ရိႈင္းကစူပုပ္ပုပ္မ်က္ႏွာႏွင့္သူ႔ကိုၾကည့္ေနသည့္
ေရာင္နီ႔ကို-
“မင္းနားမေထာင္ခ်င္လည္းငါကေတာ့ငါ့အ
ေၾကာင္းကိုေျပာျပမွာပဲ။ငါ့မွာငယ္ရည္းစားတစ္
ေယာက္ရွိတယ္"
“အဲဒါကၽြန္ေတာ္နဲ႔ဘာဆိုင္လဲ"
“ငါ့အေၾကာင္းကိုေျပာျပတာပါဆို။သူ႔နာမည္ကသြန္းဆုေအာင္တဲ့။သြန္းနဲ႔ငါကမူလတန္းကတည္းကေက်ာင္းေနဘက္ေတြ။ေက်ာင္းအတူတူတက္ခဲ့ၾကတာ။သြန္းကငယ္ငယ္ကတည္းကဆရာဝန္ျဖစ္ခ်င္တဲ့သူ"
အထက္တန္းေအာင္ေတာ့ငါကသူ႔သေဘာအတိုင္းသူနဲ႔အတူတူေဆးေက်ာင္းတက္ခဲ့တယ္။အလုပ္သင္ဆရာဝန္ျဖစ္တဲ့အထိငါတို႔အတူတူတြဲခဲ့တယ္။ဘြဲ႕ရၿပီးရင္လက္ထပ္ဖို႔စီစဥ္ထားခဲ့တယ္။
ဒါေပမဲ့အလုပ္သင္ဆရာဝန္ဘဝမွာပဲငါ့မရီးနဲ႔သြန္းကားအက္စီးဒန္႔ျဖစ္ၿပီးဆံုးသြားတယ္။ငါ့တူေလးစိုင္းကကားအက္စီးဒန္႔ျဖစ္တုန္းကကားေပၚမွာအတူတူပါခဲ့တယ္။အဲဒီစိတ္ဒဏ္ရာေၾကာင့္ငါ့တူေလးစိတ္အေျခအေနကပံုမွန္မဟုတ္ဘူး။
ငါကသြန္းေသသြားတဲ့ေနာက္မွာအ႐ူးတစ္ပိုင္းျဖစ္သြားတယ္။အလုပ္သင္ဆက္မဆင္းႏိုင္ေတာ့ဘူး။ညဘက္ဆိုအိပ္မေပ်ာ္လို႔ကလပ္ေတြေလွ်ာက္သြားတယ္။အရက္ေသာက္တယ္။မူးၿပီးေတာ့
ေတြ႕ကရာလူနဲ႔ရန္ျဖစ္တယ္။ဒီလိုနဲ႔ငါကငါတို႔အသိုင္းအဝိုင္းၾကားထဲမွာလူဆိုးလူမိုက္ဘြဲ႕ကိုရသြားတာ။
ငါ့အေဖနဲ႔အကိုကငါ့ကိုစိတ္မခ်လို႔လင္းထိန္နဲ႔
ညိဳေမာင္ကိုငါဘယ္သြားသြားေနာက္ကလိုက္ခိုင္းတယ္။ငါ့အေျခအေနကေနာက္ကေနတေကာက္ေကာက္လိုက္ၿပီးထိန္းေနရတဲ့အေျခအေနပဲ။
မင္းသိလား။ဆရာဝန္ျဖစ္ခ်င္တာကငါ့အိပ္မက္မဟုတ္ဘူး။သြန္းကသာဆရာဝန္ျဖစ္ခ်င္ခဲ့တာ။သြန္းေသေတာ့ငါဆရာဝန္မလုပ္ခ်င္ေတာ့ဘူး။အလုပ္သင္ဆရာဝန္ကေနငါရပ္ဆိုင္းလိုက္တယ္။အခုဆိုသံုးႏွစ္ေတာင္ရွိသြားၿပီ"
“ခင္ဗ်ားကဆရာဝန္မျဖစ္ခ်င္ေတာ့ဘူးဆိုရင္ဘာ
ျဖစ္လို႔အလုပ္သင္ဆရာဝန္ပါလို႔ေျပာေနေသးတာလဲ"
“ငါအခုစိတ္ေျပာင္းသြားၿပီ”
