ပြန်လည်မွေးဖွားလာသော ကြယ်စင်စ...

By SN_SwaeNyoe002

54.6K 5.4K 49

ဘာသာပြန်သူ စွဲညို့အသင်း More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
💥တယ်လီဂရုလေး ရှိထားပါကြောင်း💥
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 24
Part 23
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Telegram ကို လာခဲ့နော်
Part 43
Part 44
Part 45
Part 46
Completed Novels in Telegram
Part 47

Part 9

1.1K 132 0
By SN_SwaeNyoe002

CHAPTER (9)

လီတုန် လောင်းကစား အိမ်တော်အဝင်ဝ၌ ပန်းဆံထိုး ပန်ဆင်ထားသည့် အမျိုးသမီးတစ်ဦးမှ ဟယ်ယန့်ကို ဟန့်တားလိုက်ပြီး

"သခင်လေး ဒါက လောင်းကစားအိမ်တော်ပါ"

"ကျုပ်သိတယ်"

ဟယ်ယန် ခေါင်းငြိမ့်ပြပြီး ငွေစနှစ်စကို အင်္ကျီလက်အတွင်းမှ ထုတ်ယူပြီး ထိုအမျိုးသမီးအရှေ့၌ ဝှေ့ယမ်းပြကာ

"ကျုပ် ဒီကို လောင်းကစား လုပ်ဖို့လာတာ"

ထိုအမျိုးသမီး ဆွံ့အသွားခဲ့ပြီး စကားဆက်မပြောနိုင်ခဲ့မီ ဟယ်ယန်မှ လောင်းကစားအိမ်တော်အတွင်း ဝင်ရောက်သွားနှင့်ခဲ့ပြီး ဖြစ်သည်။ လောင်းကစားအိမ် အဝင်ဝရှိ အမျိုးသမီးများသည် လောင်းကစား လာဘ်ခေါ်သူများ ဖြစ်ပြီး လီတုန်လောင်းကစားအိမ်သို့ ရောက်ရှိလာသည့် ဧည့်ပရိတ်သတ် အပေါင်းသည်လည်း သူဌေးသူကြွယ်များသာ ဖြစ်သဖြင့် ဤ‌အိမ်တော်အတွင်း ငွေစဟူသည် အဖိုးမတန်ပေ။ ထို့ကြောင့် အိမ်တော်၌ အလုပ်လုပ် ကိုင်နေကြသူများသည် ခွဲခြားဆက်ဆံ တတ်ကြ၏။ ဦးစွာ ဆိုသော် လူချမ်းသာတစ်ဦး အသွင်မရှိသည့် သူများသည် အိမ်တော်အတွင်း ဝင်ခွင့်မရှိ။ အကြောင်းမူ ၎င်းတို့သည် ပန်းထိုးကော်ဇာကို ညစ်ညမ်းစေနိုင်သောကြောင့် ဖြစ်ပြီး ဒုတိယတစ်ချက် အနေဖြင့် သူဆင်းရဲများသည် ငွေကို အလွန်အလေးထားကာ အဆုံးရှုံး မခံနိုင်သောကြောင့် ဖြစ်သည်။ ငွေဆုံးရှုံးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးကို တိုင်တည်‌ငိုကြွေး တတ်ကြပြီး ငွေပေးရန်လည်း ငြင်းဆန် နေတတ်ကြသည်။ ၎င်းတို့၏ ထိုအပြုအမူများသည် အိမ်တော်အတွင်းရှိ လူကုံထုံသူကြွယ်များကို စိတ်နှလုံးမသာမယာ ဖြစ်စေပြီး ရတာထက် ပိုဆုံးရှုံးစေနိုင်သည်ပင်။

