My Baby Girl

Por DaffodilHnaung

133K 4.7K 829

သီးသန့်ကမ္ဘာဥယျာဥ်ထဲမှာရှိနေတဲ့ ဒေစီပန်းကလေးတစ်ပွင့်၊ မျက်ဝန်းပြာပြာ..ဆံနွယ်ဖြူဖြူတို့နှင့် တိုးဝေ့ချင်စရာ တိ... Mais

Character's Biography
Part - 1
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14

Part - 2

7.7K 343 93
Por DaffodilHnaung

Unicode

ဘောပင်နဲ့ဆွဲထားတဲ့ တိမ်နဲ့ကြောင်ပုံလေးတွေကို ကြည့်ရင်း သဘောတကျဖြစ်နေသူက
စေရာနေရေးသည်သာ။မိုင်ကလေးက ပုံဆွဲလည်း သိပ်တော်တာပဲ... စကားကလည်း
တတ်သေး။တကယ်လည်လွန်းတဲ့
ကလေးပေါက်စ။

"စေရာနေရေးတစ်ယောက်လည်း အလုပ်များပြီး ရူးသွားရှာပြီထင်တယ် ... လုပ်စရာရှိတာမလုပ်ပဲ ပြုံးပြုံးကြီးလုပ်နေရအောင် မင်းစာတမ်းက
အခုရေး၊အခုရမှာမဟုတ်ဘူးနော်ဟေ့ကောင်"

"တိုးတိုးပြောစမ်းပါ ကလေးအိပ်နေတာကို"

"နေပါအုံး မေးအုံးမယ်။တစ်ခါလာလည်းကလေး၊ တစ်ခါလာလည်းကလေးနဲ့ မင်းက
ဒီကလေးမရဲ့ အဖေလား"

"မဟုတ်တာ"

"အဲ့တာဆို သူ့အမေကမင်းအချစ်ဦးလား"

"ဘာတွေလျှောက်ပြောနေတာလဲ လွမ်းရာ"

"မင်းဒီလောက်ဂရုစိုက်ပြနေလို့ ဖြစ်နိုင်ခြေရှိတာကိုမေးကြည့်တာဟ။ကိုယ်နဲ့လည်း သွေးသား
မတော်စပ်... ဘာမှလည်းမဆိုင်တဲ့ကလေးကို
မင်းမို့ခေါ်လာတယ်"

ထိုစကားကြောင့် နေရေးကမျက်နှာမော့၍ ပခုံးလှုပ်သည်အထိရယ်၏။လွမ်းဆီကတင်မဟုတ်ပဲ၊ Tomကလည်း မနေ့ညနေကအိမ်ပြန်ရောက်တော့ ဒါမျိုးမေးသေးသည်။လူတွေက သိပ်ပြီးအတွေးလွန်တာပဲ... သွေးသားမတော်စပ်တဲ့ကလေးကိုပြုစုစောင့်ရှောက်ပေးတာ
အပြစ်ကြီးများဖြစ်နေလို့လား။

ကလေးလေးရေ... မင်းကြီးလာရင်ရော ကိုယ့်ကိုဒါမျိုးထပ်တူကျတဲ့မေးခွန်း မေးလာအုံးမလား။
ဆိုဖာပေါ်အိပ်ပျော်နေတဲ့ကလေးရဲ့ခေါင်းကို
ဖွဖွအုပ်ကိုင်ရင်း ထိုသိချင်စိတ်က
တိုးပွားလာရသည်။

"ဟေ့ကောင် ဖြေလေ"

"သြော် ဘာအကြောင်းပြချက်ရှိရမလဲလွမ်းရာ။ ကလေးကချစ်စရာကောင်းတယ်လေ...ဒါကြောင့်မို့ စောင့်ရှောက်ပေးတာပေါ့။ရိုးရိုးလေးပါပဲ"

"မင်း ကလေးမချစ်တတ်ပါဘူး"

"ဟေးမိုင်မိုင်းကကလေးမဟုတ်ဘူး"

"ဟမ်"

"တိမ်ကလေးနဲ့တူတယ်။ ကလေးက မျက်လုံးပြာပြာလေးတွေ... ပြီးတော့ ဒီဆံပင်အဖြူလေးတွေအဲ့တာတွေကြောင့် ဒီကလေးက တိမ်လေးဖြစ်နေတာ။ဆံပင်ကလည်းအိအိလေးတွေ။ပါးလေးတွေလည်းကိုင်ကြည့်ပါအုံးကွာ အိအိလေးတွေ"

"ဟုတ်လား..."

ကိုင်ကြည့်မလို့လုပ်တဲ့ ဒီပါလွမ်းရဲ့လက်တစ်ဖက်ဟာ လမ်းတစ်ဝက်မှာတင်ရိုက်ချခံလိုက်ရသည်။

"ဘာလုပ်တာလဲ"

"မင်းပဲကိုင်ကြည့်ဆို"

"ကိုင်ဆိုတာနဲ့ကိုင်စရာလား။မထိနဲ့ မကြိုက်ဘူး"

"ဒီသူတောင်းစားနဲ့တော့"

ဆဲခံရပေမဲ့ ဂရုမစိုက်ပဲ ပါးအိအိလေးတွေကိုသာ ဖျစ်ညစ်မိနေဆဲပင်။ဘယ်သူ့မှကိုင်ခွင့်မရှိတဲ့
သူ့အပိုင်တိမ်ဆိုင်သေးသေးလေးတွေ...

"အဲ့ဒီတော့ မင်းက ဒီကလေးကိုဆက်ပြီးစောင့်ရှောက်အုံးမဲ့သဘောပေါ့။ဒါပေမဲ့ ရုံးကို ခဏခဏခေါ်လာလို့အဆင်မပြေဘူးနော်နေရေး။မင်းနဲ့ငါ ရုံးချိန်းအချိန်မတိုက်မှသာ
အဆင်ပြေတာ"

"ကလေးကသနားစရာပါလွမ်းရာ။အဖေလုပ်တဲ့သူကလည်း နောက်မိန်းမနဲ့၊အမေလုပ်တဲ့သူကလည်း နောက်ယောကျာ်းနဲ့...အချိန်ပြည့်ရန်ဖြစ်ပြီး ကလေးအတွက်အချိန်မပေးနိုင်ဘူးလေ။
အခန့်မသင့်ရင် ရိုက်တောင်ရိုက်ခံရသေးတာ မနေ့ကပဲကြည့်...  အဲ့တာကြောင့် ခေါ်လာရတာ။ နေကောင်းရင်တော့ ကျောင်းပို့ပေးခဲ့လို့ရပါတယ် အခုက နေလည်းမကောင်းသေးဘူး"

"ကလေးကချစ်ဖို့ကောင်းတာကို သူ့မိဘတွေက မချစ်ကျဘူးပေါ့။ငါ မင်းအိမ်ကိုလာတိုင်း
သူ့ကို မင်းတို့အိမ်မှာပဲမြင်နေတာ"

"သူကျောင်းပိတ်ဆို အိမ်လာဆော့တယ်လေ။
အချိန်ပြည့်ရန်ဖြစ်နေတဲ့မိဘတွေကြား မနေချင်ဘူးထင်ပါတယ်။ကလေးလေးက စိတ်ဒဏ်ရာရနေရှာတာ... အိမ်ထဲရန်ဖြစ်နေရင်တောင်
သူကအပြင်မှာ ငြိမ်ငြိမ်လေးပဲထိုင်ငိုပြီး
ဘာမှမပြောရဲဘူး"

