The city in my heart (U&Z)

By AyeThida847

3.2K 236 36

ဒီမြို့လေးထဲမှာကျွန်တော့်ရဲ့နှလုံးသားရှိတယ်။ More

အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း(၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)

အခန်း(၄၃)

25 2 2
By AyeThida847

ေရာင္နီ႔ရဲ႕ night duty ဆယ္ညတြင္ဒီညကေနာက္ဆံုးညျဖစ္သည္။ဂ်ဴ တီကိုကေလးေတြေခၚသြားရမွာမို႔ေရာင္နီကစိတ္ပ်က္ေနသေလာက္ဦးဦးရိႈင္းနဲ႔ကေလးႏွစ္ေယာက္ကေတာ့ျဖင့္အျမင္
ကတ္စရာေကာင္းေလာက္ေအာင္ေပ်ာ္ေနၾကသည္။သံုးေယာက္လံုးဘယ္သူ႔ၾကည့္ၾကည့္မ်က္စိ
ေနာက္ခ်င္စရာ။ေဘာလံုးကြင္းထဲလူစားဝင္ကန္
ရမဲ့အရံကစားသမားေတြလိုေျခတႂကြႂကြနဲ႔။

လင္းထိန္ကကေလးေတြစားဖို႔ျခင္းတစ္လံုးနဲ႔အ
ျပည့္စားစရာေတြျပင္ဆင္ေပးသည္။ရိႈင္းကကေလးေတြကိုအခန္းတံခါးပိတ္ၿပီးၾသဝါဒေခၽြေနသည္။ျပန္ထြက္လာေတာ့ေရာင္နီကကေလးေတြကိုပံုဆြဲစာအုပ္နဲ႔ေရာင္စံုခဲတံေတြယူလာခိုင္းလိုက္သည္။ဂိမ္းေဆာ့တာထက္ပံုဆြဲတာကပိုေကာင္းသည္ဟုထင္မိေသာေၾကာင့္ျဖစ္သည္။

ကေလးတစ္ျပံဳ ႀကီးနဲ႔ OPD ထဲဝင္လာတဲ့ေရာင္နီ႔ကိုေဒါက္တာခ်မ္းကမ်က္လံုးျပဴ းႀကီးနဲ႔ၾကည့္
ေနသည္။ေဒါကိတာခ်မ္းကအသားမဲမဲ၊မ်က္လံုး
ျပဴ းျပဴ း၊အရပ္ကရိႈင္းထက္ပိုရွည္ၿပီးကလန္ကလား။သို႔ေပမဲ့စိတ္ရင္းကေကာင္းလြန္းတာ
ေၾကာင့္လူခ်စ္လူခင္ေပါမ်ားသည္။ရိႈင္းလိုမ်ိဳးအ
ေခ်မင္းသားကေတာင္ေဒါက္တာခ်မ္းကိုခ်စ္တယ္ဆိုေတာ့ေျပာစရာမလိုေတာ့ေပ။ေဒါက္တာ
ခ်မ္းက-

"သခြားသီးေလး...ဒါကဘာေတြလဲဟ"

ေရာင္နီမေျဖရေသးခင္ရိႈင္းက-

"ကၽြန္ေတာ့္တူေတြေက်ာင္းပိတ္ရက္အလည္ေရာက္ေနလို႔ပါအကိုခ်မ္းရာ။အိမ္မွာလည္းထား
ခဲ့လို႔မရလို႔ဒီမွာတစ္ညေတာ့ထားပါရေစ"

"ရပါတယ္။ဒါေပမဲ့လူနာေတြေသြးသံရဲရဲနဲ႔ေရာက္လာရင္ကေလးေတြလန္႔ေနဦးမယ္"

"ကၽြန္ေတာ္သူတို႔ကိုအခန္းထဲမွာပဲေနဖို႔မွာထား
ၿပီးသားပါ။အမနီလာဒီတစ္ညေတာ့သည္းခံေပးပါေနာ္"

