ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

20K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

273 42 0
By phyolay1991

9Chapter 13 Sweet
December 19, 2023
Chapter 13

ဘတ်စ်ကားဂိတ်မှထွက်လာသည့်အခါ ရွှီလော့ယန်က သူ၏သရုပ်ဆောင်နေမှုအားချက်ချင်းပင်ရပ်တန့်လိုက်ပြီး သူ့လည်ပင်းသူကိုင်ကာ "ချီးပဲ...ကျွန်တော် မေး‌ကိုမြှောက်ထားတာ တအားမြင့်သွားတယ် အဲ့ဒီအနေအထားအတိုင်း ထိန်းထားဖို့ ကျွန်တော်လည်ပင်းက အကြောတက်တော့မတတ်ပဲဘဲ" ဟုပြောလိုက်၏။

ပြောနေရင်းဖြင့်လည်း သူက ချီချန်အန်း၏အမူအရာအားလည်း အကဲခတ်နေလိုက်သေးသည်။

ထိုသူ၏အမူအရာတွင်ပြောင်းလဲမှုတစ်စုံတစ်ရာအား မမြင်ရသည့်အခါမှသာ၊ ရွှီလော့ယန်က အလျင်အမြန်ပင် သူ့လက်ကိုမြှောက်ကာ ထိုသူ့လက်ထဲမှ ခရီးဆောင်အိတ်ရဲ့မောင်းတံအား ဆွဲယူလိုက်သည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သလိုမျိုးဟန်ဆောင်ကာ ရွှင်လန်းစွာပြုံးပြလိုက်၏။

"ပြန်လာတာ‌ကြိုဆိုပါတယ်"

ထို့နောက်သူက "အလုပ်ကောင်းကောင်းလုပ်ခဲ့ပါတယ်"ဟုပင် ပိုပိုသာသာလေးဟထပ်ထည့်ပြောလိုက်သည်။

ရှည်လျား‌ပင်ပန်းလှသည့်ခရီးစဉ်ကိုဆိုလိုသည်လား၊ သူယခုလေးတင်ပဲ ရိုက်ကူးပြီးစီးသွားတဲ့ ပင်ပန်းသည့်အလုပ်ကိုဆိုလိုသည်လားတော့ မသဲကွဲချေ။

ချီချန်အန်းမှာ ရှပ်အင်္ကျီအဖြူနှင့် အမည်းရောင်ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားဆဲဖြစ်ပြီး သက်တောင့်သက်တာပင် ဗွက်အိုင်အပေါ်မှခင်းထားသော ခြေလှမ်းကျောက်များပေါ်ရပ်နေရင်းမှ သူ့မျက်ခုံးများအား ပင့်လျက်ဖြင့်အမေးစကားဆိုလာသည်။

"တဆိတ်လောက်...အကြိုအပို့လုပ်တဲ့ ဗန်ကားက ဘယ်မှာလဲ"

ရွှီလော့ယန်မှာ စက္ကန့်ပိုင်းမျှလေလျှော့သွားသည့်ပူဖောင်းကဲ့သို့ဖြစ်သွားရ၏။

"အိုး...ဗန်ကားလား...ကျွန်တော်စားလိုက်ပြီလေ"

သူက သူ့ရဲ့ရုတ်တရက်စပရိုက်သရုပ်ဆောင်မှုက ချီချန်အန်းကိုထိတ်လန့်သွားစေမည်ကို ဆင်ခြင်မိကာ ရှက်သွားရသည်။

"ကျွန်တော်နဲ့အတူ လိုက်ပြီးသရုပ်ဆောင်ပေးတဲ့မစ္စတာချီကို ကျေးဇူးတင်ပါတယ်"

သူက ထိုစကားကိုပြောပြီးသည့်နောက် လက်ခုတ်ပင် နှစ်ချက်လောက်ပင် ထတီးလိုက်သေးသည်။

"ရပါတယ် မင်း ကိုယ့်ကိုခေါ်တဲ့နာမည်သာ ပြောင်းပေး"

