ဖေးချမ့် 73+74
အခန်း(၇၃) အနိုင်ကို အရှုံးအဖြစ် သမိုင်းဝင် ပြောင်းလဲခြင်း
ဖေးချမ့်က ဆိုင်ကို ပတ်ကြည့်လိုက်ပြီး နားကြပ်များ ထားရာနေရာသို့ ရောက်လာခဲ့ပါသည်။
“မာယန် မင်းနားကြပ်တွေက လမ်းဘေးဆိုင်က ယွမ် ၂၀ ကျော်တန်လေးမလား" ဖေးချမ့်က မာယန်ကို ကြည့်လိုက်သည်။
"ကျွတ်... ဘော့စ်ဖေး လမ်းဘေးဆိုင်ကဆိုပေမယ့် တော်တော်လေး အသုံးတည့်ပါတယ်ဗျာ" မာယန်က ချက်ချင်း ပြန်ပြောလိုက်ပါသည်။ သူနဲ့ ဖေးချမ့်တို့၏ ဆက်ဆံရေးကို တခြားသူများရှေ့မှာ ထုတ်မပြချင်ပါ။
"ဘယ်လိုလုပ် ကောင်းမှာလဲဟ။ လမ်းဘေးဆိုင်ကဟာက လမ်းဘေးဆိုင်ကဟာပဲ။ မကောင်းနိုင်ပါဘူးကွာ။ ဒါက နောက်ဆုံးထွက် မော်ဒယ်အသစ် ယွမ် ၂,၉၉၉ ယွမ်တဲ့၊ ဒါက တန်တယ်။ ယူလိုက်ပါလား။ ယွမ် ၁၀,၀၀၀ အောက်နဲ့ ကောင်းကောင်းရတယ်။"
ဖေးချမ့်က ချက်ချင်းပဲ နားကြပ်များကို မာယန်ထံသို့ တွန်းပေးလိုက်ပါသည်။
မာယန်က ကြက်သေသေသွားကာ ပြောလိုက်၏။ "အာ ဘော့စ်ဖေး ဒါပေမယ့် ကျွန်တော့်ရဲ့ လက်ရှိအလုပ်က နားကြပ်နဲ့ ဘာမှမဆိုင်ဘူးလေ။"
မာယန်က ယခု ဒီဇိုင်းအဖွဲ့ထဲတွင် တောက်တိုမယ်ရအလုပ်များ လုပ်နေရသည်။ မကြာခဏ ဖောင်ဖြည့်ခြင်းများ၊ Editing ဆော့ဝဲများ အသုံးပြုခြင်းနှင့် ရင်းမြစ်များ တောင်းခံခြင်း စသည်တို့ကို ပြုလုပ်ရပါသည်။ သူ့အလုပ်က တကယ်ပဲ နားကြပ်နှင့် များများစားစား မသက်ဆိုင်ပါ။
ဖေးချမ့်က စဥ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။ "နောက်လာမယ့် မင်းအလုပ်တွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပေါ့။ ဂီတနဲ့ အသံ Effect တွေနဲ့ ပတ်သက်ပြီး တစ်ဆင့်ခံတွေနဲ့ ဆက်သွယ်ပြီးတော့ တောင်းဆိုချင် တောင်းဆိုလာရနိုင်တယ်လေ။ နားကြပ်ကောင်းကောင်းမရှိရင် သူတို့က ဂီတနဲ့ အသံ effect တွေကို ပေးတဲ့အချိန် မင်းက အရည်အသွေး ကောင်းမကောင်းကိုတောင် မပြောနိုင်ရင် ဘယ်လိုလုပ်မလဲ။"
မာယန်က ခေါင်းကုတ်လိုက်သည်။ "ဒါပေမယ့် ကုမ္ပဏီ ကွန်ပျူတာမှာ ပါတဲ့ နားကြပ်တွေက တော်တော်လေး ကောင်းတယ် မဟုတ်ဘူးလား။"
ဖေးချမ့်၏ မျက်နှာပျက်လာသည်။ "ကုမ္ပဏီက နားကြပ်တွေကို မင်းအိမ်ယူသွားလို့ရမလား။ ရုံးချိန်အလွန်မှာ တစ်ဆင့်ခံတွေနဲ့ဆက်သွယ်ဖို့ အရေးပေါ်လိုအပ်လာရင် မင်းဘယ်လိုလုပ်မလဲ။"
မာယန် ဆွံ့အသွား၏။
ဖေးချမ့်၏စကားက... အဓိပ္ပာယ်ရှိသလိုလို...
မာယန် ခပ်ကျယ်ကျယ် ပြုံးလိုက်ပြီး နားကြပ်ကို ယူကာ ပိုက်ဆံပြေးရှင်းလိုက်သည်။
ရှောင်လုလိုပဲ သူလည်း ဝယ်ချင်နေပါသည်။ သို့သော် သူ့ကိုယ်ပိုင်ပိုက်ဆံကို မသုံးရက်ပါ။ အထူးအသုံးစရိတ်နာမည်ဖြင့် ဝယ်ဖို့လည်း အနည်းငယ် လိပ်ပြာမလုံ ဖြစ်နေခဲ့ပါသည်။
သို့သော်လည်း ဖေးချမ့်ကိုယ်တိုင်က ဒီလိုပြောသဖြင့် သူဘာမှ တောင့်ခံနေစရာ မလိုတော့ပါ။
သူ့နားကြပ်များကို ဆုပ်ကိုင်ထားသည်။ ၎င်းတို့က အလွန်လှပ၏။
အရေးအကြီးဆုံးကတော့ သူ့ကိုယ်ပိုင်ပိုက်ဆံကို တစ်ပြားတစ်ချပ်မှ မသုံးခဲ့ရပါ။ ကုမ္ပဏီက ပေးခြင်းသာ ဖြစ်သည်။ ဒီလောက်ထိ ကောင်းမွန်သည့် အပေးအယူမျိုးကို ဘယ်မှာ ရနိုင်ဦးမည်နည်း။
မကြာမီ ရှောင်လုနှင့် မာယန်တို့ ၎င်းတို့၏ ပိုက်ဆံများကို သုံးပြီးသွားကြပြီ ဖြစ်သည်။
မာယန်က ချက်ချင်းပဲ နားကြပ်များကို စမ်းသုံးကြည့်လိုက်သည်။ သူ အလွန်ကြိုက်ပါသည်။
သူတို့ထဲက တချို့က ရှော့ပင်းမောလ်ထဲတွင် ဆက်ပြီး စျေးဝယ်ကြ၏။ ဖေးချမ့်လည်း ဝယ်ယူနေရင်း သူ့ဝန်ထမ်းများ စိတ်ကြိုက် သုံးမသုံး သေချာအောင် စောင့်ကြည့်နေမိပါသည်။
ဟွမ်းစစ်ပေါ်ကိုလည်း 'အလုပ်စွမ်းရည် တိုးမြှင့်ဖို့’ ဟူသည့် အကြောင်းပြချက်ဖြင့် တက်ဘလတ် ကွန်ပျူတာအသစ်တစ်လုံးကို အတင်းဝယ်ခိုင်းခဲ့သည်။ ဧည့်ကြို ကောင်မလေးနှစ်ယောက်ကိုလည်း ကုမ္ပဏီ၏ ပုံရိပ်အား တိုးမြင့်စေမည်ဟူသည့် အကြောင်းပြချက်ဖြင့် လှပသော ဝတ်စုံတချို့ ဝယ်ယူစေခဲ့ပါသည်။
တချို့အရာများလည်း ဒီဖြုန်းတီးမှုတွင် ပါဝင်ပါသည်။ သူ့ဝန်ထမ်းများက ဝယ်ယူချင်သည့် ဆန္ဒ တစ်စိုးတစ်စင်းလေးလောက် ပြလိုက်တာနဲ့ ဖေးချမ့်က ချက်ချင်း အကြောင်းပြချက် တစ်ခုခု ပေးကာ ဝယ်ယူခိုင်းလိုက်သည်။
တချို့ ထူးခြားသည့် ကိစ္စများတွင်တော့ ဖေးချမ့်လည်း မတတ်နိုင်ပါ။ ဥပမာအားဖြင့် ယောက်ျားလေး ဝန်ထမ်းတစ်ယောက်က သူ့ကောင်မလေးအတွက် လက်ကိုင်အိတ်တစ်လုံး ဝယ်ပေးချင်သည်ဟုဆိုသည်။ သူ ပေးစရာ အကြောင်းပြချက် တစ်ခုခု ရှိလာအောင် ပစ္စည်းပြောင်းခိုင်းလိုက်ရ၏။
ရှော့ပင်းမောလ်ထဲတွင် တစ်ပတ်လောက် လျှောက်ကြည့်ပြီးသွားသောအခါ ဖေးချမ့် အတော်လေး စိတ်ကျေနပ်သွား၏။
အင်း... အားလုံးကတော့ သူတို့ပိုက်ဆံတွေကို သုံးပြီးလောက်ပြီ။
စစ်ဆေးပြီးနောက် လစာများ၊ ဘောနစ်များ၊ ရှော့ပင်းကတ်များ စသည်တို့ပေးခြင်းအားဖြင့် ဖေးချမ့်၏ အကျပ်ကိုင်မှုနှင့် လှည့်စားမှုများအောက်တွင် စနစ်ရန်ပုံငွေထဲက ၅၃၀,၀၀၀ ယွမ် ဒီနေ့ ကုန်ဆုံးသွားခဲ့ပါသည်။ စနစ်ရန်ပုံငွေမှာ အစက ယွမ် ၁,၁၀၀,၀၀၀ ယွမ် ရှိသည်။
အခုတော့ ၅၇၀,၀၀၀ ယွမ်သာ ကျန်ပါတော့သည်။
"အင်း... ကျန်တာကိုတော့ ငါ့ကိုယ်ငါ အားကိုးလို့ ရမယ်ထင်တယ်..."
