Zaw
ၾကားလိုက္ရသည့္ စကားက
သူ႕နားပင္ သူမယုံနိုင္။ သူ႕
မ်က္ခုံးေတြ တြန့္ပစ္ရင္း
စိတ္ေတြ႐ူပ္ေထြးသြားရသည္။
"တိုးတိုးေျပာပါ...အေမရ...
သူသိရင္ သားကိုအလႊတ္ေပးမွာ
မဟုတ္ဘူး"
ဟား...
သူ႕ညီႏူတ္က စကားက
ေသခ်ာေနသလိုေၾကာင့္
သူမယုံနိုင္စြာ ေလျပင္းျပင္းကို
ဟားခနဲ မႈတ္ထုတ္မိလိုက္သည္။
"ဟုတ္တယ္...စစ္အာဏာတည္က...
သူ႕ကိုယ္သူ လည္လွၿပီ မွတ္ေနတာ
တကယ္ေတာ့ သူက ႏွဖားႀကိဳး
ထိုးခံေနရတယ္ဆိုတာ သူ႕ကိုယ္သူ
မသိရွာဘူး"
ေဒၚစိုးစႏၶာရဲ႕ စကားကိုၾကားေတာ့
သူ႕ေဒါသက ေထာင္းခနဲထရသြားရကာ
လက္သီးကို က်စ္က်စ္ဆုပ္ထားမိသည့္
အျဖစ္။
"အဲ့ေကာင္မေလးကလည္း...တုံးတာ...
အေမရ...အဲ့ေန႕ညက...သူ႕သူငယ္ခ်င္း
ေမြးေန႕က ျပန္လာတယ္ဆိုလားပဲ
သားနဲ႕လမ္းမွာေတြ႕တာ...သူက အကို႔ရဲ႕
ညီဆိုတာနဲ႕ ယုံၿပီး သားကားေပၚ
လိုက္တာေလ...သားကလည္း...ဟဲဟဲ"
"စစ္မက္ရွင္...."
သူေဒါသတႀကီး ေအာ္ပစ္လိုက္သည္။
႐ုတ္တရက္ ေဒါသသံႀကီးနဲ႕
ေအာ္လာသည့္ သူ႕ကိုလွည့္ၾကည့္ၿပီး
ေဒၚစိုးစႏၶာနဲ႕ စက္မက္ရွင္တို႔
မ်က္လုံးေပၚက အၿပဳံးတို႔မွာ
ခ်က္ခ်င္းေပ်ာက္ရွသြားလ်က္
စိုးရိမ္တုန္လႈပ္ေနတဲ့
မ်က္ႏွာထားေတြ ျဖစ္ကုန္ၾက၏။
ထို႔အတူ သူ႕ရဲ႕ေျခလွမ္းႀကဲႀကီးေတြက
လည္း ညီျဖစ္သူ စစ္မက္ရွင္ဆီကိုသာ
ဦးတည္ေလွ်ာက္လာကာ....
"ခြပ္စ္...."
အနားကိုေရာက္သည္ႏွင့္
ေဒါသကိုထိန္းမရေတာ့
လက္သီးျဖင့္ ညီျဖစ္သူကို
အားရပါးရ ထိုးပစ္လိုက္သည္။
"အမေလး....သား...သားေလး..."
"ေခြးေကာင္...."
ေနာက္ျပန္လဲက်သြားတဲ့ သားျဖစ္သူကို
စိုးရိမ္စိတ္နဲ႕ အလန့္တၾကား သြားထူ
ေနတဲ့ ေဒၚစိုးစႏၶာက ေခြးေကာင္ဟု
ေျပာလိုက္ေတာ့ မ်က္ႏွာတင္းတင္းႀကီးျဖင့္
သူ႕အား လွည့္ၾကည့္လာသည္။
"နင္ငါ့သားကိုဘာလုပ္တာလဲ"
"က်ဳပ္ဘာလုပ္လိုက္လဲ...
ခမ်ားမျမင္ဘူးလား...ေခြးက်င့္
ေခြးႀကံ ႀကံတဲ့ေကာင္ကို
က်ဳပ္ဆုံးမလိုက္တာေလ..."
သူေျပာလိုက္ေတာ့မွာ သားအမိ
ႏွစ္ေယာက္လုံးက ထလာကာ...
"ငါတို႔က နင့္ကိုလာကူညီတာဟဲ့...
