ရှိုင်းနဲ့ရောင်နီဆေးရုံကပြန်လာပြီးနေ့ခင်းနှစ်နာရီအချိန်တွင်ဂျက်နဲ့ကြည်ဖြူထွန်းမင်္ဂလာလက်မှတ်ရေးထိုးကြသည်။ကျောင်းအုပ်ကြီး၊ဒေါက်တာရှိုင်း၊ရောင်နီနဲ့ရဲမှူးအံ့ထူးမော်တို့ကိုအသိသက်သေနေရာမှာထားပြီးရှေ့နေတစ်ယောက်ကိုဖိတ်ကြားကာလက်မှတ်ရေး
ထိုးခဲ့ကြခြင်းဖြစ်သည်။
မင်္ဂလာလက်မှတ်ရေးထိုးသည့်ကိစ္စတွေပြီးဆုံးသွားသည့်အခါဂျက်နဲ့ကိုကိုထွန်းကကျောင်းအုပ်ကြီးကိုမိဘနေရာမှာထားပြီးထိုင်ကန်တော့ကြသည်။ကျောင်းအုပ်ကြီးကဂျက်ကိုကြည့်ပြီး-
“ငါ့ညီလေးကိုငါမှာစရာရှိတယ်။မင်းတို့အောက်ထပ်မှာပဲနေခဲ့ကြ"
ကျောင်းအုပ်ကြီးကသူ့ညီကိုအိမ်အပေါ်ထပ်ခေါ်သွားသည်။ဘာတွေမှာတမ်းချွေနေသည်မသိ။တစ်နာရီနီးပါးကြာမှကိုကိုထွန်းအိမ်ပေါ်ကပြန်ဆင်းလာသည်။လက်ထဲတွင်စက္ကူဂျပ်ပုံးလေးပါလာသည်။ဂျက်ကိုကြည့်ပြီး“အကိုကလက်ဖွဲ့ပေးလိုက်တာ"ဟုပြောပြီးဘာစကားမှထပ်မပြောတော့ပေ။
ကိုကိုထွန်းမျက်နှာကသိသိသာသာပျက်ယွင်းနေသည်။ယောက်ဖကြီးကအိမ်ပေါ်ခေါ်သွားပြီးဘာတွေပြောလိုက်သည်မသိ။ကိုကိုထွန်းကိုမေးတော့လည်းကိုကိုထွန်းကမဖြေ။
နှစ်ယောက်အတူနေဖို့ကြိုတင်ပြင်ဆင်ထားခဲ့သည့်အိမ်အသစ်မှာကိုကိုထွန်းကိုဂျက်ခေါ်လာခွင့်ရခဲ့ပြီ။အခုတော့ခြံစောင့်တွေ၊အိမ်အ
ကူတွေ၊ထမင်းချက်တဲ့သူတွေနဲ့အိမ်ကအိမ်နဲ့တူအောင်ပြည့်စုံနေပေပြီ။မပြည့်စုံတာကကိုကိုထွန်းမျက်နှာမကောင်းဖြစ်နေတဲ့ကိစ္စပင်။တစ်ညနေခင်းလုံးစကားမပြောဘဲမှိုင်
တွေနေသည်။ညဘက်ရောက်တော့ကိုကိုထွန်းက-
“ငါတစ်ယောက်တည်းအိပ်ချင်တယ်"
“ဗျာ"
“တစ်ယောက်တည်းအိပ်ချင်တယ်လို့"
ကိုကိုထွန်းကသူ့တစ်ကိုယ်လုံးကိုစောင်နဲ့ပတ်ပြီးကွေးကွေးလေးအိပ်နေသည်။ဒီကကောင်ကချစ်လွန်းလို့မရမကလက်ထပ်ယူထားတာ။မင်္ဂလာဆောင်ပြီးမှအလှကြည့်နေရတာတော့မဟုတ်သေးဘူးလေ။လက်ထပ်ပြီးသားငါပိုင်တာပဲဆိုပြီးတော့လည်းဂျက်ဇွတ်မယူရဲပေ။ကိုကိုထွန်းစိတ်ဆိုးသွားမှာကိုသူသေမလောက်ကြောက်သည်။
