ေရႊငါးစားေသာက္ဆိုင္
ေက်ာက္တစ္လံုးၿမိဳ႕၏ရႈခင္းအလွေတြကိုခံစား
ၾကည့္ရႈႏိုင္သည့္ေတာင္ကုန္းေလးေပၚကစား
ေသာက္ဆိုင္။ထိုဆိုင္ထဲသို႔လူတစ္ေယာက္ဝင္
လာခဲ့သည္။သူကေက်ာက္တစ္လံုးၿမိဳ႕မရဲစခန္း
မွရဲအရာရွိအ့ံထူးေမာ္။
သူကဆိုင္ထဲေရာက္တာနဲ႔ေထာင့္က်တဲ့စားပြဲဆီသို႔ဦးတည္ၿပီးလာခဲ့သည္။ဒီစားပြဲဝိုင္းကဒီဆိုင္
ကိုလာတိုင္းသူထိုင္ေနက်ေနရာ။အ့ံထူးေမာ္က
စားပြဲထိုးကိုအစားအေသာက္ေတြမွာၿပီးဧည့္သည္လာမွခ်ေပးရန္ေျပာလိုက္သည္။
သူေစာင့္ၿပီးဆယ္မိနစ္ေလာက္ၾကာေတာ့ဆိုင္
ထဲကိုလူႏွစ္ေယာက္ဝင္လာသည္။ပံုစံကေတာ့တစ္ေယာက္ကလူႀကီး၊တစ္ေယာက္ကကေလးပဲ။တိမ္ယံေျပာတဲ့အတိုင္းတစ္ထပ္တည္းတူသည္။တစ္ေယာက္ကမ်က္ႏွာခပ္တည္တည္နဲ႔အေခ်မင္းသား႐ုပ္။တစ္ေယာက္ကေတာ့႐ိုးရွင္းၿပီးခ်စ္စရာေကာင္းတဲ့ကေလးေပါက္စ႐ုပ္။
သူတို႔ႏွစ္ေယာက္ကဆိုင္ထဲကိုမ်က္လံုးေဝ့ၾကည့္ရင္းအ့ံထူးဆီအၾကည့္ေရာက္လာသည္။အ့ံထူးကလက္လွမ္းျပေတာ့ႏွစ္ေယာက္လံုးသူ႔စားပြဲဆီေလွ်ာက္လာၾကသည္။အ့ံထူးကၿမိဳ႕ခံလူမို႔အိမ္ရွင္ပီပီဧည့္ဝတ္ေက်ခ်င္သည္။ထို႔ေၾကာင့္သူကတေလးတစားနဲ႔ေနရာကထၿပီးႏႈတ္ဆက္လိုက္
သည္။
"မဂၤလာပါ။ေဒါက္တာရိႈင္းနဲ႔ဆရာေလးေရာင္နီ
မဟုတ္လား"
"ဟုတ္ကဲ့ခင္ဗ်...ဒီကအကိုကအကိုအ့ံထူးေမာ္လား"
"အင္း...အကိုကအ့ံထူးေမာ္ပါ။ထိုင္ပါညီေလးတို႔"
ရိႈင္းနဲ႔ေရာင္နီစားပြဲတြင္ဝင္ထိုင္လိုက္ၾကသည္။ရိႈင္းကအ့ံထူးကိုစေတြ႕ကတည္းကအကဲခတ္ေနသည္။အ့ံထူးကအဆင့္ျမင့္အရာရွိတစ္ေယာက္
၏ပံုဟန္အျပည့္ရွိသည္။အေနအထိုင္အေျပာအဆိုကတည္ၿငိမ္ရင့္က်က္သည္။အရပ္သားဝတ္စံုဝတ္ထားေပမဲ့သူ႔ပံုစံကခန္႔ညားလြန္းသည္။မ်က္ႏွာအမူအရာကလည္းႏွစ္လိုဖြယ္ေကာင္း
သည္။အကိုတိမ္ယံထက္လည္းပိုေခ်ာသည္။
ရဲအရာရွိကလူပ်ိဳလူလြတ္တစ္ေယာက္လို႔သိထားတာနဲ႔တင္သူ႔ကိုသတိထားၿပီးဆက္ဆံရမည္ဟုရိႈင္းကသူ႔ကိုယ္သူသတိေပးေနသည္။အ့ံထူးကသူတို႔ႏွစ္ေယာက္ကိုစကားစေျပာသည္။
"တိမ္ယံကေျပာတယ္။ညီေလးေရာင္နီကအကို႔ဆီကိုအကူအညီေတာင္းခ်င္လို႔တဲ့
ဟုတ္လား"
"ဟုတ္ကဲ့ခင္ဗ်"
"ဒါဆိုေျပာေလ။အကို ကေလးကိုဘာကူညီေပးရမလဲ"
