“Ring…"
႐ုတ္တရတ္ျမည္လာတဲ့ဖုန္းသံေၾကာင့္ရိႈင္းဖုန္းကိုလက္နဲ႔လိုက္စမ္းသည္။ဖုန္းကိုေတြ႕ေတာ့မ်က္လံုးကိုျပဴ းၿပဲၿပီးၾကည့္ရသည္။အခုမွမနက္သံုးနာရီပဲရွိေသးတယ္။အကိုတိမ္ယံကဘာလို႔ဖုန္းဆက္တာပါလိမ့္။ဖုန္းကိုကိုင္လိုက္ေတာ့တစ္ဖက္ကငိုေနတဲ့အသံေတြၾကားေနရသည္။အကိုတိမ္ယံက-
“ရိႈင္းမင္းတူေလးကိုေျပာပါဦးကြာ။ငါမႏိုင္ေတာ့ဘူး"
“အင္းဗြီဒီယို call ဖြင့္လိုက္အကို"
ရိႈင္းဗြီဒီယို call ဖြင့္ဖြင့္ခ်င္းျမင္လိုက္ရတာကငို
ေနတဲ့စိုင္းေလးရဲ႕မ်က္ႏွာ။မ်က္လံုးေတြေတာင္နီရဲေနၿပီ။ရိႈင္းငုတ္တုတ္ထထိုင္လိုက္မိသည္။
“စိုင္းေလးဘာျဖစ္လို႔ငိုေနတာလဲ"
စိုင္းကငိုရိႈက္ေနတာမို႔အသံေတာ္ေတာ္နဲ႔မထြက္။တိမ္ယံက-
“စိုင္းကတစ္ညလံုးငိုေနတာကြာ။အကိုစိုးကသူမႏိုင္ေတာ့ဘူးဆိုၿပီးငါ့ကိုဖုန္းဆက္ၿပီးေခၚလို႔ငါဒီအိမ္ကိုေရာက္လာတာ။မင္းတို႔ကိုဖုန္းဆက္ရမွာအားနာလို႔ေစာင့္ေနေပမဲ့အခုငါအားမနာႏိုင္ေတာ့ဘူး။မင္းတူေလးကမင္းတို႔သြားတဲ့ဆီလိုက္ပို႔ခိုင္းေနတာမင္းေခ်ာ့ေပးပါဦး"
“စိုင္းေလး…ဦးဦးရိႈင္းမနက္ျဖန္က်ျပန္လာမယ္
ေလ"
စိုင္းေလးပါးစပ္ကရိႈက္သံတစ္ဝက္နဲ႔အသံထြက္လာသည္။
“ကိုကိုေရာင္"
“ေအး…ေအး…ကိုကိုေရာင္လည္းရွိတယ္”
ရိႈင္းကငထူးကိုေက်ာ္ၿပီးေရာင္နီ႔ကိုလွမ္းဆြဲ
လိုက္သည္။
“ေဘဘီ…ေဘဘီ…ထဦး။ထဦး"
ေရာင္နီလည္းအိပ္မံႈစံုမႊားနဲ႔ထလာသည္။မ်က္
လံုးေတြကိုပြတ္သပ္ရင္းဆံပင္စုတ္ဖြားျဖစ္ေနတဲ့ေရာင္နီ႔ပံုစံကခ်စ္စရာေကာင္းလြန္းသည္။စိတ္မထိန္းႏိုင္ဘဲဆြဲဖက္ၿပီးနမ္းလိုက္မိရင္ေတာ့တစ္ဖက္ကၾကည့္ေနတဲ့စိုင္းေလးငုတ္တုတ္ေမ့သြားႏိုင္သည္။
ၾကားထဲကငထူးကသူ႔ကိုမႏိႈးေပမဲ့ေဘးကႏွစ္ေယာက္လႈပ္လႈပ္ရြရြျဖစ္ေနေတာ့သူလည္းႏိုးလာ
ျပီးငုတ္တုတ္ထထိုင္သည္။ကင္မရာထဲမွာေပၚလာတဲ့လူသံုးေယာက္ရဲ႕မ်က္ႏွာကိုျမင္ေတာ့စိုင္းေလးကဝါးခနဲ႔ေအာ္ငိုေတာ့သည္။