နင္ကေက်းဇူးရွင္ကို ေစာ္ကား
ေနတာပဲ..."
"ဘာေက်းဇူးရွင္လဲ...အေဖ့ေငြနဲ႕
နာမည္ေကာင္းလာယူေနၾကတာ
မသိရင္ခက္မယ္...."
ထိုအခ်ိန္မွ ေဒၚစိုးစႏၶာက
သားျဖစ္သူ စစ္မက္ရွင္ရဲ႕
လက္ကို အသာတို႔၍ အရိပ္အကဲ
ျပလိုက္ခ်ိန္....
"အကို...အကိုထင္သလို
မဟုတ္ပါဘူး...ကြၽန္ေတာ္နဲ႕အေမက
အကိုေရာက္ေနမွန္းသိလို႔...စ...."
"မင္းပါးစပ္ကို ပိတ္ထား...
မင္းအိမ္ေထာင္မက်ခင္က
ရည္းစားေတြ ေပြ႐ူပ္ခဲ့တယ္...
ငါဘာတစ္ခြန္းဝင္ေျပာခဲ့ဖူးလဲ...
မင္းအိမ္ေထာင္က်သြားတယ္...
အခုထိ မင္းမိန္းမေတြေပြတုန္း...
အဲ့အထိ ငါတစ္ခြန္းမွ ဝင္ေျပာဖို႔
စိတ္ကူးမရွိဘူး...အခုဟာက...
ပ်ိဳ႕လက္ရာပန္...မင္းသူ႕ကို...
သူ႕ကို....က်စ္..."
သူေျပာမထြက္နိုင္။
သူ႕စိတ္ထဲ ခံျပင္းမႈနဲ႕အတူ
ႏွေျမာတမ္းတမႈေတြလည္း
ႀကီးစိုးေနသည္။
သူ႕စကားကို ခနရပ္ပစ္လိုက္ေတာ့
ေဒၚစိုးစႏၶာက သူ႕အား မ်က္ေစာင္း
ထိုးလ်က္...
"ေကာင္မေလးတစ္ေယာက္ပဲကို...
အခုေခတ္က ေငြေပးလိုက္ရင္
ေက်နပ္သြားၾကမွာပဲ..."
ေဒၚစိုးစႏၶာစကားေၾကာင့္
သူအံကိုႀကိတ္ပစ္ရင္း
ေခါင္းကို တညိမ့္ညိမ့္ျဖင့္....
"ဒီလို အေမဆီက ဒီလိုသားမ်ိဳး
ထြက္လာတာ မဆန္းပါဘူး....
ေခြးေလာက္ေတာင္ အသိတရား
မရွိတဲ့ဟာေတြ"
"နင္ဘာစကားေျပာတာလဲ..."
"ေမေမ...စိတ္ေလ်ာ့ပါ..."
သူ႕အားထပ္ၿပီး ရန္ေတြ႕ဖို႔
ေရွ႕တိုးလာတဲ့ ေဒၚစိုးစႏၶာကို
စစ္မက္ရွင္က တားလိုက္၏။
"အဲ့ဒါေတြက ၿပီးခဲ့ၿပီပဲ
အခုအားလုံးအဆင္ေျပေနၾကၿပီပဲ
ေလ...ျပႆနာကို မီးထြန္း မရွာပါနဲ႕
ေတာ့ အကိုရာ..."
"ရွာမွာ....ငါ့ကမင္းကိုေထာင္ထဲကို
ထည့္ဦးမွာ..."
"ဒါက ကြၽန္ေတာ္ျငင္းရင္
ဘာတတ္နိုင္မွာလဲ...အကိုကေရာ...
အကို႔မိန္းမက က်ဳပ္နဲ႕ျဖစ္ၿပီးသား
ဆိုတာ လူေတြကို သိေစခ်င္လို႔လား...
ဒါေပမယ့္ေလ...ကြၽန္ေတာ္အဲ့ဒီညကို
မွတ္မိေနတုန္းပဲ...."
စစ္မက္ရွင္ စကားေၾကာင့္
သူမ်က္ခုံးနက္နက္တို႔က
အနည္းငယ္ ပင့္သက္သြားရသည္။
ဒါကိုျမင္တဲ့ စစ္မက္ရွင္က စကားကို
ခနရပ္၍ ၿပဳံးလိုက္ၿပီး....
