အချစ်ဟာဘာလဲလို့မေးရင် မောင် ဖြေမယ်ထွက်ပြေးချင်နေတဲ့သစ်ရွက်လေး
...
ကားပေါ်ကဆင်းလာတဲ့အထိ သူသည်နောင့်လက်ကိုအလွတ်မပေးပဲဆုပ်ကိုင်ထားခဲ့သည်..။
''ဆိုင်ချင်းကမျက်နှာချင်းဆိုင်ဖြစ်သွားပြီမလို့ မင်းမနက်တိုင်း မောင့်ကိုတွေ့ရမယ်
မောင်ခေါ်တိုင်း လာခဲ့ရမယ်
ရတယ်မလား''
''ကောင်းပြီ''
ငေးငိုင်နေတဲ့နောင့်မျက်နှာလေးကိုကြည့်ရင်းရှန်ဟတ်မျက်မှောင်တွေတွန့်ချိုးသွားသည်..။
''အဲဒီလောက်တောင်မပျော်တာလား
မောင်နဲ့တွေ့ရတာကို''
''မဟုတ်ပါဘူး ငါမင်းပြောသမျှနားထောင်မှာပါ''
''တောက်!!''
ကျယ်လောင်တဲ့တောက်ခေါက်သံကြောင့်နောင့်ကိုယ်လေးတွန့်ခနဲ..။
''ပြောသမျှကို အမိန့်လို့မှတ်ထားလိုက်နောင်လေး ..မောင့်စကားတွေကိုလိမ်လိမ်မာမာလေးနားထောင်ပေးရင်
လိုချင်တာမှန်သမျှ ဖြစ်စေရမယ်
အဲဒီနှုတ်ခမ်းလှလှလေးနဲ့ မောင့်ကိုတောင်းဆိုလိုက်''
ပြောရက်လိုက်တာ
နောင် ရှန်ဟတ်ကိုပထမဆုံး ဒေါသဖြင့်ကြည့်မိသွားသည်..။
''ငါ မင်းပိုက်ဆံတွေမလိုချင်ဘူး စိုင်းရှန်ဟတ်''
'' မောင့်ကိုထားခဲ့ဖို့ မင်းငွေတွေရခဲ့တယ်မဟုတ်လား ''
သူဘာတွေပြောနေတာပါလဲ
ဘယ်ကငွေတွေ...
''မင်းဘာတွေပြောနေတာလဲ''
ရှန်ဟတ်က နောင့်ပါးလေးကိုတိမ်တိမ်ဖွဖွလေးအသာအယာညစ်သည်..။
'' ငွေမက်လို့ရတယ်
ငွေမက်ရင် မင်းမောင့်ကိုအပိုင်ကြံသင့်တယ်နော် သုံးမကုန်အောင်ပေးမှာမလို့''
''တော်တော့''
ရှန်ဟတ်ပြောနေတာတွေကိုနောင်သေချာလည်းနားမလည်.။သေချာတာတော့ရှန်ဟတ်နဲ့ပတ်သတ်ပြီး နောင်ဘယ်ငွေကိုမှမတပ်မက်ခဲ့ဖူးပါ..။
''ငါသွားပြီ''
ကားပေါ်မှလောလောနှင့်ဆင်းချလာကာနောက်လှည့်မကြည့်မိသော်လည်း ရှန်ဟတ်ရဲ့ခပ်စူးစူးအကြည့်တွေကိုနောင်ခံစားလို့ရပါသည်.။
''ရှန်ဟတ်က အများကြီးကွာခြားလာတာပဲနော်''
အစ်ကိုခွန်းသရဲ့ စကားကိုကြားတဲ့အခါနောင်ရင်ထဲစို့ကာလှိုက်တတ်လာသည်..။
''သူကျွန်တော့်ကိုအော်တယ်
ရိုက်လည်းရိုက်တယ်''
ဟင်
ကလေးလိုငိုချလာတဲ့နောင့်ကိုထိန်းရင်းခွန်းသလည်းဘာလုပ်ပေးရမလဲမသိပါ..။
တကယ်တမ်းကြမ်းကြမ်းတမ်းတမ်း ပြုမူခံရတဲ့အခါနောင်ဝမ်းနည်းပါသည်..။
သူ့ကိုအမြဲအလိုလိုက် နူးညံ့ပေးခဲ့တဲ့ရှန်ဟတ်ဟာတကယ်ကိုနွေးထွေးတဲ့ကောင်လေးဖြစ်ခဲ့တာမလို့..
''ပြီးတော့ သူ့လက်ဖဝါးတွေက ဆူးတွေနဲ့''
ငိုရှိုက်ရင်းပြောလာတဲ့နောင့်စကားကိုခွန်းသနားမလည်..။
''တအားနာသွားလို့လား''
''မဟုတ်ဘူး အရင်ကရှန်ဟတ်ရဲ့လက်ဖဝါးတွေက အရမ်းနူးညံ့ပြီး သွယ်သွယ်လေးတွေလေ
အခု အသားမာတွေနဲ့ လက်သည်းခွံတွေဆိုကျိုးပဲ့နေပြီ ဒီနှစ်ထဲသူဘာတွေအဲလောက်ဒုက္ခခံခဲ့ရတာများလဲ''
နောင်အဲအရာကိုဝမ်းအနည်းဆုံးပါပင်..။
ရှန်ဟတ်သူ့ကိုအော်ရင်တောင်ခြိမ်းခြောက်ရင်တောင်ဒီလိုဝမ်းမနည်းမိလောက်ပါ..။
နောင့်လက်ကိုဆုပ်ကိုင်လာခဲ့တဲ့လက်ဖဝါးတွေဟာ လောကဓံကိုအကြိမ်ကြိမ်အံတုခဲ့ရသလို ဒဏ်ရာအမာရွတ်ကြီးတွေနဲ့
ကျိူးပဲ့တုံးတိနေတဲ့လက်သည်းတွေ
လက်ရှည်ဝတ်လာခဲ့ပေမဲ့ အဲကိုယ်မှာဘယ်လောက်အမာရွတ်ဒဏ်ရာတွေရှိနေမလဲ နောင်မတွေးရက်ပါ..။
..