“စိုင္း…စိုင္းေလး…ဘာျဖစ္သြားတာလဲ"
ေမးကာမွပိုဆိုးသြားသည္။
“သားက်ေတာ့တစ္ေယာက္တည္း…သားက်ေတာ့တစ္ေယာက္တည္း…အီးဟီး…ရႊတ္"
“ဟင္…ဘာ…ဘာေျပာလိုက္တယ္"
စိုင္းစကားေၾကာင့္တိမ္ယံစကားေတြေတာင္ထစ္အကုန္သည္။သူနဲ႔စိုးေတဇတစ္ညလံုးစိုင္းေဘးမွာရွိေနၾကတာဘာကိုတစ္ေယာက္တည္းလဲ။
“ဦးဦးရိႈင္း…မတရားဘူး။သားကိုတစ္ေယာက္
တည္းထားၿပီးကိုကိုေရာင္၊ကိုကိုထူးတို႔နဲ႔သြား
အိပ္တယ္။သားကိုတစ္ေယာက္တည္းထားခဲ့
တယ္။အီးဟီး…"
ေတြ႕ၿပီ…အခုေတာ့တရားခံဘယ္သူလဲဆိုတာေတြ႕ၿပီ။တရားခံကငရိႈင္းပဲ။သူကက်ေတာ့ေရာင္နီတို႔နဲ႔သံုးေယာက္သြားအိပ္ေနတယ္။ စိုင္းကိုက်ေတာ့တစ္ေယာက္တည္းထားခဲ့တယ္။ဒါမ်ိဳးကိုတိမ္ယံကခြင့္မလႊတ္ႏိုင္ဘူး။
“ေဟ့ေကာင္ငရိႈင္း…မင္းအခုခ်က္ခ်င္းထျပန္လာခဲ့။ငါတစ္ညလံုးမအိပ္ရေသးဘူးကြ"
“အကိုတိမ္ယံအခုကမနက္သံုးနာရီႀကီးေလ"
“အဲဒါဘာျဖစ္လဲ။ငါလည္းည(၁၁)နာရီႀကီးဒီေရာက္လာရတာပဲ"
“အကိုကၿမိဳ႕ထဲမွာေလ။ကၽြန္ေတာ္ကေတာႀကိဳအံုၾကားမွာ။လမ္းေတြကအေကြ႕အေကာက္ေတြမ်ားတယ္။လမ္းမီးတိုင္လည္းမရွိဘူး။တစ္လမ္းလံုးေမွာင္မဲေနတာပဲ"
“အဲဒါျဖင့္မနက္လင္းမွျပန္လာခဲ့"
ဟုတ္တယ္ေလ။မေတာ္တဆလမ္းမွာတစ္ခုခုျဖစ္သြားရင္ကိုယ္ကတရားခံျဖစ္ေနဦးမယ္။ေရာင္နီကစိုင္းေလးကိုကူေခ်ာ့ေပးသည္။
“စိုင္းေလးမငိုနဲ႔ေတာ့။ကိုကိုေရာင္နီကမနက္လင္းတာနဲ႔ျပန္လာခဲ့မယ္။ဖိုးထူးကိုလည္းေခၚခဲ့မယ္။စိုင္းဆီကိုလာေတြ႕မယ္ေနာ္။မငိုနဲ႔ေတာ့"
စိုင္းေလးကသနားစဖြယ္ေခါင္းေလးညိမ့္ျပေနသည္။ ဖုန္းေျပာၿပီးတဲ့ေနာက္မွာေတာ့သံုးေယာက္လံုးဘယ္သူမွအိပ္မေပ်ာ္ၾကေတာ့ေပ။စိုင္းေလးကေရာင္နီ႔အိမ္မွာေလးေယာက္အတူတူအိပ္ခဲ့တာမို႔သူမပါဘဲက်န္တဲ့သံုးေယာက္ကအတူ
တူအိပ္ေနတာကိုျမင္ေတာ့ဝမ္းနဲသြားပံုေပၚ
သည္။