သူ သူ့ကိုခေါ်တဲ့အမည်နာမကိုပြောင်းပေးရမယ်...ဟုတ်စ...'ယောင်္ကျားတစ်ယောက်က အသတ်ပဲခံလိုက်မယ်...အရှက်တော့အခွဲမခံနိုင်ဘူး ' ရွှီလော့ယန်က သူ့ဘာသာသူတွေးမိလိုက်၏။

"ချန်အန်းကော"

သူက ချီချန်အန်း၏မျက်ဝန်းထဲမှ ရယ်မြူးရိပ်များအားမမြင်ချင်ယောင်ဆောင်ကာ၊ လေးလေးပင်ပင် သက်ပြင်းချ၍စကားဆိုလိုက်၏။

"ဟူး...ကျွန်တော်မှာတော့ ခင်ဗျားကိုပြန်တွေ့ရလို့ ပျော်နေတာကို ဒါပေမယ့်အခုတော့ ကျွန်တော်အပျော်တွေလျော့သွားရပြီ ငါးဆယ်ရာခိုင်နှုန်းလောက် လျော့သွားတာ မဟုတ်သေးဘူး...အဲ့ဒီထက်ပိုပြီး ရာခိုင်နှုန်းနည်းသေးတယ် လေးဒသမကိုး ရာခိုင်နှုန်းပဲ ကျန်တော့တယ်"

ချီချန်အန်းမှာ အော်ရယ်လိုက်မိသည်။ ချီချန်အန်းက သူ့လက်ချောင်းများအား ဆန့်ကာ ရွှီလော့ယန်၏ဦးထုတ်အနားပြန့်နေရာလေးမှ‌ကိုင်၍ ဦးထုတ်ကိုအသာလေးဆွဲမလိုက်ပြီး သူ့ရဲ့ကြည်လင်နေသော မျက်ဝန်းများထဲသို့ စိုက်ကြည့်ကာစကားဆိုလိုက်သည်။

"ဈေးလျော့ပေးတဲ့ ဗန်ကားမပါလာလည်း ကိုယ်ကျေနပ်ပါတယ်"

ညနေခင်းလေပြည်ရဲ့တိုက်ခတ်မှုနှင့်အတူ သူ့စကားက အတော်လေး တိုးညှင်းညှင်သာနေ၏။

သူ့နှုတ်ခမ်းထောင့်များက မသိလိုက်ခင်ဘဲ ကော့တက်သွားရသည်။ ထို့ကြောင့် ရွှီလော့ယန်က နောက်ထပ်တစ်လက်မလောက်ထပ်ပိုယူချင်မိသွားသည်။

"‌တည်းခိုဖို့ ဟိုတယ်လည်း မရှိဘူးနော်"

"အင်း...အဲ့ဒါလည်း လျော့ဈေးမရှိဘူးပေါ့နော်"

ချီချန်အန်းက လစ်ဟာနေသောလမ်းမအား‌ သူ့ခေါင်းကိုစောင့်ငဲ့ကြည့်ရင်းမေးလာသည်။

"ဒါဆို...ကိုယ်တို့ဘယ်လိုပြန်ကြမလဲ"

အဆုံးတွင် နှစ်ယောက်သား လမ်းလျှောက်ပြန်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။ ချင်းလီမြို့က သေးငယ်သည်၊ သူတို့ထံတွင် ရှည်လျားသောခြေတံများရှိသဖြင့် မြန်မြန်ဆန်ဆန်လမ်းလျှောက်နိုင်သည်။ထို့အတွက်၊ နာရီဝက်အတွင်း သူတို့ရောက်နိုင်တယ်ဟု ခန့်မှန်းလိုက်သည်။ ဝါကျင့်ကျင့်လမ်းမီးများထွန်းထားပြီး ဖြတ်သွားဖြတ်လာ ကားများကလည်း မရှိသလောက်ပင်၊ သူတို့က ပိုးကောင်များရဲ့အသံကိုပင် ကြားနေရ၏။

"ခင်ဗျား.."

