Zaw
"ပျို့လက်ရာပန်....ထစမ်း
ဘာအချိန်ရှိနေပြီလဲ"ဒုန်း....ဒုန်း....ဒုန်း.....
ကုတင်ပေါ်ခွေခွေကလေး
အိပ်မောကျနေရာက ဒေါသ
သံအပြည့်နဲ့ ဦးစစ်ရဲ့အသံကြောင့်
ပန် လန့်နိုးလာရသည်။
တံခါးကိုခေါက်တာမဟုတ်ပဲ
အားနဲ့ တဒုန်းဒုန်းထုရိုက်နေတော့
မနိုးဘဲလည်း နေမရတော့။သို့ပေမယ့် ပြန်မထူးရဲပဲ
ပန့်စိတ်ထဲကြောက်နေမိသည်သာ။
ဦးစစ်ကဒေါသထွက်သံကြီးနဲ့
အခန်းအပြင်က အော်နေတော့
ခုချိန်ပန်ထွက်သွားရင် ဦးစစ်
ပန့်ကို သတ်မယ်ထင်ပါရဲ့။"မင်းထမလား...မထဘူးလား
အေး....မင်းမထဘူးဆိုရင်
ငါတံခါးဖျက်ပြီးဝင်လာမှာနော်""နိုး...နိုးနေပါပြီ ဦးစစ်...."
သူ့စကားကြောင့် ကြောက်ကြောက်
လန့်လန့်နဲ့ ပြန်ဖြေလာတဲ့
သူမအသံက တုန်ယင်နေသည်ကို
သူသတိထားမိ၏။"နိုးနေရင် အခုထွက်ခဲ့"
"ရှင်....ဟို...ဟိုလေ...ဦးစစ်
ပန်ရေချိုးပြီးမှ ဆင်းလာခဲ့လို့
ရမလားဟင်""ငါကအခုထွက်ခဲ့ဆိုရင် ထွက်ခဲ့
လျှာရှည်မနေနဲ့""ဟုတ်...ဟုတ်"
ကြောက်ကြောက်နဲ့
အမြန်ထကာ အခန်းတံခါးကို
ဖွင့်လိုက်ချိန် company
သွားဖို့ ပြင်ဆင်ပြီးလျက်သားနဲ့
ဦးစစ်ကိုတွေ့ရ၏။ခန့်ညားလှတဲ့ ရုပ်ရည်ဖြင့်
အနောက်တိုင်းဝတ်စုံ အနက်ကို
အမြဲဝတ်တတ်တဲ့ ဦးစစ်...။"ပျို့လက်ရာပန်...."
"ရှင်.....ဦး...ဦးစစ်"
ငေးကြည့်နေမိစဉ် ရုတ်တရက်
မျက်မှောင်ကြုတ်ပြီး ခေါ်လာတဲ့
ဦးစစ်အသံကြောင့် ပန်အမူအယာ
လေးပျက်သွားရသည်။"မင်းငါ့ဇနီးတစ်ယောက်ဆိုတာ
မေ့နေတာလား....""ဟင်...မမေ့...မမေ့ပါဘူး...ဦးစစ်"
"အဲ့ဒါဆိုမင်းဘာလို့စောစောထပြီး
ငါအလုပ်သွားဖို့အဝတ်တွေ၊ မနက်စာတွေ
မပြင်ဆင်ထားတာလဲ"
YOU ARE READING
တရားမဝင်ဇနီး
Romanceပန့်ဘဝမှာ အချစ်ဆုံး အမျိုးသားဟာ ဦးစစ်လို့ပြောရင် ဦးစစ်ယုံမှာလားဟင်...