The Hunters

By Mahura_Kwann_Thite

8.1K 680 439

လွတ်အောင်ပြေး...အချစ်သာအကြွေးဆို ရတာဘေးမဖြစ်စေဖို့အာမခံတယ်Babies! Yoonmin! Taekook! More

Intro
(Part 2)⚠
(Part 3)
(Part 4)⚠
(Part 5)
(Part 6)
(Part 7)

(Part 1)

1K 100 77
By Mahura_Kwann_Thite

Humanverseရဲ့အလွန်လူသားတွေနဲ့အတူရောနှောနေထိုင်ကြသော Fomulitsများ။ Fomulitsဆိုတာလူသားခန္ဓာကိုယ်နဲ့လူသားအတိုင်းပါပဲ။

သို့ပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်တုန့်ပြန်ချက်အလိုက်သဘာဝရဲ့ရတနာတွေကိုထုတ်လွှင့်တတ်ကြတယ်။ ဥပမာ လူသားတွေငိုတဲ့အချိန်မျက်ရည်ကျပေမဲ့ Fomulits တွေက တစ်လမှာ3 ရက်လူသားတွေနဲ့ကွဲပြားစွာ စိန်,ရွှေ,ငွေ,ပုလဲ,ကြေးစတဲ့သတ္ထုခဲလေးတွေကျကြတယ်။ဒါကပဲသူတို့ရဲ့ Fomulits အဆင့်အတန်းကိုခွဲခြားသွားတာ။

Fomulitsတွေရဲ့နောက်ထပ်ထူးခြားချက်ကသာမန်လူတွေထက်လှပကြတယ်။ရုပ်ဆိုးရင်လည်းသာမန်လူတွေထက်ပိုးဆိုးပြီးအစွန်းနှစ်ဖက်မှာ ရပ်တည်ကြတာပေါ့။

လူဦးရေ 100မှာ1ယောက်နှုန်းပဲရှိတဲ့သူတို့ကိုအာဏာပိုင်တွေကကာကွယ်ပေးဖို့ဥပဒေထုတ်မထားသလို အာဏာရှိလူတန်းစားတို့ရဲ့လုယူအသုံးချမှုကိုခံရတဲ့အတွက်သူတို့ရဲ့ဖြစ်တည်မှုကိုဖုံးကွယ်နေထိုင်ကြတယ်။

ဒါပေမဲ့Min အိမ်တော်သခင်ကြီးMin Yoongiကတော့ရှားပါးစိန်နက် Fomulits တစ်ယောက်ကိုလက်ထပ်ထားခြင်းကြောင့်သူ့ရဲ့အာဏာနဲ့စီးပွားရေးကအားလုံးရဲ့အထက်မှာရှိနေသည်။

" 10နာရီမထိုးခင်ပြန်လာခဲ့မယ်...ဒီတောအတွင်းအိမ်တော်အပြင်ကိုခြေတစ်လှမ်းတောင်မထွက်နဲ့Jungkook"

Yoongiသူ့ရှေ့မှာရှိတဲ့အနက်ရောင်ပိုးသားဝတ်စုံနဲ့ကောင်လေးအားသတိကြီးကြီးဖြင့်အမှာပါးတဲ့အခါခေါင်းလေးညိတ်သည်။

" လိုတာရှိရင်Taehyungကိုပဲပြော...ဂျီကျတာတွေဆိုးတာတွေပြန်တိုင်တာမလိုချင်ဘူး"

" ဟုတ်ကဲ့ ကြားပါတယ်သခင်ကြီး"

" ကောင်းပြီသွားကြမယ်"

သခင်ကြီးကမှာသင့်တာတွေမှာပြီးနောက်လိုက်များနဲ့အတူထွက်ခွာသွားချေပြီ။ ဒီညစိန်ဖြူ Fomulitsတစ်ယောက်ကိုဖမ်းလာမည်ဟုကြားသည်။ တွေးမိခြင်းကသခင်ကြီးဟာကျွန်တော်တစ်ယောက်တည်းနှင့်များမလုံလောက်၍လား။

" အထဲဝင်ရအောင်သခင်လေး"

" အွန်း "