ဟယ်ယန့် အဝတ်အစားများသည် နွမ်းဖတ် အရောင်လွင့်နေသဖြင့် သူကြွယ်မိသားစု သခင်လေးတစ်ဦးနှင့် မတူသည်မှာ အလွန်သိသာနေခဲ့သည်။ ကံမကောင်းစွာဖြင့် လောင်းကစား လာဘ်ခေါ် မမလေးသည် ဟယ်ယန်ကို အချိန်မီ မတားဆီးနိုင်ခဲ့လျက် ဟယ်ယန်သည်လည်း မဖိတ်ခေါ်ဘဲ ဝင်ရောက်သွားနှင့်ခဲ့ပြီး ဖြစ်သည်။ လောင်းကစားအိမ်တော်၌ လူများ ပြည့်ကြပ် စည်ကားလို့ နေသည်။ လူတိုင်း၏မျက်နှာသည် နီမြန်းနေသည်။ အနိုင်ရသူများ၏ မျက်နှာ၌ အားရကျေနပ်မှုတို့ အတိုင်းသား ပေါ်လွင်လို့နေပြီး ဆုံးရှုံးသူမျက်နှာများမူ မဖြည်နိုင်မဆည်နိုင် ဖြစ်လို့နေသည်။ ငွေလဲ လက်မှတ်တစ်ထပ်ကို ထုတ်ယူပြီး ထပ်မံ အော်ဟစ်လိုက်ကြပြန်သည်။

"နောက်တစ်ပွဲဟေ့!"

ဟယ်ယန် ဟိုဟိုသည်သည် လျှောက်ကြည့်နေသည်။ ကြားဖူးခဲ့သည့် ဆောင်ကြာမြိုင်နှင့် လောင်းကစားအိမ်တော်၏ ကောလာဟလသတင်းများသည် အမှန်များ ဖြစ်နေခဲ့သည်။ ယနေ့ ဝမ်ကျူးကွေကို ပညာပေးပြီးနောက် မြို့တော်အတွင်းရှိ အကြီးဆုံး‌လောင်းကစားအိမ်အကြောင်းကို မေးမြန်းခဲ့သည်။ ထိုမေးခွန်း၏အဖြေကို ဝမ်ကျူးကွေကဲ့သို့ လမ်းသရဲတစ်ကောင်သည် တပ်အပ်သိခဲ့ရမည်။ ထင်မှတ်ထားသကဲ့သို့ ဝမ်ကျူးကွေမှ လီတုန်လောင်းကစား အိမ်တော်အကြောင်း ပြောပြခဲ့သည်။

ဟယ်ယန် လောင်းကစားအိမ်တော်သို့ တစ်ခါမျှ မရောက်ဖူးခြင်း မရှိခဲ့ပါ။ ဖူယွဲ့စစ်တပ်အတွင်း ဝင်ရောက်ခဲ့ပြီး သူ၏ အထူးအသွင်အပြင်ကြောင့် လူထူထပ်သည့် နေရာများကို မသွားရောက်နိုင်ခဲ့ဘဲ လောင်းကစား အိမ်သည်လည်း ၎င်းနေရာများအနက် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။ ဖူးယွဲ့စစ်တပ်နှင့် တိုက်ပွဲကို အတူတကွ အနိုင်ရရှိခဲ့ပြီး မြို့တော်သို့ ပြန်လာခဲ့စဉ် ဟယ်ယွမ်ရှန်းလည်း ပြန်ရောက်နှင့်ပြီး ဖြစ်သဖြင့် ဟယ်အိမ်တော်၏ ဒုတိယသခင်မလေးအဖြစ် အလိုအလျောက် ပြန်ရောက်သွားခဲ့ရပြီး ဤကဲ့သို့ နေရာမျိုးသို့ လည်ပတ်ရန် အခွင့်အရေးပင် မရရှိခဲ့ပေ။ ထို့ကြောင့် ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ဟယ်ယန်တစ်ယောက် မည်သို့ လောင်းကစားပြုရမည်ကို မသိဘဲ လောင်းကစားအိမ်သို့ ရောက်ရှိလာခဲ့ခြင်းပင်။