ရိႈင္းမ်က္ႏွာႀကီးသုန္မႈန္သြားသည္။ဇာတ္လမ္းကေတာ့စၿပီ။ဘာကေလးလဲ။
"ေရာင္နီ႔ကိုေရာင္နီလို႔ပဲေခၚပါ။ကေလးလို႔မေခၚပါနဲ႔"
"ဘာျဖစ္လို႔လဲညီေလး"
"ေရာင္နီကကၽြန္ေတာ့္ကေလးပါ"
အ့ံထူးေမာ္ခဏမွ်ႏႈတ္ဆိတ္သြားသည္။ျပံဳး
လည္းျပံဳးမိသြားသည္။ၿပီးမွ-
"တိမ္ယံေျပာထားလို႔မင္းတို႔ႏွစ္ေယာက္အ
ေၾကာင္းကိုအကိုသိၿပီးပါၿပီ။ေရာင္နီကညီေလးရိႈင္းထက္ငါးႏွစ္ေတာင္ငယ္တယ္ဆိုဟုတ္လား"
"ဟုတ္တယ္"
"အဲဒါဆိုရင္အကို႔ထက္ေတာ့ဆယ္ႏွစ္ေက်ာ္ေလာက္ငယ္မွာပဲ။အကိုကအကို႔ထက္အသက္ဆယ္ႏွစ္ေက်ာ္ငယ္ေနတဲ့ကေလးမို႔ကေလးလို႔ေခၚလိုက္တာပါ။တျခားဘာစိတ္မွမရွိပါဘူး"
"ဒါေပမဲ့ကၽြန္ေတာ္မႀကိဳက္ဘူး။မေခၚပါနဲ႔"
ေရာင္နီကအကိုအ့ံထူးကိုအားနာၿပီးရိႈင္းကိုစားပြဲခံုေအာက္ကေနေျခေထာက္နဲ႔ပိတ္ကန္လိုက္သည္။ရိႈင္းကေတာ့မ်က္ႏွာတစ္ခ်က္မပ်က္။အားနာရေကာင္းမွန္းလည္းမသိ။အ့ံထူးကသာလူႀကီးပီပီခြင့္လႊတ္စကားေျပာလိုက္ရသည္။
"ညီေလးရိႈင္းမႀကိဳက္ရင္အကိုမေခၚေတာ့ပါဘူး။ညီေလးတို႔လာရင္းကိစၥကိုေျပာျပေလ။စကား
ေျပာရင္းေန႔လည္စာအတူတူစားၾကတာေပါ့။ညီေလးတို႔ႏွစ္ေယာက္လံုးအသားမစားဘူးလို႔
တိမ္ယံကေျပာတယ္ေနာ္ဟုတ္လား"
"ဟုတ္ကဲ့"
"မင္းတို႔ႏွစ္ေယာက္ကထူးဆန္းတဲ့ကေလးေတြပဲ"
အကိုအ့ံထူးကစားပြဲထိုးကိုအခ်က္ျပလိုက္ေတာ့စားပြဲထိုးကသတ္သတ္လြတ္ဟင္းပြဲေတြလာခ်ေပးသည္။ေရာင္နီကေန႔လည္စာစားရင္းသူလုပ္ခ်င္သည့္ကိစၥကိုအကိုအ့ံထူးႏွင့္တိုင္ပင္ေဆြးေႏြးခဲ့သည္။
*
*
တံတားဖြင့္ပြဲေန႔-
တနည္းအားျဖင့္ေျပာရရင္ဆိုင္းဘုတ္ဖြင့္ပြဲေန႔။
ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကဖြင့္ပြဲေန႔ကိုႀကိဳတင္
ေၾကညာထားတာမို႔ရပ္ကြက္ထဲကစိတ္ဝင္စားသူေတြလာေရာက္ၾကည့္ရႉေနၾကသည္။
ၾကည့္သာၾကည့္ေနရတာ။တံတားေဘးေျမာင္း
ေပါင္ေပၚတြင္ေၾကာ္ျငာဆိုင္းဘုတ္အလြတ္ၾကီး
ႏွစ္ခုကလြဲၿပီးဘာမွမရွိ။ဆိုင္းဘုတ္ႀကီးႏွစ္ခုက
ႀကီးလြန္းေနသျဖင့္ဘာကိုဆိုင္းဘုတ္တင္မွာလဲသိခ်င္ေနၾကသည္။
ေျမာင္းေဘာင္လမ္းတစ္ေလွ်ာက္ကိုေတာ့ဖြင့္ပြဲရွိသည္ဟုဆိုကာယာယီပိတ္ထားသည္။လမ္းထိပ္အဝင္ဝမွာကတည္းကဝါးလံုးတားထားတာမို႔
