My Baby Girl

By DaffodilHnaung

134K 4.7K 831

သီးသန့်ကမ္ဘာဥယျာဥ်ထဲမှာရှိနေတဲ့ ဒေစီပန်းကလေးတစ်ပွင့်၊ မျက်ဝန်းပြာပြာ..ဆံနွယ်ဖြူဖြူတို့နှင့် တိုးဝေ့ချင်စရာ တိ... More

Character's Biography
Part - 1
Part - 2
Part - 3
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14

Part - 4

5.7K 252 15
By DaffodilHnaung

Unicode

"​မိုင်မိုင်းက ဦးဦးပြန်လာတာကိုစောင့်နေတာ။
မနေ့ကလည်းပြန်မလာဘူး"

"ကိုယ်အလုပ်လေးတစ်ခုအပြီးသတ်နေရလို့ကွ။
ဘာလဲ... မိုင်မိုင်းက ကိုယ့်ကိုပြောစရာရှိလို့လား"

"ဟုတ်"

"ကဲ ပြောစေဗျာ... Tomရေ ရေတစ်ခွက်လောက်"

ဧည့်ခန်းကဆိုဖာပေါ်ထိုင်ပြီး မိုင်ကလေးကိုလည်း သူ့ဘေးမှာထိုင်ခိုင်းလိုက်ရ၏။သေချာပေါက် သူမအမေလာကြိုတဲ့အကြောင်းပြောပြဖို့ပဲနေမှာ။

"မနေ့ကလေ ဦးဦးကလာမကြိုဘူး။မာမီလာကြိုပေးတယ် ... အပြန်ကျတော့ ရေခဲမုန့်လည်းဝယ်​ကျွေးတယ်"

"ဟုတ်လား ကိုယ်ပြောသားပဲ...အော်ရီယာနာက မိုင်မိုင်းကိုချစ်ပါတယ်လို့"

"မာမီက မိုင်မိုင်းကိုချစ်သွားပြီထင်တယ်နော်
ဦးဦး။ဒီနေ့ညနေလည်း လာကြိုတယ် သိလား"

"ကောင်းတာပေါ့ကွာ မိုင်မိုင်းကချစ်စရာကောင်းတော့ ဘယ်သူကမှမချစ်ပဲနေနိုင်မှာမဟုတ်ဘူးလေ။မိုင်မိုင်းမသိလို့ပါ... အရင်ကတည်းက သူကိုယ့်ကိုမှာထားတယ်။ဟေးမိုင်မိုင်းလေးကို
စောင့်ရှောက်ပေးပါဆိုပြီးတော့"

"ဒါပေမဲ့ ဦးဦးသိလား... "

နေရေးကိုပါအကဲခတ်သလိုကြည့်လာတဲ့ မျက်ဝန်းပြာကလေးက တစ်ခုခုကိုရိပ်မိလို့လား။ မဖြစ်နိုင်ပေမဲ့ မိုင်ကလေးသိသွားမှာကို သူစိုးရိမ်ပါသည်။စိတ်ဒဏ်ရာပျောက်စေချင်လို့လုပ်လိုက်တဲ့အရာက ထပ်ပြီးစိတ်ဒဏ်ရာဖြစ်မှာမျိုးကိုတော့ စေရာနေရေးလက်မခံနိုင်ပါ။

"ပြောလေကလေးရ... ဦးဦးကဘာကိုသိရမှာလဲ"

"ဘာမှမဟုတ်တော့ပါဘူးလေ"

"လူလည်မလေးက လျှို့ဝှက်ချက်တွေလုပ်နေပါလား။ဘာမို့လို့လဲကွ သိချင်အောင်လုပ်ထားပြီး"

"ဒါက ဦးဦးနဲ့တော့မဆိုင်ပါဘူး။ဒါပေမဲ့..."

"ဟေးမိုင်မိုင်းလေးရေ...မင်းက ကိုယ့်ကိုတောင် လျှို့ဝှက်ကုန်ပြီလား။ကိုယ့်မှာတော့
ကိုယ့်မိသားစုဝင်လို့သဘောထားလိုက်ရတာ"

"အာ .. အဲ့လိုမဟုတ်ပါဘူးဦးဦးရဲ့။ဦးဦးကိုလည်း မိုင်မိုင်းရဲ့ဒယ်ဒီလိုပဲသဘောထားပါတယ်"

"သြော်"

"ပြောပြမယ်နော် ဦးဦး...ဟိုလေ ဒီနေ့မာမီလာကြိုတော့ မာမီနဲ့အတူလူကြီးတစ်ယောက်လည်း
ပါလာတယ်"

"အော်ရီယာနာရဲ့အသိမိတ်ဆွေနေမှာပေါ့ကလေးရ"

"မိတ်ဆွေတွေက နမ်းလို့လားဦးဦးရဲ့"

"မိုင်မိုင်း !! "

"အဲ့ဒီလူကို မိုင်မိုင်းသိပါတယ် ဦးဦးရာ။ဒယ်ဒီပြောလို့ သူ့နာမည်ကိုကြားဖူးပါတယ်"

စိတ်ကုန်စွာပြောလာတဲ့မိုင်မိုင်းရဲ့စကားကြောင့် နေရေးရဲ့ခေါင်းထဲ အချက်ပေးသံတွေဆူညံလာသည်။ကလေးက ဒီလိုမြင်ကွင်းကိုမြင်ခဲ့ရတာတဲ့လား။မိခင်တစ်ယောက်ဖြစ်ပြီး ကိုယ့်သမီးရှေ့မှာ နောက်ယောကျာ်းနဲ့ ဖြစ်ချင်တိုင်းဖြစ်နေကျတာဘယ်လောက်အရှက်မဲ့သလဲ။အော်ရီယာနာ့ကို ဒီလောက်အထိ တာဝန်မဲ့လိမ့်မယ်လို့
မထင်ခဲ့မိတာအမှန်ပါလေ။

"ပြီးတော့လေ... မာမီတို့ပြောနေတာကြားခဲ့တယ် သူတို့၂ယောက်ရဲ့ကလေးတဲ့"

"ဘာ ! "

"ဟို ဦးဦးစိတ်မတိုပါနဲ့ .. မိုင်မိုင်းကခိုးနားထောင်တာမဟုတ်ပါဘူး။ဒီတိုင်း ဒီတိုင်းပဲကြားခဲ့ရလို့
ဦးဦးကိုပြောပြတာပါ"

လက်နှစ်ဖက်ကိုအချင်းချင်းပွတ်သပ်ရင်း
ခေါင်းငုံ့ကာပြောလာတာလေးက နေရေးကို
အသနားပိုစေပါသည်။သနားစရာကောင်းလိုက်တဲ့ မိုင်ကလေး။

