Unicode
"မိုင်မိုင်း ... နင့်မာမီလာမကြိုသေးဘူးလား"
"အင်း"
"အန်တီတို့လိုက်ပို့ပေးရမလားသမီးလေး"
"ဟင့်အင်း ... ကျေးဇူးတင်ပါတယ်ရှင့်"
"ဒါဆို အန်တီတို့ပြန်ပြီနော်"
"ဟုတ်"
သူငယ်ချင်းဖြစ်တဲ့ ဘွန်နီး နဲ့သူမရဲ့မာမီက မိုင်မိုင်းကိုနှုတ်ဆက်ပြီး စာသင်ခန်းထဲကနေ ထွက်သွား၏။ဘွန်နီးရဲ့ပခုံးကိုသိုင်းဖက်ထားတာက နွေးထွေးမှုအပြည့်နဲ့ ... ပြုံးရယ်နေတဲ့ အပြုံးတွေကအစ နူးညံ့မှူရှိတာသိသိသာသာပါ။အားကျတယ်။မာမီသာ အဲ့လိုလာကြိုပေးရင် ဘယ်လောက်ကောင်းလိမ့်မလဲနော်။
ထိုမြင်ကွင်းကို အတန်ကြာငေးကြည့်ပြီးမှ သူမ ဆွဲလက်စပန်းချီလေးကိုအဆုံးသတ်ရ၏။ လိုအပ်တဲ့အချိန်ယူပြီးနောက်မှာမှ ပန်းချီရဲ့အောက်မှာ Mileဆိုတဲ့အမှတ်အသားရေးကာ အဆုံးသတ်လိုက်သည်။
ပြာလွင့်နေတဲ့ကောင်းကင်ကြီးရဲ့အောက်မှာ ပျော်ရွှင်စွာလက်တွဲထားကျတဲ့ မိသားစုတစ်ခု။ မိုင်မိုင်းရယ် မိုင်မိုင်းလက်ကိုတွဲထားတဲ့ ဒယ်ဒီနဲ့မာမီရယ်က ခဲပန်းချီလေးထပ်မှာ ပျော်စရာမိသားစုလေးဖြစ်နေသည်။
"မိုင်မိုင်း ... သမီးကိုလာမကြိုသေးဘူးလား"
ခေါင်းညိတ်ပြလိုက်ပြီး ဘေးဘီကိုလှည့်ကြည့်တော့ စာသင်ခန်းထဲမှာ သူမတစ်ယောက်ထဲကျန်နေတာဖြစ်နေ၏။
"တီချယ် ... တံခါးပိတ်တော့မှာလားဟင်"
"ဟုတ်တယ်ကလေးရဲ့။ဘယ်လိုလုပ်မလဲ အိမ်ကိုဖုန်းဆက်ခေါ်ပေးရမလား... ဘယ်သူလာကြိုမှာလဲ"
"ဦးဦး"
"ဦးလေးလား အဲ့တာဆိုသူ့ဖုန်းနံပါတ်သိလား
တီချယ်ခေါ်ပေးမယ်... ဒါမှမဟုတ် ကလေးမှာဖုန်းပါလား"
"ဟင့်အင်း ။ တီချယ်...မာမီ့ဆီကိုဖုန်းဆက်ပေးပါလား။မာမီ့ကိုပဲ လာခေါ်ခိုင်းလိုက်တော့မယ်"
"သြော် ရတယ်လေ။နံပါတ်မှတ်မိတယ်မလား"
"ဟုတ် ----- "
ဂဏန်းတချို့ကိုရေရွတ်ရင်း အပြင်ကိုပါလှမ်းကြည့်လိုက်သေးသည်။ဦးဦးကမလာတော့ဘူးလား။
"ကလေး ခဏနော်"
"ဟုတ်"
မာမီဖုန်းမကိုင်ပေမဲ့ တီချယ်ကတော့ အပြင်ကိုထွက်ခါ ထပ်ပြီးဆက်သွယ်နေသည်။ ဖုန်းကို လူနဲ့မခွာဆောင်ထားတတ်တဲ့မာမီ့အကြောင်း သိထားသူမို့ ဖုန်းမကိုင်တာကတောင် မိုင်မိုင်းအတွက်အတွေးများကာ မျက်ရည်ဝဲစေနိုင်၏။
"ကျောင်းက အတန်းပိုင်ရဲ့ဖုန်းမို့ မကိုင်တာလားဟင် ... မိုင်မိုင်းကိုနည်းနည်းလေးမှမချစ်ဘူးလား"
