𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎�...
By KookTae199
139K 8.5K 592
မင်း!မရမ်းကားနဲ့နော် ဘယ်လိုဖြစ်နေတာလဲ ဂျွန်ဂျောင်ကု! Warning!!!! More
𝐒𝐄𝐕𝐄𝐍 𝐈𝐧𝐭𝐫𝐨
𝐒𝐄𝐕𝐄𝐍 1
𝐒𝐄𝐕𝐄𝐍 2
𝐒𝐄𝐕𝐄𝐍 3
𝐒𝐄𝐕𝐄𝐍 4
𝐒𝐄𝐕𝐄𝐍 5
𝐒𝐄𝐕𝐄𝐍 6 !!!
𝐒𝐄𝐕𝐄𝐍 7 !!!
𝐒𝐄𝐕𝐄𝐍 8
𝐒𝐄𝐕𝐄𝐍 9
𝐒𝐄𝐕𝐄𝐍 10
𝐒𝐄𝐕𝐄𝐍 11
𝐒𝐄𝐕𝐄𝐍 12
𝐒𝐄𝐕𝐄𝐍 13
𝐒𝐄𝐕𝐄𝐍 14
𝐒𝐄𝐕𝐄𝐍 15
𝐒𝐄𝐕𝐄𝐍 16
𝐒𝐄𝐕𝐄𝐍 17
𝐒𝐄𝐕𝐄𝐍 18 !!!
𝐒𝐄𝐕𝐄𝐍 19 !!!
𝐒𝐄𝐕𝐄𝐍 20
𝐒𝐄𝐕𝐄𝐍 21
𝐒𝐄𝐕𝐄𝐍 22
𝐒𝐄𝐕𝐄𝐍 23
𝐒𝐄𝐕𝐄𝐍 24
𝐒𝐄𝐕𝐄𝐍 25
𝐒𝐄𝐕𝐄𝐍 26
𝐒𝐄𝐕𝐄𝐍 27
𝐒𝐄𝐕𝐄𝐍 28
𝐒𝐄𝐕𝐄𝐍 29 !!!
𝐒𝐄𝐕𝐄𝐍 30 !!!
𝐒𝐄𝐕𝐄𝐍 31
𝐒𝐄𝐕𝐄𝐍 32
𝐒𝐄𝐕𝐄𝐍 34
𝐒𝐄𝐕𝐄𝐍 35
𝐒𝐄𝐕𝐄𝐍 36
𝐒𝐄𝐕𝐄𝐍 37
𝐒𝐄𝐕𝐄𝐍 38
𝐒𝐄𝐕𝐄𝐍 39
𝐒𝐄𝐕𝐄𝐍 40
𝐒𝐄𝐕𝐄𝐍 41
𝐒𝐄𝐕𝐄𝐍 42
𝐅𝐢𝐧𝐚𝐥
new creation
𝐒𝐄𝐕𝐄𝐍 33
2.2K 154 11
By KookTae199
Unicode......