ရိႈင္းကဆရာမနီလာဘက္လွည့္ၿပီးခြင့္ေတာင္းေနျပန္သည္။ဒီအေခ်မင္းသားလည္းေရာင္နီနဲ႔ေပါင္းမိၿပီးမွတျခားလူေတြကိုအားနာရေကာင္းမွန္းသိလာခဲ့ၿပီ။အင္း...ေရးေရးေလးေတာ့သိလာခဲ့
ၿပီ။ေရာင္နီကကေလးႏွစ္ေယာက္ကို nurse's room ထဲထည့္ၿပီး-

"မင္းတို႔ႏွစ္ေယာက္ပံုဆြဲေနၾက။ပံုမဆြဲခ်င္ရင္ဂိမ္းေဆာ့ေနၾက။ဂိမ္းမေဆာ့ခ်င္ရင္လည္းအိပ္ေန
ၾက။အခန္းအျပင္ထြက္လာဖို႔ေတာ့စိတ္မကူးနဲ႔။ထြက္လာရင္လင္းထိန္နဲ႔ညိဳေမာင္ကိုဖုန္းဆက္
ျပီးျပန္လာေခၚခိုင္းမွာ"

ေရာင္နီကသူနာျပဳယူနီေဖာင္းလဲဝတ္ရင္းကေလးေတြကိုၿခိမ္းေျခာက္ေနေပမဲ့ကေလးေတြကနားထဲဝင္ပံုမေပၚ။အခန္းထဲေရာက္တာနဲ႔ခုတင္ေပၚတက္ၿပီးလွိမ့္ေနၾကသည္။ပစၥည္းေတြနဲ႔ျပည့္ႏွက္ေနတဲ့အခန္းက်ဥ္းေလးထဲမွာေနရေပမဲ့ေရာင္နီိ႔ေနာက္ကိုလိုက္လာရလို႔ေပ်ာ္ေနၾကပံုပင္။

ေရာင္နီ OPD ေကာင္တာဘက္ကိုထြက္လာခဲ့သည္။ရိႈင္းလည္းသူဂ်ဴ တီက်တဲ့အ႐ိုးေဆာင္ဘက္ကိုထြက္လာခဲ့သည္။ရိႈင္းကအလုပ္သင္ဆရာဝန္မို႔လက္ေထာက္ဆရာဝန္နဲ႔တြဲၿပီးဂ်ဴ တီဆင္းရသည္။ရိႈင္း night duty ဆင္းတဲ့ညက်မွအ႐ိုးေဆာင္ကိုလူနာေတြဆက္တိုက္ေရာက္ေနသည္။

အ႐ိုးေဆာင္ကလက္ေထာက္ဆရာဝန္က ward ထဲမွာအလုပ္ရႈပ္ေနၿပီးရိႈင္းကေတာ့အ႐ိုးဆရာဝန္ႀကီးနဲ႔ခြဲခန္းထဲလိုက္သြားရသည္။ညတစ္ဝက္က်ိဳးမွခြဲခန္းထဲကျပန္ထြက္လာရသည္။

ရိႈင္းခြဲခန္းထဲကျပန္ထြက္လာတဲ့အခ်ိန္မွာေရာင္နီနဲ႔ကေလးႏွစ္ေယာက္ဘယ္လိုေတြစခန္းသြားေနလဲဆိုတာေျပးမၾကည့္ႏိုင္လို႔ဖုန္းဆက္ဖို႔စဥ္းစားလိုက္တဲ့အခ်ိန္မွာပဲအ႐ိုးေဆာင္ေရွ႕ကေန
ခပ္သုတ္သုတ္နဲ႔ေျပးထြက္သြားတဲ့ေရာင္နီ႔ကိုဖ်တ္ခနဲ႔လွမ္းျမင္လိုက္သည္။ရိႈင္းခ်က္ခ်င္းပဲေရာင္နီ႔ကိုဖုန္းေခၚလိုက္သည္။

"ေဘဘီမင္းဘယ္သြားေနတာလဲ။ကိုကိုေတြ႕
လိုက္တယ္"

"ကေလးေဆာင္သြားတာ"

"ဘာလို႔သြားတာလဲ"

"ႏို႔မံႈ႔ေတာင္းမလို႔"

"ဟမ္"

