Unicode
မနက်အစောကြီးအိမ်ကိုရောက်လာတဲ့
ဦးကမ္ဘာသူကြောင့် Tomလုပ်နေတဲ့အလုပ်ဖြစ်တဲ့ပန်းပင်တွေကိုရေမလောင်းနိုင်တော့ပါ။
ခြံတံခါးကို အမြန်သွားဖွင့်ပေးရသည်။
"စေရာနေရေးရှိလား"
"ဗျာ ! "
"စေရာနေရေးရှိသလားလို့"
"ဆရာရှိတယ်...ဒါပေမဲ့ရုံးချိန်းရှိလို့
အခုသွားရတော့မှာ"
"အရေးကြီးလို့ သူနဲ့တွေ့လို့ရလား"
"ရတယ် ရတယ် ... ခဏလေးနော် ကျွန်တော်သွားခေါ်ပေးမယ်"
မျက်နှာတစ်ခုလုံးနီမြန်းနေတဲ့ ဦးကမ္ဘာသူရဲ့ပုံစံက တကယ်လည်းအရေးကြီးနေပုံရတာမို့ Tomပါလောနေမိသည်။အဲ့ဘက်အိမ်မှာ ဘာကိစ္စတွေဖြစ်ကျပြန်ပြီလဲ။
ဒေါက်...ဒေါက်
"ဆရာ ... ဆရာ့ ဟိုဖက်အိမ်ကဦးလေးလာတယ်။ အရေးကြီးလို့ ဆရာနဲ့တွေ့ချင်တယ်တဲ့"
အသိပေးလိုက်တာနဲ့ချက်ချင်းဆိုသလို
တံခါးဖွင့်လာပါ၏။
"သူ အောက်ထပ်မှာစောင့်နေတယ်"
"အင်း ကိုယ့်အိတ်နဲ့ဝတ်ရုံယူဖို့ကူညီပါအုံး"
"ဟုတ် ဟုတ်... ဦးလေးကအရေးကြီးနေတာထင်တယ်"
"ကိုယ်သိပြီ"
လက်ကကြယ်သီးတွေကိုတပ်ရင်းနှင့်ပင် အောက်ထပ်ကိုပြေးဆင်းသွားတဲ့ဆရာ့မျက်နှာကလည်း စိုးရိမ်စိတ်အထင်းသားနှင့်။
မနေ့ကဟိုဖက်အိမ်မှာဖြစ်သွားတဲ့ပြဿနာကို Tomလည်းကြားတာမို့ အဲ့ဒီကိစ္စနဲ့များပတ်သက်နေမလား... မိုင်မိုင်းလေးအတွက်စိုးရိမ်တာမို့
ဆရာ့အိတ်ကိုခပ်သွက်သွက်ယူကာ
ဧည့်ခန်းတံခါးအကွယ်ကနေနားစွင့်မိ၏။
"ကလေးက ဘယ်အချိန်ကတည်းကမရှိတော့တာလဲ...ကျစ် ! ဘယ်လိုဖြစ်ကျတာလဲဗျာ"
"ကျောင်းသွားဖို့အတွက် သူ့အမေအခန်းထဲဝင်ခေါ်မှမရှိတော့မှန်းသိတာ။သူဘယ်သွားတတ်လဲ မင်းများသိနိုင်မလားလို့"
"မဟုတ်သေးပါဘူး ကိုယ့်သမီးဘယ်သွားတတ်လဲတောင်ခင်ဗျားတို့မသိဘူးလား"
"ငါ့သမီးမှမဟုတ်တာ"
"အခု... အခုရော ဘယ်မှာရှာနေကျလဲ"
ခေါင်းခါပြလာသူကြောင့် နေရေး စကားတောင်ပြန်မပြောနိုင်တော့။ကလေးတစ်ယောက်လုံးမရှိတော့တာတောင် မရှာကျသေးဘူးတဲ့..ဘယ်လိုစိတ်နဲ့များအခုလောက်အထိ
နေနိုင်စိမ့်ကျတာလဲ။
ကားသော့ကိုဆွဲယူကာမောင်းထွက်လာခဲ့ပေမဲ့ သူအခုဘယ်ကိုသွားရမှာလဲ၊ဘယ်မှာရှာရမလဲ
မသိလောက်အောင်ခေါင်းထဲထူပူနေပါသည်။ ကလေးငယ်လေးတစ်ယောက်က အိမ်ကနေထွက်ပြေးတဲ့အထိ မွှန်းကြပ်နေမှာကိုတွေးမိတော့ ဒီအခြေအနေကြားထဲကဆွဲထုတ်မပေးနိုင်တဲ့ကိုယ့်ကိုယ်ကိုယ်သာစိတ်တိုမိပြန်၏။
ရှာလို့မတွေ့နိုင်တဲ့အထိတော့ အဝေးကြီးထွက်
မပြေးပါနဲ့တိမ်ကလေးရေ။
::::::::::::::
မလှုပ်မယှက်နဲ့ငြိမ်ငြိမ်လေးသာ သူ့ရှေ့မှာထိုင်နေတဲ့ကလေးမလေးကိုကြည့်ရင်း ဒီပါလွမ်းသက်ပြင်းချနေမိတာ ဘယ်နှကြိမ်မြောက်မှန်းမသိတော့။မမယ်စားချင်တဲ့မနက်စာကိုသွားဝယ်ရင်း ဆိုင်ရဲ့ဘေးကခုံတန်းမှာတွေ့ခဲ့ရတဲ့ ထိုကလေး။ပေါင်မုန့်ကိုစားရင်း ခေါင်းငုံ့ထားပေမဲ့ မှတ်မိနေတဲ့သူက အနားသွားကာအိမ်ခေါ်လာရတဲ့အဖြစ်ပါပေ။
"အခုလိုထွက်လာတာ အိမ်ကမာမီနဲ့ဒယ်ဒီသိလားမိုင်မိုင်းလေး"
"သူတို့က မိုင်မိုင်းကိုဂရုမစိုက်ပါဘူး"
"အဲ့တာဆိုနေရေးကရော။သူ့ကိုပြောခဲ့သေးလား"
"ဟင့်အင်း ... "
"ကောင်းရော... အဲ့ကောင်တော့ အခုချိန်မျောက်ဖင်မီးလောင်သလိုဖြစ်နေလောက်ပြီ"
သူငယ်ချင်းအကြောင်းသိသူမို့ ဟိုကစိတ်ပူနေမှာကိုတော့ သူတပ်အပ်ပြောနိုင်ပါ၏။
"မမယ် ... မမယ်ရေ ခဏဆင်းခဲ့အုံးဟ။မြန်မြန်"
"စောစောစီးစီးဘယ်လိုဖြစ်နေတာလဲ"
"ဧည့်သည်ရောက်နေလို့"
"ဘယ်သူ ... ဟယ် !! နေရေးရဲ့ကလေးက ဘယ်လိုလုပ်ပြီးဒီကို။နင်ခေါ်လာတာလား"
မအူမလည်လုပ်နေတဲ့မမယ်ကြောင့် လွမ်း
သူ့ဆံပင်တွေကိုထိုးဖွပြီး ခါးထောက်ကာ..