ငထူးကစိုင္းေလးရဲ႕စိတ္က်န္းမာေရးအေျခအေနကိုသိထားတာမို႔သူလည္းစိတ္မေကာင္း။အခ်ိန္ေတြကအခုက်မွကုန္ႏိုင္ခဲလိုက္တာ။နာရီကိုခဏခဏၾကည့္မိၾကသည္။တစ္ခါၾကည့္တိုင္းငါးမိနစ္ေလာက္ကေနေရွ႕မတက္။ထိုးလိုက္ပါေတာ့လားမနက္ငါးနာရီ။
သံုးေယာက္သားအိပ္ယာထဲမွာဟိုဘက္လွိမ့္ဒီဘက္လွိမ့္နဲ႔တစ္ေယာက္လႈပ္ရွားမႈကိုတစ္ေယာက္ကသိေနသည္။သက္ျပင္းခ်သံအခါခါကိုလည္းၾကားေနရသည္။ဒီလိုနဲ႔မနက္ငါးနာရီထိုးသြားသည္။မနက္ခင္းလင္းေရာင္ျခည္ေလးသန္းလာစမွာေရာင္နီတို႔သံုးေယာက္ေမေမဖူးကိုခြင့္ေတာင္းၿပီးရြာကေနထျပန္လာခဲ့ၾကသည္။
လင္းထိန္နဲ႔ညိဳေမာင္ကိုေတာ့ေမေမဖူးတို႔လမ္း
ခရီးမွာအေဖာ္ရေအာင္ထားခဲ့လိုက္သည္။
*
*
ေတဇစံအိမ္ႀကီးဆီသို႔ပထမဆံုးအႀကိမ္အျဖစ္
ေရာင္နီေရာက္လာခဲ့သည္။အိမ္ေတာ္ႀကီးဆီမ
ေရာက္ခင္ျခံတံခါးဝကေနဝင္လာေတာ့ပန္းခင္း
ႀကီးေတြ၊ေရကန္ႀကီးေတြကိုျဖတ္သန္းလာရသည္။လွပတဲ့ပန္းျခံႀကီးတစ္ခုထဲကိုေရာက္ေနသလိုလိုထင္မွတ္ရသည္။
စံအိမ္ႀကီးေရွ႕ကိုေရာက္လာေတာ့အိမ္ေရွ႕တြင္တူညီဝတ္စံုဝတ္ဆင္ထားၾကသည့္လူဆယ္ေယာက္ေလာက္ကအိမ္ေရွ႕ဆင္ဝင္ေအာက္မွာတန္းစီၿပီးရပ္ေစာင့္ေနၾကသည္။ရိႈင္းကားေပၚကဆင္းလာေတာ့ဦးၫႊတ္ၿပီးႏႈတ္ဆက္ၾကသည္။
“သခင္ေလးရိႈင္း…မဂၤလာပါ"
“သခင္ေလးေရာင္နီမဂၤလာပါ"
သူတို႔ႏႈတ္ဆက္သံၾကားေတာ့ေရာင္နီေၾကာင္ေတာင္ေတာင္ျဖစ္သြားရသည္။သူကဘာလို႔သခင္ေလးျဖစ္သြားရတာတုန္း။သူကအခုမွဒီအိမ္ကိုစေရာက္ဖူးတာေလ။ေရာင္နီသူတို႔ကိုမ်က္လံုးေဝ့ၾကည့္ရင္းအေျဖကိုခ်က္ခ်င္းပဲရွာေတြ႕သြားသည္။
သူစိုင္းေလးကိုေဆးရံုမွာလူနာေစာင့္လုပ္ေပးတုန္းကသူေရာက္လာတာနဲ႔စိုင္းအခန္းထဲကေနအလ်ိဳအလ်ိဳနဲ႔ထြက္သြားၾကတဲ့မိန္းကေလးေတြ။သူတို႔ေတြကေတဇစံအိမ္ႀကီးကအမႈုထမ္းေတြပဲ။ေနာက္ထပ္ေသခ်ာေတြ႕လိုက္ရတာကေတာ့အနက္ေရာင္ဝတ္စံုဝတ္ဆင္ထားၾကတဲ့သူေတြ။ေကာ္ဖီဆိုင္မွာသူ႔ကိုအလုပ္မလုပ္ဖို႔လာေႏွာင့္ယွက္ၾကတဲ့သူေတြ။