ခေါင်းငုံ့ကာ ခပ်တိုးတိုးရေရွတ်မိတော့ မျက်ရည်စတချို့ကလည်း ပါးပြင်နုနုလေးပေါ်စီးကျလာသည်။သူငယ်ချင်းတွေကိုအားကျတယ်။
ကျောင်းဆင်းချိန်တိုင်း မာမီလာကြိုပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။
"ဟင့် ... ဦးဦးကရော လာကြိုမယ်ဆိုပြီး"
စားပွဲပေါ်လက်တင်ကာ မျက်နှာမှောက်ချရင်း အသံထွက်သည်အထိငိုမိ၏။ဦးဦးကလည်း မာမီနဲ့ဒယ်ဒီလိုပဲ မိုင်မိုင်းကိုမချစ်ပါဘူး။
"မိုင်မိုင်း"
"... "
"သမီး"
ပခုံးကိုဆွဲလှုပ်ရင်းခေါ်လာတဲ့အသံက မိုင်မိုင်းရင်းနှီးနေတဲ့အသံ...ထိုအသံကြောင့် မော့ကြည့်မိတော့ သူမကိုခပ်ပြုံးပြုံးကြည့်နေတဲ့ မာမီ့မျက်နှာကို ရှင်းလင်းစွာမြင်လိုက်ရသည်။
"မာမီလား"
"အင်း မာမီလာကြိုတာ။ပြန်မယ်လေ"
"ဟီး တကယ်ကြီးမာမီလာကြိုတာပဲ"
"တကယ်ပါ... မာမီလာကြိုတာ"
"မာမီကအလုပ်အားလို့လား။တီချယ်ဖုန်းဆက်ခေါ်တော့ ...မိုင်မိုင်းကြောင့် အလုပ်ဖျက်ပြီးလာခဲ့တာလားဟင်"
"ဟုတ်တာပေါ့ မာမီ့မိုင်မိုင်းလေးကို လာကြိုပေးချင်လို့ အလုပ်ဖျက်ခဲ့တာ။ဒါနဲ့ ... တီချယ်က ဖုန်းဆက်တာလား။ မာမီ့ဖုန်းအသံတိုးထားလို့မသိလိုက်ဘူး"
ခေါင်းလေးကိုပွတ်သပ်ပေးလာတဲ့ မာမီကြောင့် မိုင်မိုင်းကကြောင်ပေါက်လေးလို မာမီ့လက်တွေကြားထဲ တိုးဝင်လိုက်သည်။မာမီ့ရယ်သံလွင်လွင်ပျံ့နှံ့လာပြီး မိုင်မိုင်းရဲ့ကျောပိုးအိတ်ကိုယူလိုက်တာမို့ အလိုက်သိတဲ့မိုင်မိုင်းကလည်း မာမီ့လက်ချောင်းတွေကိုဆုပ်ကိုင်လိုက်၏။
ဦးဦးပြောသလို မာမီ့ဆီကတစ်ခုခုတောင်းဆိုကြည့်ဖို့တွေးမိလိုက်တာနဲ့ ခေါင်းထဲအစီအရီပေါ်လာတဲ့ စကားတွေကများလွန်းလိုက်တာ။မာမီနဲ့ ကစားကွင်းလည်းမသွားဖူးတာမို့ အတူသွားချင်သည်၊ဂါဝန်လှလှလေးတွေကိုလည်း မာမီ့သဘောကျရွေးပေးစေချင်သည်။ပြီးတော့
ဘွန်နီးတပ်ထားတဲ့ကလစ်လေးတွေဆို သူ့မာမီကရွေးပေးတာတဲ့... အဲ့လိုမျိုးကိုမိုင်မိုင်းရဲ့မာမီကလည်း လုပ်ပေးစေချင်သည်။ပြီးတော့ ရေခဲမုန့်... မာမီဝယ်ကျွေးတဲ့ရေခဲမုန့်မစားရတာကြာပြီမို့နောက်ဆုံးရွေးချယ်လိုက်တာက ရေခဲမုန့်သာ...
"မာမီ ..."