"အိမ်ပြေးလေးမို့ခေါ်လာပေးတာ။ကြည့်ရတာ
သူ့သဘောနဲ့သူလျှောက်သွားနေတာထင်တယ်။
မမယ်ခဏဆော့ပေးလိုက်အုံး နေရေးဆီဖုန်းဆက်အသိပေးလိုက်အုံးမယ်"
"အေး အေး ... ကလေးကသနားပါတယ်"
ဒီပါလွမ်းပြောပြထားသည့် မိုင်မိုင်းမိဘတွေအကြောင်းသိထားတာမို့ မြင့်မြတ်မယ်လည်း ကလေးမလေးကိုကရုဏာသက်မိပါသည်။
သူမတို့ကမိဘတွေနဲ့ခွဲနေရပေမဲ့ မိုင်မိုင်းလို အရွယ်တုန်းကတော့ မိဘမေတ္တာကိုအပြည့်အဝ ခံစားခဲ့ရဖူးပါသေးတယ်... မိုင်မိုင်းလေးကတော့ မေတ္တာငတ်နေတဲ့ကလေးပီပီ မျက်ဝန်းပြာလေးတွေက အမြဲလိုလိုအားငယ်ရိပ်တို့ကပ်ငြိနေ၏။
"မိုင်မိုင်းလေး ..."
"အန်တီ"
"အင်း မိုင်မိုင်းတစ်ယောက်ထဲပျင်းနေမှာပေါ့။
အန်တီ့အခန်းထဲလိုက်ခဲ့မလား"
"ဟင့်အင်း"
"အဲ့တာဆို အန်တီနဲ့ကစားကျမလား"
"ဟင့်အင်း အန်တီ"
"အဲ မိုင်မိုင်းလေးကအကုန်ငြင်းနေတာပဲ။ ဒါဆို ဘာလုပ်ချင်လဲ... အန်တီအားလုံးလုပ်ပေးမယ်"
မိုင်မိုင်းလေးက သူ့ကိုတစ်ချက်မော့ကြည့်လာသည်။ ပြီးမှ မျက်နှာလေးကပြုံးလာကာ...
"အန်တီလှလှ"
"အမလေး !! အန်တီ့ကိုချီးကျူးပေးတာပေါ့။
ကျေးဇူးတင်ပါတယ်ရှင်...ဒါပေမဲ့ မိုင်မိုင်းလေးကလည်းချစ်စရာကောင်းတာပါပဲ။မိုင်မိုင်းကြီးလာတဲ့အခါ အန်တီ့ထပ်အများကြီးလှလာမှာ"
"ဟုတ် ... အန်တီအလုပ်သွားရမှာမလားဟင်"
"အလုပ်ကမနက်ပိုင်းခွင့်ယူလို့ရတယ်ကလေးရ"
"မိုင်မိုင်းကြောင့် အလုပ်..."
"ရှူး ... မိုင်မိုင်းကြောင့်မဟုတ်ပါဘူးနော်
အန်တီ့ဖာသာခွင့်ယူလိုက်တာ အလုပ်ကမိုင်မိုင်းလောက်အရေးမကြီးလို့"
သူမစကားက မိုင်မိုင်းအတွက်သဘောကျပုံပဲ ကလေးက မျက်ရည်ဝဲကာ မယ့်ရင်ခွင်ထဲတိုးဝင်ကာခါးကိုဖက်လာသည်။
"ချစ်စရာကောင်းလိုက်တဲ့ကလေးလေးပါရှင်
အချွဲကလေး"
ဆံနွယ်ဖြူဖြူအိအိလေးတွေကိုပွတ်သပ်ပေးတော့ ကြောင်ကလေးလိုတအိအိနဲ့တိုးဝင်လာ၏။
"မိုင်မိုင်းလေး"
"ဟုတ်"
"အန်တီ့သမီးလုပ်မလား"
"ဟင် !! "
"အန်တီကမွေးစားမယ်လေ... အန်တီတို့နဲ့ပဲအတူနေမလား"
"ဟီး အဲ့လိုလုပ်လို့ရလားဟင်"
"ရတာပေါ့ "
မေးဖျားလေးကိုဆွဲမော့လိုက်တော့ အကြည့်စုံလာတဲ့ မျက်ဝန်းပြာပြာလေးတွေ။
"ခေါ်ကြည့်ပါအုံး မာမီလို့"
"ဟို ! "
"အခုမခေါ်နိုင်သေးလည်းရတယ်။မိုင်မိုင်းလေးအဆင်ပြေတဲ့အချိန်ခေါ်ပေါ့...ဒါပဲနော် ပြောပြီးပြီ မိုင်မိုင်းလေးကိုမာမီကမွေးစားလိုက်ပြီ"
"အန်တီ့ကိုအများကြီးချစ်"
"အန်တီကလည်းမိုင်မိုင်းလေးကိုအများကြီးချစ်"
ဧည့်ခန်းထဲက၂ယောက်ကိုကြည့်ရင်း ဖုန်းဆက်ပြီးပြန်လာတဲ့လွမ်း သက်ပြင်းသာချမိ၏။
ကလေးချစ်တတ်တဲ့မမယ်လည်း...အချွဲလေးနဲ့
တွေ့တော့ ရာထူးတွေတောင်တိုးသွားရှာပြီ။
"မမ ... နင်ဖက်ထားတာဟိုကလေးကအသက်ရှုကျပ်နေတော့မယ်"
"ဟင့်အင်းမကျပ်ပါဘူး။ဖက်ထားလို့ရတယ်"
"ပြောမိတဲ့ငါကပဲလူယုတ်မာ"
"ဒါနဲ့ နေရေးကဘာတဲ့လဲ။လာမခေါ်ရင်လည်း မခေါ်နဲ့တော့လို့ မိုင်မိုင်းကိုဒီမှာခေါ်ထားလိုက်လို့ရတယ်။နော် မာမီနဲ့နေမှာမလားအသဲလေး"
"ဟုတ်"
"ကြည့်အုံးဟယ် ချစ်မွှေးလေးကဟုတ်တဲ့"
ပါးဖောင်းဖောင်းလေးတွေကိုတရှုံ့ရှံ့နမ်းနေတဲ့
မမယ်ကို တကယ့်မလွယ်ကြော။စိတ်မရှည်တဲ့ ဆရာဝန်အပျိုကြီးကကလေးကိုတော့
ချစ်ရှာတာ။
"လွမ်း ... လွမ်း တံခါးလာဖွင့်"
ခြံတံခါးကိုတွန်းကန်နေတဲ့အသံကြောင့် အတွေးတွေကိုရပ်ပြီး တံခါးသာအမြန်ဖွင့်ပေးရ၏။
"ကလေးရော.."
"အိမ်ထဲမှာ.. မမယ်နဲ့က..."