"မင်း.."

နှစ်‌ဦးစလုံး တစ်ချိန်တည်းမှာပင် စကားစမိပြီး ရပ်တန့်သွားကြသည်။

ရွှီလော့ယန်က ဦးစွာပြုံးလိုက်ကာ၊ "ခင်ဗျားက အခုမှပြန်ရောက်တာဆိုတော့ ခင်ဗျားအရင်ပြောလိုက်လေ အဲ့ဒါက ကျွန်တော်ကိုလည်း မိရိုးဖလာကိုယ်ကျင့်သိက္ခာတရားကို မြှင့်တင်ဖို့အတွက်အထောက်အကူပေးတယ်လေ"

ချီချန်အန်းက ခေါင်းညိတ်၍စကားဆိုလိုက်သည်။

"မင်းကားဂိတ်မှာဘယ်လောက်တောင်စောင့်လိုက်ရတာလဲ မင်းကို မှတ်မိမခံလိုက်ရပါဘူးနော်"

"ခင်ဗျား ဒီကိုရောက်မယ့်အချိန်ကိုကြိုတွက်ပြီးထွက်လာတာပါ ကျွန်တော်သိပ်အကြာကြီးမစောင့်လိုက်ရပါဘူး"

သူဒီလိုမေးလာမယ်ဆိုတာ သိသားပဲ...။

ရွှီလော့ယန်က ဘဝင်ခိုက်စွာပြုံးလိုက်မိသည်။

"ကျွန်တော်စိတ်ထဲမှာ နည်းလမ်းကိုတွေးထားပြီးထားဖို့ ကျွန်တော်က စိုးရိမ်မနေဘူးလေ ကျွန်တော်ဘေးမှာ ဆိုင်းဘုတ်ကိုင်ပြီးရပ်စောင့်နေကြတဲ့အမျိုးသမီးတွေက ကျွန်တေည်ကိုကြည့်ရတာ ရင်းနှီးနေပြီး တစ်နေရာရာမှာ တွေ့ဖူးသလိုပဲတဲ့ ဒါပေမယ့်လည်း သေချာပေါက်ကို ကျွန်တော်က ရွှီလော့ယန်ပါဆိုပြီး ဝန်ခံလိုက်လို့လည်းမဖြစ်ဘူးလေ ဟုတ်တယ်မလား"

သူကသည်းထိတ်ရင်ဖိုဖြစ်အောင် ကြိုးစားပြောနေပေမယ့် ငါးစက္ကန့်မျှသာ ခံလေသည်။ ထို့နောက် သူ့ဘာသာသူပင် လျှို့ဝှက်ချက်အားဖြည်ချတော့၏။

"ကျွန်တော်က ဉာဏ်ရှိရှိနဲ့ အရင်နေ့တွေတုန်းကလည်း ကျွန်တော်ကဒီနေရာမှာ ပတ်နေတာ၊ နေ့တိုင်း မြင်သာတဲ့နေရာမှာရပ်ပြီး သူတို့ရဲ့ ဖောက်သည်တွေကို ခိုးနေတာလို့ ပြန်ဖြေလိုက်တယ်လေ အဲ့ဒါနဲ့ သူတို့လည်း အရမ်းလန့်သွားပြီး ကျွန်တော်ကို ဘယ်ဟိုတယ်ကလဲ...ပရော်ဖက်ရှင်နယ်မဆန်ဘူး ဘာညာနဲ့မေးပါရောလား...  ကျက်သရေအပြည့်ရှိတဲ့တိမ်တွေရဲ့အရောင်စုံကာလာစုံနဲ့ ခင်ဗျားရောက်လာတာကို ကျွန်တော်မြင်တာနဲ့ သူတို့ကို ကျွန်တော်ရဲ့ရွှီးရွှမ်းစွမ်းရည်တွေပိုထုတ်ပြပေးလိုက်တယ်လေ"