"ပြောလေမိုင်မိုင်း"
"ဟို ရေခဲမုန့်စားချင်လို့"
"ဟုတ်လား အပြန်ကိုဝင်ဝယ်ကျမယ်လေ"
"ဟုတ် ဟုတ်... မာမီ့ကိုအရမ်းချစ်တာပဲ"
ပျော်ရွှင်စိတ်နဲ့အတူတူ ခြေလှမ်းတို့ကပါတတ်ကြွလာကာ မာမီ့ခြေလှမ်းတွေနဲ့အပြိုင်လိုက်မိ၏။ ဒီလိုမျိုး နေ့တိုင်း မာမီကချစ်ပေးရင် ဘယ်လောက်ကောင်းလိမ့်မလဲနော်။
::::::::::
အမှုတွဲရဲ့လားရားလူဖြစ်ပေမဲ့ ထိုလူ့ကိုပဲ တရားခံလို့ကောက်ချက်မချနိုင်သလို...Peter ရဲ့ သေဆုံးမှုကလည်း ထင်သလောက်ရိုးရှင်းမနေပါ။အနီးဆုံးမှာရှိနေတာမို့ တရားခံလို့စွဲချက်တင်ခံထားရတဲ့ နေရေးရဲ့အမှုသည်ကလည်း Peterနဲ့ချစ်သူဟောင်းဆက်ဆံရေး
ရှိနေသေးသည်။
Peterနဲ့ရင်းနှီးတဲ့လူတွေရဲ့ပြောကြားချက်အရဆို Peter နဲ့ သူ့အမှုသည်Ariaတို့က လမ်းခွဲခဲ့ကျပေမဲ့ ဆိုးဝါးတဲ့ဆက်ဆံရေးရှိမနေဘူးတဲ့။အခင်းဖြစ်တဲ့နေရာမှာ Ariaရောက်နေခြင်းက ဘာအတွက်လဲ။
"နေရေး ... မင်းမနက်ဖြန်Ariaရဲ့သွားတွေ့မယ်ဆို"
"အင်း တွေ့ရမှာပေါ့။ သိချင်တဲ့အချက်တွေ သိရမှ ... အမှုအတွက်အဆင်ပြေမှာ"
"ငါလည်းလိုက်မယ်။အာ ဒါနဲ့ မင်းအရှုပ်ထုပ်လေးကို ဒီနေ့မတွေ့ပါလား"
"ကလေးကို ... ကလေးရှေ့တော့အဲ့လိုမခေါ်ပါနဲ့ နဂိုကမှ အရိပ်အကဲကြည့်လွန်းလို့ခက်နေတာ"
"ဆောရီးပါကွာ ငါလည်းချစ်လို့ခေါ်မိသွားတာ။ သူလိုက်မလာတော့လည်း ပျင်းဖို့ကောင်းသလားလို့... သတိတော့ရသား"
"ဟိုက မင်းရောငါရောကိုသတိရမှာမဟုတ်ဘူး"
"ဘာဖြစ်လို့လဲ"
"သူ့အမေနားကပ်နေရလို့လေ"
ပြောရင်းနဲ့ ညနေကမြင်ခဲ့ရတဲ့မိုင်ကလေးရဲ့ မျက်နှာလေးက သူ့အာရုံထဲပြန်ပေါ်လာသည်။ ကျောင်းဝင်းထဲကနေ ခုန်ပေါက်ပြီးထွက်လာတာက သူမအမေလာကြိုတာကို ဘယ်လောက်ထိပျော်နေလဲ ဖုံးဖိလို့တောင်မရဘူး။ကောင်းပါတယ်... မိုင်ကလေးလိုချင်တာကလည်း သူမမေမေရဲ့မေတ္တာတွေပဲ။
"သူ့အမေက မိုင်မိုင်းကိုအနားကပ်ခံပြီလား"
"အင်း ... "
"မိုင်မိုင်းကတော့ပျော်နေမှာပဲ...ဒါပေမဲ့ သူ့အမေက ရုတ်တရက်ကြီးပါလား။အရင်ကတော့ သူပဲ ဒီကလေးကိုပစ်ထားပြီးတော့"
"အင်း ကိုယ်နဲ့အပေးအယူတစ်ခုလုပ်ထားလို့လေ ကိုယ်ကသူလိုတဲ့ငွေကိုထောက်ပံ့ပေးတော့
သူ့အတွက်အချိန်တွေအားသွားပါတယ်။ သူအချိန်ရတော့ မိုင်မိုင်းအနားနေပေးနိုင်တယ်လေ"
"ဟမ် မင်းကသူ့ကိုပိုက်ဆံပေးတာ"
"ကလေးအတွက်မုန့်ဖိုးလေးလောက်ပါပဲ။
ကိုယ်လိုချင်တာက မိုင်မိုင်အတွက်မေတ္တာလေ
အဲ့ဒီမေတ္တာတွေက သူ့အမေဆီကရမှ။
အတုအယောင်ဖြစ်နေရင်တောင် မိုင်မိုင်းရဲ့