"အဲ့ညက အကို႔မိန္းမကေလ...
အရမ္းကို႐ုန္းတာ..."
"မင္းမိုက္ရိုင္းလွခ်ည္လား..."
"ခြပ္စ္...."
"အမေလး...."
"ေခြးသား....ခြပ္စ္....."
"ငါ့သားေလး...."
"ခြပ္စ္..."
"ေတာ္...ေတာ္ပါေတာ့..."
သုံးႀကိမ္တိတိ အားျပင္းျပင္းနဲ႕
စစ္မက္ရွင္ကို သူတအားထိုး
ပစ္လိုက္သည္။ ၾကမ္းျပင္ေပၚ
ဗုန္းဗုန္းလဲၾကသြားတဲ့ အထိေပါ့။
သူ႕သားကို ထိုးေနတာျမင္ေတာ့
ေဒၚစိုးစႏၶာက ရင္က်ိဳးရသလို
ေအာ္ဟစ္ဆူညံေန၏။ စစ္မက္ရွင္
ကေတာ့ ႏူတ္ခမ္းကြဲသြားသည္
ထင္ရသည္။ ႏူတ္ခမ္းကေသြးစ
အနည္းငယ္ထြက္လာေတာ့
လက္နဲ႕ဖိသုတ္ေနသည္။
"အမေလး...ငါသားေလး...
ေသြးေတြထြက္ေနၿပီ..."
သဲသဲလႈပ္ျပေနတဲ့ ေဒၚစိုးစႏၶာကို
သူလုံးဝမၾကည့္။ သူ႕အၾကည့္
ေတြက သူမေလးကို နာက်င္ေအာင္
လုပ္ခဲ့တဲ့ ညီျဖစ္သူဆီမွာသာ။
သူမေလးရဲ႕ကိုယ္ဝန္က
သူ႕ညီနဲ႕ရတဲ့ ကိုယ္ဝန္တဲ့။
ထိုအခ်ိန္ သူ႕အေတြးထဲ
ဝင္လာသည္မွာ....
ဒါေၾကာင့္...ဒါေၾကာင့္
ဒီတစ္ေလွ်ာက္လုံး
ကေလးအေဖက ဘယ္သူဆိုတာ
ကေလးမက တစ္ခါမွ ထုတ္မေျပာ
ခဲ့တာကိုး....
စစ္မက္ရွင္က အိမ္ေထာင္သည္...
ဒါေၾကာင့္ပဲ ကေလးမရဲ႕မိဘေတြက...
သူတို႔အိမ္ႏွစ္ပတ္လည္ေန႕ မွာ
ငါ့ကိုမူးေအာင္တိုက္ၿပီး
လူလြတ္ျဖစ္တဲ့ငါ့ကို ကေလးအေဖနာမည္
ယူေစခဲ့တာကိုး....
သူ႕အေတြးေတြက သူ႕ကိုမြန္းၾကပ္
သြားေစခဲ့သည္။ သူေတာင္ ဒီေလာက္
ခံရခက္ေနလွ်င္ လ်ိဳ႕ဝွက္ခ်က္ေတြနဲ႕
တခ်ိန္လုံး သူမေလးဘယ္ေလာက္ေတာင္
နာက်င္ေနလိုက္မလဲ....
"မင္းက အသက္မျပည့္ေသးတဲ့
ကေလးမကိုေတာင္ အလႊတ္မေပးဘူး...
မင္းသိလား...အသက္မျပည့္ေသးတဲ့
အမႈဆိုရင္ မင္းေငြေၾကးဘယ္ေလာက္
သုံးသုံး ေျပးမလႊတ္ဘူး...ၿပီးေတာ့...
ငါကလည္း ေငြအကုန္ခံၿပီး...မင္းကို
ေထာင္ထဲရေအာင္ထည့္မွာ....
စစ္မက္ရွင္.... မင္းေထာင္ထဲဝင္ဖို႔သာ
ေစာင့္ေနလိုက္..."