“ဟမ္"
“ငါအခုဆရာဝန္ျဖစ္ခ်င္သြားၿပီ"
“ဘာလို႔တုန္း"
“မင္းကသူနာျပဳ ျဖစ္ေနလို႔"
“ဘာဆိုင္လို႔တုန္း"
“ဆိုင္တာေပါ့။ငါသာဆရာဝန္ျဖစ္သြားမယ္ဆိုရင္ငါကအလိုလိုေနရင္းမင္းရဲ႕အထက္လူႀကီးျဖစ္သြားၿပီ။မင္းအလုပ္လုပ္တဲ့ေနရာမွာငါလည္း
လိုက္လုပ္မွာ"
ေရာင္နီစိတ္ထဲကေနက်ိတ္ၿပီးေတာ့က်ိန္ဆဲလိုက္မိေပမဲ့ပါးစပ္ကေတာ့နားခ်သလိုမ်ိဳးေျပာလိုက္မိသည္။
“ခင္ဗ်ားဆရာဝန္လုပ္ဖို႔ဝါသနာမပါရင္ဆရာဝန္
မလုပ္ပါနဲ႔။ဆရာဝန္သူနာျပဳေတြရဲ႕ဘဝကအအိပ္ပ်က္အစားပ်က္နဲ႔အရမ္းပင္ပန္းတယ္။ကၽြန္ေတာ့္ကိုအႏိုင္ယူခ်င္တာေလးတစ္ခုတည္းနဲ႔အဲ
ေလာက္ထိ ဒုကၡခံဖို႔မသင့္ပါဘူး"
“ဒုကၡဆိုတာခံသင့္ရင္ခံရတယ္။ငါတျခားလူေတြကိုႏိုင္ဖို႔အတြက္အရမ္းလြယ္တယ္။ေငြဆိုတာတစ္ခုတည္းနဲ႔တင္လူတိုင္းကိုငါႏိုင္တယ္။ငါမႏိုင္တာကမင္းပဲ။ငါ့ေငြေတြနဲ႔မင္းကိုအႏိုင္ယူလို႔မ
ရဘူး။
အဲဒီေတာ့ငါမင္းကိုရတဲ့နည္းနဲ႔အႏိုင္ယူရမယ္။ဒီႏွစ္ငါေက်ာင္းျပန္အပ္မယ္။အလုပ္သင္ျပန္ဆင္းမယ္။ေနာက္ႏွစ္ဆိုငါဆရာဝန္ျဖစ္ၿပီ"
ရိႈင္းကသူ႔တြက္ကိန္းနဲ႔သူဟုတ္ေနသည္။ေရာင္နီကမ်က္ေစာင္းထိုးၿပီးၾကည့္ေနေတာ့သူ႔ကိုျပံဳး
ျပၿပီး-
“ငါဆရာဝန္ျဖစ္ခ်င္တာကမင္းအတြက္ပါ"
“ကၽြန္ေတာ့္ကိုအႏိုင္က်င့္ခ်င္တာကိုမ်ားကၽြန္
ေတာ့္အတြက္ဟုတ္လား"
ရိႈင္းကေရာင္နီ႔ကိုမ်က္လံုးေတြေမွးစင္းၿပီးၾကည့္လိုက္သည္။ေရာင္နီကရိႈင္းမ်က္လံုးေတြကိုၾကည့္ၿပီး-
“ဟြန္႔…မ်က္လံုးအၾကည့္ကိုကလူနဲ႔မတူဘူး"
“လူနဲ႔မတူေတာ့ဘာနဲ႔တူတာလဲ"
“ေႁမြေဟာက္တစ္ေကာင္ရဲ႕မ်က္လံုးနဲ႔တူတယ္"
“ငါသာေႁမြေဟာက္ဆိုရင္သတ္သတ္လြတ္ေတာ့မစားဘူး။မင္းတစ္ကိုယ္လံုးကိုၿမိဳခ်ပစ္မွာ"
ရိႈင္းစကားေၾကာင့္ေရာင္နီ႔ခႏၶာကိုယ္ေလးက်ံဳ႕
သြားရသည္။လက္ကေလးေတြကအခ်င္းခ်င္းပြတ္သပ္ေနသည္။ရိႈင္းကေရာင္နီ႔ကိုအၾကင္နာ