ခြေလှမ်းကျဲကြီးတွေနဲ့မပြေးယုံတမယ် အိမ်ထဲဝင်သွားတဲ့နေရေးကြောင့် ပြောလက်စကို
ရပ်လိုက်ရ၏။
"ကလေး ... "
မမယ်ကိုဖက်ကာပြုံးရွှင်နေတဲ့မိုင်ကလေးကို မြင်လိုက်မှ သူ့ရင်ထဲကအပူငြိမ်းသည်။
"ကလေးရယ်... ဘာလို့တစ်ယောက်ထဲထွက်သွားရတာလဲကွာ။မတော်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ကျမလဲ"
"ဦး"
"အင်း အင်း ကိုယ်ရှိနေတယ်။ဘယ်နားထိခိုက်မိတာရှိလဲ... ဟင် အင်္ကျီကလည်းအပါးလေးနဲ့
အေးနေလား။ခေါင်းရောမူးနေလား"
ဆိုဖာဘေးမှာဒူးထောက်ထိုင်ချကာ မိုင်ကလေးကို အထပ်ထပ်အခါစစ်ဆေးနေမိ၏။ဒဏ်ရာရထားတာမမြင်တော့မှ သက်ပြင်းချနိုင်ကာ
လူဆိုးမလေးကို ဆွဲဖက်မိသည်။
"စိတ်ပူနေတာ...ဦးဦးက ဒီကလေးလေးကို တကယ်စိတ်ပူနေခဲ့တာ။လူဆိုးမလေး
လူကိုလန့်အောင်လုပ်သွားတယ်"
"ဦးဦး .. "
"အင်း ဦးဦးဟုတ်တယ်။မိုင်ကလေးရဲ့ဦးဦး"
"မိုင်မိုင်းကမလိမ္မာဘူးမလားဟင်။ဦးဦးပြောတယ်လေ လိမ္မာတဲ့ကလေးကိုပဲချစ်တာလို့"
"မဟုတ်တာ ကလေးက အမြဲတမ်းလိမ္မာတယ်။
ဒါပေမဲ့ နောက်တစ်ခါအသိမပေးပဲ လျှောက်မသွားရဘူးနော်... အိမ်ကလူတွေဘယ်လောက်အထိ စိတ်ပူနေတယ်ထင်လဲ"
"မာမီရောလားဟင်"
"အင်းပေါ့ ... မိုင်ကလေးမာမီလည်း လိုက်ရှာနေတာ"
မုသားစကားဆိုပေမဲ့ မိုင်ကလေးစိတ်ချမ်းသာဖို့သာရည်ရွယ်ပါသည်။အထိအခိုက်အရှအနာများတဲ့ကလေးမို့ တစ်ခဏလေးတော့အေးချမ်းစေချင်တာ သူ့ရဲ့စေတနာပါ။
"ဦးဦးကိုတောင်းပန်ပါတယ်နော်...မိုင်မိုင်းက တမင်တကာစိတ်ပူအောင်လုပ်တာမဟုတ်ပါဘူး"
"နောက်ထပ်မလုပ်ရဘူးနော် ရူးသွားလိမ့်မယ်သိလား၊မဆိုးရဘူး..."
အဝေးကြီးထွက်မသွားလို့ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုတော့ သူထည့်မပြောတော့ပါ။သူဖက်ထားတဲ့ရင်ခွင်ထဲကလေးမလေးက
အကယ်၍များ... နောက်တစ်ခါဆို သူရှာမတွေ့နိုင်တဲ့အဝေးကြီးအထိထွက်သွားမှာကို
စိုးရိမ်မိသည်။
"နေရေး နင်ခေါ်သွားတော့မှာလား။မိုင်မိုင်းလေးကို ငါမွေးစားထားတာ။အခုဆို ငါကသူ့မာမီ"
"ဘယ်လို !! "
"မွေးစားလို့မရဘူးလား"
"မရဘူး"
"ဟုတ်လား အဲ့တာဆိုဥပဒေလမ်းကြောင်းအတိုင်းသွားမယ်လေ။ကလေးတစ်ယောက်ကို
မွေးစားဖို့ဘာတွေလိုအပ်လဲ လွမ်း ငါ့ကိုပြောပြ"
"ရတယ် ..."
နေရေးရဲ့သ-တ်ဖြတ်တော့မလိုအကြည့်ကြီးက
လွမ်းဆီစူးခနဲရောက်လာ၏။
"မရဘူး ... အား မသိဘူးမမယ်ရာ။
ဘာတွေမှန်းကိုမသိဘူး"
"ဘာကိုမရတာလဲ။ငါမွေးစားမယ်ဆို
မွေးစားမယ်ပေါ့"
"တိမ်ကလေး... ကိုယ်တို့ပြန်စို့နော်"
"ဟဲ့ စေရာနေရေး"
"ဒါ ကိုယ်တို့အိမ်ကတိမ်ကလေး။မမယ်မရဘူး။
မာမီဖြစ်ချင်ရင် မမယ်ကိုယ်တိုင်ယောကျာ်းယူပြီး ကလေးတစ်ယောက်မွေးလိုက်"
"ဟဲ့ ဒီသတ္တဝါ ငါ့ကို..."
"အန်တီဘိုင့် ဘိုင့်..."
"သြော် ဘိုင့် မိုင်ကလေး"
ထွက်သွားတဲ့၂ယောက်ကိုကြားက သံယောဇဥ်တွေကို မယ်လည်းမြင်လိုက်ရတာမို့
အသာလေးငြိမ်နေပေးယုံသာ။ စေရာနေရေးလို့
အစစအရာရာစေ့စပ်ပြီး တည်ငြိမ်တဲ့လူက
ဘယ်လောက်ထိအလောတကြီးထွက်လာလဲလို့
တပ်ထားတဲ့အင်္ကျီကြယ်သီးတွေတောင်မှားလို့။
အဲ့အတိုင်းကြီး သူမြို့ပတ်ရှာနေခဲ့တာတဲ့လား။
:::::::::
အော်ရီယာနာကတော့ နီးစပ်ရာအဖြစ် မိုင်မိုင်းရဲ့ကျောင်းအနားတစ်ခေါက်သွားရှာပေမဲ့
ဖခင်အရင်းမဟုတ်တဲ့ကမ္ဘာသူကတော့
စေရာနေရေးဆီအသိပေးပြီးတာနဲ့ အိမ်မှာသာ
ထိုင်နေသည်။
"ကမ္ဘာသူ နင်ဒီအတိုင်းပဲထိုင်နေတော့မှာလား"
"ဘာကိုလဲ"
"မိုင်မိုင်းတစ်ယောက်လုံးပျောက်နေတာတောင် စိတ်အေးလက်အေးနဲ့နေနိုင်သေးတယ်နော်"