ယာဥ္အသြားအလာမရွိ။အမွတ္(၄)ရပ္ကြက္ထဲကလူေတြကသူတို႔ဆင္းရဲသားရပ္ကြက္ကဖြင့္ပြဲကို ဌာနဆိုင္ရာလူႀကီးေတြလာမယ္လို႔ေၾကညာထားလို႔ဘယ္ဌာနကလူႀကီးေတြလဲဆိုတာသိခ်င္ေနၾကသည္။
ရိႈင္းနဲ႔ေရာင္နီေရဆိုးေျမာင္းေဖာ္တဲ့ကိစၥကၿမိဳ႕ထဲမွာလူေျပာမ်ားေနတာမို႔ေက်ာက္တစ္လံုးၿမိဳ႕ကသတင္းေထာက္ကလည္းသတင္းယူဖို႔ေရာက္
ေနသည္။
မနက္ကိုးနာရီထိုးေတာ့ေျမာင္းေဘာင္လမ္းအတိုင္းရပ္ကြက္ထဲကိုယာဥ္တန္းႀကီးဝင္လာသည္။ယာဥ္တန္းႀကီးကတံတားေရွ႕တြင္ရပ္တန္႔
သြားသည္။ေရွ႕ဆံုးကားေပၚကဝတ္စံုျပည့္ဝတ္
ထားသည့္ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ေက်ာက္တစ္လံုးရဲ
စခန္းကစခန္းမႉးအ့ံထူးေမာ္ဆင္းလာသည္။
ဒုတိယေျမာက္ကားေပၚကအမနီလာရဲ႕အမ်ိဳးသားစည္ပင္ဗိုလ္ႀကီးနဲ႔တပည့္ႏွစ္ေယာက္။တတိယေျမာက္ကားေပၚကက်န္းမာေရးဌာနရဲ႕အ
ႀကီးအကဲေက်ာက္တစ္လံုးေဆးရံုအုပ္ႀကီး။ေလးစီးေျမာက္ကားေပၚကၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး(ေဆးရံုအုပ္ရဲ႕ဖိတ္ၾကားမႈေၾကာင့္ပါလာျခင္း)။
သူ႔ေနာက္ကကားေပၚကအမွတ္(၄)ရပ္ကြက္မွာ
ေရပန္းစားေနတဲ့ရပ္ကြက္ဆယ္လီႏွစ္ေယာက္
...ေဒါက္တာရိႈင္းနဲ႔သူနာျပဳေရာင္နီ။ေနာက္ဆံုးကားေပၚကေတာ့လင္းထိန္နဲ႔ညိဳေမာင္။
ေက်ာက္တစ္လံုးၿမိဳ႕ရဲ႕ဌာနဆိုင္ရာေတြကေခါင္း
ေဆာင္ပိုင္းေတြအကုန္နီးပါးတံတားဖြင့္ပြဲကိုလာတယ္ဆိုတာကထူးဆန္းသည္။တံတားကသိပ္
ျပီးမထူးျခားတဲ့ေျမာင္းကူးတံတားေလး။ကားတစ္စီးပဲျဖတ္သြားလို႔ရသည္။ႏွစ္စီးေရွာင္လို႔မရ။
ေျမာင္းေဘးကဆိုင္းဘုတ္အလြတ္ႀကီးႏွစ္ခုက
စည္ပင္ဗိုလ္ႀကီးရဲ႕အစီအစဥ္နဲ႔စည္ပင္ဌာနကလာစိုက္ေပးသြားတာျဖစ္သည္။
လင္းထိန္နဲ႔ညိဳေမာင္ကပိတ္အုပ္ႀကီးတစ္အုပ္ကိုမ,လာၾကသည္။ရဲတပ္ဖြဲ႕ဝင္ေတြကပိတ္အုပ္ႀကီးကိုယူျပီးဆြဲျဖန္႔လိုက္ၾကသည္။ပိတ္စႀကီးေပၚမွာဓာတ္ပံုေပါင္းတစ္ေထာင္ေက်ာ္ကပ္ထားသည္။သခြားေမႊးစီစဥ္သည့္ဓာတ္ပံုျပပြဲ။ရပ္ကြက္ေနျပည္သူအေပါင္း၏စည္းကမ္းမဲ့အမိႈက္ပစ္ေနၾကသည့္ဓာတ္ပံုမ်ား။
ဆိုင္းဘုတ္အလြတ္ႀကီးေပၚတြင္ဓာတ္ပံုအျပည့္ကပ္ထားသည့္ပိတ္စႀကီးကိုအုပ္ၾကသည္။ပိတ္
စႀကီးေလမလြင့္ေစရန္ေလးဘက္ေလးတန္တြင္သံမိႈေတြနဲ႔႐ိုက္ၾကသည္။