ခပ္ျပတ္ျပတ္ေျပာကာ
သူထိုေနရာက ျမန္ျမန္ထြက္
လာခဲ့လိုက္သည္။ ဒီအခ်ိန္မွာ
သူ႕ရင္ထဲမွာ ေဝခြဲမရနိုင္တဲ့
မြန္းၾကပ္မႈေတြနဲ႕ သူမေလးကိုသာ
ေျပးေတြ႕ခ်င္တဲ့ စိတ္ေတြက
တဖြားဖြား။
သူမေလး နာက်င္ခဲ့ရတာေတြကို
သူဘာမွမသိဘဲ ကိုယ္ဝန္ဟာ
သူမေလးခ်စ္သူနဲ႕ရၿပီး တာဝန္မယူတာ
ေၾကာင့္ သူ႕ေခါင္းေပၚ ပုံခ်ခဲ့သည္ဟုသာ
သူထင္ခဲ့မိတာအမွန္။ အခုေတာ့
အထင္နဲ႕အျမင္ တလြဲစီ။
ဘာမွမစဥ္းစားနိုင္ေတာ့ဘဲ
companyထဲက ထြက္လာၿပီး
ကားေပၚတက္ကာ ကားကို
ကိုယ္တိုင္ေမာင္းထြက္လာခဲ့သည္။
ထိုကားကေလးဟာ သူမေလးရွိရာ
အိမ္ေလးကိုသာ ဦးတည္လာခဲ့၏။
ပန္....
ေတာင္းပန္ပါတယ္...ကေလးမရယ္....
ကိုယ့္အမွားေတြပါ...မသိခဲ့မိတာ...
ကိုယ္အမွားႀကီးမွားခဲ့တာပါကြာ...
"ပ်ိဳ႕လက္ရာပန္...."
"မမက အေပၚထပ္မွာရွင့္
ထားေခၚေပးမယ္ေနာ္"
"မလိုဘူး...ငါ့ဘာသာသြားေတြ႕မယ္..."
"ရွင္...ဟို..."
ေျပာေျပာနဲ႕ အိမ္ေပၚတက္လာခဲ့
လိုက္သည္။ သို႔ေသာ္လည္း
ထားဆိုတဲ့ အိမ္ေဖာ္မက
စိတ္မခ်သလိုဟန္နဲ႕ေနာက္က
လိုက္လာ၏။ ထိုစဥ္ ေလွကားအတက္
အဆင္းနားက အခန္းေရွ႕မွာ
လမ္းေလွ်ာက္ေနတဲ့ ပန့္ကိုေတြ႕
လိုက္ရသည္။
"အနီ....ရွင္ဘာလာလုပ္တာလဲ..."
အနီ႕ကိုေတြ႕ေတာ့ ပန္မ်က္လုံး
ေလးျပဴးသြားမိသည္။ အိမ္အထိ
ေရာက္လာတာမို႔ ပန္လန့္သြားမိတာ
အမွန္ပင္။
"ဘာလဲ...ငါကဒီအိမ္ကိုလာခြင့္မရွိ
ဘူးလို႔ ထင္ေနတာလား...."
"မမ သူကအတင္းဝင္လာတာ..."
"ရတယ္ထား...သူကမမအသိ"
"ဟုတ္...ဟုတ္မမ ဒါဆို ထား
သြားၿပီေနာ္..."
"အြန္း..."
ထားကိုၿပဳံးျပၿပီး ေခါင္းညိမ့္
ျပလိုက္ေပမယ့္လည္း ပန့္
အၿပဳံးေတြက အသက္မပါတဲ့
အၿပဳံးသာ။
အိမ္ေဖာ္မေလးထြက္သြားတာကို
အနီမ်က္ေစာင္းေလးပစ္ထိုးရင္း
ၾကည့္လိုက္ေသးသည္။ အနီက
ပန္နဲ႕ႏွစ္ေယာက္ထဲ ေတြ႕ခ်င္တာေၾကာင့္
စစ္ companyသြားတဲ့အခ်ိန္ကို
ေ႐ြးၿပီးလာခဲ့ျခင္းပင္။
အျပင္မွာခ်ိန္းခ်င္ေပမယ့္
ပန့္ကိုဘယ္လို ဆက္သြယ္ရမွန္း
အနီ မသိ။ ပန့္ဖုန္းနံပါတ္လည္း
အနီ႕မွာမရွိေပ။ မေန႕က စစ္ရဲ႕ဖုန္းထဲမွာ
ပန္အနီ႕ကို ဖဲ့ထားတာကို အနီလုံးဝ
မေက်နပ္နိုင္။
ဒါ့အျပင္ စစ္ကလည္း
ပန့္ေၾကာင့္ အနီ႕အေပၚစိမ္းကား
လာၿပီေလ...။ ဒါကို အနီလက္မခံနိုင္
ျဖစ္ေနမိသည္။ စစ္ဟာ အနီ႕တစ္ေယာက္
တည္းအတြက္၊ အနီ႕အပိုင္။
ပ်ိဳ႕လက္ရာပန္...