"တကယ်လို့များလေ မာမီ့မှာ တခြားကလေးထပ်ရှိနေရင် ဘယ်လိုလုပ်မလဲနော်။မိုင်မိုင်းက အဲ့ကလေးကိုမချစ်လို့တော့မဟုတ်ပါဘူး...မာမီ့ဆီက အချစ်နည်းနည်းလေးပဲရထားတာကို
သူ့ဆီခွဲပေးလိုက်ရရင် မာမီမချစ်တော့မှာကိုကြောက်လို့ပါ"

"ကလေးရယ်...လာပါအုံး ကိုယ့်ဆီလာပါအုံး။
ကလေးလေးတစ်ယောက်က ဘာလို့အခုလောက်ထိ နားလည်ပေးတတ်ရတာလဲ"

စိတ်ထားကောင်းလွန်းတဲ့ကလေးကိုလည်း အပြစ်တင်လို့မရလောက်အောင် မိုင်ကလေးရဲ့
ဖြစ်တည်လာမှုကိုက ကရုဏာသက်ဖွယ်ပါ။
အနားတိုးကပ်လာတဲ့ကလေးရဲ့ ခေါင်းလေးကို
ဖွဖွပုတ်ပေးရင်း နှစ်သိမ့်ပေးဖို့စကားလုံးတော့ ရှာမတွေ့သေးပါ... မိုင်မိုင်းပြောတာက
ကိုယ်တိုင်လည်းစိုးရိမ်သွားတဲ့
ကိစ္စတစ်ခုဖြစ်နေသည်။

"မာမီက မိုင်မိုင်းကိုချစ်ပါတယ်... အဲ့တာကြောင့် စိတ်မပူရဘူးနော်။ကလေးကငယ်သေးတာကို
အများကြီးတွေးပြီးမပူပန်ရဘူးလေ..ဒီလိုတွေးရအောင် မာမီ့မှာကလေးလေးထပ်ရှိနေတယ်။
အဲ့ဒီကလေးလေးကလည်း မိုင်မိုင်းကိုချစ်မယ်ဆိုရင် ... မာမီ့အချစ်တွေအပြင်၊ကလေးလေးရဲ့
အချစ်တွေရောဆိုတော့ မိုင်မိုင်းမှာအချစ်တွေအများကြီးရသွားပြီပေါ့"

"ဟုတ်တယ်နော် ... ဟီး ဦးဦးပြောတာမှန်တယ်"

"အင်း သိပ်လည်းစိတ်မပူပါနဲ့။တစ်ခုခုဆိုရင်
ကိုယ့်ကိုလာပြောပြလို့ရတယ်"

"အဲ့တာကြောင့် ဦးဦးကိုချစ်နေရတာ။ဒါနဲ့လေ.."

"အင်း"

"ဒေစီပန်းလေးတွေ လိုချင်တယ်"

"မိုင်မိုင်းသဘောကျယူပါဗျာ"

"အာဘွား"

"အင်း ... အင်း"

"သွားပြီ တာ့ တာ့ ... တာ့ တာ့ ဦးဦးTom"

"ဟုတ်ပါပြီကွာ"
"ဂရုစိုက်သွားပါမိုင်မိုင်းလေးရေ"

ဂါဝန်လေးကိုမကာ အိမ်ရှေ့ကိုပြေးထွက်သွားတဲ့ မိုင်မိုင်း​ကိုကြည့်ရင်း နေရေးရဲ့မျက်နှာကလည်း
အလိုလိုပြုံးမိလာ၏။ဘာတဲ့ ဒယ်ဒီ့လိုမျိုး
သဘောထားပါတယ်တဲ့လား။လူလည်မလေး။

"မိုင်မိုင်းလေးသနားပါတယ်ဆရာရယ်။သူပြောသလိုသာ သူ့အမေကနောက်ယောကျာ်းနဲ့ ကလေးပါရှိနေရင် မိုင်မိုင်းလေးကတော့..."

အော်ရီယာနာနဲ့သူ စကားထပ်ပြောဖို့လိုလာပြီဖြစ်သည်။နောက်ထပ် သူမသိတဲ့ဘာအကြောင်းအရာတွေထပ်ရှိနေသေးလဲ။
ရှိခဲ့ရင်တောင် မိုင်ကလေးရှေ့မှာ အနေအထိုင် ဆင်ခြင်ဖို့ကိုသတိပေးရမည်။

::::::::::

အဆင်မပြေတဲ့အိမ်ထောင်ရေးအခြေအနေကြောင့် ဦးကမ္ဘာသူအနေနဲ့ အိမ်မှာကြာကြာမနေလိုပါ။ တစ်ခါတရံဆိုအိမ်ပြန်အိပ်တတ်ပေမဲ့...တစ်ခါတရံမှာတော့ သူ့ရဲ့အချစ်ကလေးရှိတဲ့အိမ်မှာသာအိပ်တတ်သည်။လူကိုတွေ့တိုင်း အပြစ်တင်ပြောဆိုနေတတ်တဲ့မိန်းမ၊ မပေးနိုင်တဲ့မေတ္တာတွေကိုမှ တောင်းဆိုနေတဲ့ကလေး ... ဒါတွေကြောင့် သူအိမ်မပြန်ချင်ပါ။

အရင်ကတော့ အော်ရီယာနာကိုသည်းခံဖို့ကြိုးစားကြည့်ဖူးပေမဲ့ ဟေးမိုင်မိုင်းက မိမိသွေးသားမဟုတ်တာကိုသိတဲ့အချိန်ကစလို့
ထိုမိန်းမကိုလည်းသည်းခံဖို့မလိုတော့ဘူးလို့
သူသတ်မှတ်သည်။

"ရှင်ပြန်လာပြီလား"

"ကျစ် ! မင်းမအိပ်သေးဘူးလား"

"ရှင့်ကိုပြောစရာရှိလို့စောင့်နေတာ"

"ဘာလဲ မြန်မြန်ပြော။ငါနားချင်ပြီ"

"ရှင့်နောက်ကောင်မနဲ့ ဒီနေ့ဘယ်တွေသွားခဲ့လဲ။ လိမ်ဖို့မကြိုးစားနဲ့နော် ဘာဇယားတွေကိုအကွက်ရွေ့နေလဲ ငါသိတယ်"

"နေစမ်းပါအုံး ငါဘာလုပ်လုပ် မင်းနဲ့ဆိုင်လား။မင်းကရော မင်းအကောင်နဲ့ပလူးမနေဘူးလား
ကိုယ့်အကန့်နဲ့ကိုယ်နေကျရအောင် အော်ရီယာနာ"

"ဟိုဟာမက ရှင့်ကိုအတူနေဖို့ပြောနေတယ်မလား။ရှင် ဒီအိမ်ကိုရောင်းပြီး အဲ့ဟာမနဲ့အတူနေဖို့ကြိုးစားနေတယ်မလား ကမ္ဘာသူ"

သိနေပြီမို့ ဆက်လိမ်လည်းမထူးတော့တာကို
ဦးကမ္ဘာသူနားလည်လိုက်၏။ထို့ကြောင့် အော်ရီယာနာနဲ့မျက်နှာချင်းဆိုင်လှည့်လိုက်သည်။