ေနာက္ထပ္ဆိုင္းဘုတ္ေပၚမွာေတာ့ဗီႏိုင္းဆြဲထားတဲ့သတိေပးစာတမ္းကိုကပ္သည္။စာတမ္းမွာေရးထားတာကိုဖတ္ၿပီးရပ္ကြက္ေနျပည္သူေတြဆူဆူညံညံျဖစ္သြားသည္။
သတင္းေထာက္ကေတာ့သူနာျပဳဆရာေလး
ေရာင္နီရဲ႕ထူးဆန္းတဲ့လုပ္ရပ္ကိုသတင္းေရးဖို႔ဓာတ္ပံုေတြတဖ်တ္ဖ်တ္႐ိုက္ေနေတာ့သည္။
ေရာင္နီကမပိုင္ရင္ျခင္ေတာင္မ႐ိုက္။ပိုင္ေလာက္သည့္အခါက်မွတစ္ရပ္ကြက္လံုးကို႐ိုက္ခ်လိုက္သည္။သူ႔႐ိုက္ခ်က္ကျပင္းသည္။ဆိုင္းဘုတ္
တင္ပြဲလို႔ေခါင္းစဥ္တပ္ထားၿပီးဆိုင္းဘုတ္ဖြင့္လိုက္ေတာ့ထြက္လာတဲ့စာတမ္းႀကီးက"ႀကိဳတင္သတိေပးခ်က္"ဟုေခါင္းစဥ္တပ္ထားသည္။
"စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္သူမ်ားထပ္မံက်ဴ းလြန္ပါကသဘာဝပတ္ဝန္းက်င္ညစ္ညမ္းေစမႈႏွင့္တရားစြဲဆိုမည္"တဲ့။စာတမ္းကိုဖတ္ၿပီးလူအုပ္
ၾကီးသာမကရိႈင္းပါဟာခနဲ႔ျဖစ္သြားရသည္။ဒီလိုစာတမ္းမ်ိဳးေရးထားမွန္းသူေတာင္ႀကိဳမသိခဲ့ေပ။ဒုတိယသတိေပးခ်က္ကလည္းၾကည့္ပါဦး...
"ဓာတ္ပံုမ်ားကိုဖ်က္ဆီးပါကက်န္းမာေရးႏွင့္လူ
ေနမႈပတ္ဝန္းက်င္သန္႔ရွင္းေရးလုပ္ေဆာင္ခ်က္
အေပၚတာဝန္ဝတၱရားေႏွာင့္ယွက္မႈႏွင့္တရားစြဲဆိုမည္"တဲ့။
ေက်ာက္တစ္လံုးၿမိဳ႕ေပၚမွာရွိတဲ့ဌာနဆိုင္ရာေတြစုေပါင္းၿပီးတရားဝင္ဖြင့္လွစ္ထားတဲ့ဆိုင္းဘုတ္
ကိုမည္သူမွဖ်က္ဆီးရဲမည္မဟုတ္။ေရာင္နီကလည္းေငြကုန္ခံၿပီးလူငွားကာေစာင့္ၾကည့္ခိုင္းထားသည္။
ဖြင့္ပြဲကအၾကာႀကီးမဟုတ္။ဆိုင္းဘုတ္တင္ၿပီးတံတားကိုဖဲႀကိဳးျဖတ္သည္။တံတားေပၚတြင္လူ
ႀကီးေတြျဖတ္ေလွ်ာက္ၾကၿပီးဆိုင္းဘုတ္ေရွ႕မွာစုေပါင္းၿပီးဓာတ္ပံု႐ိုက္ၾကသည္။သတင္းေထာက္ကသတင္းယူသည္။အားလံုးၿပီးသြားတဲ့အခ်ိန္မွာတစ္နာရီပင္မၾကာလိုက္။
ေဒါက္တာရိႈင္းနဲ႔သူနာျပဳဆရာေလးေရာင္နီကအႀကီးအကဲေတြကိုေက်းဇူးတင္စကားေျပာၾကသည္။ဒီ့ေနာက္မွာေတာ့ေျမေကာ္စက္ႀကီးႏွင့္အမိႈက္သိမ္းယာဥ္ေတြလမ္းထဲဝင္လာၿပီးရပ္ကြက္
ေနျပည္သူေတြေနာက္ထပ္ပစ္ခ်ထားတဲ့ေျမာင္းထဲကအမိႈက္လက္က်န္ေတြကိုလိုက္ဆယ္ၾက
သည္။ဒါကဒုတိယအႀကိမ္ေျမာက္ေျမာင္းဆယ္
ျခင္းပင္ျဖစ္သည္။
🍈Thida
*****
Unicode
အခန်း(၃၅)