ရိပ္သန္းေသာမ်က္ဝန္းမ်ားႏွင့္ၾကည့္ရင္း-
“ငါတကယ္ေျပာတာပါ။ငါကမင္းအတြက္နဲ႔ဆ
ရာဝန္ျဖစ္ခ်င္စိတ္ေပါက္သြားတာ။ငါကမင္းကိုအကာအကြယ္ေပးခ်င္လို႔ပါ"
“မလိုပါဘူး"
ခင္ဗ်ားရန္ကေနပဲကိုယ့္ကိုယ္ကိုကာကြယ္ဖို႔ႀကိဳးစားရမွာဟုစိတ္ထဲကေနေျပာလိုက္မိသည္။
“လိုတာေပါ့။အခုကတည္းကကိုကိုမင္းကိုေစာင့္ေရွာက္ေပးမွာ"
“ဘယ္ကကိုကိုလဲ။ကၽြန္ေတာ့္မွာကိုကိုမရွိဘူး"
“သခြားသီးေလးရယ္မင္းကေမ့တတ္လိုက္တာ။မင္းအေမကငါ့ကိုသားအျဖစ္အသိအမွတ္ျပဳလိုက္ၿပီ။ဒီေန႔ကစၿပီးငါကမင္းရဲ႕ကိုကို။မင္းကငါ့ရဲ႕
ေဘဘီေလး"
“ထြီ…ရြံစရာေကာင္းလိုက္တာ။ဘယ္သူကကိုကိုဘယ္သူကေဘဘီလဲ"
“ငါေလးကမင္းရဲ႕ကိုကိုေပါ့ေဘဘီေလးရဲ႕"
“ဘယ္သူကခင္ဗ်ားကိုအသိအမွတ္ျပဳလို႔လဲ"
“မင္းအသိအမွတ္မျပဳခ်င္လည္းျပဳရမယ္။ငါကဒီ
ေန႔ကစၿပီးမင္းကိုငါ့ရဲ႕ေဘဘီေလးလို႔သတ္မွတ္လိုက္ၿပီ။ဒီေတာ့ငါကမင္းရဲ႕ကိုကိုပဲ"
ရိႈင္းကစကားဆံုးလွ်င္ေကာ္ဖီခြက္ကိုကိုင္ၿပီးထသြားသည္။ေရာင္နီကေတာ့သစ္ပင္ေအာက္တြင္တစ္ေယာက္တည္းစိတ္ဆိုးၿပီိးက်န္ခဲ့သည္။ရိႈင္းကိုဘာမွလုပ္လို႔မရေတာ့အျပစ္မရွိတဲ့ေျမႀကီးကိုပဲဖေနာင့္နဲ႔ေပါက္မိသည္။
*
*
ေနာက္တစ္ေန႔-
ရိႈင္းကေရာင္နီတို႔ရပ္ကြက္ထိပ္ကဘတ္စ္ကား
မွတ္တိုင္တြင္ကားရပ္ၿပီးေရာင္နီ႔ကိုေစာင့္ေနသည္။သူေရာင္နီ႔အိမ္ကိုသြားေတာ့ေရာင္နီ႔အေမကေရာင္နီအျပင္သြားသည္ဟုေျပာသည္။ေရာင္နီ႔ကိုဖုန္းဆက္ၾကည့္ေတာ့ေရာင္နီကဘတ္စ္
ကားေပၚမွာဟုေျပာသည္။
ေရာင္နီေရာက္ကာနီးေနၿပီမို႔ရိႈင္းကကားမွတ္တိုင္တြင္ႀကိဳေစာင့္ေနျခင္းျဖစ္သည္။သိပ္မၾကာခင္
မွာပဲဘတ္စ္ကားတစ္စီးထိုးဆိုက္လာၿပီးေရာင္နီကားေပၚကဆင္းလာသည္။ရိႈင္းကေရာင္နီ႔ကိုသူ႔ကားေပၚတက္ခိုင္းၿပီးေရာင္နီ႔အိမ္သို႔ေမာင္းလာခဲ့သည္။