အစ်ကိုခွန်းသကဂရုတစိုက်မေးနေတဲ့ပုံလေးရယ် ငေးတိငေးငိုင်ဖြေနေတဲ့နောင့်ပုံလေးရယ်ကို ချန်ခဲ့တဲ့ကားနောက်မှန်မှကြည့်ရင်းရှန်ဟတ် မပျော်ခဲ့ပါ..။
မေးချင်ခဲ့တာ
မင်းဆွဲထားတဲ့အနာဂတ်မှာမောင့်ကိုတွေ့ဆုံတဲ့တစ်ခန်းလောက်ဖြစ်ဖြစ်မပါဘူးလားလို့..
ရေစက်တွေကအဲလိုလွယ်လွယ်လို့ဖြတ်လို့မရဘူးအချစ်ရေ
မင်းမကြိုက်လည်း
မောင်ကမင်းကိုအလွတ်မပေးနိုင်တာမလို့
Companyရှေ့ကားရပ်သည်နှင့် လက်ထောက်ကျော်စိုးက ရှန်ဟတ်ကိုအလှဆုံးအပြုံးဖြင့်စောင့်ကြိုသည်..
''Boss ရှန် ဘယ်သွားနေတာပါလဲခင်ဗျ
ဒီလိုအရေးကြီးဆုံးအစည်းအဝေးကြီးကိုဖျက်ပြီးဘယ်တွေမှာများပျော်ခဲ့တာလဲခင်ဗျာ''
ခပ်ရွဲ့ရွဲ့စကားဟာ Bossရဲ့မီးမှုတ်အကြည့်တစ်ချက်အောက်မှာ ပြာကျသည်..။
''မင်းရဲ့မရီးနဲ့သွားတွေ့တာ''
''Bossညနေတိုင်းသွားချောင်းတဲ့coffeeဆိုင်လား''
အဲဆိုင်ကိုမှတ်မိတာပေါ့..။
အဲဆိုင်ရှေ့က မြေကွက်လပ်ကိုလည်းရောင်းဖို့ပိုင်ရှင်ကိုပြောခဲ့ပြီး လေလံတင်မယ်ဆိုတော့မူရင်းစျေးရဲ့နှစ်ဆပေးဝယ်ခဲ့လို့ ကျော်စိုးတို့ တရားနဲ့ဖြေခဲ့ရသေးသည်..။
အခုလည်းcaseတွေဖျက်ပြီးထွက်ချသွားလို့ ဆူချင်ပေမဲ့ တိတ်နေတဲ့ရှန်ဟတ်ပုံစံကမျက်နှာမကောင်းလို့ နောက်မှငြိမ်ငြိမ်လေးလိုက်ခဲ့သည်..။
ဒီနှစ်တွေမှာလည်းရှန်ဟတ်ဆိုတဲ့အမျိုးသားရဲ့နောက်မှာကျော်စိုး သစ္စာရှိစွာလိုက်ခဲ့ပါသည်
.
Boss လိုလူမျိုးက ထောင်ထဲမှာဘယ်လိုနေခဲ့ရပြီးထွက်လာတဲ့အခါမှာလည်း စီးပွားရေးစဖို့ ကုန်ကူးတဲ့အခါ နယ်စပ်တွေထိသေနတ်ကိုင် တိုက်ခဲ့ကြရတာ
ရှန်ဟတ်ရဲ့ကျောပြင်က ကျည်ဆံရာ အမာရွတ်တွေကသက်သေပင်..။
သို့သော် ရှန်ဟတ်ဟာ လူတွေစိုးရိမ်ရတဲ့အထိငွေကိုသည်းကြီးမည်းကြီးရှာသည်..။
ဟိုးအရင်ကဦးညွတ်ချင်ယောင်ဆောင်ခဲ့ကြတဲ့လူတွေဟာ ထောင်ထွက်လူသတ်သမားဖြင့် ဦးချိုးခဲ့ကြသည်..။
ဒါတွေကို ကျော်ဖြတ်ခဲ့တဲ့ရှန်ဟတ်ရဲ့စိတ်ရောကိုယ်ပါ အကောင်းအတိုင်းမရှိတော့မှန်းကျော်စိုးသိပါသည်..။
ရုံးခန်းထဲတိတ်တဆိတ်ထိုင်နေတဲ့Bossကတစ်ခုခုဖြစ်လာသလိုမျိူး..။
'' အဆင်မပြေခဲ့ဘူးလားဟင်''
ငွေဖြူရောင်ဆံနွယ်တွေကိုသပ်ရင်း ရှန်ဟတ်ရဲ့အပြုံးကမှီခိုရာမဲ့လို့ ဝိုးတဝါး
''သူငါ့ကို ကြောက်နေခဲ့တာ
ငါ့ကိုထပ်မတွေ့ဖို့ အမြဲဆုတောင်းနေခဲ့ရပုံပဲ''
ကျောကိုကျည်ဆံဖောက်ချိန်မှာတောင် ရှန်ဟတ်ငြီးတွားခဲ့သည့်အမည်နာမလေးဟာ ''နောင်''ဖြစ်သည်..။
သူတို့စီးလာတဲ့ကားမီးရှို့ခံရချိန်မှာ ရှန်ဟတ် အသက်လုယူခဲ့သောပစ္စည်းလေးသည် ပုံတုံးတုံးကောင်လေးရဲ့ဓာတ်ပုံလေးသာ
