The city in my heart (U&Z)

By AyeThida847

3.3K 238 36

ဒီမြို့လေးထဲမှာကျွန်တော့်ရဲ့နှလုံးသားရှိတယ်။ More

အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း(၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)

အခန်း(၃၀)

41 1 1
By AyeThida847

ရိႈင္းကေဆးရံုကျပန္လာတာမို႔အိမ္ေရာက္ေရာက္ခ်င္းေရခ်ိဳးသည္။ေရခ်ိဳးၿပီးအခန္းထဲကထြက္
လာေတာ့ေရာင္နီ႔အခန္းကိုၾကည့္မိသည္။အခန္းကတိတ္ဆိတ္ေနသည္။ေအာက္ထပ္ကိုဆင္းသြားၿပီလားမသိ။အခန္းတံခါးကိုေခါက္ၾကည့္
သည္။ေခၚၾကည့္သည္။တု႔ံျပန္သံမၾကားရတာ
ေၾကာင့္ဖြင့္ၾကည့္လိုက္သည္။ေရာင္နီမရွိ။

ရိႈင္းေအာက္ထပ္ကိုပဲဆင္းလာခဲ့လိုက္သည္။
ထမင္းစားခန္းထဲတြင္ေရာင္နီကသူ႔ကိုအသင့္
ေစာင့္ေနသည္။ရိႈင္းထမင္းစားပြဲတြင္ဝင္ထိုင္လိုက္သည္။စားပြဲေပၚကဟင္းပြဲေတြကိုၾကည့္ၿပီးရိႈင္းမ်က္ႏွာႀကီးမႈန္ကုပ္သြားသည္။ဒါကဘာေတြလဲ။ဒီအိမ္မွာမခ်က္ဖို႔ေျပာထားတဲ့အသားဟင္း
ေတြကဘာလို႔စားပြဲေပၚမွာရွိေနရတာလဲ။

ဝက္သားသံုးထပ္သားကိုပါးပါးလွီးၿပီးႏွပ္ထားတဲ့သံုးထပ္သားဟင္းကသူ႔ေရွ႕တည့္တည့္မွာ။ဒါကသူ႔အႀကိဳက္ဟင္းတစ္ခြက္ပဲ။ဒါေပမဲ့သူဝမ္းမသာ
။လင္းထိန္နဲ႔ညိဳေမာင္ကိုေမာ့ၾကည့္လိုက္သည္။စားဖိုမႉးညိဳေမာင္ကအလိုက္တသိအေျဖေပးသည္။

“မနက္ကေစ်းသြားကာနီးမွာသခင္ေလးေရာင္နီကသခင္ေလးႀကိဳက္တာဘာေတြလည္းေမးၿပီးသခင္ေလးႀကိဳက္တာဝယ္ခ်က္ေပးလိုက္ပါဆို
လို႔အဲဒါနဲဲ႔"

ရိႈင္းေရာင္နီ႔ကိုၾကည့္လိုက္သည္။

“ေဘဘီ…ကိုကို႔ကိုဂ႐ုစိုက္တာေက်းဇူးတင္ပါ
တယ္။ဒါေပမဲ့ကိုကိုကအစားအေသာက္ကိုအရမ္းႀကီးမက္ေမာေနတဲ့သူမဟုတ္ပါဘူး။ကိုကို႔အနားမွာေဘဘီသာရွိေနရင္ကိုကိုဘာမွမစားရလည္းေနႏိုင္တယ္။ေနာက္ဆိုရင္ေဘဘီမစားတဲ့အစားအေသာက္ေတြစားပြဲေပၚမတင္ပါနဲ႔။ေဘဘီစားတဲ့အသီးအရြက္ေတြပဲကိုကိုစားမွာပါ"

ရိႈင္းကစားပြဲေပၚကအသားဟင္းပြဲေတြကိုျပန္သိမ္းခိုင္းလိုက္ၿပီးစားပြဲေပၚတြင္က်န္ေနသည့္အ
သီးအရြက္ဟင္းမ်ားျဖင့္သာစားလိုက္သည္။သူအခ်စ္ရဆံုးလူသားေလးကသူ႔မ်က္စိေရွ႕မွာငုတ္
တုတ္ရွိေနတာသူကဘာေတြကိုမက္ေမာေနရဦးမွာလဲ။