"နေနိုင်တာပေါ့ ငါ့သမီးမှမဟုတ်တာ"
"ရှင် !! "
"မင်းလည်းဟန်ဆောင်လိုက်ရှာမနေပါနဲ့။
ကိုယ့်သမီးဘယ်သွားတတ်မှန်းတောင်မသိတာ
စေရာနေရေးအပြောခံပြီး သူရှာတွေ့ပါစေသာ
ဆုတောင်းစမ်းပါ"
တကယ်လည်းမှန်နေတာမို့ အော်ရီယာနာဘာမှမတုံ့ပြန်နိုင်တော့ပါ။မဟုတ်မှ မိုင်မိုင်းကို
သူမအဖေပြန်ခေါ်သွားတာလား။မဟုတ်လောက်ပါဘူး ... နှစ်တွေအကြာကြီးအဆက်အသွယ်ဖြတ်ခဲ့တာပဲ မိုင်မိုင်းကိုဘယ်လိုလုပ်ပြီး
မှတ်မိနိုင်ပါ့မလဲ။
"မင်းမနေ့ညက အိမ်ပြန်လာလား"
"ဟင့်အင်း ရှင်ရော"
"မင်းလိုပဲ"
"ဒါဆို မိုင်မိုင်းတစ်ယောက်ထဲပေါ့။အဲ့တာကြောင့် ထွက်သွားလို့ရတာ"
"မင်းရဲ့သမီးမဟုတ်ဘူးလား အော်ရီယာနာ။
မစောင့်ရှောက်နိုင်ရင်လည်း သူများကို
ပေးလိုက်ပါလား... လိုချင်နေတဲ့သူက
အဆင်သင့်ရှိနေတာပဲ"
"ငါ့အကြောင်းနဲ့ငါပါ ... ဝင်မပါနဲ့"
သူမရဲ့အစီအစဥ်က စေရာနေရေးရဲ့ပိုက်ဆံတွေရပြီးတာနဲ့ ဂျွန်ရယ်၊သူတို့သမီးလေးရယ်နဲ့အတူ
အေးချမ်းတဲ့တစ်နေရာကိုထွက်သွားမည်။ဒီအတွက်ပဲ အရာအားလုံးကိုသည်းခံနေခဲ့တာ။
ကမ္ဘာသူပေးတဲ့ဒုက္ခတွေကနေကင်းချင်ခဲ့တဲ့
သူမရဲ့မျှော်လင့်ချက်ကို ချစ်ရတဲ့ဂျွန်က
ဖြည့်ဆည်းပေးတော့မယ်။အစကတော့
ဒီအိမ်ကိုရောင်းအုံးမလို့ပဲ...ဒါပေမဲ့ အခုတော့
သမီးမိုင်မိုင်းအတွက်ချန်ထားပေးခဲ့မည်။
ပြီးတော့ သူမအဖေအရင်းထံ
ဆက်သွယ်ပေးခဲ့မည်။
::::::::::
အိမ်မပြန်ချင်ဘူးဆိုတဲ့မိုင်ကလေးကို မနည်းချော့မော့ကာအိမ်ပြန်ခေါ်လာရတာမို့
ကလေးမျက်နှာလေးက ဆူပုတ်နေသည်။
ထိုကလေးကကျောင်းသွားရမှာဖြစ်သလို...
သူကလည်း အလုပ်သွားဖို့လိုသေးသည်။
ရှာတွေ့တာတောင် ပြန်ခေါ်မပေးသွားရင်
သူမမိဘတွေအပေါ်မှာလည်း
မလေးစားရာကျမယ်။
"မိုင်မိုင်း ... "
သူခေါ်လိုက်ပေမဲ့ လှည့်မကြည့်ပါ။ကားပြတင်းပေါက်ကိုသာမျက်နှာမူထားပြီး
ငြိမ်သက်နေရှာသည်။
"မိုင်မိုင်း ... ကိုယ်က မိုင်မိုင်းကိုတစ်ခုခုများစိတ်ဆိုးအောင်လုပ်မိထားသေးလား"
"လုပ်ပါဘူး"
"ဒါပေမဲ့ မိုင်မိုင်းကစိတ်ဆိုးနေပါတယ်"
"မဆိုးပါဘူး"
"ဆိုးနေတာပဲ"
အတည်ပြုလိုက်ပြီး နေရေးမျက်နှာက
ပြုံးစိစိဖြစ်သွားရ၏။မိုင်ကလေးက သူ့ကို စိတ်ဆိုးနေတယ်တဲ့... နှမြောဖို့ကောင်းပေမဲ့
စိတ်ဆိုးနေတဲ့အဲ့ဒီမျက်နှာလေးကို သူမမြင်ရပါ။
"ညနေကျောင်းလာကြိုပေးမယ်"
"မကြိုနဲ့"
"မိုင်ကလေးက တကယ်ကြီးစိတ်ဆိုးနေတာပဲကွ။ ဘာပဲဖြစ်ဖြစ် ဦးဦးကမှားတာပါ"
"... ... "
"ဘယ်လိုချော့ရမလဲ"
"... ... "
"အိမ်ကိုပြန်ပို့ပေးတယ်ဆိုတာ အိမ်ကမာမီနဲ့ဒယ်ဒီစိတ်ပူနေမှာဆိုးလို့လေ...မိုင်ကလေးလည်း
အဲ့လိုမဖြစ်ချင်ဘူးမလား။မာမီစိတ်မကောင်း ဖြစ်မှာကိုလေ... ပြီးတော့ ကျောင်းမသွားရင်
မိုင်မိုင်းကစာမရပဲနေမှာပေါ့"
လိမ္မာတဲ့မိုင်ကလေးက ဒီလောက်ဆို သူ့စကားကိုနားထောင်ပြီးအိမ်ပြန်ချင်တော့မှာကို
တပ်အပ်သိ၏။မကြာပါ...
"ညနေကျရင် ဦးဦးလာကြို"
"ဟုတ်ပါပြီဗျာ... ဒါနဲ့ ကိုယ့်ကိုရယ်ပြပါအုံး။
တစ်မနက်လုံးစိတ်ပူနေရတာ ပိုတောင်အိုလာတော့မယ်ထင်တယ်။စိတ်ပူရလွန်းလို့
ရုပ်ရင့်ပြီး ယူမဲ့မိန်းမမရှိတော့ရင်
ဘယ်လိုလုပ်မလဲနော် မိုင်ကလေး"
"ဟင့်အင်း အဲ့လိုမဖြစ်ပါဘူး"
"ကလေးက အတိအကျပြောနိုင်တယ်ပေါ့"
"ဟုတ် မိုင်မိုင်းယူပေးမယ်"
"အဲ ... "
တစ်ခွန်းထဲနဲ့တင် စေရာနေရေးတို့ပါးစပ်ပိတ်လိုက်ရပြီဖြစ်သည်။လူလည်မလေးက
လည်လွန်းလို့ သူမနိုင်ပါဘူး။
To Be Continue .... Part - 8
Zawgyi