သူ့ဝန်ထမ်းများ အကောင်းဆုံးကြိုးစားပြီးကြတာကို ဖေးချမ့်သိပါသည်။ နောက်ဆုံးကျန်နေသည့် ယွမ် ၇၀,၀၀၀ ကိုတော့ သူကိုယ်တိုင် သုံးမှ ဖြစ်တော့မည်။
ဒီ ၇၀,၀၀၀ ယွမ်ကိုသုံးပြီးနောက် တစ်ပြားတစ်ချပ်တိုင်းကို ၁ အချိုး ၁ နှုန်းဖြင့် သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ထည့်ဝင်နိုင်တော့မည်ဖြစ်သည်။
ဒါက ဒီခရီးလမ်းရှည်ကြီးအတွက် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ သူ ဒါကို တစ်ချက်တည်းနဲ့ အပြီးသတ်ရမည်။
ဖေးချမ့်သည် အရင်ဆုံး အဆင့်မြင့် ဝတ်စုံဖက်ရှင် စတိုးဆိုင်တစ်ဆိုင်ကို ရောက်လာပြီး ဤဆိုင်မှ ဂျာစီအင်္ကျီကို တမင်တကာ ရှောင်လာခဲ့ပါသည်။
သို့သော်လည်း မကြာမီ တိတ်ဆိတ်စွာဖြင့် သူထွက်သွားခဲ့ရသည်။
စနစ်က ဒီဝယ်ယူမှုကို ကန့်ကွက်ခဲ့သည်။ ဖေးချမ့် အရင်တစ်ခေါက်တုန်းက ဝတ်စုံ ဝယ်ယူခဲ့တာ များသွားပုံရသည်။ စနစ်က သူ ဆက်လက် သုံးစွဲနိုင်စွမ်းမရှိဘူးဟု ထင်သွားခြင်းဖြစ်နိုင်သည်။
ထို့နောက် ဖေးချမ့်က Rolex ဆိုင်တစ်ဆိုင်ကို နာရီဝယ်ဖို့ သွားလိုက်သည်။
ဒီတစ်ခေါက်တော့ စနစ်က သူ့ကို တန်းပြီး မကန့်ကွက်ခဲ့ပါ။
သို့သော်လည်း ဖေးချမ့်က စျေးအကြီးဆုံး ယွမ် ၂၀၀,၀၀၀ ကျော်တန် နာရီမှ စတင်ခဲ့ပြီး အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့ရသည်။ နောက်ဆုံးမှာတော့ စနစ်က အခြေခံအဆင့်ရှိ ယွမ် ၄၀,၀၀၀ တန် နာရီလေးကိုသာ ဝယ်ခွင့်ပေးခဲ့ပါသည်။
Rolex နာရီဖြစ်သော်လည်း စျေးပေါလွန်းနေပါသည်။
ဖေးချမ့်က အနည်းငယ် နာကျင်သွား၏။ သို့သော်လည်း ယွမ် ၄၀,၀၀၀ ကလည်း ပိုက်ဆံပဲဖြစ်သဖြင့် သူ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
'Rolex တစ်လုံးဝတ်ထားလျှင် တာဝန်များလည်း ပိုမြင့်မားလာသည်' ဆိုသည့်စကားအတိုင်းပင်။ ဖေးချမ့်က သူ့ကိုယ်သူ ဘော့စ်တစ်ယောက်ဟု ထင်သွားပြီး သူ့တာဝန်များက လေးလံလွန်းသည်ဟု ထင်သွားပါသည်။ သူ ယွမ် ၂၀၀,၀၀၀ တန်နာရီတစ်လုံးကိုတော့ ဝတ်ဆင်သင့်သည်။
သို့သော်လည်း စနစ်က ကန့်ကွက်ပြီး ဖေးချမ့်ကို ယွမ် ၄၀,၀၀၀ သာ တန်ဖိုးရှိသည်ဟုထင်ခဲ့ပါသည်။
ဖေးချမ့် အလွန်နာကျင်သွား၏။ သူ ဆက်ပြီး ဝယ်ယူခဲ့ပါသည်။
သူက နာရီကောင်းကောင်းတစ်လုံးတောင် ဝယ်လို့ မရခဲ့သဖြင့် သူ့အလုပ်နဲ့ မပတ်သက်သည့် တခြားအရာများကိုလည်း စနစ်က ဝယ်ခွင့်ပေးမှာမဟုတ်ဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် စျေးကြီးသည့် ရေမွှေးများ၊ အမျိုးသား ကျန်းမာရေး အားတိုးဆေးများ စသည်တို့ဖြစ်သည်။
သို့သော်လည်း ဖေးချမ့် စိတ်မပျက်သေးပါ။ ယွမ် ၄၀,၀၀၀ ဝန်းကျင်လောက် သုံးစွဲပြီးသွားပြီဖြစ်သဖြင့် ယခု ယုံကြည်ချက်ပြည့်ဝနေပါပြီ။
သူအားတင်းထားရမည်။ ဒါက ငွေသုံးစွဲသည့် နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ဖို့ နောက်ဆုံး အခွင့်အရေးဖြစ်ပါသည်။
လင်းဝမ်၊ ဟွမ်းစစ်ပေါ်နှင့် တခြားသူတွေကလည်း ၎င်းတို့၏ ဝယ်ယူရမည့် အကန့်အသတ်ကို ရောက်ရှိသွားကြပြီဖြစ်သည်။ သူတို့ဖေးချမ့်နောက်ကို လိုက်လာပြီး ပစ္စည်းများကိုလိုက်ကြည့်ရင် သူတို့ ဘော့စ်ဖေးကိုလည်း တိုးတိတ်စွာ လေ့လာနေကြပါသည်။
အထူးသဖြင့် ဘော့စ်ဖေး ဘာဝယ်မလဲ အလွန်စိတ်ဝင်စားနေသည့် လင်းဝမ် ဖြစ်သည်။
သို့သော်လည်း ခဏလောက် လေ့လာပြီးသောအခါ ဘော့စ်ဖေးအပေါ် သူမ မြင်ခဲ့သည့် ခုနက အမြင်မှာ မှားယွင်းသွားကြောင်း သိခဲ့ရသည်။ ဘော့စ်ဖေးက သူ့ကိုယ်ရေးကိုယ်တာဘဝနဲ့ ပတ်သက်လာလျှင် အလွန် ခြိုးခြံချွေတာသောလူဖြစ်ပုံရသည်။ ဖေးချမ့်က ပစ္စည်းတချို့ ဝယ်ယူချင်နေတာကို သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။
ဥပမာအားဖြင့် G ဖြင့် စသည့် ထိုနာမည်ကျော် တန်ဖိုးကြီး ရေမွှေးဗူးမှာ ယွမ် ၁,၀၀၀ ကျော် တန်ဖိုးရှိပြီး ဘော့စ်ဖေးက ၎င်းကို သေသေချာချာလေး စိုက်ကြည့်နေသည်။ သို့သော်လည်း ကြည့်ပြီးသွားသောအခါ ပြန်ချလိုက်ပြန်သည်။
ထို့အပြင် စိတ်ကြိုက်ချုပ်လုပ်ထားသည့် ဝတ်စုံတစ်ခုကိုလည်း ဘော့စ်ဖေးက ခဏလောက် စမ်းဝတ်ကြည့်သေးသည်။ ဘော့စ်ဖေးနှင့် အလွန်လိုက်ဖက်ပြီး လှပပါသည်။ ယွမ် ၁၀,၀၀၀ ကျော်လေးသာရှိသော်လည်း သူ မဝယ်ခဲ့ပါ။
Rolex နာရီလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ဘော့စ်ဖေးက ယွမ် ၂၀၀,၀၀၀ တန် လက်ပတ်နာရီများမှ စတင်ခဲ့ပြီး နောက်ဆုံးတော့ စျေးအပေါဆုံး အခြေခံအဆင့် ယွမ် ၄၀,၀၀၀ ဝန်းကျင်သာ တန်ကြေးရှိသည့် နာရီကို ဝယ်ယူခဲ့ပါသည်။
ဘော့စ်ဖေးလို အောင်မြင်နေသည့် ဘော့စ်တစ်ယောက်က အခြေခံအဆင့် Rolex တစ်လုံးကိုပဲ ပတ်နိုင်တာလား။
လင်းဝမ် တကယ်ပဲ ကြက်သေသေနေမိပါသည်။
ဖေးချမ့်က ဆက်လက်ရှော့ပင်းထွက်ကာ ဟိုနေရာ ဒီနေရာက ပစ္စည်းများကို ဝယ်ယူနေသည်။ စနစ်က သူ့ကို မဝယ်ယူဖို့ တားမြစ်သည့်အရာတိုင်းကို သူရွေးချယ်စရာမရှိတော့ဘဲ လက်လျှော့ရသည်။ စနစ်က ခွင့်ပြုသည့် အရာတိုင်းကိုလည်း အကုန်ဝယ်ယူ၏။
သို့သော်လည်း ဒီလိုဆိုရင်တောင် ဖေးချမ့်က များများစားစား မဝယ်ယူနိုင်ခဲ့ပါ။
စနစ်၏ ကန့်သတ်ချက်များက များလွန်းနေပါသည်။
ယွမ် ၇,၀၀၀ ဝန်းကျင်တန်သည့် ဘေဘီလုံဖောင်တိန်တစ်ချောင်း၊ ၃,၀၀၀ တန်သည့် G ဘရန်း ရွှေခါးပတ်တစ်ခု၊ ၂,၀၀၀ တန်သည့် စီးပွားရေးလုပ်ငန်း လက်ကိုင်အိတ်တစ်လုံး....
တချို့က စျေးကြီးသည်။ တချို့က အလယ်အလတ်သာရှိ၏။ သူ့ဝယ်ယူမှုအားလုံးကို စနစ်၏ ကန့်သတ်ချက်များက ကန့်သတ်လိုက်ပါသည်။ ဖေးချမ့်၏ တာဝန်ကတော့ ထိုကန့်သတ်ချက်များအတွင်းမှ အကောင်းဆုံးကို ဝယ်ယူနိုင်ဖို့ ဖြစ်ပါသည်။
ခဏလောက်ကြာကြာ ရှော့ပင်းထွက်ပြီးသွားသောအခါ ဖေးချမ့်တစ်ယောက် ဘာမှ ဝယ်စရာမရှိတော့တာကို သတိထားမိသွားပါသည်။ ဖေးချမ့် သူဝယ်ယူထားသည့် ပစ္စည်းများ များပြားလွန်းသည်ဟု ခံစားခဲ့ရသော်လည်း တကယ်တမ်း သူ့လက်ထဲမှာ အိတ်များများစားစား မရှိပါ။
အားလုံးအတွက် စုစုပေါင်း ကုန်ကျစရိတ်က ၇၃,၀၀၀ ယွမ် ဖြစ်ပါသည်။
ဖေးချမ့်သည် အောင်မြင်စွာဖြင့် ယွမ် ၃,၀၀၀ ဝန်းကျင်ကို ဖြုန်းနိုင်ခဲ့ပါပြီ။
ဖေးချမ့် ပီတိဖြာသွား၏။ ဒါက သမိုင်းဝင်မည့် ခြေလှမ်းတစ်ခုဖြစ်သည်။
'ငါအကောင်းဆုံးမလိုချင်ဘူး စျေးအကြီးဆုံး လိုချင်တာ' ဟူသည့် အောင်မြင်သော ဥပဒေသနဲ့အညီ ဖြုန်းတီးခဲ့ခြင်း၏ ရလဒ်ဖြစ်ပါသည်။
နောက်ပိုင်း သုံးစွဲသမျှက သူ့ကိုယ်ပိုင်စည်းစိမ်ထဲ အလိုလို ရောက်လာတော့မည်။
ဖေးချမ့် ပြုံးလိုက်၏။ သို့သော်လည်း သူ့ဝန်ထမ်းများ၏ အမြင်မှာတော့ သူ့ကိုမြင်သည့်ပုံစံက မတူလှပါ။
လင်းဝမ်က အလွန်စိတ်ခံစားချက်ပြင်းပြနေသည်။
သမုဒ္ဒရာရဲတိုက်က အလွန်အောင်မြင်နေသည်။ လျှော့တွက်ကြည့်ရင်တောင် တစ်လကို ဘော့စ်ဖေးက ယွမ် ၂ သန်းကျော်လောက် ဝင်ငွေရနိုင်၏။
ဒါတောင် သူက အလွန်ခြိုးခြံချွေတာနေပါလား။
အခန်း(၇၄) သမိုင်းဝင်ခြေလှမ်း
ဘော့စ်ဖေး ကိုယ်ရေးကိုယ်တာ အသုံးအဆောင် ဘရန်းတချို့အား ဖြတ်လျှောက်သွားသည်ကို လင်းဝမ် သတိထားမိပါသည်။ သူ ဝင်တောင်မကြည့်ခဲ့ပါ။
ယွမ် ၁,၀၀၀ ကျော်တန် ရေမွှေးလက်ဆောင်ဗူးလေးကိုပင် မဝယ်ခဲ့ပါ။
ထို့အပြင် ဘော့စ်ဖေးက အလုပ်နဲ့ ပတ်သက်သည့်အရာများကိုသာ ဝယ်ခဲ့သည်။ ပိုက်ဆံအိတ်နဲ့ လက်ဆွဲအိတ်တို့ကတောင် လုပ်ငန်းသုံး အစည်းအဝေးပွဲများနှင့် သင့်တော်သော အရာများ ဖြစ်ကြသည်။ အားလုံးပေါင်းကြည့်လိုက်လျှင် သူသုံးတာ ၁၀၀,၀၀၀ ယွမ်တောင် မပြည့်ပါ။
လင်းဝမ် အလွန်အံ့သြသွားခဲ့ပါသည်။ သူမဘော့စ်၏ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းက ဘယ်လောက်တောင် သန်မာလိုက်သလဲ။
သူမ၏ နှလုံးသားကို ထိတွေ့လိုက်ကာ ၂ သန်း လောက် သို့မဟုတ် ၁ သန်းလောက်ပဲ ရရှိပါစေဦး၊ တခြားလူတစ်ယောက်သာဆိုလျှင် အဝတ်အစား၊ ပိုက်ဆံအိတ်နဲ့ နာရီတို့အတွက် တစ်ခုကို ယွမ်သောင်းချီတန်ဖိုးရှိတာတွေကိုပဲ ဝယ်ယူလိမ့်မည်၊။
သို့သော်လည်း ဘော့စ်ဖေးကတော့ ယွမ် ၁၀၀,၀၀၀ တောင် ပြည့်အောင် မသုံးခဲ့ပါ။ ထို့အပြင် ဘော့စ်ဖေးက စိတ်ကျေနပ်နေသည့်ပုံလည်း ပေါက်သည်။
အလွန်အထင်ကြီးစရာကောင်းပါသည်။
ဘော့စ်ဖေးက အလုပ်အခြေအနေများ၊ လစာများနှင့် ဘောနပ်စ်များ ပေးရာတွင် အမြဲတမ်း ရက်ရောခဲ့သည်ကို စဥ်းစားကြည့်သောအခါ သူမ အခုမြင်လိုက်တာ အသေးအဖွဲသာဖြစ်ပါသည်။
လင်းဝမ်၊ ဟွမ်းစစ်ပေါ်နှင့် ကုမ္ပဏီက လူတွေ၏ မျက်လုံးများ အနည်းငယ် စိုစွတ်သွားကြသည်။
စင်ကြယ်လိုက်တဲ့ သူတို့ရဲ့ဘော့စ်...