ရိႈင္းထမင္းစားၿပီးသြားေတာ့လင္းထိန္နဲ႔ညိဳေမာင္ပန္းကန္ေတြသိမ္းေနစဥ္ေရာင္နီကေနရာကထၿပီးေရခဲေသတၱာထဲကဘူးတစ္ဘူးကိုထုတ္ယူ
လာသည္။ရိႈင္းေရွ႕ခ်ၿပီးဖြင့္လိုက္ေတာ့ရိႈင္းမ်က္
လံုးျပဴ းသြားရသည္။ဘူးထဲမွာဒူးရင္းသီးဝါဝါေလးေတြ။အသားေလးေတြအိေဖာင္းၿပီးစားေကာင္းလိုက္မဲ့ျဖစ္ျခင္း။အန႔ံေလးကလည္းေမႊးေနတာပဲ။ရိႈင္းေရာင္နီ႔ကိုအထူးအဆန္းလိုမ်ိဳးၾကည့္လိုက္မိေတာ့ေရာင္နီက-

“ခင္ဗ်ားအရမ္းႀကိဳက္တဲ့အသီးဆို။ေနာက္ဆိုရင္
ခင္ဗ်ားႀကိဳက္တာခင္ဗ်ားစားပါ။ကၽြန္ေတာ္မႀကိဳက္ဘူးေျပာတာနဲ႔ခင္ဗ်ားပါလိုက္ၿပီးအႀကိဳက္ေျပာင္းစရာမလိုပါဘူး။ၿပီးေတာ့အန႔ံကလည္းသိပ္မဆိုးပါဘူး။ကၽြန္ေတာ္ခံႏိုင္ပါတယ္"

ရိႈင္းဆီကတု႔ံျပန္မႈမရွိတာေၾကာင့္ေရာင္နီရိႈင္း
မ်က္ႏွာကိုၾကည့္မိေတာ့ရိႈင္းမ်က္ႏွာမွာမ်က္ရည္ေတြနဲ႔။

“ခင္ဗ်ားဘာလို႔ငိုေနတာလဲ"

“ေဘဘီ…ေဘဘီ"

ရိႈင္းကေရာင္နီ႔ကိုသူ႔ရင္ခြင္ထဲဆြဲသြင္းၿပီးတင္း
ၾကပ္စြာဖက္ထားလိုက္မိသည္။ေရာင္နီကသူ႔
ရင္ဘတ္ကိုတြန္းထုတ္ရင္း-

“ခင္ဗ်ားဘာလုပ္တာလဲ။လႊတ္ပါဗ်"

“ေဘဘီေလးရာ…ကိုယ့္ရင္ဘတ္ထဲကအသဲေတြ၊ႏွလံုးေတြ၊ေက်ာက္ကပ္ေတြအကုန္ျပဳတ္ထြက္ကုန္ေတာ့မွာပဲ။ကိုယ့္ရင္ေတြတလွပ္လွပ္နဲ႔
တုန္ေနၿပီ"

“ဟာဗ်ာ…ခင္ဗ်ားဘာေတြေလွ်ာက္ေျပာေနတာလဲ။လႊတ္ေတာ့။ခင္ဗ်ားတပည့္ေတြၾကည့္ေနၿပီ"

“ၾကည့္ပါေစ…သူတို႔လည္းစိတ္ခ်မ္းသာရတာ
ေပါ့"

“ဘာဗ်"

လင္းထိန္ကအလိုက္မသိဝင္ေျပာသည္။

“ေနပါေစသခင္ေလးေရာင္နီရယ္။ကၽြန္ေတာ္တို႔
ကိုအားမနာပါနဲ႔"

“ခင္ဗ်ားတို႔ကိုဘာလို႔အားနာရမွာလဲ"

“ဟို…အဲ…ကၽြန္ေတာ္တို႔ဆရာတပည့္သံုးေယာက္လံုးကသခင္ေလးေရာင္နီကိုေက်းဇူးတင္ပါ
တယ္ဗ်ေနာ္"