ရိႈင္းစိတ္ထဲအေတြးေတြမ်ားသြားသည္။သူေခၚလာတာရွစ္ႏွစ္အရြယ္ကေလးႏွစ္ေယာက္ပါ။
ဘယ္ကေလးကႏို႔ေသာက္ခ်င္ေနရတာလဲ။

"ႏို႔မံႈ႔ကဘာလုပ္ဖို႔တုန္းေဘဘီ"

"ကေလးတစ္ေယာက္ကိုတိုက္မလို႔"

"ဘယ္ကေလးလဲ"

"ကၽြန္ေတာ္လည္းမသိဘူး။မိန္းမတစ္ေယာက္ကထားပစ္ခဲ့တာ"

"ဘယ္မွာထားပစ္ခဲ့တာလဲ"

"ကၽြန္ေတာ့္လက္ထဲမွာ"

"ဘာ"

ရိႈင္းစိတ္တိုသြားသည္။

"မင္းလက္ထဲမွာကေလးထားပစ္ခဲ့တာကိုမင္းကဘာလို႔ယူထားရတာလဲ"

ေမးသာေမးလိုက္ရတာ။မစဥ္းစားဘဲေခါင္းထဲ
ဝင္လာတဲ့အေတြးက-

*ဘုရား...ဘုရား...ငါကေလးေတာ့မေမြးစားပါရေစနဲ႔။ငစိုင္းနဲ႔ငထူးနဲ႔တင္လံုေလာက္ေနပါၿပီ*

ေရာင္နီကရိႈင္းကိုျပန္ရွင္းျပသည္။

"ကၽြန္ေတာ္လည္းကေလးပစ္ထားခဲ့မယ္လို႔ဘယ္ထင္မွာလဲဗ်ာ။ကေလးခဏခ်ီေပးပါဦးဆိုၿပီးအဲဒီအမ်ိဳးသမီးက toilet ထဲကိုဝင္သြားတာ။သူ
ျပန္ထြက္မလာခင္လူနာေတြရႈပ္လာလို႔ကၽြန္ေတာ္လည္းကေလးကိုခုတင္တစ္လံုးေပၚခ်သိပ္
ျပီးလူနာေတြၾကည့္ေပးေနတာ။လူနာေတြရွင္းသြားတဲ့အထိကေလးေပးသြားတဲ့မိန္းမကေပၚ
မလာဘူး။

အခုကေလးကဗိုက္ဆာလို႔ငိုေနၿပီ။မံႈႀကီးကိုဖုန္းဆက္ေမးၾကည့္ေတာ့မံႈႀကီးကကေလးေဆာင္မွာႏို႔မံႈ႔ရွိတယ္တဲ့။အဲဒါသြားေတာင္းေနတာ။ကေလးကိုေဖ်ာ္တိုက္မလို႔"

"အင္း...အကိုခ်မ္းနဲ႔အမနီလာေတာ့အလုပ္ရႈပ္
ျပီ"

"ရႈပ္တာေပါ့။ဒီေန႔ OPD မွာကၽြန္ေတာ္စေရာက္ကတည္းကရႈပ္ေနတာ"

"အဲဒါကိုေျပာတာမဟုတ္ဘူးဟ။ဟိုေမ်ာက္
ေလးႏွစ္ေကာင္အိပ္ၿပီလား"

"မအိပ္ေသးဘူး"

"ဒီအခ်ိန္ထိမအိပ္ဘဲနဲ႔ဘာလုပ္ေနၾကတာလဲ"

"ကေလးထိန္းေနၾကတာ"

"ဘာ...အဲဒီကေလးကိုလား"

"အင္းေလ။ OPD ကလူေတြအကုန္လံုးအလုပ္ရႈပ္ေနလို႔ငစိုင္းနဲ႔ငထူးကေလးထိန္းေနၾကတယ္"

မွတ္ကေရာဟ။ငစိုင္းနဲ႔ငထူးေရာင္နီ႔ေနာက္ကိုတေကာက္ေကာက္လိုက္ခ်င္ဦးေလ။အဲဒီကေလးသာပိုင္ရွင္ကျပန္လာမေခၚရင္မင္းတို႔ႏွစ္ေကာင္ကၽြန္ဝယ္ရာအဆစ္ပါၿပီပဲ။