ဖေးချမ့်ကတော့ အားလုံးရဲ့ တုန့်ပြန်မှုကို သတိမထားမိပါ။
သူဘာဆက်ဖြုန်းလို့ရဦးမလဲ အသည်းအသန် စဥ်းစားနေဆဲဖြစ်သည်။ ယခု သူ အရှုံးပေါ်သည့် အခြေအနေထဲ ဝင်ရောက်သွားပြီဖြစ်သဖြင့် ထပ်သုံးလိုက်သည့် ပိုက်ဆံတိုင်းက သူ့ကိုယ်ပိုင်စည်းစိမ်ထဲဝင်ရောက်လာပါတော့မည်။
ထို့အပြင် ရှော့ပင်းမောလ်ထဲ တစ်ပတ်လောက် အပြည့်ပတ်ပြီးသွားပြီဖြစ်သည်။ စနစ်က သူ့ကို ဝယ်ဖို့ မကန့်ကွက်သည့် အရာတိုင်းကိုလည်း ဝယ်ယူပြီးပြီဖြစ်ပါသည်။ အားလုံး၏ ရှော့ပင်းထွက်ခြင်းလည်း ပြီးဆုံးကုန်ကြပြီး ပထမထပ်က ခန်းမကြီးတွင် အားလုံးပြန်စုစည်းကုန်ကြသည်။ လက်ထဲတွင်လည်း ရှော့ပင်းအိတ်များ အပြည့်ဖြင့် မျက်နှာပေါ်တွင်လည်း ကျယ်ဝန်းသော အပြုံးများဖြင့် ရှိနေကြပါသည်။
အခမဲ့ရှော့ပင်းက ဒီလောက်တောင် ခံစားလို့ကောင်းသည်။
သို့သော်လည်း ဖေးချမ့်က ဒီတိုင်း ထွက်မသွားချင်သေးပါ။ သူ နောက်ဆုံးတော့ အရှုံးပေါ်သည့် အခြေအနေကို ရောက်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ယွမ် ၃,၀၀၀ ကျော်သာ သုံးဖြုန်းရသေးသဖြင့် လက်မလျှော့ချင်သေးပါ။
သူ ရှင်းဟိုက်လူကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားပါသည်။ "ကျွန်တော့် မိတ်ဆွေ ဘော့စ်တစ်ယောက်အတွက် လက်ဆောင် ဝယ်ပေးချင်လို့ ဘာအကြံပေးစရာရှိလဲ။"
သူ့အတွက်သူ ဝယ်သည်ဟု တိုက်ရိုက်မပြောနိုင်ပါ။ ဒါက အလွန်ထူးဆန်းနိုင်ပြီး စနစ်က သတိပေးနိုင်ပါသည်။ ထို့နောက် အားလုံးကလည်း တွေးကြလိမ့်မည်။ သူ့အတွက်သူဝယ်တာဆိုရင် ဖေးချမ့်က သူလိုချင်တာ ဝယ်လို့ ရရဲ့သားနဲ့ ဘာကြောင့် သူတို့ကို လာမေးရတာလဲ။
သို့သော်လည်း မိတ်ဆွေတစ်ယောက်အတွက်ဟု ပြောလိုက်လျှင် အားလုံး၏ အတွေးကလည်း တူညီသွားလိမ့်မည်။ ဖေးချမ့်ကလည်း ဒီအခွင့်အရေးကို အသုံးချပြီး သူ ဘာလိုအပ်နေသေးလဲ၊ ဘာမဝယ်ရသေးဘူးလဲ စဥ်းစားနိုင်ပါသည်။
ရှင်းဟိုက်လူက ပစ္စည်းတချို့ကို စတင်ပြီး အကြံပေးသည်။ အားလုံးလည်း ဝင်ပါကြ၏။ သူတို့က စျေးကြီးသည့် ဝတ်စုံ၊ ရေမွှေး၊ လက်ပတ်နာရီ၊ ဖောင်တိန် စသည်တို့ ဝယ်ပေးရန် အကြံပေးကြသည်။
ဖေးချမ့်က ခေါင်းပဲဆက်တိုက်ခါနေပါသည်။
သူ ဒါတွေအားလုံးနီးပါးကို မြင်ပြီးသားဖြစ်ပြီး ဝယ်နိုင်တာကိုလည်း အကုန်ဝယ်ပြီးသားဖြစ်ပါသည်။ ကျန်တာတွေကိုတော့ စနစ်က သူ့ကို ဝယ်ခွင့်မပြုပါ။
အားလုံးက အကြံပေးပြီးသွားကြပြီး ဘာဆက်ပြောရမှန်း မသိတော့ပါ။ ဘာကို လက်ဆောင်အဖြစ် ပေးလို့ရဦးမလဲ သူတို့ မတွေးတတ်ကြတော့ပေ။
ထိုအချိန်တွင် လင်းဝမ်က အကြံတစ်ခု ပေးလိုက်၏။ "မျက်မှန်... ဆိုရင်ကော"
ဖေးချမ့်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ "မျက်မှန်ဟုတ်လား"
လင်းဝမ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဘော့စ်ရဲ့ မိတ်ဆွေက မျက်စိမှုန်ရင် သူ့ကို မျက်မှန်ပေးလို့ရတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီဂရီကိုတော့ သိထားရမယ်။ သူ့ဒီဂရီကို မသိတာ၊ ဒါမှမဟုတ် သူက မျက်စိမမှန်တာဆိုရင်တော့ အလှတပ်မျက်မှန်ကိုင်း လက်ဆောင်ပေးလို့ရတာပဲ။"
"ကြည့်ကောင်းတဲ့ မျက်မှန်တစ်လက်က လူတစ်ယောက်ရဲ့ အရှိန်အဝါနဲ့ သူ့မှာအမြင်ရှိမှန်း ပြသပေးတယ်။"
ဖေးချမ့်က လင်းဝမ်ကို ချီးကျူးချင်သွားမိသည်။
မျက်မှန် ငါဘာလို့ မစဥ်းစားမိပါလိမ့်။
ဖေးချမ့်က မျက်လုံးလည်း မမှုန်သလို မျက်မှန်လည်း မလိုအပ်ပါ။ ထို့ကြောင့် သူကြိုးစားပြီး စဥ်းစားခဲ့သော်လည်း ဒါကို မတွေးမိခြင်း ဖြစ်ပါသည်။
စဥ်းစားကြည့်မှ သူ့အတွက်သူ မျက်မှန်တစ်လက်ဝယ်ခြင်းက ကျိုးကြောင်းသင့်လျော်ပါသည်။
သူလက်ထောက်ရှင်းကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော် စျေးအကြီးဆုံး မျက်မှန်တွေကို ဘယ်မှာဝယ်လို့ရမလဲ။"
ရှင်းဟိုက်လူက ခေတ္တစဥ်းစားလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဒီမှာ မျက်မှန်ရောင်းတဲ့ Louis Vuitton ဆိုင်တစ်ဆိုင်တော့ ရှိတယ်။ စျေးတော့ ကြီးမှာပါ။ ဒါပေမယ့် သူတို့ရဲ့ ပစ္စည်းအများစုက နေကာမျက်မှန်တွေပဲ။ ဘော့စ် ရှာနေတာဖြစ်နိုင်ပါ့မလား မသိဘူး။"
"ကျွန်တော့်ကို လိုက်ပို့ပေးပါ"
သူတို့နှစ်ယောက် ဓါတ်လှေကားကို စီးကာ မကြာမီ Louis Vuitton ဆိုင်ကို ရောက်ကာ မျက်မှန်များ ရောင်းချသည့်စင်များကိုပါ တွေ့ခဲ့ရပါသည်။
ဖေးချမ့်က ရှာကြည့်လိုက်ပြီး စျေးနှုန်းများက စိတ်ကျေနပ်စရာကောင်းမှန်း မြင်လိုက်ရပါသည်။
စျေးအပေါဆုံးက ယွမ် ၂,၀၀၀ လောက်ရှိပြီး စျေးအကြီးဆုံးကတော့ ယွမ် ၉,၀၀၀ ကျော်လောက် ရှိပါသည်။
မျက်မှန်တစ်လက်ကို ယွမ် ၉,၀၀၀ ဖြင့် ရောင်းချနိုင်ခြင်းက ဖေးချမ့်အတွက် အနည်းငယ် မမျှော်လင့်ထားသည့် အရာ ဖြစ်သည်။ သို့သော်လည်း သူ့အတွက်တော့ ကောင်းသည့်အရာ ဖြစ်ပါသည်။
သို့သော်လည်း ဖေးချမ့်က ယွမ် ၉,၀၀၀ ကျော်တန် မျက်မှန်တစ်လက်ကို ကိုင်ကြည့်လိုက်သောအခါ စနစ်က သူ့ကို ကန့်ကွက်လိုက်ပါသည်။
"..."
ဖေးချမ့်က ဆွံ့အသွားပါသည်။ စနစ်က သူ့ကိုဝယ်ခွင့်မပေးဘူးလား။
စိတ်ပျက်စရာပဲ။
ယွမ် ၈,၀၀၀ ကျော်တန် နောက်ထပ် မျက်မှန် တစ်လက်ကို ကိုင်ကြည့်ပြီး ထပ်ကြိုးစားကြည့်လိုက်ပါသည်။
ဒီတစ်ခေါက်တော့ စနစ်က ဘာသတိပေးချက်မှ ထွက်မလာပါ။
ဖေးချမ့် အပျော်လွန်သွား၏။ ယှဥ်ကြည့်လိုက်သောအခါ ပထမ မော်ဒယ်က အနည်းငယ် ပေါ့ပြက်ပြက်နိုင်သည့်ပုံပေါက်သည်။ မျက်မှန်ကိုင်းက အနည်းငယ် တောက်ပလွန်းနေသဖြင့် စီးပွားရေးနဲ့သက်ဆိုင်ရမည့် ဆိုသည့် လိုအပ်ချက်ကို မပြည့်မှီနိုင်ပါ။
ဒုတိယ မျက်မှန်ကတော့ နေကာမျက်မှန်ဟု ဆိုထားသည်။ အလွန်ပါးလွှာသည့် မျက်မှန်ကိုင်းနှင့် ရွှေရောင်ကြိုးများ၊ ၎င်း၏ ဖြောင့်တန်းပြီး ကျဥ်းမြောင်းသည့် တည်ဆောက်ပုံတို့က ပိုပြီး လက်သင့်ခံနိုင်စရာရှိပါသည်။
ဖေးချမ့်တပ်ကြည့်လိုက်ကာ ရှင်းဟိုက်လူကို ကြည့်လိုက်ပြီး မေးကြည့်လိုက်သည်။ "ကျွန်တော် ဘယ်လိုနေလဲ။"
ရှင်းဟိုက်လူက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "အရမ်းအဆင့်မြင့်ပါတယ် ဘော့စ်ဖေး"
ဖေးချမ့် ပီတိဖြာသွားပါသည်။
ထို့ကြောင့်လည်း စနစ်က ဘာသတိပေးချက်မှ မထုတ်တာဖြစ်နိုင်သည်။ ဒီမျက်မှန်ကို စီးပွားရေးအတွက် သုံးနိုင်ပြီး တကယ်ပဲ သူ့အရှိန်အဝါကို မြင့်တက်စေပါသည်။
စနစ်က ဒီမျက်မှန်အား လုပ်ငန်းအစည်းအဝေးပွဲများတွင် တပ်ဆင်နိုင်ပြီး အရှိန်အဝါကို မြှင့်တင်ပေးနိုင်သည်ဟု သတ်မှတ်လိုက်တာ ဖြစ်နိုင်သည်။ ဝတ်စုံတစ်စုံနှင့် လုပ်ဆောင်ချက်ခြင်းတူညီသဖြင့် ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။
ဖေးချမ့်က ဒီဇိုင်းအနည်းငယ်ကွာခြားပြီး စနစ်က ခွင့်ပြုသည့် စျေးအကြီးဆုံး မျက်မှန်နှစ်လက်ကို ယူလိုက်သည်။
"ကျွန်တော် ဒါတွေယူမယ်နော်။"
ဖေးချမ့်က သူ့ကတ်ကို ချက်ချင်း ဖြတ်လိုက်ပါသည်။
အရောင်းဝန်ထမ်းမလေးက အံ့အားသင့် ပျော်ရွှင်သွားပြီး လက်ရာမြောက်သည့် လက်ဆောင်ဗူးလေးတစ်ဗူးကို ထုတ်ပေးပြီး ဖေးချမ့်အတွက် မျက်မှန်များကို သေသပ်စွာ ထုပ်ပိုးပေးလိုက်ပါသည်။
မျက်မှန်တစ်လက်ကို ထုပ်ပိုးပြီးသောအခါ သူမ နောက်တစ်လက်ကို ထုပ်ပိုးဖို့ပြင်၏။ ဖေးချမ့်က ဒုတိယတစ်လက်ကို ထုပ်ပိုးဖို့ မလိုဘူးဟူသည့် သဘောဖြင့် လက်ရမ်းပြလိုက်ပါသည်။
"ကျွန်တော် တပ်သွားမှာပါ။"
ဖေးချမ့်က မျက်မှန်၏ အကာမှန်များကို ချွတ်လိုက်ပြီး မျက်မှန်ကို တပ်ကြည့်လိုက်ပါသည်။
မှန်ထဲတွင် သူ့ကိုယ်သူကြည့်လိုက်သည်။
အမှန်ပင်။ သူက တကယ်ပဲ အဆင့်ပိုမြင့်သည့်ပုံပေါက်သွားပါသည်။
ဟုတ်ပြီ။ ငါဒါကိုတပ်ထားမယ်။
ယွမ် ၈,၀၀၀ ကျော်တန်ဖြစ်သဖြင့် ဒီတိုင်း ဖုန်တက်အောင် ပစ်ထားလို့ မရဘူး မဟုတ်လား။
စနစ်ရန်ပုံငွေကို နောက်တစ်ခေါက် စစ်ကြည့်ပြီးသွားသောအခါ ဖေးချမ့်က အခုအလွန်ကျေနပ်သွားပါပြီ။ သူ အစွမ်းကုန် ကြိုးစားပြီး ယွမ် ၂၀,၀၀၀ ကျော် ဖြုန်းတီးနိုင်ခဲ့သည်။ ဒါက ဖေးချမ့်၏ ခြေလှမ်းငယ်လေးသာ ရှိသေးသော်လည်း စနစ်ကို အနိုင်ယူဖို့ ကြီးမားသော ခြေလှမ်းတစ်ခု ဖြစ်ပါသည်။
သူတို့နှစ်ယောက် ခန်းမထဲကို ပြန်လာခဲ့ကြသည်။ အားလုံးက ချက်ချင်းဆိုသလိုပဲ ဘော့စ်ဖေး၏ ပုံရိပ်တစ်ခုခု ပြောင်းလဲသွားတာကို သတိထားမိပါသည်။ ဘေးဘက်တွင် ရွှေကြိုးများဖြင့် မျက်မှန်တစ်လက်ကို တပ်လာသည်။ သူ့အရှိန်အဝါက လုံးဝ နောက်ထပ် အဆင့်တစ်ဆင့်ကို ရောက်ရှိသွားပါပြီ။
"ဘော့စ်ဖေးက ချောလိုက်တာ"
"ဘော့စ်ဖေးက သူ့အတွက်ပါ မျက်မှန် တစ်လက် ဝယ်လိုက်တာလား။ ကြည့်လို့ အရမ်းကောင်းတာပဲ။"
"အဲ့ဒီမျက်မှန်က အများကြီး ပေးရမှာပဲနော်။ အနည်းဆုံး ယွမ် ၁,၀၀၀ လောက်တော့ ကုန်မယ် မဟုတ်လား။"
သူ့ဝန်ထမ်းများထံမှ ချီးကျူးသံများနှင့် မြှောက်ပင့်မှုများကို ရင်ဆိုင်ရပြီး ဖေးချမ့်က အနည်းငယ်ပြုံးလိုက်သည်။ တစ်ဖက်မှာတော့ ဂရုမစိုက်ပါ။
"ကဲ ကိုယ့်လမ်းကိုယ် ပြန်ကြရအောင်။ တက္ကဆီခတွေကို ပြန်ယူလို့ရတယ်နော်။ အားလပ်ရက်မှာ ကောင်းကောင်း အနားယူကြပါ။"
...