"ငါ့ကိုအပြစ်မတင်နဲ့လေ။ဒီလိုတွေဖြစ်ရတာ မင်းအပြစ်လည်းကင်းမှမကင်းတာ... ငါကဖောက်ပြန်တယ်ဆို မင်းလည်းဘာထူးလဲ။ငါနဲ့မညားခင်ကတည်းက ဟိုအကောင်နဲ့မင်း
ဖြစ်ချင်သလိုတွေဖြစ်နေခဲ့တာပဲလေ...မင်းနဲ့
အဲ့ဒီအကောင်ရဲ့သမီး မကောင်းဆိုးဝါးလေးကိုတောင် ငါ့သမီးလို့ မင်းကနာမည်တပ်လိုက်သေးတာ"

"တိုးတိုးပြောလို့မရဘူးလား။အထဲမှာ ကလေးရှိတယ်"

"အဟွန်း သိတတ်နေလိုက်တာ"

"ငါလည်းမိခင်တစ်ယောက်ဟဲ့ကမ္ဘာသူရဲ့။
ရှင့်ကို လိုရင်းပဲပြောမယ်... ဒီအိမ်ကိုရောင်းဖို့ကိစ္စ ငါလက်မခံနိုင်ဘူး"

"ဘာဖြစ်လို့လဲ တစ်ယောက်တစ်ဝက်ခွဲယူလို့
ရနေတာပဲအော်ရီယာနာ။မင်းအဲ့လောက်ထိ
မိခင်စိတ်မရှိတာငါသိပါတယ်"

အတန်ငယ်လှုပ်ရှားသွားတဲ့မျက်ဝန်းတွေက ဦးကမ္ဘာသူရဲ့စကားမှန်ကြောင်းထောက်ခံနေသလိုပင်။

"ဒီအိမ်က ငါ့ပိုက်ဆံနဲ့ဝယ်ထားတာ ကမ္ဘာသူ။ ပိုင်ဆိုင်မှုက ငါ့လက်ထဲမှာ... အဲ့တော့ ရှင့်ကောင်မနဲ့အတူနေချင်ရင်တောင် ဒီအိမ်ကိုထိဖို့
မကြိုးစားနဲ့"

လောင်းကစားကြွေးတွေ သိန်းထောင်ချီအထိ အကြွေးတင်နေတဲ့ကမ္ဘာသူအတွက် ဒီအိမ်က
မဖြစ်မနေရောင်းဖို့လိုအပ်နေတာဖြစ်သည်။သို့သော် အော်ရီယာနာကသဘောမတူရင်
ဒီအိမ်ကိုရောင်းလို့မရနိုင်ပါ... သူဘယ်လိုလုပ်ရမလဲ ၊လောင်းကစားကြွေးတွေကိုသာမဆပ်နိုင်ရင်သူ့ကို ဒီအတိုင်းထားကျမှာမဟုတ်ဘူး။

အော်ရီယာနာအတွက်လည်း အိမ်ကိုအထိမခံနိုင်ပါ။ သူမရဲ့နောက်ဆုံးပိုင်ဆိုင်မှုဟာ အိမ်ပဲဖြစ်နေပြီး သူမရဲ့ချစ်ဦးသူနဲ့ ထိုသူရဲ့သမီးကိုပါ ဒီအိမ်ဆီခေါ်ပြီး အတူနေဖို့ကြံစည်ထားခြင်းဖြစ်သည်။ဒီရက်ပိုင်း ကောင်းကောင်းနေပြီး စေရာနေရေးဆီက ပိုက်ဆံတွေရပြီးရင် ကမ္ဘာသူနဲ့ကွာရှင်းမယ်၊ပြီးရင်တော့ သူမချစ်ဦးသူနဲ့ဒီအိမ်မှာအတူနေမယ် အဲ့တာ သူမရဲ့အကြံအစည်ပင်။အခုချက်ချင်းသာကမ္ဘာသူနဲ့ကွာရှင်းလိုက်ရင် စေရာနေရေးက သူမကိုပိုက်ဆံတွေပေးတော့မှာမဟုတ်ဘူးလေ။

:::::::::::

ကျောင်းပိတ်ရက်မို့ အိမ်ကိုအစောကြီးရောက်နေတဲ့ တိမ်ဆိုင်လေးတစ်ခုရယ်ပါ။ မိုးလင်းကတည်းက ရယ်သံလွင်လွင်ထဲက နေရေးရဲ့
အိမ်မှာ ပျံ့လွင့်နေတာ ကျက်သရေရှိလွန်းလှသည်။

လှေကားထစ်ကနေဆင်းလိုက်တာနဲ့ နေရေးရဲ့ မျက်လုံးထဲဝင်လာတဲ့ အပြာရောင်အရိပ်ကလေး။ အပြာနုရောင်ဂါဝန်လေးဝတ်ထားတဲ့ မိုင်ကလေးက ဖွေးဥနုဖတ်ကာ မျက်နှာလေးက
ရဲနေရှာသည်။ ဒေစီပန်းတွေကို ပန်းကွင်းလေးအဖြစ်ကျစ်ပြီးခေါင်းမှာပန်ထားယုံသာမကပဲ... ဖြန့်ထားတဲ့ ဆံနွယ်ဖြူဖြူလေးတွေထဲမှ ပန်းပွင့်လေးတွေကို ထိုးညှပ်ထားသေးသည်။

"မမမယ်... ဒေစီပန်းတွေကိုစိတ်ကြိုက်ခူးလို့ရတယ်တဲ့"

သူမဆံနွယ်လေးတွေမှာ ပန်းတွေအလှဆင်ပေးနေတာက ဒီပါလွမ်းရဲ့အစ်မ မြင့်မြတ်မယ် သာ။
မိုင်ကလေးရဲ့ခေါ်သံကြားမှပဲ သူတို့မောင်နှမလည်းရောက်နေတာကိုသိသည်။မိုင်ကလေးက
မြင့်မြတ်မယ် နဲ့အဖွဲ့ကျနေတာကို။

"နေရေးက သူ့ဒေစီတွေကိုအထိမခံဘူး။ မိုင်မိုင်းက ခူးပေးဆိုလို့သာ"

"ဟင့်အင်း မိုင်မိုင်းခူးလို့ရတယ်တဲ့"

"ဘယ်သူပြောတာလဲ"

"ဦးဦး"

"နေရေးကို ဦးဦးလို့ခေါ်တာလား"

"ဟုတ်"

"မိုင်မိုင်းလေးနဲ့နေရေးက 14နှစ်လောက်ပဲကွာတာကို ဦးဦးလို့ခေါ်နေတာကြီးက မမိုက်ပါဘူးကွာ။တခြားပြောင်းခေါ်ကြည့်ပါလား"

ကြားရတဲ့အသံကိုနေရေးလည်းနားစွင့်နေမိသည်။ မိုင်ကလေးက သူ့ကိုဘယ်လိုခေါ်လာမလဲ။

"ကိုကိုနေရေး"