မင်္ဂလာဦးညမှာအနားကပ်မခံတဲ့ကိုကိုထွန်းကြောင့်ဂျက်ထီပေါက်ပြီးထီလက်မှတ်ပျောက်နေသည်။ကိုကိုထွန်းနားမှာခပ်ခွာခွာနေပြီးအရိပ်လိုပဲကြည့်နေခဲ့သည်။ညဆယ်နာရီလောက်ရောက်တော့ဂျက်မနေနိုင်တော့ပေ။ဂျက်အခန်းထဲကထွက်လာခဲ့ပြီးခေါင်မိုးပေါ်တက်လာခဲ့သည်။သူရင်ဖွင့်ချင်နေသည်။သူ့မှာတိုင်ပင်စရာဆိုလို့ဒေါက်တာရှိုင်းတစ်ယောက်ပဲရှိသည်။ဒေါက်တာရှိုင်းကသူနဲ့မတည့်ပေမဲ့ရှိုင်းနဲ့စကားပြောလိုက်မိရင်စိတ်တွေကအလိုလိုပေါ့ပါးသည်။သူရှိုင်းကိုဖုန်းခေါ်လိုက်သည်။
ရှိုင်းတစ်ယောက်ရောင်နီ့ကိုဖက်အိပ်နေရာ
ကဖုန်းမြည်သံကြောင့်နိုးလာသည်။
“ဘာလဲဗျာဒီအချိန်ကြီး"
“ဒေါက်တာရှိုင်း"
“ဘာတုန်းပြော။ခင်ဗျားမင်္ဂလာဦးညမဟုတ်ဘူးလား။အခုချိန်နတ်ပြည်ရောက်နေရမှာကိုဘာလို့ကျွန်တော့်ဆီဖုန်းဆက်နေတာတုန်း"
“နတ်ပြည်မရောက်လို့ပေါ့ကွ။နတ်ပြည်ရောက်မှတော့မင်းကိုငါသတိရနေပါ့မလား"
ပြောပုံကိုကအနားမှာရှိရင်ဆောင့်ကန်ပစ်ချင်သည်။
“ဘာကိစ္စလဲပြော"
“နေ့ခင်းတုန်းကယောက်ဖကြီးကသူ့ညီလေးကိုခေါ်သွားပြီးဘာတွေပြောလိုက်တာလဲ"
“ဟမ်"
“သူ့ညီလေးကိုအိမ်ပေါ်ခေါ်သွားပြီးဘာတွေပြောလိုက်တာလဲလို့"
“သူ့ညီလေးကိုအိမ်ပေါ်ခေါ်သွားပြီးပြောတာကျွန်တော့်ခေါ်ပြောတာမှမဟုတ်တာ။ကျွန်
တော်ကဘယ်လိုလုပ်ပြီးသိမှာတုန်း"
“အရိပ်အမြွက်လေးတောင်မသိဘူးလား။
ငါအခုတော်တော်ခံစားနေရလို့"
“အရိပ်အမြွက်လေးတောင်မသိဘူးဗျာ။ခင်ဗျားအခုဘာဖြစ်နေတာလဲ"
“ကိုကိုထွန်းကမင်္ဂလာဆောင်ပြီးသွားမှငါ့ကိုအနားကပ်မခံတော့ဘူး"
“ဘာဗျ…ဟားဟားဟား"
ရှိုင်းအူလှိုက်သည်းလှိုက်ရယ်မိသည်။ပြီးမှအအိပ်ဆတ်တဲ့သူ့ကလေးကိုသတိရပြီးပါးစပ်ပြန်စိလိုက်ရသည်။
“မင်းဘာလို့ရယ်တာလဲ"