သို့သော်တစ်ဖက်လူက သူ့အားဘဝမှာထပ်တွေ့စရာမလိုသည့် သေလူလိုသဘောထားခဲ့ပုံပင်..။
''တန်လို့လားဗျာ''
ရှန်ဟတ်က မှဲ့နက်လေးထင်းသွားအောင်ရယ်ချသည်..။
''ချစ်မိတာကို''
''သူတစ်ခွန်းလေးတောင်းပန်တာနဲ့အရာအားလုံးကိုခွင့်လွှတ်ချင်တယ်''
လူသတ်သမားအဖြစ်ထောင်ထဲဝင်ပေးခဲ့ပေမဲ့ စွန့်ပစ်ခံခဲ့ရတာကိုလည်း ခွင့်လွှတ်တယ်..။
အဲမိန်းမနဲ့လက်ထပ်သွားတာကိုလည်း
ခွင့်လွှတ်တယ်..။
ထပ်မတွေ့ချင်တော့တာကိုလည်းခွင့်လွှတ်တယ်..။
''ဒါပေမဲ့ ကျော်စိုး သူကငါ့ကိုမတောင်းပန်ခဲ့ဘူး''
ဓားနဲ့ထိုးသွားရင်တောင် မင်းလက်လေးနာသွားမှာစိုးရိမ်ပေးခဲ့မှာပါ..။
ဒါပေမဲ့မေ့ပစ်ခဲ့တာကိုတော့ မောင်စိတ်နာရတယ်သည်းငယ်
မင်းဘဝလေးကို လာနှောင့်ယှက်မိတဲ့ခပ်ရူးရူးဗီလိန်လိုမျိုးသဘောထားနေသရော့လား
ရှန်ဟတ်သည် အသံမထွက်ပဲရှိုက်ခဲ့သည်..။
မျက်ရည်တွေကျဖို့ သူကဘယ်တုန်းကမှလူကောင်းမဟုတ်ခဲ့..
ဗီလိန်တွေရဲ့မျက်ရည်ဟာ သနားချင်စရာမကောင်းဘူးမလား.
ဘာပဲ ဖြစ်ဖြစ်မင်းအတွက်မောင်ကဗီလိန်ဖြစ်နေပြီးသားပဲ..
....
''ဝုန်း ''
''စောက်ရေးကိုမပါဘူး''
မနက်စောစော ရုံးခန်းကနေ
ဟိန်းခနဲထွက်လာတဲ့အော်သံနက်ကြီးကြောင့် ဝန်ထမ်းမလေးကလန့်ငိုပြေးတာများ ကျော်စိုးနဲ့ပါရင်ဘတ်ချင်းတွေနီးကုန်သည်..။
''အစ်ကိုကျော်စိုး CEOကကြောက်စရာကောင်းနေတယ်''
နှစ်သိမ့်ရင်း ရုံးခန်းထဲဝင်ပြေးတော့
ရှပ်အနက်လက်ရှည်ကိုခေါက်တင်ရင်း သွေးဆာနေတဲ့မျက်လုံးတွေနဲ့ရှန်ဟတ်ကိုမြင်ရသည်..။
''Boss ရေ ဘာဖြစ်လို့လဲ''
''မင်းလာခဲ့''
သူ့အရပ်ရှည်ကြီးနဲ့ လက်ဖျံရိုးအကြောပြိုင်းပြိုင်းတွေဆန့်ရင်းလှမ်းခေါ်တဲ့အခါ ကျော်စိုးနှလုံးလေးဖိသည်..။
သူများကကြောက်တတ်တယ်လို့
''ဟိုကောင်တွေ ကုန်တွေကိုလစ်သွားပြီထင်တယ် ဆိပ်ကမ်းကိုဆိုက်လာတာမနေ့ထဲကလို့လူယုံကသတင်းပေးတယ်
အခုထိ မရောက်ဘူးပဲခံငြင်းနေတယ်
အဲခွေးကောင်တွေကို လက်စဖျောက်လိုက်''
''အကြောင်းအရင်းသေချာရှာလိုက်ပါမယ်''
''ငါ့စကားကို အရေးမစိုက်တာလားမင်းက''
ကျော်စိုးမျက်လုံးပြူးရသည်..
''မဟုတ်တာပါဗျာ သေချာလေးစုံစမ်းပေးမလို့ပါ''
ခြေလှမ်းကျဲတွေကိုသူ့ခြေတံရှည်တွေနဲ့ဆောင့်နင်းရင်း အော်ပြန်သည်..။
'' ငါဖုန်းဆက်တာတောင်မကိုင်ရအောင်
ဘာမလို့လဲ''
ဟမ်
''ဘယ်သူမကိုင်တာလဲ မဟုတ်မှ ''
မရီးလားဟင်
အဲဒါကြောင့်ဒီလို သောင်းကျန်းနေတာများအလုပ်ကိုလွှဲချနေသေးတယ်..