လီတုန်လောင်းကစားအိမ်တော်၌ လောင်းကစားနည်းမျိုးစုံ ရှိ၏။ ပိုင်ချောင်၊ တန်ချီ၊ တရုတ်စစ်တုရင်၊ နှံကောင်တိုက်ပွဲ၊ ကြက်တိုက်ပွဲ စသည်ဖြင့် အမျိုးမျိုး ရှိနေပြီး မြင်မြင်သမျှ အရာ‌တို့ကြောင့် ဟယ်ယန် မူးဝေလုနီးနီး‌ ဖြစ်နေသည်။ အံ့ဩမိပြီး မည်သို့ လောင်းကစားပြုရမည်ကို မသိဖြစ်နေသဖြင့် မိမိသနားစဖွယ် ကောင်းလှသည်ဟူ၍လည်း ခံစားမိနေသည်။ ထိုစဉ် လူတစ်ချို့ ကြွေအံ့ ကစားနေကြသည်။ ကြွေခွက်ကလေးအတွင်း အံ့စာတုံးကို ထည့်ခလောက်ပြီး ရနိုင်မည့်ဂဏန်း ခန့်မှန်းရမည့် ကစားနည်း ဖြစ်သည်။ ဤကစားနည်းသည် အရိုးရှင်းဆုံးကစားနည်း ဖြစ်ပြီး ‌လူပေါင်းများစွာကို ဆွဲဆောင်နိုင်သည့် ကစားနည်းလည်း ဖြစ်သည်။ ဟယ်ယန့်မျက်လုံးတို့ တဝေါဝေါ စီးဆင်းနေသည့် ငွေစများထံ ရောက်ရှိသွားပြီး နှုတ်ခမ်းထောင့်လေး ကွေးတွန့်သွားသည်။ နောက်ဆုံး၌ အပြုံးတစ်ခု ဟယ်ယန့်မျက်နှာ၌ ပေါ်ထွက်လာခဲ့သည်။

လက်ရှိဟယ်မိသားစုသည် အလွန်နွမ်းပါးသော်လည်း ဟယ်ယွင်ရှန်း ကျောင်း သို့မဟုတ် ကိုယ်ခံပညာသင်ကျောင်း တစ်ခုခုတတ်ရန် လိုအပ်နေသည်။ အပေါင်ခံထားသည့်‌ လက်ဝတ်ရတနာများသည် ငွေကြေး များများစားစား မလဲလှယ်နိုင်ခဲ့လျက် ငွေထုပ်တစ်ထုပ်ပြည့်ရန် ပင်ဝေးစွ။ တာ့နိုင်မုန့် ဖုတ်ရောင်းနေသည့်တိုင် ငွေကြေး အလုံအလောက် စုမိရန် အလွန်ကြာညောင်းမည်ပင်။ ထိုသို့ စဉ်းစားပြီးနောက် အဆုံး၌ လောင်းကစားအိမ်တော်ကို ဟယ်ယန် စဉ်းစားမိခဲ့သည်။ အခွင့်ကောင်း အခါသင့်မှသာ နိုင်၊နိုင်မည့် အခွင့်အရေး ဖြစ်သော်လည်း လောလောဆယ် များများစား ရွေးချယ်စရာ မရှိခဲ့ပေ။

"ဟေ့လူ ခင်ဗျား ဒီမှာ ဘာရပ်လုပ်နေတာလဲ လောင်းကစား မလုပ်ရင် လာမရပ်နဲ့"

ဟယ်ယန့်ဘေးနား လူတစ်စုမှ ဟယ်ယန့်အား အထင်သေးစွာ ကြည့်နေသည်။

ပိုက်ဆံမရှိဘဲ ဘာလို့ လောင်းကစားရုံကိုလာတာလဲ?

အဝတ်အစားလေးတောင် မဝယ်နိုင်ဘူးလား? စားချင်စိတ်တောင် ပျောက်တယ်ကွာ

ဟယ်ယန်မှ

"လောင်းတာပေါ့"

ပတ်ပတ်လည်လည် ဧည့်ပရိတ်သတ်အပေါင်းသည် ရွှေငွေများ ဝတ်ဆင်ထားကြပြီး သူကြွယ် သော်လည်းကောင်း မျိုးကြီးဆွေကြီး အသိုင်းဝိုင်းမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ ရုတ်တရက် စုတ်တီးစုတ်ပဲ့ အဝတ်အစားနှင့် လူငယ်တစ်ယောက်ကို မြင်သဖြင့် မနေနိုင်ဘဲ လိုက်လံ ကြည့်နေမိကြသည်။ အင်္ကျီလက်အတွင်းမှ ငွေစနှစ်စကို ထုတ်ယူပြီး ဟယ်ယန် စားပွဲပေါ် တင်ပေးလိုက်စဉ် တစ်စုံတစ်ယောက်ထံမှ လှောင်ရယ်သံ ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး မင်း သေချာစဉ်းစားနော် ဒါဟာသ မဟုတ်ဘူး မင်းဒီငွေနှစ်စကို ပြန်မြင်ရမှာ မဟုတ်ဘူးနော် ဘာကြောင့် လက်မလျော့ချင်ရတာလဲ မင်းရှုံးရင် ငိုနေရမယ်နော် ပြီးရှုံးလို့က ပြန်မပေးဘူးနော်"