ငစိုင္းနဲ႔ငထူးကေမ်ာက္အုန္းသီးရသလိုျဖစ္ေနသည္။ေရာင္နီ႔အခန္းထဲမွာအ႐ုပ္ေပါင္းစံုရွိေပမဲ့သူတို႔ႏွစ္ေယာက္ကစိတ္မဝင္စားခဲ့ၾကေပ။ေဆးရံုေရာက္မွတကယ့္လူအစစ္အႏွီးထုပ္ထဲကကေလးေလးကိုေတြ႕ၿပီးတစ္ခ်ိန္လံုးဇက္ေညာင္းခံကာငု႔ံၾကည့္ေနၾကသည္။

ေရာင္နီလည္းအလုပ္ရႈပ္ေနတာနဲ႔ကေလးႏွစ္ေယာက္ကိုမထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။ငစိုင္းနဲ႔ငထူးကအခန္းထဲကေျပးထြက္လာၿပီးကေလးအ
ေၾကာင္းလာေျပာၾကသည္။ကေလးကရယ္ေနတယ္၊ျပံဳးေနတယ္၊မဲ့ေနတယ္ဆိုတာကအစအကုန္လံုးကိုလာေျပာေနသည္။

"ကေလးကႏို႔ဆာေနၿပီ"

"ကေလးကငိုေနၿပီ"

"ကေလးကရႉးရႉးေပါက္ခ်ကုန္ျပီ"

ၾကာေတာ့ေရာင္နီသည္းမခံႏိုင္ေတာ့ေပ။သူတို႔
ကကိုကိုေရာင္လို႔ေခၚလိုက္ရင္လူကေယာင္ခ်ာခ်ာျဖစ္ျဖစ္သြားသည္။အလုပ္ကလုပ္ရတာကတမ်ိဳး။သူတို႔ေျပာတာနားေထာင္ရတာကတမ်ိဳး။ဂြမ္းလံုးႏွစ္လံုးယူၿပီးနားထဲပဲဆို႔ပိတ္ထားလိုက္ခ်င္ေတာ့သည္။

🍈 Thida

******

Unicode

အခန်း(၄၃)

ရောင်နီ့ရဲ့ night duty ဆယ်ညတွင်ဒီညကနောက်ဆုံးညဖြစ်သည်။ဂျူတီကိုကလေးတွေခေါ်သွားရမှာမို့ရောင်နီကစိတ်ပျက်နေသ
လောက်ဦးဦးရှိုင်းနဲ့ကလေးနှစ်ယောက်က
တော့ဖြင့်အမြင်ကတ်စရာကောင်းလောက်အောင်ပျော်နေကြသည်။သုံးယောက်လုံးဘယ်သူ့ကြည့်ကြည့်မျက်စိနောက်ချင်စရာ။ဘောလုံးကွင်းထဲလူစားဝင်ကန်ရမဲ့အရန်ကစားသမားတွေလိုခြေတကြွကြွနဲ့။

လင်းထိန်နဲ့ညိုမောင်ကကလေးတွေစားဖို့ခြင်းတစ်လုံးနဲ့အပြည့်စားစရာတွေပြင်ဆင်ပေး
သည်။သူတို့လည်း‌ပျော်နေမှာပေါ့။ကလေးနှစ်ယောက်ကိုသူတို့မထိန်းရတော့ဘူးလေ။

ရှိုင်းကကလေးတွေကိုအခန်းတံခါးပိတ်ပြီးဩဝါဒချွေနေသည်။ပြန်ထွက်လာတော့ရောင်နီကကလေးတွေကိုပုံဆွဲစာအုပ်နဲ့ရောင်စုံခဲတံတွေယူလာခိုင်းလိုက်သည်။ဂိမ်းဆော့တာထက်ပုံဆွဲတာကပိုကောင်းသည်ဟုထင်မိသောကြောင့်ဖြစ်သည်။