“ခင်ဗျားလိုလူကလေကိုကိုထွန်းလိုလူမျိုးနဲ့ပဲတန်တယ်သိလား။ခံစမ်း…သူများကိုကျတော့ဒုက္ခပေးပြီး"
“အဲလိုမပြောပါနဲ့။ငါတို့ကလက်ထပ်ပြီးသားတွေလေကွာ။ကိုကိုထွန်းကငါ့ကိုဘာလို့အထိမခံရတာလဲ"
“အထိမခံတော့ရောဘာအရေးလဲ။ခင်ဗျားတို့ကလက်ထပ်ပြီးသားတွေပဲ။သူ့ကိုခင်ဗျားပိုင်တယ်။ရအောင်ယူပေါ့"
“မလုပ်ရက်လို့ပေါ့ကွ"
“အခုမှသူတော်ကောင်းယောင်ဆောင်မနေနဲ့။အလိုမတူဘဲနဲ့တောင်ယူခဲ့ပြီးပြီ"
“အဲဒီယူခဲ့တဲ့တစ်ကြိမ်တစ်ခါလေးကြောင့်ကိုကိုထွန်းငါ့ကိုအထင်သေးသွားခဲ့တာလေ။ငါကအိမ်ထောင်ဦးစီးယောက်ျားတစ်ယောက်ဖြစ်နေပြီကွ။ကိုယ့်အိမ်ထောင်ဘက်ကအထင်
သေးတာကိုတော့မခံချင်ဘူး။သူ့ဘက်ကကြည်ကြည်ဖြူဖြူပေးလာတာကိုလိုချင်လို့လက်ထပ်ထားတာကိုအခုလိုမျိုးကြီးလုပ်တော့ကောင်းသလား"
“မကောင်းဘူးလေ။ခင်ဗျားတို့နှစ်ယောက်ကြားမှာပွင့်လင်းမှုရှိဖို့လိုတယ်။ကိုကိုထွန်း
ကိုဖွင့်ပြောပြီးမေးလိုက်"
“မေးတယ်။မဖြေဘူး"
“အဲဒါဆိုပြဿနာအရင်းအမြစ်ကကျောင်း
အုပ်ကြီးပဲ။ခင်ဗျားကျောင်းအုပ်ကြီးကိုတိုက်
ရိုက်တွေ့ပြီးမေးလိုက်။ကိုကိုထွန်းကိုဘာပြောလိုက်တာလဲလို့"
“မမေးရဲဘူး"
“မမေးရဲရင်လဲသေလိုက်လေ။ခင်ဗျားယောက်ျားရတဲ့အထိကူညီပြီးသွားပြီ။အိမ်
ထောင်ရေးကိစ္စအထိတော့ဝင်မပါနိုင်ဘူး။ကျုပ်ဒီနေ့ဆေးရုံမှာအရမ်းပင်ပန်းလာတယ်။ခင်ဗျားလူလိုသိတတ်ရင်ကောင်းမယ်။နောက်တစ်ခါမနှိုးနဲ့"
ရှိုင်းတစ်ခါတည်းအပြတ်ပြောပြီးဖုန်းပိတ်ပစ်လိုက်သည်။
နောက်တစ်နေ့မနက်မိုးလင်းတော့ဂျက်ကိုကိုထွန်းကိုမနက်စာစားဖို့ခေါ်သည်။ကိုကိုထွန်းကထမင်းမစားချင်ဘူး။စွပ်ပြုတ်ပဲသောက်ချင်တယ်ဟုပြောသည်။ကိုကိုထွန်းစိတ်တိုင်း
ကျကြက်စွပ်ပြုတ်တစ်ပွဲအလျင်စလိုလုပ်ခိုင်းပြီးတိုက်တော့မှသောက်သည်။
