္းေလာက္ေတာ့ ငါက ဘယ္လိုလုပ္ ကြၽမ္းက်င္မွာလဲ"

ရယ္ေမာစရာလည္းမပါပါဘဲႏွင့္ သမာၻကရယ္သည္။သမာၻျမင့္မိုရ္က ျမင့္မိုရ္ဟိုတယ္ႀကီးမွာ မန္ေနဂ်ာခ်ဳပ္ရာထူးကို ရယူထား ႏိုင္သလို ႐ုပ္ရည္ကလည္း ေခ်ာေမာလ်က္ ခ်မ္းသာတာမို႔ တြဲခ်င္သည့္သူကမ်ားသည္။ မ်ားသလိုပဲ သမာၻကလည္း သူ စိတ္ရွိသေလာက္တြဲသည္။

"အဲ့ဒါေၾကာင့္ ေနာက္ထပ္ ရည္းစားမထားနဲ႔"

အမိန႔္ေပးသလို ေျပာလာတာေၾကာင့္ ေရးရီ အျမင္ကတ္စြာၾကည့္မိျပန္ပါသည္။ဘဝမွာ ရည္းစားက ႏွစ္ေယာက္ပဲထားခဲ့ဖူးသည္။ တစ္ေယာက္က ျဖဴႏုငယ္။ တစ္ေယာက္က သူ... ။တကယ္တမ္း ေရးရီ အသည္းနင့္ေအာင္ခ်စ္ခဲ့ရသည့္ အခ်စ္ရဆုံးသူကပဲ ေရးရီကို အသည္းခြဲခဲ့တာပဲမလား။ေနာက္ဆုံး ေရးရီက အသိစိတ္ကင္းမဲ့လ်က္ သူ႔ လက္ထပ္ပြဲျပဳလုပ္သည့္ ဟိုတယ္ေရွ႕မွာပဲ ကားအက္ဆီးဒင့္ ျဖစ္လ်က္..

"ေဟာ.. ဘာလို႔ငိုေနတာလဲ။ရည္းစားမထားနဲ႔လို႔ေျပာတာနဲ႔ ငိုေရာလား"

"ဟင္.."

သတိထားမိေတာ့မွ ပါးေပၚတြင္ကမ်က္ရည္စက္ေတြ။ေရးရီ ခ်က္ခ်င္းပင္သုတ္ပစ္လိုက္ကာ မ်က္ႏွာကို တင္းမာပစ္လိုက္သည္။ သမာၻက သူ႔ကို စူးစမ္းသလိုၾကည့္သည္။

"အဲ့မိန္းမကို သတိရသြားတာေၾကာင့္လား"

မဟုတ္တာေတြ လာေျပာေနျပန္ေတာ့ မင္းေၾကာင့္လို႔ မေအာ္မိ႐ုံတမယ္ျဖစ္ရသည္။ဘာလို႔မ်ား သမာၻက ဒီေန႔မွ စကားေတြ သိပ္မ်ားေနတာလဲ။

"မင္း ဘာလို႔ ငါ့ကိစၥေတြ လာစိတ္ဝင္စားေနတာလဲ။မင္းဘာသာ မင္းရဲ႕ရည္းစားေတြကို နံပါတ္စဥ္တပ္ေနလိုက္။မိုးစဲေနၿပီ ေမာင္းေတာ့.. မေမာင္းရဲရင္ ဖယ္.. ငါေမာင္းမယ္"

"ဪ စိတ္ခ်ည္းပဲ... "

ေျပာေျပာဆိုဆိုျဖင့္ သမာၻက ကားေလးကို လမ္းေပၚတက္လ်က္ ျပန္ေမာင္းထြက္ရေတာ့သည္။ကားေမာင္းျခင္းကိုပဲ အာ႐ုံျပန္စိုက္လ်က္ သမာၻ႔ပုံစံကို ေဘးကေန တိတ္တိတ္ေလးခိုးၾကည့္ရင္း ေရးရီ သက္ျပင္းတိုးတိုးေလးခိုးခ်မိသည္။ ဘယ္လိုၾကည့္ၾကည့္ ခန႔္ညားေနသည့္ သမာၻသည္ ယခင္က ေရးရီကို ခ်စ္ျမတ္ႏိုးခဲ့ျခင္းေတြကို ထပ္မံေပါင္းထည့္ၾကည့္သည့္အခါ ဘယ္ေတာ့မွ လက္မလႊတ္ႏိုင္ေလာက္ေအာင္ သေဘာက်ျမတ္ႏိုးခဲ့ရပါေသာ ေယာက်ာ္းျဖစ္သည္။

သို႔ေပမယ့္ ဘယ္တတ္ႏိုင္လိမ့္မလဲ။အေျခအေနေတြသည္ ကိုယ္ျဖစ္ခ်င္သည့္အတိုင္းျဖစ္ခဲ့ျခင္းမဟုတ္။ ေရးရီခ်စ္ခဲ့သလို သမာၻက ျပန္မခ်စ္ခဲ့ဘူးမလား။ဒါမွမဟုတ္ ခ်စ္ခ်င္ေယာင္ေဆာင္ခဲ့ၿပီးမွ ေပါ့ေပါ့တန္တန္ျဖင့္ လမ္းခြဲခဲ့သည္လား။သက္ျပင္းေတြသာ ခိုးခ်ျဖစ္ရင္း ေရးရီ မ်က္ရည္လည္မိပါသည္။

ေယာက်ာ္းမိန္းမ ခြဲျခားမသတ္မွတ္ႏိုင္ဘဲနဲ႔ကို ေရးရီ သူ႔ကို သိပ္ကိုခ်စ္ခဲ့တာ။

*****************************
#With Heart
Just A Dreamer
(တတ္ႏိုင္သေလာက္ update မွန္ေအာင္လုပ္ေပးပါ့မယ္ေနာ္။ အပတ္စဥ္ ဗုဒၶဟူးနဲ႔ ၾကာသပေတး ႏွစ္ရက္လို႔ မွန္းထားပါတယ္"


Continue Reading

You'll Also Like

183K 26.4K 51
အခ်စ္​ဟာသ​ေလးပါ အဆြိခ်ည္​းတစ္​လိုင္​း​ေပါ့❤
223K 30.2K 70
21+ අසබ්‍ය වචන හා mature content අඩංගුය.
3.1K 164 11
ဟန်မီရေးသမျှ ဝတ္ထုတိုတွေကို တစ်စုတစ်စည်းတည်း စုထားမယ့် စာအုပ်လေးပါ💛 ဟန္မီေရးသမွ် ဝတၳဳတိုေတြကို တစ္စုတစ္စည္းတည္း စုထားမယ့္ စာအုပ္ေလးပါ💛
2.9K 159 14
အလုပ်တွေ၊လူနာ​တွေ နဲ့သာ အချိန်ကုန်နေပြီး ချစ်သူအတွက် အချိန်မပေးနိုင်ခဲ့သည့် စေတနာဆရာဝန်လေးတစ်ယောက်နဲ့ တဇွက်ထိုးဆန်ပြီး ဒေါသကြီးသည့် သူ့ရဲ့ချစ်သူကောင်...