ကလေးတစ်ပြုံကြီးနဲ့ OPD ထဲဝင်လာတဲ့ရောင်နီ့ကိုဒေါက်တာချမ်းကမျက်လုံးပြူးကြီးနဲ့ကြည့်နေသည်။ဒေါက်တာချမ်းကအသားမဲမဲမျက်လုံးပြူးပြူး၊အရပ်ကရှိုင်းထက်ပိုရှည်ပြီးကလန်ကလား။သို့ပေမဲ့စိတ်ရင်းကကော
င်းလွန်းတာကြောင့်လူချစ်လူခင်ပေါများ
သည်။ရှိုင်းလိုမျိုးအချေမင်းသားကတောင်ဒေါက်တာချမ်းကိုချစ်သည်ဆိုတော့ပြောစရာမလိုတော့ပေ။ဒေါက်တာချမ်းက-

"သခွားသီးလေး...ဒါကဘာတွေလဲဟ"

ရောင်နီမဖြေရသေးခင်ရှိုင်းက-

"ကျွန်တော့်တူတွေကျောင်းပိတ်ရက်အလည်ရောက်နေလို့ပါအကိုချမ်းရာ။အိမ်မှာလည်းထားခဲ့လို့မရလို့။ဒီမှာတစ်ညတော့‌ထားပါရစေ"

"ရပါတယ်။ဒါပေမဲ့လူနာတွေကသွေးသံရဲရဲနဲ့ရောက်လာရင်ကလေးတွေလန့်နေဦးမယ်"

"ကျွန်တော်သူတို့ကိုအခန်းထဲမှာပဲနေဖို့မှာ
ထားပြီးသားပါ။အမနီလာဒီတစ်ညတော့သည်းခံပေးပါနော်"

ရှိုင်းကဆရာမနီလာဘက်လှည့်ပြီးခွင့်တောင်းနေပြန်သည်။ဒီအချေမင်းသားလည်းရောင်နီနဲ့ပေါင်းမိပြီးမှတခြားလူတွေကိုအားနာရကောင်းမှန်းသိလာခဲ့ပြီ။အင်း ...ရေးရေးလေးတော့သိလာခဲ့ပြီ။ရောင်နီကကလေးနှစ်ယော
က်ကို nurse's room ထဲထည့်ပြီး-

"မင်းတို့နှစ်ယောက်ပုံဆွဲနေကြ။ပုံမဆွဲချင်ရင်ဂိမ်းဆော့နေကြ။ဂိမ်းမဆော့ချင်ရင်လည်းအိပ်နေကြ။အခန်းအပြင်ထွက်လာဖို့တော့စိတ်မကူးနဲ့။ထွက်လာရင်လင်းထိန်နဲ့ညိုမောင်ကိုဖုံးဆက်ပြီးပြန်လာခေါ်ခိုင်းမှာ"

ရောင်နီကသူနာပြုယူနီဖောင်းလဲဝတ်ရင်းကလေးတွေကိုခြိမ်းခြောက်နေပေမဲ့ကလေးတွေကနားထဲဝင်ပုံမပေါ်။အခန်းထဲရောက်တာနဲ့ခုတင်ပေါ် တက်ပြီးလှိမ့်နေကြသည်။ပစ္စည်းတွေနဲ့ပြည့်နှက်နေတဲ့အခန်းကျဉ်းလေးထဲမှာနေရပေမဲ့ရောင်နီ့နောက်ကိုလိုက်လာရလို့ပျော်နေကြပုံပင်။

ရောင်နီ OPD ကောင်တာဘက်ထွက်လာခဲ့သည်။ရှိုင်းလည်း သူဂျူတီကျတဲ့အရိုးဆောင်ဘက်ကိုထွက်သွားသည်။

ရှိုင်းကအလုပ်သင်ဆရာဝန်မို့လက်ထောက်ဆရာဝန်နဲ့တွဲပြီးဂျူတီဆင်းရသည်။ရှိုင်း night duty ဆင်းတဲ့ညကျမှအရိုးဆောင်ကိုလူနာတွေဆက်တိုက်ရောက်နေသည်။အရိုးဆောင်ကလက်ထောက်ဆရာဝန်က ward ထဲမှာလူနာတွေနဲ့အလုပ်ရှုပ်နေပြီးရှိုင်းက
တော့ဆရာဝန်ကြီးနဲ့ခွဲခန်းထဲလိုက်သွားရသည်။ညတစ်ဝက်ကျိုးမှခွဲခန်းထဲကပြန်ထွက်လာရသည်။