ဒီလူေတြဆိုမွေတာ့သူ႔ကိုေသခ်ာေပါက္သိေနၾကတာမဆန္းပါဘူး။ရိႈင္းကသူ႔လက္ထဲကကားေသာ့ကိုလူတစ္ေယာက္ဆီပစ္ေပးလိုက္သည္။
ထိုလူကကားကိုသိမ္းေပးရမည့္သူ။ၿပီးေတာ့ေရာင္နီသိလိုက္တာကရိႈင္းမ်က္ႏွာကအိမ္ျပန္ေရာက္တာနဲ႔လံုးဝမျပံဳးေတာ့ဘူးဆိုတာကိုပါပဲ။
စံအိမ္ေတာ္ကလူေတြကိုၾကည့္ရတာရိႈင္းကို
ေၾကာက္ေနၾကသည္ဟုထင္မိသည္။ေၾကာက္
လည္းေၾကာက္ခ်င္စရာပဲ။ေရာင္နီေတာင္တည္
တင္းလြန္းေနတဲ့ရိႈင္းရဲ႕မ်က္ႏွာသြင္ျပင္ကိုအခုမွ
ျမင္ဖူးၿပီးေက်ာခ်မ္းသြားမိသည္။
သူ႔အိမ္မွာေနတုန္းကေတာ့ေျပာင္စပ္စပ္မ်က္ႏွာနဲ႔သူ႔အဝတ္ေတြကိုယူဝတ္ၿပီးၾကမ္းျပင္ေပၚမွာ
အိပ္ခဲ့တဲ့သူကေတာ္ေတာ္ကိုကိန္းႀကီးခန္းႀကီး
ႏိုင္တဲ့သူပဲဆိုတာအခုေတာ့ေရာင္နီသိလိုက္ရ
ၿပီေလ။
🍈Thida
*******
Unicode
အခန်း(၁၇)
“Ring"
ရုတ်တရတ်ထမြည်လာတဲ့ဖုန်းသံကြောင့်ရှိုင်းဖုန်းကိုလက်နဲ့လိုက်စမ်းသည်။ဖုန်းကိုတွေ့တော့မျက်လုံးကိုပြူးပြဲပြီးကြည့်ရသည်။အခုမှမနက်သုံးနာရီပဲရှိသေးတယ်။အကိုတိမ်ယံကဘာလို့ဖုန်းဆက်တာပါလိမ့်။ဖုန်းကိုကိုင်လိုက်တော့တစ်ဖက်ကငိုနေတဲ့အသံတွေကြားနေရသည်။အကိုတိမ်ယံက-
“ရှိုင်းမင်းတူလေးကိုပြောပါဦးကွာ။ငါမနိုင်တော့ဘူး"
“အင်း…ဗွီဒီယို call ဖွင့်လိုက်အကို"
ရှိုင်းဗွီဒီယို call ဖွင့်ဖွင့်ချင်းမြင်လိုက်ရတာ
ကငိုနေတဲ့စိုင်းလေးရဲ့မျက်နှာ။မျက်လုံးတွေတောင်နီရဲနေပြီ။ရှိုင်းငုတ်တုတ်ထထိုင်လိုက်မိသည်။
“စိုင်းလေးဘာဖြစ်လို့ငိုနေတာလဲ"
စိုင်းကငိုရှိုက်နေတာမို့အသံကတော်တော်နဲ့
မထွက်။တိမ်ယံက-