ထို့နောက် ရွှီလော့ယန်ကသူ့အတွေးများအား ထုတ်ဖော်ပြောဆိုလိုက်သည်။

"အကယ်၍ အနာဂတ်မှာ ကျွန်တော်ရဲ့နိုင်ငံတွင်းဟာသခရီးစဉ်လှည့်လှည်တဲ့အခါကျ ‌ခင်ဗျားကို အထူးဧည့်သည်တော်အနေနဲ့ ကျွန်တော် သေချာပေါက်ဖိတ်မှာ ဘာလို့ဆို ကျွန်တော်တို့ကအရမ်း အချိတ်အဆက်မိနေတာကို"

ချီချန်အန်းက သူ့ထံမှ ရေချိုးဆပ်ပြာဂျယ်ရနံ့ကို ရနိုင်သည်အထိ သူတို့နှစ်ဦးက နီးကပ်လျက်ရှိသည်။

"အင်း ဒီအထူးဧည့်သည်တော်က မင်းကို ရှိုးတက်ရောက်ကြေးတောင်းမှာမဟုတ်တဲ့အပြင် မင်းအတွက် ပန်းခြင်းတောင်းကြီးတွေကိုပါ တန်းစီပေးဦးမှာ"

ဤ မရင်းနှီးသောလမ်းတွင် သူကအနည်းငယ်စိတ်အေးလက်အေးဖြစ်နေသည့်အတွက် ထူးဆန်းနေမိ၏။ ထို့အပြင်သူ့ရဲ့နှုတ်ခမ်းထောင့်မှအပြုံးမှာလည်း မည်သည့်အခါကမျှပျောက်ကွယ်မသွားခဲ့ချေ။

"ကိုယ် မေးပြီးသွားပြီ မင်း စောနက ဘာပြောမလို့လဲ "

"ကျွန်တော်က ဒီတိုင်း ခင်ဗျားညစာစားပြီးသွားပြီလားလို့ မေးမလို့"

ရွှီလော့ယန်က စိုးရိမ်စွာဖြင့် ​မေးလိုက်သည်။

"ခင်ဗျားက အစားရွေးတယ်လေ ခင်ဗျား အကျင့်နဲ့ဆိုရင် သေချာပေါက် လေယာဉ်ပေါ်ကအစားအသောက်တွေကို ကြိုက်မှာမဟုတ်ဘူး အခုက မနက်သုံးနာရီတောင်ကျော်နေပြီဆိုတော့ ခင်ဗျား ဗိုက်ဆာနေပြီလား"

ချီချန်အန်းက သူဗိုက်မဆာကြောင်းဖြေရန်ပြင်လိုက်သော်လည်း ရွှီလော့ယန်၏စိုးရိမ်နေသည့်မျက်လုံးများနှင့် ရင်ဆိုင်မိချိန်တွင် တချို့သော အလိမ်အညာစကားတွေကိုမထိန်းနိုင်ဘဲ ဆိုလိုက်မိသည်။

"ကိုယ် ဗိုက်နည်းနည်းတော့ဆာနေပြီ လေယာဉ်ပေါ်ကအစားအသောက်တွေက တကယ်ကို ဆိုးရွားတာ ကိုယ် ထမင်းဖြူနှစ်လုပ်ကိုပဲ စမ်းစားကြည့်ခဲ့တယ်" 

သို့သော် ဖြစ်ရပ်မှန်မှာ၊ သူပြန်လာသည့်အချိန်က သူ့အစ်ကိုရဲ့ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူစားသောက်နိုင်သည့်အစားအသောက်များကိုလည်း များစွာပြင်ထားပေးကာ ထိုအစားအစာများက အစာကြေလည်းလွယ်စေ၏။

"သေချာတာပေါ့"

