Hey ! You Have To Be My Husba...

By Eros_90

165K 7.5K 358

My Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။ More

❗❗Review ( Uni+Zaw )
ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw
အသိပေးခြင်း ( အသိပေးခြင်း )
Part- 1 ( Uni )
Part- 1 ( Zaw)
Part - 2 ( Zaw )
Part - 3 ( Uni )
Part - 3 ( Zaw )
Part - 4 ( Uni )
Part - 4 ( Zaw )
Part - 5 ( Uni )
Part - 5 ( Zaw )
Part - 6 ( Uni )
Part - 6 ( Zaw )
Part - 7 ( Uni )
Part - 7 ( Zaw )
Part - 8 ( Uni )
Part - 8 ( Zaw )
Part - 9 ( Uni )
Part - 9 ( Zaw )
Part - 10 ( Uni )
Part - 10 ( Zaw )
Part - 11 ( Uni )
Part - 11 ( Zaw )
Part - 12 ( Uni )
Part - 12 ( Zaw )
Please
Part - 13 ( Uni )
Part - 13 ( Zaw )
Part - 14 ( Uni )
Part - 14 ( Zaw )
Please ❗❗
Part - 15 ( Uni )
Part - 15 ( Zaw )
Part - 16 ( Uni )
Part - 16 ( Zaw)
Part - 17 ( Uni )
Part - 17 ( Zaw )
Part - 18 ( Uni )
Part - 18 ( Zaw )
Part - 19 ( Uni )
Part - 19 ( Zaw )
Part - 20 ( Uni )
Part - 20 ( Zaw )
Part - 21 ( Uni )
Part - 21 ( Zaw )
Part - 22 ( Uni )
Part - 22 ( Zaw)
Part - 23 ( Uni )
Part - 23 ( Zaw )
Part - 24 ( Uni)
Part - 24 ( Zaw)
Part - 25 ( Uni )
Part - 25 ( Zaw )
Part - 26 ( Uni )
Part - 26 ( Zaw )
Thank You For All ( Uni + Zaw)

Part - 2 ( Uni )

6.4K 376 13
By Eros_90


အပိုင်း - ၂

" အလင်း အဲမှာဘာရပ်လုပ်နေတာလဲ။ အခန်းထဲဝင်လာခဲ့လေ "

*
*
*
*
*
*
*
*

ကိုယ်သဘောမကျသောနာမ်စားကို တွင်တွင်ခေါ်နေသည့်ကောင်လေးအား မျက်မှောင်ကျုံ့ပြီး ကြည့်မိသည်။ဒါကိုသတိထားမိသူက ချက်ချင်းရီပြလာရင်း ကိုယ့်အနားကို ဖျိုးဖျိုးဖျက်ဖျက်နှင့်လျှောက်လာတော့၏။ အနားရောက်တာနှင့်
ကိုယ့်လက်ကိုဆွဲခေါ်လာပြီး ကုတင်ပေါ်ထိုင်စေသည်။Laptop Screen ပေါ်တွင် ဆရာနှင့်အစ်ကိုလေးသက်ထက်ပန်ကို တွေ့လိုက်ရတာကြောင့် နှုတ်ဆက်လိုက်ရပြန်၏။

" ဆရာနဲ့အစ်ကိုလေး အဆင်ပြေရဲ့လား "

" ပြေတယ် ကိုလင်းမြတ် "

" ငါ့အမျိုးသားအနားရှိရင် အဆင်ကပြေနေပြီးသားပဲ "

ဆရာ့ရဲ့ခပ်ရွှင်ရွှင်စကားအဆုံး ကိုယ့်အနောက်မှာထိုင်နေသည့်လုံးလုံးက ကုတင်ကိုလက်သီးဖြင့်ခပ်ဖွဖွထိုးပြလာကာ

" ဂါး! ဒါကဘယ်လိုတောင် ပလီပလာတွေများနေရတာလဲ။ သားလေးကိုမသနားဘူးလား Dad "

" သနားရအောင် မင်းကိုငါ အိမ်ပေါ်ကများနှင်ချမိလို့လား။အဖေတွေအီတလီလာမယ်ဆိုကာမှ မင်းကချက်ချင်းမြန်မာပြည်ပြန်လာမယ်ဖြစ်တာလေ ။ မင်းအကြောင်း ငါသိများသိနေသလားလို့ "

" Stop!Stop! တော်လိုက်တော့Dad။ အခု Dadကဖေနဲ့ အီတလီမှာချစ်ကြည်နူးနေရမဲ့အချိန်လေ။ သားလေးလဲအနားယူတော့မယ် ဟုတ်ပြီလား "