"ဆိုးလိုက်တာ ... မိဘဖြစ်တဲ့လူတွေက သားသမီးကိုတာဝန်မယူနိုင်ဘူး"

"အင်း နဂိုကအဆင်မပြေတဲ့အိမ်ထောင်ရေး။
ကိုယ့်အိမ်ကTomပြောတာကြားရသလောက်ဆို
မိုင်မိုင်းလေးမွေးလာပုံက အဲ့လောက်မရိုးရှင်းဘူး
အဲ့တာကြောင့်ပဲ ဦးကမ္ဘာသူက ကလေးကိုရိုက်နှပ်ပြီးဆိုးဆိုးဝါးဝါးဆက်ဆံတာပေါ့"

"ဟမ် !! ဒါဆို ကလေးက အဖေအရင်းမဟုတ်လို့ ရိုက်နှက်ခံနေရမျိုးလား။တောက် !! ဘာအပြစ်မှမရှိတဲ့ကလေးကိုကွာ"

"အပြစ်ကျူးလွန်ထားတာမဟုတ်ပဲ ကိုယ်တိုင်က အပြစ်တစ်ခုလိုဖြစ်နေတော့ ပြင်ဆင်လို့လည်း
မရတဲ့ကလေးလေး"

"အဖေအရင်းကိုသိလား မင်း"

"မသိဘူး ... ထားပါတော့ ကလေးကြားသွားရင်လည်းမကောင်းဘူး။အလုပ်ဆက်လုပ်ရအောင်"

"အေး အေး"

ခြေသံခပ်တိုးတိုးကိုကြားလိုက်ရတာမို့ ဦးဦးတို့ အလုပ်စားပွဲကိုသွားပြီဆိုတာ သိလိုက်ရသည်။ ဒယ်ဒီက မိုင်မိုင်းအဖေအရင်းမဟုတ်ဘူးတဲ့။
မိုင်မိုင်းလည်း သိသင့်သလောက်သိပါသည်.. ဒယ်ဒီနဲ့မာမီ ရန်ဖြစ်ချိန်တိုင်းပြောတတ်တာ
မိုင်မိုင်းက ဒယ်ဒီ့သမီးမဟုတ်ဘူးတဲ့၊အဲ့တာ
ကြောင့် မချစ်ဘူးတဲ့။ပြီးတော့ မာမီကလည်း
မိုင်မိုင်းကိုမချစ်ပါဘူး။

ကျဆင်းလာတဲ့မျက်ရည်ကိုသုတ်ရင်း တစ်ဖက်လှည့်လိုက်မိ၏။မိုင်မိုင်းငိုတာမြင်ရင် ဦးဦးကစိတ်မကောင်းဖြစ်နေတော့မှာ။

::::::::::

မနှစ်သက်ပဲယူခဲ့ရတဲ့ယောကျာ်းမို့ အော်ရီယာနာနဲ့ကမ္ဘာသူဆိုတာ မျဥ်းပြိုင်တွေလို။ပုံမှန်နေ့ရက်တွေဆို  သူကလည်းကိုယ့်ကိုမသိသူလို...ကိုယ်ကလည်းသူ့ကိုမသိသူလိုဖြတ်သန်းကျပေမဲ့
ငွေလိုလာတဲ့အချိန်တိုင်း ပြဿနာဖြစ်ရသည်။

အော်ရီယာနာရဲ့ဖခင်က အစားအသောက်ကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်... ကမ္ဘာသူကတော့
ထိုကုမ္ပဏီနဲ့ ဖက်စပ်ကုမ္ပဏီကမန်နေဂျာတစ်ယောက်သာ။နိုင်ငံခြားသားဆိုပေမဲ့ အလုပ်လုပ်တာတိကျတယ်ဆိုပြီး ဖခင်ကိုယ်တိုင်က
အော်ရီယာနာ့ကိုကမ္ဘာသူနဲ့ပေးစားခဲ့တာဖြစ်သည်။သို့ပေမဲ့ကမ္ဘာသူဟာ ဖခင်ဖြစ်သူ
ထင်သလို လူကောင်းတစ်ယောက်မဟုတ်ဘူး
ဆိုတာ ဖခင်သေဆုံးလို့ ကုမ္ပဏီကို ကမ္ဘာသူဆက်ခံချိန်မှာသိခဲ့ရသည်။ကမ္ဘာသူဆိုတဲ့
ကောင်က လူယုတ်မာ၊သူ့ဘဝတိုးတတ်ဖို့
အော်ရီယာနာနဲ့လက်ထပ်ပြီး နောက်ကွယ်မှာတော့ သူ့အချစ်ဦးမိန်းမကိုထောက်ပံ့တဲ့လူ။
သူ့ကြောင့် ကုမ္ပဏီတစ်ခုလုံးပြိုလဲသွားလို့
မြို့ထဲကအိမ်ရောင်းရတဲ့အထိဖြစ်လာတာတောင် ကမ္ဘာသူဆိုတဲ့ကောင်က
သူ့အပြစ်မရှိဘူးတဲ့။

ပြီးတော့ သမီး... သူမကိုတင်မကဘူး သမီးကိုပါ သူ့သမီးမဟုတ်ဘူးဆိုပြီး ရိုက်နှက်တတ်သည်။
တကယ်လည်း မိုင်မိုင်းက ကမ္ဘာသူရဲ့သမီးမဟုတ်ပါ၊ မိုင်မိုင်းရဲ့ဖခင်က ဘယ်သူလဲဆိုတာကိုတော့ အော်ရီယာနာအသက်ရှင်သမျှတစ်လျှောက်လုံး လျှို့ဝှက်သွားမည်။ဒါပေမဲ့
ဟာ သူမအဖေနဲ့သိပ်တူတာပဲ။သူမအဖေလို မျက်ဝန်းပြာတွေ... သူမအဖေလို ခေါင်းမာတာတွေ၊ သူမအဖေသမီးလို အဖြူရောင်ဆံပင်တွေ။

"အော်ရီယာနာ... "

"သြော် နေရေး(Nay Rie) ပါလား။ရုံးဆင်းပြီပေါ့"

"ဟုတ်ကဲ့... ကလေးကိုပြန်ပို့လို့ရလားလာမေးတာပါ"

"ပြေပါတယ် ဒါသူ့အိမ်ပဲလေ။မိုင်မိုင်းက ထိမ်းပေးလို့ကျေးဇူးနော် ... ကလေးက သူ့ဒယ်ဒီရှိတဲ့အချိန်ဆို အိမ်မှာမနေချင်ဘူး။တို့ကလည်း အပြင်ထွက်ရတဲ့အလုပ်ကများနေလို့ ဂရုမစိုက်နိုင်ဘူးဖြစ်သွားတယ်"

"ခင်ဗျားတို့အလုပ်ဘယ်လောက်များများ ကလေးရဲ့အစားအသောက်ကို ဂရုစိုက်ပေးရင်​တော့ကောင်းမယ်။ကလေးရဲ့ခံစားချက်ကို နားထောင်ပေးတာမျိုးကလည်းမမှားပါဘူး။
ပစ်ထားတာကြာရင် ဒီကလေးလေးက စိတ်ဒဏ်ရာရသွားမှာဆိုးလို့ ကိုယ်အကြံပေးတာပါ"

"အချိန်ရရင်တော့ တို့လုပ်ပေးမှာပါ"