စိတ်ဒဏ်ရာပျောက်သွားဖို့ ကိုယ်ကြိုးစားချင်သေးတယ်"
"မင်းဟာကမဟုတ်သေးပါဘူး။အမေအရင်းက အဲ့လောက်အထိ မေတ္တာတရားခေါင်းပါးရသလား။ ပြီးတော့ မိုင်မိုင်းအတွက်ကရော
သူရခဲ့တာက အတုအယောင်မေတ္တာတွေဆိုတာ သိသွားရင် ကလေးကရောစိတ်ကောင်းပါ့မလား"
"အော်ရီယာနာကတော့ မိုင်မိုင်းကိုမပြောပါဘူး။ ကျန်တာတော့ မင်းနဲ့ငါပဲ... ခဏလေးဆိုရင်တောင် မိုင်မိုင်းကပျော်နေတာ..အဲ့တာကြောင့် ငါလုပ်တာမှားနေရင်လည်း ကျေနပ်တယ်"
ဟုတ်တယ် နေရေးကုန်ခဲ့တဲ့ငွေပမာဏက
မိုင်မိုင်းပျော်ရွှင်မှုလောက်မှ အရေးမကြီးတာ။
မိုင်ကလေး ပျော်နေရမယ်... ကလေးငယ်လေးက မိဘမေတ္တာကို ရသင့်သလောက်ရရမယ်။
ဒီလုပ်ရပ်က စေတနာအမှားဆိုရင်တောင်မှ
မိုင်မိုင်းပျော်နေတာကိုကြည့်ရယုံတင် အဆင်ပြေသည်။
"အကယ်၍ပေါ့နေရေးရာ... မိုင်မိုင်းရဲ့အဖေက မင်းဆီကပိုင်ဆိုင်မှုတွေတောင်းမယ်...အဲ့ဒီအတွက် တန်ရာတန်ကြေးက မိုင်မိုင်းပျော်ရွှင်အောင်ထားပေးမယ်ဆိုရင်ရော မင်းဘယ်လို
လုပ်မလဲ။ပေးလိုက်မှာလား"
"ပိုင်ဆိုင်မှုတွေရှိနေရင်တောင် မိုင်မိုင်းမပျော်ရင် ကိုယ်လည်းပျော်မှာမဟုတ်ဘူး"
"အဲ့လောက်ထိသံယောဇဥ်တွယ်နေရင် မင်းတစ်နေ့ ဒုက္ခရောက်မယ်နော်နေရေး"
"အင်း"
သူချစ်ရတဲ့တိမ်ဆိုင်သေးသေးလေးက ဘယ်လောက်ထိများ ဒုက္ခပေးနိုင်မှာမို့လဲ။
ပေးနိုင်သလောက်သာ ပေးစမ်းပါစေ မိုင်ကလေးမေးသမျှအရာရာတိုင်းကို ကျေကျေနပ်နပ်ကြီးလက်ခံချင်တဲ့သူက သူသာဖြစ်မည်။
::::::::::
"ဦးဦး"
အိမ်ထဲကိုကားရပ်လိုက်ချင်းမှာပဲ ကြားလိုက်ရတဲ့ အသံစာစာလေးက နေရေးရဲ့အပူတွေကို ငြိမ်းစေပါသည်။
"ဦးဦးလို့"
"ဗျာ ... လူလည်မလေးကဘာလာလုပ်တာလဲ"
"ပြောစရာရှိလို့"
"အင်း အရင်အိမ်ထဲဝင်ပါရစေအုံး။ ဖြေးဖြေးပြောလည်းရပါတယ်ကွ မိုင်မိုင်းကမအားဘူးလား"
"မအိပ်ရသေးဘူးလားဟင်"
"ဟုတ်တယ်"
"ဦးဦးတော့ပင်ပန်းနေတော့မှာပဲနော်... ဦးဦးလွမ်းက အရမ်းခိုင်းတာပဲလား"
ခပ်စွာစွာမေးလာသလို သူမကလေးက မျက်ခုံးတွေကိုတောင်တွန့်ချိုးထားသေးတာ။ချစ်စဖွယ်ကလေးမလေးက သူ့ကိုယ်သူအူယားစရာလေးဖြစ်နေမှန်းလည်းသိမှာမဟုတ်လောက်ပါ။
"လွမ်းက ကိုယ့်ကိုအလုပ်တွေအများကြီးပေးတော့ ကိုယ်ပင်ပန်းရတာပေါ့"
"ဟုတ်လား ... နောက်ခါဦးဦးလွမ်းနဲ့တွေ့ရင် ပြောပေးမယ်နော်။မိုင်မိုင်းရဲ့ဦးဦးကို အလုပ်တွေအများကြီးမခိုင်းပါနဲ့ဆိုပြီး"
"အတတ်ကလေးပဲ"
"ဟီး အခုတော့အိမ်ထဲဝင်မယ်လေ။ဦးဦးကို ပြောပြစရာရှိတယ်"
"ဟုတ်ပါပြီ"