နင္သာမရွိရင္ စစ္ကငါ့ကိုျငင္းမွာ
မဟုတ္ဘူး....
ငါတို႔ႏွစ္ေယာက္ၾကားမွာ...
နင္က႐ူပ္ေနတာ...
နင္သာမရွိေတာ့ရင္.........
Uni
ကြားလိုက်ရသည့် စကားက
သူ့နားပင် သူမယုံနိုင်။ သူ့
မျက်ခုံးတွေ တွန့်ပစ်ရင်း
စိတ်တွေရူပ်ထွေးသွားရသည်။
"တိုးတိုးပြောပါ...အမေရ...
သူသိရင် သားကိုအလွှတ်ပေးမှာ
မဟုတ်ဘူး"
ဟား...
သူ့ညီနူတ်က စကားက
သေချာနေသလိုကြောင့်
သူမယုံနိုင်စွာ လေပြင်းပြင်းကို
ဟားခနဲ မှုတ်ထုတ်မိလိုက်သည်။
"ဟုတ်တယ်...စစ်အာဏာတည်က...
သူ့ကိုယ်သူ လည်လှပြီ မှတ်နေတာ
တကယ်တော့ သူက နှဖားကြိုး
ထိုးခံနေရတယ်ဆိုတာ သူ့ကိုယ်သူ
မသိရှာဘူး"
ဒေါ်စိုးစန္ဓာရဲ့ စကားကိုကြားတော့
သူ့ဒေါသက ထောင်းခနဲထရသွားရကာ
လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသည့်
အဖြစ်။
"အဲ့ကောင်မလေးကလည်း...တုံးတာ...
အမေရ...အဲ့နေ့ညက...သူ့သူငယ်ချင်း
မွေးနေ့က ပြန်လာတယ်ဆိုလားပဲ
သားနဲ့လမ်းမှာတွေ့တာ...သူက အကို့ရဲ့
ညီဆိုတာနဲ့ ယုံပြီး သားကားပေါ်
လိုက်တာလေ...သားကလည်း...ဟဲဟဲ"
"စစ်မက်ရှင်...."
သူဒေါသတကြီး အော်ပစ်လိုက်သည်။
ရုတ်တရက် ဒေါသသံကြီးနဲ့
အော်လာသည့် သူ့ကိုလှည့်ကြည့်ပြီး
ဒေါ်စိုးစန္ဓာနဲ့ စက်မက်ရှင်တို့
မျက်လုံးပေါ်က အပြုံးတို့မှာ
ချက်ချင်းပျောက်ရှသွားလျက်
စိုးရိမ်တုန်လှုပ်နေတဲ့
မျက်နှာထားတွေ ဖြစ်ကုန်ကြ၏။
ထို့အတူ သူ့ရဲ့ခြေလှမ်းကြဲကြီးတွေက
လည်း ညီဖြစ်သူ စစ်မက်ရှင်ဆီကိုသာ
ဦးတည်လျှောက်လာကာ....
"ခွပ်စ်...."
အနားကိုရောက်သည်နှင့်
ဒေါသကိုထိန်းမရတော့
လက်သီးဖြင့် ညီဖြစ်သူကို
အားရပါးရ ထိုးပစ်လိုက်သည်။
"အမလေး....သား...သားလေး..."
"ခွေးကောင်...."
နောက်ပြန်လဲကျသွားတဲ့ သားဖြစ်သူကို
စိုးရိမ်စိတ်နဲ့ အလန့်တကြား သွားထူ
နေတဲ့ ဒေါ်စိုးစန္ဓာက ခွေးကောင်ဟု
ပြောလိုက်တော့ မျက်နှာတင်းတင်းကြီးဖြင့်
သူ့အား လှည့်ကြည့်လာသည်။
"နင်ငါ့သားကိုဘာလုပ်တာလဲ"
"ကျုပ်ဘာလုပ်လိုက်လဲ...
ခများမမြင်ဘူးလား...ခွေးကျင့်
ခွေးကြံ ကြံတဲ့ကောင်ကို
ကျုပ်ဆုံးမလိုက်တာလေ..."