" ဟုတ်ပါပြီ ကိုလင်းမြတ်ရေ လုံးလုံးလေးကိုဂရုစိုက်ပေးပါနော်။ ပြောရဆိုရခက်နေရင်လဲ အချိန်မရွေးလှမ်းတိုင်လို့ရပါတယ်။ အီတလီကိုချက်ချင်းပြန်ခေါ်ပါ့မယ်"

အစ်ကိုလေးသက်ထက်ပန်၏စကားအဆုံးတွင် အနောက်ဘက်မှသည် ကိုယ့်ခါးကိုတင်းကျပ်စွာဖက်လာသည့်လက်တစ်စုံနှင့် ကိုယ့်ပခုံးပေါ်ကိုမှေးတင်လာသည့် မျက်နှာတစ်ခု။
ရုတ်တရက်မို့လှည့်ကြည့်လိုက်မိသည့်အခါ ထိုသူ၏ပါးပြင်နှင့်ကိုယ်နှာဖျားက ခပ်ဖွဖွထိမိသွားရတော့၏။ သူ့မိဘတွေအရှေ့မှာမို့ အားနာစိတ်ကြီးသွားရတော့သည်။ ဖက်တွယ်ထားသည့်လက်တစ်စုံထဲမှ မသိမသာရုန်းထွက်မိသော်လည်း ပိုမိုတင်းကျပ်သွားသည့်အခြေအနေကိုသာကြုံရပြန်သည်။ အတင်းအကျပ်ရုန်းရင်လည်း သရုပ်ပျက်တော့မည်။

" အီတလီမှာ ဖေတို့သာ အဆင်ပြေအောင်နေပါနော်။သားက ဒီမှာအလိမ္မာတုန်းလေးလိုနေမှာပါ။ အခုတော့နားပါတော့မယ်ဗျာ။ Bye!"

" ဟုတ်ပြီ ဟုတ်ပြီ ကိုလင်းမြတ်ရေ သားကိုစိတ်ချလက်ချထားခဲ့ပြီနော်။ အခုချိန်မှာ သူ့အုပ်ထိန်းသူက ကိုလင်းမြတ်မို့ သဘောရှိသလိုဆုံးမလို့ရပါတယ် "

" ကဲ လင်းမြတ်ရေ သက်လုံးပုံရစ်သမျှ ခဏတော့သည်းခံလိုက်ပါငါ့ညီရာ။ သက်ထက်ပြောသလိုပဲ အမြင်မတော်သမျှဆုံးမလို့ရပါတယ်။ငါကခွင့်ပြုတယ်။ဒါပဲကွာ"

" ဟုတ်ကဲ့ဆရာ "

Laptop Screen ပေါ်မှ ဆရာနှင့်အစ်ကိုလေး၏ရုပ်ပုံပျောက်ကွယ်သွားတော့မှ ကိုယ့်ခါးဆီသိုင်းဖက်ထားသော လက်တစ်စုံဆီမှ ရုန်းထွက်လိုက်ရ၏။ ခန္ဓာကိုယ်အရွယ်အစားအရ အရမ်းအားစိုက်ရုန်းစရာမလိုဘဲ ခဏလေးအတွင်းလွတ်မြောက်သွားရသည်။ 

" မင်း ဘယ်လိုတွေနေတာလဲ လုံးလုံး။ မိဘတွေရှေ့မှာ ဘယ်လိုတောင်လေးစားမှုကင်းမဲ့တဲ့အပြုအမူလဲ "

ကိုယ်ကစိတ်တိုနေသော်လည်း ကုတင်ပေါ်ထိုင်နေသူကအပြုံးပင်မပျက်ချေ။

" ဘယ်လိုနေမိလို့လဲ။ ကိုယ့်မိဘတွေအမြင်မှာတော့ အလင်းနဲ့ကိုယ်က တူနဲ့ဦးလေးအရွယ်ဆိုတော့ သူတို့်မျက်စိထဲ တူလေးဖြစ်သူက ဦးလေးကိုစနောက်နေတယ်လို့ပဲ ထင်စရာရှိတာပါ။ ဒါကိုအလင်းက ဘယ်လိုအတွေးလွန်နေလဲ ကိုယ်လဲမသိတော့ဘူးရယ်"

ခွန်းတုံ့ပြန်စကားကိုပြောရင်း လက်ဖဝါးနှစ်ဖက်ကိုဖြန့်ပြလာကာ ပခုံးပင်တွန့်ပြလာသေးသည်။ ကိုယ့်ကိုအလင်းလို့တွင်တွင်ခေါ်ပြီး သူ့ကိုယ်သူ ကိုယ်ဆိုသည့်နာမ်စားအထိသုံးလာသည်
၁၈နှစ်ကျော်စအရွယ်ကောင်လေးသည် ကိုယ့်ကိုများစွာစိတ် အနှောက်အယှက်ပေးနေလေပြီ။ ဒါတောင် ရောက်လာတာ တစ်ရက်တင်းတင်းမပြည့်သေးချေ။