၃၁ ရက်နေ့တွင် စနစ်က ငွေစာရင်း စတင်ရှင်းလင်းပေးပါသည်။
ဖေးချမ့်၏ ရှေ့တွင် မျက်နှာပြင်တစ်ခုက ပေါ်လာခဲ့ပြန်သည်။
[ စည်းစိမ် အလဲအထပ် စနစ် ]
[ ပိုင်ရှင် : ဖေးချမ့် ]
[ အမြတ်ငွေ အလဲအထပ်် အချိုး ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ် အချိုး ၁ : ၁ ]
[ ငွေစာရင်းရှင်းခြင်း စတင်နေပါပြီ... ]
[ စနစ်ရန်ပုံငွေ : ၄၇၈,၇၃၄.၅ (⬇️၂၁၂,၂၇၆.၅) ]
[ ကိုယ်ပိုင်စည်းစိမ် : ၆၀၈.၃ ]
[ ငွေစာရင်းရှင်းခြင်း ဆောင်ရွက်နေပါပြီ .... ]
[ အလဲအထပ် ဆောင်ရွက်နေပါပြီ .... ]
[ စနစ်ရန်ပုံငွေ : ၄၇၈,၇၂၃.၅ ]
[ ကိုယ်ပိုင်စည်းစိမ် : ၂၁,၈၈၄.၈ (⬆️၂၁,၂၇၆.၅) ]
ဖေးချမ့် ငိုချင်သွားလောက်သည့်အထိ စိတ်ခံစားချက် ပြင်းပြသွားပါသည်။
နောက်ဆုံးတော့....
ဖေးချမ့်သည် သူ အစွမ်းကုန်ကြိုးစားပြီးနောက် နောက်ဆုံးတော့ ယွမ် ၂၀,၀၀၀ အရှုံးပေါ်အောင် လုပ်နိုင်ခဲ့ပါပြီ။
ထို ယွမ် ၂၀,၀၀၀ ကိုအထင်မသေးပါနဲ့။
ဒါက သမိုင်းဝင်မည့် ပထမဆုံးခြေလှမ်း ဖြစ်ပါသည်။
ဒီခြေလှမ်းငယ်လေးက မဟာအောင်မြင်မှုကြီးဆီသွားမည့် ခြေလှမ်းကြီးတစ်ခုဖြစ်ပါသည်။
သိပ်မကြာမီ မျက်နှာပြင်က ဒေတာမျာာ ထပ်ပြသည်။
[ နောက်ထပ် ငွေစာရင်းရှင်းချိန် : ၉၀ ရက်အလို ]
[ စနစ်ရန်ပုံငွေအား ဖြည့်သွင်းပေးသွားပါမည်။ သတ်မှတ်ထားသော ပမာဏ : ၁,၀၀၀,၀၀၀ ]
[ ၅၂၁,၂၇၆.၅ ဖြည့်သွင်းပေးနေပါသည်... ]
[ စနစ်ရန်ပုံငွေ ဖြည့်သွင်းခြင်း ပြီးမြောက်သွားပါပြိ ]
[ စနစ်ရန်ပုံငွေ : ၁,၀၀၀,၀၀၀ ]
[ ကိုယ်ပိုင်စည်းစိမ် : ၂၁,၈၈၄.၈ ]
[ ဒီတစ်ပတ်အတွက် အထူးတာဝန် : ကုမ္ပဏီက လူနေစည်ကားသည့် မြို့တော် ရပ်ကွက်တစ်ခု သို့မဟုတ် တက္ကသိုလ်တစ်ခုအနီးတွင် ဆိုင်ခန်းတစ်ခု ပိုင်ဆိုင်ရပါမည် ]
[ အထူးတာဝန် အောင်မြင်မှု ဆုလာဘ် : နောက်ဆုံး လဲထပ်ထားသော ငွေပမာဏ၏ ထပ်ဆောင်း အပို ၁၀ ရာခိုင်နှုန်း ]
ဖေးချမ့် ခန့်မှန်းထားသလိုပင် ဒီတစ်ခေါက် စနစ်ရန်ပုံငွေ၏ စုစုပေါင်း ရန်ပုံငွေပမာဏက ၅၀၀,၀၀၀ မှ ၁,၀၀၀,၀၀၀ အထိ တိုးမြင့်သွားပြီဖြစ်သည်။
ဖေးချမ့်၏ စနစ်ရန်ပုံငွေကသာ ယွမ် ၁ သန်းထက် ကျော်နေပါက ဒီတစ်ခေါက် ငွေဖြည့်သွင်းခံရမည် မဟုတ်ပေ။
ဖေးချမ့်က အသည်းအသန် ဖြုန်းတီးကာ ၄၇၀,၀၀၀ ယွမ် သုံးနိုင်ခဲ့သည်။ သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ယွမ် ၂၀,၀၀၀ လောက် ထည့်နိုင်ခဲ့ရုံတင်မကသေးဘဲ စနစ်က ရန်ပုံငွေကို ယွမ် ၁ သန်း ပြည့်အောင် အလိုအလျောက် ပြန်ဖြည့်ပေးခဲ့ပါသည်။ သူရွှေတွင်းတူးမိပါပြီ။
ထို့အပြင် ဒီတစ်ခေါက်က အရင်ငွေစာရင်းရှင်းချိန်များနဲ့ ခြားနားနေတာကို ဖေးချမ့်သတိထားမိပါသည်။
စနစ်ရန်ပုံငွေက ဒီတစ်ခေါက် ၁ သန်းအတိ ဖြည့်သွင်းပေးသဖြင့် ဖေးချမ့် သုညအရေအတွက်များကို ခက်ခက်ခဲခဲ တွက်ချက်ဖို့ မလိုအပ်တော့ပါ။
ထို့အပြင် စနစ်က အထူးတာဝန်တစ်ခုကိုလည်း ကြေညာခဲ့သည်။ ကုမ္ပဏီက ဘယ်လို ဆိုင်ခန်းမျိုးကိုမဆို ရှိထားဖို့လိုသည်။ ဒီတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်ပါက မူလပမာဏထက် ၁၀ ရာခိုင်နှုန်းပိုသည့် ငွေပမာဏကို သူရနိုင်မည်ဖြစ်သည်။
Zawgyi
ေဖးခ်မ့္ 73+74
အခန္း(၇၃) အႏိုင္ကို အ႐ႈံးအျဖစ္ သမိုင္းဝင္ ေျပာင္းလဲျခင္း
ေဖးခ်မ့္က ဆိုင္ကို ပတ္ၾကည့္လိုက္ၿပီး နားၾကပ္မ်ား ထားရာေနရာသို႔ ေရာက္လာခဲ့ပါသည္။
“မာယန္ မင္းနားၾကပ္ေတြက လမ္းေဘးဆိုင္က ယြမ္ ၂၀ ေက်ာ္တန္ေလးမလား" ေဖးခ်မ့္က မာယန္ကို ၾကည့္လိုက္သည္။
"ကြၽတ္... ေဘာ့စ္ေဖး လမ္းေဘးဆိုင္ကဆိုေပမယ့္ ေတာ္ေတာ္ေလး အသုံးတည့္ပါတယ္ဗ်ာ" မာယန္က ခ်က္ခ်င္း ျပန္ေျပာလိုက္ပါသည္။ သူနဲ႔ ေဖးခ်မ့္တို႔၏ ဆက္ဆံေရးကို တျခားသူမ်ားေ႐ွ႕မွာ ထုတ္မျပခ်င္ပါ။
"ဘယ္လိုလုပ္ ေကာင္းမွာလဲဟ။ လမ္းေဘးဆိုင္ကဟာက လမ္းေဘးဆိုင္ကဟာပဲ။ မေကာင္းႏိုင္ပါဘူးကြာ။ ဒါက ေနာက္ဆုံးထြက္ ေမာ္ဒယ္အသစ္ ယြမ္ ၂,၉၉၉ ယြမ္တဲ့၊ ဒါက တန္တယ္။ ယူလိုက္ပါလား။ ယြမ္ ၁၀,၀၀၀ ေအာက္နဲ႔ ေကာင္းေကာင္းရတယ္။"
ေဖးခ်မ့္က ခ်က္ခ်င္းပဲ နားၾကပ္မ်ားကို မာယန္ထံသို႔ တြန္းေပးလိုက္ပါသည္။
မာယန္က ၾကက္ေသေသသြားကာ ေျပာလိုက္၏။ "အာ ေဘာ့စ္ေဖး ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ လက္႐ွိအလုပ္က နားၾကပ္နဲ႔ ဘာမွမဆိုင္ဘူးေလ။"
မာယန္က ယခု ဒီဇိုင္းအဖြဲ႕ထဲတြင္ ေတာက္တိုမယ္ရအလုပ္မ်ား လုပ္ေနရသည္။ မၾကာခဏ ေဖာင္ျဖည့္ျခင္းမ်ား၊ Editing ေဆာ့ဝဲမ်ား အသုံးျပဳျခင္းႏွင့္ ရင္းျမစ္မ်ား ေတာင္းခံျခင္း စသည္တို႔ကို ျပဳလုပ္ရပါသည္။ သူ႕အလုပ္က တကယ္ပဲ နားၾကပ္ႏွင့္ မ်ားမ်ားစားစား မသက္ဆိုင္ပါ။
ေဖးခ်မ့္က စဥ္းစားလိုက္ၿပီး ျပန္ေျပာလိုက္သည္။ "ေနာက္လာမယ့္ မင္းအလုပ္ေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားတဲ့ သေဘာေပါ့။ ဂီတနဲ႔ အသံ Effect ေတြနဲ႔ ပတ္သက္ၿပီး တစ္ဆင့္ခံေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ ေတာင္းဆိုခ်င္ ေတာင္းဆိုလာရႏိုင္တယ္ေလ။ နားၾကပ္ေကာင္းေကာင္းမ႐ွိရင္ သူတို႔က ဂီတနဲ႔ အသံ effect ေတြကို ေပးတဲ့အခ်ိန္ မင္းက အရည္အေသြး ေကာင္းမေကာင္းကိုေတာင္ မေျပာႏိုင္ရင္ ဘယ္လိုလုပ္မလဲ။"
မာယန္က ေခါင္းကုတ္လိုက္သည္။ "ဒါေပမယ့္ ကုမၸဏီ ကြန္ပ်ဴတာမွာ ပါတဲ့ နားၾကပ္ေတြက ေတာ္ေတာ္ေလး ေကာင္းတယ္ မဟုတ္ဘူးလား။"
ေဖးခ်မ့္၏ မ်က္ႏွာပ်က္လာသည္။ "ကုမၸဏီက နားၾကပ္ေတြကို မင္းအိမ္ယူသြားလို႔ရမလား။ ႐ုံးခ်ိန္အလြန္မွာ တစ္ဆင့္ခံေတြနဲ႔ဆက္သြယ္ဖို႔ အေရးေပၚလိုအပ္လာရင္ မင္းဘယ္လိုလုပ္မလဲ။"
မာယန္ ဆြံ႕အသြား၏။
ေဖးခ်မ့္၏စကားက... အဓိပၸာယ္႐ွိသလိုလို...