"အဟက် ! ... "

ရယ်ချလိုက်မိတာမို့ ဧည့်ခန်းထဲကလူတွေရဲ့
အကြည့်က သူ့ဆီအကုန်ရောက်လာသည်။

"ဘာ ! ဘာကိုကြည့်တာလေ"

"နင်ဘယ်တုန်းကရောက်နေတာလဲ"

"ခုနကမှ"

"သြော် "

ရှက် ရှက်ဖြင့်လည်ဂုတ်ကိုပွတ်သပ်ရင်း နေရေးရဲ့မျက်နှာတွေပါပူလာရ၏။ကိုကိုနေရေးတဲ့
တစ်မျိုးကြီးပဲ။

"ဟဲ့ အဲ့မှာဘာလုပ်နေတာလဲ လာထိုင်လေ။ တကယ်ပါပဲ ဧည့်သည်က အိမ်ရှင်ကိုပြန်ခေါ်နေရတယ်"

"ဦးဦးရှက်နေတာလား"

ဒဲ့တိုးကြီးမေးလာတဲ့အပြင်...မိုင်ကလေးက
သူ့ကိုကြည့်နေသေးသည်။ရှက်နေတာမဟုတ်ကြောင်း ခေါင်းခါပြရင်း ဆိုဖာအလွတ်မှာဝင်ထိုင်လိုက်ရ၏။ တကယ်ပါပဲ ဒါလေးခေါ်ခံရတာကို။

"မိုင်မိုင်းရဲ့ဦးဦးက ရှက်နေတာမဟုတ်လောက်ဘူး။ သူ့ပန်းတွေကိုခူးလို့ စိတ်ဆိုးနေတာ"

"ဟင် ! ဟုတ်လား"

"မဟုတ်ပါဘူး။ မမယ် စိတ်ထင်တာတွေလျှောက်ပြောမနေစမ်းနဲ့... ကိုယ်ဒီကလေးကို စိတ်တိုင်းကျလုပ်ခွင့်ပေးထားပြီးသား"

"ထူးဆန်းတယ်နော်... ငါတစ်ပွင့်လောက်ရချင်တယ်ဆိုတာကိုတောင် တွန့်တိုနေတဲ့နင်က
မိုင်မိုင်းကျတော့"

"တူမလား မိုင်မိုင်းက ကလေးလေ"

"နင်မဟုတ်မှ မိုင်မိုင်းအမေကိုများကြိုက်နေလား"

"မမယ် ! လွန်လာပြီနော်"

"အင်းလေမမရယ်။နင်စတာက သူများကြားရင် အားနာစရာကြီး"

"အားနာလိုက်တာ... ငါကဒီအတိုင်းစလိုက်တာ"

မျက်နှာငယ်နဲ့တောင်းပန်လာတဲ့ မမယ်ကို မျက်မှောင်ကြုတ်ကာကြည့်မိရင်း ထွက်လာတဲ့ ဒေါသကိုဖြေရ၏။သူကတော့ စနောက်တာဆိုပေမဲ့ မိုင်ကလေးအထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ။

"မိုင်မိုင်း ... အလည်လာတာလားကလေး"

"မဟုတ်ဘူး အလည်လာတာငါတို့။ဒီဘက်ကို ကြည့်နေတာမြင်လို့ ကလေးကိုခေါ်လိုက်တာ။ မမကလည်း ကြည့်ပြီးအသည်းယားနေလို့ဟေ့"

"သြော် မင်းတို့ကဘာလာလုပ်တာလဲ"

"ဒီလိုပါပဲကွာ မမကသူ့ဆေးရုံကလည်းပိတ်တော့ မင်းတို့အိမ်လည်းမရောက်ဖြစ်တာကြာပြီဆိုပြီး ရောက်လာကျတာ။ဘာလဲ မင်းမအားလို့လား"

တကယ်လည်းသူမအားပါ။ပိတ်ရက်မှာ မိုင်ကလေးနဲ့အတူကစားပေးဖို့ ရည်ရွယ်ထားသည်။

"ဟမ် မအားဘူးလားလို့"

"မအားတာတော့မဟုတ်ပေမဲ့... မိုင်မိုင်း "

"ဟုတ်"

"ကလေး ဒီနေ့ဘာလုပ်ချင်တာရှိလဲ"

"ဟင့်အင်း"

"သြော် အဲ့တာဆိုကိုယ်အားတယ်"

"အားရင် ကစားကွင်းသွားကျမလား။မိုင်မိုင်းလေးကို ပို့ပေးကျမယ်လေ"

"နင့်အသက်အရွယ်ကြီးနဲ့မမရာ"

"ဘာဖြစ်လဲ ကလေးပါနေတာကို"

ရန်ဖြစ်နေတဲ့ မောင်နှမကို မျက်ဝန်းတောက်တောက်ကလေးတွေနဲ့ ငေးကြည့်နေတဲ့ မိုင်ကလေးကြောင့် နေရေးပြုံးမိ၏။

ကလေးကသွားချင်နေတဲ့ရုပ်ကလေးနဲ့ဖြစ်နေတာမို့ ငြင်းခုံနေတဲ့မောင်နှမကိုလျစ်လျူရှူလိုက်သည်။မိုင်မိုင်းထိုင်နေတဲ့နားဆီ ခေါင်းငုံ့လိုက်ပြီး...

"ကလေးက သွားချင်လား"

"ဟုတ်"

"အင်း မိုင်မိုင်းသဘောကျပဲ။လာ ကိုယ့်ဆီ"

"ဟီး အဲ့တာကြောင့်ဦးဦးကိုချစ်တာ"

သေးသေးကွေးကွေးကိုယ်လေးကို ပွေ့ယူလိုက်ပြီး နေရေးကတော့ ဧည့်ခန်းကနေထွက်လာပြီ။
မိုင်ကလေးကသွားချင်တယ်ဆိုမှတော့
ရောက်အောင်ပို့ပေးဖို့က သူ့တာဝန်ပဲကို။

To Be Continue .... Part  - 5

Zawgyi

"​မိုင္မိုင္းက ဦးဦးျပန္လာတာကိုေစာင့္ေနတာ။
မေန႕ကလည္းျပန္မလာဘူး"

"ကိုယ္အလုပ္ေလးတစ္ခုအၿပီးသတ္ေနရလို႔ကြ။
ဘာလဲ... မိုင္မိုင္းက ကိုယ့္ကိုေျပာစရာရွိလို႔လား"

"ဟုတ္"

"ကဲ ေျပာေစဗ်ာ... Tomေရ ေရတစ္ခြက္ေလာက္"

ဧည့္ခန္းကဆိုဖာေပၚထိုင္ၿပီး မိုင္ကေလးကိုလည္း သူ႕ေဘးမွာထိုင္ခိုင္းလိုက္ရ၏။ေသခ်ာေပါက္ သူမအေမလာႀကိဳတဲ့အေၾကာင္းေျပာျပဖို႔ပဲေနမွာ။