ေရာင္နီ႔အိမ္ေရွ႕သို႔ေရာက္လွ်င္ရိႈင္းကကားရပ္
ျပီးကားေပၚကမဆင္းေသးဘဲေရာင္နီ႔ကိုေမး
လိုက္သည္။
“မင္းဘယ္ေတြေလွ်ာက္သြားေနတာလဲ"
“ေက်ာင္းကိုေအာင္စာရင္းသြားၾကည့္တာ"
“ေအာင္လား"
“ေအာင္တယ္"
“ေအာင္တယ္ဆိုေတာ့မင္းဘာဆက္လုပ္မွာလဲ"
“ဘြဲ႕ယူဖို႔ေစာင့္ရမယ္"
“ဘြဲ႕ယူၿပီးရင္ေရာ"
“အလုပ္ေလွ်ာက္မယ္"
“ဘြဲ႕မယူရေသးခင္ဒီၾကားထဲမွာမင္းဘာလုပ္မွာလဲ"
“အခ်ိန္ပိုင္းအလုပ္လုပ္မွာေပါ့"
“မင္းက male nurse ပဲ။အျပင္ေဆးခန္းေတြမွာအလုပ္မလုပ္ခ်င္ဘူးလား"
“မလုပ္ခ်င္ဘူး။အစိုးရဝန္ထမ္းျဖစ္ရင္တစ္ခ်ိန္
လံုးေဆးရံုမွာပဲေနေနရမွာ။အခုခ်ိန္မွာအခြင့္အ
ေရးရတုန္းအျပင္မွာပဲေနမယ္"
“special nurse မလုပ္ခ်င္ဘူးလား"
“ကၽြန္ေတာ္မွဘြဲ႕မရေသးတာ။မလုပ္ခ်င္ပါဘူး"
“special nurse လုပ္တာဘြဲ႕ရၿပီးတာနဲ႔မဆိုင္ပါဘူး။မင္းကသူနာျပဳတကၠသိုလ္ေက်ာင္းဆင္းေလ။ေက်ာင္းမွာအကုန္သင္ခဲ့ၿပီးသားမဟုတ္လား"
“အင္း"
“အဲဒါဆိုငါ့တူေလးအတြက္ special nurse လုပ္ေပးပါလား။ငါ့တူေလးစိုင္းမေန႔ကခြဲစိတ္ထားတာ။သူ႔ကိုအနီးကပ္ေစာင့္ေရွာက္ဖို႔ special nurse တစ္ေယာက္လိုေနတယ္"
“ခင္ဗ်ားတူေဆးရံုတက္ေနတာစိန္ပန္းျပာေဆးရံုမဟုတ္ဘူးလား။ႏိုင္ငံတကာအဆင့္မွီေဆးရံုႀကီးမွာ special nurse မရွိဘူးလား”
“ရွိပါတယ္။ဒါေပမဲ့လူနာကမင္းကိုလိုအပ္ေနလို႔"
ေရာင္နီကရိႈင္းမ်က္ႏွာကိုစူးစမ္းသည့္အၾကည့္ႏွင့္ၾကည့္မိသည္။ရိႈင္းရဲ႕ေႁမြေဟာက္မ်က္လံုးေတြကလ်ိဳ႕ဝွက္ၾကံစည္မႈေတြအျပည့္။ေရာင္နီကႏွာ
ေခါင္းတစ္ခ်က္ရံႈ႕လိုက္သည္။
“ဟြန္႔…ကၽြန္ေတာ့္ကိုလိုအပ္ေနတာလူနာက
မဟုတ္ပါဘူး။ခင္ဗ်ားကလိုအပ္ေနတာပါ"
“ဘာလို႔အဲလိုထင္တာလဲ"
“လူနာကသူ႔ေရာဂါနဲ႔သူခုတင္ေပၚကေတာင္
ထႏိုင္တာမဟုတ္ဘူး။စပါယ္ရွယ္နာ့စ္ကဘယ္