"ကိုယ်လည်းလုပ်ပေးလို့ရပေမဲ့ မိဘရဲ့ရင်ခွင်လောက်တော့ ကလေးအတွက်အကျိုး
မသက်ရောက်ဘူးလေဗျာ"

"ဟုတ်မှာပါ... ဒါပေမဲ့ မိုင်မိုင်းလေးက သူ့ဟာသူ နေတဲ့ကလေးဆိုတော့ တို့ကိုမခင်တွယ်ဘူး။
အရင်ကအိမ်မှာတုန်းကလည်း သူ့ကလေးထိမ်းနဲ့ အတူနေလာတာဆိုတော့ မိဘကိုမခင်တွယ်ပါဘူးကွာ"

နှုတ်ခမ်းတစ်ဖက်မဲ့မိသည်အထိ တရားကျဖို့ကောင်းတဲ့စကားပင်။ဘယ်ကလေးက မိဘကို
မခင်တွယ်ပဲနေမှာလဲ။မိုင်ကလေး လိုကလေးဆို ပိုပြီးလူကပ်တယ်၊ချွဲတယ်၊တွယ်တာတတ်တယ်
ကလေးကိုဂရုမစိုက်လို့သာ အဲ့ဒီအရာတွေကို
အော်ရီယာနာတို့မသိရတာပါ။ကြည့်ရတာ
အရင်အိမ်မှာကတည်းက ကလေးက
အထီးကျန်ခဲ့ရပုံပေါ်သည်။

"မိဘကိုမခင်တွယ်တဲ့ကလေးက ရှားပါတယ် အော်ရီယာနာ။ ခင်ဗျားငွေရှာတာလည်းရှာပေါ့
ကလေးအတွက်လည်း မလစ်ဟင်းသင့်ဘူး"

"ပြောတတ်လိုက်တာနေရေးရယ်။မင်းတို့အတွက်တော့ ငွေရှာရတာလွယ်တာပေါ့"

"ကိုယ်ပေးမယ်..."

"ဟင်"

"အော်ရီယာနာဘယ်လောက်လိုနေလဲ။လိုနေတဲ့ ငွေကို ကိုယ်ပေးမှာမို့ အဲ့ဒီအစားကလေးကိုဂရုစိုက်ပေးပါလား"

"ဟား ဟား နေရေးက တကယ်ပါပဲကွာ။ ပိုက်ဆံကို အလဟသအသုံးချချင်တာပဲ"

"အလကားတော့မဟုတ်ဘူးပေါ့။ကိုယ့်အတွက် ပိုက်ဆံကုန်တာထပ် မိုင်မိုင်းပျော်ဖို့ကအရေးကြီးတယ်။ခင်ဗျားလိုသလောက် ကိုယ်ပေးမှာပါ။ကလေးမိဘကို ကလေးထိမ်းငှားရတာ သင့်တော်သလားမသိပေမဲ့ ... အဲ့ဒီသဘောပါပဲ
မိုင်မိုင်းပျော်ဖို့အတွက် သူ့အမေဖြစ်တဲ့ခင်ဗျားရဲ့
နွေးထွေးမှု၊ဂရုစိုက်မှုတွေကို ငွေနဲ့ဝယ်တဲ့သဘောပါ"

"တို့က သူ့အမေပါ... ကိုယ်မွေးထားတဲ့သမီးကို
ချစ်တဲ့မိခင်စိတ်တော့ရှိပါသေးတယ်။ဒါပေမဲ့
နေရေးရဲ့ကမ်းလှမ်းချက်ကိုလည်း
စိတ်ဝင်စားတယ်"

"ဒါဆို လက်ခံတယ်ပဲသဘောထားလိုက်ပါ့မယ်။ ခဏနေ မိုင်မိုင်းကိုပြန်ပို့ပေးတဲ့အခါ ချက်လက်မှတ်ယူလာမှာမို့ အော်ရီယာနာ
လိုချင်တဲ့ပမာဏကိုစဥ်းစားထားပါ"

"ကောင်းပါပြီတဲ့... "

ရိုကျိုးစွာ ကိုယ်ကိုကိုင်းညွှတ်မိတ်ဆက်လိုက်တော့ စေရာနေရေးဆိုတဲ့လူက မှုန်ကုပ်ကုပ်ကြည့်ပြီးထွက်သွား၏။ နေရေးရဲ့ ကျောပြင်ကျယ်ကိုကြည့်ရင်း အော်ရီယာနာမရယ်ပဲမနေနိုင်တော့။နွေးထွေးမှု၊ဂရုစိုက်မှုတွေကို
ဝယ်တယ်တဲ့လား...

အသက်ငယ်ပေမဲ့ နာမည်ကြီး ရှေ့နေတစ်ယောက်ဖြစ်တဲ့အပြင် နေရေးရဲ့မိဘတွေက မျိုးရိုးစဥ်ဆက်ချမ်းသာလာတာမို့ ပိုင်ဆိုင်မှုတွေကမနည်းမနောရှိတာကို အော်ရီယာနာသိထားပြီးပြီ။အဲ့လိုလူမျိုးတစ်ယောက်က သူ့အတွက်သူ မဟုတ်ပဲ အသက်၁၀နှစ်အရွယ်ကလေးအတွက်
နွေးထွေးမှုကိုဝယ်ပေးသတဲ့။

:::::::::::

"ဦးဦး"

"ဟင်"

"မိုင်မိုင်းကိုချစ်တယ်လား"

"အင်းပေါ့ ဘာဖြစ်လို့မေးရပြန်တာလဲ"

"ချစ်ရင် ရေခဲမုန့်လည်းဝယ်ကျွေးမှာပေါ့နော်"

"ဟား ... လူလည်မလေးက​တော့။ စားချင်ရင်ဝယ်ကျွေးမှာပေါ့ကွာ"

"အိမ်ပြန်မပို့နဲ့အုံးနော်... မိုင်မိုင်းတို့သွားဝယ်ရအောင်လေ။ မနက်ဖြန်ဆို ကျောင်းသွားရတော့မှာ ... ဦးဦးနဲ့မတွေ့ရတော့ဘူး"

အခုမှ6နာရီပဲရှိသေးတာပေါ့ မိုင်မိုင်းပြောတာကို ခေါင်းညိတ်လိုက်ရသည်။ပြန်ပို့ဖို့ကလည်း 
စောနေသေးတာပဲ။

"အဲ့တာဆို ညနေစာစားပြီးမှ သွားဝယ်ရမယ်နော်"

"မစားချင်တော့ပါဘူး ဂျုံပဲစားရတာပျင်းလာပြီ"

"စွပ်ပြုတ်လေးလုပ်ပေးပါ့မယ် ထမင်းပူပူလေးလည်း ချက်ခိုင်းထားတယ်။ဆန်တောင်ဝယ်ချက်ခိုင်းထားရတာကိုကွာ မစားပဲတော့မနေရဘူးလေ... ပြန်ပြီးနေမကောင်းဖြစ်ရင်
ဆေးထိုးရမယ်နော်"

"အဟွတ် !! "

"ကဲ "

"ဟီးဟီး"

ချောင်းဆိုးလိုက်တာကို သူမဟုတ်သလို ပါးစပ်ကလေးပိတ်လို့ ရယ်ပြလာတဲ့မိုင်းကလေး။
ဒီကလေးက ချစ်မွှေးလေးပဲ။

"ဟမ် ဒါနဲ့များရေခဲမုန့်က စားချင်သေးတာလား"

"အရင်ရက်ကတည်းကစားချင်နေတာ။ဦးဦးက အလုပ်များနေလို့ မပူဆာရဘူးတဲ့..."