လက်လေးတွေကလှမ်းလာတာမို့ ပွေ့ချီလိုက်ရ၏။ ခန္ဓာကိုယ်ကမလှုပ်နိုင်လောက်အောင်ပင်ပန်းနေလို့ အနားယူမယ်ဆိုတဲ့သူက
မိုင်မိုင်းကိုပွေ့နိုင်သေးတယ်ဆိုတာ
ဒီပါလွမ်းတစ်ယောက်သိခဲ့ရင်။
To Be Continue .... Part - 3
Zawgyi
"မိုင္မိုင္း ... နင့္မာမီလာမႀကိဳေသးဘူးလား"
"အင္း"
"အန္တီတို႔လိုက္ပို႔ေပးရမလားသမီးေလး"
"ဟင့္အင္း ... ေက်းဇူးတင္ပါတယ္ရွင့္"
"ဒါဆို အန္တီတို႔ျပန္ၿပီေနာ္"
"ဟုတ္"
သူငယ္ခ်င္းျဖစ္တဲ့ ဘြန္နီး နဲ႕သူမရဲ႕မာမီက မိုင္မိုင္းကိုႏႈတ္ဆက္ၿပီး စာသင္ခန္းထဲကေန ထြက္သြား၏။ဘြန္နီးရဲ႕ပခုံးကိုသိုင္းဖက္ထားတာက ေႏြးေထြးမႈအျပည့္နဲ႕ ... ၿပဳံးရယ္ေနတဲ့ အၿပဳံးေတြကအစ ႏူးညံ့မႉရွိတာသိသိသာသာပါ။အားက်တယ္။မာမီသာ အဲ့လိုလာႀကိဳေပးရင္ ဘယ္ေလာက္ေကာင္းလိမ့္မလဲေနာ္။
ထိုျမင္ကြင္းကို အတန္ၾကာေငးၾကည့္ၿပီးမွ သူမ ဆြဲလက္စပန္းခ်ီေလးကိုအဆုံးသတ္ရ၏။ လိုအပ္တဲ့အခ်ိန္ယူၿပီးေနာက္မွာမွ ပန္းခ်ီရဲ႕ေအာက္မွာ Mileဆိုတဲ့အမွတ္အသားေရးကာ အဆုံးသတ္လိုက္သည္။
ျပာလြင့္ေနတဲ့ေကာင္းကင္ႀကီးရဲ႕ေအာက္မွာ ေပ်ာ္႐ႊင္စြာလက္တြဲထားက်တဲ့ မိသားစုတစ္ခု။ မိုင္မိုင္းရယ္ မိုင္မိုင္းလက္ကိုတြဲထားတဲ့ ဒယ္ဒီနဲ႕မာမီရယ္က ခဲပန္းခ်ီေလးထပ္မွာ ေပ်ာ္စရာမိသားစုေလးျဖစ္ေနသည္။
"မိုင္မိုင္း ... သမီးကိုလာမႀကိဳေသးဘူးလား"
ေခါင္းညိတ္ျပလိုက္ၿပီး ေဘးဘီကိုလွည့္ၾကည့္ေတာ့ စာသင္ခန္းထဲမွာ သူမတစ္ေယာက္ထဲက်န္ေနတာျဖစ္ေန၏။
"တီခ်ယ္ ... တံခါးပိတ္ေတာ့မွာလားဟင္"
"ဟုတ္တယ္ကေလးရဲ႕။ဘယ္လိုလုပ္မလဲ အိမ္ကိုဖုန္းဆက္ေခၚေပးရမလား... ဘယ္သူလာႀကိဳမွာလဲ"
"ဦးဦး"
"ဦးေလးလား အဲ့တာဆိုသူ႕ဖုန္းနံပါတ္သိလား
တီခ်ယ္ေခၚေပးမယ္... ဒါမွမဟုတ္ ကေလးမွာဖုန္းပါလား"
"ဟင့္အင္း ။ တီခ်ယ္...မာမီ့ဆီကိုဖုန္းဆက္ေပးပါလား။မာမီ့ကိုပဲ လာေခၚခိုင္းလိုက္ေတာ့မယ္"
"ေၾသာ္ ရတယ္ေလ။နံပါတ္မွတ္မိတယ္မလား"
"ဟုတ္ ----- "
ဂဏန္းတခ်ိဳ႕ကိုေရ႐ြတ္ရင္း အျပင္ကိုပါလွမ္းၾကည့္လိုက္ေသးသည္။ဦးဦးကမလာေတာ့ဘူးလား။
"ကေလး ခဏေနာ္"
"ဟုတ္"
မာမီဖုန္းမကိုင္ေပမဲ့ တီခ်ယ္ကေတာ့ အျပင္ကိုထြက္ခါ ထပ္ၿပီးဆက္သြယ္ေနသည္။ ဖုန္းကို လူနဲ႕မခြာေဆာင္ထားတတ္တဲ့မာမီ့အေၾကာင္း သိထားသူမို႔ ဖုန္းမကိုင္တာကေတာင္ မိုင္မိုင္းအတြက္
အေတြးမ်ားကာ မ်က္ရည္ဝဲေစနိုင္၏။
"ေက်ာင္းက အတန္းပိုင္ရဲ႕ဖုန္းမို႔ မကိုင္တာလားဟင္ ... မိုင္မိုင္းကိုနည္းနည္းေလးမွမခ်စ္ဘူးလား"