သူပြောလိုက်တော့မှာ သားအမိ
နှစ်ယောက်လုံးက ထလာကာ...
"ငါတို့က နင့်ကိုလာကူညီတာဟဲ့...
နင်ကကျေးဇူးရှင်ကို စော်ကား
နေတာပဲ..."
"ဘာကျေးဇူးရှင်လဲ...အဖေ့ငွေနဲ့
နာမည်ကောင်းလာယူနေကြတာ
မသိရင်ခက်မယ်...."
ထိုအချိန်မှ ဒေါ်စိုးစန္ဓာက
သားဖြစ်သူ စစ်မက်ရှင်ရဲ့
လက်ကို အသာတို့၍ အရိပ်အကဲ
ပြလိုက်ချိန်....
"အကို...အကိုထင်သလို
မဟုတ်ပါဘူး...ကျွန်တော်နဲ့အမေက
အကိုရောက်နေမှန်းသိလို့...စ...."
"မင်းပါးစပ်ကို ပိတ်ထား...
မင်းအိမ်ထောင်မကျခင်က
ရည်းစားတွေ ပွေရူပ်ခဲ့တယ်...
ငါဘာတစ်ခွန်းဝင်ပြောခဲ့ဖူးလဲ...
မင်းအိမ်ထောင်ကျသွားတယ်...
အခုထိ မင်းမိန်းမတွေပွေတုန်း...
အဲ့အထိ ငါတစ်ခွန်းမှ ဝင်ပြောဖို့
စိတ်ကူးမရှိဘူး...အခုဟာက...
ပျို့လက်ရာပန်...မင်းသူ့ကို...
သူ့ကို....ကျစ်..."
သူပြောမထွက်နိုင်။
သူ့စိတ်ထဲ ခံပြင်းမှုနဲ့အတူ
နှမြောတမ်းတမှုတွေလည်း
ကြီးစိုးနေသည်။
သူ့စကားကို ခနရပ်ပစ်လိုက်တော့
ဒေါ်စိုးစန္ဓာက သူ့အား မျက်စောင်း
ထိုးလျက်...
"ကောင်မလေးတစ်ယောက်ပဲကို...
အခုခေတ်က ငွေပေးလိုက်ရင်
ကျေနပ်သွားကြမှာပဲ..."
ဒေါ်စိုးစန္ဓာစကားကြောင့်
သူအံကိုကြိတ်ပစ်ရင်း
ခေါင်းကို တညိမ့်ညိမ့်ဖြင့်....
"ဒီလို အမေဆီက ဒီလိုသားမျိုး
ထွက်လာတာ မဆန်းပါဘူး....
ခွေးလောက်တောင် အသိတရား
မရှိတဲ့ဟာတွေ"
"နင်ဘာစကားပြောတာလဲ..."
"မေမေ...စိတ်လျော့ပါ..."
သူ့အားထပ်ပြီး ရန်တွေ့ဖို့
ရှေ့တိုးလာတဲ့ ဒေါ်စိုးစန္ဓာကို
စစ်မက်ရှင်က တားလိုက်၏။
"အဲ့ဒါတွေက ပြီးခဲ့ပြီပဲ
အခုအားလုံးအဆင်ပြေနေကြပြီပဲ
လေ...ပြဿနာကို မီးထွန်း မရှာပါနဲ့
တော့ အကိုရာ..."
"ရှာမှာ....ငါ့ကမင်းကိုထောင်ထဲကို
ထည့်ဦးမှာ..."
"ဒါက ကျွန်တော်ငြင်းရင်
ဘာတတ်နိုင်မှာလဲ...အကိုကရော...
အကို့မိန်းမက ကျုပ်နဲ့ဖြစ်ပြီးသား
ဆိုတာ လူတွေကို သိစေချင်လို့လား...
ဒါပေမယ့်လေ...ကျွန်တော်အဲ့ဒီညကို
မှတ်မိနေတုန်းပဲ...."
စစ်မက်ရှင် စကားကြောင့်
သူမျက်ခုံးနက်နက်တို့က
အနည်းငယ် ပင့်သက်သွားရသည်။
ဒါကိုမြင်တဲ့ စစ်မက်ရှင်က စကားကို
ခနရပ်၍ ပြုံးလိုက်ပြီး....