" ကိုယ်ပြောထားပြီးသားနော်။ ဒါမြန်မာပြည် မင်းကျင်လည်ခဲ့တဲ့နေရာမဟုတ်ဘူးလို့။ အနည်းဆုံးတော့ မင်းအပြုအမူတွေကိုငါမကြိုက်ဘူး "

" ကိုယ့်ရဲ့ဘယ်လိုအပြုအမူတွေကိုမကြိုက်တာလဲ ပြောကြည့် "

ထိုင်နေရာကနေ မတ်တတ်ထရပ်ကာ ကိုယ့်အနားကိုလှမ်းလာရင်း မေးလာသည့်စကား။ နှစ်ယောက်သားလက်တစ်ကမ်းအလိုသို့အရောက်တွင် ကိုယ့်လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး သူ့ရင်ဘက်ကိုတွန်းထားလိုက်ရ၏။

" ငါမကြိုက်တဲ့ မင်းရဲ့အပြုအမူတွေကိုမပြောခင် ပထမဆုံးငါ့အိမ်မှာနေရင် လိုက်နာရမဲ့စည်းကမ်းတွေကို အရင်ပြောပြမယ်။ ပထမဆုံး ငါနဲ့တွေ့ရင် ဘယ်နေရာမှာနေနေ အနည်းဆုံးသုံးပေအကွာမှာနေ "

ကြားလိုက်ရသည့်စကားကြောင့် သျှန်းအံ့လည်း ရီချင်သွားရတော့သည်။ ကိုယ့်ရဲ့အလင်းက တကယ်ကိုဇီဇာကြောင့်သည့်
ဦးလေးကြီးပင်ဖြစ်နေလေပြီ။ ရီချင်စိတ်ကိုထိန်းထားရင်း

" သုံးပေအကွာမှာနေရအောင် ကိုဗစ်ကာလမှ မဟုတ်တာအလင်းရယ်။ အလင်းလဲအဆင်ပြေ ကိုယ်လဲအဆင်ပြေအောင်လိုတိုးပိုလျှော့ တစ်ပေခွဲမကွာလောက်တော့လုပ်ပါလား "

" ငါရီစရာပြောနေတာမဟုတ်ဘူး လုံးလုံး။ ငါ့စည်းကမ်းကိုမလိုက်နာနိုင်ရင် ဒီအိမ်မှာမနေနဲ့။ ငါ့အပိုင်ဟိုတယ်မှာ မင်းအတွက်အခန်းတစ်ခန်းပြင်ပေးမယ်။ အဲမှာသွား.."

" Okay!Okay!ကိုယ်ကလူလိမ္မာလေးပဲဟာ။ သေချာပေါက်ကိုယ့်အုပ်ထိန်းသူရဲ့စကားကိုနားထောင်မှာပေါ့။ သုံးပေအကွာကို ကိုယ်လက်ခံတယ် ။ ဗြဲ ငိုသံတော့နည်းနည်းပါတယ်"

" နောက်တစ်ချက်အနေနဲ့ ကိုယ့်ကိုအလင်းလို့ခေါ်စရာမလိုဘူး။ မင်းနဲ့ကိုယ်က သက်တူရွယ်တူမဟုတ်ဘူး။ အခြားသင့်တော်တဲ့နာမ်စားတစ်ခုခုပြောင်းခေါ် "

" ဖေ့ဝမ်းထဲကကျွတ်ထဲက အူဝဲအူဝဲလို့မငိုပဲ အလင်းအလင်းလို့အော်ထွက်လာတဲ့ကောင်ကို အလင်းလို့မခေါ်နဲ့ဆိုတော့တော်တော်တော့ဂွကျနေပါပြီ ။ အလင်းလို့မခေါ်ရင် အမှောင်လို့ခေါ်ရမှာလား ပြော "

" မင်းစကားကိုကပ်ပြီးပြောမနေနဲ့ လုံးလုံး"

" ကိုယ့်ကိုတော့လုံးလုံးလို့ခေါ်ပြီး သူတော့အလင်းလို့မခေါ်နဲ့တဲ့။ ဘယ်မှာလဲ ကိုယ့်အတွက်တရားမျှတမှု"

" သက်လုံးပုံ မင်းဟိုတယ် ... "