''သွားကြည့်လိုက်ပါလား''
''မင်းပြောစရာမလိုပါဘူး ''
ကားသော့ဆွဲထွက်သွားတာမလို့ပြဿနာမတတ်အောင် ကျော်စိုးပါအပြေးလိုက်ရသည်..။
တစ်လမ်းလုံးလည်းဘုရားတခဲ့ရတာများ
ဘဝမှာတစ်ခါမှဒီလောက်ဘုရားကိုမတမ်းတဖူးပါ..။
ကော်ဖီဆိုင်ရှေ့ရောက်တော့ လူသတ်မလိုမျက်နှာထားနဲ့ဆင်းချသွားသည်..။
'' အခုထွက်လာခဲ့စမ်း''
''ရှန်ဟတ် ဘာဖြစ်လာတာလဲ''
ဆိုင်ရှင်ခွန်းသကရှန်ဟတ်ကို စီးကာတားရင်း ဆွဲရသည်..။
''နောင် သူဘယ်မှာလဲ
မနေ့ကကြ ဟိုမိန်းမသိမှာစိုးလို့ကြောက်လန့်တောင်းပန်နေပြီး ဒီနေ့ဖုန်းဆက်တာကိုချပစ်တာ ဘာစောက်ချိုး''
''ချပစ်တာငါပါ''
အစ်ကိုခွန်းသရဲ့ အဖြေကြောင့်ရှန်ဟတ်ကခဏငြိမ်သွားကာ မာမာထန်ထန်မေးသည်..။
''မကိုင်နိုင်ရအောင်သူကဘာလုပ်နေလို့လဲ''
''ဖျားနေတာကွ
ဖျားနေတာတောင်ဆိုင်ရောက်လာလို့ အပေါ်ထပ်မှာဆေးတိုက်သိပ်ထားတယ်''
ခုနက ဆောင့်နင်းနေတဲ့ခြေတံရှည်တွေဟာတိတ်ကျသွားရင်း အပေါ်ထပ်သို့ဦးတည်သည်က တကယ်ကိုဖွဖွလျလျ..။
ပါးစပ်အဟောင်းသားဖြစ်ကာ
ကျော်စိုး နှုတ်ခမ်းတောင်လေဖြတ်သွားသည်..။
တစ်မနက်လုံး ပူလောင်မြည်ဟီးနေတဲ့မီးတောင်ကြီးဟာ ခုံပေါ်ခေါင်းတင်အိပ်နေတဲ့ကောင်လေးကိုတွေ့တဲ့အခါ အသက်ပင်ရဲရဲမရှူတော့..။
ခပ်ဖွဖွလေးချည်းကပ်လာကာ
နွေးနေတဲ့နဖူးပြင်လေးပေါ် လက်ဖဝါးတွေနဲ့ထိလို့ကပ်သည်..။
''အဖျားရှိနေတာကို ဆေးခန်းမသွားဘူးလားဒီကလေးက''
အပြစ်တင်ခြင်းမမြည်တဲ့စကားသံနဲ့အတူ ဖျားနေတဲ့ကောင်လေးဘေးနားဝင်ထိုင်သည်..။
''နိုးလာရင်ဆေးခန်းလိုက်ပို့မယ်
မင်းပြန်နှင့်''
''ဟုတ်ကဲ့''
ပြန်ဖြေသံကျယ်သွားသည်ကိုပင်စူးကနဲ ကြည့်လာတဲ့ဆရာသမားကြောင့် ကျော်စိုးနဲ့ခွန်းသ အကြည့်တွေဆုံသွားကြသည်..။
အရံဘီးတွေဘဝက ဒီလိုပါပဲ
တစ်ရက်ထဲဘယ်လိုများဖျားသွားပါလိမ့်
အဖျားရှိန်နဲ့ရဲနေတဲ့ပါးလေးကို လက်ညှိုးနဲ့ အသာလေးဖွဖွထိမိသည်..။
မောင့်ကို ကမ္ဘာပျက်အောင်လုပ်ပြီး
မင်းကချစ်ဖို့ကောင်းပြနေရော
...
အချစ်ဆိုတာဘာလဲမေးရင်
မင်းခေါင်းလေးမောင့်ပုခုံးကိုမှီထားခဲ့တဲ့အခိုက်အတန့်
Next update.7.1.2024
(လူဆိုးကြအတွဲမကြာခင်လာပါမယ်)
အခ်စ္ဟာဘာလဲလို႔ေမးရင္ ေမာင္ ေျဖမယ္ထြက္ေျပးခ်င္ေနတဲ့သစ္႐ြက္ေလး
...
ကားေပၚကဆင္းလာတဲ့အထိ သူသည္ေနာင့္လက္ကိုအလြတ္မေပးပဲဆုပ္ကိုင္ထားခဲ့သည္..။
''ဆိုင္ခ်င္းကမ်က္ႏွာခ်င္းဆိုင္ျဖစ္သြားၿပီမလို႔ မင္းမနက္တိုင္း ေမာင့္ကိုေတြ႕ရမယ္
ေမာင္ေခၚတိုင္း လာခဲ့ရမယ္
ရတယ္မလား''
''ေကာင္းၿပီ''
ေငးငိုင္ေနတဲ့ေနာင့္မ်က္ႏွာေလးကိုၾကည့္ရင္းရွန္ဟတ္မ်က္ေမွာင္ေတြတြန့္ခ်ိဳးသြားသည္..။
''အဲဒီေလာက္ေတာင္မေပ်ာ္တာလား
ေမာင္နဲ႕ေတြ႕ရတာကို''
''မဟုတ္ပါဘူး ငါမင္းေျပာသမွ်နားေထာင္မွာပါ''
''ေတာက္!!''