“စိုင်းကတစ်ညလုံးငိုနေတာကွာ။အကိုစိုးကသူမနိုင်တော့ဘူးဆိုပြီးငါ့ကိုဖုန်းဆက်ပြီးခေါ်လို့ငါဒီအိမ်ကိုရောက်လာတာ။မင်းတို့ကိုဖုန်းဆက်ရမှာအားနာလို့စောင့်နေပေမဲ့အခုငါအားမနာနိုင်တော့ဘူး။မင်းတူလေးကမင်းတို့သွားတဲ့ဆီလိုက်ပို့ခိုင်းနေတာ။မင်းချော့ပေးလိုက်ပါဦး"
“စိုင်းလေး…ဦးဦးရှိုင်းမနက်ကျပြန်လာမယ်လေ"
စိုင်းလေးပါးစပ်ကရှိုက်သံတစ်ဝက်နဲ့အသံထွက်လာသည်။
“ကိုကိုရောင်"
“အေးအေး…ကိုကိုရောင်လည်းရှိတယ်"
ရှိုင်းကငထူးကိုကျော်ပြီးရောင်နီ့ကိုလှမ်းဆွဲလိုက်သည်။
“ဘေဘီ…ဘေဘီ…ထဦး…ထဦး"
ရောင်နီလည်းအိပ်မှုံစုံမွှားနဲ့ထလာသည်။မျက်လုံးတွေကိုပွတ်သပ်ရင်းဆံပင်စုတ်ဖွားဖြစ်နေတဲ့ရောင်နီ့ပုံစံကချစ်စရာကောင်းလွန်းသည်။စိတ်မထိန်းနိုင်လို့ဆွဲဖက်ပြီးနမ်းလိုက်မိရင်တော့တစ်ဖက်ကကြည့်နေတဲ့စိုင်းလေးငုတ်တုတ်မေ့သွားနိုင်သည်။
ကြားထဲကငထူးကသူ့ကိုမနှိုးပေမဲ့ဘေးကနှစ်ယောက်လှုပ်လှုပ်ရွရွဖြစ်နေတော့သူလည်းနိုးလာပြီးငုတ်တုတ်ထထိုင်သည်။ကင်မရာထဲမှာပေါ်လာတဲ့လူသုံးယောက်ရဲ့မျက်နှာကိုမြင်တော့စိုင်းကအူးဝါးခနဲ့အော်ငိုတော့သည်။
“စိုင်း…စိုင်းလေးဘာဖြစ်သွားတာလဲ"
မေးကာမှပိုဆိုးသွားသည်။
“သားကျတော့တစ်ယောက်တည်း…သားကျတော့တစ်ယောက်တည်း။အီးဟီး…ရွှတ်"
“ဟင်…ဘာ…ဘာပြောလိုက်တယ်"
စိုင်းစကားကြောင့်တိမ်ယံစကားတွေတောင်ထစ်အကုန်သည်။သူနဲ့စိုးတေဇတစ်ညလုံးစိုင်းဘေးမှာရှိနေကြတာ။ဘာကိုတစ်ယောက်
တည်းလဲ။
“ဦးဦးရှိုင်းမတရားဘူး။သားကိုတစ်ယောက်
တည်းထားပြီးကိုကိုရောင်၊ကိုကိုထူးတို့နဲ့သွားအိပ်တယ်။သားကိုတစ်ယောက်တည်းထားခဲ့တယ်။အီးဟီး…"
တွေ့ပြီ။အခုတော့တရားခံဘယ်သူလဲဆိုတာတွေ့ပြီ။တရားခံကငရှိုင်းပဲ။သူကကျတော့ရောင်နီတို့နဲ့သုံးယောက်သွားအိပ်နေပြီးစိုင်းကိုကျတော့တစ်ယောက်တည်းထားခဲ့တယ်။ဒါမျိုးကိုတိမ်ယံကခွင့်မလွှတ်နိုင်ဘူး။
“ဟေ့ကောင်ငရှိုင်းမင်းအခုချက်ချင်းထပြန်
လာခဲ့။ငါတစ်ညလုံးမအိပ်ရသေးဘူးကွ"