မနက္အေစာႀကီးအိမ္ကိုေရာက္လာတဲ့
ဦးကမာၻသူေၾကာင့္ Tomလုပ္ေနတဲ့အလုပ္ျဖစ္တဲ့ပန္းပင္ေတြကိုေရမေလာင္းနိုင္ေတာ့ပါ။ၿခံတံခါးကို အျမန္သြားဖြင့္ေပးရသည္။
"ေစရာေနေရးရွိလား"
"ဗ်ာ ! "
"ေစရာေနေရးရွိသလားလို႔"
"ဆရာရွိတယ္...ဒါေပမဲ့႐ုံးခ်ိန္းရွိလို႔ အခုသြားရေတာ့မွာ"
"အေရးႀကီးလို႔ သူနဲ႕ေတြ႕လို႔ရလား"
"ရတယ္ ရတယ္ ... ခဏေလးေနာ္ ကြၽန္ေတာ္သြားေခၚေပးမယ္"
မ်က္ႏွာတစ္ခုလုံးနီျမန္းေနတဲ့ ဦးကမာၻသူရဲ႕ပုံစံက တကယ္လည္းအေရးႀကီးေနပုံရတာမို႔ Tomပါေလာေနမိသည္။အဲ့ဘက္အိမ္မွာ ဘာကိစၥေတြ
ျဖစ္က်ျပန္ၿပီလဲ။
ေဒါက္...ေဒါက္
"ဆရာ ... ဆရာ့ ဟိုဖက္အိမ္ကဦးေလးလာတယ္။ အေရးႀကီးလို႔ ဆရာနဲ႕ေတြ႕ခ်င္တယ္တဲ့"
အသိေပးလိုက္တာနဲ႕ခ်က္ခ်င္းဆိုသလို တံခါးဖြင့္လာပါ၏။
"သူ ေအာက္ထပ္မွာေစာင့္ေနတယ္"
"အင္း ကိုယ့္အိတ္နဲ႕ဝတ္႐ုံယူဖို႔ကူညီပါအုံး"
"ဟုတ္ ဟုတ္... ဦးေလးကအေရးႀကီးေနတာထင္တယ္"
"ကိုယ္သိၿပီ"
လက္ကၾကယ္သီးေတြကိုတပ္ရင္းႏွင့္ပင္ ေအာက္ထပ္ကိုေျပးဆင္းသြားတဲ့ဆရာ့မ်က္ႏွာကလည္း
စိုးရိမ္စိတ္အထင္းသားႏွင့္။
မေန႕ကဟိုဖက္အိမ္မွာျဖစ္သြားတဲ့ျပႆနာကို Tomလည္းၾကားတာမို႔ အဲ့ဒီကိစၥနဲ႕မ်ားပတ္သက္ေနမလား... မိုင္မိုင္းေလးအတြက္စိုးရိမ္တာမို႔
ဆရာ့အိတ္ကိုခပ္သြက္သြက္ယူကာ
ဧည့္ခန္းတံခါးအကြယ္ကေနနားစြင့္မိ၏။
"ကေလးက ဘယ္အခ်ိန္ကတည္းကမရွိေတာ့တာလဲ...က်စ္ ! ဘယ္လိုျဖစ္က်တာလဲဗ်ာ"
"ေက်ာင္းသြားဖို႔အတြက္ သူ႕အေမအခန္းထဲဝင္ေခၚမွမရွိေတာ့မွန္းသိတာ။သူဘယ္သြားတတ္လဲ မင္းမ်ားသိနိုင္မလားလို႔"
"မဟုတ္ေသးပါဘူး ကိုယ့္သမီးဘယ္သြားတတ္လဲေတာင္ခင္ဗ်ားတို႔မသိဘူးလား"
"ငါ့သမီးမွမဟုတ္တာ"
"အခု... အခုေရာ ဘယ္မွာရွာေနက်လဲ"
ေခါင္းခါျပလာသူေၾကာင့္ ေနေရး စကားေတာင္ျပန္မေျပာနိုင္ေတာ့။ကေလးတစ္ေယာက္လုံးမရွိေတာ့တာေတာင္ မရွာက်ေသးဘူးတဲ့..ဘယ္လိုစိတ္နဲ႕မ်ားအခုေလာက္အထိ
ေနနိုင္စိမ့္က်တာလဲ။
ကားေသာ့ကိုဆြဲယူကာေမာင္းထြက္လာခဲ့ေပမဲ့ သူအခုဘယ္ကိုသြားရမွာလဲ၊ဘယ္မွာရွာရမလဲ မသိေလာက္ေအာင္ေခါင္းထဲထူပူေနပါသည္။ ကေလးငယ္ေလးတစ္ေယာက္က အိမ္ကေနထြက္ေျပးတဲ့အထိ မႊန္းၾကပ္ေနမွာကိုေတြးမိေတာ့ ဒီအေျခအေနၾကားထဲကဆြဲထုတ္မေပးနိုင္တဲ့
ကိုယ့္ကိုယ္ကိုယ္သာစိတ္တိုမိျပန္၏။
ရွာလို႔မေတြ႕နိုင္တဲ့အထိေတာ့ အေဝးႀကီးထြက္မေျပးပါနဲ႕တိမ္ကေလးေရ။
::::::::::::::
မလႈပ္မယွက္နဲ႕ၿငိမ္ၿငိမ္ေလးသာ သူ႕ေရွ႕မွာထိုင္ေနတဲ့ကေလးမေလးကိုၾကည့္ရင္း ဒီပါလြမ္းသက္ျပင္းခ်ေနမိတာ ဘယ္ႏွႀကိမ္ေျမာက္မွန္းမသိေတာ့။မမယ္စားခ်င္တဲ့မနက္စာကိုသြားဝယ္ရင္း ဆိုင္ရဲ႕ေဘးကခုံတန္းမွာေတြ႕ခဲ့ရတဲ့ ထိုကေလး။ေပါင္မုန့္ကိုစားရင္း ေခါင္းငုံ႕ထားေပမဲ့ မွတ္မိေနတဲ့သူက အနားသြားကာအိမ္ေခၚလာရတဲ့အျဖစ္ပါေပ။
"အခုလိုထြက္လာတာ အိမ္ကမာမီနဲ႕ဒယ္ဒီသိလားမိုင္မိုင္းေလး"
"သူတို႔က မိုင္မိုင္းကိုဂ႐ုမစိုက္ပါဘူး"
"အဲ့တာဆိုေနေရးကေရာ။သူ႕ကိုေျပာခဲ့ေသးလား"
"ဟင့္အင္း ... "
"ေကာင္းေရာ... အဲ့ေကာင္ေတာ့ အခုခ်ိန္ေမ်ာက္ဖင္မီးေလာင္သလိုျဖစ္ေနေလာက္ၿပီ"
သူငယ္ခ်င္းအေၾကာင္းသိသူမို႔ ဟိုကစိတ္ပူေနမွာကိုေတာ့ သူတပ္အပ္ေျပာနိုင္ပါ၏။
"မမယ္ ... မမယ္ေရ ခဏဆင္းခဲ့အုံးဟ။ျမန္ျမန္"
"ေစာေစာစီးစီးဘယ္လိုျဖစ္ေနတာလဲ"
"ဧည့္သည္ေရာက္ေနလို႔"
"ဘယ္သူ ... ဟယ္ !! ေနေရးရဲ႕ကေလးက ဘယ္လိုလုပ္ၿပီးဒီကို။နင္ေခၚလာတာလား"
မအူမလည္လုပ္ေနတဲ့မမယ္ေၾကာင့္ လြမ္း သူ႕ဆံပင္ေတြကိုထိုးဖြၿပီး ခါးေထာက္ကာ..