က်ယ္ေလာင္တဲ့ေတာက္ေခါက္သံေၾကာင့္ေနာင့္ကိုယ္ေလးတြန့္ခနဲ..။
''ေျပာသမွ်ကို အမိန့္လို႔မွတ္ထားလိုက္ေနာင္ေလး ..ေမာင့္စကားေတြကိုလိမ္လိမ္မာမာေလးနားေထာင္ေပးရင္
လိုခ်င္တာမွန္သမွ် ျဖစ္ေစရမယ္
အဲဒီႏႈတ္ခမ္းလွလွေလးနဲ႕ ေမာင့္ကိုေတာင္းဆိုလိုက္''
ေျပာရက္လိုက္တာ
ေနာင္ ရွန္ဟတ္ကိုပထမဆုံး ေဒါသျဖင့္ၾကည့္မိသြားသည္..။
''ငါ မင္းပိုက္ဆံေတြမလိုခ်င္ဘူး စိုင္းရွန္ဟတ္''
'' ေမာင့္ကိုထားခဲ့ဖို႔ မင္းေငြေတြရခဲ့တယ္မဟုတ္လား ''
သူဘာေတြေျပာေနတာပါလဲ
ဘယ္ကေငြေတြ...
''မင္းဘာေတြေျပာေနတာလဲ''
ရွန္ဟတ္က ေနာင့္ပါးေလးကိုတိမ္တိမ္ဖြဖြေလးအသာအယာညစ္သည္..။
'' ေငြမက္လို႔ရတယ္
ေငြမက္ရင္ မင္းေမာင့္ကိုအပိုင္ႀကံသင့္တယ္ေနာ္ သုံးမကုန္ေအာင္ေပးမွာမလို႔''
''ေတာ္ေတာ့''
ရွန္ဟတ္ေျပာေနတာေတြကိုေနာင္ေသခ်ာလည္းနားမလည္.။ေသခ်ာတာေတာ့ရွန္ဟတ္နဲ႕ပတ္သတ္ၿပီး ေနာင္ဘယ္ေငြကိုမွမတပ္မက္ခဲ့ဖူးပါ..။
''ငါသြားၿပီ''
ကားေပၚမွေလာေလာႏွင့္ဆင္းခ်လာကာေနာက္လွည့္မၾကည့္မိေသာ္လည္း ရွန္ဟတ္ရဲ႕ခပ္စူးစူးအၾကည့္ေတြကိုေနာင္ခံစားလို႔ရပါသည္.။
''ရွန္ဟတ္က အမ်ားႀကီးကြာျခားလာတာပဲေနာ္''
အစ္ကိုခြန္းသရဲ႕ စကားကိုၾကားတဲ့အခါေနာင္ရင္ထဲစို႔ကာလွိုက္တတ္လာသည္..။
''သူကြၽန္ေတာ့္ကိုေအာ္တယ္
ရိုက္လည္းရိုက္တယ္''
ဟင္
ကေလးလိုငိုခ်လာတဲ့ေနာင့္ကိုထိန္းရင္းခြန္းသလည္းဘာလုပ္ေပးရမလဲမသိပါ..။
တကယ္တမ္းၾကမ္းၾကမ္းတမ္းတမ္း ျပဳမူခံရတဲ့အခါေနာင္ဝမ္းနည္းပါသည္..။
သူ႕ကိုအၿမဲအလိုလိုက္ ႏူးညံ့ေပးခဲ့တဲ့ရွန္ဟတ္ဟာတကယ္ကိုႏြေးေထြးတဲ့ေကာင္ေလးျဖစ္ခဲ့တာမလို႔..
''ၿပီးေတာ့ သူ႕လက္ဖဝါးေတြက ဆူးေတြနဲ႕''
ငိုရွိုက္ရင္းေျပာလာတဲ့ေနာင့္စကားကိုခြန္းသနားမလည္..။
''တအားနာသြားလို႔လား''
''မဟုတ္ဘူး အရင္ကရွန္ဟတ္ရဲ႕လက္ဖဝါးေတြက အရမ္းႏူးညံ့ၿပီး သြယ္သြယ္ေလးေတြေလ
အခု အသားမာေတြနဲ႕ လက္သည္းခြံေတြဆိုက်ိဳးပဲ့ေနၿပီ ဒီႏွစ္ထဲသူဘာေတြအဲေလာက္ဒုကၡခံခဲ့ရတာမ်ားလဲ''
ေနာင္အဲအရာကိုဝမ္းအနည္းဆုံးပါပင္..။
ရွန္ဟတ္သူ႕ကိုေအာ္ရင္ေတာင္ၿခိမ္းေျခာက္ရင္ေတာင္ဒီလိုဝမ္းမနည္းမိေလာက္ပါ..။
ေနာင့္လက္ကိုဆုပ္ကိုင္လာခဲ့တဲ့လက္ဖဝါးေတြဟာ ေလာကဓံကိုအႀကိမ္ႀကိမ္အံတုခဲ့ရသလို ဒဏ္ရာအမာ႐ြတ္ႀကီးေတြနဲ႕
က်ိဴးပဲ့တုံးတိေနတဲ့လက္သည္းေတြ
လက္ရွည္ဝတ္လာခဲ့ေပမဲ့ အဲကိုယ္မွာဘယ္ေလာက္အမာ႐ြတ္ဒဏ္ရာေတြရွိေနမလဲ ေနာင္မေတြးရက္ပါ..။
..