အနီးကပ် bodyguard ဖြစ်တဲ့Kim Taehyungက Jungkookကိုအိမ်တော်အတွင်းဝင်စေသည်။

စောင့်ရှောက်လာတဲ့3နှစ်လုံးထိုကောင်လေးရဲ့ဘဝဖြတ်သန်းပုံအဆင့်ဆင့်ကိုသိခဲ့ရသည်။Thanatophobia (သေဆုံးခြင်းကိုအလွန်အမင်းကြောက်သောရောဂါ) ရှိနေပြီးအချိန်တိုင်းလိုလိုသတိကြီးကြီးနဲ့မသေရန်ကာကွယ်နေတတ်သည်။

သူစရောက်တဲ့နေ့ကဆို Sir.ရဲ့ကြာပွတ်အောက်မှာသွေးသံရဲရဲနဲ့ အလူးအလဲအရိုက်ခဲရင်းရွှေဝါရောင်ဆံပင်အုပ်အုပ်တို့ဖုံးသော ဒေါနရောင်မျက်ဝန်းတွေမှစိန်နက်တို့ခကြွေလာပုံဟာ...တန်ဖိုးရှိပေမဲ့မသိမ်းယူရက်ချင်ဖွယ်။

ဒါပေမဲ့ Sir.နဲ့လက်ထပ်လိုက်ပြီးနောက်ပိုင်းအရိုက်နှက်ခံစရာမလိုပဲစိန်နက်များဟာလစဥ်နဲ့အမျှခကြွေရပါသည်။

အဟွန်း! လောဘရဲ့သားကောင်အဖြစ်အသွင်ပြောင်းလာတဲ့Sir.ကတော့မတင်းတိမ်နိုင်စွာ စိန်ဖြူ Fomulitsကိုသွားဖမ်းလေရဲ့။

__________

အလုပ်လုပ်တဲ့ပင်မင်းဆိုင်ရှင်သူဌေးမှဆိုဂျူအဝယ်ခိုင်းလိုက်တဲ့အတွက်ငွေတချို့ကိုလက်မှာဆုပ်ရင်းထွက်လာခဲ့သည်။

ဆိုဂျူဆိုင်ရောက်တာနဲ့တစ်ကဒ်လောက်ပစ်ဝယ်ထည့်လိုက်၏။

ဟုတ်တယ်လေ ဝယ်လည်းပေးရသေးတယ်ကိုယ့်အတွက်မပါဘူးဆိုအသည်းပေါက်တာပေါ့။Park Jiminတို့ကလက်တစ်လုံးလေးတောင်အကြောခံချင်တာမဟုတ်ဘူး။

ဒီလိုနဲ့ပြန်လာတော့ ပင်မင်းဆိုင်ရဲအနီးလမ်းကလေးဟာညအချိန်ဆိုလူအသွားအလာနည်းတဲ့နောက်ဖေးလမ်းကြားလေးဖြစ်သည်။ ဒါကြောင့်စားသောက်ဆိုင်ကြီးတွေရဲ့ကျောဘက်နံရဲနှင့်အမှိုက်ပုံးကြီးတွေသာရှိပြီး မလှမ်းမကမ်းမှာဝက်ရှော့ဆိုင်လေးတစ်ဆိုင်သာရှိသည်။

ထိုဝက်ရှော့ဆိုင်ရှေ့အရောက်မှာတော့ဆိုင်ထဲမှလူတချို့ထွက်လာသည်။ မြင်ဖူးနေကြလူတွေမဟုတ်ပဲသူ့ဆီတန်းတန်းမတ်မတ်လျှောက်လာတာကြောင့်Jimin နောက်ကိုမသိမသာဆုတ်ပြီးလှည့်ပြေးရန်ကြိုးစားသည်။

သို့သော် နောက်ဘက်မှာလည်းလမ်းအဝင်မှာပိတ်လျှောက်လာတဲ့လူမိုက်ကဲ့သို့လူတွေကလက်ထဲမှာသံကြိုးတွေကိုကိုယ်စီကိုင်ရင်းလျှောက်လာ၏။

အခြေအနေမဟန်တော့သည်ကြောင့် ဆိုဂျူကဒ်ကြီးကိုပစ်ချပြီး အမှိုက်ပုံးကြီးတွေပေါ်အတိုင်းတက်ပြေးသည်။ ထိုလူတွေလည်းနောက်ကပြေးလိုက်လာပေမဲ့လူကောင်သေးသေးနဲ့လျင်လွန်းတဲ့Jiminကိုသူတို့အတော်လိုက်ယူရသည်။