မာယန္ ခပ္က်ယ္က်ယ္ ျပဳံးလိုက္ၿပီး နားၾကပ္ကို ယူကာ ပိုက္ဆံေျပး႐ွင္းလိုက္သည္။
ေ႐ွာင္လုလိုပဲ သူလည္း ဝယ္ခ်င္ေနပါသည္။ သို႔ေသာ္ သူ႕ကိုယ္ပိုင္ပိုက္ဆံကို မသုံးရက္ပါ။ အထူးအသုံးစရိတ္နာမည္ျဖင့္ ဝယ္ဖို႔လည္း အနည္းငယ္ လိပ္ျပာမလုံ ျဖစ္ေနခဲ့ပါသည္။
သို႔ေသာ္လည္း ေဖးခ်မ့္ကိုယ္တိုင္က ဒီလိုေျပာသျဖင့္ သူဘာမွ ေတာင့္ခံေနစရာ မလိုေတာ့ပါ။
သူ႕နားၾကပ္မ်ားကို ဆုပ္ကိုင္ထားသည္။ ၎တို႔က အလြန္လွပ၏။
အေရးအႀကီးဆုံးကေတာ့ သူ႕ကိုယ္ပိုင္ပိုက္ဆံကို တစ္ျပားတစ္ခ်ပ္မွ မသုံးခဲ့ရပါ။ ကုမၸဏီက ေပးျခင္းသာ ျဖစ္သည္။ ဒီေလာက္ထိ ေကာင္းမြန္သည့္ အေပးအယူမ်ိဳးကို ဘယ္မွာ ရႏိုင္ဦးမည္နည္း။
မၾကာမီ ေ႐ွာင္လုႏွင့္ မာယန္တို႔ ၎တို႔၏ ပိုက္ဆံမ်ားကို သုံးၿပီးသြားၾကၿပီ ျဖစ္သည္။
မာယန္က ခ်က္ခ်င္းပဲ နားၾကပ္မ်ားကို စမ္းသုံးၾကည့္လိုက္သည္။ သူ အလြန္ႀကိဳက္ပါသည္။
သူတို႔ထဲက တခ်ိဳ႕က ေ႐ွာ့ပင္းေမာလ္ထဲတြင္ ဆက္ၿပီး ေစ်းဝယ္ၾက၏။ ေဖးခ်မ့္လည္း ဝယ္ယူေနရင္း သူ႕ဝန္ထမ္းမ်ား စိတ္ႀကိဳက္ သုံးမသုံး ေသခ်ာေအာင္ ေစာင့္ၾကည့္ေနမိပါသည္။
ဟြမ္းစစ္ေပၚကိုလည္း 'အလုပ္စြမ္းရည္ တိုးျမႇင့္ဖို႔’ ဟူသည့္ အေၾကာင္းျပခ်က္ျဖင့္ တက္ဘလတ္ ကြန္ပ်ဴတာအသစ္တစ္လုံးကို အတင္းဝယ္ခိုင္းခဲ့သည္။ ဧည့္ႀကိဳ ေကာင္မေလးႏွစ္ေယာက္ကိုလည္း ကုမၸဏီ၏ ပုံရိပ္အား တိုးျမင့္ေစမည္ဟူသည့္ အေၾကာင္းျပခ်က္ျဖင့္ လွပေသာ ဝတ္စုံတခ်ိဳ႕ ဝယ္ယူေစခဲ့ပါသည္။
တခ်ိဳ႕အရာမ်ားလည္း ဒီျဖဳန္းတီးမႈတြင္ ပါဝင္ပါသည္။ သူ႕ဝန္ထမ္းမ်ားက ဝယ္ယူခ်င္သည့္ ဆႏၵ တစ္စိုးတစ္စင္းေလးေလာက္ ျပလိုက္တာနဲ႔ ေဖးခ်မ့္က ခ်က္ခ်င္း အေၾကာင္းျပခ်က္ တစ္ခုခု ေပးကာ ဝယ္ယူခိုင္းလိုက္သည္။
တခ်ိဳ႕ ထူးျခားသည့္ ကိစၥမ်ားတြင္ေတာ့ ေဖးခ်မ့္လည္း မတတ္ႏိုင္ပါ။ ဥပမာအားျဖင့္ ေယာက်္ားေလး ဝန္ထမ္းတစ္ေယာက္က သူ႕ေကာင္မေလးအတြက္ လက္ကိုင္အိတ္တစ္လုံး ဝယ္ေပးခ်င္သည္ဟုဆိုသည္။ သူ ေပးစရာ အေၾကာင္းျပခ်က္ တစ္ခုခု ႐ွိလာေအာင္ ပစၥည္းေျပာင္းခိုင္းလိုက္ရ၏။
ေ႐ွာ့ပင္းေမာလ္ထဲတြင္ တစ္ပတ္ေလာက္ ေလွ်ာက္ၾကည့္ၿပီးသြားေသာအခါ ေဖးခ်မ့္ အေတာ္ေလး စိတ္ေက်နပ္သြား၏။
အင္း... အားလုံးကေတာ့ သူတို႔ပိုက္ဆံေတြကို သုံးၿပီးေလာက္ၿပီ။
စစ္ေဆးၿပီးေနာက္ လစာမ်ား၊ ေဘာနစ္မ်ား၊ ေ႐ွာ့ပင္းကတ္မ်ား စသည္တို႔ေပးျခင္းအားျဖင့္ ေဖးခ်မ့္၏ အက်ပ္ကိုင္မႈႏွင့္ လွည့္စားမႈမ်ားေအာက္တြင္ စနစ္ရန္ပုံေငြထဲက ၅၃၀,၀၀၀ ယြမ္ ဒီေန႔ ကုန္ဆုံးသြားခဲ့ပါသည္။ စနစ္ရန္ပုံေငြမွာ အစက ယြမ္ ၁,၁၀၀,၀၀၀ ယြမ္ ႐ွိသည္။
အခုေတာ့ ၅၇၀,၀၀၀ ယြမ္သာ က်န္ပါေတာ့သည္။
"အင္း... က်န္တာကိုေတာ့ ငါ့ကိုယ္ငါ အားကိုးလို႔ ရမယ္ထင္တယ္..."
သူ႕ဝန္ထမ္းမ်ား အေကာင္းဆုံးႀကိဳးစားၿပီးၾကတာကို ေဖးခ်မ့္သိပါသည္။ ေနာက္ဆုံးက်န္ေနသည့္ ယြမ္ ၇၀,၀၀၀ ကိုေတာ့ သူကိုယ္တိုင္ သုံးမွ ျဖစ္ေတာ့မည္။
ဒီ ၇၀,၀၀၀ ယြမ္ကိုသုံးၿပီးေနာက္ တစ္ျပားတစ္ခ်ပ္တိုင္းကို ၁ အခ်ိဳး ၁ ႏႈန္းျဖင့္ သူ႕ကိုယ္ပိုင္စည္းစိမ္ထဲ ထည့္ဝင္ႏိုင္ေတာ့မည္ျဖစ္သည္။
ဒါက ဒီခရီးလမ္း႐ွည္ႀကီးအတြက္ ေနာက္ဆုံးအဆင့္ ျဖစ္ပါသည္။ သူ ဒါကို တစ္ခ်က္တည္းနဲ႔ အၿပီးသတ္ရမည္။
ေဖးခ်မ့္သည္ အရင္ဆုံး အဆင့္ျမင့္ ဝတ္စုံဖက္႐ွင္ စတိုးဆိုင္တစ္ဆိုင္ကို ေရာက္လာၿပီး ဤဆိုင္မွ ဂ်ာစီအက်ႌကို တမင္တကာ ေ႐ွာင္လာခဲ့ပါသည္။
သို႔ေသာ္လည္း မၾကာမီ တိတ္ဆိတ္စြာျဖင့္ သူထြက္သြားခဲ့ရသည္။
စနစ္က ဒီဝယ္ယူမႈကို ကန္႔ကြက္ခဲ့သည္။ ေဖးခ်မ့္ အရင္တစ္ေခါက္တုန္းက ဝတ္စုံ ဝယ္ယူခဲ့တာ မ်ားသြားပုံရသည္။ စနစ္က သူ ဆက္လက္ သုံးစြဲႏိုင္စြမ္းမ႐ွိဘူးဟု ထင္သြားျခင္းျဖစ္ႏိုင္သည္။
ထို႔ေနာက္ ေဖးခ်မ့္က Rolex ဆိုင္တစ္ဆိုင္ကို နာရီဝယ္ဖို႔ သြားလိုက္သည္။
ဒီတစ္ေခါက္ေတာ့ စနစ္က သူ႕ကို တန္းၿပီး မကန္႔ကြက္ခဲ့ပါ။
သို႔ေသာ္လည္း ေဖးခ်မ့္က ေစ်းအႀကီးဆုံး ယြမ္ ၂၀၀,၀၀၀ ေက်ာ္တန္ နာရီမွ စတင္ခဲ့ၿပီး ေအာက္သို႔ တျဖည္းျဖည္း နိမ့္ဆင္းသြားခဲ့ရသည္။ ေနာက္ဆုံးမွာေတာ့ စနစ္က အေျခခံအဆင့္႐ွိ ယြမ္ ၄၀,၀၀၀ တန္ နာရီေလးကိုသာ ဝယ္ခြင့္ေပးခဲ့ပါသည္။
Rolex နာရီျဖစ္ေသာ္လည္း ေစ်းေပါလြန္းေနပါသည္။
ေဖးခ်မ့္က အနည္းငယ္ နာက်င္သြား၏။ သို႔ေသာ္လည္း ယြမ္ ၄၀,၀၀၀ ကလည္း ပိုက္ဆံပဲျဖစ္သျဖင့္ သူ ဝယ္ဖို႔ ဆုံးျဖတ္လိုက္ပါသည္။
'Rolex တစ္လုံးဝတ္ထားလွ်င္ တာဝန္မ်ားလည္း ပိုျမင့္မားလာသည္' ဆိုသည့္စကားအတိုင္းပင္။ ေဖးခ်မ့္က သူ႕ကိုယ္သူ ေဘာ့စ္တစ္ေယာက္ဟု ထင္သြားၿပီး သူ႕တာဝန္မ်ားက ေလးလံလြန္းသည္ဟု ထင္သြားပါသည္။ သူ ယြမ္ ၂၀၀,၀၀၀ တန္နာရီတစ္လုံးကိုေတာ့ ဝတ္ဆင္သင့္သည္။
သို႔ေသာ္လည္း စနစ္က ကန္႔ကြက္ၿပီး ေဖးခ်မ့္ကို ယြမ္ ၄၀,၀၀၀ သာ တန္ဖိုး႐ွိသည္ဟုထင္ခဲ့ပါသည္။
ေဖးခ်မ့္ အလြန္နာက်င္သြား၏။ သူ ဆက္ၿပီး ဝယ္ယူခဲ့ပါသည္။
သူက နာရီေကာင္းေကာင္းတစ္လုံးေတာင္ ဝယ္လို႔ မရခဲ့သျဖင့္ သူ႕အလုပ္နဲ႔ မပတ္သက္သည့္ တျခားအရာမ်ားကိုလည္း စနစ္က ဝယ္ခြင့္ေပးမွာမဟုတ္ဟု ဆိုလိုလိုက္ျခင္းျဖစ္သည္။ ဥပမာအားျဖင့္ ေစ်းႀကီးသည့္ ေရေမႊးမ်ား၊ အမ်ိဳးသား က်န္းမာေရး အားတိုးေဆးမ်ား စသည္တို႔ျဖစ္သည္။
သို႔ေသာ္လည္း ေဖးခ်မ့္ စိတ္မပ်က္ေသးပါ။ ယြမ္ ၄၀,၀၀၀ ဝန္းက်င္ေလာက္ သုံးစြဲၿပီးသြားၿပီျဖစ္သျဖင့္ ယခု ယုံၾကည္ခ်က္ျပည့္ဝေနပါၿပီ။
သူအားတင္းထားရမည္။ ဒါက ေငြသုံးစြဲသည့္ ေနာက္ဆုံးအဆင့္ကို ေက်ာ္ျဖတ္ဖို႔ ေနာက္ဆုံး အခြင့္အေရးျဖစ္ပါသည္။