သူျဖစ္ေနေနသူကဘာသိမွာမို႔လို႔လဲ။ခင္ဗ်ားသာကၽြန္ေတာ့္ကိုအနားမွာထားၿပီးခိုင္းစားခ်င္ေနတာ"
“ဟား…ဟား…ဟား"
ေရာင္နီ႔စကားေၾကာင့္ရိႈင္းကသေဘာက်ၿပီး
ရယ္လိုက္မိသည္။
“ဟုတ္တယ္ပဲထားပါေတာ့။ဒါေပမဲ့ငါကလူနာရွင္ေလ။ငါ့လူနာအတြက္ငါယံုၾကည္ရတဲ့လူကိုပဲအနားမွာေခၚထားခ်င္တာ"
“ခင္ဗ်ားကကၽြန္ေတာ့္ကိုယံုတယ္ေပါ့"
“အင္းေလ"
“ဘာကိုၾကည့္ၿပီးယံုတာလဲ"
“မင္းကငါ့တူေလးကိုေသြးလႉထားတယ္မဟုတ္လား။မင္းလႉထားတဲ့ေသြးနဲ႔အသက္ဆက္ေနရတဲ့ကေလးတစ္ေယာက္ကိုမင္းေသခ်ာေပါက္ဂ႐ုစိုက္မယ္ဆိုတာငါယံုတယ္”
“ယံုတာကိုေက်းဇူးတင္ပါတယ္။ဒါေပမဲ့ကၽြန္ေတာ္ကခင္ဗ်ားတို႔ေတဇမိသားစုဆီမွာဘယ္ေတာ့မွစပါယ္ရွယ္နာ့စ္မလုပ္ဘူး"
ေရာင္နီကေျပာၿပီးကားေပၚကဆင္းသြားသည္။
ရိႈင္းကလည္းသူ႔ေနာက္ကကပ္လိုက္သြားသည္။
ေရာင္နီကျခံတံခါးဖြင့္ရန္ျပင္ၿပီးမွေနာက္လွည့္
ၾကည့္ၿပီး-
“ခင္ဗ်ားကဘာလုပ္မလို႔လဲ"
“အိမ္ထဲဝင္မလို႔"
“ဘာလို႔ဝင္မွာလဲ။အိမ္မွာအေမမရွိဘူး"
“အေမမရွိရင္မဝင္ရေတာ့ဘူးလား။မင္းမေမ့နဲ႔။ငါလည္းအေမ့သားပဲ။ဒီအိမ္ကိုဝင္ခ်င္သလိုဝင္လို႔ရတယ္"
“ဝင္ခ်င္သလိုဝင္ရေအာင္ခင္ဗ်ားကိုဘယ္သူက
ခြင့္ျပဳထားလို႔လဲ"
“အေမကခြင့္ျပဳတယ္ေလ။ဒီမွာေတြ႕လား။ငါ့ကို
ေသာ့တစ္တြဲေပးထားတယ္"
ရိႈင္းကေသာ့တြဲေလးကိုေျမႇာက္ကာလႈပ္ရမ္းျပ
ေတာ့ေရာင္နီသူ႔နဖူးသူပိတ္႐ိုက္လိုက္မိသည္။
ေသသာေသလိုက္ခ်င္ေတာ့တယ္ဒီအေမနဲ႔ေတာ့။ျခံတံခါးေသာ့ေရာ၊အိမ္တံခါးေသာ့ေရာဒီ
လူႀကီးကိုေပးထားရသလားအေမရယ္။
🍈Thida
*****
Unicode
အခန်း(၆)
ရှိုင်းကစူပုပ်ပုပ်မျက်နှာနှင့်သူ့ကိုကြည့်နေသည့်ရောင်နီ့ကို-
“မင်းနားမထောင်ချင်လည်းငါကတော့ငါ့အ
ကြောင်းကိုပြောပြမှာပဲ။ငါ့မှာငယ်ရည်းစားတစ်ယောက်ရှိတယ်"
“အဲဒါကျွန်တော်နဲ့ဘာဆိုင်လဲ"