ေခါင္းငုံ႕ကာ ခပ္တိုးတိုးေရ႐ြတ္မိေတာ့ မ်က္ရည္စတခ်ိဳ႕ကလည္း ပါးျပင္ႏုႏုေလးေပၚစီးက်လာသည္။သူငယ္ခ်င္းေတြကိုအားက်တယ္။
ေက်ာင္းဆင္းခ်ိန္တိုင္း မာမီလာႀကိဳေပးရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ။
"ဟင့္ ... ဦးဦးကေရာ လာႀကိဳမယ္ဆိုၿပီး"
စားပြဲေပၚလက္တင္ကာ မ်က္ႏွာေမွာက္ခ်ရင္း အသံထြက္သည္အထိငိုမိ၏။ဦးဦးကလည္း မာမီနဲ႕ဒယ္ဒီလိုပဲ မိုင္မိုင္းကိုမခ်စ္ပါဘူး။
"မိုင္မိုင္း"
"... "
"သမီး"
ပခုံးကိုဆြဲလႈပ္ရင္းေခၚလာတဲ့အသံက မိုင္မိုင္းရင္းႏွီးေနတဲ့အသံ...ထိုအသံေၾကာင့္ ေမာ့ၾကည့္မိေတာ့ သူမကိုခပ္ၿပဳံးၿပဳံးၾကည့္ေနတဲ့ မာမီ့မ်က္ႏွာကို ရွင္းလင္းစြာျမင္လိုက္ရသည္။
"မာမီလား"
"အင္း မာမီလာႀကိဳတာ။ျပန္မယ္ေလ"
"ဟီး တကယ္ႀကီးမာမီလာႀကိဳတာပဲ"
"တကယ္ပါ... မာမီလာႀကိဳတာ"
"မာမီကအလုပ္အားလို႔လား။တီခ်ယ္ဖုန္းဆက္ေခၚေတာ့ ...မိုင္မိုင္းေၾကာင့္ အလုပ္ဖ်က္ၿပီးလာခဲ့တာလားဟင္"
"ဟုတ္တာေပါ့ မာမီ့မိုင္မိုင္းေလးကို လာႀကိဳေပးခ်င္လို႔ အလုပ္ဖ်က္ခဲ့တာ။ဒါနဲ႕ ... တီခ်ယ္က ဖုန္းဆက္တာလား။ မာမီ့ဖုန္းအသံတိုးထားလို႔မသိလိုက္ဘူး"
ေခါင္းေလးကိုပြတ္သပ္ေပးလာတဲ့ မာမီေၾကာင့္ မိုင္မိုင္းကေၾကာင္ေပါက္ေလးလို မာမီ့လက္ေတြၾကားထဲ တိုးဝင္လိုက္သည္။မာမီ့ရယ္သံလြင္လြင္ပ်ံ့ႏွံ႕လာၿပီး မိုင္မိုင္းရဲ႕ေက်ာပိုးအိတ္ကိုယူလိုက္တာမို႔ အလိုက္သိတဲ့မိုင္မိုင္းကလည္း မာမီ့လက္ေခ်ာင္းေတြကိုဆုပ္ကိုင္လိုက္၏။
ဦးဦးေျပာသလို မာမီ့ဆီကတစ္ခုခုေတာင္းဆိုၾကည့္ဖို႔ေတြးမိလိုက္တာနဲ႕ ေခါင္းထဲအစီအရီေပၚလာတဲ့ စကားေတြကမ်ားလြန္းလိုက္တာ။မာမီနဲ႕ ကစားကြင္းလည္းမသြားဖူးတာမို႔ အတူသြားခ်င္သည္၊ဂါဝန္လွလွေလးေတြကိုလည္း မာမီ့သေဘာက်ေ႐ြးေပးေစခ်င္သည္။ၿပီးေတာ့ ဘြန္နီးတပ္ထားတဲ့ကလစ္ေလးေတြဆို သူ႕မာမီကေ႐ြးေပးတာတဲ့... အဲ့လိုမ်ိဳးကိုမိုင္မိုင္းရဲ႕မာမီကလည္း လုပ္ေပးေစခ်င္သည္။ၿပီးေတာ့ ေရခဲမုန့္... မာမီဝယ္ေကြၽးတဲ့ေရခဲမုန့္မစားရတာၾကာၿပီမို႔
ေနာက္ဆုံးေ႐ြးခ်ယ္လိုက္တာက ေရခဲမုန့္သာ...
"မာမီ ..."
"ေျပာေလမိုင္မိုင္း"
"ဟို ေရခဲမုန့္စားခ်င္လို႔"
"ဟုတ္လား အျပန္ကိုဝင္ဝယ္က်မယ္ေလ"
"ဟုတ္ ဟုတ္... မာမီ့ကိုအရမ္းခ်စ္တာပဲ"
ေပ်ာ္႐ႊင္စိတ္နဲ႕အတူတူ ေျခလွမ္းတို႔ကပါတတ္ႂကြလာကာ မာမီ့ေျခလွမ္းေတြနဲ႕အၿပိဳင္လိုက္မိ၏။ ဒီလိုမ်ိဳး ေန႕တိုင္း မာမီကခ်စ္ေပးရင္ ဘယ္ေလာက္ေကာင္းလိမ့္မလဲေနာ္။
::::::::::