အနောက်ကိုတစ်လျက်လှည့်ကြည့်တော့လိုက်လာမြဲလိုက်လာဆဲ။ဒီလောက်သိုသိုသိပ်သိပ်နေတာတောင်သင်းတို့တွေဘယ်လိုများခြေရာခံမိသည်မသိ။

တွေးတောရသလောက်ဆို မနေ့ကအဝတ်လျှော်စက်နဲ့ခေါင်းဆောင့်မိပြီးရုတ်တရက်စိန်ဖြူတစ်လုံး ကျသွားခြင်းကို သူဌေးတွေ့လို့သတင်းပေးတာဖြစ်လိမ့်မည်။

ခွေးသေဝက်သေသေမယ့်သူဌေးစုတ်!မယားပါသားဆီကမဒိန်းကျင့်ခံရပါစေ!

စိတ်ထဲ၌သူဌေးအားကျိန်ဆဲလျက် ပြေးရင်းလွှားရင်းဖြင့်မြို့တော်ရှိမြစ်ကြီးရဲ့ရေကာတာအုတ်တံတိုင်းလမ်းကြားကိုရောက်လာခဲ့သည်။ ရေကာတာနံရံနဲ့လမ်းဆုံးသွားသည့်အတွက်Jiminစိတ်ပျက်စွာနားထင်မှာကျနေတဲ့ချွေးစတွေကိုကြမ်းကြမ်းဖိသုတ်ကာနံရံကိုကန်တျောက်သည်။

" အသာတကြည်လိုက်ခဲ့ရင်မင်းအသားမနာဖို့အာမခံတယ်"

အနောက်ဘက်ကအသံကြောင့်လှည့်ကြည့်တော့လမ်းပိတ်ရပ်ထားသည့်လူများကြားမှတိုးထွက်လာသည့်ယောကျာ်းတစ်ယောက်။

ဖြူဖွေးသောအသားရေနဲ့ခပ်ကျဥ်းကျဥ်းမျက်လုံးတစ်ဖက်အောက်မှာဓားရှရာကဲ့သို့အမာရွတ်ကြီးရှိသည်။ ဒါဟာထိုယောကျာ်းကိုရုပ်ဆိုးမသွားစေပဲသူ၏သင်္ကေတနှယ်ဖြစ်တည်စေ၏။

ခြေလှမ်းတွေနီးကပ်လာတဲ့အခါJiminနောက်ကိုဆုတ်သည်။

" အနားကပ်မလာနဲ့! "

" အဟက်! ကပ်ချင်လို့ကပ်လာပါတယ်ဆိုမှမကပ်နဲ့ပြောရသလား....စိန်ဖြူ Fomulits Park Jiminက...ပုံထဲကထက်ပိုလှတာပဲ"

" ကျုပ်ကိုမထိနဲ့!!"

ပါးပြင်ကိုပွတ်သပ်လာတဲ့လက်ပါးပုတ်ထုတ်ရင်းအော်ဟစ်လိုက်သည်။ ထိုလူ့ရင်ဘက်ကိုဆောင့်တွန်းပြီးထွက်ပြေးတော့ သဘောကျစွာရယ်ရင်း Yoongiသူ့ဘေးက bodyguard ဆီလက်ဖြန့်လိုက်တော့သံဆူးတွေပါတဲ့ ကြာပွတ်ရှည်ကိုပေးလာသည်။

လက်မောင်းအားသုံးပြီးဖြူနုနုခြွေချင်းဝတ်ဆီဦးတည်ပြီးလွှဲယမ်းလိုက်တဲ့အခါ လမ်းဆုံးမရောက်သေးတဲ့ခြေတွေထံရစ်နှောင်သွားပြီးတရွတ်တိုက်ဆွဲခေါ်သည်။

" အားး!! ကယ်ကြပါ!! အားး!! "

ပွတ်တိုက်မှုကြောင့် တံတောင်နဲ့လက်ဖဝါးကအစ ခြေဝတ်အဆုံးသွေးတွေထွက်လာပေမဲ့မျက်ရည်မကျစေရန်အံတင်းတင်းကြိတ်ပြီးတောင့်ခံထားသည်။

" အာ့! ဟာ့!"