"မေန႕ကေလ ဦးဦးကလာမႀကိဳဘူး။မာမီလာႀကိဳေပးတယ္ ... အျပန္က်ေတာ့ ေရခဲမုန့္လည္းဝယ္ေႂကြးတယ္"

"ဟုတ္လား ကိုယ္ေျပာသားပဲ...ေအာ္ရီယာနာက မိုင္မိုင္းကိုခ်စ္ပါတယ္လို႔"

"မာမီက မိုင္မိုင္းကိုခ်စ္သြားၿပီထင္တယ္ေနာ္ ဦးဦး။ဒီေန႕ညေနလည္း လာႀကိဳတယ္ သိလား"

"ေကာင္းတာေပါ့ကြာ မိုင္မိုင္းကခ်စ္စရာေကာင္းေတာ့ ဘယ္သူကမွမခ်စ္ပဲေနနိုင္မွာမဟုတ္ဘူးေလ။မိုင္မိုင္းမသိလို႔ပါ... အရင္ကတည္းက သူကိုယ့္ကိုမွာထားတယ္။ေဟးမိုင္မိုင္းေလးကို ေစာင့္ေရွာက္ေပးပါဆိုၿပီးေတာ့"

"ဒါေပမဲ့ ဦးဦးသိလား... "

ေနေရးကိုပါအကဲခတ္သလိုၾကည့္လာတဲ့ မ်က္ဝန္းျပာကေလးက တစ္ခုခုကိုရိပ္မိလို႔လား။ မျဖစ္နိုင္ေပမဲ့ မိုင္ကေလးသိသြားမွာကို သူစိုးရိမ္ပါသည္။စိတ္ဒဏ္ရာေပ်ာက္ေစခ်င္လို႔လုပ္လိုက္တဲ့အရာက ထပ္ၿပီးစိတ္ဒဏ္ရာျဖစ္မွာမ်ိဳးကိုေတာ့ ေစရာေနေရးလက္မခံနိုင္ပါ။

"ေျပာေလကေလးရ... ဦးဦးကဘာကိုသိရမွာလဲ"

"ဘာမွမဟုတ္ေတာ့ပါဘူးေလ"

"လူလည္မေလးက လွ်ို႔ဝွက္ခ်က္ေတြလုပ္ေနပါလား။ဘာမို႔လို႔လဲကြ သိခ်င္ေအာင္လုပ္ထားၿပီး"

"ဒါက ဦးဦးနဲ႕ေတာ့မဆိုင္ပါဘူး။ဒါေပမဲ့..."

"ေဟးမိုင္မိုင္းေလးေရ...မင္းက ကိုယ့္ကိုေတာင္ လွ်ို႔ဝွက္ကုန္ၿပီလား။ကိုယ့္မွာေတာ့
ကိုယ့္မိသားစုဝင္လို႔သေဘာထားလိုက္ရတာ"

"အာ .. အဲ့လိုမဟုတ္ပါဘူးဦးဦးရဲ႕။ဦးဦးကိုလည္း မိုင္မိုင္းရဲ႕ဒယ္ဒီလိုပဲသေဘာထားပါတယ္"

"ေၾသာ္"

"ေျပာျပမယ္ေနာ္ ဦးဦး...ဟိုေလ ဒီေန႕မာမီလာႀကိဳေတာ့ မာမီနဲ႕အတူလူႀကီးတစ္ေယာက္လည္း
ပါလာတယ္"

"ေအာ္ရီယာနာရဲ႕အသိမိတ္ေဆြေနမွာေပါ့ကေလးရ"

"မိတ္ေဆြေတြက နမ္းလို႔လားဦးဦးရဲ႕"

"မိုင္မိုင္း !! "

"အဲ့ဒီလူကို မိုင္မိုင္းသိပါတယ္ ဦးဦးရာ။ဒယ္ဒီေျပာလို႔ သူ႕နာမည္ကိုၾကားဖူးပါတယ္"

စိတ္ကုန္စြာေျပာလာတဲ့မိုင္မိုင္းရဲ႕စကားေၾကာင့္ ေနေရးရဲ႕ေခါင္းထဲ အခ်က္ေပးသံေတြဆူညံလာသည္။ကေလးက ဒီလိုျမင္ကြင္းကိုျမင္ခဲ့ရတာတဲ့လား။မိခင္တစ္ေယာက္ျဖစ္ၿပီး ကိုယ့္သမီးေရွ႕မွာ ေနာက္ေယာက်ာ္းနဲ႕ ျဖစ္ခ်င္တိုင္းျဖစ္ေနက်တာ
ဘယ္ေလာက္အရွက္မဲ့သလဲ။ေအာ္ရီယာနာ့ကို
ဒီေလာက္အထိ တာဝန္မဲ့လိမ့္မယ္လို႔
မထင္ခဲ့မိတာအမွန္ပါေလ။

"ၿပီးေတာ့ေလ... မာမီတို႔ေျပာေနတာၾကားခဲ့တယ္ သူတို႔၂ေယာက္ရဲ႕ကေလးတဲ့"

"ဘာ ! "

"ဟို ဦးဦးစိတ္မတိုပါနဲ႕ .. မိုင္မိုင္းကခိုးနားေထာင္တာမဟုတ္ပါဘူး။ဒီတိုင္း ဒီတိုင္းပဲၾကားခဲ့ရလို႔
ဦးဦးကိုေျပာျပတာပါ"

လက္ႏွစ္ဖက္ကိုအခ်င္းခ်င္းပြတ္သပ္ရင္း ေခါင္းငုံ႕ကာေျပာလာတာေလးက ေနေရးကိုအသနားပိုေစပါသည္။သနားစရာေကာင္းလိုက္တဲ့
မိုင္ကေလး။

"တကယ္လို႔မ်ားေလ မာမီ့မွာ တျခားကေလးထပ္ရွိေနရင္ ဘယ္လိုလုပ္မလဲေနာ္။မိုင္မိုင္းက အဲ့ကေလးကိုမခ်စ္လို႔ေတာ့မဟုတ္ပါဘူး...မာမီ့ဆီက အခ်စ္နည္းနည္းေလးပဲရထားတာကို
သူ႕ဆီခြဲေပးလိုက္ရရင္ မာမီမခ်စ္ေတာ့မွာကိုေၾကာက္လို႔ပါ"

"ကေလးရယ္...လာပါအုံး ကိုယ့္ဆီလာပါအုံး။
ကေလးေလးတစ္ေယာက္က ဘာလို႔အခုေလာက္ထိ နားလည္ေပးတတ္ရတာလဲ"

