လျန်အာ / မယ်တော်ကြီး
ချင်းမိန်းကလေးရောက်ရှိခစားပါတယ်
မယ်တော်ကြီး / ပေးဝင်လိုက်
ချင်းဟွာ / မယ်တော်ကြီးကို ချင်းဟွာ ဂါရဝပြုပါတယ်
မယ်တော်ကြီး / လူကိုယ်တိုင်ရောက်လာတာဆိုတော့ ကိစ္စအထွေအထူးရှိလို့လား ချင်းဟွာ
ချင်းဟွာ / မရှိပါဘူး မယ်တော်ကြီး
စစ်သူကြီးကျန်းချန်က မယ်တော်ကြီးထင်သလို
မင်းကြီးကိုပုန်ကန်မဲ့သူထဲမှာမပါ ပါဘူး
မယ်တော်ကြီး / အင်း... ငါသံသဃ တွေများသွားတာပါ အခြားရောလျောက်တင်စရာရှိသေးလား
ချင်းဟွာ / တကယ်တော့ မင်းကြီးကို ပုန်ကန်ခဲ့သူတွေက...
ထိုအချိန်မှာပဲ အခန်းထဲကို အရေးတကြီးဝင်လာတဲ့ လျန်အာ
လျန်အာ / မယ်တော်ကြီး နန်းတွင်းကိုချက်ချင်းပြန်ခဲ့ရပါမယ်
ပြသာနာအကြီးအကျယ်တက်နေပါတယ်
မယ်တော်ကြီး / ဘာဖြစ်တာလဲ လျန်အာ!!!
လျန်အာ / ကြင်...ကြင်ယာတော်ရှောင် ကိုယ်ဝန်ပျက်ကျသွားပါတယ်တဲ့ ...
မယ်တော်ကြီး / တောက်!!! ဒီမိန်းကလေးအတင့်ရဲလိုက်တာ
နန်းသွေးကိုမှထိရဲတယ်ပေါ့ မင်းကြီးက ဘာမှအပြစ်မစီရင်ဘူးလား!!!
လျန်အာ / မင်းကြီးက ကြင်ယာတော်ရှောင့် အပေါ် အထင်လွဲမှားနေပါတယ်
ထိုအခါ မယ်တော်ကြီးက ဒေါသထွက်ကာ
မယ်တော်ကြိး / အခုချက်ချင်းနန်းတွင်းပြန်မယ် လျန်အာ !!!
ချင်းဟွာ မင်းပါ နန်းတွင်းကိုလိုက်ခဲ့ပါ
ချင်းဟွာ / အမိန့်အတိုင်းပါ မယ်တော်ကြီး...
ဝမ်ပြည်ထောင် နန်းတွင်း၌
မင်းကြီးနန်းဆောင်ရှေ့တွင်
နေမကောင်းတဲ့ကြားမှ ဒူးထောက်လျက်
သူ၏အစေခံမိန်းကလေးအား
မြေအောက်အကျဉ်းထောင်မှ လွှတ်ပေးရန် မင်းကြီးအား
အသနားခံနေသော
ကြင်ယာတော် ရှောင်ကျန့်ရှိလေသည်။
အထိန်းတော်ကြီးက မင်းကြီးဘေးတှငျ မှင်သွေးပေးရင်းမှ
အထိန်းတော်ကြီး / မင်းကြီး...အပြင်ဘက်ဆောငျးလကေ
အလွန်တရာမှ အေးစက်လွန်းပါတယ် ပြီးတော့
ကြင်ယာတော်ရှောင်ကလဲ
အခုထိနေကောင်းသေးတာမဟုတ်တော့
မင်းကြီး / ထွက်သွား!!! ငါကိုယ်တော် သူ့ကိုအပြစ်ပေးထားတာမရှိဘူး သူ့ဘာသာ သူ့ဆန္ဒနဲ့သူ လာဒူးထောက်နေတာ
မင်းကြီးဟာ ပြတ်သားလွန်းလှသည်။
ဒီတော့ မနေနိုင်ရှာတဲ့အထိန်းတော်ကြီးကပဲ
အထိန်းတော်ကြီး / မင်းကြီး... သူ့ရဲ့ အစေခံမိန်းကလေးကို ပ ပြန်လွှတ်ပေးလိုက်ရုံပါပဲ ကျွန်တော်မျိုးဒူးထောက်ပြီး
တောင်းပန်ပါ့မယ်
မင်းကြီး / မောင်မင်းပါ ခေါင်းပေးချင်သလား!!! သူ့အပြစ်သူသိအောင် ပြစ်ထားလိုက်ပါ ကိုယ်တော့်ရဲ့ ကလေးကို ထိပါးထားတာ ဝန်မခံမချင်း သူ့အစား သူ့အစေခံမိန်းကလေးကို နှိပ်စက်မေးမြန်းစေ!!!