"ဘယ်သူကလဲ Tomလား"

"ဟုတ်"

"နောက်တစ်ခါ ကိုယ်အလုပ်သွားနေတုန်းဆို
ဖုန်းဆက်ခိုင်းTomကို ... မိုင်းကလေးကတော့ ပူဆာလို့ရတယ် "

"တကယ်လား"

"စားချင်တာ၊လိုချင်တာ၊ဖြစ်ချင်တာ အားလုံးကို ပူဆာလို့ရပါတယ်ကွကလေးလေးရ..."

"ဦးဦးက ဘာလို့အဲ့လိုပူဆာလို့ရတာလဲ။ ချစ်လို့လား"

"အင်းပေါ့"

"အဲ့တာဆို မာမီနဲ့ဒယ်ဒီကိုပူဆာလို့မရတာက
သူတို့က မိုင်မိုင်းကိုမချစ်လို့ပေါ့နော်"

"ကလေးရယ်"

"ဟုတ်တယ်ထင်တယ်။မချစ်လို့ပဲ ဒယ်ဒီက
မိုင်မိုင်းကိုရိုက်တာပေါ့"

"မဟုတ်တာကွာ"

ကြင်နာစွာပွေ့ဖက်ပေးမိတဲ့အခိုက်အတန့်က
ဒီကလေးလေးကိုသနားလွန်းလို့သာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လောက်ထိစိတ်ဒဏ်ရာရနေပြီလဲ။

"မိုင်ကလေး ... အိမ်ပြန်ရောက်ရင် မာမီ့ကို တစ်ခုခုပူဆာကြည့်လေ  ရရင်ရမှာပေါ့ကွ"

"ဟင့်အင်း မပူဆာရဲဘူး။မိုင်မိုင်းက အဲ့လိုပြောလိုက်ရင် မာမီစိတ်ရှုပ်သွားမှာ။စိတ်ရှုပ်ရင်
စွန့်ပစ်မယ်လို့မာမီကပြောတယ်"

"ကိုယ့်ကိုယုံတယ်မလား"

"ဟုတ် ဦးဦးကိုယုံတယ်"

"အဲ့တာဆို မိုင်မိုင်းလိုချင်တာတစ်ခုခုပြောကြည့်"

"ဟို .... "

"မကြောက်နဲ့လေ မိုင်ကလေးရဲ့အမေက
မိုင်ကလေးကိုချစ်ပါတယ်"

"ဟုတ် ပြော...ပြောကြည့်မယ်။ဒါပေမဲ့ ရိုက်ရင်ကရော"

"ဒီဘက်ကိုပြေးလာခဲ့ ကိုယ်ရှိနေတယ်"

"ဟီး ဟုတ် ဦးဦး။ဦးဦးကိုချစ်တယ်"

"လူလည်မလေးပါကွာ"

"ဦးဦးက မိုင်မိုင်းရဲ့ဦးဦးနော်...တခြားသူကို
မချစ်ရဘူး"

"အတတ်ကလေး... ဟုတ်ပြီ ဒီဦးဦးကစကားနားထောင်ပါ့မယ်ဗျာ။အဲ့ဒီအစား မိုင်ကလေးကလည်း စာကြိုးစားရမယ်"

"ဟုတ် ။ ဦးဦး မနက်ဖြန်ကို ကျောင်းလာကြိုပေးလို့ရလားဟင်... ကျောင်းဘတ်စ်ကားနဲ့
မပြန်ချင်ဘူး"

"အင်း ကြိုရမှာပေါ့... ခဏနေပြန်လိုက်ပို့ပေးရင် အော်ရီယာနာ့ဆီခွင့်တောင်းခဲ့မယ်"

ခေါင်းတညိတ်ညိတ်နဲ့ကျေနပ်နေတဲ့ မိုင်မိုင်းကလေးရဲ့လက်ကိုဆွဲကာ ထမင်းစားခန်းကို
ခေါ်လာရ၏။ သူမတို့အိမ်မှာဆို ပူပူနွေးနွေးအစားအသောက်ရှိမည်မဟုတ်... ငယ်ရွယ်တဲ့ ကလေးက အဟာရရှိဖို့လိုအပ်တာမို့ အစားဝင်အောင်ကျွေးဖို့ကို နေရေးရဲ့စိတ်က
ဆောင်နေသည်။

အငွေ့တထောင်းထောင်းနဲ့ အဆင်သင့်ပြင်ထားတဲ့ ထမင်း၊ကြက်သားစွပ်ပြုတ်နဲ့ အရွက်ကြော်အပြင် ပုစွန်ကြော်တို့ဖြင့် တည်ခင်းထားတဲ့ ထမင်းစားပွဲမှာထိုင်ကာ မိုင်ကလေးကိုလည်း ခူးခပ်ထည့်ပေးသည်။ ကိုယ်ကိုကိုင်းကာ လက်ကိုင်ပဝါလေးကို ပေါင်ပေါ်ခင်းပေးလက်တော့ ထိုကလေးမလေးက သူ့နားထင်ကို
ဖြတ်ခနဲမွှေးလာ၏။

"ဦးဦးခေါင်းလိမ်းဆီလိမ်းသလား မွှေးကြည့်တာ"

"သြော် !!! "

ကလေးလေးကလည်လွန်းတာမို့ စေရာနေရေးတို့ ဘာမှပြန်ပြောမရတော့။ ပြုံးစိစိနဲ့ ထမင်းစားနေပြီဖြစ်တဲ့ ကလေးကိုသာလိုတာထည့်ပေးရင်း အချိန်ကုန်ရတော့သည်။

မိုင်ကလေးက လူလည်မလေး။ဒီချွဲနွဲ့မှုလေးတွေနဲ့ကလေးကို သူမွေးစားထားရင်ကောင်းမလား။
မိုင်ကလေးသာ သူနဲ့နေရင် သူတော့အသက်ရှည်မှာပဲ။

To Be Continue .... Part  - 2

Zawgyi

ေဘာပင္နဲ႕ဆြဲထားတဲ့ တိမ္နဲ႕ေၾကာင္ပုံေလးေတြကို ၾကည့္ရင္း သေဘာတက်ျဖစ္ေနသူက ေစရာေနေရးသည္သာ။မိုင္ကေလးက ပုံဆြဲလည္း သိပ္ေတာ္တာပဲ... စကားကလည္းတတ္ေသး။
တကယ္လည္လြန္းတဲ့ ကေလးေပါက္စ။

"ေစရာေနေရးတစ္ေယာက္လည္း အလုပ္မ်ားၿပီး ႐ူးသြားရွာၿပီထင္တယ္ ... လုပ္စရာရွိတာမလုပ္ပဲ ၿပဳံးၿပဳံးႀကီးလုပ္ေနရေအာင္ မင္းစာတမ္းက အခုေရး၊အခုရမွာမဟုတ္ဘူးေနာ္ေဟ့ေကာင္"

"တိုးတိုးေျပာစမ္းပါ ကေလးအိပ္ေနတာကို"

"ေနပါအုံး ေမးအုံးမယ္။တစ္ခါလာလည္းကေလး၊ တစ္ခါလာလည္းကေလးနဲ႕ မင္းက ဒီကေလးမရဲ႕ အေဖလား"