“ဘာလို႔လဲ…ဘာလို႔လဲဗ်…လႊတ္"

ေရာင္နီက႐ုန္းေလ…ရိႈင္းကပိုတိုးၿပီးတင္းၾကပ္စြာဖက္ထားေလႏွင့္မို႔ေရာင္နီအသက္ရႉေတြ
ၾကပ္လာရသည္။

“ေဘဘီေလးရာ…မင္းကိုကို႔အတြက္အဲေလာက္ထိစဥ္းစားေပးလိမ့္မယ္လို႔မထင္ခဲ့မိဘူး"

လင္းထိန္ကလည္းတေမွာင့္…ဝင္ေႏွာက္ျပန္ၿပီ။

“ဟုတ္ပါတယ္သခင္ေလးေရာင္နီရယ္…အီးဟီးဟီး"

ဘာေတြျဖစ္ကုန္တာလဲ။ေရာင္နီဘာမွနားမလည္ေတာ့ဘူး။ငိုတဲ့လူကငို…ဖက္တဲ့လူကဖက္။
ေရာင္နီကေၾကာင္တက္တက္ျဖစ္ေနၿပီ။တကယ္
ဆိုရင္သူကရိႈင္းဒူးရင္းသီးစားခ်င္ေနတာသူ႔
ေၾကာင့္မို႔မစားရေတာ့ဘူးဆိုၿပီးသနားလို႔စား
ခြင့္ေပးလိုက္တာေလ။

လူတစ္ေယာက္ကိုသူစားခ်င္တာစားခြင့္ေပးလိုက္တာဒီေလာက္ေတာင္ႀကီးက်ယ္ခမ္းနားသြားတာလား။ေလာေလာဆယ္ေရာင္နီကေတာ့ေအာက္ဆီဂ်င္ျပတ္ၿပီးေသေတာ့မယ္။

*

*

ရိႈင္းနဲ႔ေရာင္နီထမင္းစားၿပီးသြားေတာ့ဧည့္ခန္းထဲဝင္ထိုင္ၿပီး TV ၾကည့္ၾကသည္။ရိႈင္းကဒီေန႔
တစ္ေန႔လံုးေဆးရံုမွာပင္ပန္းခဲ့တာကိုအေၾကာင္းျပၿပီးဧည့္ခန္းထဲကဆိုဖာေပၚမွာလွဲအိပ္လိုက္
သည္။

သူလွဲအိပ္တာကအေၾကာင္းမဟုတ္။ေရာင္နီ႔ကိုပါမလႊတ္တမ္းဆြဲဖက္ထားေတာ့ေရာင္နီပါေရာ
ေယာင္ၿပီးအိပ္လိုက္ရသည္။ေရာင္နီကရိႈင္းလက္ထဲက႐ုန္းထြက္ဖို႔လုပ္တိုင္းရိႈင္းကဒီေန႔ေဆး
ရံုမွာေရာင္နီမရွိဘဲသူတစ္ေယာက္တည္းအလုပ္သြားလုပ္ေနရတာမို႔ေရာင္နီ႔ကိုအရမ္းလြမ္းေနတဲ့အေၾကာင္းကိုထပ္ခါထပ္ခါေျပာသည္။ CCTV ကေနေခ်ာင္းၾကည့္ခဲ့တာကိုေတာ့ထည့္မေျပာေပ။

ေရာင္နီကရိႈင္းလက္ထဲက႐ုန္းထြက္လို႔မရတာနဲ႔ ၿငိမ္ၿငိမ္ေလးေနရင္းဆိုဖာေပၚမွာသူပါအိပ္ေပ်ာ္
သြားသည္။

လင္းထိန္နဲ႔ညိဳေမာင္ကမီးဖိုထဲမွာအိုးခြက္ပန္းကန္ေတြေဆး၊သန္႔ရွင္းေရးလုပ္ၿပီးမီးဖိုခန္းထဲကျပန္ထြက္လာၾကသည္။ဧည့္ခန္းထဲကိုေရာက္ေတာ့ၿငိမ္းခ်မ္းစြာအိပ္ေပ်ာ္ေနၾကတဲ့သူတို႔သခင္
ေလးႏွစ္ေယာက္ကိုျမင္သြားသည္။