ရွှေငါးစားသောက်ဆိုင်
ကျောက်တစ်လုံးမြို့၏ရှုခင်းအလှတွေကိုခံစားကြည့်ရှုနိုင်သည့်တောင်ကုန်းလေးပေါ်ကစားသောက်ဆိုင်။ထိုဆိုင်ထဲသို့လူတစ်ယောက်ဝင်လာခဲ့သည်။သူကကျောက်တစ်
လုံးမြို့မရဲစခန်းမှရဲအရာရှိအံ့ထူးမော်။
သူကဆိုင်ထဲရောက်တာနဲ့ထောင့်ကျတဲ့စားပွဲဆီသို့ဦးတည်ပြီးလာခဲ့သည်။ဒီစားပွဲဝိုင်းကဒီဆိုင်ကိုလာတိုင်းသူထိုင်နေကျနေရာ။အံ့ထူးမော်ကစားပွဲထိုးကိုအစားအသောက်တွေမှာပြီးဧည့်သည်လာမှချပေးရန်ပြောလိုက်သည်။
သူစောင့်ပြီးဆယ်မိနစ်လောက်ကြာတော့ဆိုင်ထဲကိုလူနှစ်ယောက်ဝင်လာသည်။ပုံစံက
တော့တစ်ယောက်ကလူကြီးတစ်ယောက်ကကလေးပဲ။တိမ်ယံပြောတဲ့အတိုင်းတစ်ထပ်တည်းတူသည်။တစ်ယောက်ကမျက်နှာခပ်တည်တည်နဲ့အချေမင်းသားရုပ်။တစ်ယောက်ကတော့ရိုးရှင်းပြီးချစ်စရာကောင်းတဲ့ကလေးပေါက်စရုပ်။
သူတို့နှစ်ယောက်ကဆိုင်ထဲကိုမျက်လုံးဝေ့ကြည့်ပြီးအံ့ထူးဆီအကြည့်ရောက်လာသည်။
အံ့ထူးကလက်လှမ်းပြတော့နှစ်ယောက်လုံးသူ့စားပွဲဆီလျှောက်လာကြသည်။အံ့ထူးကမြို့ခံလူမို့အိမ်ရှင်ပီပီဧည့်ဝတ်ကျေပွန်ချင်သည်။ထို့ကြောင့်သူကတလေးတစားနဲ့နေ
ရာကထပြီးနှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ။ဒေါက်တာရှိုင်းနဲ့ဆရာလေးရောင်နီမဟုတ်လား"
“ဟုတ်ကဲ့ခင်ဗျ။ဒီကအကိုကအကိုအံ့ထူးမော်လား"
“အင်း…အကိုကအံ့ထူးမော်ပါ။ထိုင်ပါညီလေးတို့"
ရှိုင်းနဲ့ရောင်နီစားပွဲတွင်ဝင်ထိုင်လိုက်ကြသည်။ရှိုင်းကအံ့ထူးကိုစတွေ့ကတည်းကအ
ကဲခတ်နေသည်။အံ့ထူးကအဆင့်မြင့်အရာရှိတစ်ဦး၏ပုံဟန်အပြည့်ရှိသည်။အနေအထိုင်အပြောအဆိုကတည်ငြိမ်ရင့်ကျက်သည်။အရပ်သားဝတ်စုံဝတ်ထားပေမဲ့သူ့ပုံစံကခန့်
ညားလွန်းသည်။မျက်နှာအမူအရာကလည်းနှစ်လိုဖွယ်ကောင်းသည်။အကိုတိမ်ယံထက်လည်းပိုချောသည်။
ရဲအရာရှိကလူပျိုလူလွတ်လို့သိထားတာနဲ့တင်သူ့ကိုသတိထားပြီးဆက်ဆံရမည်ဟုရှိုင်းကသူ့ကိုယ်သူသတိပေးနေသည်။အံ့ထူးကသူတို့နှစ်ယောက်ကိုစကားစပြောသည်။
“တိမ်ယံကပြောတယ်။ညီလေးရောင်နီကအကို့ဆီကိုအကူအညီတောင်းချင်လို့တဲ့ဟုတ်
လား"
“ဟုတ်ကဲ့ခင်ဗျ"
“ဒါဆိုပြောလေ။အကို ကလေးကိုဘာကူညီပေးရမလဲ"