"Babyဆေးသောက်ချိန်ရောက်ပြီ"
စာအုပ်ဖတ်ရင်အိပ်ချင်တယ်ဆိုတဲ့လူက ဆေးသောက်ချိန်ဆို အမြဲစာအုပ်ထထကိုင်တတ်သည်ကအကျင့်တစ်ခုလို၊  ဆေးသောက်ချိန်ဟုဆိုပြီးတာနဲ့မူယာမာယာများကာပြောတော့မယ့် Babyလက်သုံးစကားကတော့ တစ်ခြားမဟုတ်။
"ဒါလေးဖတ်ပြီးရင်သောက်တော့မှာ"
ဂျောင်ကုBabyအကြောင်းနောကျေနေသူတစ်ယောက်နှယ်၊ သူ့အလုပ်ခုံတွင်ထိုင်၍စာဖတ်နေသူ၏ထိုင်ခုံကိုဆွဲလှည့်လိုက်ကာ လက်ထဲကစာအုပ်ကိုလဲဆွဲယူ၍ အရှေ့က စားပွဲခုံထပ်ပေါ်တွင်တင်လို့ထားပြီး။
"ဆေးသောက်ပြီးမှဆက်ဖတ်လို့ရတာပဲ ဆေးကအရေးကြီးလား စာအုပ်ကအရေးကြီးလား"
ထိုင်ခုံလက်တန်းထပ် လက်နှစ်ဖက်ဟာသူ့ဘေးတစ်ဖက်ဆီထောက်၍ကိုင်ထားသလို သူ့မျက်နှာအားငုံ့ကြည့်၍ပြောလာသူအား ထယ်ယောင်းမော့ကြည့်ကာပင် စိတ်အလိုမကျသည့်အလားနူတ်ခမ်းတို့အားဆူမိတော့၏။
"နေ့တိုင်းသောက်နေရတာမသောက်ချင်တော့ဘူး"
"အဲ့ဒါBabyနဲ့ကလေးလေးအတွက်လေ"
သူ့ကိုမော့ကြည့်နေသည့်မျက်လွှာတို့အားချကာ ချက်ခြင်းဆိုသလိုပတ်ခနဲ့ပြန်ပြောလာသည်က။
"သိပါတယ် သိလို့လဲ မသောက်ချင်ပေမယ့်သောက်နေရတာပေါ့ ပြီးတော့မောင်မသိတာလဲမဟုတ်ပဲနဲ့ငါဘယ်လောက်ဆေးကြောက်လဲဆိုတာ ကလေးလေးအတွက်မို့သာသောက်နေတာ ငါ့အတွက်ဆိုအဲ့ဆေးတွေလွှတ်ပစ်ပြီးတာကြာပြီ"
နူတ်ခမ်းတစ်ဆူဆူဖြင့်ပြောပြနေသည့် Babyကိုကြည့်ရင်းဂျောင်ကုပြုံးလိုက်မိပြီး အုပ်မိုးထားသည်မှ ခုံရှေ့တွင်ဒူးထောက်ထိုင်ချလိုက်၍ Babyရဲ့လက်နှစ်ဖက်ကိုသူ့လက်ဖဝါးဖြင့်အုပ်လိုက်မိတော့သည်။
"Babyအတွက်ဆိုလဲမောင်ကအဲ့ဆေးတွေကိုမရမကတိုက်မှာ ဘာလို့လဲသိလား"
ခေါင်းငြိမ့်၍မပြသလို ခေါင်းခါ၍လဲမဖော်ပြသည့်Babyကသူ့ကိုဆက်ပြောဖို့ကာငေးစိုက်၍ကြည့်နေတော့သည်မို့။
"Babyကလေးအတွက်Babyတွေးပေးသလို မောင်ကလဲ မောင့်Babyအတွက်အရမ်းဆိုးရိမ်တတ်လို့ပေါ့"
မျက်ဝန်းတို့အားငေးစိုက်ကြည့်လို့နေသည့် မောင့်မျက်ဝန်းတို့ကိုထယ်ယောင်းကြည့်ခြင်းအားဖြင့် ‌မောင့်ရဲ့စစ်မှန်တဲ့စကားတို့ကို ထယ်ယောင်းအသိမှတ်ပြုမိပါသည်၊ သူ့လက်တစ်စုံကိုနွေးထွေးစွာဆုတ်ကိုင်ထားသည့်မောင့်လက်တို့ကို ထယ်ယောင်းလက်တစ်ဖက်ဖြင့် ပြန်လည်ဆုတ်ကိုင်မိရင်း ကျန်လက်တစ်ဖက်ကတော့ မောင့်ရဲ့ထင်းရှား‌နေသည့် မေးရိုးတစ်လျှောက်နှင့်ပါးပြင်တို့ကိုအုပ်ကိုင်ထားမိကာ လက်မဖြင့်ပါးပြင်ထပ်သို့ရွေ့လျား ပွတ်သပ်ပေးနေမိရင်း။