" ဟုတ်ပြီ ဟုတ်ပြီ ဦးနိုင်လို့ခေါ်မယ်။ရပြီလား။ ဗြဲ ငိုသံကနှစ်ဆပါလာပြီ။ နှစ်ဆတို့သုံးဆတို့ဆို Spicy ကလွဲရင်ဘာမှကြိုက်တဲ့ကောင်မဟုတ်ဘူးလို့"

" နောက်တစ်ချက် "

" အာ! မပြီးသေးဘူးလားကွာ"

" မင်းကိုယ်မင်း ကိုယ်ဆိုတဲ့နာမ်စားမသုံးနဲ့။ ထပ်ပြောရရင်ငါနဲ့မင်းက ရွယ်တူမဟုတ်ဘူး"

" သိပါပြီဗျာ သိပါပြီ။ ထုတ်သမျှစည်းကမ်းလိုက်နာပါ့မယ်။ဒီနေ့မှရောက်လာတဲ့ဧည်သည်ကို ကြိုဆိုပုံကလှတယ်နော်။စည်းကမ်းချက်လေးတွေနဲ့ "

" နောက်ပိုင်း မင်းအချိုးပြေ မပြေစောင့်ကြည့်ရင်း စည်းကမ်းချက်ထပ်တိုးလာဖို့ရှိသေးတယ်"

" ဒါဆို ကျွန်တော်လဲ ပြန်ပြီးစည်းကမ်းထုတ်စရာရှိတယ် "

" ဘာကွ! မင်းကများ "

ရုပ်ခပ်တည်တည်နှင့် ကိုယ့်အိမ်ပေါ်တက်နေပြီး ကိုယ့်ကိုစည်းကမ်းပြန်ထုတ်ချင်နေသောငတိကြောင့် စိတ်တိုနေရလေသည်။ စိတ်ထိန်း ဒါဆရာ့သားတော်မောင်။

" အပြန်အလှန်ရှိမှတရားမျှတမှာပေါ့ မဟုတ်ဘူးလား"

" ကဲ မင်းကဘာစည်းကမ်းထုတ်မှာလဲ မိန့်တော်မူပါဦး"

" အခုဦးနိုင်ချမှတ်ထားတဲ့စည်းကမ်းသုံးခုကို ဦးနိုင်ဘက်ကစပြီးဖောက်ဖျက်မိရင် အခြားစည်းကမ်းချက်တွေကို အလိုအလျောက် ပယ်ဖျက်ပြီးသားဖြစ်စေရမယ်။ နောက်ထပ်စည်းကမ်းတွေထပ်မချမှတ်ရတော့ဘူး ။ ဘယ်လိုလဲ သဘောတူလား"

" ငါက စည်းကမ်းကိုစပြီးဖောက်စရာဘာအကြောင်းရှိ "

" အဲဒါဆို ကျွန်တော့်တောင်းဆိုချက်ကို လက်ခံပေးလေ။ကိုယ့်ကိုကိုယ် ယုံကြည်တယ်မဟုတ်လား "

" ကောင်းပြီလေ ငါလက်ခံတယ် "

" Okay! "

" အခုမင်းကို ညစာစားဖို့လာခေါ်တာ။ ဒီကိုပြန်ရောက်စဆိုတော့ မြန်မာထမင်းဟင်းပဲချက်ခိုင်းထားတယ်။ မင်းကဟိုဘက်ကအစားအသောက်တွေကို စားနေရတာအကျင့်ဖြစ်နေရင်တော့ နောက်ရက်တွေ မင်းစားချင်တာ အိမ်ကလူတွေကိုပြောလိုက်။ သူတို့ဝယ်ပေးလိမ့်မယ်"

" ထမင်းနဲ့ဟင်းကအဆင်ပြေပါတယ်။ အီတလီအစားအသောက်တွေစားချင်စိတ်ရှိလာရင်လဲ ကျွန်တော်ဘာသာပဲချက်စားလိုက်ပါ့မယ်။ ကျွန်တော် စားဖိုမှူးသင်တန်းလဲတက်ထားတော့
အစားအသောက်တော်တော်များများကို ကိုယ်တိုင်ချက်နိုင်ပါတယ်။ တစ်ချိန်ချိန်အိမ်ထောင်များကျခဲ့သည်ရှိသော် အမျိုးသားကို ဖွယ်ဖွယ်ရာရာချက်ကျွေးမယ်စိတ်ကူးနဲ့ အခုထဲကကြိုတင်ပြင်ဆင်ထားတာလေ။ အားတဲ့တစ်ရက်လောက်တော့
ဦးနိုင် ကျွန်တော့်လက်ရာကိုမြည်းစမ်းကြည့်ပါလား"