အမႈတြဲရဲ႕လားရားလူျဖစ္ေပမဲ့ ထိုလူ႕ကိုပဲ တရားခံလို႔ေကာက္ခ်က္မခ်နိဳင္သလို...Peter ရဲ႕ ေသဆုံးမႈကလည္း ထင္သေလာက္ရိုးရွင္းမေနပါ။အနီးဆုံးမွာရွိေနတာမို႔ တရားခံလို႔စြဲခ်က္တင္ခံထားရတဲ့ ေနေရးရဲ႕အမႈသည္ကလည္း Peterနဲ႕
ခ်စ္သူေဟာင္းဆက္ဆံေရးရွိေနေသးသည္။
Peterနဲ႕ရင္းႏွီးတဲ့လူေတြရဲ႕ေျပာၾကားခ်က္အရဆို Peter နဲ႕ သူ႕အမႈသည္Ariaတို႔က လမ္းခြဲခဲ့က်ေပမဲ့ ဆိုးဝါးတဲ့ဆက္ဆံေရးရွိမေနဘူးတဲ့။အခင္းျဖစ္တဲ့ေနရာမွာ Ariaေရာက္ေနျခင္းက ဘာအတြက္လဲ။
"ေနေရး ... မင္းမနက္ျဖန္Ariaရဲ႕သြားေတြ႕မယ္ဆို"
"အင္း ေတြ႕ရမွာေပါ့။ သိခ်င္တဲ့အခ်က္ေတြ သိရမွ ... အမႈအတြက္အဆင္ေျပမွာ"
"ငါလည္းလိုက္မယ္။အာ ဒါနဲ႕ မင္းအရႈပ္ထုပ္ေလးကို ဒီေန႕မေတြ႕ပါလား"
"ကေလးကို ... ကေလးေရွ႕ေတာ့အဲ့လိုမေခၚပါနဲ႕ နဂိုကမွ အရိပ္အကဲၾကည့္လြန္းလို႔ခက္ေနတာ"
"ေဆာရီးပါကြာ ငါလည္းခ်စ္လို႔ေခၚမိသြားတာ။ သူလိုက္မလာေတာ့လည္း ပ်င္းဖို႔ေကာင္းသလားလို႔... သတိေတာ့ရသား"
"ဟိုက မင္းေရာငါေရာကိုသတိရမွာမဟုတ္ဘူး"
"ဘာျဖစ္လို႔လဲ"
"သူ႕အေမနားကပ္ေနရလို႔ေလ"
ေျပာရင္းနဲ႕ ညေနကျမင္ခဲ့ရတဲ့မိုင္ကေလးရဲ႕ မ်က္ႏွာေလးက သူ႕အာ႐ုံထဲျပန္ေပၚလာသည္။ ေက်ာင္းဝင္းထဲကေန ခုန္ေပါက္ၿပီးထြက္လာတာက သူမအေမလာႀကိဳတာကို ဘယ္ေလာက္ထိေပ်ာ္ေနလဲ ဖုံးဖိလို႔ေတာင္မရဘူး။ေကာင္းပါတယ္... မိုင္ကေလးလိုခ်င္တာကလည္း သူမေမေမရဲ႕ေမတၱာေတြပဲ။
"သူ႕အေမက မိုင္မိုင္းကိုအနားကပ္ခံၿပီလား"
"အင္း ... "
"မိုင္မိုင္းကေတာ့ေပ်ာ္ေနမွာပဲ...ဒါေပမဲ့ သူ႕အေမက ႐ုတ္တရက္ႀကီးပါလား။အရင္ကေတာ့ သူပဲ ဒီကေလးကိုပစ္ထားၿပီးေတာ့"
"အင္း ကိုယ္နဲ႕အေပးအယူတစ္ခုလုပ္ထားလို႔ေလ ကိုယ္ကသူလိုတဲ့ေငြကိုေထာက္ပံ့ေပးေတာ့
သူ႕အတြက္အခ်ိန္ေတြအားသြားပါတယ္။ သူအခ်ိန္ရေတာ့ မိုင္မိုင္းအနားေနေပးနိုင္တယ္ေလ"
"ဟမ္ မင္းကသူ႕ကိုပိုက္ဆံေပးတာ"
"ကေလးအတြက္မုန့္ဖိုးေလးေလာက္ပါပဲ။
ကိုယ္လိုခ်င္တာက မိုင္မိုင္အတြက္ေမတၱာေလ
အဲ့ဒီေမတၱာေတြက သူ႕အေမဆီကရမွ။
အတုအေယာင္ျဖစ္ေနရင္ေတာင္ မိုင္မိုင္းရဲ႕ စိတ္ဒဏ္ရာေပ်ာက္သြားဖို႔ ကိုယ္ႀကိဳးစားခ်င္ေသးတယ္"
"မင္းဟာကမဟုတ္ေသးပါဘူး။အေမအရင္းက အဲ့ေလာက္အထိ ေမတၱာတရားေခါင္းပါးရသလား။ ၿပီးေတာ့ မိုင္မိုင္းအတြက္ကေရာ
သူရခဲ့တာက အတုအေယာင္ေမတၱာေတြဆိုတာ သိသြားရင္ ကေလးကေရာစိတ္ေကာင္းပါ့မလား"
"ေအာ္ရီယာနာကေတာ့ မိုင္မိုင္းကိုမေျပာပါဘူး။ က်န္တာေတာ့ မင္းနဲ႕ငါပဲ... ခဏေလးဆိုရင္ေတာင္ မိုင္မိုင္းကေပ်ာ္ေနတာ..အဲ့တာေၾကာင့္ ငါလုပ္တာမွားေနရင္လည္း ေက်နပ္တယ္"