"ငါမောင့်ကိုချစ်တယ်...အရမ်း"
ချစ်ခြင်းတရားတို့ညီမျှသည်ဟုထင် မောင်ကလဲသူ့ကိုပြုံးပြလို့လာပြီး ပါးပြင်ထပ်သို့ရောက်ရှိနေသည့် သူ့လက်တစ်ဖက်ထံမောင်လက်တို့ဟာအုပ်ကိုင်လာရင်း သူ့ရဲ့လက်ကိုယူကာလက်ခုံထံ နူတ်ခမ်းတို့ခြေချပြီးတာနဲ့။
"မောင့်အနားမှာBabyခဏလေးမရှိရင်တောင် မနေတတ်တော့တဲ့ထိ Babyကိုမောင်ချစ်တယ် မောင့်အနားမှာBabyမရှိလို့မဖြစ်ဘူး"
ထယ်ယောင်းခပ်ရေးရေးပြုံးမိကာပင် မောင့်ကိုပြုံးပြီးကြည့်နေမိပြန်သည်၊ သူကမောင့်အတွက်မရှိလို့မဖြစ်သလို သူ့အတွက်လဲမောင်ကမရှိလို့မဖြစ်ပါဘူး၊ ဒါပေမယ့်ထိုစကားတို့ကို သူ့စကားနဲ့တင်မဟုတ်ပဲလက်တွေ့သက်သေပြသွားမှာဖြစ်သည်။
စကားနဲ့တင်မဟုတ်ပဲ တစ်သက်လုံးစာငါကမောင့်အနားမှာနေသွားမှာပါ မောင်ကငါ့ကိုတွန်းထုတ်ခဲ့ရင်တောင်မှပေါ့....၊
.
.
>>>>>>>>>
"လိုက်မှာ...ဘာလဲမင်းရုံးမှာကောင်မလေးချောချောလေးတွေရှိနေလို့ငါ့ကိုမလိုက်ခိုင်းတာမဟုတ်လား.."
အိပ်ယာထပ်သို့မှီကာ ပြောနေသည့်မျက်နှာလေးဟာ သူ့ကိုမျက်မှောင်ကျုံ့၍ကြည့်လို့နေ‌လေ၏၊ နေမကောင်းဖြစ်ချင်နေတာကို မနေ့ကညကြီးမင်းကြီးရေထချိုးလိုက်တဲ့အကျိုးဆက်က ယခုမိုးလင်းတော့ကိုယ်ပူကာ နေမကောင်းဖြစ်နေတော့သည့်Babyကြောင့် ဂျောင်ကုအလုပ်မသွားတော့ဖို့ရာဖုန်းဆက်ထားပေမယ့် တစ်ဖက်မှအရေးကြီး လက်မှတ်ထိုးစရာတွေရှိတယ်ဆိုတာကြောင့် ခဏလေးသွားပြီးပြန်လာခဲ့မယ်ဆိုတာတောင်မဟုတ် မလိုက်ရလို့ဂျီကျနေသည့်Babyတစ်ယောက်နဲ့တော့ခက်ခြေပြီ။
"မဟုတ်ပါဘူးကွာ ဘယ်ကကောင်မလေးချောချောလေးတွေကရှိရမှာလဲ"
"မင်းအခုတော့ငါ့ကိုကွာတွေဘာတွေပြောပြီပေါ့ မင်းအချိုးတွေပြောင်းနေပြီ ဂျွန်ဂျောင်ကု"
မျက်နှာလေးမဲ့ကာ ချက်ခြင်းဆိုသလို စောင်ပုံထဲသို့ဝင်သွားသည့် ခန္ဓာကိုယ်လေးကြောင့် ဂျောင်ကု ကုတင်ထပ်သို့ဘေးတစ်စောင်းထိုင်ကာ ထိုစောင်စလေးကိုလှမ်းဆွဲမိတော့၊Babyကစောင်စလေးကိုပြန်ဆွဲလို့ထားရင်း ခန္ဓာကိုယ်လေးကတစ်ဖက်သို့တွန့်သွား၍သူ့ကိုစောင်စတို့တောင်အထိမခံ။
"မဟုတ်ပါဘူးBabyရဲ့ မောင်ကBabyနေမကောင်းဖြစ်နေလို့ လိုက်ရင်ပိုဆိုးမှာဆိုးလို့ပြောလိုက်မိတာပါ မောင်အချိုးတွေမပြောင်းပါဘူး ထပါအုန်း"
"အွန့်....ဟင့်......"