ရှိုင်းမျက်နှာကြီးသုန်မှုန်သွားသည်။ဇာတ်
လမ်းကတော့စပြီ။ဘာကလေးလဲ။
“ရောင်နီ့ကိုရောင်နီလို့ပဲခေါ်ပါ။ကလေးလို့
မခေါ်ပါနဲ့"
“ဘာဖြစ်လို့လဲညီလေး"
“ရောင်နီကကျွန်တော့်ကလေးပါ"
အံ့ထူးမော်ခဏမျှနှုတ်ဆိတ်သွားသည်။ပြုံးလည်းပြုံမိသွားရသည်။ပြီးမှ-
“တိမ်ယံပြောထားလို့မင်းတို့နှစ်ယောက်အ
ကြောင်းကိုအကိုသိပြီးပါပြီ။ရောင်နီကညီလေးရှိုင်းထက်ငါးနှစ်တောင်ငယ်တယ်ဆိုဟုတ်လား"
“ဟုတ်တယ်"
“အဲဒါဆိုရင်အကို့ထက်တော့ဆယ်နှစ်ကျော်လောက်ငယ်မှာပဲ။အကိုကအကို့ထက်ဆယ်နှစ်ကျော်ငယ်နေတဲ့ကလေးမို့ကလေးလို့ခေါ်လိုက်တာပါ။တခြားဘာစိတ်မှမရှိပါဘူး"
“ဒါပေမဲ့ကျွန်တော်မကြိုက်ဘူး။မခေါ်ပါနဲ့"
ရောင်နီကအကိုအံ့ထူးကိုအားနာပြီးရှိုင်းကိုစားပွဲခုံအောက်ကနေခြေထောက်နဲ့ပိတ်ကန်လိုက်သည်။ရှိုင်းကတော့မျက်နှာတစ်ချက်မပျက်။အားနာရကောင်းမှန်းလည်းမသိ။အံ့ထူးကသာလူကြီးပီပီခွင့်လွှတ်စကားပြောလိုက်သည်။
“ညီလေးရှိုင်းမကြိုက်ရင်အကိုမခေါ် တော့ပါဘူး။ညီလေးတို့လာရင်းကိစ္စကိုပြောပြလေ။စကားပြောရင်းနေ့လည်စာအတူတူစားကြတာပေါ့။ညီလေးတို့နှစ်ယောက်လုံးအသား
မစားဘူးလို့တိမ်ယံကပြောတယ်နော်ဟုတ်
လား"
“ဟုတ်ကဲ့"
“မင်းတို့နှစ်ယောက်ကထူးဆန်းတဲ့ကလေးတွေပဲ"
အကိုအံ့ထူးကစားပွဲထိုးကိုအချက်ပြလိုက်တော့စားပွဲထိုးကသတ်သတ်လွတ်ဟင်းပွဲတွေလာချပေးသည်။ရောင်နီကနေ့လည်စာစားရင်းသူလုပ်ချင်သည့်ကိစ္စကိုအကိုအံ့ထူးနှင့်တိုင်ပင်ဆွေးနွေးခဲ့သည်။
*
*
တံတားဖွင့်ပွဲနေ့-
တနည်းအားဖြင့်ပြောရရင်ဆိုင်းဘုတ်ဖွင့်ပွဲနေ့။ရပ်ကွက်အုပ်ချုပ်ရေးမှူးကဖွင့်ပွဲနေ့ကိုကြိုတင်ကြေညာထားတာမို့ရပ်ကွက်ထဲကစိတ်ဝင်စားသူတွေလာရောက်ကြည့်ရှုနေကြသည်။
ကြည့်သာကြည့်နေရတာ။တံတားဘေးမြောင်းပေါင်ပေါ်တွင်ဆိုင်းဘုတ်အလွတ်ကြီးနှစ်ခုကလွဲပြီးဘာမှမရှိ။ဆိုင်းဘုတ်ကြီးနှစ်ခုကကြီးလွန်းနေသဖြင့်ဘာကိုဆိုင်းဘုတ်တင်မှာလဲသိချင်နေကြသည်။
မြောင်းဘောင်လမ်းတစ်လျှောက်ကိုတော့ဖွင့်ပွဲရှိသည်ဟုဆိုကာယာယီပိတ်ထားသည်။လမ်းထိပ်အဝင်ဝမှာကတည်းကဝါးလုံးတားထားတာမို့ယာဉ်အသွားအလာမရှိ။အမှတ်