ဤသည်မှာ မဖြစ်ဖူးဟု မပြောနိုင်သည့် အရာပင်။ လောင်းကစားသည် စွဲလမ်းလွယ်၏။ ဆုံးရှုံးလေလေ ပိုလောင်းလေလေ ဖြစ်ပြီး တချို့မူ မြေပိုင်ဆိုင်မှုများ၊ ဇနီးမယားများနှင့် သားသမီးများပင် ဆုံးရှုံးခဲ့ကြရသည်။ အဆုံး၌ နောင်တ တစ်ပွေ့တစ်ပိုက်ဖြင့် လီတုန် လောင်းကစားအိမ်မှ ကန်ထုတ်ခံခဲ့ရသည်။ ဤကဲ့သို့ ဖြစ်ရပ်မျိုးသည် လောင်းကစားလောက၌ အချိန်ပြည့် ဖြစ်ပျက်နေသည့် ကိစ္စများဖြစ်၏။

အားလုံးမှ ဟယ်ယန့်ကို သနားစဖွယ် မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူဆင်းရဲများ၏ လီတုန်အိမ်တော် အဝင်လမ်းသည် ပြန်လမ်းမဲ့ အဝင်လမ်းသာ ဖြစ်၏။ ဟယ်ယန်ပြုံး၍

"ရပါတယ် ကျုပ်က အပျော်လောင်းတာပါ"

အားလုံး ဝါးကနဲ ပွဲကျကုန်သော်လည်း ကောင်းသော ရယ်ခြင်းမျိုးဖြင့် ရယ်မိခဲ့သလော၊ အပျော်သဘော ရယ်မိခဲ့သလောဟူသည် မည်သူမျှ မပြောနိုင်ခဲ့ပေ။ ကြွေပန်းကန်အတွင်း အံစာတုံးကို ပစ်ထည့်လိုက်ပြီး ခွက်ကို အပေါ်အောက် ပင့်မြှောက် ခလောက်လိုက်သည်။ ထို့နောက် ဒိုင်မှ ဘယ်ညာရမ်းခါလိုက်ပြီး ကြွေပန်းကန်အတွင်းရှိ အံစာသံ တချွင်ချွင် မြည်လို့ နေလျက် ပတ်ဝန်းကျင် လောင်းကစား ဧည့်ပရိတ်သတ်၏ အားပေးအော်ဟစ်သံများဖြင့် အတူတကွ စည်ကားလို့နေသည်။ ဤသည်မှာ တီးဝိုင်းတစ်ခုအလား။ လူကြမ်းတစ်ဦး၏ တီးတိုးစကားပြောသံနှင့် အော်ဟစ်ရယ်မောသံ တို့ကိုလည်း ယေးယေးလေး ကြားနေရ၏။ ဟယ်ယန် ယခင်စစ်တန်းလျား၌ ရှိခဲ့သည့် အချိန်များကို ပြန်လည်သတိရလာမိသည်။

သူ စစ်တန်းလျားသို့ ရောက်ခါစ၌ တပ်သားတစ်ဦးအဖြစ်မှ လက်ထောက်စစ်သူကြီး၊ ထို့နောက် လက်ထောက်စစ်သူကြီးမှ စစ်သူကြီးအဖြစ်သို့ တဖြည်းဖြည်း တက်လှမ်းခဲ့ရသည်။ ဟယ်အိမ်တော်၏ အထောက်အပံ့ တစ်ခုမျှ မပါဝင်ဘဲ မိမိ၏အသွေးအသားကို အားကိုးပြီး စစ်သူကြီးရာထူးကို အရယူခဲ့ခြင်းဖြစ်၏။ အေးစက်ခါးသက်လှသည့်‌ တန်းလျားနေရာ၌ ဖျော်ဖြေရေး ဟူသည်မရှိ။ ယခင်စစ်တန်းလျားမှ တပ်သားများအနေဖြင့် ထိုအခြေအနေကိုသည်းမခံနိုင်ကြဘဲ လောင်းကစား လုပ်မိကြသည်။ ထိုလောင်းကစား လုပ်သည့် ရဲမက်များ၊ တပ်သားများကို တွေ့ချိန်တိုင်း ဟယ်ယန် အမြဲလိုလို အပြစ်ပေးခဲ့လေ့ရှိသော်လည်း ၎င်းတို့အား ခိုးဝှက်လောင်းကစားခြင်းမှ မတားမြစ်နိုင်ခဲ့ပေ။ နောက်ဆုံး မတတ်နိုင်သည့် အဆုံး ဟယ်ယန်မှ တပ်အတွင်း ငွေစဖြင့် လောင်းကစား မပြုရ ဟူသည့် စည်းမျဉ်းကိုသာ ထုတ်ပြန်ခဲ့ရတော့သည်။ ထို့ကြောင့် ငွေစအစားထိုးအနေဖြင့် ကြက်ပေါင်များ၊ ရိက္ခာခြောက်များ၊ သားမွေးအဝတ်စများကို လောင်းကြေး ထပ်ခဲ့ကြသည်။