ချော့မော့နေရင်းပင် နားထဲတွင်ကြား‌လိုက်ရသည့်ရိူက်သံသေးသေးလေးတွေကြောင့် ဂျောင်ကုအထိမခံသည့် Babyစောင်စလေးကိုဆွဲဖယ်ကြည့်လိုက်မိ၏၊ စောင်ပုံထဲကမျက်နှာလေးဟာမဲ့၍ မျက်လုံးထောင့်ဘေးတွင်အဆက်မပျက်ကျဆင်းလို့နေတဲ့မျက်ရည်တွေကြောင့်။
"မငိုနဲ့လေBabyရဲ့ဘာလိုချင်လို့လဲ ဘာဖြစ်ချင်လို့လဲမောင့်ကိုပြော"
ထိုအခါမှာ သူ့ကိုကြည့်လာသည့်မျက်ခမ်းစပ်တို့ဟာနီမြန်းနေတာကြောင့် ဂျောင်ကုပို၍လူပ်လူပ်ရှားရှားဖြစ်လာရတော့၏။ Babyခန္ဓာကိုယ်လေးကိုဆွဲထူလိုက်ရင်း။
"နေမကောင်းဖြစ်နေတာကို မငိုရဘူးလေကွာBabyကလိမ်မာတယ် မောင်နဲ့ရုံးကိုလိုက်ချင်တာမဟုတ်လား ထထမောင်နဲ့အတူတူသွားကြမယ်"
"မင်းစိတ်ထဲကမပါပဲ မခေါ်နဲ့"
ပုခုံးပေါ်ကသူ့လက်တို့ကို ပုခုံးလေးတွေမြင့်တက်၍တွန့်ကာ ပုခုံးပေါ်ကလက်တို့ကိုဖယ်စေပြီး၊ မျက်မှောင်ကျုံ့ကာပြောလာသည့်Babyက နေမကောင်းဖြစ်ရင် သူ့ကိုဂျီကျတတ်သည်။
"မောင့်စိတ်ထဲကရော ရင်ထဲကရောပါပါတယ် မောင်ကBaby‌လေစိမ်းတွေမိရင် ပိုပြီးနေမကောင်းဖြစ်သွားမှာဆိုးလို့ပါ"
"ဆိုးဆိုးလိုက်မှာ"
"ဟုတ်ပါပြီဗျာ ကဲသွားကြစို့ထ"
ဂျောင်ကုBabyရဲ့လက်ချောင်းလေးတွေကြား သူ့လက်ချောင်းတို့ကိုထည့်၍ ရှင်ယှက်ဆုတ်ကိုင်လို့ထားသည်ကြား ရုန်းကန်ခြင်းမပြုပဲ သူ့အောက်ပိုင်းကစောင်းတို့ကိုတစ်ဖက်ဖြင့် ဖယ်ရှားကာသူဆွဲခေါ်ရာနောက်လိုက်ပါလာတော့သည်။
"အရင်ဆုံးအနွေးထည်ဝတ်ရမယ် မာဖလာလေးလဲပတ်ထား"
"မာဖလာကြီးမပတ်ချင်ဘူး"
"လိုက်ချင်ရင်မောင်ပြောတာနားထောင်ရမယ်‌"
အထွန့်တက်ချင်နေသည့် Babyကိုဂျောင်ကု အထွန့်တက်ဖို့ရာလမ်းစတို့အားပိတ်ပင်လိုက်ပါက၊ နူတ်ခမ်းလေးတွေအနည်းငယ်ဆူလာယုံကလွဲ ဘာမှထပ်မပြောလာတော့။
လုပ်ချင်တာလုပ်လိုက်ရရင်ပြီးရောဆိုသလို၊
>>>>>
ကားထဲရောက်တော့လဲခါးပတ်တို့အားမပတ်ပဲ လက်ပိုက်၍ထိုင်နေသူကြောင့် ဂျောင်ကုမှာBabyအနားတိုးသွားလိုက်ပြီး ကားခါးပတ်တို့အားပတ်ပေးပြန်တော့လဲ ဘာမှပြောမလာပဲငြိမ်ထိုင်နေပြန်သည်။
"မောင့်ကိုလက်ပေး"