" ငါက ဘာလို့မင်းချက်ကျွေးတာကိုမြည်းရမှာလဲ။ စကားများမနေနဲ့။ ထမင်းသွားစားမယ်လာခဲ့တော့"

ပြောပြီးတာနှင့် ထမင်းစားခန်းထဲသွားဖို့ အခန်းပြင်သို့ထွက် လာခဲ့သည်။ အခန်းက အိမ်ရဲ့ဒုတိယထပ်မှာရှိနေတာမို့ အောက်ထပ်တွင်ရှိနေသောထမင်းစားခန်းထဲသွားဖို့ လှေကားထစ်တွေကို နင်းလျှောက်လာစဉ် နောက်ပါးဆီမှပြေးဆင်းလာသံကိုကြားလိုက်ရ၏။ အောက်ဆုံးက လှေကားထစ်ဆီအရောက် နောက်ကိုလှည့်ကြည့်လိုက်သည့်အခါ အပေါ်ကနေပြေးဆင်းလာသူသည် လှေကားဆယ်ထစ်လောက်နေရာမှာ ဟန်ချက်ပျက်ကာ ခြေချော်ကျမလိုဖြစ်သွားတာကိုမြင်လိုက်ရတော့၏။
စိုးရိမ်စိတ်နှင့်အတူ အပေါ်ကိုပြေးတက်သွားမိရင်း ထိုသူကိုလှမ်းဆွဲလိုက်မိတော့၏။

" ဘာဖြစ်တာလဲ လုံးလုံး "

စိုးရိမ်တကြီးမေးလိုက်မိပေမည့် ကိုယ့်ကိုသိမ်းကျုံးပွေ့ဖက်ခြင်းကိုသာခံလိုက်ရတော့၏။

" သက်လုံးပုံ ဒါကဘာလုပ် "

" သုံးပေအကွာနေဖို့စည်းကမ်းထုတ်ထားပြီး ကျွန်တော်ဆီအရောက်ပြေးဝင်လာတာ အလင်းနော်"

" ဘာ! မင်းပြုတ်ကျမှာစိုးလို့လေ "

" ဘာလို့ပြုတ်ကျရမှာလဲ လှေကားထစ်တွေဆင်းတိုင်း ကိုယ်ကဒီလိုအမြဲဆော့နေကြ "

မချိုမချဉ်မျက်နှာနှင့် မျက်စိတစ်ဖက်မှိတ်ပြောလာသူကြောင့် ကိုယ်လှည့်စားခံလိုက်ရမှန်း သတိထားမိတော့သည်။သိမ်းကာဖက်ထားခံရသည့် ခန္ဓာကိုယ်ကိုလွတ်အောင်ရုန်းထွက်လိုက်ပြီးမှ

" မင်း ငါ့ကိုနောက်ပြောင်စရာမှတ်နေလားသက်လုံးပုံ "

" No မမှတ်ပါဘူး။ အလင်းဘာသာစိုးရိမ်းစိတ်ကြီးနေတာကိုတော့ ကိုယ်မတတ်နိုင်ဘူးလေ ။ စိတ်မကောင်းစရာတစ်ခုက အလင်းကြိုးစားပမ်းစားထုတ်ထားရတဲ့ စည်းကမ်းချက်လေးတွေခမျာ အလင်းကြောင့်ပဲပျက်စီးသွားရရှာပြီ။

လင်းမြတ်တစ်ယောက်ကတော့ ဉာဏ်များလွန်းသည့် စိတ်ပျက်စရာကောင်ငယ်လေးကြောင့် ဘာစကားမှပင်ထပ်ပြောချင်စိတ်မရှိတော့ပဲ ထမင်းစားခန်းဆီသို့သာဦးတည်လိုက်ရတော့၏။ သူ့နောက်မှာပါလာသည့်ကောင်ငယ်လေးကတော့ မျက်နှာတစ်ခုလုံး သကြားအိုးထဲစိမ်ခံထားရသလို ချိုမြပြုံးရွှင်နေလေတော့၏။

ရောက်လာတာတစ်ရက်ပင်မပြည့်သေးသော်လည်း သက်လုံးပုံအကြောင်းထပ်ပြီးသိလာရပြန်သည်။ ဒီကောင်လေးက စကားတတ်ယုံတင်မဟုတ်ဘဲ ဉာဏ်လည်းများလှလေတော့၏။

*
*
*
*
*
*
*
*

" မင်း ဘာပြောလိုက်တယ် "

ကြားလိုက်ရသည့်စကားကြောင့် ကိုယ့်အရှေ့ကသူကိုအလန့်တကြားပင်ကြည့်လိုက်မိ၏။ ထိုသူကတော့ သူ့ထုံးစံအတိုင်းပြုံးစစမျက်နှာဖြင့်သာ။