"အဲ့ညက အကို့မိန်းမကလေ...
အရမ်းကိုရုန်းတာ..."
"မင်းမိုက်ရိုင်းလှချည်လား..."
"ခွပ်စ်...."
"အမလေး...."
"ခွေးသား....ခွပ်စ်....."
"ငါ့သားလေး...."
"ခွပ်စ်..."
"တော်...တော်ပါတော့..."
သုံးကြိမ်တိတိ အားပြင်းပြင်းနဲ့
စစ်မက်ရှင်ကို သူတအားထိုး
ပစ်လိုက်သည်။ ကြမ်းပြင်ပေါ်
ဗုန်းဗုန်းလဲကြသွားတဲ့ အထိပေါ့။
သူ့သားကို ထိုးနေတာမြင်တော့
ဒေါ်စိုးစန္ဓာက ရင်ကျိုးရသလို
အော်ဟစ်ဆူညံနေ၏။ စစ်မက်ရှင်
ကတော့ နူတ်ခမ်းကွဲသွားသည်
ထင်ရသည်။ နူတ်ခမ်းကသွေးစ
အနည်းငယ်ထွက်လာတော့
လက်နဲ့ဖိသုတ်နေသည်။
"အမလေး...ငါသားလေး...
သွေးတွေထွက်နေပြီ..."
သဲသဲလှုပ်ပြနေတဲ့ ဒေါ်စိုးစန္ဓာကို
သူလုံးဝမကြည့်။ သူ့အကြည့်
တွေက သူမလေးကို နာကျင်အောင်
လုပ်ခဲ့တဲ့ ညီဖြစ်သူဆီမှာသာ။
သူမလေးရဲ့ကိုယ်ဝန်က
သူ့ညီနဲ့ရတဲ့ ကိုယ်ဝန်တဲ့။
ထိုအချိန် သူ့အတွေးထဲ
ဝင်လာသည်မှာ....
ဒါကြောင့်...ဒါကြောင့်
ဒီတစ်လျှောက်လုံး
ကလေးအဖေက ဘယ်သူဆိုတာ
ကလေးမက တစ်ခါမှ ထုတ်မပြော
ခဲ့တာကိုး....
စစ်မက်ရှင်က အိမ်ထောင်သည်...
ဒါကြောင့်ပဲ ကလေးမရဲ့မိဘတွေက...
သူတို့အိမ်နှစ်ပတ်လည်နေ့ မှာ
ငါ့ကိုမူးအောင်တိုက်ပြီး
လူလွတ်ဖြစ်တဲ့ငါ့ကို ကလေးအဖေနာမည်
ယူစေခဲ့တာကိုး....
သူ့အတွေးတွေက သူ့ကိုမွန်းကြပ်
သွားစေခဲ့သည်။ သူတောင် ဒီလောက်
ခံရခက်နေလျှင် လျို့ဝှက်ချက်တွေနဲ့
တချိန်လုံး သူမလေးဘယ်လောက်တောင်
နာကျင်နေလိုက်မလဲ....
"မင်းက အသက်မပြည့်သေးတဲ့
ကလေးမကိုတောင် အလွှတ်မပေးဘူး...
မင်းသိလား...အသက်မပြည့်သေးတဲ့
အမှုဆိုရင် မင်းငွေကြေးဘယ်လောက်
သုံးသုံး ပြေးမလွှတ်ဘူး...ပြီးတော့...
ငါကလည်း ငွေအကုန်ခံပြီး...မင်းကို
ထောင်ထဲရအောင်ထည့်မှာ....
စစ်မက်ရှင်.... မင်းထောင်ထဲဝင်ဖို့သာ
စောင့်နေလိုက်..."