လက်တို့ကိုဖြန့်၍တောင်းလိုက်သော်လဲ သူ့ကိုလှည့်ကြည့်လာသည့်Babyကချက်ခြင်းပေးမလာသော်ငြား၊ ခဏနေတော့သူ့လက်ဖဝါးပေါ်ထပ်ကျလာသည့် လက်ဖဝါးလေးကြောင့် ဂျောင်ကုအသာပြုံးလိုက်ရင်းပင် ထိုလက်ကလေးကိုဆုတ်ကိုင်ရင်းသာ ကားကိုလက်တစ်ဖက်တည်းဖြင့်မောင်းစေ၍ ရုံးသို့သွားဖြစ်တော့သည်။
"မောင်"
"ဗျာ"
"ပြန်ရင်ကိတ်မုန့်ဆိုင်ကိုဝင်မယ်နော်"
"ကိတ်စားချင်လို့လား"
"အွန်းးး"
"အခုတစ်ခါတည်းဝင်လိုက်မယ်"
"အပြန်မှဝင်လဲရပါတယ်"
"ကိတ်မုန့်စားချင်နေတာမဟုတ်လား Babyစားချင်တာထက် မောင့်အတွက်ဘာမှအရေးမကြီးဘူး...ကဲကိတ်မုန့်ဆိုင်ကောင်းကောင်းမောင်သိတယ်ရှေ့နားလေးတင်ဆိုရောက်ပြီ"
မောင်စကားတို့ပင် သိပ်မကြာသေး မှန်အကြည်တို့ဖြင့်ကာရံထားသည့်ဆိုင်ရှေ့လေးရောက်တာနဲ့ ကားဟာထိုးရပ်လို့သွားပြီး သူ့လက်ကိုဆုတ်ကိုင်လို့ထားတဲ့ မောင်လက်တို့ဟာဖယ်ခွာသွားတာနဲ့အမျှ မောင်ကကားပေါ်ကဆင်းလို့သွားသည်၊ ဆင်းသွားတာနဲ့ချင်ခြင်းပင် သူ့ကားတံခါးဘက်သို့လျှောက်လာသည့်မောင်ကကားတံခါးကိုဖွင့်ပေးလာပြီး သူ့ကိုကားပေါ်ကဆင်းစေတော့ ထယ်ယောင်းခါးပတ်ကိုချွတ်ကာ ကားပေါ်ကဆင်းတော့လဲ ကားအပေါ်ဘောင်နဲ့သူ့ခေါင်းစောင့်မိမှာဆိုးတာမို့ မောင်ကသူ့လက်တို့ဖြင့်ကာထားပေးသေးသည်။
ကားပေါ်ကဆင်းတာနဲ့သူ့လက်တို့ကိုရှင်ယှက်ဆုတ်ကိုင်လို့လာပြီး အရှေ့ကဦးဆောင်ကာသူ့လက်ကိုဆွဲခေါ်သွားသည်နောက် ထယ်ယောင်းလိုက်ပါသွားရတော့၏၊ ဆိုင်ထဲသို့ရောက်တာနဲ့ ဆိုင်ထဲတွင်လူကသိပ့်များများစားစားရယ်လိုမရှိ၊ မောင်ကသူ့လက်ကိုကိုင်ထားသည့်အတိုင်းသာ သူ့ကိုကိတ်မုန့်ရွေးစေရန်နေရာသို့ခေါ်သွားပေးသေးသည်။ ကိတ်ကလေးတွေဟာအဆင်သင့်ပြုလုပ်ထားပြီးသားမို့ မှန်အကြည်ဗွီဒီယိုလေးထဲထည့်လို့ထားပြီး ကိုယ်လိုချင်တာရွေးပြီးမှသာ အရောင်းဝန်ထမ်းလေးကသေချာထုတ်ပိုးပေးတာလဲဖြစ်သည်။
"စတော်ဘယ်ရီကိတ်ပဲလား"
သူ‌ဘာစားရင်ကောင်းမလဲရွေးနေရင်းပင် အနားကမေးလာသည့်မောင့်အပြောကြောင့် ‌ထယ်ယောင်းမောင့်ကိုကြည့်ကာ အနားနားတိုးကပ်သွားလိုက်ပြီး နှစ်ယောက်သားကြားယုံအသံအနေထားဖြင့်သာ။
"မောင်ရောဘာကိတ်စားချင်လဲ"
"Babyကြိုက်တာသာရွေး မောင်ကBabyစားတာစားတယ်"