ဂျက်စိတ်ထဲတော်တော်ကိုရင်ခံနေသည်။ကိုကိုထွန်းအခုလိုဖြစ်သွားတာယောက်ဖကြီးကအိမ်ပေါ်ခေါ်သွားပြီးမှဖြစ်သွားတာ။သူ့အကိုသူ့ကိုဘာတွေပြောလိုက်တာလဲ။ဂျက်
မခံစားနိုင်တော့တာနဲ့ယောက်ဖကြီးအိမ်ကိုထွက်လာခဲ့သည်။
ယောက်ဖကြီးအိမ်ကိုရောက်တော့ယောက်ဖကြီးရဲ့သားသမီးသုံးယောက်ကိုတွေ့သည်။ကလေးတွေကအဖြူအစိမ်းလေးတွေနဲ့ကျောင်းသွားဖို့ပြင်နေကြတာမို့ဂျက်ကလေးတွေကိုမုန့်ဘိုးပေးလိုက်သည်။
“ဟေ့ကောင်ဂျက်"
ယောက်ဖကြီးခေါ်သံကြောင့်ဂျက်လှည့်ကြည့်လိုက်တော့ယောက်ဖကြီးကမျက်နှာရှစ်ခေါက်ချိုးနဲ့ကြည့်နေသည်။ဘာတွေအလိုမကျဖြစ်နေပြန်သည်မသိ။ကျောင်းအုပ်ကြီးကသူ့အနားရောက်လာပြီး-
“မင်းငါ့ကလေးတွေကိုပိုက်ဆံပေးစရာမလိုဘူး"
“မုန့်ဖိုးပေးတာပါ"
“မုန်ဖိုးဆိုရင်မုန့်ဖိုးနဲ့တူအောင်ပေးလေ။
တစ်ထောင်နှစ်ထောင်ဆိုတော်ပြီပေါ့။တစ်သောင်းတန်အထပ်လိုက်ပေးနေတာငါ့က
လေးတွေကိုဖျက်ဆီးနေတာလား"
“ကျွန်တော့်မှာတစ်ထောင်တန်မှမပါတာ"
“မပါရင်မပေးနဲ့ပေါ့ကွ"
“ကျွန်တော်ပေးပြီးပြီပဲ။ဒီတစ်ခါတော့ထားလိုက်ပါတော့"
“မင်းဒီကိုဘာလာလုပ်တာလဲ"
“ကျောင်းအုပ်ကြီးကိုမေးစရာရှိလို့"
“ဘာမေးမှာလဲ"
“မနေ့ကကိုကိုထွန်းကိုအိမ်ပေါ်ခေါ်သွားပြီးဘာတွေပြောလိုက်တာလဲ"
“မင်းသိစရာမလိုဘူး"
“လိုတယ်။ကျွန်တော်အဲဒီကိစ္စကိုသိရမှဖြစ်မယ်။ကိုကိုထွန်းမနေ့ကတည်းကမျက်နှာမကောင်းဘူး။ညတုန်းကလည်းတစ်ယောက်
တည်းနေချင်တယ်ဆိုပြီးကျွန်တော့်ကိုအထိ
မခံဘူး"
“အဲတော့မင်းကမထိဘဲနေခဲ့သလား"
“ကိုကိုထွန်းကမှအထိမခံတာ။ကျွန်တော်ဘယ်လိုလုပ်ပြီးဇွတ်တိုးရဲမှာလဲ"
“အေးအဲဒီတစ်ချက်ကြောင့်မင်းကိုငါကျေနပ်သွားပြီ။ငါ့ညီလေးဆန္ဒမပါလို့မင်းနောက်
ဆုတ်ပေးလိုက်တဲ့အတွက်မင်းကိုငါကျေးဇူး
တင်တယ်။မင်းသိချင်တာကိုငါပြောပြမယ်။အိမ်ပေါ်လိုက်ခဲ့"
ဂျက်ယောက်ဖကြီးခေါ်ရာနောက်ကိုလိုက်သွားသည်။
🍈 Thida