ရှိုင်းခွဲခန်းထဲကပြန်ထွက်လာတဲ့အချိန်မှာရောင်နီနဲ့ကလေးနှစ်ယောက်ဘယ်လိုတွေစခန်းသွားနေလဲဆိုတာပြေးမကြည့်နိုင်လို့
ဖုန်းဆက်ဖို့စဉ်းစားလိုက်တဲ့အချိန်မှာပဲအရိုးဆောင်ရှေ့ကနေခပ်သုတ်သုတ်နဲ့ပြေးထွက်သွားတဲ့ရောင်နီ့ကိုဖျတ်ခနဲ့လှမ်းမြင်လိုက်သည်။ရှိုင်းချက်ချင်းပဲရောင်နီ့ကိုဖုန်းခေါ်လိုက်သည်။

"ဘေဘီမင်းဘယ်သွားတာလဲ။ကိုကိုတွေ့လိုက်တယ်"

"ကလေးဆောင်သွားတာ"

"ဘာလို့သွားတာလဲ"

"နို့မှုံ့တောင်းမလို့"

"ဟမ်"

ရှိုင်းစိတ်ထဲအတွေးတွေများသွားရသည်။သူခေါ်လာတာရှစ်နှစ်အရွယ်ကလေးနှစ်ယောက်ပါ။ဘယ်ကလေးကနို့သောက်ချင်နေရတာလဲ။

"နို့မှုံ့ကဘာလုပ်ဖို့လဲဘေဘီ"

"ကလေးတစ်ယောက်ကိုတိုက်မလို့"

"ဘယ်ကလေးလဲ"

"ကျွန်တော်လည်းမသိဘူး။မိန်းမတစ်ယောက်ကထားပစ်ခဲ့တာ"

"ဘယ်မှာထားပစ်ခဲ့တာလဲ"

"ကျွန်တော့်လက်ထဲမှာ"

"ဘာ"

ရှိုင်းစိတ်တိုသွားမိသည်။

"မင်းလက်ထဲမှာကလေးထားပစ်ခဲ့တာကိုမင်းကဘာလို့ယူထားရတာလဲ"

မေးသာမေးလိုက်ရတာ။မစဉ်းစားဘဲခေါင်းထဲရောက်လာတဲ့အတွေးက-

*ဘုရား...ဘုရား...ငါကလေးတော့မမွေးစားပါရစေနဲ့။ငစိုင်းနဲ့ငထူးနဲ့တင်လုံလောက်နေပါပြီ*

ရောင်နီကရှိုင်းကိုပြန်ရှင်းပြသည်။

"ကျွန်တော်လည်းကလေးထားပစ်ခဲ့မယ်လို့ဘယ်ထင်မှာလဲဗျာ။ကလေးခဏချီထားပေးပါဦးဆိုပြီးအဲဒီအမျိုးသမီးက toilet ထဲကိုဝင်သွားတာ။သူပြန်ထွက်မလာခင်လူနာတွေရှုပ်လာလို့ကျွန်တော်လည်းကလေးကိုခုတင်တစ်လုံးပေါ်ချသိပ်ပြီးလူနာတွေကြည့်ပေးနေတာ။လူနာတွေရှင်းသွားတဲ့အထိကလေးပေးသွားတဲ့မိန်းမကပေါ်မလာဘူး။

အခုကလေးကဗိုက်ဆာလို့ငိုနေပြီ။မှုံကြီးကိုဖုန်းဆက်မေးကြည့်တော့မှုံကြီးကကလေးဆောင်မှာနို့မှုံ့ရှိတယ်တဲ့။အဲဒါသွားတောင်း
နေတာ။ကလေးကိုဖျော်တိုက်မလို့"

"အင်းအကိုချမ်းနဲ့အမနီလာတော့အလုပ်ရှုပ်ပြီ"

"ရှုပ်တာပေါ့။ဒီနေ့ OPD မှာကျွန်တော်
စရောက်ကတည်းကရှုပ်နေတာ"

"အဲဒါကိုပြောတာမဟုတ်ဘူးဟ။ဟိုမျောက်လေးနှစ်ကောင်အိပ်ပြီလား"