ထိုစကားကသူ့တို့နှစ်ယောက်ကြားယုံသာမဟုတ်ပဲ ဘေးနားကလူတွေကြားလောက်သည့်ထိ မောင်ကအသံကိုထိန်းချုပ်မထားပဲပြောချလိုက်တာမို့ ထယ်ယောင်းမျက်နှာတို့ပင် ပူလာရတော့သည်၊ အရှေ့ကအရောင်းဝန်ထမ်းလေးကလဲ သူတို့ကိုအံဩသယောင်ကြည့်လို့နေတာမို့။
"ဟို...ဒီကိတ်ကလေးပဲယူမယ်နော်"
ထယ်ယောင်းစတော်ဘယ်ရီကိတ်ရှိရာသို့ လက်ညိုးထိုး၍ထောက်ကာပြလိုက်မိတော့သည်။
"Babyမျက်နှာကပိုရဲလာပါ့လား ကိုယ်ပူကျမသွားဘူးလား..မှန်းစမ်း"
အပြောထပ်လက်တို့ဟာပို၍မြန်ဆန်နေသလို သူ့နှာဖူးပေါ်ရောက်လာသည့်လက်တို့ကို ထယ်ယောင်းမတားလိုက်မိသလို သူ့ခန္ဓာကိုယ်ဟာလဲထို‌လက်တို့ကိုမရှောင်လိုက်မိ၊ သူ့ခန္ဓာကိုယ်ဟာထိုအတိုင်းတောင့်တောင့်ကြီးရပ်လို့နေမိပြီး။
"ကိုယ်လဲမပူပါဘူး ဘာလို့မျက်နှာကအရမ်းရဲနေတာလဲ"
ထယ်ယောင်းမောင့်ရဲ့အပြောကိုမသိချင်ယောင်ဆောင်ကာ အရှေ့ကကိတ်‌မုန့် ပါဆယ်ဗူးကိုယူလိုက်ပြီး မောင့်ကိုမစောင့်ပဲအရှေ့ကထွက်လာလိုက်တော့သည်၊ မောင်ကတော့ပိုက်ဆံရှင်းနေသည့်ထင်ပါရဲ့ ထယ်ယောင်းနောက်သို့ချက်ခြင်းလိုက်လို့မပါလာ သို့သော်ငြား သူကားနားကနေလှမ်းကြည့်မိတော့ ကောင်မလေးနှစ်ယောက်က မောင့်အရှေ့မှာရပ်ကာပင် စကားပြောနေတာကြောင့် ထယ်ယောင်းမျက်ခုံးတို့ပင်တွန့်ချိုးသွားရတော့သည်၊ သို့ပေမယ့်လဲ သူ့ကိုလှမ်းကြည့်လာသည့် မောင့်မျက်ဝန်းတို့ကိုထယ်ယောင်းမသိချင်ယောင်ဆောင်ကာ တစ်ဖက်သို့လှည့်လိုက်မိရင်း နားထဲမှာကြားလိုက်ရသည်က။
Sorry ဟိုမှာအမျိုးသားကစောင့်နေတာမို့ဟု၍သာ၊ ထိုစကားတို့ကိုအဝေးကလှမ်းကြားလိုက်တာ သိပ်မကြာခင်မှာပါ လူအကောင်လိုက်ကြီးက ထယ်ယောင်းဘေးသို့ရောက်လာတာနဲ့။
"Babyကကိုယ့်ကိုတောင်မစောင့်ဘူး"
"အီစီကလီလုပ်နေတဲ့လူကိုဘာလို့စောင့်ရမှာလဲ"
သူ့ကိုမျက်စောင်းသည်ဟုမမည်တဲ့မျက်စောင်းတို့ဖြင့်အသာလေးထိုးကာ ကားပေါ်တက်တော့မည့်Babyလက်ကလေးတစ်ဖက်ကို လှမ်းဆွဲပြီးတာနဲ့ အနောက်ကစောနကအမျိုးသမီးနှစ်ယောက်ကို အသံပေးကာသူ့တို့ကိုကြည့်စေပြီးတာနဲ့။
"မောင့်ကပိုင်ရှင်ရှိမှန်းသူတို့သိပါတယ်"
"ဟင်..အွန့်...."