"အိမ္ေျပးေလးမို႔ေခၚလာေပးတာ။ၾကည့္ရတာ
သူ႕သေဘာနဲ႕သူေလွ်ာက္သြားေနတာထင္တယ္။
မမယ္ခဏေဆာ့ေပးလိုက္အုံး ေနေရးဆီဖုန္းဆက္အသိေပးလိုက္အုံးမယ္"
"ေအး ေအး ... ကေလးကသနားပါတယ္"
ဒီပါလြမ္းေျပာျပထားသည့္ မိုင္မိုင္းမိဘေတြအေၾကာင္းသိထားတာမို႔ ျမင့္ျမတ္မယ္လည္း ကေလးမေလးကိုက႐ုဏာသက္မိပါသည္။
သူမတို႔ကမိဘေတြနဲ႕ခြဲေနရေပမဲ့ မိုင္မိုင္းလို အ႐ြယ္တုန္းကေတာ့ မိဘေမတၱာကိုအျပည့္အဝ ခံစားခဲ့ရဖူးပါေသးတယ္... မိုင္မိုင္းေလးကေတာ့ ေမတၱာငတ္ေနတဲ့ကေလးပီပီ မ်က္ဝန္းျပာေလးေတြက အၿမဲလိုလိုအားငယ္ရိပ္တို႔ကပ္ၿငိေန၏။
"မိုင္မိုင္းေလး ..."
"အန္တီ"
"အင္း မိုင္မိုင္းတစ္ေယာက္ထဲပ်င္းေနမွာေပါ့။
အန္တီ့အခန္းထဲလိုက္ခဲ့မလား"
"ဟင့္အင္း"
"အဲ့တာဆို အန္တီနဲ႕ကစားက်မလား"
"ဟင့္အင္း အန္တီ"
"အဲ မိုင္မိုင္းေလးကအကုန္ျငင္းေနတာပဲ။ ဒါဆို ဘာလုပ္ခ်င္လဲ... အန္တီအားလုံးလုပ္ေပးမယ္"
မိုင္မိုင္းေလးက သူ႕ကိုတစ္ခ်က္ေမာ့ၾကည့္လာသည္။ ၿပီးမွ မ်က္ႏွာေလးကၿပဳံးလာကာ...
"အန္တီလွလွ"
"အမေလး !! အန္တီ့ကိုခ်ီးက်ဴးေပးတာေပါ့။
ေက်းဇူးတင္ပါတယ္ရွင္...ဒါေပမဲ့ မိုင္မိုင္းေလးကလည္းခ်စ္စရာေကာင္းတာပါပဲ။မိုင္မိုင္းႀကီးလာတဲ့အခါ အန္တီ့ထပ္အမ်ားႀကီးလွလာမွာ"
"ဟုတ္ ... အန္တီအလုပ္သြားရမွာမလားဟင္"
"အလုပ္ကမနက္ပိုင္းခြင့္ယူလို႔ရတယ္ကေလးရ"
"မိုင္မိုင္းေၾကာင့္ အလုပ္..."
"ရႉး ... မိုင္မိုင္းေၾကာင့္မဟုတ္ပါဘူးေနာ္
အန္တီ့ဖာသာခြင့္ယူလိုက္တာ အလုပ္ကမိုင္မိုင္းေလာက္အေရးမႀကီးလို႔"
သူမစကားက မိုင္မိုင္းအတြက္သေဘာက်ပဳံပဲ ကေလးက မ်က္ရည္ဝဲကာ မယ့္ရင္ခြင္ထဲတိုးဝင္ကာခါးကိုဖက္လာသည္။
"ခ်စ္စရာေကာင္းလိုက္တဲ့ကေလးေလးပါရွင္
အခြၽဲကေလး"
ဆံႏြယ္ျဖဴျဖဴအိအိေလးေတြကိုပြတ္သပ္ေပးေတာ့ ေၾကာင္ကေလးလိုတအိအိနဲ႕တိုးဝင္လာ၏။
"မိုင္မိုင္းေလး"
"ဟုတ္"
"အန္တီ့သမီးလုပ္မလား"
"ဟင္ !! "
"အန္တီကေမြးစားမယ္ေလ... အန္တီတို႔နဲ႕ပဲအတူေနမလား"
"ဟီး အဲ့လိုလုပ္လို႔ရလားဟင္"
"ရတာေပါ့ "
ေမးဖ်ားေလးကိုဆြဲေမာ့လိုက္ေတာ့ အၾကည့္စုံလာတဲ့ မ်က္ဝန္းျပာျပာေလးေတြ။
"ေခၚၾကည့္ပါအုံး မာမီလို႔"
"ဟို ! "
"အခုမေခၚနိုင္ေသးလည္းရတယ္။မိုင္မိုင္းေလးအဆင္ေျပတဲ့အခ်ိန္ေခၚေပါ့...ဒါပဲေနာ္ ေျပာၿပီးၿပီ မိုင္မိုင္းေလးကိုမာမီကေမြးစားလိုက္ၿပီ"
"အန္တီ့ကိုအမ်ားႀကီးခ်စ္"
"အန္တီကလည္းမိုင္မိုင္းေလးကိုအမ်ားႀကီးခ်စ္"
ဧည့္ခန္းထဲက၂ေယာက္ကိုၾကည့္ရင္း ဖုန္းဆက္ၿပီးျပန္လာတဲ့လြမ္း သက္ျပင္းသာခ်မိ၏။
ကေလးခ်စ္တတ္တဲ့မမယ္လည္း...အခြၽဲေလးနဲ႕
ေတြ႕ေတာ့ ရာထူးေတြေတာင္တိုးသြားရွာၿပီ။
"မမ ... နင္ဖက္ထားတာဟိုကေလးကအသက္ရႈက်ပ္ေနေတာ့မယ္"
"ဟင့္အင္းမက်ပ္ပါဘူး။ဖက္ထားလို႔ရတယ္"
"ေျပာမိတဲ့ငါကပဲလူယုတ္မာ"
"ဒါနဲ႕ ေနေရးကဘာတဲ့လည္း။လာမေခၚရင္လည္း မေခၚနဲ႕ေတာ့လို႔ မိုင္မိုင္းကိုဒီမွာေခၚထားလိုက္လို႔ရတယ္။ေနာ္ မာမီနဲ႕ေနမွာမလားအသဲေလး"
"ဟုတ္"
"ၾကည့္အုံးဟယ္ ခ်စ္ေမႊးေလးကဟုတ္တဲ့"
ပါးေဖာင္းေဖာင္းေလးေတြကိုတရႈံ႕ရွံ႕နမ္းေနတဲ့
မမယ္ကို တကယ့္မလြယ္ေၾကာ။စိတ္မရွည္တဲ့ ဆရာဝန္အပ်ိဳႀကီးကကေလးကိုေတာ့
ခ်စ္ရွာတာ။
"လြမ္း ... လြမ္း တံခါးလာဖြင့္"
ၿခံတံခါးကိုတြန္းကန္ေနတဲ့အသံေၾကာင့္ အေတြးေတြကိုရပ္ၿပီး တံခါးသာအျမန္ဖြင့္ေပးရ၏။
"ကေလးေရာ.."
"အိမ္ထဲမွာ.. မမယ္နဲ႕က..."