"မဟုတ္တာ"

"အဲ့တာဆို သူ႕အေမကမင္းအခ်စ္ဦးလား"

"ဘာေတြေလွ်ာက္ေျပာေနတာလဲ လြမ္းရာ"

"မင္းဒီေလာက္ဂ႐ုစိုက္ျပေနလို႔ ျဖစ္နိုင္ေျခရွိတာကိုေမးၾကည့္တာဟ။ကိုယ္နဲ႕လည္း ေသြးသားမေတာ္စပ္... ဘာမွလည္းမဆိုင္တဲ့ကေလးကို
မင္းမို႔ေခၚလာတယ္"

ထိုစကားေၾကာင့္ ေနေရးကမ်က္ႏွာေမာ့၍ ပခုံးလႈပ္သည္အထိရယ္၏။လြမ္းဆီကတင္မဟုတ္ပဲ၊ Tomကလည္း မေန႕ညေနကအိမ္ျပန္ေရာက္ေတာ့ ဒါမ်ိဳးေမးေသးသည္။လူေတြက သိပ္ၿပီးအေတြးလြန္တာပဲ... ေသြးသားမေတာ္စပ္တဲ့ကေလးကို
ျပဳစုေစာင့္ေရွာက္ေပးတာ အျပစ္ႀကီးမ်ားျဖစ္ေနလို႔လား။

ကေလးေလးေရ... မင္းႀကီးလာရင္ေရာ ကိုယ့္ကိုဒါမ်ိဳးထပ္တူက်တဲ့ေမးခြန္း ေမးလာအုံးမလား။
ဆိုဖာေပၚအိပ္ေပ်ာ္ေနတဲ့ကေလးရဲ႕ေခါင္းကို ဖြဖြအုပ္ကိုင္ရင္း ထိုသိခ်င္စိတ္ကတိုးပြားလာရသည္။

"ေဟ့ေကာင္ ေျဖေလ"

"ေၾသာ္ ဘာအေၾကာင္းျပခ်က္ရွိရမလဲလြမ္းရာ။ ကေလးကခ်စ္စရာေကာင္းတယ္ေလ...ဒါေၾကာင့္မို႔ ေစာင့္ေရွာက္ေပးတာေပါ့။ရိုးရိုးေလးပါပဲ"

"မင္း ကေလးမခ်စ္တတ္ပါဘူး"

"ေဟးမိုင္မိုင္းကကေလးမဟုတ္ဘူး"

"ဟမ္"

"တိမ္ကေလးနဲ႕တူတယ္။ ကေလးက မ်က္လုံးျပာျပာေလးေတြ... ၿပီးေတာ့ ဒီဆံပင္အျဖဴေလးေတြ
အဲ့တာေတြေၾကာင့္ ဒီကေလးက တိမ္ေလးျဖစ္ေနတာ။ဆံပင္ကလည္းအိအိေလးေတြ။ပါးေလးေတြလည္းကိုင္ၾကည့္ပါအုံးကြာ အိအိေလးေတြ"

"ဟုတ္လား..."

ကိုင္ၾကည့္မလို႔လုပ္တဲ့ ဒီပါလြမ္းရဲ႕လက္တစ္ဖက္ဟာ လမ္းတစ္ဝက္မွာတင္ရိုက္ခ်ခံလိုက္ရသည္။

"ဘာလုပ္တာလဲ"

"မင္းပဲကိုင္ၾကည့္ဆို"

"ကိုင္ဆိုတာနဲ႕ကိုင္စရာလား။မထိနဲ႕ မႀကိဳက္ဘူး"

"ဒီသူေတာင္းစားနဲ႕ေတာ့"

ဆဲခံရေပမဲ့ ဂ႐ုမစိုက္ပဲ ပါးအိအိေလးေတြကိုသာ ဖ်စ္ညစ္မိေနဆဲပင္။ဘယ္သူ႕မွကိုင္ခြင့္မရွိတဲ့
သူ႕အပိုင္တိမ္ဆိုင္ေသးေသးေလးေတြ...

"အဲ့ဒီေတာ့ မင္းက ဒီကေလးကိုဆက္ၿပီးေစာင့္ေရွာက္အုံးမဲ့သေဘာေပါ့။ဒါေပမဲ့ ႐ုံးကို ခဏခဏေခၚလာလို႔အဆင္မေျပဘူးေနာ္ေနေရး။မင္းနဲ႕ငါ ႐ုံးခ်ိန္းအခ်ိန္မတိုက္မွသာအဆင္ေျပတာ"

"ကေလးကသနားစရာပါလြမ္းရာ။အေဖလုပ္တဲ့သူကလည္း ေနာက္မိန္းမနဲ႕၊အေမလုပ္တဲ့သူကလည္း ေနာက္ေယာက်ာ္းနဲ႕...အခ်ိန္ျပည့္ရန္ျဖစ္ၿပီး ကေလးအတြက္အခ်ိန္မေပးနိုင္ဘူးေလ။
အခန့္မသင့္ရင္ ရိုက္ေတာင္ရိုက္ခံရေသးတာ မေန႕ကပဲၾကည့္...  အဲ့တာေၾကာင့္ ေခၚလာရတာ။ ေနေကာင္းရင္ေတာ့ ေက်ာင္းပို႔ေပးခဲ့လို႔ရပါတယ္ အခုက ေနလည္းမေကာင္းေသးဘူး"

"ကေလးကခ်စ္ဖို႔ေကာင္းတာကို သူ႕မိဘေတြက မခ်စ္က်ဘဴးေပါ့။ငါ မင္းအိမ္ကိုလာတိုင္း သူ႕ကို မင္းတို႔အိမ္မွာပဲျမင္ေနတာ"

"သူေက်ာင္းပိတ္ဆို အိမ္လာေဆာ့တယ္ေလ။
အခ်ိန္ျပည့္ရန္ျဖစ္ေနတဲ့မိဘေတြၾကား မေနခ်င္ဘူးထင္ပါတယ္။ကေလးေလးက စိတ္ဒဏ္ရာရေနရွာတာ... အိမ္ထဲရန္ျဖစ္ေနရင္ေတာင္
သူကအျပင္မွာ ၿငိမ္ၿငိမ္ေလးပဲထိုင္ငိုၿပီး
ဘာမွမေျပာရဲဘူး"

"ဆိုးလိုက္တာ ... မိဘျဖစ္တဲ့လူေတြက သားသမီးကိုတာဝန္မယူနိုင္ဘူး"

"အင္း နဂိုကအဆင္မေျပတဲ့အိမ္ေထာင္ေရး။ ကိုယ့္အိမ္ကTomေျပာတာၾကားရသေလာက္ဆို
မိုင္မိုင္းေလးေမြးလာပုံက အဲ့ေလာက္မရိုးရွင္းဘူး
အဲ့တာေၾကာင့္ပဲ ဦးကမာၻသူက ကေလးကိုရိုက္ႏွပ္ၿပီးဆိုးဆိုးဝါးဝါးဆက္ဆံတာေပါ့"

"ဟမ္ !! ဒါဆို ကေလးက အေဖအရင္းမဟုတ္လို႔ ရိုက္ႏွပ္ခံေနရမ်ိဳးလား။ေတာက္ !! ဘာအျပစ္မွ
မရွိတဲ့ကေလးကိုကြာ"