ဘေးတစ်ဖက်တွင်ရှိသည့်လက်နှစ်ဖက်စလုံးကိုဆုတ်ကိုင်လို့ထားပြီးတာနဲ့ လန့်၍ကိတ်မုန့်ဗူးကိုလဲပြုတ်မကျသွားစေဖို့အရေး‌ ဂျောင်ကုထိုကိတ်မုန့်ဗူးကိုင်ထားသည့်လက်ကလေးဘက်ကို သူ့လက်ဖြင့်လဲကိတ်မုန့်ဗူးကိုချိတ်တွယ်၍ကိုင်ပြီးတာနဲ့၊ ‌ကားဘောင်နှင့် သူ့ခန္ဓာကိုယ်ကြားညှပ်ကာပင် ရုန်းထွက်လို့မရတော့အောင် ဗိုက်ကြီးသယ်လေးအားသူရမ်းကားမိတာနဲ့အမျှ.....။
လူရမ်းကားဟု၍ Nickname ကြီးဟာလဲ ထက်၍ပေါ်ထွက်လာပြန်တော့သည်၊
6.1.24
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
ပြီးဆုံးဖို့နီးကပ်လာတာနဲ့အမျှ SEVENဖတ်ရသည့်အပေါ် စာဖတ်သူတွေဘက်ကအမြင်လေးတွေဝေမျှခဲ့လို့ရမလား?
စကားမဆက်ဂျေ့ကိုFollowမထားနဲ့စာဖတ်သူတွေကိုအသိပေးချင်တာက ဂျေ့Wallထဲမှာနန်းတွင်းFicလေးတစ်ပုဒ်Upထားပါတယ်နော်
Vote....Cmt...စာဖတ်သူတစ်ယောက်ခြင်းဆီကို ကျေးဇူးတင်လျှက်
/ဂျေ/
Zawgyi ........
.
.
>>>>>>>>>
"အွန့်....ဟင့်......"
ချော့မော့နေရင်းပင် နားထဲတွင်ကြားလိုက်ရသည့်ရိုက်သံသေးသေးလေးတွေကြောင့် ဂျောင်ကုအထိမခံသည့် Babyစောင်စလေးကိုဆွဲဖယ်ကြည့်လိုက်မိ၏၊ စောင်ပုံထဲကမျက်နှာလေးဟာမဲ့၍ မျက်လုံးထောင့်ဘေးတွင်အဆက်မပျက်ကျဆင်းလို့နေတဲ့မျက်ရည်တွေကြောင့်။
"ဆိုးဆိုးလိုက်မှာ"
>>>>>
"မောင့်ကိုလက်ပေး"
"မောင်"
"ဗျာ"
"ကိတ်စားချင်လို့လား"
"အွန်းးး"
"အပြန်မှဝင်လဲရပါတယ်"
"စတော်ဘယ်ရီကိတ်ပဲလား"
"ဟင်..အွန့်...."
6.1.24
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
/ဂျေ/
Continue Reading
You'll Also Like
1M 43K 45
For as long as Andi Mason can remember, love has been one of her biggest wishes. But also one of her hardest parts of her life. She has not succeeded...
64.3K 8.3K 35
1M 37.9K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
525K 11.1K 79
Ash and Pikachu are sent back in time to prevent a major tragedy that could happen in the future. Ash, though turned into a teenager again, still has...