ေျခလွမ္းက်ဲႀကီးေတြနဲ႕မေျပးယုံတမယ္ အိမ္ထဲဝင္သြားတဲ့ေနေရးေၾကာင့္ ေျပာလက္စကို
ရပ္လိုက္ရ၏။
"ကေလး ... "
မမယ္ကိုဖက္ကာၿပဳံး႐ႊင္ေနတဲ့မိုင္ကေလးကို ျမင္လိုက္မွ သူ႕ရင္ထဲကအပူၿငိမ္းသည္။
"ကေလးရယ္... ဘာလို႔တစ္ေယာက္ထဲထြက္သြားရတာလဲကြာ။မေတာ္လို႔ တစ္ခုခုျဖစ္သြားရင္
ဘယ္လိုလုပ္က်မလဲ"
"ဦး"
"အင္း အင္း ကိုယ္ရွိေနတယ္။ဘယ္နားထိခိုက္မိတာရွိလဲ... ဟင္ အကၤ်ီကလည္းအပါးေလးနဲ႕
ေအးေနလား။ေခါင္းေရာမူးေနလား"
ဆိုဖာေဘးမွာဒူးေထာက္ထိုင္ခ်ကာ မိုင္ကေလးကို အထပ္ထပ္အခါစစ္ေဆးေနမိ၏။ဒဏ္ရာရထားတာမျမင္ေတာ့မွ သက္ျပင္းခ်နိဳင္ကာ
လူဆိုးမေလးကို ဆြဲဖက္မိသည္။
"စိတ္ပူေနတာ...ဦးဦးက ဒီကေလးေလးကို တကယ္စိတ္ပူေနခဲ့တာ။လူဆိုးမေလး
လူကိုလန့္ေအာင္လုပ္သြားတယ္"
"ဦးဦး .. "
"အင္း ဦးဦးဟုတ္တယ္။မိုင္ကေလးရဲ႕ဦးဦး"
"မိုင္မိုင္းကမလိမၼာဘူးမလားဟင္။ဦးဦးေျပာတယ္ေလ လိမၼာတဲ့ကေလးကိုပဲခ်စ္တာလို႔"
"မဟုတ္တာ ကေလးက အၿမဲတမ္းလိမၼာတယ္။
ဒါေပမဲ့ ေနာက္တစ္ခါအသိမေပးပဲ ေလွ်ာက္မသြားရဘူးေနာ္... အိမ္ကလူေတြဘယ္ေလာက္အထိ စိတ္ပူေနတယ္ထင္လဲ"
"မာမီေရာလားဟင္"
"အင္းေပါ့ ... မိုင္ကေလးမာမီလည္းလိုက္ရွာေနတာ"
မုသားစကားဆိုေပမဲ့ မိုင္ကေလးစိတ္ခ်မ္းသာဖို႔သာရည္႐ြယ္ပါသည္။အထိအခိုက္အရွအနာမ်ားတဲ့ကေလးမို႔ တစ္ခဏေလးေတာ့ေအးခ်မ္းေစခ်င္တာ သူ႕ရဲ႕ေစတနာပါ။
"ဦးဦးကိုေတာင္းပန္ပါတယ္ေနာ္...မိုင္မိုင္းက တမင္တကာစိတ္ပူေအာင္လုပ္တာမဟုတ္ပါဘူး"
"ေနာက္ထပ္မလုပ္ရဘူးေနာ္ ႐ူးသြားလိမ့္မယ္သိလား၊မဆိုးရဘူး..."
အေဝးႀကီးထြက္မသြားလို႔ေက်းဇူးတင္ပါတယ္ဆိုတဲ့အေၾကာင္းကိုေတာ့ သူထည့္မေျပာေတာ့ပါ။
သူဖက္ထားတဲ့ရင္ခြင္ထဲကေလးမေလးက
အကယ္၍မ်ား... ေနာက္တစ္ခါဆို သူရွာမေတြ႕နိုင္တဲ့အေဝးႀကီးအထိထြက္သြားမွာကို
စိုးရိမ္မိသည္။
"ေနေရး နင္ေခၚသြားေတာ့မွာလား။မိုင္မိုင္းေလးကို ငါေမြးစားထားတာ။အခုဆို ငါကသူ႕မာမီ"
"ဘယ္လို !! "
"ေမြးစားလို႔မရဘူးလား"
"မရဘူး"
"ဟုတ္လား အဲ့တာဆိုဥပေဒလမ္းေၾကာင္းအတိုင္းသြားမယ္ေလ။ကေလးတစ္ေယာက္ကို
ေမြးစားဖို႔ဘာေတြလိုအပ္လဲ လြမ္း ငါ့ကိုေျပာျပ"
"ရတယ္ ..."
ေနေရးရဲ႕သ-တ္ျဖတ္ေတာ့မလိုအၾကည့္ႀကီးက
လြမ္းဆီစူးခနဲေရာက္လာ၏။
"မရဘူး ... အား မသိဘူးမမယ္ရာ။
ဘာေတြမွန္းကိုမသိဘူး"
"ဘာကိုမရတာလဲ။ငါေမြးစားမယ္ဆို
ေမြးစားမယ္ေပါ့"
"တိမ္ကေလး... ကိုယ္တို႔ျပန္စို႔ေနာ္"
"ဟဲ့ ေစရာေနေရး"
"ဒါ ကိုယ္တို႔အိမ္ကတိမ္ကေလး။မမယ္မရဘူး။
မာမီျဖစ္ခ်င္ရင္ မမယ္ကိုယ္တိုင္ေယာက်ာ္းယူၿပီး ကေလးတစ္ေယာက္ေမြးလိုက္"
"ဟဲ့ ဒီသတၱဝါ ငါ့ကို..."
"အန္တီဘိုင့္ ဘိုင့္..."