မင်းကြီးကတော့ တစ်ချက်လွှတ်အမိန့်ချမှတ်ပြီးတာနဲ့
အိပ်ဆောင်တော်ဝင်သွားလေသည်။
အပြင်မှာတော့ အေးစက်တဲ့ဆောငျးရာသီကို အံတုရင်း မင်းကြီးအား အသနားခံနေသော ကြင်ယာတော်လေးလဲရှိနေပေသည်။
အထိန်းတော်ကြီး / ကြင်ယာတော်လေး ပြန်ပါတော့
မင်းကြီးရဲ့ အမြတ်ဒေါသတွေပြေလျော့သွားမှ
အသနားခံစာပို့ကြည့်ပါ အခုလိုဆက်နေ နေရင်
ကြင်ယာတော်ရဲ့ ကျန်းမာရေးအတွက်စိတ်ပူရပါတယ်
ရှောင်ကျန့် / မပြန်ဘူး ယွဲ့ ယယ်က ဒီကိစ္စနဲ့မပတ်သက်ပဲ
မတရားခံရတာ ယွဲ့ယယ်ကို ပြန်မလွှတ်ပေးမချင်း မပြန်ဘူး
ခေါင်းမာလွန်းလှတဲ့ ကြင်ယာတော်လေးနဲ့
ရက်စက်ပြီးအသဲမာနိုင်လွန်းတဲ့ မင်းကြီးကြောင့်
အထိန်းတော်ကြီးလဲ
စစ်သူကြီးကျန်းချန်ကို အမြန်သာနန်းတွင်းပြန်လာဖို့
စာပို့ခို ေစလွတ်ရေပတော့သည်။
နောက်တစ်နေ့ မနက် မင်းကြီး နန်းဆောင်ကထွက်လာတဲ့အချိန်မှာတော့ တညလုံးဒူးထောက်နေဆဲ ရှောင်ကျန့်က အားနည်းကာနွမ်းလျနေပြီမို့ အနည်းငယ်တော့ စိတ်ပူသွာရသည်။
ရှောင်ကျန့် / ရှောင်ကျန့်က မင်းကြီးကိုမြင်တာနဲ့...
အ..အရှင်...ယွဲ့ယယ်...သူ...အပြစ်မရှိပါဘူး အပြစ်ပေးမယ်ဆို ...ကျွန်တော်မျိုး...
မင်းကြီး / ရှောင်...ရှောင်ကျန်!!
ထပ်မံ၍ သတိလစ်ကာ လဲကျသွားတာကြောင့်
မင်းကြီးက အမြန်ထိန်းပွေ့ လိုက်ရသည်။
သတိလစ်ကာ အိမ်ယာပေါ်လဲလျောင်းနေသော
ကြင်နာသူကိုကြည့်၍
မင်းကြီးမှာ စိတ်မကောင်းဖြစ်ရပြန်လေသည်။
သို့သော်လဲ မတက်နိုင်ပါ
မိမိ၏သွေးသားကိုဖျက်စီးထားသူမို့
အနည်းငယ်တော့ ပြစ်ဒဏ် ပေးရန်စီစဉ်ရပေမည်။
မင်းကြီး / အထိန်းတော်ကြီး သူ့သတိရတာနဲ့ သူ့ ရဲ့ အစေခံမိန်းကလေးယွဲ့ယယ်ကို ခဏတွေ့ ခွင့် ပေးလိုက်ပါ လွှတ်ပေးဖို့ကတော့ အပြစ်ကိုဝန်မခံမချင်း မရဘူးလို့ပြောလိုက်
အထိန်းတော်ကြီး / အမိန့်အတိုင်းပါမင်းကြီး...
စာပို့ခိုရဲ့စာဟာ စစ်သူကြီးမင်းဆီ ရောက်သွားတဲ့အချိန်မှာတော့
စစ်သူကြီးမင်းက
ချက်ချင်းမင်းနေပြည်တော်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်လေသည်။
တစ်ဖက်တွက်လဲ မိဖုရားကြီးတို့က ချင်းဟွာဆိုခေါ်ဆောင်တာ နန်းတွင်းသို့ ပြန်လာနေကြပြီဖြစ်သည်။
ရှောင်ကျန့် သတိရလာတာ ဘေးပတ်ဝန်းကျင်မှာ အထိန်းတော်နဲ့ အပျိုတော်နှစ်ယောက်ကလွဲ မည်သူမျှရှိမနေပါချေ..
သတိရပြီး သိပ်မကြာခင်မှာ ယွဲ့ယယ်ကိုတွေ့ ခွင့်ရသည်ဆိုသောကြောင့် ချက်ချင်းပင် မြေအောက်အကျဉ်းတိုက်ထဲ သွားရောက်တွေ့ စုံလေသည်။
ဟိုရောက်တော့ ယွဲ့ယယ်ကိုရိုတ်နှပ် နှိပ်စက်ထားသည်ကို
မြင်တွေ့သွားကာ
များစွာစိတ်မကောင်းဖြစ်သွားရပေသည်။
ရှောင်ကျန့် / ယွဲ့ယယ်...ဒါ...ဒါက ဘယ်လိုများ...