******
Zawgyi
အခန္း(၁၀၆)
ရိႈင္းနဲ႔ေရာင္နီေဆးရံုကျပန္လာၿပီးေန႔ခင္းႏွစ္နာ
ရီအခ်ိန္တြင္ဂ်က္နဲ႔ၾကည္ျဖဴ ထြန္းမဂၤလာလက္မွတ္ေရးထိုးၾကသည္။ေက်ာင္းအုပ္ႀကီး၊ေဒါက္တာရိႈင္း၊ေရာင္နီနဲ႔ရဲမႉးအ့ံထူးေမာ္တို႔ကိုအသိသက္ေသေနရာမွာထားၿပီးေရွ႕ေနတစ္ေယာက္ကိုဖိတ္
ၾကားကာလက္မွတ္ေရးထိုးခဲ့ၾကျခင္းျဖစ္သည္။
မဂၤလာလက္မွတ္ေရးထိုးသည့္ကိစၥေတြၿပီးဆံုးသြားသည့္အခါဂ်က္နဲ႔ကိုကိုထြန္းကေက်ာင္းအုပ္
ၾကီးကိုမိဘအရာမွာထားၿပီးထိုင္ကန္ေတာ့ၾကသည္။ေက်ာင္းအုပ္ႀကီးကဂ်က္ကိုၾကည့္ၿပီး-
“ငါ့ညီေလးကိုငါမွာစရာရွိတယ္။မင္းတို႔ေအာက္ထပ္မွာပဲေနခဲ့ၾက"
ေက်ာင္းအုပ္ႀကီးကသူ႔ညီကိုအိမ္အေပၚထပ္ေခၚသြားသည္။ဘာေတြမွာတမ္းေခၽြေနသည္မသိ။တစ္နာရီနီးပါးၾကာမွကိုကိုထြန္းအိမ္ေပၚကျပန္
ဆင္းလာသည္။လက္ထဲတြင္စကၠဴ ဂ်ပ္ပံုးေလးပါလာသည္။ဂ်က္ကိုၾကည့္ၿပီး“အကိုကလက္ဖြဲ႕
ေပးလိုက္တာ”လို႔ေျပာၿပီးဘာစကားမွထပ္မ
ေျပာေတာ့ေပ။
ကိုကိုထြန္းမ်က္ႏွာကသိသိသာသာပ်က္ယြင္းေနသည္။ေယာက္ဖႀကီးကအိမ္ေပၚေခၚသြားၿပီးဘာေတြေျပာလိုက္သည္မသိ။ကိုကိုထြန္းကိုေမးေတာ့လည္းကိုကိုထြန္းကမေျဖ။
ႏွစ္ေယာက္အတူေနဖို႔ႀကိဳတင္ျပင္ဆင္ထားခဲ့တဲ့အိမ္မွာကိုကိုထြန္းကိုဂ်က္ေခၚလာခြင့္ရခဲ့ၿပီ။အခုေတာ့ျခံေစာင့္ေတြ၊အိမ္အကူေတြ၊ထမင္းခ်က္တဲ့သူေတြနဲ႔အိမ္ကအိမ္နဲ႔တူေအာင္ျပည့္စံုေနေပၿပီ။မျပည့္စံုတာကကိုကိုထြန္းမ်က္ႏွာမေကာင္းျဖစ္ေနတဲ့ကိစၥပင္။တစ္ညေနခင္းလံုးစကားမေျပာဘဲမိႈင္ေတြေနသည္။ညဘက္ေရာက္ေတာ့ကိုကိုထြန္းက-
“ငါတစ္ေယာက္တည္းအိပ္ခ်င္တယ္"
“ဗ်ာ"
“တစ္ေယာက္တည္းအိပ္ခ်င္တယ္လို႔"
ကိုကိုထြန္းကသူ႔တစ္ကိုယ္လံုးကိုေစာင္နဲ႔ပတ္
ျပီးေကြးေကြးေလးအိပ္ေနသည္။ဒီကေကာင္ကခ်စ္လြန္းလို႔မရမကလက္ထပ္ယူထားတာ။မဂၤလာေဆာင္ၿပီးမွအလွၾကည့္ေနရတာေတာ့မဟုတ္ေသးဘူးေလ။လက္ထပ္ၿပီးသားငါပိုင္တာပဲဆိုၿပီးေတာ့လည္းဂ်က္ဇြတ္မယူရဲေပ။ကိုကိုထြန္းစိတ္ဆိုးသြားမွာကိုသူေသမေလာက္ေၾကာက္သည္။