“အကိုတိမ်ယံအခုကမနက်သုံးနာရီကြီးလေ"
“အဲဒါဘာဖြစ်လဲ။ငါလည်းည(၁၁)နာရီကြီးဒီရောက်လာရတာပဲ"
“အကိုကမြို့ထဲမှာလေ။ကျွန်တော်ကတောကြိုအုံကြားမှာ။လမ်းတွေကအကွေ့အ
ကောက်များတယ်။လမ်းမီးတိုင်လည်းမရှိဘူး။တစ်လမ်းလုံးမှောင်မဲနေတာပဲ"
“အဲဒါဖြင့်မနက်လင်းမှပြန်လာခဲ့"
ဟုတ်တယ်လေ။မတော်တဆလမ်းမှာတစ်ခုခုဖြစ်သွားရင်ကိုယ်ကတရားခံဖြစ်နေဦးမယ်။ရောင်နီကစိုင်းလေးကိုကူချော့ပေးသည်။
“စိုင်းလေးမငိုနဲ့တော့။ကိုကိုရောင်ကမနက်လင်းတာနဲ့ပြန်လာခဲ့မယ်။ဖိုးထူးကိုလည်းခေါ်ခဲ့မယ်။စိုင်းဆီကိုလာတွေ့မယ်နော်။မငိုနဲ့တော့"
စိုင်းလေးကသနားစဖွယ်ခေါင်းလေးငြိမ့်ပြနေသည်။ဖုန်းပြောပြီးတဲ့နောက်မှာတော့သုံးယောက်လုံးဘယ်သူမှအိပ်မပျော်ကြတော့ပေ။စိုင်းလေးကရောင်နီ့အိမ်မှာလေးယောက်အတူတူအိပ်ခဲ့တာမို့သူမပါဘဲကျန်တဲ့သုံးယောက်ကအတူတူအိပ်နေတာကိုမြင်တော့ဝမ်းနဲသွားပုံပေါ်သည်။
ငထူးကစိုင်းလေးရဲ့စိတ်ကျန်းမာရေးအခြေ
အနေကိုသိထားတာမို့သူလည်းစိတ်မကောင်းဖြစ်မိသည်။အချိန်တွေကအခုကျမှကုန်နိုင်ခဲလိုက်တာ။နာရီကိုခဏခဏကြည့်မိကြသည်။တစ်ခါကြည့်တိုင်းငါးမိနစ်လောက်ကနေရှေ့မတက်။ထိုးလိုက်ပါတော့လားမနက်ငါးနာရီ။
သုံးယောက်သားအိပ်ယာထဲမှာဟိုဘက်လှိမ့်
ဒီဘက်လှိမ့်နဲ့တစ်ယောက်လှုပ်ရှုားမှုကိုတစ်ယောက်ကသိနေသည်။သက်ပြင်းချသံအခါ
ခါကိုလည်းကြားနေရသည်။ဒီလိုနဲ့မနက်ငါးနာရီထိုးသွားသည်။မနက်ခင်းလင်းရောင်
ခြည်လေးသန်းလာစမှာရောင်နီတို့သုံးယော
က်မေမေဖူးကိုခွင့်တောင်းပြီးရွာကနေထပြန်
လာခဲ့ကြသည်။
လင်းထိန်နဲ့ညိုမောင်ကိုတော့မေမေဖူးတို့လမ်းခရီးမှာအဖော်ရအောင်ထားခဲ့လိုက်သည်။
*
*
တေဇစံအိမ်ကြီးဆီသို့ပထမဆုံးအကြိမ်အဖြစ်ရောင်နီရောက်လာခဲ့သည်။အိမ်တော်ကြီးဆီမရောက်ခင်ခြံတံခါးဝကနေဝင်လာတော့ပန်းခင်းကြီးတွေ၊ရေကန်ကြီးတွေကိုဖြတ်သန်းလာရသည်။လှပတဲ့ပန်းခြံကြီးတစ်ခုထဲကိုရောက်နေသလိုလိုထင်မှတ်ရသည်။