အစ္ကိုခြန္းသကဂ႐ုတစိုက္ေမးေနတဲ့ပုံေလးရယ္ ေငးတိေငးငိုင္ေျဖေနတဲ့ေနာင့္ပုံေလးရယ္ကို ခ်န္ခဲ့တဲ့ကားေနာက္မွန္မွၾကည့္ရင္းရွန္ဟတ္ မေပ်ာ္ခဲ့ပါ..။
ေမးခ်င္ခဲ့တာ
မင္းဆြဲထားတဲ့အနာဂတ္မွာေမာင့္ကိုေတြ႕ဆုံတဲ့တစ္ခန္းေလာက္ျဖစ္ျဖစ္မပါဘူးလားလို႔..
ေရစက္ေတြကအဲလိုလြယ္လြယ္လို႔ျဖတ္လို႔မရဘူးအခ်စ္ေရ
မင္းမႀကိဳက္လည္း
ေမာင္ကမင္းကိုအလြတ္မေပးနိုင္တာမလို႔
Companyေရွ႕ကားရပ္သည္ႏွင့္ လက္ေထာက္ေက်ာ္စိုးက ရွန္ဟတ္ကိုအလွဆုံးအၿပဳံးျဖင့္ေစာင့္ႀကိဳသည္..
''Boss ရွန္ ဘယ္သြားေနတာပါလဲခင္ဗ်
ဒီလိုအေရးႀကီးဆုံးအစည္းအေဝးႀကီးကိုဖ်က္ၿပီးဘယ္ေတြမွာမ်ားေပ်ာ္ခဲ့တာလဲခင္ဗ်ာ''
ခပ္႐ြဲ႕႐ြဲ႕စကားဟာ Bossရဲ႕မီးမႈတ္အၾကည့္တစ္ခ်က္ေအာက္မွာ ျပာက်သည္..။
''မင္းရဲ႕မရီးနဲ႕သြားေတြ႕တာ''
''Bossညေနတိုင္းသြားေခ်ာင္းတဲ့coffeeဆိုင္လား''
အဲဆိုင္ကိုမွတ္မိတာေပါ့..။
အဲဆိုင္ေရွ႕က ေျမကြက္လပ္ကိုလည္းေရာင္းဖို႔ပိုင္ရွင္ကိုေျပာခဲ့ၿပီး ေလလံတင္မယ္ဆိုေတာ့မူရင္းေစ်းရဲ႕ႏွစ္ဆေပးဝယ္ခဲ့လို႔ ေက်ာ္စိုးတို႔ တရားနဲ႕ေျဖခဲ့ရေသးသည္..။
အခုလည္းcaseေတြဖ်က္ၿပီးထြက္ခ်သြားလို႔ ဆူခ်င္ေပမဲ့ တိတ္ေနတဲ့ရွန္ဟတ္ပုံစံကမ်က္ႏွာမေကာင္းလို႔ ေနာက္မွၿငိမ္ၿငိမ္ေလးလိုက္ခဲ့သည္..။
ဒီႏွစ္ေတြမွာလည္းရွန္ဟတ္ဆိုတဲ့အမ်ိဳးသားရဲ႕ေနာက္မွာေက်ာ္စိုး သစၥာရွိစြာလိုက္ခဲ့ပါသည္
.
Boss လိုလူမ်ိဳးက ေထာင္ထဲမွာဘယ္လိုေနခဲ့ရၿပီးထြက္လာတဲ့အခါမွာလည္း စီးပြားေရးစဖို႔ ကုန္ကူးတဲ့အခါ နယ္စပ္ေတြထိေသနတ္ကိုင္ တိုက္ခဲ့ၾကရတာ
ရွန္ဟတ္ရဲ႕ေက်ာျပင္က က်ည္ဆံရာ အမာ႐ြတ္ေတြကသက္ေသပင္..။
သို႔ေသာ္ ရွန္ဟတ္ဟာ လူေတြစိုးရိမ္ရတဲ့အထိေငြကိုသည္းႀကီးမည္းႀကီးရွာသည္..။
ဟိုးအရင္ကဦးၫြတ္ခ်င္ေယာင္ေဆာင္ခဲ့ၾကတဲ့လူေတြဟာ ေထာင္ထြက္လူသတ္သမားျဖင့္ ဦးခ်ိဳးခဲ့ၾကသည္..။
ဒါေတြကို ေက်ာ္ျဖတ္ခဲ့တဲ့ရွန္ဟတ္ရဲ႕စိတ္ေရာကိုယ္ပါ အေကာင္းအတိုင္းမရွိေတာ့မွန္းေက်ာ္စိုးသိပါသည္..။
႐ုံးခန္းထဲတိတ္တဆိတ္ထိုင္ေနတဲ့Bossကတစ္ခုခုျဖစ္လာသလိုမ်ိဴး..။
'' အဆင္မေျပခဲ့ဘူးလားဟင္''
ေငြျဖဴေရာင္ဆံႏြယ္ေတြကိုသပ္ရင္း ရွန္ဟတ္ရဲ႕အၿပဳံးကမွီခိုရာမဲ့လို႔ ဝိုးတဝါး
''သူငါ့ကို ေၾကာက္ေနခဲ့တာ
ငါ့ကိုထပ္မေတြ႕ဖို႔ အၿမဲဆုေတာင္းေနခဲ့ရပုံပဲ''