လင္းဝမ္၊ ဟြမ္းစစ္ေပၚႏွင့္ တျခားသူေတြကလည္း ၎တို႔၏ ဝယ္ယူရမည့္ အကန္႔အသတ္ကို ေရာက္႐ွိသြားၾကၿပီျဖစ္သည္။ သူတို႔ေဖးခ်မ့္ေနာက္ကို လိုက္လာၿပီး ပစၥည္းမ်ားကိုလိုက္ၾကည့္ရင္ သူတို႔ ေဘာ့စ္ေဖးကိုလည္း တိုးတိတ္စြာ ေလ့လာေနၾကပါသည္။
အထူးသျဖင့္ ေဘာ့စ္ေဖး ဘာဝယ္မလဲ အလြန္စိတ္ဝင္စားေနသည့္ လင္းဝမ္ ျဖစ္သည္။
သို႔ေသာ္လည္း ခဏေလာက္ ေလ့လာၿပီးေသာအခါ ေဘာ့စ္ေဖးအေပၚ သူမ ျမင္ခဲ့သည့္ ခုနက အျမင္မွာ မွားယြင္းသြားေၾကာင္း သိခဲ့ရသည္။ ေဘာ့စ္ေဖးက သူ႕ကိုယ္ေရးကိုယ္တာဘဝနဲ႔ ပတ္သက္လာလွ်င္ အလြန္ ၿခိဳးျခံေခြၽတာေသာလူျဖစ္ပုံရသည္။ ေဖးခ်မ့္က ပစၥည္းတခ်ိဳ႕ ဝယ္ယူခ်င္ေနတာကို သူမ ႐ွင္း႐ွင္းလင္းလင္း ျမင္ႏိုင္ပါသည္။
ဥပမာအားျဖင့္ G ျဖင့္ စသည့္ ထိုနာမည္ေက်ာ္ တန္ဖိုးႀကီး ေရေမႊးဗူးမွာ ယြမ္ ၁,၀၀၀ ေက်ာ္ တန္ဖိုး႐ွိၿပီး ေဘာ့စ္ေဖးက ၎ကို ေသေသခ်ာခ်ာေလး စိုက္ၾကည့္ေနသည္။ သို႔ေသာ္လည္း ၾကည့္ၿပီးသြားေသာအခါ ျပန္ခ်လိုက္ျပန္သည္။
ထို႔အျပင္ စိတ္ႀကိဳက္ခ်ဳပ္လုပ္ထားသည့္ ဝတ္စုံတစ္ခုကိုလည္း ေဘာ့စ္ေဖးက ခဏေလာက္ စမ္းဝတ္ၾကည့္ေသးသည္။ ေဘာ့စ္ေဖးႏွင့္ အလြန္လိုက္ဖက္ၿပီး လွပပါသည္။ ယြမ္ ၁၀,၀၀၀ ေက်ာ္ေလးသာ႐ွိေသာ္လည္း သူ မဝယ္ခဲ့ပါ။
Rolex နာရီလည္း ထိုနည္းလည္းေကာင္းျဖစ္သည္။ ေဘာ့စ္ေဖးက ယြမ္ ၂၀၀,၀၀၀ တန္ လက္ပတ္နာရီမ်ားမွ စတင္ခဲ့ၿပီး ေနာက္ဆုံးေတာ့ ေစ်းအေပါဆုံး အေျခခံအဆင့္ ယြမ္ ၄၀,၀၀၀ ဝန္းက်င္သာ တန္ေၾကး႐ွိသည့္ နာရီကို ဝယ္ယူခဲ့ပါသည္။
ေဘာ့စ္ေဖးလို ေအာင္ျမင္ေနသည့္ ေဘာ့စ္တစ္ေယာက္က အေျခခံအဆင့္ Rolex တစ္လုံးကိုပဲ ပတ္ႏိုင္တာလား။
လင္းဝမ္ တကယ္ပဲ ၾကက္ေသေသေနမိပါသည္။
ေဖးခ်မ့္က ဆက္လက္ေ႐ွာ့ပင္းထြက္ကာ ဟိုေနရာ ဒီေနရာက ပစၥည္းမ်ားကို ဝယ္ယူေနသည္။ စနစ္က သူ႕ကို မဝယ္ယူဖို႔ တားျမစ္သည့္အရာတိုင္းကို သူေ႐ြးခ်ယ္စရာမ႐ွိေတာ့ဘဲ လက္ေလွ်ာ့ရသည္။ စနစ္က ခြင့္ျပဳသည့္ အရာတိုင္းကိုလည္း အကုန္ဝယ္ယူ၏။
သို႔ေသာ္လည္း ဒီလိုဆိုရင္ေတာင္ ေဖးခ်မ့္က မ်ားမ်ားစားစား မဝယ္ယူႏိုင္ခဲ့ပါ။
စနစ္၏ ကန္႔သတ္ခ်က္မ်ားက မ်ားလြန္းေနပါသည္။
ယြမ္ ၇,၀၀၀ ဝန္းက်င္တန္သည့္ ေဘဘီလုံေဖာင္တိန္တစ္ေခ်ာင္း၊ ၃,၀၀၀ တန္သည့္ G ဘရန္း ေ႐ႊခါးပတ္တစ္ခု၊ ၂,၀၀၀ တန္သည့္ စီးပြားေရးလုပ္ငန္း လက္ကိုင္အိတ္တစ္လုံး....
တခ်ိဳ႕က ေစ်းႀကီးသည္။ တခ်ိဳ႕က အလယ္အလတ္သာ႐ွိ၏။ သူ႕ဝယ္ယူမႈအားလုံးကို စနစ္၏ ကန္႔သတ္ခ်က္မ်ားက ကန္႔သတ္လိုက္ပါသည္။ ေဖးခ်မ့္၏ တာဝန္ကေတာ့ ထိုကန္႔သတ္ခ်က္မ်ားအတြင္းမွ အေကာင္းဆုံးကို ဝယ္ယူႏိုင္ဖို႔ ျဖစ္ပါသည္။
ခဏေလာက္ၾကာၾကာ ေ႐ွာ့ပင္းထြက္ၿပီးသြားေသာအခါ ေဖးခ်မ့္တစ္ေယာက္ ဘာမွ ဝယ္စရာမ႐ွိေတာ့တာကို သတိထားမိသြားပါသည္။ ေဖးခ်မ့္ သူဝယ္ယူထားသည့္ ပစၥည္းမ်ား မ်ားျပားလြန္းသည္ဟု ခံစားခဲ့ရေသာ္လည္း တကယ္တမ္း သူ႕လက္ထဲမွာ အိတ္မ်ားမ်ားစားစား မ႐ွိပါ။
အားလုံးအတြက္ စုစုေပါင္း ကုန္က်စရိတ္က ၇၃,၀၀၀ ယြမ္ ျဖစ္ပါသည္။
ေဖးခ်မ့္သည္ ေအာင္ျမင္စြာျဖင့္ ယြမ္ ၃,၀၀၀ ဝန္းက်င္ကို ျဖဳန္းႏိုင္ခဲ့ပါၿပီ။
ေဖးခ်မ့္ ပီတိျဖာသြား၏။ ဒါက သမိုင္းဝင္မည့္ ေျခလွမ္းတစ္ခုျဖစ္သည္။
'ငါအေကာင္းဆုံးမလိုခ်င္ဘူး ေစ်းအႀကီးဆုံး လိုခ်င္တာ' ဟူသည့္ ေအာင္ျမင္ေသာ ဥပေဒသနဲ႔အညီ ျဖဳန္းတီးခဲ့ျခင္း၏ ရလဒ္ျဖစ္ပါသည္။
ေနာက္ပိုင္း သုံးစြဲသမွ်က သူ႕ကိုယ္ပိုင္စည္းစိမ္ထဲ အလိုလို ေရာက္လာေတာ့မည္။
ေဖးခ်မ့္ ျပဳံးလိုက္၏။ သို႔ေသာ္လည္း သူ႕ဝန္ထမ္းမ်ား၏ အျမင္မွာေတာ့ သူ႕ကိုျမင္သည့္ပုံစံက မတူလွပါ။
လင္းဝမ္က အလြန္စိတ္ခံစားခ်က္ျပင္းျပေနသည္။
သမုဒၵရာရဲတိုက္က အလြန္ေအာင္ျမင္ေနသည္။ ေလွ်ာ့တြက္ၾကည့္ရင္ေတာင္ တစ္လကို ေဘာ့စ္ေဖးက ယြမ္ ၂ သန္းေက်ာ္ေလာက္ ဝင္ေငြရႏိုင္၏။
ဒါေတာင္ သူက အလြန္ၿခိဳးျခံေခြၽတာေနပါလား။
အခန္း(၇၄) သမိုင္းဝင္ေျခလွမ္း
ေဘာ့စ္ေဖး ကိုယ္ေရးကိုယ္တာ အသုံးအေဆာင္ ဘရန္းတခ်ိဳ႕အား ျဖတ္ေလွ်ာက္သြားသည္ကို လင္းဝမ္ သတိထားမိပါသည္။ သူ ဝင္ေတာင္မၾကည့္ခဲ့ပါ။
ယြမ္ ၁,၀၀၀ ေက်ာ္တန္ ေရေမႊးလက္ေဆာင္ဗူးေလးကိုပင္ မဝယ္ခဲ့ပါ။
ထို႔အျပင္ ေဘာ့စ္ေဖးက အလုပ္နဲ႔ ပတ္သက္သည့္အရာမ်ားကိုသာ ဝယ္ခဲ့သည္။ ပိုက္ဆံအိတ္နဲ႔ လက္ဆြဲအိတ္တို႔ကေတာင္ လုပ္ငန္းသုံး အစည္းအေဝးပြဲမ်ားႏွင့္ သင့္ေတာ္ေသာ အရာမ်ား ျဖစ္ၾကသည္။ အားလုံးေပါင္းၾကည့္လိုက္လွ်င္ သူသုံးတာ ၁၀၀,၀၀၀ ယြမ္ေတာင္ မျပည့္ပါ။
လင္းဝမ္ အလြန္အံ့ၾသသြားခဲ့ပါသည္။ သူမေဘာ့စ္၏ ကိုယ့္ကိုယ္ကို ထိန္းသိမ္းႏိုင္စြမ္းက ဘယ္ေလာက္ေတာင္ သန္မာလိုက္သလဲ။
သူမ၏ ႏွလုံးသားကို ထိေတြ႕လိုက္ကာ ၂ သန္း ေလာက္ သို႔မဟုတ္ ၁ သန္းေလာက္ပဲ ရ႐ွိပါေစဦး၊ တျခားလူတစ္ေယာက္သာဆိုလွ်င္ အဝတ္အစား၊ ပိုက္ဆံအိတ္နဲ႔ နာရီတို႔အတြက္ တစ္ခုကို ယြမ္ေသာင္းခ်ီတန္ဖိုး႐ွိတာေတြကိုပဲ ဝယ္ယူလိမ့္မည္၊။
သို႔ေသာ္လည္း ေဘာ့စ္ေဖးကေတာ့ ယြမ္ ၁၀၀,၀၀၀ ေတာင္ ျပည့္ေအာင္ မသုံးခဲ့ပါ။ ထို႔အျပင္ ေဘာ့စ္ေဖးက စိတ္ေက်နပ္ေနသည့္ပုံလည္း ေပါက္သည္။
အလြန္အထင္ႀကီးစရာေကာင္းပါသည္။
ေဘာ့စ္ေဖးက အလုပ္အေျခအေနမ်ား၊ လစာမ်ားႏွင့္ ေဘာနပ္စ္မ်ား ေပးရာတြင္ အၿမဲတမ္း ရက္ေရာခဲ့သည္ကို စဥ္းစားၾကည့္ေသာအခါ သူမ အခုျမင္လိုက္တာ အေသးအဖြဲသာျဖစ္ပါသည္။
လင္းဝမ္၊ ဟြမ္းစစ္ေပၚႏွင့္ ကုမၸဏီက လူေတြ၏ မ်က္လုံးမ်ား အနည္းငယ္ စိုစြတ္သြားၾကသည္။
စင္ၾကယ္လိုက္တဲ့ သူတို႔ရဲ႕ေဘာ့စ္...