ရွှီလော့ယန်က သူ့ရဲ့ ရှေ့ရေးကြိုတွေးတတ်မှုအား စက္ကန့်အနည်းငယ်မျှဂုဏ်ယူသွားမိသည်။

"ကျွန်တော်အိမ်မှာ ခေါက်ဆွဲခြောက်ကောင်းကောင်း ဝယ်ထားတယ် ကျွန်တော်တို့ပြန်ရောက်တဲ့အခါကျ ကျွန်တော် ခင်ဗျားအတွက် ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲ ချက်ပေးမယ်လေ ခင်ဗျား ကြက်ဥတစ်လုံးထည့်ချင်လား နှစ်လုံးထည့်ချင်လား"

သူက ကြက်ဥအရေအတွက်ကိုသာ အာရုံရောက်နေသဖြင့် ခပ်လှမ်းလှမ်းမှ သူတို့ထံဦးတည်လာနေသော လေလွင့်ခွေးနှစ်ကောင်အား သတိမပြုမိပေ။

ချီချန်အန်းက မသိမသာဖြင့်  ရွှီလော့ယန်အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လေလွင့်ခွေးများအား စောင့်ကြည့်နေရင်းမှ ပြန်ဖြေလိုက်သည်။

"တစ်လုံးဆိုရပါပြီ ဒါနဲ့ ကိုယ့်ခရီးဆောင်အိတ်ထဲမှာ မင်းအတွက် ဒေထထွက်ကုန်တွေအစုံပါလာတယ် မင်းရဲ့ဘဝနေထိုင်မှုလေးကို မြှင့်တင်လို့ရတာပေါ့"

ဒေသထွက်ကုန်တွေ... ချီချန်အန်းက ရုပ်ချည်းဆိုသလို သူ့အရပ်က ဆယ်မီတာမျှရှည်လာသည်ဟု ရွှီလော့ယန်ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် Montreal ၌ ညနေ နှစ်နာရီခွဲအချိန်ရှိနေပြီဖြစ်သည်။ ချီချန်ယင်းက အစည်းအဝေးအားရွေးဆိုင်းကာ သူ၏လက်ထောက်အား သူ့အနောက်မှရုံးခန်းတံခါးကို ပိတ်ရန်ညွှန်ကြားလိုက်သည်။ ဒေါက်တာ ဟိုးလ်မန်းက သူ့မျက်နှာချင်းဆိုင်တွင်ထိုင်နေပြီး သူ့အား သူ့လက်ထဲမှ ဖိုင်တွဲအား စားပွဲပေါ်မှဖြတ်ကာ လှမ်းပေးလိုက်သည်။

သူက ထူထဲလှသည့်စစ်ဆေးချက်ရလဒ်များကို ချီချန်ယင်းဖတ်ပြီးသည်အထိ စိတ်ရှည်ရှည်နှင့်စောင့်ပြီးကာမှ စကားစလေသည်။

"အရင်က ငါတို့ထင်ထားသလိုပဲ ရှုပ်ထွေးတဲ့ရိုက်ကူးရေးအချိန်စာရင်းက ချန်အန်းရဲ့ကျန်းမာရေးကို မထိခိုက်စေဘူး  တခြားတစ်ဖက်ကကြည့်ရင် လွန်ခဲ့တဲ့နှစ်နှစ်က အခြေအနေထက်စာရင် အခုကပိုပြီး ကောင်းမွန်တဲ့ပုံစံပေါက်နေတယ်"

ချီချန်ယင်းက သူ့မျက်လုံးများထဲ ဖိနှိပ်လိုသည့်အရိပ်အယောင်များဖြင့် မော့ကြည့်လိုက်သည်။

"ဒါဆို ဘာ‌လို့ရောဂါဟောင်းပြန်ထရတာလဲ"