မဂၤလာဦးညမွာအနားကပ္မခံတဲ့ကိုကိုထြန္း
ေၾကာင့္ဂ်က္ထီေပါက္ၿပီးထီလက္မွတ္ေပ်ာက္ေနသည္။ကိုကိုထြန္းနားမွာခပ္ခြာခြာပဲေနၿပီးအရိပ္
လိုပဲၾကည့္ေနခဲ့သည္။ညဆယ္နာရီေလာက္ေရာက္ေတာ့သူမေနႏိုင္ေတာ့ေပ။
ဂ်က္အခန္းထဲကထြက္လာခဲ့ၿပီးေခါင္မိုးေပၚတက္လာခဲ့သည္။သူရင္ဖြင့္ခ်င္ေနသည္။သူ႔မွာတိုင္
ပင္စရာဆိုလို႔မတည့္အတူေနေဒါက္တာရိႈင္းတစ္ေယာက္ပဲရွိသည္။ေဒါက္တာရိႈင္းကသူနဲ႔မတည့္ေပမဲ့ရိႈင္းနဲ႔စကားေျပာလိုက္မိရင္သူ႔စိတ္ေတြကအလိုလိုေပါ့ပါးသည္။သူရိႈင္းကိုဖုန္းေခၚလိုက္သည္။
ရိႈင္းတစ္ေယာက္ေရာင္နီ႔ကိုဖက္အိပ္ေနရာက
ဖုန္းျမည္သံေၾကာင့္ႏိုးလာသည္။
“ဘာလဲဗ်ာဒီအခ်ိန္ႀကီး"
“ေဒါက္တာရိႈင္း”
“ဘာတုန္းေျပာ…ခင္ဗ်ားမဂၤလာဦးညမဟုတ္ဘူးလား။အခုခ်ိန္နတ္ျပည္ေရာက္ေနရမွာကိုဘာလို႔ကၽြန္ေတာ့္ဆီဖုန္းဆက္ေနတာတုန္း"
“နတ္ျပည္မေရာက္လို႔ေပါ့ကြ။နတ္ျပည္ေရာက္မွေတာ့ မင္းကိုငါသတိရေနပါ့မလား”
ေျပာပံုကိုကအနားမွာရွိရင္ေဆာင့္ကန္ပစ္ခ်င္သည္။
“ဘာကိစၥလဲေျပာ"
“ေန႔ခင္းတုန္းကေယာက္ဖႀကီးကသူ႔ညီေလးကိုအိမ္ေပၚေခၚသြားၿပီးဘာေတြေျပာလိုက္တာလဲ"
“ဟမ္"
“သူ႔ညီေလးကိုအိမ္ေပၚေခၚသြားၿပီးဘာေတြ
ေျပာလိုက္တာလဲလို႔"
“သူ႔ညီေလးကိုအိမ္ေပၚေခၚသြားၿပီးေျပာတာ
ကၽြန္ေတာ့္ကိုေခၚေျပာတာမွမဟုတ္တာ။ကၽြန္
ေတာ္ကဘယ္လိုလုပ္သိမွာတုန္း"
“အရိပ္အႁမြက္ေလးေတာင္မသိဘူးလား။ငါ
အခုေတာ္ေတာ္ခံစားေနရလို႔ပါ"
“အရိပ္အႁမြက္ေလးေတာင္မသိဘူးဗ်ာ။ခင္ဗ်ားအခုဘာျဖစ္ေနတာလဲ"
“ကိုကိုထြန္းကမဂၤလာေဆာင္ၿပီးသြားမွငါ့ကိုအနားကပ္မခံေတာ့ဘူး"
“ဘာဗ်…ဟားဟားဟား"
ရိႈင္းအူလိႈက္သည္းလိႈက္ရယ္မိသည္။ၿပီးမွအအိပ္ဆတ္တဲ့သူ႔ကေလးကိုသတိရၿပီးပါးစပ္ျပန္စိလိုက္ရသည္။