" အစကတည်းကလိမ္မာသင့်တာ အဆိုးလေး"

အငွေရောင်ဆံပင်တွေကိုစောင့်ဆွဲရင်းပြောသူကJiminကျောပေါ်မှာဆောင့်တျောက်ခွထိုင်ထားသည်။ ဒါကြောင့် နောက်စေ့နဲ့ထိုလူမျက်နှာကိုတိုက်ချပြီးနောက်လှန်သွားတာနှင့်တပြိုင်နက်ထွက်ပြေးသည်။

ခွပ်!

" Shit! မင်းကများအာခံလို့!"

" အာ့! အားးး! ကျုပ်ကိုလွှတ်ပေးးး!! အားး!!"

" ကားသွားယူကြ"

ခြေမှာပတ်ထားဆဲကြာပွတ်ကိုဆောင့်ဆွဲတော့တရွတ်တိုက်ပါလာသည်။ နောက်စေ့နဲ့ဆောင့်မိတာကြောင့်နှာခေါင်းကစီးကျလာသောသွေးတွေကိုလက်ဖနောင့်နဲ့ဖိသုတ်လိုက်ရသည်။

စိန်ဖြူ Fomulitsကမလွယ်ကြောမှန်းYoongiသိသွားတာပေါ့!

လမ်းကျဥ်းအတွင်းကားရောက်လာသည့်အခါနာကျင်မှုကြောင့်တုန်ယင်နေတဲ့ကိုယ်လေးအားဝတ်ထားရာ အဖြူရောင် Shirtအင်္ကျီရဲ့ဂုတ်ကော်လံစမှဆွဲပြီးကားနောက်ခန်းကိုပစ်ထည့်လိုက်သည်။

ဘေးမှာဝင်ထိုင်တော့ ခှခငှေှးဝတမှှတဈစကစှကကှနှသေောသှေးတှကေိုမှမကှောကှ Yoongiရဲ့ပခုံးအား ကုန်းကိုက်လေသည်။

"ကျစ်! ခွေးစိတ်ပေါက်သွားတာလားဟ ...Fuck!"

ဒုန်း!

" ဟာ့!!"

နည်းနည်းမှနာကျင်ဟန်မပြပဲJiminရဲ့ဂုတ်ကဆွဲပြီး ကားတံခါးနဲ့ရိုက်ချသည့်နာကျင်လွန်း၍ခွေကျသွားသည်။

Jimin ထိုလူ့ကိုတစ်စီဖြစ်အောင်ကိုက်ဖဲ့လိုက်ချင်တာ။သူ့လက်ထဲမှာအသုံးချခံဖြစ်မယ့်အစားသေတာသွားတာကမှပိုမြတ်ဦးမယ်။

_______

Min အိမ်တော်ရဲ့နှစ်ထပ်လှေကားထစ်ပေါ်မှာငုတ်တုပ်ကလေးထိုင်ရင်းလက်သည်းများကိုတိတိကိုက်နေသူ။ Taehyung,Jungkookအနောက်မှာမတ်တပ်ရပ်စောင့်ပေးနေသည်။

ခပ်လုံးလုံးကျောပြင်လေးနှင့်အဝါရောင်ခေါင်းလေးကိုအပေါ်စီးမှမြင်ရပုံဟာတစ်နည်းတစ်ဖုံချစ်စရာကောင်းသည်။

" Taehyunggie"

" ဟုတ်ကဲ့ဘာခိုင်းမလို့လဲသခင်လေး"

" ခိုင်းစရာရှိမှခေါ်ရမှာလား"

သနားကမားဟန်ဖြင့်မော့ကြည့်ပြီးမေးတာကြောင့်Taehyungအမြန်ဖြေရှင်းရတော့သည်။

" မဟုတ်ပါဘူးသခင်လေး ကျွန်တော်စကားမှားသွားတာပါ...တောင်းပန်ပါတယ်"

" ရပါတယ်...ကျွန်တော်~ရုတ်တရက်ကြီးဗိုက်ဆာလာလို့ Polyphagia(အဆာလွန်ရောဂါ)များဖြစ်နေပြီလားမသိဘူး"

" မဖြစ်နိုင်ပါဘူးသခင်လေး... 9နာရီထိုးပြီဆိုတော့ညစာမစားရသေးလို့သာမန်ရိုးကျဗိုက်ဆာတာပါ"

" ဪ...ဟုတ်လောက်မယ်...ဟုတ်လောက်မယ်"

"..........."