လင္းထိန္ကသူ႔သခင္ေလးနဲ႔ပတ္သတ္လာရင္
ဘာမဆိုခံစားလြယ္တဲ့သူမို႔ဒီျမင္ကြင္းကိုျမင္ေတာ့သူကညိဳေမာင့္ကိုရင္ဖြင့္သည္။

“သခင္ေလးႏွစ္ေယာက္စိတ္ခ်မ္းသာေနရင္
ကမ႓ာႀကီးၿငိမ္းခ်မ္းတယ္ကြ”

“ဒီ့ထက္ပိုၿပီးၿငိမ္းခ်မ္းခ်င္ရင္ျခင္ေဆးဘူးသြားယူလိုက္"

“ဘာလုပ္ဖို႔တုန္း"

“သူတို႔ႏွစ္ေယာက္ျခင္ကိုက္ၿပီးႏိုးလာမွာစိုးလို႔”

“ျဖစ္ပါ့မလားကြ။သခင္ေလးေရာင္နီကအန႔ံထြက္တာေတြမႀကိဳက္ဘူး။ျခင္ေဆးကအန႔ံထြက္
တယ္"

“အဲဒါဆိုလည္းသေဘာပဲ။ျခင္ကိုက္ၿပီးႏိုးလာရင္သခင္ေလးရိႈင္းရဲ႕ပူညံပူညံအသံရယ္၊သခင္ေလးေရာင္နီရဲ႕ပြစိပြစိအသံရယ္တလွည့္စီနားေထာင္ရလိမ့္မယ္"

လင္းထိန္ကျခင္ေဆးဘူးကိုခ်က္ခ်င္းေျပးယူၿပီးသခင္ေလးႏွစ္ေယာက္ရဲ႕ပတ္ပတ္လည္မွာတရႉးရႉးနဲ႔ျဖန္းပစ္လိုက္သည္။နားညည္းမွာထက္စာရင္သခင္ေလးႏွစ္ေယာက္လံုးညေရာက္တဲ့အထိမႏိုးဘဲနဲ႔အိပ္ေပ်ာ္ေနေအးတာပဲ။

🍈Thida

****

Unicode

အခန်း(၃၀)

ရှိုင်းကဆေးရုံကပြန်လာတာမို့အိမ်ရောက်ရောက်ချင်းရေချိုးသည်။ရေချိုးပြီးအခန်းထဲကထွက်လာတော့ရောင်နီ့အခန်းကိုကြည့်မိ
သည်။အခန်းကတိတ်ဆိတ်နေသည်။အောက်ထပ်ကိုဆင်းသွားပြီလားမသိ။အခန်းတံခါးကိုခေါက်ကြည့်သည်။ခေါ်ကြည့်သည်။တုံ့ပြန်သံမကြားရတာကြောင့်ဖွင့်ကြည့်လိုက်သည်။ရောင်နီမရှိ။

ရှိုင်းအောက်ထပ်ကိုပဲဆင်းလာခဲ့လိုက်သည်။ထမင်းစားခန်းထဲတွင်ရောင်နီကသူ့ကိုအဆင်
သင့်စောင့်နေသည်။ရှိုင်းထမင်းစားပွဲတွင်ဝင်ထိုင်လိုက်သည်။စားပွဲပေါ်ကဟင်းပွဲတွေကိုကြည့်ပြီးရှိုင်းမျက်နှာကြီးမှုန်ကုပ်သွားသည်။ဒါကဘာတွေလဲ။ဒီအိမ်မှာမချက်ဖို့သူပြော
ထားတဲ့အသားဟင်းတွေကဘာလို့စားပွဲပေါ်မှာရှိနေရတာလဲ။