“မင္းဘာလို႔ရယ္တာလဲ"
“ခင္ဗ်ားလိုလူကေလကိုကိုထြန္းလိုလူမိ်ဳးနဲ႔ပဲတန္
တယ္သိလား။ခံစမ္း…သူမ်ားကိုက်ေတာ့ဒုကၡေပးၿပီး”
“အဲလိုမေျပာပါနဲ႔။ငါတို႔ကလက္ထပ္ျပီးသားေတြေလကြာ။ကိုကိုထြန္းကငါ့ကိုဘာလို႔အထိမခံရတာလဲ"
“အထိမခံေတာ့ေရာဘာအေရးလဲ။ခင္ဗ်ားတို႔ကလက္ထပ္ၿပီးသားေတြပဲ။သူ႔ကိုခင္ဗ်ားပိုင္တယ္။ရေအာင္ယူေပါ့”
“မလုပ္ရက္လို႔ေပါ့ကြ"
“အခုမွသူေတာ္ေကာင္းေယာင္ေဆာင္မေနနဲ႔။အလိုမတူဘဲနဲ႔ေတာင္ယူခဲ့ၿပီးၿပီပဲ"
“အဲဒီယူခဲ့တဲ့တစ္ႀကိမ္တစ္ခါေလးေၾကာင့္ကိုကိုထြန္းငါ့ကိုအထင္ေသးသြားခဲ့တာေလ။ငါကအိမ္ေထာင္ဦးစီးေယာက္်ားတစ္ေယာက္ျဖစ္ေနၿပီကြ။ကိုယ့္အိမ္ေထာင္ဘက္ကအထင္ေသးတာကိုေတာ့မခံခ်င္ဘူး။သူ႔ဘက္ကၾကည္ၾကည္ျဖဴ ျဖဴ ေပးလာတာကိုလိုခ်င္လို႔လက္ထပ္ထားတာကိုအခုလိုမိ်ဳးလုပ္ေတာ့ေကာင္းသလား"
“မေကာင္းဘူးေလ။ခင္ဗ်ားတို႔ႏွစ္ေယာက္ၾကားမွာပြင့္လင္းမႈရွိဖို႔လိုတယ္။ကိုကိုထြန္းကိုဖြင့္ေျပာ
ျပီးေမးလိုက္"
“ေမးတယ္။မေျဖဘူး"
“အဲဒါဆိုျပဿနာအရင္းအျမစ္ကေက်ာင္းအုပ္
ၾကီးပဲ။ခင္ဗ်ားေက်ာင္းအုပ္ႀကီးကိုလူကိုယ္တိုင္
ေတြ႕ၿပီးေမးလိုက္။ကိုကိုထြန္းကိုဘာေျပာလိုက္တာလဲလို႔"
“မေမးရဲဘူး"
“မေမးရဲရင္လဲေသလိုက္ေလ။ခင္ဗ်ားေယာက္်ားရတဲ့အထိကူညီၿပီးသြားၿပီ။အိမ္ေထာင္ေရးကိစၥအထိေတာ့ဝင္မပါႏိုင္ဘူး။က်ဳပ္ဒီေန႔ေဆးရံုမွာအရမ္းပင္ပန္းလာတယ္။ခင္ဗ်ားလူလိုသိတတ္ရင္ေကာင္းမယ္။ေနာက္တစ္ခါမႏိႈးနဲ႔”
ရိႈင္းတစ္ခါတည္းအျပတ္ေျပာၿပီးဖုန္းပိတ္ပစ္လိုက္သည္။
ေနာက္တစ္ေန႔မနက္မိုးလင္းေတာ့ဂ်က္ကိုကိုထြန္းကိုမနက္စာစားဖို႔ေခၚသည္။ကိုကိုထြန္းကထမင္းမစားခ်င္ဘူးစြပ္ျပဳတ္ပဲေသာက္ခ်င္တယ္ဟု
ေျပာသည္။ကိုကိုထြန္းစိတ္တိုင္းက်ၾကက္စြပ္ျပဳတ္တစ္ပြဲအလ်င္စလိုလုပ္ခိုင္းၿပီးတိုက္ေတာ့မွေသာက္သည္။