အမှန်စင်စစ် ရဲမက်များအနေဖြင့် လောင်းကစားလုပ်လို၍ မဟုတ်ဘဲ ပျင်းရိလွန်းမက ပျင်းရိလွန်းသောကြောင့်သာ လုပ်ခဲ့ခြင်းဖြစ်၏။ ဟယ်ယန်သည်လည်း တိုက်ခိုက်ခြင်းနှင့် လေ့ကျင့်ခြင်းသာ ဘဝဖြစ်နေသည့် ၎င်းတို့ထံမှ တစ်ဦးတည်းသော ပျော်စရာလေးကို မဖျက်သိမ်းလိုခဲ့ပေ။ ရံဖန်ရံခါ ထိုတပ်သားများမှ ဟယ်ယန်ကိုပင် အတူတကွ ဝင်ရောက် လောင်းကြေး ထပ်ခိုင်းလေ့ရှိခဲ့သည်။ ဟယ်ယန်မှ စိတ်ပါသောအခါ တစ်ပွဲစနှစ်ပွဲစ ဝင်ရောက် ဆော့ကစားလေ့ရှိပြီး ဆော့ချိန်တိုင်း အမြဲလိုလို ရှုံးနိမ့်နေခဲ့သည်။ အပေါစား လက်ဝတ်ရတနာ အားလုံးနီးပါး ဆုံးရှုံးခဲ့ရလေ့ ရှိသော်လည်း စိတ်ဆိုးခြင်းမရှိဘဲ ထိုနယ်ပယ်၌ မကျွမ်းကျင်သောကြောင့် ဟူ၍သာ မှတ်ယူခဲ့သည်။ လောင်းကစားလောက၌ မည်သူမှ မည်သို့ လောင်းကစား လုပ်ရမည်ကို အလိုလျောက် မသိခဲ့ကြပေ။

ရုတ်တရက် တချွင်ချွင် မြည်သံတို့ ရပ်တန့်သွားခဲ့သည်။ ဒိုင်မှကြွေခွက်ကို စားပွဲပေါ်သို့ ချလိုက်ပြီး ဟယ်ယန်ကို လှမ်းကြည့်သည်။

"အကြီး"

ဟယ်ယန်မှ ပြောလိုက်သည်။

"ဖွင့်ပြီ!"

ကြွေပန်းကန်ကို ဖွင့်လိုက်ပြီး စားပွဲပေါ်ရှိကြွေပန်းကန်အတွင်းမှ အံ့စာတုံးလေးနှစ်ခု ငြိမ်သက်စွာ ထွက်ပေါ်လာသည်။ ပရိတ်သတ်အားလုံး အသက်ရှုအောင့်ပြီး ဝိုင်းအုံကြည့်ခဲ့သည်။ အံ့စာတုံးနှစ်တုံးအနက် တစ်တုံးသည်'ငါး'၊ ကျန်တစ်တုံးမှ 'ခြောက်' စသည့် ဂဏန်းနှစ်ခုကို ကိုယ်စားပြု ဖော်ပြနေခဲ့သည်။ အားလုံး အံ့ဩမိခဲ့သည်။ ထိုစဉ် ဟယ်ယန်အား ရယ်မောခဲ့သူမှ စတင်ရယ်မောလိုက်ပြီး

"မင်း ကံကောင်းသွားတယ် ဒီပိုက်ဆံယူပြီး အဝတ်စားကောင်းတွေ သွားဝယ်လိုက်တော့"