"မအိပ်သေးဘူး"

"ဒီအချိန်ထိမအိပ်ဘဲနဲ့ဘာလုပ်နေကြတာလဲ"

"ကလေးထိန်းနေကြတာ"

"ဘာ...အဲဒီကလေးကိုလား"

"အင်းလေ။OPD ကလူတွေအကုန်လုံးအလုပ်ရှုပ်နေလို့ငစိုင်းနဲ့ငထူးကလေးထိန်း
နေရတယ်"

မှတ်ကရောဟ။ငစိုင်းနဲ့ငထူးရောင်နီ့နောက်
ကိုတကောက်ကောက်လိုက်ချင်ဦးလေ။အဲဒီကလေးသာပိုင်ရှင်ကပြန်လာမခေါ်ရင်မင်းတို့နှစ်ယောက်ကျွန်ဝယ်ရာအဆစ်ပါပြီပဲ။

ငစိုင်းနဲ့ငထူးကမျောက်အုန်းသီးရသလိုဖြစ်နေသည်။ရောင်နီ့အခန်းထဲမှာအရုပ်ပေါင်းစုံရှိပေမဲ့သူတို့နှစ်ယောက်ကစိတ်မဝင်စားခဲ့ကြပေ။ဆေးရုံရောက်မှတကယ့်လူအစစ်အနှီးထုပ်ထဲကကလေးလေးကိုတွေ့ပြီးတစ်ချိန်လုံးဇတ်ညောင်းခံကာငုံ့ကြည့်နေကြသည်။

ရောင်နီလည်းအလုပ်ရှုပ်နေတာနဲ့ကလေးနှစ်ယောက်ကိုမထိန်းချုပ်နိုင်တော့ပေ။ငစိုင်းနဲ့
ငထူးကအခန်းထဲကပြေးပြေးထွက်လာပြီးကလေးအကြောင်းလာလာပြောကြသည်။ကလေးကရယ်နေတယ်။ပြုံးနေတယ်။မဲ့နေတယ်ဆိုတာကအစအကုန်လုံးလာပြောနေ
ကြသည်။

"ကလေးကနို့ဆာနေပြီ"

"ကလေးကငိုနေပြီ"

"ကလေးကရှူရှူးပေါက်ချကုန်ပြီ"

ကြာတော့ရောင်နီသည်းမခံနိုင်တော့ပေ။
သူတို့ကကိုကိုရောင်လို့ခေါ်လိုက်ရင်လူကပါယောင်ချာချာဖြစ်ဖြစ်သွားသည်။အလုပ်ကလုပ်ရတာကတမျိုး။သူတို့ပြောတာနား
ထောင်ရတာကတမျိုး။ဂွမ်းလုံးနှစ်လုံးယူပြီးနားထဲပဲဆို့ပိတ်ထားလိုက်ချင်တော့သည်။

🍈Thida

Continue Reading

You'll Also Like

3.1K 163 11
ဟန်မီရေးသမျှ ဝတ္ထုတိုတွေကို တစ်စုတစ်စည်းတည်း စုထားမယ့် စာအုပ်လေးပါ💛 ဟန္မီေရးသမွ် ဝတၳဳတိုေတြကို တစ္စုတစ္စည္းတည္း စုထားမယ့္ စာအုပ္ေလးပါ💛
87.5K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
28.6K 1K 41
Unicode ကျောင်းပြောင်းလာတဲ့ ဒုတိယနှစ်ကကောင်လေးနှင့် စတုတ္ထနှစ်က the whole king အစ်ကိုကြီးတို့ ၃ခေါက်လောက်‌တွေ့ပြီး ချစ်သူဖြစ်ခဲ့ကြရာ....... #Unicode+...
6.1K 743 14
စာရေးလိုက် ၊ ညီမသုံးယောက်၏ဂရုစိုက်မှုများကိုခံယူလိုက် ၊ ရံဖန်ရံခါ သူငယ်ချင်းများကိုပြသနာရှာလိုက်ဖြင့် သာယာနေခဲ့သော သင့်မြတ်၏ဘဝထဲသို့ သူများအိမ်မှသားလ...