ေဖးခ်မ့္ကေတာ့ အားလုံးရဲ႕ တုန္႔ျပန္မႈကို သတိမထားမိပါ။
သူဘာဆက္ျဖဳန္းလို႔ရဦးမလဲ အသည္းအသန္ စဥ္းစားေနဆဲျဖစ္သည္။ ယခု သူ အ႐ႈံးေပၚသည့္ အေျခအေနထဲ ဝင္ေရာက္သြားၿပီျဖစ္သျဖင့္ ထပ္သုံးလိုက္သည့္ ပိုက္ဆံတိုင္းက သူ႕ကိုယ္ပိုင္စည္းစိမ္ထဲဝင္ေရာက္လာပါေတာ့မည္။
ထို႔အျပင္ ေ႐ွာ့ပင္းေမာလ္ထဲ တစ္ပတ္ေလာက္ အျပည့္ပတ္ၿပီးသြားၿပီျဖစ္သည္။ စနစ္က သူ႕ကို ဝယ္ဖို႔ မကန္႔ကြက္သည့္ အရာတိုင္းကိုလည္း ဝယ္ယူၿပီးၿပီျဖစ္ပါသည္။ အားလုံး၏ ေ႐ွာ့ပင္းထြက္ျခင္းလည္း ၿပီးဆုံးကုန္ၾကၿပီး ပထမထပ္က ခန္းမႀကီးတြင္ အားလုံးျပန္စုစည္းကုန္ၾကသည္။ လက္ထဲတြင္လည္း ေ႐ွာ့ပင္းအိတ္မ်ား အျပည့္ျဖင့္ မ်က္ႏွာေပၚတြင္လည္း က်ယ္ဝန္းေသာ အျပဳံးမ်ားျဖင့္ ႐ွိေနၾကပါသည္။
အခမဲ့ေ႐ွာ့ပင္းက ဒီေလာက္ေတာင္ ခံစားလို႔ေကာင္းသည္။
သို႔ေသာ္လည္း ေဖးခ်မ့္က ဒီတိုင္း ထြက္မသြားခ်င္ေသးပါ။ သူ ေနာက္ဆုံးေတာ့ အ႐ႈံးေပၚသည့္ အေျခအေနကို ေရာက္ႏိုင္ခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ ယြမ္ ၃,၀၀၀ ေက်ာ္သာ သုံးျဖဳန္းရေသးသျဖင့္ လက္မေလွ်ာ့ခ်င္ေသးပါ။
သူ ႐ွင္းဟိုက္လူကို ၾကည့္လိုက္ၿပီး မ်က္လုံးမ်ား ေတာက္ပသြားပါသည္။ "ကြၽန္ေတာ့္ မိတ္ေဆြ ေဘာ့စ္တစ္ေယာက္အတြက္ လက္ေဆာင္ ဝယ္ေပးခ်င္လို႔ ဘာအၾကံေပးစရာ႐ွိလဲ။"
သူ႕အတြက္သူ ဝယ္သည္ဟု တိုက္႐ိုက္မေျပာႏိုင္ပါ။ ဒါက အလြန္ထူးဆန္းႏိုင္ၿပီး စနစ္က သတိေပးႏိုင္ပါသည္။ ထို႔ေနာက္ အားလုံးကလည္း ေတြးၾကလိမ့္မည္။ သူ႕အတြက္သူဝယ္တာဆိုရင္ ေဖးခ်မ့္က သူလိုခ်င္တာ ဝယ္လို႔ ရရဲ႕သားနဲ႔ ဘာေၾကာင့္ သူတို႔ကို လာေမးရတာလဲ။
သို႔ေသာ္လည္း မိတ္ေဆြတစ္ေယာက္အတြက္ဟု ေျပာလိုက္လွ်င္ အားလုံး၏ အေတြးကလည္း တူညီသြားလိမ့္မည္။ ေဖးခ်မ့္ကလည္း ဒီအခြင့္အေရးကို အသုံးခ်ၿပီး သူ ဘာလိုအပ္ေနေသးလဲ၊ ဘာမဝယ္ရေသးဘူးလဲ စဥ္းစားႏိုင္ပါသည္။
႐ွင္းဟိုက္လူက ပစၥည္းတခ်ိဳ႕ကို စတင္ၿပီး အၾကံေပးသည္။ အားလုံးလည္း ဝင္ပါၾက၏။ သူတို႔က ေစ်းႀကီးသည့္ ဝတ္စုံ၊ ေရေမႊး၊ လက္ပတ္နာရီ၊ ေဖာင္တိန္ စသည္တို႔ ဝယ္ေပးရန္ အၾကံေပးၾကသည္။
ေဖးခ်မ့္က ေခါင္းပဲဆက္တိုက္ခါေနပါသည္။
သူ ဒါေတြအားလုံးနီးပါးကို ျမင္ၿပီးသားျဖစ္ၿပီး ဝယ္ႏိုင္တာကိုလည္း အကုန္ဝယ္ၿပီးသားျဖစ္ပါသည္။ က်န္တာေတြကိုေတာ့ စနစ္က သူ႕ကို ဝယ္ခြင့္မျပဳပါ။
အားလုံးက အၾကံေပးၿပီးသြားၾကၿပီး ဘာဆက္ေျပာရမွန္း မသိေတာ့ပါ။ ဘာကို လက္ေဆာင္အျဖစ္ ေပးလို႔ရဦးမလဲ သူတို႔ မေတြးတတ္ၾကေတာ့ေပ။
ထိုအခ်ိန္တြင္ လင္းဝမ္က အၾကံတစ္ခု ေပးလိုက္၏။ "မ်က္မွန္... ဆိုရင္ေကာ"
ေဖးခ်မ့္၏ မ်က္လုံးမ်ား ဝိုင္းစက္သြားသည္။ "မ်က္မွန္ဟုတ္လား"
လင္းဝမ္က ေခါင္းၿငိမ့္ကာ ေျပာလိုက္သည္။ "ေဘာ့စ္ရဲ႕ မိတ္ေဆြက မ်က္စိမႈန္ရင္ သူ႕ကို မ်က္မွန္ေပးလို႔ရတယ္။ ဒါေပမယ့္ သူ႕ရဲ႕ ဒီဂရီကိုေတာ့ သိထားရမယ္။ သူ႕ဒီဂရီကို မသိတာ၊ ဒါမွမဟုတ္ သူက မ်က္စိမမွန္တာဆိုရင္ေတာ့ အလွတပ္မ်က္မွန္ကိုင္း လက္ေဆာင္ေပးလို႔ရတာပဲ။"
"ၾကည့္ေကာင္းတဲ့ မ်က္မွန္တစ္လက္က လူတစ္ေယာက္ရဲ႕ အ႐ွိန္အဝါနဲ႔ သူ႕မွာအျမင္႐ွိမွန္း ျပသေပးတယ္။"
ေဖးခ်မ့္က လင္းဝမ္ကို ခ်ီးက်ဴးခ်င္သြားမိသည္။
မ်က္မွန္ ငါဘာလို႔ မစဥ္းစားမိပါလိမ့္။
ေဖးခ်မ့္က မ်က္လုံးလည္း မမႈန္သလို မ်က္မွန္လည္း မလိုအပ္ပါ။ ထို႔ေၾကာင့္ သူႀကိဳးစားၿပီး စဥ္းစားခဲ့ေသာ္လည္း ဒါကို မေတြးမိျခင္း ျဖစ္ပါသည္။
စဥ္းစားၾကည့္မွ သူ႕အတြက္သူ မ်က္မွန္တစ္လက္ဝယ္ျခင္းက က်ိဳးေၾကာင္းသင့္ေလ်ာ္ပါသည္။
သူလက္ေထာက္႐ွင္းကိုၾကည့္လိုက္ၿပီး ေျပာလိုက္သည္။ "ကြၽန္ေတာ္ ေစ်းအႀကီးဆုံး မ်က္မွန္ေတြကို ဘယ္မွာဝယ္လို႔ရမလဲ။"
႐ွင္းဟိုက္လူက ေခတၱစဥ္းစားလိုက္ၿပီး ျပန္ေျပာလိုက္ပါသည္။ "ဒီမွာ မ်က္မွန္ေရာင္းတဲ့ Louis Vuitton ဆိုင္တစ္ဆိုင္ေတာ့ ႐ွိတယ္။ ေစ်းေတာ့ ႀကီးမွာပါ။ ဒါေပမယ့္ သူတို႔ရဲ႕ ပစၥည္းအမ်ားစုက ေနကာမ်က္မွန္ေတြပဲ။ ေဘာ့စ္ ႐ွာေနတာျဖစ္ႏိုင္ပါ့မလား မသိဘူး။"
"ကြၽန္ေတာ့္ကို လိုက္ပို႔ေပးပါ"
သူတို႔ႏွစ္ေယာက္ ဓါတ္ေလွကားကို စီးကာ မၾကာမီ Louis Vuitton ဆိုင္ကို ေရာက္ကာ မ်က္မွန္မ်ား ေရာင္းခ်သည့္စင္မ်ားကိုပါ ေတြ႕ခဲ့ရပါသည္။
ေဖးခ်မ့္က ႐ွာၾကည့္လိုက္ၿပီး ေစ်းႏႈန္းမ်ားက စိတ္ေက်နပ္စရာေကာင္းမွန္း ျမင္လိုက္ရပါသည္။
ေစ်းအေပါဆုံးက ယြမ္ ၂,၀၀၀ ေလာက္႐ွိၿပီး ေစ်းအႀကီးဆုံးကေတာ့ ယြမ္ ၉,၀၀၀ ေက်ာ္ေလာက္ ႐ွိပါသည္။
မ်က္မွန္တစ္လက္ကို ယြမ္ ၉,၀၀၀ ျဖင့္ ေရာင္းခ်ႏိုင္ျခင္းက ေဖးခ်မ့္အတြက္ အနည္းငယ္ မေမွ်ာ္လင့္ထားသည့္ အရာ ျဖစ္သည္။ သို႔ေသာ္လည္း သူ႕အတြက္ေတာ့ ေကာင္းသည့္အရာ ျဖစ္ပါသည္။
သို႔ေသာ္လည္း ေဖးခ်မ့္က ယြမ္ ၉,၀၀၀ ေက်ာ္တန္ မ်က္မွန္တစ္လက္ကို ကိုင္ၾကည့္လိုက္ေသာအခါ စနစ္က သူ႕ကို ကန္႔ကြက္လိုက္ပါသည္။
"..."