"ငါ ဒါကို အရင်ကတည်းက တွေးမိထားပြီးသားပါ ချန်အန်းရဲ့ specific iris heterochromia က ကလေးတုန်းက သူသောက်ခဲ့တဲ့ဆေးအမျိုးမျိုးကြောင့်ဖြစ်လာရတာ ကုသမှုလုပ်ဖို့ ကိုးကားချက်မရှိဘူး ဒီ့အပြင် ဆေးဝါးအသစ်ထဲက ပါဝင်ပစ္စည်းတွေကို ငါတို့မသိရသေးဘူး ဒါကြောင့်လွန်ခဲ့တဲ့ နှစ်နှစ်က ပြန်ကောင်းလာပြီလို့ ကြော်ငြာတဲ့အခါတုန်းက ပြန်ဖြစ်နိုင်ချေရှိတယ်လို့ ငါပြောခဲ့ပေမယ့်..."

ဒေါက်တာဟိုးလ်မန်းက စစ်ဆေးချက်နောက်တစ်ခုအား ထုတ်လိုက်ကာ၊ "ဒီတစ်ခုမှာ ပြထားတာက တိကျတဲ့အလင်းရောင်အောက်မှာ ချန်အန်းရဲ့မျက်လုံးသူငယ်အိမ်အပြင်ဘက်အဆုံးက ကိုဘော့အပြာရောင်ကွင်းကို ငါတို့မြင်နိုင်တယ် ဒါပေမယ့် အဲ့ဒါက ပြင်းထန်မှုပိုနည်းပြီး ညာဘက်နားက ရုတ်တရက်မကြားနိုင်သလိုဖြစ်တဲ့အခြေအနေကလည်း ပိုဆိုးမလာဘူး အဲ့ဒီတော့ ဒါက ပြောရရင် ငါတို့ထိန်းချုပ်နိုင်တဲ့အတွင်းမှာပဲ ရှိနေသေးတယ်"

"အင်း...ဆက်ပြော"

ဒေါက်တာဟိုးလ်မန်းက စစ်ဆေးချက်နောက်တစ်ခုအား ထုတ်လိုက်ကာ၊ "ဒီတစ်ခုမှာ ပြထားတာက တိကျတဲ့အလင်းရောင်အောက်မှာ ချန်အန်းရဲ့မျက်လုံးသူငယ်အိမ်အပြင်ဘက်အဆုံးက ကိုဘော့အပြာရောင်ကွင်းကို ငါတို့မြင်နိုင်တယ် ဒါပေမယ့် အဲ့ဒါက ပြင်းထန်မှုပိုနည်းပြီး ညာဘက်နားက ရုတ်တရက်မကြားနိုင်သလိုဖြစ်တဲ့အခြေအနေကလည်း ပိုဆိုးမလာဘူး အဲ့ဒီတော့ ဒါက ပြောရရင် ငါတို့ထိန်းချုပ်နိုင်တဲ့အတွင်းမှာပဲ ရှိနေသေးတယ်"

"အင်း...ဆက်ပြော"

"ဒါက ဝမ်းဗိုက်ပိုင်းဆိုင်ရာစစ်ဆေးထားတဲ့ ရလဒ်တစ်စိတ်တစ်ပိုင်းပဲ လွန်ခဲ့တဲ့တစ်ဆယ့်ခြောက်နှစ်တုန်းက ချန်အန်းရဲ့အစာအိမ်ရဲ့ သုံးပုံတစ်ပုံကို ဖယ်ရှားလိုက်ရတယ် dumping syndrome နဲ့ သည်းခြေရည်ပြန်စီးတာက သိသိသာသာပျောက်သွားတယ် neuropathic gastroperasis ကတော့ အခုချိန်ထိ ချန်အန်းဘာဖြစ်လို့ အာဟာရဖြည့်ပေးတဲ့အစားအစာတွေကိုစားသောက်နေရလဲဆိုတာ..."