"အျပစ္က်ဴးလြန္ထားတာမဟုတ္ပဲ ကိုယ္တိုင္က အျပစ္တစ္ခုလိုျဖစ္ေနေတာ့ ျပင္ဆင္လို႔လည္း မရတဲ့ကေလးေလး"

"အေဖအရင္းကိုသိလား မင္း"

"မသိဘူး ... ထားပါေတာ့ ကေလးၾကားသြားရင္လည္းမေကာင္းဘူး။အလုပ္ဆက္လုပ္ရေအာင္"

"ေအး ေအး"

ေျခသံခပ္တိုးတိုးကိုၾကားလိုက္ရတာမို႔ ဦးဦးတို႔ အလုပ္စားပြဲကိုသြားၿပီဆိုတာ သိလိုက္ရသည္။ ဒယ္ဒီက မိုင္မိုင္းအေဖအရင္းမဟုတ္ဘူးတဲ့။
မိုင္မိုင္းလည္း သိသင့္သေလာက္သိပါသည္.. ဒယ္ဒီနဲ႕မာမီ ရန္ျဖစ္ခ်ိန္တိုင္းေျပာတတ္တာ
မိုင္မိုင္းက ဒယ္ဒီ့သမီးမဟုတ္ဘူးတဲ့၊အဲ့တာ
ေၾကာင့္ မခ်စ္ဘူးတဲ့။ၿပီးေတာ့ မာမီကလည္း
မိုင္မိုင္းကိုမခ်စ္ပါဘူး။

က်ဆင္းလာတဲ့မ်က္ရည္ကိုသုတ္ရင္း တစ္ဖက္လွည့္လိုက္မိ၏။မိုင္မိုင္းငိုတာျမင္ရင္ ဦးဦးကစိတ္မေကာင္းျဖစ္ေနေတာ့မွာ။

::::::::::

မႏွစ္သက္ပဲယူခဲ့ရတဲ့ေယာက်ာ္းမို႔ ေအာ္ရီယာနာနဲ႕ကမာၻသူဆိုတာ မ်ဥ္းၿပိဳင္ေတြလို။ပုံမွန္ေန႕ရက္ေတြဆို  သူကလည္းကိုယ့္ကိုမသိသူလို...ကိုယ္ကလည္းသူ႕ကိုမသိသူလိုျဖတ္သန္းက်ေပမဲ့
ေငြလိုလာတဲ့အခ်ိန္တိုင္း ျပႆနာျဖစ္ရသည္။

ေအာ္ရီယာနာရဲ႕ဖခင္က အစားအေသာက္ကုမၸဏီတစ္ခုရဲ႕ပိုင္ရွင္... ကမာၻသူကေတာ့ ထိုကုမၸဏီနဲ႕ ဖက္စပ္ကုမၸဏီကမန္ေနဂ်ာတစ္ေယာက္သာ။
နိုင္ငံျခားသားဆိုေပမဲ့ အလုပ္လုပ္တာတိက်တယ္ဆိုၿပီး ဖခင္ကိုယ္တိုင္က ေအာ္ရီယာနာ့ကို
ကမာၻသူနဲ႕ေပးစားခဲ့တာျဖစ္သည္။သို႔ေပမဲ့
ကမာၻသူဟာ ဖခင္ျဖစ္သူထင္သလို လူေကာင္းတစ္ေယာက္မဟုတ္ဘူးဆိုတာ ဖခင္ေသဆုံးလို႔
ကုမၸဏီကို ကမာၻသူဆက္ခံခ်ိန္မွာသိခဲ့ရသည္။
ကမာၻသူဆိုတဲ့ေကာင္က လူယုတ္မာ၊သူ႕ဘဝတိုးတတ္ဖို႔ ေအာ္ရီယာနာနဲ႕လက္ထပ္ၿပီး ေနာက္ကြယ္မွာေတာ့ သူ႕အခ်စ္ဦးမိန္းမကိုေထာက္ပံ့တဲ့လူ။
သူ႕ေၾကာင့္ ကုမၸဏီတစ္ခုလုံးၿပိဳလဲသြားလို႔
ၿမိဳ႕ထဲကအိမ္ေရာင္းရတဲ့အထိျဖစ္လာတာေတာင္
ကမာၻသူဆိုတဲ့ေကာင္က သူ႕အျပစ္မရွိဘူးတဲ့။

ၿပီးေတာ့ သမီး... သူမကိုတင္မကဘူး သမီးကိုပါ သူ႕သမီးမဟုတ္ဘူးဆိုၿပီး ရိုက္ႏွက္တတ္သည္။
တကယ္လည္း မိုင္မိုင္းက ကမာၻသူရဲ႕သမီးမဟုတ္၊ မိုင္မိုင္းရဲ႕ဖခင္က ဘယ္သူလဲဆိုတာကိုေတာ့ ေအာ္ရီယာနာအသက္ရွင္သမွ်တစ္ေလွ်ာက္လုံး လွ်ို႔ဝွက္သြားမည္။ဒါေပမဲ့
သမီးဟာ သူမအေဖနဲ႕သိပ္တူတာပဲ။သူမအေဖလို မ်က္ဝန္းျပာေတြ... သူမအေဖလို ေခါင္းမာတာေတြ၊ သူမအေဖလို အျဖဴေရာင္ဆံပင္ေတြ။

"ေအာ္ရီယာနာ... "

"ေၾသာ္ ေနေရး(Nay Rie) ပါလား။႐ုံးဆင္းၿပီေပါ့"

"ဟုတ္ကဲ့... ကေလးကိုျပန္ပို႔လို႔ရလားလာေမးတာပါ"

"ေျပပါတယ္ ဒါသူ႕အိမ္ပဲေလ။မိုင္မိုင္းက ထိမ္းေပးလို႔ေက်းဇူးေနာ္ ... ကေလးက သူ႕ဒယ္ဒီရွိတဲ့အခ်ိန္ဆို အိမ္မွာမေနခ်င္ဘူး။တို႔ကလည္း အျပင္ထြက္ရတဲ့အလုပ္ကမ်ားေနလို႔ ဂ႐ုမစိုက္နိုင္ဘူးျဖစ္သြားတယ္"

"ခင္ဗ်ားတို႔အလုပ္ဘယ္ေလာက္မ်ားမ်ား ကေလးရဲ႕အစားအေသာက္ကို ဂ႐ုစိုက္ေပးရင္​ေတာ့ေကာင္းမယ္။ကေလးရဲ႕ခံစားခ်က္ကို နားေထာင္ေပးတာမ်ိဳးကလည္းမမွားပါဘူး။
ပစ္ထားတာၾကာရင္ ဒီကေလးေလးက စိတ္ဒဏ္ရာရသြားမွာဆိုးလို႔ ကိုယ္အႀကံေပးတာပါ"

"အခ်ိန္ရရင္ေတာ့ တို႔လုပ္ေပးမွာပါ"

"ကိုယ္လည္းလုပ္ေပးလို႔ရေပမဲ့ မိဘရဲ႕ရင္ခြင္ေလာက္ေတာ့ ကေလးအတြက္အက်ိဳးမသက္ေရာက္ဘူးေလဗ်ာ"

"ဟုတ္မွာပါ... ဒါေပမဲ့ မိုင္မိုင္းေလးက သူ႕ဟာသူ ေနတဲ့ကေလးဆိုေတာ့ တို႔ကိုမခင္တြယ္ဘူး။
အရင္ကအိမ္မွာတုန္းကလည္း သူ႕ကေလးထိမ္းနဲ႕ အတူေနလာတာဆိုေတာ့ မိဘကိုမခင္တြယ္ပါဘူးကြာ"