စိတ္ထားေကာင္းလြန္းတဲ့ကေလးကိုလည္း အျပစ္တင္လို႔မရေလာက္ေအာင္ မိုင္ကေလးရဲ႕
ျဖစ္တည္လာမႈကိုက က႐ုဏာသက္ဖြယ္ပါ။
အနားတိုးကပ္လာတဲ့ကေလးရဲ႕ ေခါင္းေလးကို
ဖြဖြပုတ္ေပးရင္း ႏွစ္သိမ့္ေပးဖို႔စကားလုံးေတာ့ ရွာမေတြ႕ေသးပါ... မိုင္မိုင္းေျပာတာက
ကိုယ္တိုင္လည္းစိုးရိမ္သြားတဲ့
ကိစၥတစ္ခုျဖစ္ေနသည္။

"မာမီက မိုင္မိုင္းကိုခ်စ္ပါတယ္... အဲ့တာေၾကာင့္ စိတ္မပူရဘူးေနာ္။ကေလးကငယ္ေသးတာကို
အမ်ားႀကီးေတြးၿပီးမပူပန္ရဘူးေလ..ဒီလိုေတြးရေအာင္ မာမီ့မွာကေလးေလးထပ္ရွိေနတယ္။
အဲ့ဒီကေလးေလးကလည္း မိုင္မိုင္းကိုခ်စ္မယ္ဆိုရင္ ... မာမီ့အခ်စ္ေတြအျပင္၊ကေလးေလးရဲ႕
အခ်စ္ေတြေရာဆိုေတာ့ မိုင္မိုင္းမွာအခ်စ္ေတြအမ်ားႀကီးရသြားၿပီေပါ့"

"ဟုတ္တယ္ေနာ္ ... ဟီး ဦးဦးေျပာတာမွန္တယ္"

"အင္း သိပ္လည္းစိတ္မပူပါနဲ႕။တစ္ခုခုဆိုရင္ ကိုယ့္ကိုလာေျပာျပလို႔ရတယ္"

"အဲ့တာေၾကာင့္ ဦးဦးကိုခ်စ္ေနရတာ။ဒါနဲ႕ေလ.."

"အင္း"

"ေဒစီပန္းေလးေတြ လိုခ်င္တယ္"

"မိုင္မိုင္းသေဘာက်ယဴပါဗ်ာ"

"အာဘြား"

"အင္း ... အင္း"

"သြားၿပီ တာ့ တာ့ ... တာ့ တာ့ ဦးေလးTom"

"ဟုတ္ပါၿပီကြာ"
"ဂ႐ုစိုက္သြားပါမိုင္မိုင္းေလးေရ"

ဂါဝန္ေလးကိုမကာ အိမ္ေရွ႕ကိုေျပးထြက္သြားတဲ့ မိုင္မိုင္း​ကိုၾကည့္ရင္း ေနေရးရဲ႕မ်က္ႏွာကလည္း
အလိုလိုၿပဳံးမိလာ၏။ဘာတဲ့ ဒယ္ဒီ့လိုမ်ိဳး
သေဘာထားပါတယ္တဲ့လား။လူလည္မေလး။

"မိုင္မိုင္းေလးသနားပါတယ္ဆရာရယ္။သူေျပာသလိုသာ သူ႕အေမကေနာက္ေယာက်ာ္းနဲ႕ ကေလးပါရွိေနရင္ မိုင္မိုင္းေလးကေတာ့..."

ေအာ္ရီယာနာနဲ႕သူ စကားထပ္ေျပာဖို႔လိုလာၿပီျဖစ္သည္။ေနာက္ထပ္ သူမသိတဲ့ဘာအေၾကာင္းအရာေတြထပ္ရွိေနေသးလဲ။
ရွိခဲ့ရင္ေတာင္ မိုင္ကေလးေရွ႕မွာ အေနအထိုင္ ဆင္ျခင္ဖို႔ကိုသတိေပးရမည္။

::::::::::

အဆင္မေျပတဲ့အိမ္ေထာင္ေရးအေျခအေနေၾကာင့္ ဦးကမာၻသူအေနနဲ႕ အိမ္မွာၾကာၾကာမေနလိုပါ။ တစ္ခါတရံဆိုအိမ္ျပန္အိပ္တတ္ေပမဲ့...တစ္ခါတရံမွာေတာ့ သူ႕ရဲ႕အခ်စ္ကေလးရွိတဲ့အိမ္မွာသာအိပ္တတ္သည္။လူကိုေတြ႕တိုင္း အျပစ္တင္ေျပာဆိုေနတတ္တဲ့မိန္းမ၊ မေပးနိုင္တဲ့ေမတၱာေတြကိုမွ ေတာင္းဆိုေနတဲ့ကေလး ... ဒါေတြေၾကာင့္
သူအိမ္မျပန္ခ်င္ပါ။

အရင္ကေတာ့ ေအာ္ရီယာနာကိုသည္းခံဖို႔ႀကိဳးစားၾကည့္ဖူးေပမဲ့ ေဟးမိုင္မိုင္းက မိမိေသြးသားမဟုတ္တာကိုသိတဲ့အခ်ိန္ကစလို႔
ထိုမိန္းမကိုလည္းသည္းခံဖို႔မလိုေတာ့ဘူးလို႔
သူသတ္မွတ္သည္။

"ရွင္ျပန္လာၿပီလား"

"က်စ္ ! မင္းမအိပ္ေသးဘူးလား"

"ရွင့္ကိုေျပာစရာရွိလို႔ေစာင့္ေနတာ"

"ဘာလဲ ျမန္ျမန္ေျပာ။ငါနားခ်င္ၿပီ"

"ရွင့္ေနာက္ေကာင္မနဲ႕ ဒီေန႕ဘယ္ေတြသြားခဲ့လဲ။ လိမ္ဖို႔မႀကိဳးစားနဲ႕ေနာ္ ဘာဇယားေတြကိုအကြက္ေ႐ြ႕ေနလဲ ငါသိတယ္"

"ေနစမ္းပါအုံး ငါဘာလုပ္လုပ္ မင္းနဲ႕ဆိုင္လား။မင္းကေရာ မင္းအေကာင္နဲ႕ပလူးမေနဘူးလား
ကိုယ့္အကန့္နဲ႕ကိုယ္ေနက်ရေအာင္ ေအာ္ရီယာနာ"

"ဟိုဟာမက ရွင့္ကိုအတူေနဖို႔ေျပာေနတယ္မလား။ရွင္ ဒီအိမ္ကိုေရာင္းၿပီး အဲ့ဟာမနဲ႕အတူေနဖို႔ႀကိဳးစားေနတယ္မလား ကမာၻသူ"

သိေနၿပီမို႔ ဆက္လိမ္လည္းမထူးေတာ့တာကို ဦးကမာၻသူနားလည္လိုက္၏။ထို႔ေၾကာင့္ ေအာ္ရီယာနာနဲ႕မ်က္ႏွာခ်င္းဆိုင္လွည့္လိုက္သည္။