(Dumping syndrome သည် အစာစားပြီးနောက် ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနှင့်  မောပန်းနွမ်းနယ်ခြင်းကဲ့သို့သော  အစာအိမ်မှ အစာများကို duodenum ဟုခေါ်သော အူသိမ်၏ပထမဆုံးအပိုင်းသို့ လျင်မြန်စွာ စွန့်ထုတ်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာအုပ်စုတစ်ခုဖြစ်သည်။

neuropathic gastroperasis သည် ဆီးချိုရောဂါနှင့်ဆိုင်သော အာရုံကြောရောဂါတစ်မျိုးဖြစ်သည်။  မြင့်တက်လာသည့် သွေးတွင်းသကြားဓာတ်က အာရုံကြောများကို ထိခိုက်စေသောအခါတွင်ဖြစ်တတ်သည်။  သွေးတွင်းသကြားဓာတ် မြင့်မားခြင်းက တစ်ရှူးများသို့ အောက်ဆီဂျင်သယ်ဆောင်သည့် သွေးကြောများကို ပျက်စီးစေသဖြင့် အစာအိမ်၏အာရုံကြောများနှင့် ကြွက်သားများနှစ်မျိုးစလုံးကို ထိခိုက်စေသည်။)

ထိုစကားပြောဆိုမှုက တစ်နာရီမျှကြာမြင့်သွားသည်။ ချီချန်ယင်းက စိတ်ပိုင်းဆိုင်ရာအကဲဖြစ်ဖောင်ကို ကြည့်လိုက်ရာ ဖောင်၏အဆုံးတွင် "ကောင်း"ဟူသောနေရာ၌ အမှန်ခြစ် ခြစ်ထားသည်ကို မြင်လိုက်ရသည်။

ဒေါက်တာဟိုးလ်မန်းကို ကြည့်လိုက်ရာ သူက အခက်တွေ့နေဟန်ဖြင့်ပြောလာ၏။

"ဒီတစ်ခေါက် ချန်အန်းပြန်လာတုန်းက သူအိပ်နေရင်းစကားပြောတာကို ကြားခဲ့ရတယ်"

စည်းစိမ်ချမ်းသာမည်မျှပင် ပိုင်ဆိုင်ထားပါစေ၊ ယခုအချိန်တွင်တော့ ချီချန်ယင်းမှာ အခြားသောလူနာ၏မိသားစုဝင်များနှင့် အတူတူပင်ဖြစ်လေသည်။ ဒေါက်တာဟိုးလ်မန်းက ခေါင်းညိတ်ပြကာ သူနားထောင်နေကြောင်း ပြသလိုက်သည်။

"သူက အိပ်မက်ထဲမှာ မား လို့ ခေါ်နေခဲ့ပြီးတော့...မား ကျွန်တော်နေမကောင်းမဖြစ်နေပါဘူး တစ်ကယ်ပါ... ဆိုတဲ့စကားကို ထပ်တလဲလဲပြောနေခဲ့တာ" 

စာရွက်၏အစွန်းမှာ သူ့လက်ချောင်းများကြောင့် တွန့်ကြေသွားပြီးနောက် ချီချန်ယင်းက သူ့ရဲ့လေသံအား တည်ငြိမ်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရသည်။

"ငါ့အထင် စိတ်ပိုင်းဆိုင်ရာအကဲဖြတ်မှုက ချန်အန်းအပေါ်ဆက်ပြီး သုံးလို့မသင့်တော်တော့ဘူးလို့ မြင်မိတယ်"

သူ့ညီငယ်လေးမှာ၊ သိသိသာသာကိုပင်၊ အတိတ်မှအိပ်မက်ဆိုးများထဲ ပိတ်မိနေဆဲဖြစ်သည်။ အကဲဖြတ်မှု၏ညွှန်းဆိုမှုရလာဒ်များနှင့် လက်တွေ့မှာဆန့်ကျင်ဘက်ဖြစ်နေသည့်အတွက် ဆိုရလျှင် သူက ထိုအိပ်မက်ဆိုးများထဲမှ ထွက်ခွာ၍မရနိုင်သေးပေ။

"ဒါပေါ့"