ႏႈတ္ခမ္းတစ္ဖက္မဲ့မိသည္အထိ တရားက်ဖိဳ႕ေကာင္းတဲ့စကားပင္။ဘယ္ကေလးက မိဘကို မခင္တြယ္ပဲေနမွာလဲ။မိုင္ကေလး လိုကေလးဆို ပိုၿပီးလူကပ္တယ္၊ခြၽဲတယ္၊တြယ္တာတတ္တယ္
ကေလးကိုဂ႐ုမစိုက္လို႔သာ အဲ့ဒီအရာေတြကို
ေအာ္ရီယာနာတို႔မသိရတာပါ။ၾကည့္ရတာ
အရင္အိမ္မွာကတည္းက ကေလးကအထီးက်န္ခဲ့ရပုံေပၚသည္။

"မိဘကိုမခင္တြယ္တဲ့ကေလးက ရွားပါတယ္ ေအာ္ရီယာနာ။ ခင္ဗ်ားေငြရွာတာလည္းရွာေပါ့
ကေလးအတြက္လည္း မလစ္ဟင္းသင့္ဘူး"

"ေျပာတတ္လိုက္တာေနေရးရယ္။မင္းတို႔အတြက္ေတာ့ ေငြရွာရတာလြယ္တာေပါ့"

"ကိုယ္ေပးမယ္..."

"ဟင္"

"ေအာ္ရီယာနာဘယ္ေလာက္လိုေနလဲ။လိုေနတဲ့ ေငြကို ကိုယ္ေပးမွာမို႔ အဲ့ဒီအစားကေလးကိုဂ႐ုစိုက္ေပးပါလား"

"ဟား ဟား ေနေရးက တကယ္ပါပဲကြာ။ ပိုက္ဆံကို အလဟသအသုံးခ်ခ်င္တာပဲ"

"အလကားေတာ့မဟုတ္ဘူးေပါ့။ကိုယ့္အတြက္ ပိုက္ဆံကုန္တာထပ္ မိုင္မိုင္းေပ်ာ္ဖို႔ကအေရးႀကီးတယ္။ခင္ဗ်ားလိုသေလာက္ ကိုယ္ေပးမွာပါ။
ကေလးမိဘကို ကေလးထိမ္းငွားရတာ သင့္ေတာ္သလားမသိေပမဲ့ ... အဲ့ဒီသေဘာပါပဲ
မိုင္မိုင္းေပ်ာ္ဖို႔အတြက္ သူ႕အေမျဖစ္တဲ့ခင္ဗ်ားရဲ႕
ေႏြးေထြးမႈ၊ဂ႐ုစိုက္မႈေတြကို ေငြနဲ႕ဝယ္တဲ့သေဘာပါ"

"တို႔က သူ႕အေမပါ... ကိုယ္ေမြးထားတဲ့သမီးကို
ခ်စ္တဲ့မိခင္စိတ္ေတာ့ရွိပါေသးတယ္။ဒါေပမဲ့ ေနေရးရဲ႕ကမ္းလွမ္းခ်က္ကိုလည္းစိတ္ဝင္စားတယ္"

"ဒါဆို လက္ခံတယ္ပဲသေဘာထားလိုက္ပါ့မယ္။ ခဏေန မိုင္မိုင္းကိုျပန္ပို႔ေပးတဲ့အခါ ခ်က္လက္မွတ္ယူလာမွာမို႔ ေအာ္ရီယာနာလိုခ်င္တဲ့ပမာဏကိုစဥ္းစားထားပါ"

"ေကာင္းပါၿပီတဲ့... "

ရိုက်ိဳးစြာ ကိုယ္ကိုကိုင္းၫႊတ္မိတ္ဆက္လိုက္ေတာ့ ေစရာေနေရးဆိုတဲ့လူက မႈန္ကုပ္ကုပ္ၾကည့္ၿပီးထြက္သြား၏။ ေနေရးရဲ႕ ေက်ာျပင္က်ယ္ကိုၾကည့္ရင္း ေအာ္ရီယာနာမရယ္ပဲမေနနိုင္ေတာ့။
ေႏြးေထြးမႈ၊ဂ႐ုစိုက္မႈေတြကို ဝယ္တယ္တဲ့လား...

အသက္ငယ္ေပမဲ့ နာမည္ႀကီး ေရွ႕ေနတစ္ေယာက္ျဖစ္တဲ့အျပင္ ေနေရးရဲ႕မိဘေတြက မ်ိဳးရိုးစဥ္ဆက္ခ်မ္းသာလာတာမို႔ ပိုင္ဆိုင္မႈေတြကမနည္းမေနာရွိတာကို ေအာ္ရီယာနာသိထားၿပီးၿပီ။
အဲ့လိုလူမ်ိဳးတစ္ေယာက္က သူ႕အတြက္သူမဟုတ္ပဲ အသက္၁၀ႏွစ္အ႐ြယ္ကေလးအတြက္
ေႏြးေထြးမႈကိုဝယ္ေပးသတဲ့။

:::::::::::

"ဦးဦး"

"ဟင္"

"မိုင္မိုင္းကိုခ်စ္တယ္လား"

"အင္းေပါ့ ဘာျဖစ္လို႔ေမးရျပန္တာလဲ"

"ခ်စ္ရင္ ေရခဲမုန့္လည္းဝယ္ေကြၽးမွာေပါ့ေနာ္"

"ဟား ... လူလည္မေလးက​ေတာ့။ စားခ်င္ရင္ဝယ္ေကြၽးမွာေပါ့ကြာ"

"အိမ္ျပန္မပို႔နဲ႕အုံးေနာ္... မိုင္မိုင္းတို႔သြားဝယ္ရေအာင္ေလ။ မနက္ျဖန္ဆို ေက်ာင္းသြားရေတာ့မွာ ... ဦးဦးနဲ႕မေတြ႕ရေတာ့ဘူး"

အခုမွ6နာရီပဲရွိေသးတာေပါ့ မိုင္မိုင္းေျပာတာကို ေခါင္းညိတ္လိုက္ရသည္။ျပန္ပို႔ဖို႔ကလည္း ေစာေနေသးတာပဲ။

"အဲ့တာဆို ညေနစာစားၿပီးမွ သြားဝယ္ရမယ္ေနာ္"

"မစားခ်င္ေတာ့ပါဘူး ဂ်ဳံပဲစားရတာပ်င္းလာၿပီ"

"စြပ္ျပဳတ္ေလးလုပ္ေပးပါ့မယ္ ထမင္းပူပူေလးလည္း ခ်က္ခိုင္းထားတယ္။ဆန္ေတာင္ဝယ္ခ်က္ခိုင္းထားရတာကိုကြာ မစားပဲေတာ့မေနရဘူးေလ... ျပန္ၿပီးေနမေကာင္းျဖစ္ရင္ ေဆးထိုးရမယ္ေနာ္"

"အဟြတ္ !! "

"ကဲ "

"ဟီးဟီး"

ေခ်ာင္းဆိုးလိုက္တာကို သူမဟုတ္သလို ပါးစပ္ကေလးပိတ္လို႔ ရယ္ျပလာတဲ့မိုင္းကေလး။ ဒီကေလးက ခ်စ္ေမႊးေလးပဲ။

"ဟမ့္ ဒါနဲ႕မ်ားေရခဲမုန့္က စားခ်င္ေသးတာလား"

"အရင္ရက္ကတည္းကစားခ်င္ေနတာ။ဦးဦးက အလုပ္မ်ားေနလို႔ မပူဆာရဘူးတဲ့..."