"ငါ့ကိုအျပစ္မတင္နဲ႕ေလ။ဒီလိုေတြျဖစ္ရတာ မင္းအျပစ္လည္းကင္းမွမကင္းတာ... ငါကေဖာက္ျပန္တယ္ဆို မင္းလည္းဘာထူးလဲ။ငါနဲ႕မညားခင္ကတည္းက ဟိုအေကာင္နဲ႕မင္း ျဖစ္ခ်င္သလိုေတြျဖစ္ေနခဲ့တာပဲေလ...မင္းနဲ႕အဲ့ဒီအေကာင္ရဲ႕သမီး မေကာင္းဆိုးဝါးေလးကိုေတာင္ ငါ့သမီးလို႔ မင္းကနာမည္တပ္လိုက္ေသးတာ"

"တိုးတိုးေျပာလို႔မရဘူးလား။အထဲမွာ ကေလးရွိတယ္"

"အဟြန္း သိတတ္ေနလိုက္တာ"

"ငါလည္းမိခင္တစ္ေယာက္ဟဲ့ကမာၻသူရဲ႕။ ရွင့္ကို လိုရင္းပဲေျပာမယ္... ဒီအိမ္ကိုေရာင္းဖို႔ကိစၥ
ငါလက္မခံနိုင္ဘူး"

"ဘာျဖစ္လို႔လဲ တစ္ေယာက္တစ္ဝက္ခြဲယူလို႔ ရေနတာပဲေအာ္ရီယာနာ။မင္းအဲ့ေလာက္ထိ မိခင္စိတ္မရွိတာငါသိပါတယ္"

အတန္ငယ္လႈပ္ရွားသြားတဲ့မ်က္ဝန္းေတြက ဦးကမာၻသူရဲ႕စကားမွန္ေၾကာင္းေထာက္ခံေနသလိုပင္။

"ဒီအိမ္က ငါ့ပိုက္ဆံနဲ႕ဝယ္ထားတာ ကမာၻသူ။ ပိုင္ဆိုင္မႈက ငါ့လက္ထဲမွာ... အဲ့ေတာ့ ရွင့္ေကာင္မနဲ႕အတူေနခ်င္ရင္ေတာင္ ဒီအိမ္ကိုထိဖို႔မႀကိဳးစားနဲ႕"

ေလာင္းကစားေႂကြးေတြ သိန္းေထာင္ခ်ီအထိ အေႂကြးတင္ေနတဲ့ကမာၻသူအတြက္ ဒီအိမ္က မျဖစ္မေနေရာင္းဖို႔လိုအပ္ေနတာျဖစ္သည္။သို႔ေသာ္ ေအာ္ရီယာနာကသေဘာမတူရင္
ဒီအိမ္ကိုေရာင္းလို႔မရနိုင္ပါ... သူဘယ္လိုလုပ္ရမလဲ ၊ေလာင္းကစားေႂကြးေတြကိုသာမဆပ္နိုင္ရင္
သူ႕ကို ဒီအတိုင္းထားက်မွာမဟုတ္ဘူး။

ေအာ္ရီယာနာအတြက္လည္း အိမ္ကိုအထိမခံနိုင္ပါ။ သူမရဲ႕ေနာက္ဆုံးပိုင္ဆိုင္မႈဟာ အိမ္ပဲျဖစ္ေနၿပီး သူမရဲ႕ခ်စ္ဦးသူနဲ႕ ထိုသူရဲ႕သမီးကိုပါ ဒီအိမ္ဆီေခၚၿပီး အတူေနဖို႔ႀကံစည္ထားျခင္းျဖစ္သည္။
ဒီရက္ပိုင္း ေကာင္းေကာင္းေနၿပီး ေစရာေနေရးဆီက ပိုက္ဆံေတြရၿပီးရင္ ကမာၻသူနဲ႕ကြာရွင္းမယ္၊
ၿပီးရင္ေတာ့ သူမခ်စ္ဦးသူနဲ႕ဒီအိမ္မွာအတူေနမယ္
အဲ့တာ သူမရဲ႕အႀကံအစည္ပင္။အခုခ်က္ခ်င္းသာကမာၻသူနဲ႕ကြာရွင္းလိုက္ရင္ ေစရာေနေရးက
သူမကိုပိုက္ဆံေတြေပးေတာ့မွာမဟုတ္ဘူးေလ။

:::::::::::

ေက်ာင္းပိတ္ရက္မို႔ အိမ္ကိုအေစာႀကီးေရာက္ေနတဲ့ တိမ္ဆိုင္ေလးတစ္ခုရယ္ပါ။ မိုးလင္းကတည္းက ရယ္သံလြင္လြင္ထဲက ေနေရးရဲ႕
အိမ္မွာ ပ်ံ့လြင့္ေနတာ က်က္သေရရွိလြန္းလွသည္။

ေလွကားထစ္ကေနဆင္းလိုက္တာနဲ႕ ေနေရးရဲ႕ မ်က္လုံးထဲဝင္လာတဲ့ အျပာေရာင္အရိပ္ကေလး။ အျပာႏုေရာင္ဂါဝန္ေလးဝတ္ထားတဲ့ မိုင္ကေလးက ေဖြးဥႏုဖတ္ကာ မ်က္ႏွာေလးကရဲေနရွာသည္။ ေဒစီပန္းေတြကို ပန္းကြင္းေလးအျဖစ္က်စ္ၿပီးေခါင္းမွာပန္ထားယုံသာမကပဲ... ျဖန့္ထားတဲ့ ဆံႏြယ္ျဖဴျဖဴေလးေတြထဲမွ ပန္းပြင့္ေလးေတြကို ထိုးညွပ္ထားေသးသည္။

"မမမယ္... ေဒစီပန္းေတြကိုစိတ္ႀကိဳက္ခူးလို႔ရတယ္တဲ့"

သူမဆံႏြယ္ေလးေတြမွာ ပန္းေတြအလွဆင္ေပးေနတာက ဒီပါလြမ္းရဲ႕အစ္မ ျမင့္ျမတ္မယ္ သာ။
မိုင္ကေလးရဲ႕ေခၚသံၾကားမွပဲ သူတို႔ေမာင္ႏွမလည္းေရာက္ေနတာကိုသိသည္။မိုင္ကေလးက
ျမင့္ျမတ္မယ္ နဲ႕အဖြဲ႕က်ေနတာကို။

"ေနေရးက သူ႕ေဒစီေတြကိုအထိမခံဘူး။ မိုင္မိုင္းက ခူးေပးဆိုလို႔သာ"

"ဟင့္အင္း မိုင္မိုင္းခူးလို႔ရတယ္တဲ့"

"ဘယ္သူေျပာတာလဲ"

"ဦးဦး"

"ေနေရးကို ဦးဦးလို႔ေခၚတာလား"

"ဟုတ္"

"မိုင္မိုင္းေလးနဲ႕ေနေရးက 14ႏွစ္ေလာက္ပဲကြာတာကို ဦးဦးလို႔ေခၚေနတာႀကီးက မမိုက္ပါဘူးကြာ။တျခားေျပာင္းေခၚၾကည့္ပါလား"