ဒေါက်တာဟိုးလ်မန်းက စား‌ပွဲပေါ်၌တံတောင်ဆစ်ကိုတင်၍လက်ထောက်ကာ သူ့လက်နှစ်ဖက်မှ လက်ချောင်းများကို ဆုပ်ကိုင်ရင်း သူ့အရှေ့မှ ဩဇာတိက္ကမနှင့်ပြည့်နေသောလူအား ကြည့်လိုက်သည်။

"ငါ မင်းကို တစ်ချက်တော့ ပြင်ပေးရမယ် မင်းက မင်းညီကို မြီးကောင်ပေါက်အရွယ်မတိုင်သေးဘူးလို့ဘဲ မြင်နေတာ ဒါပေမယ့် အမှန်က သူ့ရဲ့အတွင်းစိတ်က မင်းတွေးထားတာထက်ပိုပြီး သန်မာတယ် ဒါပေါ့...တစ်ချိန်တည်းမှာပဲ သူက အတွင်းစိတ်ထဲမှာပဲ သိမ်းဆည်းထားတဲ့လူ ပိုဖြစ်လာတယ်‌လေ...

သူ့ရဲ့ဒဏ်ရာတွေကို ဖော်ပြပြီး တခြားလူတွေရဲ့ သနားကြင်နာမှုနဲ့ ကာကွယ်မှုကိုခံယူတာနဲ့ သူ့နှလုံးသားကို ပိတ်ဆို့ထားပြီး သူ့ကိုယ်သူ ကာကွယ်တာမှာ သူက နောက်ကတစ်ခုကို ရွေးချယ်ထားပြီးပြီ...ငါတို့က သူလုံးဝယုံကြည်နိုင်တဲ့လူတွေမဟုတ်ဘူး ပြီးတော့ ‌သူရဲ့ အတွင်းစိတ်ထဲက အခြေအနေအမှန်ကိုလည်း ငါတို့သေချာပေါက်ကို နားမလည်ပေးနိုင်ဘူးလေ"

ချီချန်ယင်းက ခါးသက်စွာပြုံးကာ သူ့ထိုင်ခုံနောက်သို့ အသာအယာမှီချလိုက်သည်။

"ဟုတ်တယ်...ငါ မလုပ်နိုင်ဘူး ငါ့အဖေအသက်ရှင်နေသေးရင်တောင် သူလည်းမလုပ်နိုင်လောက်ဘူး ငါတို့နှစ်ယောက်လုံးက အရည်အချင်းမပြည့်မှီဘူးလေ"

ထိုအချိန်တွင် ချီချန်အန်းက သူ့ခရီးဆောင်အိတ်အား ရွှီလော့ယန်နှင့်အတူ ဖြည်နေလေသည်။

ခရီးဆောင်အိတ်ကိုဖွင့်လိုက်ချိန်တွင် အထဲမှာ အစားအသောက်များနှင့်ပြည့်နှက်နေတာကို မြင်လိုက်သည့်အချိန်မှစ၍ ရွှီလော့ယန်မှာ ချက်ချင်းပင် ချီချန်အန်း၏လက်ထောက်လေးဖြစ်သွားတော့၏။ ရှဉ့်လေးတစ်ကောင်လိုပင်၊ သူက ကြိုးစားပမ်းစားဖြင့် အစားအသောက်များကို ထုတ်ကာ နေရာချပေးနေသည်။ ထို့နောက် သူ့လက်မောင်းများဖြင့် ထိုအစားအသောက်များအားပွေ့ပိုက်ကာ ပျော်ရွှင်မှုတို့ဖြင့် ယစ်မူးနေတော့၏။

Continue Reading

You'll Also Like

28.8K 3.5K 83
Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်...
5.3K 516 32
IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.face...
2K 262 18
BL novel အသစ်လေး update ထားပါတယ် ဖတ်ရှုအားပေးကြပါဦးရှင့်🥰🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Tr...
35.2K 4.1K 48
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...