"ဘယ္သူကလဲ Tomလား"

"ဟုတ္"

"ေနာက္တစ္ခါ ကိုယ္အလုပ္သြားေနတုန္းဆို ဖုန္းဆက္ခိုင္းTomကို ... မိုင္းကေလးကေတာ့ ပူဆာလို႔ရတယ္ "

"တကယ္လား"

"စားခ်င္တာ၊လိုခ်င္တာ၊ျဖစ္ခ်င္တာ အားလုံးကို ပူဆာလို႔ရပါတယ္ကြကေလးေလးရ..."

"ဦးဦးက ဘာလို႔အဲ့လိုပူဆာလို႔ရတာလဲ။ ခ်စ္လို႔လား"

"အင္းေပါ့"

"အဲ့တာဆို မာမီနဲ႕ဒယ္ဒီကိုပူဆာလို႔မရတာက
သူတို႔က မိုင္မိုင္းကိုမခ်စ္လို႔ေပါ့ေနာ္"

"ကေလးရယ္"

"ဟုတ္တယ္ထင္တယ္။မခ်စ္လို႔ပဲ ဒယ္ဒီက မိုင္မိုင္းကိုရိုက္တာေပါ့"

"မဟုတ္တာကြာ"

ၾကင္နာစြာေပြ႕ဖက္ေပးမိတဲ့အခိုက္အတန့္က ဒီကေလးေလးကိုသနားလြန္းလို႔သာ။ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ဘယ္ေလာက္ထိစိတ္ဒဏ္ရာရေနၿပီလဲ။

"မိုင္ကေလး ... အိမ္ျပန္ေရာက္ရင္ မာမီ့ကို တစ္ခုခုပူဆာၾကည့္ေလ  ရရင္ရမွာေပါ့ကြ"

"ဟင့္အင္း မပူဆာရဲဘူး။မိုင္မိုင္းက အဲ့လိုေျပာလိုက္ရင္ မာမီစိတ္ရႈပ္သြားမွာ။စိတ္ရႈပ္ရင္ စြန့္ပစ္မယ္လို႔မာမီကေျပာတယ္"

"ကိုယ့္ကိုယုံတယ္မလား"

"ဟုတ္ ဦးဦးကိုယုံတယ္"

"အဲ့တာဆို မိုင္မိုင္းလိုခ်င္တာတစ္ခုခုေျပာၾကည့္"

"ဟို .... "

"မေၾကာက္နဲ႕ေလ မိုင္ကေလးရဲ႕အေမက မိုင္ကေလးကိုခ်စ္ပါတယ္"

"ဟုတ္ ေျပာ...ေျပာၾကည့္မယ္။ဒါေပမဲ့ ရိုက္ရင္ကေရာ"

"ဒီဘက္ကိုေျပးလာခဲ့ ကိုယ္ရွိေနတယ္"

"ဟီး ဟုတ္ ဦးဦး။ဦးဦးကိုခ်စ္တယ္"

"လူလည္မေလးပါကြာ"

"ဦးဦးက မိုင္မိုင္းရဲ႕ဦးဦးေနာ္...တျခားသူကို မခ်စ္ရဘူး"

"အတတ္ကေလး... ဟုတ္ၿပီ ဒီဦးဦးကစကားနားေထာင္ပါ့မယ္ဗ်ာ။အဲ့ဒီအစား မိုင္ကေလးကလည္း စာႀကိဳးစားရမယ္"

"ဟုတ္ ။ ဦးဦး မနက္ျဖန္ကို ေက်ာင္းလာႀကိဳေပးလို႔ရလားဟင္... ေက်ာင္းဘတ္စ္ကားနဲ႕မျပန္ခ်င္ဘူး"

"အင္း ႀကိဳရမွာေပါ့... ခဏေနျပန္လိုက္ပို႔ေပးရင္ ေအာ္ရီယာနာ့ဆီခြင့္ေတာင္းခဲ့မယ္"

ေခါင္းတညိတ္ညိတ္နဲ႕ေက်နပ္ေနတဲ့ မိုင္မိုင္းကေလးရဲ႕လက္ကိုဆြဲကာ ထမင္းစားခန္းကို ေခၚလာရ၏။ သူမတို႔အိမ္မွာဆို ပူပူေႏြးေႏြးအစားအေသာက္ရွိမည္မဟုတ္... ငယ္႐ြယ္တဲ့ ကေလးက အဟာရရွိဖို႔လိုအပ္တာမို႔ အစားဝင္ေအာင္ေကြၽးဖို႔ကို ေနေရးရဲ႕စိတ္ကေဆာင္ေနသည္။

အေငြ႕တေထာင္းေထာင္းနဲ႕ အဆင္သင့္ျပင္ထားတဲ့ ထမင္း၊ၾကက္သားစြပ္ျပဳတ္နဲ႕ အ႐ြက္ေၾကာ္အျပင္ ပုစြန္ေၾကာ္တို႔ျဖင့္ တည္ခင္းထားတဲ့ ထမင္းစားပြဲမွာထိုင္ကာ မိုင္ကေလးကိုလည္း ခူးခပ္ထည့္ေပးသည္။ ကိုယ္ကိုကိုင္းကာ လက္ကိုင္ပဝါေလးကို ေပါင္ေပၚခင္းေပးလက္ေတာ့ ထိုကေလးမေလးက သူ႕နားထင္ကိုျဖတ္ခနဲေမႊးလာ၏။

"ဦးဦးေခါင္းလိမ္းဆီလိမ္းသလား ေမႊးၾကည့္တာ"

"ေၾသာ္ !!! "

ကေလးေလးကလည္လြန္းတာမို႔ ေစရာေနေရးတို႔ ဘာမွျပန္ေျပာမရေတာ့။ ၿပဳံးစိစိနဲ႕ ထမင္းစားေနၿပီျဖစ္တဲ့ ကေလးကိုသာလိုတာထည့္ေပးရင္း အခ်ိန္ကုန္ရေတာ့သည္။

မိုင္ကေလးက လူလည္မေလး။ဒီခြၽဲႏြဲ႕မႈေလးေတြနဲ႕ကေလးကို သူေမြးစားထားရင္ေကာင္းမလား။
မိုင္ကေလးသာ သူနဲ႕ေနရင္ သူေတာ့အသက္ရွည္မွာပဲ။

To Be Continue .... Part  - 2

Continuar a ler

Também vai Gostar

55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
226M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...
7.3M 302K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...
6.5M 179K 55
⭐️ ᴛʜᴇ ᴍᴏꜱᴛ ʀᴇᴀᴅ ꜱᴛᴀʀ ᴡᴀʀꜱ ꜰᴀɴꜰɪᴄᴛɪᴏɴ ᴏɴ ᴡᴀᴛᴛᴘᴀᴅ ⭐️ ʜɪɢʜᴇꜱᴛ ʀᴀɴᴋɪɴɢꜱ ꜱᴏ ꜰᴀʀ: #1 ɪɴ ꜱᴛᴀʀ ᴡᴀʀꜱ (2017) #1 ɪɴ ᴋʏʟᴏ (2021) #1 IN KYLOREN (2015-2022) #13...