"ေၾသာ္ ဘိုင့္ မိုင္ကေလး"
ထြက္သြားတဲ့၂ေယာက္ကိုၾကားက သံေယာဇဥ္ေတြကို မယ္လည္းျမင္လိုက္ရတာမို႔
အသာေလးၿငိမ္ေနေပးယုံသာ။ ေစရာေနေရးလို႔
အစစအရာရာေစ့စပ္ၿပီး တည္ၿငိမ္တဲ့လူက
ဘယ္ေလာက္ထိအေလာတႀကီးထြက္လာလဲလို႔
တပ္ထားတဲ့အကၤ်ီၾကယ္သီးေတြေတာင္မွားလို႔။
အဲ့အတိုင္းႀကီး သူၿမိဳ႕ပတ္ရွာေနခဲ့တာတဲ့လား။
:::::::::
ေအာ္ရီယာနာကေတာ့ နီးစပ္ရာအျဖစ္ မိုင္မိုင္းရဲ႕ေက်ာင္းအနားတစ္ေခါက္သြားရွာေပမဲ့
ဖခင္အရင္းမဟုတ္တဲ့ကမာၻသူကေတာ့
ေစရာေနေရးဆီအသိေပးၿပီးတာနဲ႕ အိမ္မွာသာ
ထိုင္ေနသည္။
"ကမာၻသူ နင္ဒီအတိုင္းပဲထိုင္ေနေတာ့မွာလား"
"ဘာကိုလဲ"
"မိုင္မိုင္းတစ္ေယာက္လုံးေပ်ာက္ေနတာေတာင္ စိတ္ေအးလက္ေအးနဲ႕ေနနိုင္ေသးတယ္ေနာ္"
"ေနနိုင္တာေပါ့ ငါ့သမီးမွမဟုတ္တာ"
"ရွင္ !! "
"မင္းလည္းဟန္ေဆာင္လိုက္ရွာမေနပါနဲ႕။
ကိုယ့္သမီးဘယ္သြားတတ္မွန္းေတာင္မသိတာ
ေစရာေနေရးအေျပာခံၿပီး သူရွာေတြ႕ပါေစသာ
ဆုေတာင္းစမ္းပါ"
တကယ္လည္းမွန္ေနတာမို႔ ေအာ္ရီယာနာဘာမွမတုံ႕ျပန္နိုင္ေတာ့ပါ။မဟုတ္မွ မိုင္မိုင္းကို
သူမအေဖျပန္ေခၚသြားတာလား။မဟုတ္ေလာက္ပါဘူး ... ႏွစ္ေတြအၾကာႀကီးအဆက္အသြယ္ျဖတ္ခဲ့တာပဲ မိုင္မိုင္းကိုဘယ္လိုလုပ္ၿပီး
မွတ္မိနိုင္ပါ့မလဲ။
"မင္းမေန႕ညက အိမ္ျပန္လာလား"
"ဟင့္အင္း ရွင္ေရာ"
"မင္းလိုပဲ"
"ဒါဆို မိုင္မိုင္းတစ္ေယာက္ထဲေပါ့။အဲ့တာေၾကာင့္ ထြက္သြားလို႔ရတာ"
"မင္းရဲ႕သမီးမဟုတ္ဘူးလား ေအာ္ရီယာနာ။
မေစာင့္ေရွာက္နိုင္ရင္လည္း သူမ်ားကို
ေပးလိုက္ပါလား... လိုခ်င္ေနတဲ့သူက
အဆင္သင့္ရွိေနတာပဲ"
"ငါ့အေၾကာင္းနဲ႕ငါပါ ... ဝင္မပါနဲ႕"
သူမရဲ႕အစီအစဥ္က ေစရာေနေရးရဲ႕ပိုက္ဆံေတြရၿပီးတာနဲ႕ ဂြၽန္ရယ္၊သူတို႔သမီးေလးရယ္နဲ႕အတူ
ေအးခ်မ္းတဲ့တစ္ေနရာကိုထြက္သြားမည္။ဒီအတြက္ပဲ အရာအားလုံးကိုသည္းခံေနခဲ့တာ။
ကမာၻသူေပးတဲ့ဒုကၡေတြကေနကင္းခ်င္ခဲ့တဲ့
သူမရဲ႕ေမွ်ာ္လင့္ခ်က္ကို ခ်စ္ရတဲ့ဂြၽန္က
ျဖည့္ဆည္းေပးေတာ့မယ္။အစကေတာ့
ဒီအိမ္ကိုေရာင္းအုံးမလို႔ပဲ...ဒါေပမဲ့ အခုေတာ့
သမီးမိုင္မိုင္းအတြက္ခ်န္ထားေပးခဲ့မည္။
ၿပီးေတာ့ သူမအေဖအရင္းထံ
ဆက္သြယ္ေပးခဲ့မည္။
::::::::::
အိမ္မျပန္ခ်င္ဘူးဆိုတဲ့မိုင္ကေလးကို မနည္းေခ်ာ့ေမာ့ကာအိမ္ျပန္ေခၚလာရတာမို႔
ကေလးမ်က္ႏွာေလးက ဆူပုတ္ေနသည္။
ထိုကေလးကေက်ာင္းသြားရမွာျဖစ္သလို...
သူကလည္း အလုပ္သြားဖို႔လိုေသးသည္။
ရွာေတြ႕တာေတာင္ ျပန္ေခၚမေပးသြားရင္
သူမမိဘေတြအေပၚမွာလည္း မေလးစားရာက်မယ္။
"မိုင္မိုင္း ... "
သူေခၚလိုက္ေပမဲ့ လွည့္မၾကည့္ပါ။ကားျပတင္းေပါက္ကိုသာမ်က္ႏွာမူထားၿပီး
ၿငိမ္သက္ေနရွာသည္။
"မိုင္မိုင္း ... ကိုယ္က မိုင္မိုင္းကိုတစ္ခုခုမ်ားစိတ္ဆိုးေအာင္လုပ္မိထားေသးလား"
"လုပ္ပါဘူး"
"ဒါေပမဲ့ မိုင္မိုင္းကစိတ္ဆိုးေနပါတယ္"
"မဆိုးပါဘူး"
"ဆိုးေနတာပဲ"
အတည္ျပဳလိုက္ၿပီး ေနေရးမ်က္ႏွာက
ၿပဳံးစိစိျဖစ္သြားရ၏။မိုင္ကေလးက သူ႕ကို စိတ္ဆိုးေနတယ္တဲ့... ႏွေျမာဖို႔ေကာင္းေပမဲ့
စိတ္ဆိုးေနတဲ့အဲ့ဒီမ်က္ႏွာေလးကို သူမျမင္ရပါ။
"ညေနေက်ာင္းလာႀကိဳေပးမယ္"
"မႀကိဳနဲ႕"
"မိုင္ကေလးက တကယ္ႀကီးစိတ္ဆိုးေနတာပဲကြ။ ဘာပဲျဖစ္ျဖစ္ ဦးဦးကမွားတာပါ"
"... ... "
"ဘယ္လိုေခ်ာ့ရမလဲ"
"... ... "
"အိမ္ကိုျပန္ပို႔ေပးတယ္ဆိုတာ အိမ္ကမာမီနဲ႕ဒယ္ဒီစိတ္ပူေနမွာဆိုးလို႔ေလ...မိုင္ကေလးလည္း
အဲ့လိုမျဖစ္ခ်င္ဘူးမလား။မာမီစိတ္မေကာင္းျဖစ္မွာကိုေလ... ၿပီးေတာ့ ေက်ာင္းမသြားရင္
မိုင္မိုင္းကစာမရပဲေနမွာေပါ့"
လိမၼာတဲ့မိုင္ကေလးက ဒီေလာက္ဆို သူ႕စကားကိုနားေထာင္ၿပီးအိမ္ျပန္ခ်င္ေတာ့မွာကို
တပ္အပ္သိ၏။မၾကာပါ...
"ညေနက်ရင္ ဦးဦးလာႀကိဳ"
"ဟုတ္ပါၿပီဗ်ာ... ဒါနဲ႕ ကိုယ့္ကိုရယ္ျပပါအုံး။
တစ္မနက္လုံးစိတ္ပူေနရတာ ပိုေတာင္အိုလာေတာ့မယ္ထင္တယ္။စိတ္ပူရလြန္းလို႔
႐ုပ္ရင့္ၿပီး ယူမဲ့မိန္းမမရွိေတာ့ရင္
ဘယ္လိုလုပ္မလဲေနာ္ မိုင္ကေလး"
"ဟင့္အင္း အဲ့လိုမျဖစ္ပါဘူး"
"ကေလးက အတိအက်ေျပာနိုင္တယ္ေပါ့"
"ဟုတ္ မိုင္မိုင္းယူေပးမယ္"
"အဲ ... "
တစ္ခြန္းထဲနဲ႕တင္ ေစရာေနေရးတို႔ပါးစပ္ပိတ္လိုက္ရၿပီျဖစ္သည္။လူလည္မေလးက
လည္လြန္းလို႔ သူမနိုင္ပါဘူး။
To Be Continue .... Part - 8