ေဖးခ်မ့္က ဆြံ႕အသြားပါသည္။ စနစ္က သူ႕ကိုဝယ္ခြင့္မေပးဘူးလား။
စိတ္ပ်က္စရာပဲ။
ယြမ္ ၈,၀၀၀ ေက်ာ္တန္ ေနာက္ထပ္ မ်က္မွန္ တစ္လက္ကို ကိုင္ၾကည့္ၿပီး ထပ္ႀကိဳးစားၾကည့္လိုက္ပါသည္။
ဒီတစ္ေခါက္ေတာ့ စနစ္က ဘာသတိေပးခ်က္မွ ထြက္မလာပါ။
ေဖးခ်မ့္ အေပ်ာ္လြန္သြား၏။ ယွဥ္ၾကည့္လိုက္ေသာအခါ ပထမ ေမာ္ဒယ္က အနည္းငယ္ ေပါ့ျပက္ျပက္ႏိုင္သည့္ပုံေပါက္သည္။ မ်က္မွန္ကိုင္းက အနည္းငယ္ ေတာက္ပလြန္းေနသျဖင့္ စီးပြားေရးနဲ႔သက္ဆိုင္ရမည့္ ဆိုသည့္ လိုအပ္ခ်က္ကို မျပည့္မွီႏိုင္ပါ။
ဒုတိယ မ်က္မွန္ကေတာ့ ေနကာမ်က္မွန္ဟု ဆိုထားသည္။ အလြန္ပါးလႊာသည့္ မ်က္မွန္ကိုင္းႏွင့္ ေ႐ႊေရာင္ႀကိဳးမ်ား၊ ၎၏ ေျဖာင့္တန္းၿပီး က်ဥ္းေျမာင္းသည့္ တည္ေဆာက္ပုံတို႔က ပိုၿပီး လက္သင့္ခံႏိုင္စရာ႐ွိပါသည္။
ေဖးခ်မ့္တပ္ၾကည့္လိုက္ကာ ႐ွင္းဟိုက္လူကို ၾကည့္လိုက္ၿပီး ေမးၾကည့္လိုက္သည္။ "ကြၽန္ေတာ္ ဘယ္လိုေနလဲ။"
႐ွင္းဟိုက္လူက ေခါင္းၿငိမ့္ကာ ေျပာလိုက္ပါသည္။ "အရမ္းအဆင့္ျမင့္ပါတယ္ ေဘာ့စ္ေဖး"
ေဖးခ်မ့္ ပီတိျဖာသြားပါသည္။
ထို႔ေၾကာင့္လည္း စနစ္က ဘာသတိေပးခ်က္မွ မထုတ္တာျဖစ္ႏိုင္သည္။ ဒီမ်က္မွန္ကို စီးပြားေရးအတြက္ သုံးႏိုင္ၿပီး တကယ္ပဲ သူ႕အ႐ွိန္အဝါကို ျမင့္တက္ေစပါသည္။
စနစ္က ဒီမ်က္မွန္အား လုပ္ငန္းအစည္းအေဝးပြဲမ်ားတြင္ တပ္ဆင္ႏိုင္ၿပီး အ႐ွိန္အဝါကို ျမႇင့္တင္ေပးႏိုင္သည္ဟု သတ္မွတ္လိုက္တာ ျဖစ္ႏိုင္သည္။ ဝတ္စုံတစ္စုံႏွင့္ လုပ္ေဆာင္ခ်က္ျခင္းတူညီသျဖင့္ ခြင့္ျပဳလိုက္ျခင္း ျဖစ္ပါသည္။
ေဖးခ်မ့္က ဒီဇိုင္းအနည္းငယ္ကြာျခားၿပီး စနစ္က ခြင့္ျပဳသည့္ ေစ်းအႀကီးဆုံး မ်က္မွန္ႏွစ္လက္ကို ယူလိုက္သည္။
"ကြၽန္ေတာ္ ဒါေတြယူမယ္ေနာ္။"
ေဖးခ်မ့္က သူ႕ကတ္ကို ခ်က္ခ်င္း ျဖတ္လိုက္ပါသည္။
အေရာင္းဝန္ထမ္းမေလးက အံ့အားသင့္ ေပ်ာ္႐ႊင္သြားၿပီး လက္ရာေျမာက္သည့္ လက္ေဆာင္ဗူးေလးတစ္ဗူးကို ထုတ္ေပးၿပီး ေဖးခ်မ့္အတြက္ မ်က္မွန္မ်ားကို ေသသပ္စြာ ထုပ္ပိုးေပးလိုက္ပါသည္။
မ်က္မွန္တစ္လက္ကို ထုပ္ပိုးၿပီးေသာအခါ သူမ ေနာက္တစ္လက္ကို ထုပ္ပိုးဖို႔ျပင္၏။ ေဖးခ်မ့္က ဒုတိယတစ္လက္ကို ထုပ္ပိုးဖို႔ မလိုဘူးဟူသည့္ သေဘာျဖင့္ လက္ရမ္းျပလိုက္ပါသည္။
"ကြၽန္ေတာ္ တပ္သြားမွာပါ။"
ေဖးခ်မ့္က မ်က္မွန္၏ အကာမွန္မ်ားကို ခြၽတ္လိုက္ၿပီး မ်က္မွန္ကို တပ္ၾကည့္လိုက္ပါသည္။
မွန္ထဲတြင္ သူ႕ကိုယ္သူၾကည့္လိုက္သည္။
အမွန္ပင္။ သူက တကယ္ပဲ အဆင့္ပိုျမင့္သည့္ပုံေပါက္သြားပါသည္။
ဟုတ္ၿပီ။ ငါဒါကိုတပ္ထားမယ္။
ယြမ္ ၈,၀၀၀ ေက်ာ္တန္ျဖစ္သျဖင့္ ဒီတိုင္း ဖုန္တက္ေအာင္ ပစ္ထားလို႔ မရဘူး မဟုတ္လား။
စနစ္ရန္ပုံေငြကို ေနာက္တစ္ေခါက္ စစ္ၾကည့္ၿပီးသြားေသာအခါ ေဖးခ်မ့္က အခုအလြန္ေက်နပ္သြားပါၿပီ။ သူ အစြမ္းကုန္ ႀကိဳးစားၿပီး ယြမ္ ၂၀,၀၀၀ ေက်ာ္ ျဖဳန္းတီးႏိုင္ခဲ့သည္။ ဒါက ေဖးခ်မ့္၏ ေျခလွမ္းငယ္ေလးသာ ႐ွိေသးေသာ္လည္း စနစ္ကို အႏိုင္ယူဖို႔ ႀကီးမားေသာ ေျခလွမ္းတစ္ခု ျဖစ္ပါသည္။
သူတို႔ႏွစ္ေယာက္ ခန္းမထဲကို ျပန္လာခဲ့ၾကသည္။ အားလုံးက ခ်က္ခ်င္းဆိုသလိုပဲ ေဘာ့စ္ေဖး၏ ပုံရိပ္တစ္ခုခု ေျပာင္းလဲသြားတာကို သတိထားမိပါသည္။ ေဘးဘက္တြင္ ေ႐ႊႀကိဳးမ်ားျဖင့္ မ်က္မွန္တစ္လက္ကို တပ္လာသည္။ သူ႕အ႐ွိန္အဝါက လုံးဝ ေနာက္ထပ္ အဆင့္တစ္ဆင့္ကို ေရာက္႐ွိသြားပါၿပီ။
"ေဘာ့စ္ေဖးက ေခ်ာလိုက္တာ"
"ေဘာ့စ္ေဖးက သူ႕အတြက္ပါ မ်က္မွန္ တစ္လက္ ဝယ္လိုက္တာလား။ ၾကည့္လို႔ အရမ္းေကာင္းတာပဲ။"
"အဲ့ဒီမ်က္မွန္က အမ်ားႀကီး ေပးရမွာပဲေနာ္။ အနည္းဆုံး ယြမ္ ၁,၀၀၀ ေလာက္ေတာ့ ကုန္မယ္ မဟုတ္လား။"
သူ႕ဝန္ထမ္းမ်ားထံမွ ခ်ီးက်ဴးသံမ်ားႏွင့္ ေျမႇာက္ပင့္မႈမ်ားကို ရင္ဆိုင္ရၿပီး ေဖးခ်မ့္က အနည္းငယ္ျပဳံးလိုက္သည္။ တစ္ဖက္မွာေတာ့ ဂ႐ုမစိုက္ပါ။
"ကဲ ကိုယ့္လမ္းကိုယ္ ျပန္ၾကရေအာင္။ တကၠဆီခေတြကို ျပန္ယူလို႔ရတယ္ေနာ္။ အားလပ္ရက္မွာ ေကာင္းေကာင္း အနားယူၾကပါ။"
...
၃၁ ရက္ေန႔တြင္ စနစ္က ေငြစာရင္း စတင္႐ွင္းလင္းေပးပါသည္။
ေဖးခ်မ့္၏ ေ႐ွ႕တြင္ မ်က္ႏွာျပင္တစ္ခုက ေပၚလာခဲ့ျပန္သည္။
[ စည္းစိမ္ အလဲအထပ္ စနစ္ ]
[ ပိုင္႐ွင္ : ေဖးခ်မ့္ ]
[ အျမတ္ေငြ အလဲအထပ္္ အခ်ိဳး ၁၀၀ : ၁၊ အ႐ႈံးေငြ အလဲအထပ္ အခ်ိဳး ၁ : ၁ ]
[ ေငြစာရင္း႐ွင္းျခင္း စတင္ေနပါၿပီ... ]
[ စနစ္ရန္ပုံေငြ : ၄၇၈,၇၃၄.၅ (⬇️၂၁၂,၂၇၆.၅) ]
[ ကိုယ္ပိုင္စည္းစိမ္ : ၆၀၈.၃ ]
[ ေငြစာရင္း႐ွင္းျခင္း ေဆာင္႐ြက္ေနပါၿပီ .... ]
[ အလဲအထပ္ ေဆာင္႐ြက္ေနပါၿပီ .... ]
[ စနစ္ရန္ပုံေငြ : ၄၇၈,၇၂၃.၅ ]
[ ကိုယ္ပိုင္စည္းစိမ္ : ၂၁,၈၈၄.၈ (⬆️၂၁,၂၇၆.၅) ]
ေဖးခ်မ့္ ငိုခ်င္သြားေလာက္သည့္အထိ စိတ္ခံစားခ်က္ ျပင္းျပသြားပါသည္။
ေနာက္ဆုံးေတာ့....
ေဖးခ်မ့္သည္ သူ အစြမ္းကုန္ႀကိဳးစားၿပီးေနာက္ ေနာက္ဆုံးေတာ့ ယြမ္ ၂၀,၀၀၀ အ႐ႈံးေပၚေအာင္ လုပ္ႏိုင္ခဲ့ပါၿပီ။
ထို ယြမ္ ၂၀,၀၀၀ ကိုအထင္မေသးပါနဲ႔။
ဒါက သမိုင္းဝင္မည့္ ပထမဆုံးေျခလွမ္း ျဖစ္ပါသည္။
ဒီေျခလွမ္းငယ္ေလးက မဟာေအာင္ျမင္မႈႀကီးဆီသြားမည့္ ေျခလွမ္းႀကီးတစ္ခုျဖစ္ပါသည္။
သိပ္မၾကာမီ မ်က္ႏွာျပင္က ေဒတာမ်ာာ ထပ္ျပသည္။
[ ေနာက္ထပ္ ေငြစာရင္း႐ွင္းခ်ိန္ : ၉၀ ရက္အလို ]
[ စနစ္ရန္ပုံေငြအား ျဖည့္သြင္းေပးသြားပါမည္။ သတ္မွတ္ထားေသာ ပမာဏ : ၁,၀၀၀,၀၀၀ ]
[ ၅၂၁,၂၇၆.၅ ျဖည့္သြင္းေပးေနပါသည္... ]
[ စနစ္ရန္ပုံေငြ ျဖည့္သြင္းျခင္း ၿပီးေျမာက္သြားပါၿပိ ]
[ စနစ္ရန္ပုံေငြ : ၁,၀၀၀,၀၀၀ ]
[ ကိုယ္ပိုင္စည္းစိမ္ : ၂၁,၈၈၄.၈ ]
[ ဒီတစ္ပတ္အတြက္ အထူးတာဝန္ : ကုမၸဏီက လူေနစည္ကားသည့္ ၿမိဳ႕ေတာ္ ရပ္ကြက္တစ္ခု သို႔မဟုတ္ တကၠသိုလ္တစ္ခုအနီးတြင္ ဆိုင္ခန္းတစ္ခု ပိုင္ဆိုင္ရပါမည္ ]
[ အထူးတာဝန္ ေအာင္ျမင္မႈ ဆုလာဘ္ : ေနာက္ဆုံး လဲထပ္ထားေသာ ေငြပမာဏ၏ ထပ္ေဆာင္း အပို ၁၀ ရာခိုင္ႏႈန္း ]
ေဖးခ်မ့္ ခန္႔မွန္းထားသလိုပင္ ဒီတစ္ေခါက္ စနစ္ရန္ပုံေငြ၏ စုစုေပါင္း ရန္ပုံေငြပမာဏက ၅၀၀,၀၀၀ မွ ၁,၀၀၀,၀၀၀ အထိ တိုးျမင့္သြားၿပီျဖစ္သည္။
ေဖးခ်မ့္၏ စနစ္ရန္ပုံေငြကသာ ယြမ္ ၁ သန္းထက္ ေက်ာ္ေနပါက ဒီတစ္ေခါက္ ေငြျဖည့္သြင္းခံရမည္ မဟုတ္ေပ။
ေဖးခ်မ့္က အသည္းအသန္ ျဖဳန္းတီးကာ ၄၇၀,၀၀၀ ယြမ္ သုံးႏိုင္ခဲ့သည္။ သူ႕ကိုယ္ပိုင္စည္းစိမ္ထဲ ယြမ္ ၂၀,၀၀၀ ေလာက္ ထည့္ႏိုင္ခဲ့႐ုံတင္မကေသးဘဲ စနစ္က ရန္ပုံေငြကို ယြမ္ ၁ သန္း ျပည့္ေအာင္ အလိုအေလ်ာက္ ျပန္ျဖည့္ေပးခဲ့ပါသည္။ သူေ႐ႊတြင္းတူးမိပါၿပီ။
ထို႔အျပင္ ဒီတစ္ေခါက္က အရင္ေငြစာရင္း႐ွင္းခ်ိန္မ်ားနဲ႔ ျခားနားေနတာကို ေဖးခ်မ့္သတိထားမိပါသည္။
စနစ္ရန္ပုံေငြက ဒီတစ္ေခါက္ ၁ သန္းအတိ ျဖည့္သြင္းေပးသျဖင့္ ေဖးခ်မ့္ သုညအေရအတြက္မ်ားကို ခက္ခက္ခဲခဲ တြက္ခ်က္ဖို႔ မလိုအပ္ေတာ့ပါ။
ထို႔အျပင္ စနစ္က အထူးတာဝန္တစ္ခုကိုလည္း ေၾကညာခဲ့သည္။ ကုမၸဏီက ဘယ္လို ဆိုင္ခန္းမ်ိဳးကိုမဆို ႐ွိထားဖို႔လိုသည္။ ဒီတာဝန္ကို ေအာင္ျမင္ေအာင္ ထမ္းေဆာင္ႏိုင္ပါက မူလပမာဏထက္ ၁၀ ရာခိုင္ႏႈန္းပိုသည့္ ေငြပမာဏကို သူရႏိုင္မည္ျဖစ္သည္။