ေက်ာကိုက်ည္ဆံေဖာက္ခ်ိန္မွာေတာင္ ရွန္ဟတ္ၿငီးတြားခဲ့သည့္အမည္နာမေလးဟာ ''ေနာင္''ျဖစ္သည္..။
သူတို႔စီးလာတဲ့ကားမီးရွို႔ခံရခ်ိန္မွာ ရွန္ဟတ္ အသက္လုယူခဲ့ေသာပစၥည္းေလးသည္ ပုံတုံးတုံးေကာင္ေလးရဲ႕ဓာတ္ပုံေလးသာ
သို႔ေသာ္တစ္ဖက္လူက သူ႕အားဘဝမွာထပ္ေတြ႕စရာမလိုသည့္ ေသလူလိုသေဘာထားခဲ့ပုံပင္..။
''တန္လို႔လားဗ်ာ''
ရွန္ဟတ္က မွဲ႕နက္ေလးထင္းသြားေအာင္ရယ္ခ်သည္..။
''ခ်စ္မိတာကို''
''သူတစ္ခြန္းေလးေတာင္းပန္တာနဲ႕အရာအားလုံးကိုခြင့္လႊတ္ခ်င္တယ္''
လူသတ္သမားအျဖစ္ေထာင္ထဲဝင္ေပးခဲ့ေပမဲ့ စြန့္ပစ္ခံခဲ့ရတာကိုလည္း
ခြင့္လႊတ္တယ္..။
အဲမိန္းမနဲ႕လက္ထပ္သြားတာကိုလည္း
ခြင့္လႊတ္တယ္..။
ထပ္မေတြ႕ခ်င္ေတာ့တာကိုလည္းခြင့္လႊတ္တယ္..။
''ဒါေပမဲ့ ေက်ာ္စိုး သူကငါ့ကိုမေတာင္းပန္ခဲ့ဘူး''
ဓားနဲ႕ထိုးသြားရင္ေတာင္ မင္းလက္ေလးနာသြားမွာစိုးရိမ္ေပးခဲ့မွာပါ..။
ဒါေပမဲ့ေမ့ပစ္ခဲ့တာကိုေတာ့ ေမာင္စိတ္နာရတယ္သည္းငယ္
မင္းဘဝေလးကို လာႏွောင့္ယွက္မိတဲ့ခပ္႐ူး႐ူးဗီလိန္လိုမ်ိဳးသေဘာထားေနသေရာ့လား
ရွန္ဟတ္သည္ အသံမထြက္ပဲရွိုက္ခဲ့သည္..။
မ်က္ရည္ေတြက်ဖိဳ႕ သူကဘယ္တုန္းကမွလူေကာင္းမဟုတ္ခဲ့..
ဗီလိန္ေတြရဲ႕မ်က္ရည္ဟာ သနားခ်င္စရာမေကာင္းဘူးမလား.
ဘာပဲ ျဖစ္ျဖစ္မင္းအတြက္ေမာင္ကဗီလိန္ျဖစ္ေနၿပီးသားပဲ..
....
''ဝုန္း ''
''ေစာက္ေရးကိုမပါဘူး''
မနက္ေစာေစာ ႐ုံးခန္းကေန
ဟိန္းခနဲထြက္လာတဲ့ေအာ္သံနက္ႀကီးေၾကာင့္ ဝန္ထမ္းမေလးကလန့္ငိုေျပးတာမ်ား ေက်ာ္စိုးနဲ႕ပါရင္ဘတ္ခ်င္းေတြနီးကုန္သည္..။
''အစ္ကိုေက်ာ္စိုး CEOကေၾကာက္စရာေကာင္းေနတယ္''
ႏွစ္သိမ့္ရင္း ႐ုံးခန္းထဲဝင္ေျပးေတာ့
ရွပ္အနက္လက္ရွည္ကိုေခါက္တင္ရင္း ေသြးဆာေနတဲ့မ်က္လုံးေတြနဲ႕ရွန္ဟတ္ကိုျမင္ရသည္..။
''Boss ေရ ဘာျဖစ္လို႔လဲ''
''မင္းလာခဲ့''
သူ႕အရပ္ရွည္ႀကီးနဲ႕ လက္ဖ်ံရိုးအေၾကာၿပိဳင္းၿပိဳင္းေတြဆန့္ရင္းလွမ္းေခၚတဲ့အခါ ေက်ာ္စိုးႏွလုံးေလးဖိသည္..။
သူမ်ားကေၾကာက္တတ္တယ္လို႔
''ဟိုေကာင္ေတြ ကုန္ေတြကိုလစ္သြားၿပီထင္တယ္ ဆိပ္ကမ္းကိုဆိုက္လာတာမေန႕ထဲကလို႔လူယုံကသတင္းေပးတယ္
အခုထိ မေရာက္ဘူးပဲခံျငင္းေနတယ္
အဲေခြးေကာင္ေတြကို လက္စေဖ်ာက္လိုက္''
''အေၾကာင္းအရင္းေသခ်ာရွာလိုက္ပါမယ္''
''ငါ့စကားကို အေရးမစိုက္တာလားမင္းက''
ေက်ာ္စိုးမ်က္လုံးျပဴးရသည္..