" အဲဒါဆို ကျွန်တော့်ကိုမိုးခိုသားကြော်ပေးပါလား Taehyunggie"

" ဟုတ်ကဲ့...ဒီမှာခဏစောင့်ပါသခင်လေး"

" ဟင့်အင်း လိုက်ခဲ့မှာ...Taehyunggieမရှိတုန်းလှေကားပေါ်ကလိမ့်ကျပြီးသေမှာစိုးလို့"

" သခင်လေးသဘောပါပဲ"

Taehyungရဲ့ coat အင်္ကျီအနားစကိုဆွဲပြီးထမင်းစားခန်းကိုလိုက်လာခဲ့သည်။ အိမ်မှာထမင်းချက်ဟင်းချက်အကူအမျိုးသမီးတွေရှိပေမဲ့ JungkookကTaehyungကိုပဲချက်ကျွေးခိုင်းသည်။

မည်သို့ဆိုအိမ်အကူတွေဆီကရောဂါပိုးတွေပါရင်ကူးမှာကြောက်လို့တဲ့လေ။

သို့ဖြစ်၍Taehyung,Jungkookကိုထမင်းစားပွဲရဲ့ခုံမှာထိုင်စေပြီး...suit coatကိုချွတ်ကာဘေးမှချိတ်တင်လိုက်သည်။ အတွင်းမှာကျန်တဲ့အနက်ရောင် လည်ပိတ်ဆွယ်တာကိုယ်ကျပ်ကိုလည်း မ ချွတ်ပြီးခုံမှာတင်ထားခဲ့၏။

အညိုရောင်အသားရေနှင့်အပြိုင်ထင်းထွက်နေသောဝမ်းဗိုက်ကြွက်သားများကမြင်ရသူကျား/မ မရွေးရင်ဖိုစေနိုင်သည်။ဒီလိုချွတ်ရခြင်းက ဟင်းချက်တဲ့အခါအနံ့တွေ အင်္ကျီကိုမဆွဲစေဖို့ပင်။ သခင်လေးတစ်ယောက်ရဲ့သက်တော်စောင့်လုပ်ရတာမို့သူကအနံ့အသက်ကင်းကာ အမြဲသန့်ရှင်းနေမှဖြစ်မည်။

ပထမဆုံးအကြိမ်ကဆိုJungkookခမျာလန့်သွားပြီးYoongiကိုတိုင်ပြောသည်။ Taehyungသေချာရှင်းပြကာမှမလန့်တော့ပဲအသားကျသွား၏။

ပြောတာကိုTaehyungမှတ်မိပါသေးရဲ့ ' သခင်ကြီး အဲဒီTaehyunggieက ကျွန်တော့်ကိုဖြားယောင်းသွေးဆောင်တယ်' တဲ့!

ဂတ်စ်မီးဖိုနဲ့အသားကြော်နေသောTaehyungက ဆံပင်တွေကိုခပ်တိုတိုညှပ်ထားသူဖြစ်သည်။ အသားကဆီပေါက်သည့်အခါcoatအင်္ကျီထဲက နေကာမျက်မှန်အမည်းကိုသွားယူတပ်ပြီးမှပြန်ကြော်သည်။

ခပ်တိုတိုဆံပင်တွေနဲ့အတူမျက်မှန်ကြောင့်ပိုမိုထင်ပေါ်သွားတဲ့မေးရိုးရယ်၊ နောက်....အညိုရောင်အသားရေ ရှိတဲ့ကြွက်သားအပြည့်နှင့်ကျောပြင်ရယ်။

ဟင်းချက်နေတဲ့ထိုယောကျာ်းကလုံးဝနစ်မွန်းပစ်လိုက်ချင်စရာကြီးပါ။သို့သော်Jungkook စားပွဲပေါ်လက်တင်ကာမေးထောက်ရင်းTaehyung ကျောပြင်အားငေးကြည့်လျက်စိတ်ထဲ၌ရေရွတ်မိသည်။

ဒီbody...ဒီအနေအထားနဲ့ရည်းစားမရှိတာနှမြောဖို့ကောင်းလိုက်တာ! Taehyunggieကို တစ်လမ်းကျော်ကမော်ဒယ်အစ်မကြီးနဲ့အောင်သွယ်ပေးချင်လိုက်ပါဘိ!