ဝက်သားသုံးထပ်သားကိုပါးပါးလှီးပြီးနှပ်ထားတဲ့သုံးထပ်သားဟင်းကသူ့ရှေ့တည့်တည့်မှာ။ဒါကသူ့အကြိုက်ဟင်းတစ်ခွက်ပဲ။ဒါပေမဲ့သူဝမ်းမသာ။လင်းထိန်နဲ့ညိုမောင်ကိုမော့ကြည့်လိုက်သည်။စားဖိုမှူးညိုမောင်ကအလိုက်တသိအဖြေပေးသည်။

“မနက်ကဈေးသွားကာနီးမှာသခင်လေးရောင်နီကသခင်လေးကြိုက်တာဘာတွေလဲမေးပြီးသခင်လေးကြိုက်တာဝယ်ချက်ပေး
လိုက်ပါဆိုလို့အဲဒါနဲ့"

ရှိုင်းရောင်နီ့ကိုကြည့်လိုက်သည်။

“ဘေဘီ…ကိုကို့ကိုဂရုစိုက်တာကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကိုကိုကအစားအသောက်ကိုအရမ်းကြီးမက်မောနေတဲ့သူမဟုတ်ပါဘူး။ကိုကို့အနားမှာဘေဘီသာရှိနေရင်ကိုကိုဘာမှမစားရလည်းနေနိုင်တယ်။နောက်ဆိုရင်ဘေဘီမစားတဲ့အစားအသောက်တွေစားပွဲပေါ်မတင်ပါနဲ့။ဘေဘီစားတဲ့အသီးအရွက်‌တွေပဲကိုကိုစားမှာပါ"

ရှိုင်းကစားပွဲပေါ်ကအသားဟင်းပွဲတွေကိုပြန်သိမ်းခိုင်းလိုက်ပြီးစားပွဲပေါ်တွင်ကျန်နေသည့်အသီးအရွက်ဟင်းများဖြင့်သာစားလိုက်သည်။သူအချစ်ရဆုံးလူသားလေးကသူ့မျက်စိရှေ့မှာငုတ်တုတ်ရှိနေတာသူကဘာတွေများမက်မောနေရဦးမှာလဲ။

ရှိုင်းထမင်းစားပြီးသွားတော့လင်းထိန်နဲ့ညိုမောင်ပန်းကန်တွေသိမ်းနေစဉ်ရောင်နီကနေ
ရာကထပြီးရေခဲသေတ္တာထဲကဘူးတစ်ဘူးကိုထုတ်ယူလာသည်။ရှိုင်းရှေ့ချပြီးဖွင့်လိုက်တော့ရှိုင်းမျက်လုံးပြူးသွားရသည်။ဘူးထဲမှာဒူးရင်းသီးဝါဝါလေးတွေ။အသားလေးတွေအိဖောင်းပြီးစားကောင်းလိုက်မဲ့ဖြစ်ခြင်း။အနံ့လေးကလည်းမွှေးနေတာပဲ။ရှိုင်းရောင်နီ့ကိုအထူးအဆန်းလိုမျိုးကြည့်လိုက်မိတော့ရောင်နီက-

“ခင်ဗျားအရမ်းကြိုက်တဲ့အသီးဆို။နောက်ဆိုရင်ခင်ဗျားကြိုက်တာခင်ဗျားစားပါ။ကျွန်
တော်မကြိုက်ဘူးပြောတာနဲ့ခင်ဗျားပါလိုက်ပြီးအကြိုက်ပြောင်းစရာမလိုဘူး။ပြီးတော့အနံ့ကလည်းသိပ်မဆိုးပါဘူး။ကျွန်တော်ခံ
နိုင်ပါတယ်"

ရှိုင်းဆီကတုံ့ပြန်မှုမရှိတာကြောင့်ရောင်နီရှိုင်းမျက်နှာကိုကြည့်မိတော့ရှိုင်းမျက်နှာမှာမျက်ရည်တွေနဲ့။

“ခင်ဗျားဘာလို့ငိုနေတာလဲ"

“ဘေဘီ…ဘေဘီ"

ရှိုင်းကရောင်နီ့ကိုသူ့ရင်ခွင်ထဲဆွဲသွင်းပြီးတင်းကြပ်စွာဖက်ထားလိုက်မိသည်။ရောင်နီကသူ့ရင်ဘတ်ကိုတွန်းထုတ်ရင်း-