ဂ်က္စိတ္ထဲေတာ္ေတာ္ကိုရင္ခံေနသည္။ကိုကိုထြန္းအခုလိုျဖစ္သြားတာေယာက္ဖႀကီးကအိမ္ေပၚေခၚသြားၿပီးမွျဖစ္သြားတာ။သူ႔အကိုသူ႔ကိုဘာေတြေျပာလိုက္တာလဲ။
ဂ်က္မခံစားႏိုင္ေတာ့တာနဲ႔ေယာက္ဖႀကီးအိမ္ကိုထြက္လာခဲ့သည္။ေယာက္ဖႀကီးအိမ္ေရာက္ေတာ့ေယာက္ဖႀကီးရဲ႕သားသမီးသံုးေယာက္ကိုေတြ႕သည္။ကေလးေတြကအျဖဴ အစိမ္းေလးေတြနဲ႔ေက်ာင္းသြားဖို႔ျပင္ေနၾကတာမို႔ဂ်က္ကေလးေတြကိုမုန္႔ဖိုးေပးလိုက္သည္။
“ေဟ့ေကာင္ဂ်က္"
ေယာက္ဖႀကီးေခၚသံေၾကာင့္ဂ်က္လွည့္ၾကည့္လိုက္ေတာ့ေယာက္ဖႀကီးကမ်က္ႏွာရွစ္ေခါက္ခ်ိဳးနဲ႔
ၾကည့္ေနသည္။ဘာေတြအလိုမက်ျဖစ္ေနျပန္သည္မသိ။ေက်ာင္းအုပ္ႀကီးကသူ႔အနားေရာက္
လာၿပီး-
“မင္းငါ့ကေလးေတြကိုပိုက္ဆံေပးစရာမလိုဘူး"
“မုန္႔ဘိုးေပးတာပါ"
“မုန္႔ဘိုးဆိုရင္မုန္႔ဘိုးနဲ႔တူေအာင္ေပးေလ။တစ္ေထာင္ႏွစ္ေထာင္ဆိုေတာ္ၿပီေပါ့။တစ္ေသာင္းတန္အထပ္လိုက္ေပးေနတာငါ့ကေလးေတြကိုဖ်က္ဆီးေနတာလား"
“ကၽြန္ေတာ့္မွာတစ္ေထာင္တန္မွမပါတာ"
“မပါရင္မေပးနဲ႔ေပါ့ကြ"
“ကၽြန္ေတာ္ေပးၿပီးၿပီပဲ။ဒီတစ္ခါေတာ့ထား
လိုက္ပါေတာ့”
“မင္းဒီကိုဘာလာလုပ္တာလဲ"
“ေက်ာင္းအုပ္ႀကီးကိုေမးစရာရွိလို႔"
“ဘာေမးမွာလဲ"
“မေန႔ကကိုကိုထြန္းကိုအိမ္ေပၚေခၚသြားၿပီးဘာေတြေျပာလိုက္တာလဲ"
“မင္းသိစရာမလိုဘူး"
“လိုတယ္။ကၽြန္ေတာ္အဲဒီကိစၥကိုသိရမွျဖစ္မယ္။ကိုကိုထြန္းမေန႔ကတည္းကမ်က္ႏွာမေကာင္းဘူး။ညတုန္းကလည္းတစ္ေယာက္တည္းေန
ခ်င္တယ္ဆိုၿပီးကၽြန္ေတာ့္ကိုအထိမခံဘူး"
“အဲေတာ့မင္းကမထိဘဲေနခဲ့သလား"
“ကိုကိုထြန္းကမွအထိမခံတာ။ကၽြန္ေတာ္ဘယ္လိုလုပ္ၿပီးဇြတ္တိုးရဲမွာလဲ"
“ေအး…အဲဒီတစ္ခ်က္ေၾကာင့္မင္းကိုငါေက်နပ္
သြားၿပီ။ငါ့ညီေလးဆႏၵမပါလို႔မင္းေနာက္ဆုတ္ေပးလိုက္တဲ့အတြက္မင္းကိုငါေက်းဇူးတင္တယ္။မင္းသိခ်င္တာကိုငါေျပာျပမယ္။အိမ္ေပၚလိုက္ခဲ့"
ဂ်က္ေယာက္ဖႀကီးေခၚရာေနာက္ကိုလိုက္သြားသည္။
🍈Thida
******