''မဟုတ္တာပါဗ်ာ ေသခ်ာေလးစုံစမ္းေပးမလို႔ပါ''
ေျခလွမ္းက်ဲေတြကိုသူ႕ေျခတံရွည္ေတြနဲ႕ေဆာင့္နင္းရင္း ေအာ္ျပန္သည္..။
'' ငါဖုန္းဆက္တာေတာင္မကိုင္ရေအာင္
ဘာမလို႔လဲ''
ဟမ္
''ဘယ္သူမကိုင္တာလဲ မဟုတ္မွ ''
မရီးလားဟင္
အဲဒါေၾကာင့္ဒီလို ေသာင္းက်န္းေနတာမ်ားအလုပ္ကိုလႊဲခ်ေနေသးတယ္..
''သြားၾကည့္လိုက္ပါလား''
''မင္းေျပာစရာမလိုပါဘူး ''
ကားေသာ့ဆြဲထြက္သြားတာမလို႔ျပႆနာမတတ္ေအာင္ ေက်ာ္စိုးပါအေျပးလိုက္ရသည္..။
တစ္လမ္းလုံးလည္းဘုရားတခဲ့ရတာမ်ား
ဘဝမွာတစ္ခါမွဒီေလာက္ဘုရားကိုမတမ္းတဖူးပါ..။
ေကာ္ဖီဆိုင္ေရွ႕ေရာက္ေတာ့ လူသတ္မလိုမ်က္ႏွာထားနဲ႕ဆင္းခ်သြားသည္..။
'' အခုထြက္လာခဲ့စမ္း''
''ရွန္ဟတ္ ဘာျဖစ္လာတာလဲ''
ဆိုင္ရွင္ခြန္းသကရွန္ဟတ္ကို စီးကာတားရင္း ဆြဲရသည္..။
''ေနာင္ သူဘယ္မွာလဲ
မေန႕ကၾက ဟိုမိန္းမသိမွာစိုးလို႔ေၾကာက္လန့္ေတာင္းပန္ေနၿပီး ဒီေန႕ဖုန္းဆက္တာကိုခ်ပစ္တာ ဘာေစာက္ခ်ိဳး''
''ခ်ပစ္တာငါပါ''
အစ္ကိုခြန္းသရဲ႕ အေျဖေၾကာင့္ရွန္ဟတ္ကခဏၿငိမ္သြားကာ မာမာထန္ထန္ေမးသည္..။
''မကိုင္နိုင္ရေအာင္သူကဘာလုပ္ေနလို႔လဲ''
''ဖ်ားေနတာကြ
ဖ်ားေနတာေတာင္ဆိုင္ေရာက္လာလို႔ အေပၚထပ္မွာေဆးတိုက္သိပ္ထားတယ္''
ခုနက ေဆာင့္နင္းေနတဲ့ေျခတံရွည္ေတြဟာတိတ္က်သြားရင္း အေပၚထပ္သို႔ဦးတည္သည္က တကယ္ကိုဖြဖြလ်လ်..။
ပါးစပ္အေဟာင္းသားျဖစ္ကာ
ေက်ာ္စိုး ႏႈတ္ခမ္းေတာင္ေလျဖတ္သြားသည္..။
တစ္မနက္လုံး ပူေလာင္ျမည္ဟီးေနတဲ့မီးေတာင္ႀကီးဟာ ခုံေပၚေခါင္းတင္အိပ္ေနတဲ့ေကာင္ေလးကိုေတြ႕တဲ့အခါ အသက္ပင္ရဲရဲမရႉေတာ့..။
ခပ္ဖြဖြေလးခ်ည္းကပ္လာကာ
ႏြေးေနတဲ့နဖူးျပင္ေလးေပၚ လက္ဖဝါးေတြနဲ႕ထိလို႔ကပ္သည္..။
''အဖ်ားရွိေနတာကို ေဆးခန္းမသြားဘူးလားဒီကေလးက''
အျပစ္တင္ျခင္းမျမည္တဲ့စကားသံနဲ႕အတူ ဖ်ားေနတဲ့ေကာင္ေလးေဘးနားဝင္ထိုင္သည္..။
''နိုးလာရင္ေဆးခန္းလိုက္ပို႔မယ္
မင္းျပန္ႏွင့္''
''ဟုတ္ကဲ့''
ျပန္ေျဖသံက်ယ္သြားသည္ကိုပင္စူးကနဲ ၾကည့္လာတဲ့ဆရာသမားေၾကာင့္ ေက်ာ္စိုးနဲ႕ခြန္းသ အၾကည့္ေတြဆုံသြားၾကသည္..။
အရံဘီးေတြဘဝက ဒီလိုပါပဲ
တစ္ရက္ထဲဘယ္လိုမ်ားဖ်ားသြားပါလိမ့္
အဖ်ားရွိန္နဲ႕ရဲေနတဲ့ပါးေလးကို လက္ညွိုးနဲ႕ အသာေလးဖြဖြထိမိသည္..။
ေမာင့္ကို ကမၻာပ်က္ေအာင္လုပ္ၿပီးမင္းကခ်စ္ဖို႔ေကာင္းျပေနေရာ
...
အခ်စ္ဆိုတာဘာလဲေမးရင္
မင္းေခါင္းေလးေမာင့္ပုခုံးကိုမွီထားခဲ့တဲ့အခိုက္အတန့္
Next update.7.1.2024
(လူဆိုးၾကအတြဲမၾကာခင္လာပါမယ္)