" Wow...မွှေးနေတာပဲ"

မိုးခိုသားကြော်ထားတဲ့ပန်းကန်ကိုလာချပေးတော့ မျက်ဝန်းလေးများတလက်လက်ဖြင့်ပြောတဲ့အတွက်Taehyungပြုံးလိုက်သည်။

" သံပုရာသီးညှစ်ထည့်ပေးရမလားသခင်လေး"

" မထည့်နဲ့ မနက်ကနွားနို့သောက်ထားတာ တော်ကြာသေနေမစိုးလို့"

" ကြာပါပြီသခင်လေးရယ် 2နာရီခြားရင်ကိုစားလို့ရပါတယ်"

အသားကိုဖဲ့စားရင်းလက်ခါပြသည်။ ကြောက်တတ်လွန်းမှုကြီးကြောင့်ရယ်ချင်ပေမဲ့မရယ်ရက်။မည်သို့ဆိုသူလေးအမှန်တကယ်ကြောက်နေခြင်းကြောင့်ပင်။

အခုသူသာဇွတ်အစားခိုင်းကြည့်...ခဏနေ'Taehyunggie ကျွန်တော်သေတော့မှာလားမသိဘူး အသက်ရှူတွေကျပ်လာပြီ' ဆိုပြီးစိတ္တဇတွေဖြစ်နေတော့မှာအသေချာပဲ။

မျက်နှာချင်းဆိုင်ခုံမှာထိုင်ရင်းကျန်တဲ့အသားတွေကိုသေချာလှီးပေးသည်။ပလုပ်ပလောင်းစားနေပုံလေးကိုတစိမ့်စိမ့်ကြည့်ချင်သော်ငြားမသင့်တော်တာမို့မျက်လွှာချအကြည့်လွှဲကာ အင်္ကျီပြန်ဝတ်လိုက်သည်။

ထိုအချိန်အိမ်ထဲမှဆူညံသံတွေကြောင့် Taehyungအသင့်အနေထားရပ်လိုက်ပေမဲ့ခြေမြန်တဲ့Jungkookကလှစ်ခနဲပြေးထွက်သွာသးည်။ဒါကြောင့်ခြေလှမ်းကျဲများဖြင့်အမြန်လိုက်ရ၏။

" ကိုက်ချင်သေးလား...ဟမ်!!"

" အွန်း!! ဟွန်းး!!"

သခင်ကြီးဟာလူတစ်ယောက်ကိုခွေးတစ်ကောင်နှယ်ဆွဲခေါ်လာသည်။သခင်ကြီးရဲ့ဖြူဖွေးဖွေးညာလက်ဖမိုးမှာကိုက်ရာအကွင်းလိုက်ကြီးနှင့်သွေးနီနီတို့ပေကျန်ပြီး...ထိုလက်နဲ့ပဲကောင်လေးရဲ့လည်ပင်းမှာပတ်ထားသောလည်ပတ်ရဲ့သံကြိုးတုတ်တုတ်ကိုတင်းတင်းဆွဲထားသည်။

ထိုကောင်လေးရဲ့ပါးစပ်မှာသံပချုပ်တပ်ပေးထားခြင်းက guard dogတွေအတိုင်းပင်။

" သခင်ကြီး~"

" အတော်ပဲ...Taehyungငါ့ကိုမနက်အတွက်သေတ္တာတွေပြင်ထားစမ်း"

Jungkookခေါ်လိုက်ပေမဲ့အနောက်ကTaehyungကိုလှမ်းပြောသည်။ ထိုသေတ္တာတွေကစိန်ဖြူတွေထည့်ဖို့ဆိုတာသိတာမို့Taehyungအမိန့်နာခံလိုက်၏။

မြေပြင်ပေါ်ဒူးထောက်လျက်ရှိသောJiminက Jungkookထံအဓိပျပါယမြွားစှာဖှငြ့လှမြးကှညြ့သညြ။ထိုအကှညြ့မွားဟာကယတြငပြါဟုဆိုလိုသောလြညြး Jungkook လျစ်လျူရှူမိ၏။

" သူ့ကိုသံလုံခန်းထဲထည့်လိုက်"

Yoongiသူ့အနောက်က bodyguardsများကိုပြောလိုက်သည်။

" ဟုတ်ကဲ့Sri."