" အလင်းရဲ့ကုမ္ပဏီကို လိုက်ခဲ့ချင်တယ်လို့ပြောမိတာပါ။လန့်စရာပါသွားလို့လား "

နာမ်စားသုံးခြင်းအတွက်ထုတ်ထားသည့်စည်းကမ်းလေးသည်ညထဲက ထိုကောင်လေး ပလီပလာမှုကြောင့် ပျက်သွားရရှာလေပြီ။ အခုလည်း ကိုယ့်အလုပ်ထိလိုက်မည်ဟု အရေးဆိုလာပြန်၏။ အဖေနှစ်ယောက် အသားကုန်အလိုလိုက်ထားခံရသည်ကလေးတစ်ယောက်၏ဆိုးကျိုးကို လင်းမြတ်မှာတော့လိမ့်နေအောင်ခံနေရလေပြီ။

" မင်းမြန်မာပြည်ပြန်လာပြီး အခြားသူငယ်ချင်းအပေါင်းအသင်းတွေနဲ့တွေ့တာမျိုးလုပ်ပါလား သက်လုံးပုံရယ်။ ဘာလို့ကိုယ်အလုပ်ထဲလိုက်ရှုပ်ဦးမှာလဲကွာ"

ပြောလိုက်သည့်စကားသံသည် အတော်ပင်စိတ်ပျက်လက်ပျက်ရှိနေသည့်လေသံဖြစ်နေမှာသေချာသည်။ ဒီကောင်လေးနဲ့တော့အတော်ပင်စိတ်ညစ်နေရတော့၏။အီတလီကိုသာ အမြန်ပြန်ပါစေဟုဆုတောင်းပေးဖို့သာ တတ်နိုင်တော့သည်။ ဒီကောင်လေးအီတလီကိုပြန်ဖို့ ကိုယ်ဘယ်လို ယတြာတွေချေရတော့မလဲပင်မသိတော့ချေ။

" အလုပ်ထဲလိုက်မရှုပ်ရပါဘူးဗျာ။ အလင်းအတွက် ဒီနေ့မနက်စာကို Lasagna ခေါက်ဆွဲချက်ပြီးလာပို့ချင်လို့ပါ။Dad ပြောဖူးသလားလို့။ အလင်းကLasagna ခေါက်ဆွဲ အရမ်းကြိုက်တယ်ဆိုတာကိုလေ ။ အဲဒါကြောင့်ပါ"

" ကိုယ့်အတွက်ဆိုရင်တော့ လာမပို့နဲ့"

" အလင်းအတွက်မို့ကို လာပို့ချင်တာ"

" အေး လုပ်ချင်သလိုသာလုပ်တော့ သက်လုံးပုံရေ"

ဘယ်လိုပြောပြော သက်လုံးပုံတို့်က ခေါင်းကြောမာနေမှာကိုသိတာကြောင့်ပဲ နောက်ဆုံး ဒင်းစိတ်ကြိုက်လုပ်ခွင့်ပြုလိုက်ရပြန်တော့၏။

ယနေ့မနက်ပိုင်းမှာတော့ သျှန်းအံ့တစ်ယောက် အလင်းတို့အိမ်၏မီးဖိုခန်းကို ခဏတာမျှအပိုင်စီးထားလေသည်။

အမဲသားဆော့ချက်ရန်ဆီ ၃ဇွန်းထည့် ကြက်သွန်အဖြုအနီကိုဆီသတ် ။ နှုတ်နှုတ်စဉ်းထားသော အမဲသားနှင့် မုန်လာဥနီတို့ကိုထည့်။ အရသာအတွက် ခရမ်းချဉ်သီးဆော့၊ ခရမ်းချဉ်သီးအနှစ်၊ ဆား၊ သကြားတို့ထည့်ကာ ရေ၁ခွက်ထည့်ပြီးရောမွှေပေးထားလိုက်သည်။ အမဲသားကျက်သွားမှ ပင်စိမ်း၊တရုတ်နံနံ၊ ငရုတ်ကောင်းမှုန့်၊ Oregano ၊Thyme တို့ကို အပေါ်မှ ဖြူးပေးထားလိုက်၏။