ဟုတ္တယ္ ေနေရးကုန္ခဲ့တဲ့ေငြပမာဏက
မိုင္မိုင္းေပ်ာ္႐ႊင္မႈေလာက္မွ အေရးမႀကီးတာ။
မိုင္ကေလး ေပ်ာ္ေနရမယ္... ကေလးငယ္ေလးက မိဘေမတၱာကို ရသင့္သေလာက္ရရမယ္။
ဒီလုပ္ရပ္က ေစတနာအမွားဆိုရင္ေတာင္မွ
မိုင္မိုင္းေပ်ာ္ေနတာကိုၾကည့္ရယုံတင္ အဆင္ေျပသည္။
"အကယ္၍ေပါ့ေနေရးရာ... မိုင္မိုင္းရဲ႕အေဖက မင္းဆီကပိုင္ဆိုင္မႈေတြေတာင္းမယ္...အဲ့ဒီအတြက္ တန္ရာတန္ေၾကးက မိုင္မိုင္းေပ်ာ္႐ႊင္ေအာင္ထားေပးမယ္ဆိုရင္ေရာ မင္းဘယ္လိုလုပ္မလဲ။ေပးလိုက္မွာလား"
"ပိုင္ဆိုင္မႈေတြရွိေနရင္ေတာင္ မိုင္မိုင္းမေပ်ာ္ရင္ ကိုယ္လည္းေပ်ာ္မွာမဟုတ္ဘူး"
"အဲ့ေလာက္ထိသံေယာဇဥ္တြယ္ေနရင္ မင္းတစ္ေန႕ ဒုကၡေရာက္မယ္ေနာ္ေနေရး"
"အင္း"
သူခ်စ္ရတဲ့တိမ္ဆိုင္ေသးေသးေလးက ဘယ္ေလာက္ထိမ်ား ဒုကၡေပးနိုင္မွာမို႔လဲ။
ေပးနိုင္သေလာက္သာ ေပးစမ္းပါေစ မိုင္ကေလးေမးသမွ်အရာရာတိုင္းကို ေက်ေက်နပ္နပ္ႀကီးလက္ခံခ်င္တဲ့သူက သူသာျဖစ္မည္။
::::::::::
"ဦးဦး"
အိမ္ထဲကိုကားရပ္လိုက္ခ်င္းမွာပဲ ၾကားလိုက္ရတဲ့ အသံစာစာေလးက ေနေရးရဲ႕အပူေတြကို ၿငိမ္းေစပါသည္။
"ဦးဦးလို႔"
"ဗ်ာ ... လူလည္မေလးကဘာလာလုပ္တာလဲ"
"ေျပာစရာရွိလို႔"
"အင္း အရင္အိမ္ထဲဝင္ပါရေစအုံး။ ေျဖးေျဖးေျပာလည္းရပါတယ္ကြ မိုင္မိုင္းကမအားဘူးလား"
"မအိပ္ရေသးဘူးလားဟင္"
"ဟုတ္တယ္"
"ဦးဦးေတာ့ပင္ပန္းေနေတာ့မွာပဲေနာ္... ဦးဦးလြမ္းက အရမ္းခိုင္းတာပဲလား"
ခပ္စြာစြာေမးလာသလို သူမကေလးက မ်က္ခုံးေတြကိုေတာင္တြန့္ခ်ိဳးထားေသးတာ။ခ်စ္စဖြယ္ကေလးမေလးက သူ႕ကိုယ္သူအူယားစရာေလးျဖစ္ေနမွန္းလည္းသိမွာမဟုတ္ေလာက္ပါ။
"လြမ္းက ကိုယ့္ကိုအလုပ္ေတြအမ်ားႀကီးေပးေတာ့ ကိုယ္ပင္ပန္းရတာေပါ့"
"ဟုတ္လား ... ေနာက္ခါဦးဦးလြမ္းနဲ႕ေတြ႕ရင္ ေျပာေပးမယ္ေနာ္။မိုင္မိုင္းရဲ႕ဦးဦးကို အလုပ္ေတြအမ်ားႀကီးမခိုင္းပါနဲ႕ဆိုၿပီး"
"အတတ္ကေလးပဲ"
"ဟီး အခုေတာ့အိမ္ထဲဝင္မယ္ေလ။ဦးဦးကို ေျပာျပစရာရွိတယ္"
"ဟုတ္ပါၿပီ"
လက္ေလးေတြကလွမ္းလာတာမို႔ ေပြ႕ခ်ီလိုက္ရ၏။ ခႏၶာကိုယ္ကမလႈပ္နိုင္ေလာက္ေအာင္ပင္ပန္းေနလို႔ အနားယူမယ္ဆိုတဲ့သူက
မိုင္မိုင္းကိုေပြ႕နိုင္ေသးတယ္ဆိုတာ
ဒီပါလြမ္းတစ္ေယာက္သိခဲ့ရင္။
To Be Continue .... Part - 3
A/N = မနက္ျဖန္ကfb pageမွာလည္းစတင္ေပးေတာ့မွာဆိုေတာ့ ေနာက္ရက္ေတြကစၿပီး
wattpad updateကို 8နာရီခြဲေျပာင္းမယ္ေနာ္💛