" ခြေလက်တွေအကုန်တုပ်ထားမယ်...ရိုက်နှက်တိုင်းငိုမယ့်ပုံမပေါ်တာမလို့သူ့အတွက်သောက်စရာလေးပြင်ထားလိုက်ပါဦး"

" ဟုတ်ကဲ့အဆင်သင့်ပြင်ထားပါ့မယ်Sir."

ထို bodyguardsများဟာ Jiminရဲ့လည်ပတ်ကြိုးမှတစ်တင့်တရွတ်တိုက်ဆွဲခေါ်သွားကြ၏။

အဆင်သင့်ဖြစ်ဖို့ပေလာသမျှသူ့သွေးကိုယ့်သွေးတွေကိုဆေးကြောရန်အခန်းဆီခြေလှမ်းပြင်လိုက်ပေမဲ့လက်မောင်းကိုလာဆွဲသည့်လက်တွေကြောင့်ငုံ့ကြည့်လိုက်သည်ရှိသော် မျက်ရည်အဝဲသားနဲ့ဒေါနရောင်မျက်ဝန်းများ။

" သခင်ကြီးသူနဲ့အတူမနေရဘူး"

" ဒါမင်းဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူး"

ဆွဲကိုင်ထားရာလက်တွေကိုဖယ်ခွာပြီးပြောလိုက်သည်။

" ဘာလို့ဆုံးဖြတ်မရ ရမှာလဲ! ကျွန်တော်ကသခင်ကြီးရဲ့တရားဝင်လက်ထပ်ထားတဲ့ခင်ပွန်းပဲ! အဲဒါကြောင့် သခင်ကြီးသူ့ဆီကနေအတူဆက်ဆံမယ့်နည်းလမ်းနဲ့တော့စိန်ဖြူတွေကိုထုတ်မယူရဘူး!"

" နေရာလေးနည်းနည်းပေးတာနဲ့ကမ်းတက်လာလိုက်ပုံများ...မင်းကိုလက်ထပ်ထားတယ်ဆိုတာ တခြားမွှား(Fomulitsစုဆောင်းသူ)တွေမင်းကိုလာမလုအောင်ချုပ်ထားလိုက်တဲ့သဘောမှန်းမင်းသိပါတယ်။ ကိုယ့်အဆင့်ကိုယ်သိစမ်းပါ။"

အင်္ကျီလက်မောင်းစအားခါထုတ်ရင်းထွက်သွားသောသခင်ကြီး။ သူထွက်သွားတာနဲ့တပြိုင်နက်ခန္ဓာကိုယ်ကအားတွေကိုစုပ်ယူခံလိုက်ရသလိုခွေကျသွားသည်။

ဖြစ်နိုင်ရင်အချိန်တိုင်းသခင်ကြီးအတွက်စိန်နက်တွေထုတ်ပေးလိုက်ချင်ပါတယ်။ဒါပေမဲ့သဘာဝတရားကတစ်လမှာ3ရက်ပဲခွင့်ပြုတာမို့သခင်ကြီးရဲ့လောဘတွေကိုလုံလောက်အောင်စွမ်းဆောင်မပေးနိုင်ဘူး။

ပြိုလဲနေသည့်ကိုယ်ငယ်နှင့်တသိမ့်သိမ့်ရှိုက်တုန်သည့်ကျောပြင်ငယ်။ မသိမသာသက်ပြင်းချလို့မျက်နှာကိုတစ်ဖက်လွှဲရပြန်သည်။

ရှိုက်သံတွေကိုကြားတိုင်းခံစားချက်တို့ကဟိုးအောက်ဆုံးအထိထိုးကျနေခြင်းဟာလိပ်ပြာမလုံချင်စရာပါပဲ။ဆွဲထူခွင့်လည်းမရှိ၊ပွေ့ဖက်လို့လည်းမရနဲ့။ ဒါကြောင့်ကိုယ့်ကိုယ်ကိုပြန်သတိပေးမိတယ်။

Kim Taehyung...မင်းသခင်လေးအပေါ်မှာအလုပ်တာဝန်ထက်မပိုစေနဲ့!





















(AN/ မနက်ဖြန် မာဖီးယားလေးupပေးမယ်နော်သဲတို့...မင်းတို့ရာရာ က အခုတလောup မကြာအောင်ကြိုးစားနေတာမလို့🤭)

Continue Reading

You'll Also Like

595K 12.7K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...
772K 28.6K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
459K 31.3K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
152K 5.4K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...