စံအိမ်ကြီးရှေ့ကိုရောက်တော့အိမ်ရှေ့တွင်တူညီဝတ်စုံဝတ်ထားသည့်လူဆယ်ယောက်လောက်ကအိမ်ရှေ့ဆင်ဝင်အောက်မှာတန်းစီရပ်ပြီးစောင့်နေကြသည်။ရှိုင်းကားပေါ်ကဆင်းလာတော့ဦးညွှတ်ပြီးနှုတ်ဆက်ကြသည်။
“သခင်လေးရှိုင်းမင်္ဂလာပါ"
“သခင်လေးရောင်နီမင်္ဂလာပါ"
သူတို့နှုတ်ဆက်သံကြားတော့ရောင်နီကြောင်
တောင်တောင်ဖြစ်သွားသည်။သူကဘာလို့သခင်လေးဖြစ်သွားရတာတုန်း။သူကအခုမှဒီအိမ်ကိုစရောက်ဖူးတာလေ။ရောင်နီသူတို့ကိုမျက်လုံးဝေ့ကြည့်ရင်းအဖြေကိုရှာတွေ့သွားသည်။
သူစိုင်းလေးကိုဆေးရုံမှာလူနာစောင့်လုပ်ပေးရတုန်းကသူရောက်လာတာနဲ့စိုင်းအခန်းထဲကနေအလျိုအလျိုနဲ့ထွက်သွားကြတဲ့မိန်းက
လေးတွေ။သူတို့တွေကတေဇစံအိမ်ကြီးကအမှုထမ်းတွေပဲ။နောက်ထပ်သေချာတွေ့လိုက်ရတာကတော့အနက်ရောင်ဝတ်စုံဝတ်
ဆင်ထားကြတဲ့လူတွေ။ကော်ဖီဆိုင်မှာသူ့ကိုအလုပ်မလုပ်ဖို့လာနှောင့်ယှက်ကြတဲ့လူတွေ။
ဒီလူတွေဆိုမှတော့သူ့ကိုသေချာပေါက်သိနေကြတာမဆန်းပါဘူး။ရှိုင်းကသူ့လက်ထဲကကားသော့ကိုလူတစ်ယောက်ဆီပစ်ပေးလိုက်သည်။ထိုလူကကားကိုသိမ်းပေးရမည့်သူ။ပြီးတော့ရောင်နီသိလိုက်တာကရှိုင်းမျက်နှာကအိမ်ပြန်ရောက်တာနဲ့လုံးဝမပြုံးတော့ဘူးဆိုတာကိုပါပဲ။
စံအိမ်တော်ကလူတွေကိုကြည့်ရတာရှိုင်းကိုကြောက်နေကြသည်ဟုထင်မိသည်။ကြောက်လည်းကြောက်ချင်စရာပဲ။ရောင်နီတောင်တည်တင်းလွန်း နေတဲ့ရှိုင်းမျက်နှာသွင်ပြင်
ကိုအခုမှမြင်ဖူးပြီးကျောချမ်းသွားမိသည်။
သူ့အိမ်မှာနေတုန်းကတော့ပြောင်စပ်စပ်မျက်နှာနဲ့သူ့အဝတ်တွေယူဝတ်ပြီးကြမ်းပြင်ပေါ်မှာအိပ်ခဲ့တဲ့သူကတော်တော်ကိုကိန်းကြီးခန်းကြီးနိုင်တဲ့သူပဲဆိုတာအခုတော့ရောင်နီ
သိလိုက်ရပြီလေ။
🍈Thida