“ခင်ဗျားဘာလုပ်တာလဲ။လွှတ်ပါဗျ"

“ဘေဘီလေးရာ…ကိုယ့်ရင်ဘတ်ထဲကအသဲတွေ၊နှလုံးတွေ၊ကျောက်ကပ်တွေအကုန်ပြုတ်ထွက်ကုန်တော့မှာပဲ။ကိုယ့်ရင်တွေတလှပ်
လှပ်နဲ့တုန်နေပြီ"

“ဟာဗျာ…ခင်‌ဗျားဘာတွေလျှောက်ပြောနေတာလဲ။လွှတ်တော့။ခင်ဗျားတပည့်တွေကြည့်နေပြီ"

“ကြည့်ပါစေ။သူတို့လည်းစိတ်ချမ်းသာရတာပေါ့"

“ဘာဗျ"

လင်းထိန်ကအလိုက်မသိဝင်ပြောသည်။

“နေပါစေသခင်လေးရောင်နီရယ်။ကျွန်တော်တို့ကိုအားမနာပါနဲ့"

“ခင်ဗျားတို့ကိုဘာလို့အားနာရမှာလဲ"

“ဟိုအဲ…ကျွန်တော်တို့ဆရာတပည့်သုံးယောက်လုံးကသခင်လေးရောင်နီကိုကျေးဇူးတင်ပါတယ်ဗျနော်"

“ဘာလို့လဲ။ဘာလို့လဲဗျ…လွှတ်"

ရောင်နီကရုန်းလေ။ရှိုင်းကပိုတိုးပြီး တင်းကြပ်စွာဖက်ထားလေနှင့်မို့ရောင်နီအသက်
ရှူတွေကြပ်လာရသည်။

“ဘေဘီလေးရာ…မင်းကိုကို့အတွက်အဲလောက်ထိစဉ်းစားပေးလိမ့်မယ်လို့မထင်
ခဲ့မိဘူး"

လင်းထိန်ကလည်းတမှောင့်။ဝင်နှောက်ပြန်ပြီ။

“ဟုတ်ပါတယ်သခင်လေးရောင်နီရယ်…အီးဟီးဟီး"

ဘာတွေဖြစ်ကုန်တာလဲ။ရောင်နီဘာမှကိုနား
မလည်တော့ဘူး။ငိုတဲ့လူကငို။ဖက်တဲ့လူကဖက်။ရောင်နီကကြောင်တက်တက်ဖြစ်နေပြီ။တကယ်ဆိုရင်သူကရှိုင်းဒူးရင်းသီးစားချင်နေတာသူ့ကြောင့်မို့မစားရတော့ဘူးဆိုပြီးသနားလို့ရှိုင်းကိုဒူးရင်းသီးစားခွင့်ပေးလိုက်တာလေ။

လူတစ်ယောက်ကိုသူစားချင်တာစားခွင့်ပေး
လိုက်တာဒီလောက်တောင်ကြီးကျယ်ခမ်းနားသွားတာလား။လောလောဆယ်ရောင်နီက
တော့အောက်ဆီဂျင်ပြတ်ပြီးသေတော့မယ်။

*

*

ရှိုင်းနဲ့ရောင်နီထမင်းစားပြီးသွားတော့ဧည့်ခန်းထဲဝင်ထိုင်ပြီး TV ကြည့်ကြသည်။ရှိုင်းကဒီနေ့တစ်နေ့လုံးဆေးရုံမှာပင်ပန်းခဲ့တာကိုအ
ကြောင်းပြပြီးဧည့်ခန်းဆိုဖာပေါ်မှာလှဲအိပ်လိုက်သည်။

သူလှဲအိပ်တာကအကြောင်းမဟုတ်။ရောင်နီ့ကိုပါမလွှတ်‌တမ်းဆွဲဖက်ထားတော့ရောင်နီပါရောယောင်ပြီးအိပ်လိုက်ရသည်။ရောင်နီကရှိုင်းလက်ထဲကရုန်းထွက်ဖို့လုပ်တိုင်းရှိုင်းကဒီနေ့ဆေးရုံမှာသူတစ်ယောက်တည်းအလုပ်သွားလုပ်နေရတာမို့ရောင်နီ့ကိုအရမ်းလွမ်းနေတဲ့အကြောင်းကိုထပ်ခါထပ်ခါပြောသည်။ CCTV ကနေချောင်းကြည့်ခဲ့တာကိုတော့ထည့်မပြောပေ။