ခပ်ပြတ်ပြတ်ပြောကာ
သူထိုနေရာက မြန်မြန်ထွက်
လာခဲ့လိုက်သည်။ ဒီအချိန်မှာ
သူ့ရင်ထဲမှာ ဝေခွဲမရနိုင်တဲ့
မွန်းကြပ်မှုတွေနဲ့ သူမလေးကိုသာ
ပြေးတွေ့ချင်တဲ့ စိတ်တွေက
တဖွားဖွား။
သူမလေး နာကျင်ခဲ့ရတာတွေကို
သူဘာမှမသိဘဲ ကိုယ်ဝန်ဟာ
သူမလေးချစ်သူနဲ့ရပြီး တာဝန်မယူတာ
ကြောင့် သူ့ခေါင်းပေါ် ပုံချခဲ့သည်ဟုသာ
သူထင်ခဲ့မိတာအမှန်။ အခုတော့
အထင်နဲ့အမြင် တလွဲစီ။
ဘာမှမစဥ်းစားနိုင်တော့ဘဲ
companyထဲက ထွက်လာပြီး
ကားပေါ်တက်ကာ ကားကို
ကိုယ်တိုင်မောင်းထွက်လာခဲ့သည်။
ထိုကားကလေးဟာ သူမလေးရှိရာ
အိမ်လေးကိုသာ ဦးတည်လာခဲ့၏။
ပန်....
တောင်းပန်ပါတယ်...ကလေးမရယ်....
ကိုယ့်အမှားတွေပါ...မသိခဲ့မိတာ...
ကိုယ်အမှားကြီးမှားခဲ့တာပါကွာ...
"ပျို့လက်ရာပန်...."
"မမက အပေါ်ထပ်မှာရှင့်
ထားခေါ်ပေးမယ်နော်"
"မလိုဘူး...ငါ့ဘာသာသွားတွေ့မယ်..."
"ရှင်...ဟို..."
ပြောပြောနဲ့ အိမ်ပေါ်တက်လာခဲ့
လိုက်သည်။ သို့သော်လည်း
ထားဆိုတဲ့ အိမ်ဖော်မက
စိတ်မချသလိုဟန်နဲ့နောက်က
လိုက်လာ၏။ ထိုစဥ် လှေကားအတက်
အဆင်းနားက အခန်းရှေ့မှာ
လမ်းလျှောက်နေတဲ့ ပန့်ကိုတွေ့
လိုက်ရသည်။
"အနီ....ရှင်ဘာလာလုပ်တာလဲ..."
အနီ့ကိုတွေ့တော့ ပန်မျက်လုံး
လေးပြူးသွားမိသည်။ အိမ်အထိ
ရောက်လာတာမို့ ပန်လန့်သွားမိတာ
အမှန်ပင်။
"ဘာလဲ...ငါကဒီအိမ်ကိုလာခွင့်မရှိ
ဘူးလို့ ထင်နေတာလား...."
"မမ သူကအတင်းဝင်လာတာ..."
"ရတယ်ထား...သူကမမအသိ"
"ဟုတ်...ဟုတ်မမ ဒါဆို ထား
သွားပြီနော်..."
"အွန်း..."
ထားကိုပြုံးပြပြီး ခေါင်းညိမ့်
ပြလိုက်ပေမယ့်လည်း ပန့်
အပြုံးတွေက အသက်မပါတဲ့
အပြုံးသာ။
အိမ်ဖော်မလေးထွက်သွားတာကို
အနီမျက်စောင်းလေးပစ်ထိုးရင်း
ကြည့်လိုက်သေးသည်။ အနီက
ပန်နဲ့နှစ်ယောက်ထဲ တွေ့ချင်တာကြောင့်
စစ် companyသွားတဲ့အချိန်ကို
ရွေးပြီးလာခဲ့ခြင်းပင်။
အပြင်မှာချိန်းချင်ပေမယ့်
ပန့်ကိုဘယ်လို ဆက်သွယ်ရမှန်း
အနီ မသိ။ ပန့်ဖုန်းနံပါတ်လည်း
အနီ့မှာမရှိပေ။ မနေ့က စစ်ရဲ့ဖုန်းထဲမှာ
ပန်အနီ့ကို ဖဲ့ထားတာကို အနီလုံးဝ
မကျေနပ်နိုင်။
ဒါ့အပြင် စစ်ကလည်း
ပန့်ကြောင့် အနီ့အပေါ်စိမ်းကား
လာပြီလေ...။ ဒါကို အနီလက်မခံနိုင်
ဖြစ်နေမိသည်။ စစ်ဟာ အနီ့တစ်ယောက်
တည်းအတွက်၊ အနီ့အပိုင်။
ပျို့လက်ရာပန်...
နင်သာမရှိရင် စစ်ကငါ့ကိုငြင်းမှာ
မဟုတ်ဘူး....
ငါတို့နှစ်ယောက်ကြားမှာ...
နင်ကရူပ်နေတာ...
နင်သာမရှိတော့ရင်.........