ထို့နောက်မှာတော့ Ricotta ချိစ်၊ ကြက်ဥနှင့် တရုတ်နံနံတို့ကိုရောမွှေထားသည်။ပြီးနောက်တွင် ဗန်းတစ်ခုထဲ ချက် ထားသော အမဲသားဆော့တစ်ချို့ကိုဖြန့်ခင်းလိုက်၏။ ပထမဆုံးအလွှာမှာ Lasagna ခေါက်ဆွဲပြား၃ခုကို ခင်းလိုက်ပြီး အပေါ်မှ Ricotta ချိစ်များ၊ Mozzarella ချိစ်ပြားများခင်းပေးသည်။ ထိုနည်းအတိုင်းပင် ဒုတိယအလွှာတွင် Lasagnaခေါက်ဆွဲပြား ၃ခုကိုထပ်ခင်းပြီ အမဲသားဆော့နဲ့ ခြစ်ထားသောချိစ်များ ဖြူးပေးလိုက်၏။ ထို့နောက် တတိယအလွှာအတွက် Lasagna ခေါက်ဆွဲပြား၃ခုခင်းပြီး Mozzarellaချိစ်ပြားများခင်းပေးလိုက်၏။ ထိပ်ဆုံးအလွှာတွင် Lasagnaခေါက်ဆွဲပြား၃ခုကို ထပ်ခင်းပြီ အမဲသားဆော့နှင့် ခြစ်ထားသော ချိစ်များဖြူးပေးလိုက်သည်။

ထို့နောက် ဗန်းအပေါ်မှ သတ္တုပြား(Aluminum Foil) ကိုအုပ်လိုက်ပြီး Oven ထဲထည့်ကာ ၁၉၀ဒီဂရီဖြင့် အပေါ်မီး၊ အောက်မီးဖြင့် ၃၅မိနစ်ခန့်ဖုတ်ပေးလိုက်သည်။ ပြီးလျှင် သတ္တုပြားကိုဖယ်ပြီး နောက်ထပ် ၂၅မိနစ်ထပ်ဖုတ်လိုက်၏။
နောက်ဆုံးတွင် အနံအရသာနှင့်ပြည့်စုံသော Lasagnaခေါက်ဆွဲလေးကို ရခဲ့လေပြီဖြစ်လေသည်။

ထိုခေါက်ဆွဲလေးကိုလှပစွာထုတ်ပိုးပြီးတာနှင့် အလင်း၏ကုမ္ပဏီရှိရာသို့ချီတက်လာလိုက်တော့၏။ ကုမ္ပဏီအတွင်းဝင်လိုက်သည်နှင့်တစ်ပြိုင်တည်း ပထမဆုံးတွေ့ရသည့်ဝန်ထမ်းတစ်ယောက်အနားကိုလျှောက်သွားကာ

" ကိုယ် အလင်းနဲ့တွေ့ချင်... ၊ အာ Sorry ကိုယ်ကုမ္ပဏီCEOဦးလင်းမြတ်နိုင်နဲ့တွေ့ချင်လို့"

တစ်ဖက်ဝန်ထမ်းက ကိုယ့်ကိုခြေဆုံးခေါင်းဆုံးကြည့်လာကာ

" CEO နဲ့တွေ့ဖို့အတွက် ကြိုတင်Appointments လုပ် ထားလားဗျာ"

မေးလာသည့်စကားကြောင့် ခေါင်းမော့ရီလိုက်မိရင်း

" ကိုယ့်ပုံစံက Appointments ကြိုတင်မှတွေ့ရမယ့်ပုံလား"

တစ်ဖက်လူကဘာစကားမှပြန်မပြောနိုင်သေးခင် ဖုန်းကိုလှမ်းခေါ်လိုက်သည်။

" Hello "

" ကိုယ်အခုကုမ္ပဏီကိုရောက်နေတယ်။ မနက်စာလာပို့ပေးတာ"

တစ်ဖက်ကဖုန်းကိုင်လိုက်တာနှင့် ကိုယ်သူ့ကုမ္ပဏီကိုရောက်နေကြောင်း အသိပေးလိုက်သည်။ ချက်ချင်းပဲဖုန်းချသွားလေ၏။
ထိုခဏအတွင်းမှာပင် မြင်ကွင်းရှေ့ကိုလှပသည့်အမျိုးသမီးတစ်ဦးဝင်ရောက်လာသည်။ဒူးအတိလောက်သာရှိသည့်စကပ်တိုလေးနှင့်အမျိုးသမီးသည် လှတာတော့အတော်လှ၏။ ထိုအမျိုးသမီးက ကိုယ့်အနားကိုရောက်လာတာနှင့်

" ကိုသျှန်းအံ့ဟန် ထင်ပါတယ်။ ဆရာက သူ့အခန်းထဲကိုလိုက်လာခဲ့ဖို့ခေါ်ခိုင်းလိုက်ပါတယ်ရှင့်"

"Okay!"