(၄)ရပ်ကွက်ထဲကလူတွေကသူတို့ဆင်းရဲသားရပ်ကွက်ကဖွင့်ပွဲကိုဌာနဆိုင်ရာလူကြီးတွေလာမယ်လို့ကြေညာထားလို့ဘယ်ဌာနကလူကြီးတွေလဲဆိုတာသိချင်နေကြသည်။
ရှိုင်းနဲ့ရောင်နီရေဆိုးမြောင်းဖော်တဲ့ကိစ္စကမြို့ထဲမှာလူပြောများနေတာမို့ကျောက်တစ်လုံးမြို့ကသတင်းထောက်ကလည်းသတင်းယူဖို့ရောက်နေသည်။
မနက်ကိုးနာရီထိုးတော့မြောင်းဘောင်လမ်းအတိုင်းရပ်ကွက်ထဲကိုယာဉ်တန်းကြီးဝင်လာသည်။ယာဉ်တန်းကြီးကတံတားရှေ့တွင်ရပ်
တန့်သွားသည်။ရှေ့ဆုံးကားပေါ်ကဝတ်စုံပြည့်ဝတ်ထားသည့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ကျော
က်တစ်လုံးရဲစခန်းကစခန်းမှူးအံ့ထူးမော်ဆင်းလာသည်။
ဒုတိယမြောက်ကားပေါ်ကအမနီလာရဲ့အမျိုး
သားစည်ပင်ဗိုလ်ကြီးနဲ့တပည့်နှစ်ယောက်။တတိယမြောက်ကားပေါ်ကကျန်းမာရေးဌာနရဲ့အကြီးအကဲကျောက်တစ်လုံးဆေးရုံအုပ်ကြီး။လေးစီးမြောက်ကားပေါ်ကမြို့နယ်အုပ်
ချုပ်ရေးမှူး(ဆေးရုံအုပ်ရဲ့ဖိတ်ကြားချက်အရပါလာခြင်း)
သူ့နောက်ကကားပေါ်က အမှတ်(၄)ရပ်ကွက်မှာ ရေပန်းစားနေတဲ့ရပ်ကွက်ဆယ်လီနှစ်ယောက်…ဒေါက်တာရှိုင်းနဲ့သူနာပြုရောင်နီ။နောက်ဆုံးကားပေါ်ကတော့လင်းထိန်နဲ့ညိုမောင်။
ကျောက်တစ်လုံးမြို့ရဲ့ဌာနဆိုင်ရာတွေကခေါင်းဆောင်ပိုင်းတွေအကုန်လုံးနီးပါးတံတားဖွင့်ပွဲကိုလာတယ်ဆိုတာကထူးဆန်းသည်။တံတားကသိပ်ပြီးမထူးခြားတဲ့မြောင်းကူးတံ
တားလေး။ကားတစ်စီးပဲဖြတ်သွားလို့ရသည်
။နှစ်စီးရှောင်လို့မရ။
မြောင်းဘေးကဆိုင်းဘုတ်အလွတ်ကြီးနှစ်ခုကစည်ပင်ဗိုလ်ကြီးရဲ့အစီအစဉ်နဲ့စည်ပင်ဌာနကလာစိုက်ပေးသွားတာဖြစ်သည်။
လင်းထိန်နဲ့ညိုမောင်ကပိတ်အုပ်ကြီးတစ်အုပ်ကိုမ,လာကြသည်။ရဲတပ်ဖွဲ့ဝင်တွေကပိတ်
အုပ်ကြီးကိုယူပြီးဆွဲဖြန့်လိုက်ကြသည်။ပိတ်စကြီးပေါ်မှာဓာတ်ပုံပေါင်းတစ်ထောင်ကျော်ကပ်ထားသည်။သခွားမွှေးစီစဉ်သည့်ဓာတ်ပုံပြပွဲ။ရပ်ကွက်နေပြည်သူအပေါင်း၏စည်း
ကမ်းမဲ့အမှိုက်ပစ်နေကြသည့်ဓာတ်ပုံများ။
ဆိုင်းဘုတ်အလွတ်ကြီးပေါ်တွင်ဓာတ်ပုံအပြည့်ကပ်ထားသည့်ပိတ်စကြီးကိုအုပ်ကြသည်။ပိတ်စကြီးလေမလွင့်စေရန်လေးဘက်လေးတန်တွင်သံမှိုတွေနဲ့ရိုက်ကြသည်။
နောက်ထပ်ဆိုင်းဘုတ်ပေါ်မှာတော့ဗီနိုင်းဆွဲ