ၾကားရတဲ့အသံကိုေနေရးလည္းနားစြင့္ေနမိသည္။ မိုင္ကေလးက သူ႕ကိုဘယ္လိုေခၚလာမလဲ။

"ကိုကိုေနေရး"

"အဟက္ ! ... "

ရယ္ခ်လိဳက္မိတာမို႔ ဧည့္ခန္းထဲကလူေတြရဲ႕
အၾကည့္က သူ႕ဆီအကုန္ေရာက္လာသည္။

"ဘာ ! ဘာကိုၾကည့္တာေလ"

"နင္ဘယ္တုန္းကေရာက္ေနတာလဲ"

"ခုနကမွ"

"ေၾသာ္ "

ရွက္ ရွက္ျဖင့္လည္ဂုတ္ကိုပြတ္သပ္ရင္း ေနေရးရဲ႕မ်က္ႏွာေတြပါပူလာရ၏။ကိုကိုေနေရးတဲ့
တစ္မ်ိဳးႀကီးပဲ။

"ဟဲ့ အဲ့မွာဘာလုပ္ေနတာလဲ လာထိုင္ေလ။ တကယ္ပါပဲ ဧည့္သည္က အိမ္ရွင္ကိုျပန္ေခၚေနရတယ္"

"ဦးဦးရွက္ေနတာလား"

ဒဲ့တိုးႀကီးေမးလာတဲ့အျပင္...မိုင္ကေလးက သူ႕ကိုၾကည့္ေနေသးသည္။ရွက္ေနတာမဟုတ္ေၾကာင္း ေခါင္းခါျပရင္း ဆိုဖာအလြတ္မွာဝင္ထိုင္လိုက္ရ၏။ တကယ္ပါပဲ ဒါေလးေခၚခံရတာကို။

"မိုင္မိုင္းရဲ႕ဦးဦးက ရွက္ေနတာမဟုတ္ေလာက္ဘူး။ သူ႕ပန္းေတြကိုခူးလို႔ စိတ္ဆိုးေနတာ"

"ဟင္ ! ဟုတ္လား"

"မဟုတ္ပါဘူး။ မမယ္ စိတ္ထင္တာေတြေလွ်ာက္ေျပာမေနစမ္းနဲ႕... ကိုယ္ဒီကေလးကို စိတ္တိုင္းက်လဳပ္ခြင့္ေပးထားၿပီးသား"

"ထူးဆန္းတယ္ေနာ္... ငါတစ္ပြင့္ေလာက္ရခ်င္တယ္ဆိုတာကိုေတာင္ တြန့္တိုေနတဲ့နင္က
မိုင္မိုင္းက်ေတာ့"

"တူမလား မိုင္မိုင္းကကေလးေလ"

"နင္မဟုတ္မွ မိုင္မိုင္းအေမကိုမ်ားႀကိဳက္ေနလား"

"မမယ္ ! လြန္လာၿပီေနာ္"

"အင္းေလမမရယ္။နင္စတာက သူမ်ားၾကားရင္ အားနာစရာႀကီး"

"အားနာလိုက္တာ... ငါကဒီအတိုင္းစလိုက္တာ"

မ်က္ႏွာငယ္နဲ႕ေတာင္းပန္လာတဲ့ မမယ္ကို မ်က္ေမွာင္ၾကဳတ္ကာၾကည့္မိရင္း ထြက္လာတဲ့ ေဒါသကိုေျဖရ၏။သူကေတာ့ စေနာက္တာဆိုေပမဲ့ မိုင္ကေလးအထင္လြဲသြားရင္ ဘယ္လိုလုပ္မလဲ။

"မိုင္မိုင္း ... အလည္လာတာလားကေလး"

"မဟုတ္ဘူး အလည္လာတာငါတို႔။ဒီဘက္ကို ၾကည့္ေနတာျမင္လို႔ ကေလးကိုေခၚလိုက္တာ။ မမကလည္း ၾကည့္ၿပီးအသည္းယားေနလို႔ေဟ့"

"ေၾသာ္ မင္းတို႔ကဘာလာလုပ္တာလဲ"

"ဒီလိုပါပဲကြာ မမကသူ႕ေဆး႐ုံကလည္းပိတ္ေတာ့ မင္းတို႔အိမ္လည္းမေရာက္ျဖစ္တာၾကာၿပီဆိုၿပီး
ေရာက္လာက်တာ။ဘာလဲ မင္းမအားလို႔လား"

တကယ္လည္းသူမအားပါ။ပိတ္ရက္မွာ မိုင္ကေလးနဲ႕အတူကစားေပးဖို႔ ရည္႐ြယ္ထားသည္။

"ဟမ္ မအားဘူးလားလို႔"

"မအားတာေတာ့မဟုတ္ေပမဲ့... မိုင္မိုင္း "

"ဟုတ္"

"ကေလး ဒီေန႕ဘာလုပ္ခ်င္တာရွိလဲ"

"ဟင့္အင္း"

"ေၾသာ္ အဲ့တာဆိုကိုယ္အားတယ္"

"အားရင္ ကစားကြင္းသြားက်မလား။မိုင္မိုင္းေလးကို ပို႔ေပးက်မယ္ေလ"

"နင့္အသက္အ႐ြယ္ႀကီးနဲ႕မမရာ"

"ဘာျဖစ္လဲ ကေလးပါေနတာကို"

ရန္ျဖစ္ေနတဲ့ ေမာင္ႏွမကို မ်က္ဝန္းေတာက္ေတာက္ကေလးေတြနဲ႕ ေငးၾကည့္ေနတဲ့ မိုင္ကေလးေၾကာင့္ ေနေရးၿပဳံးမိ၏။

ကေလးကသြားခ်င္ေနတဲ့႐ုပ္ကေလးနဲ႕ျဖစ္ေနတာမို႔ ျငင္းခုံေနတဲ့ေမာင္ႏွမကိုလ်စ္လ်ဴရႉလိုက္သည္။မိုင္မိုင္းထိုင္ေနတဲ့နားဆီ ေခါင္းငုံ႕လိုက္ၿပီး...

"ကေလးက သြားခ်င္လား"

"ဟုတ္"

"အင္း မိုင္မိုင္းသေဘာက်ပဲ။လာ ကိုယ့္ဆီ"

"ဟီး အဲ့တာေၾကာင့္ဦးဦးကိုခ်စ္တာ"

ေသးေသးေကြးေကြးကိုယ္ေလးကို ေပြ႕ယူလိုက္ၿပီး ေနေရးကေတာ့ ဧည့္ခန္းကေနထြက္လာၿပီ။
မိုင္ကေလးကသြားခ်င္တယ္ဆိုမွေတာ့
ေရာက္ေအာင္ပို႔ေပးဖို႔က သူ႕တာဝန္ပဲကို။

To Be Continue .... Part  - 5

Continue Reading

You'll Also Like

28.8M 915K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...
7.3M 302K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...
11.4M 296K 23
Alexander Vintalli is one of the most ruthless mafias of America. His name is feared all over America. The way people fear him and the way he has his...
1.7M 17.3K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...