လာခေါ်သည့်အမျိုးသမီးနောက်ကိုလိုက်ရင်း ကုမ္ပဏီ၏အပေါ်ဆုံးအထပ်သို့ရောက်လာခဲ့သည်။ထို့နောက် အခန်းတစ်ခုအတွင်းဝင်လိုက်သည့်အခါ CEOဆိုသည့် ရာထူးထံဆိပ်တင်ထားသည့် အခန်းထိပ်ဆုံးရှိစားပွဲဝိုင်းတွင် ခေါင်းငုံ့ကာအလုပ်လုပ်နေသာ အလင်းကိုတွေ့လိုက်ရ၏။ နံရံကနာရီကိုကြည့်လိုက်တော့နေ့လည်အချိန်သို့ပင်နီးကပ်နေလေပြီ။ အလုပ် လုပ်နေရင်းကိုယ်ကိုမော့ကြည့်လာသူက လေးထောင့်ပုံမျက်မှန်လေးကို
တပ်ထားလေ၏။

" ဘာလာလုပ်တာလဲ "

" အလင်းအတွက် နေ့လည်စာလာပို့မယ်လို့ပြောထားတယ်လေ "

" အဲလိုတွေလုပ်စရာမလိုဘူးလေကွာ။ မင်းဘာသာလွတ်လွတ်လပ်လပ်နေစမ်းပါ"

" ကဲပါဗျာ ရောက်တဲ့သူကရောက်လာပြီပဲဟာ။ လာပို့ပေးတာလေးကိုအားနာသောအားဖြင့် နေ့လည်စာ စားလိုက်လေနော်။ ကိုယ်ပြင်ပေးမယ် "

တစ်ယောက်စာစားသောက်ဖို့အတွက် သေချာပြင်ဆင်ပေးပြီးတာနှင့် အလင်းကိုခေါ်ရပြန်သည်။ နောက်ဆုံးမှာတော့အလင်းကြိုက်သည်လို့သိထားသည့် Lasagnaခေါက်ဆွဲကို ကိုယ်တိုင်ချက်ကျွေးခွင့်ရခဲ့လေပြီ။ ခေါက်ဆွဲကိုအေးဆေးသက်သာစွာစားနေသည့် အလင်း၏အရှေ့တွင်ထိုင်နေပြီး

" အလင်း "

ကိုယ်ကခေါ်လိုက်တော့ခေါက်ဆွဲကိုဝါးနေရင်း မော့ကြည့်လာ၏။ ထိုသူအား ကြည်လင်စွာပြုံးပြလိုက်ပြီး

" သိလား ဖေကလေ Dad ကို အခုလိုပဲအစားအသောက်တွေချက်ကျွေးဖူးတယ်တဲ့။ ပြီးတော့ သူတို့ညားသွားကြတယ်လေ"

" အဟွတ်! အဟွတ်! "

ကြားလိုက်ရသည့်စကားကြောင့် လင်းမြတ်တစ်ယောက်ဝါးနေလက်စခေါက်ဆွဲတွေသီးကုန်ရလေတော့၏။

Eros_90

4.1.2024 ( ည ၈နာရီ ၄၅မိနစ် )
7.1.2024 Update ရှိ။

A/N- ရှေ့သုံးလေးပိုင်းလောက်ကတော့ နည်းနည်းပျင်းစရာဖြစ်နေမယ်ထင်တယ်။ ဒီFic ထဲမှာလင်းမြတ်နဲ့သျှန်းအံ့ဟန်အပြင်ကိုမှ အတိတ်ဘဝက လင်းမြတ်နဲ့ရှိန်းခေါင်းယံအကြောင်းလဲပါလာမှာပါ။ မိဘမဲ့ကျောင်းမှာဆုံတွေ့ခဲ့ရတဲ့ ကောင်လေးနှစ်ယောက်ရဲ့အကြောင်းပေါ့။











Continue Reading

You'll Also Like

54.6K 3K 43
ကျောင်းစိမ်းဘဝကနေ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေကြားထဲကနေ မြဲမြဲမြံမြံချစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ကြားက နွေးထွေးတဲ့ရပ်ဝန်းငယ်လေးအကြောင်း... ပြီးတော့ ထ...
244K 13K 20
ရိုရိုလေးနဲ့ချိုချိုလေး😋နေ့တိုင်းအပိုင်းသစ်တင်မှာပါနော်🤗 Start date-July 16.2021 End date-August 10.2021 ရိုရိုလေးနဲ့ချိုချိုလေး😋နေ့တိုင်းအပိုင်းသ...
24.5K 3.9K 29
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
2.8M 165K 38
Lenora did not have a wonderful life. After her engagement to Prince Ronan is broken, she loses everything... her reputation, her home, and her famil...