ရောင်နီကရှိုင်းလက်ထဲကရုန်းထွက်လို့မရတာနဲ့ငြိမ်ငြိမ်လေးနေရင်းဆိုဖာပေါ်မှာသူပါအိပ်
ပျော်သွားသည်။

လင်းထိန်နဲ့ညိုမောင်ကမီးဖိုထဲမှာအိုးခွက်ပန်းကန်တွေဆေး၊သန့်ရှင်းရေးလုပ်ပြီးမီးဖို
ခန်းထဲကပြန်ထွက်လာကြသည်။ဧည့်ခန်းထဲကိုရောက်တော့ငြိမ်းချမ်းစွာအိပ်ပျော်နေတဲ့သူတို့သခင်လေးနှစ်ယောက်ကိုမြင်သွားသည်။

လင်းထိန်ကသူ့သခင်လေးနဲ့ပတ်သတ်လာရင်ဘာမဆိုခံစားလွယ်တဲ့သူမို့ဒီမြင်ကွင်းကိုမြင်တော့သူကညိုမောင့်ကိုရင်ဖွင့်သည်။

“သခင်လေးနှစ်ယောက်စိတ်ချမ်းသာနေရင်ကမ္ဘာကြီးငြိမ်းချမ်းတယ်ကွ"

“ဒီ့ထက်ပိုပြီးငြိမ်းချမ်းချင်ရင်ခြင်ဆေးဘူးသွားယူလိုက်"

“ဘာလုပ်ဖို့တုန်း"

“သူတို့နှစ်ယောက်ခြင်ကိုက်ပြီးနိုးလာမှာ
စိုးလို့"

“ဖြစ်ပါ့မလား။သခင်လေးရောင်နီကအနံ့
ထွက်တာတွေမကြိုက်ဘူး။ခြင်ဆေးကအနံ့ထွက်တယ်"

“အဲဒါဆိုလည်းသဘောပဲ။ခြင်ကိုက်ပြီးနိုးလာရင်သခင်လေးရှိုင်းရဲ့ပူညံပူညံအသံရယ်၊သခင်လေးရောင်နီရဲ့ပွစိပွစိအသံရယ်တစ်လှည့်စီနားထောင်ရလိမ့်မယ်"

လင်းထိန်ကခြင်ဆေးဘူးကိုချက်ချင်းပြေးယူပြီးသခင်လေးနှစ်ယောက်ရဲ့ပတ်ပတ်လည်မှာတရှူးရှူးနဲ့ဖြန်းပစ်လိုက်သည်။နားညည်းမှာထက်စာရင်သခင်လေးနှစ်ယောက်လုံးညရောက်တဲ့အထိမနိုးဘဲနဲ့အိပ်ပျော်နေအေး
တာပဲ။

🍈Thida

Continue Reading

You'll Also Like

6.1K 745 14
စာရေးလိုက် ၊ ညီမသုံးယောက်၏ဂရုစိုက်မှုများကိုခံယူလိုက် ၊ ရံဖန်ရံခါ သူငယ်ချင်းများကိုပြသနာရှာလိုက်ဖြင့် သာယာနေခဲ့သော သင့်မြတ်၏ဘဝထဲသို့ သူများအိမ်မှသားလ...
32K 2.2K 83
တခါက ကျွန်းလေးပေါ်မှာ..ဒုက္ခရောက်နေတဲ့ တိ လေးတွေကို ကောက်ကောက်မွေးစားတတ်တဲ့ ကြင်နာတတ်တဲ့ လူငယ်လေး တဥိးရှိသတဲ့..ဒါပေမဲ့..တနေ့မှာ သူကောက်ယူမွေးစားလိုက်...
109K 18.6K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
60.2K 4.6K 62
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...