ထားသည့်သတိပေးစာတမ်းကိုကပ်သည်။စာတမ်းမှာရေးထားတာကိုဖတ်ပြီးရပ်ကွက်နေပြည်သူတွေဆူဆူညံညံဖြစ်သွားသည်။
သတင်းထောက်ကတော့သူနာပြုဆရာလေးရောင်နီရဲ့ထူးဆန်းတဲ့လုပ်ရပ်ကိုသတင်းရေးဖို့ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်နေတော့
သည်။
ရောင်နီကမပိုင်ရင်ခြင်တောင်မရိုက်။ပိုင်လောက်သည့်အခါကျမှတစ်ရပ်ကွက်လုံးကိုရိုက်ချလိုက်သည်။သူ့ရိုက်ချက်ကပြင်း
သည်။ဆိုင်းဘုတ်တင်ပွဲလို့ခေါင်းစဉ်တပ်ထားပြီးဆိုင်းဘုတ်ကိုဖွင့်လိုက်တော့ထွက်လာတဲ့စာတမ်းက“ကြိုတင်သတိပေးချက်"ဟုခေါင်း
စဉ်တပ်ထားသည်။
“စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများထပ်မံကျူးလွန်ပါကသဘာဝပတ်ဝန်းကျင်ညစ်
ညမ်းစေမှုနှင့်တရားစွဲဆိုမည်"တဲ့။
စာတမ်းကိုဖတ်ပြီးလူအုပ်ကြီးသာမကရှိုင်းပါဟာခနဲ့ဖြစ်သွားရသည်။ဒီလိုစာတမ်းမျိုးရေး
ထားမှန်းသူတောင်ကြိုမသိခဲ့ပေ။ဒုတိယမြောက်သတိပေးချက်ကိုလည်းကြည့်ပါဦး…
“ဓာတ်ပုံများကိုဖျက်ဆီးပါကကျန်းမာရေး
နှင့်လူနေမှုပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်
ဆောင်ချက်အပေါ်တာဝန်ဝတ္တရားနှောင့်ယှက်မှုနှင့်တရားစွဲဆိုမည်"တဲ့။
ကျောက်တစ်လုံးမြို့ပေါ်မှာရှိတဲ့ဌာနဆိုင်ရာတွေစုပေါင်းပြီးတရားဝင်ဖွင့်လှစ်ထားတဲ့ဆိုင်းဘုတ်ကိုမည်သူမှဖျက်ဆီးရဲမည်မဟုတ်။ရောင်နီကလည်းငွေကုန်ခံပြီးလူငှားကာစောင့်ကြည့်ခိုင်းထားသည်။
ဖွင့်ပွဲကအကြာကြီးမဟုတ်။ဆိုင်းဘုတ်တင်ပြီးတံတားကိုဖဲကြိုးဖြတ်သည်။တံတားပေါ်လူကြီးတွေဖြတ်လျှောက်ကြပြီးဆိုင်းဘုတ်ရှေ့မှာစုပေါင်းပြီးဓာတ်ပုံရိုက်ကြသည်။သတင်းထောက်ကသတင်းယူသည်။အားလုံးပြီးသွားတဲ့အချိန်မှာတစ်နာရီပင်မကြာလိုက်။
ဒေါက်တာရှိုင်းနဲ့သူနာပြုဆရာလေးရောင်နီကအကြီးအကဲတွေကိုကျေးဇူးတင်စကား
ပြောကြသည်။ဒီ့နောက်မှာတော့မြေကော်စက်ကြီးနှင့်အမှိုက်သိမ်းယာဉ်တွေလမ်းထဲဝင်လာပြီးရပ်ကွက်နေပြည်သူတွေနောက်
ထပ်ပစ်ချထားသည့်မြောင်းထဲကအမှိုက် လက်ကျန်တွေကိုလိုက်ဆယ်ကြသည်။
ဒါကဒုတိယအကြိမ်မြောက်မြောင်းဆယ်ခြင်းပင်ဖြစ်သည်။
🍈Thida