ယွဲ့ယယ် / သ...သခင်လေး
ဘာလို့ ဒီအထိလိုက်လာရတာလဲ နေကောကောင်းပြီမို့လို့လား
ရှောင်ကျန့် / ယွဲ့ယယ်
မင်းကိုယ်တိုင်ဒီလောက်ထိနှိပ်စက်ခံထားရတာတောငျ
ငါ့ကိုစိတ်ပူနိုင်သေးတာလား
ရှောင်ကျန့်က စိတ်မကောင်းစွာ ငိုရင်း ထိုသို့ဆိုလေတော့
ယွဲ့ယယ် / မငိုပါနဲ့ သခင်လေး
ဘာမှမဖြစ်ဘူး ယွဲ့ယယ်က ခံနိုင်ရည်ရှိပါတယ် စိတ်မပူနဲ့
ရှောင်ကျန့် / ဟင့်...ငါ...ငါ..အရှင့်ကို
သေချာသွားပြီးရှင်းပြပေးမှာမို့
မင်းမှာ အပြစ်မရှိကြောင်းပြောပေးမှာမို့
ခဏပဲ ခဏပဲသည်းခံပေးပါ
ယွဲ့ယယ် / သခင်လေးသာ အရင်ဆုံးနေကောင်းအောင်လုပ်ပါ
ယွဲ့ယယ်သေရမှာလဲမကြောက်ဘူး
ယွဲ့ယယ် သခင်လေးကို အဆုံးထိမကာကွယ်ပေးနိုင်တာကိုပဲ
မကျေမနပ် ဖြစ်တာ
ရှောင်ကျန်လဲ ယွဲ့ယယ် ဆီမှအပြန် အရှင့်ရှေ့ ဒုတိယအကြိမ်မြောက် အသနားခံလေသည်။ ဒီတစ်ခါတော့ အရှင်ကထွက်တွေ့ လာ၏။
မင်းကြီး / မင်းအပြစ်ကို မင်းဝန်ခံရင် သူ့ကိုပြန်လွှတ်ပေးမယ်
ရှောင်ကျန့် / အပြစ်...? ကျွန်တော်မျိုး ဘာအပြစ်မှမကျူးလွန်ထားပါဘူးအရှင်
မင်းကြီး / မင်းက အခုထိခေါင်းမာနေတုန်းဆိုတော့လဲ မင်းဆန္ဒအတိုင်းပေါ့
ရှောင်ကျန့် / မဟုတ်ဘူး မဟုတ်ဘူး အဲ့လိုမလုပ်ပါနဲ့...
ကျွန်တော်မျိုး...ကျွန်တော်မျိုး
အပြစ်ဝန်ခံပါ့မယ် ယွဲ့ယယ် အဲ့ကလေးမှာအပြစ်မရှိပါဘူး
ပြန်လွှတ်ပေးပါအရှင်
အချိန်ခဏလောက်တိတ်ဆိတ်သွားပြီးမှာတော့
ရှောင်ကျန့် / ကျွန်တော်မျိုး... ကိုယ်သွေးသားတို့...
ဟင့်...ပြန်သတ် ပါတယ်အရှင်...
ရှောင်ကျန့် ထိုစကားများကိုဝန်ခံနေသည့်အချိန်တွင်
ရင်ဘတ်ထဲက အသဲနှလုံးတွေကို
ကိုယ်တိုင် ချေမွနေရသလိုခံစားရသည်။
အရှင်လက်လက်ရင်တို့အစိမ်းခွဲနေရသလိုပင်
သူ့ကိုယ်တိုင် မကျူးလွန်ထားတဲ့အပြစ်ကို
ဝန်ခံနေရသည့်အပြင်
ကိုယ့်သွေးသားကိုယ်ပြန်သတ်သည်တဲ့
ဘယ်လို့ထောင် ရက်စက်လိုက်တဲ့စကားလုံးများလဲ
မင်းကြီး / ကောင်းပြီ ကိုယ့်အပြစ်ကိုယ်သိတယ်ဆိုရင်အပြစ်ဒဏ်ကို ကိုယ်တိုင်စီရင်...
ထိုအချိန်...
အထိန်းတော်ကြီး / မင်းကြီး...မယ်တော်ကြီးက ဒီနေ့ချက်ချင်းပဲ နေပြည်တော်ကိုပြန်လာနေပါတယ်တဲ့ အဲ့တာ သူပြန်ရောက်တာနဲ့ အခမ်းအနားနဲ့တကွ ကြိုဆိုပွဲပြုလုပ်ပေးရမယ်လို့ စာပို့ခိုလွှတ်လိုက်ပါတယ်
မင်းကြီး / အဟက် ကောင်းလိုက်တာ ေရှာင်ကျန့်
မင်း ဘယ်တုန်းက မယ်တော့်ဆီ စစ်ကူလှမ်းတောင်းလိုက်တာလဲ !!!
ရှောင်ကျန့်ကတော့ မင်းကြီးကို ဖြေရှင်းချက်တွေပေးပြီးငြင်းမနေတော့ပဲ မင်းကြီးပြောသမျှကိုသာ ခပ်အေးအေးပြုံးလျက်တုန့်ပြန်လိုက်တော့သညျ။