ပြန့်ကြဲနေသော ငွေစများနှင့် ငွေလဲစာရွက်များ ဟယ်ယန့်အရှေ့၌ စုပုံလာသည်။ ဟယ်ယန်မှ ၎င်းတို့ကို ထပ်မံ တွန်းထည့်ခဲ့သဖြင့် အားလုံး၏အကြည့်များ သူ့ထံ ရောက်ရှိလာပြန်သည်။

"ထပ်လောင်းမယ်"

ထိုစကားကို အပြုံးဖြင့် ပြောလိုက်သည်။ တစ်စုံတစ်ယောက်မှ မနေနိုင်ဘဲ

"ဟေ့ ဒီချာတိတ်က ရင့်လှချည်လား"

"ညီလေး မင်းအနေနဲ့ အသာရနေတုန်း ထွက်လိုက်တာ ကောင်းမယ်နော် မင်းနိုင်တာပဲ ကံကောင်းလှပြီ"

ဤသည်မှာ စိတ်ရင်းဖြင့်ပေးသော အကြံစကားဖြစ်၏။

"မင်း အမြဲတမ်း ကံကောင်းမယ်လို့ တကယ်ထင်နေတာလား ဟားဟား ဟားဟား! ကလေးတွေက သိပ်နုံ့တာပဲ"

အမျိုးမျိုးသော လှောင်ပြောင်သရော် စကားများ၊ ဖြားယောင်းသံများနှင့် အလ္လပသလ္လပစကားသံများ ဟယ်ယန့် နားအတွင်း စုပြုံတိုးဝှေ့ဝင်လာသည်။ ဟယ်ယန့် မျက်ဝန်းတစ်စုံသည် လူပေါင်းများစွာ အလယ်ရှိ အံစာတုံးလေးနှစ်တုံး အပေါ်၌သာ ရှိနေသည်။ ဟယ်ယွင်ရှန်း ကျောင်းတက်ပြီး အရာရှိတစ်ဦး ဖြစ်လာရမည်။ ချင်းမေ့သည်လည်း အိမ်အလုပ်များ အားလုံး တစ်ဦးတည်း မကိုင်တွယ်နိုင်သဖြင့် ဤဟယ်မိသားစု၌ အစေခံများ ပိုငှားနိုင်ရမည်။ မကြာမီ လအနည်းငယ်အတွင်း နွေရာသီ ရောက်ရှိလာတော့မည် ဖြစ်ပြီး ထို့နောက် မိုးရာသီ ဆက်လက် ရောက်လာမည်။ ဟယ်မိသားစုအိမ်တော်၏ ခြံဝန်းတံခါး၌ တိုင်လုံးတစ်ချို့ လိုအပ်နေပြီး အိမ်တော် တစ်ခုလုံးသည် အတွင်းအပြင် မလုံမခြုံ ဖြစ်နေသည့်အတွက် ပိုမိုများပြားသော ငွေစများ လိုအပ်နေသည်။

ရှုကျစ်ဟန်နှင့် ဟယ်ရူဖေးတို့ကိုလည်း ရှာဖွေချင်သေးပြီး ထိုရှာဖွေမှုကို ငွေမရှိဘဲ မလုပ်ဆောင်နိုင်ပေ။ ငွေစများ အမြောက်အများ မလိုအပ်သော်လည်း ကျိန်းသေမရှိဘဲ အသက်မရှင်နိုင်။ သို့မဟုတ်ပါက တစ်လက်မပင် မလှုပ်ရှားနိုင်ဖြစ်ပြီး ထိုကဲ့သို့ မလှုပ်နိုင်မရှားနိုင် ဘဝမျိုးသည် မည်မျှကြပ်တည်း ခက်ခဲကြောင်းကိုလည်း ဟယ်ယန်ကောင်းစွာ နားလည်၏။

"မင်းသေချာ စဉ်းစားပြီးပြီလား"

ကြွေအံ့ပန်းကန်ကိုင်သည့် အသက်လတ်ပိုင်းအရွယ်ဒိုင်လူကြီးမှ ၎င်း၏မုတ်ဆိတ်ကိုသပြီး ကြင်နာစွာ ပြုံးပြလိုက်သည်။ ဟယ်ယန်သည်လည်း ဖော်ရွေစွာ ပြန်လည်ပြုံးပြခဲ့ပြီး

"ထပ်လောင်းမယ်ဗျို့"

+++++

Continue Reading

You'll Also Like

81.9K 8.1K 104
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...
41.7K 4.9K 164
Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/empero...