“ငါ့အကြောင်းကိုပြောပြတာပါဆို။သူ့နာမည်ကသွန်းဆုအောင်တဲ့။သွန်းနဲ့ငါကမူလတန်းကတည်းကကျောင်းနေဘက်တွေ။ကျောင်းအတူတူတက်ခဲ့ကြတာ။သွန်းကငယ်ငယ်ကတည်းကဆရာဝန်ဖြစ်ချင်တဲ့သူ။
အထက်တန်းအောင်တော့ငါကသူ့သဘောအတိုင်းသူနဲ့အတူတူဆေးကျောင်းတက်ခဲ့တယ်။အလုပ်သင်ဆရာဝန်ဖြစ်တဲ့အထိငါတို့အတူတူတွဲခဲ့တယ်။ဘွဲ့ရပြီးရင်လက်ထပ်ဖို့စီစဉ်ထားခဲ့တယ်။
ဒါပေမဲ့အလုပ်သင်ဆရာဝန်ဘဝမှာပဲငါ့မရီးနဲ့သွန်းကားအက်စီးဒန့်ဖြစ်ပြီးဆုံးသွားတယ်။ငါ့တူလေးစိုင်းကအက်စီးဒန့်ဖြစ်တုန်းကကားပေါ်မှာအတူတူပါခဲ့တယ်။အဲဒီစိတ်ဒဏ်ရာကြောင့်ငါ့တူလေးစိတ်အခြေအနေကပုံမှန်မဟုတ်ဘူး။
ငါကသွန်းသေသွားတဲ့နောက်မှာအရူးတစ်
ပိုင်းဖြစ်သွားတယ်။အလုပ်သင်ဆက်မဆင်းနိုင်တော့ဘူး။ညဘက်ဆိုအိပ်မပျော်လို့ကလပ်တွေလျှောက်သွားတယ်။အရက်သော
က်တယ်။မူးပြီးတော့တွေ့ကရာလူနဲ့ရန်ဖြစ်တယ်။ဒီလိုနဲ့ငါကငါတို့အသိုင်းအဝိုင်းကြားထဲမှာလူဆိုးလူမိုက်ဘွဲ့ကိုရသွားတာ။
ငါ့အဖေနဲ့ငါ့အကိုကငါ့ကိုစိတ်မချလို့လင်းထိန်နဲ့ညိုမောင်ကိုငါဘယ်သွားသွားနောက်
ကလိုက်ခိုင်းတယ်။ငါ့အခြေအနေကနောက်ကနေတကောက်ကောက်လိုက်ပြီးထိန်းနေရတဲ့အခြေအနေပဲ။
မင်းသိလား။ဆရာဝန်ဖြစ်ချင်တာကငါ့အိပ်
မက်မဟုတ်ဘူး။သွန်းကသာဆရာဝန်ဖြစ်ချင်ခဲ့တာ။သွန်းသေတော့ငါဆရာဝန်မလုပ်ချင်တော့ဘူး။အလုပ်သင်ဆရာဝန်ကနေငါရပ်
ဆိုင်းလိုက်တယ်။အခုဆိုသုံးနှစ်တောင်ရှိသွားပြီ"
“ခင်ဗျားကဆရာဝန်မဖြစ်ချင်တော့ဘူးဆိုရင်ဘာဖြစ်လို့အလုပ်သင်ဆရာဝန်ပါလို့ပြောနေသေးတာလဲ"
“ငါအခုစိတ်ပြောင်းသွားပြီ"
“ဟမ်"
“ငါအခုဆရာဝန်ဖြစ်ချင်သွားပြီ"
“ဘာလို့တုန်း"
“မင်းကသူနာပြုဖြစ်နေလို့"
“ဘာဆိုင်လို့တုန်း"
“ဆိုင်တာပေါ့။ငါသာဆရာဝန်ဖြစ်မယ်ဆိုရင်ငါကအလိုလိုနေရင်းမင်းရဲ့အထက်လူကြီးဖြစ်သွားပြီ။မင်းအလုပ်လုပ်တဲ့နေရာမှာငါလည်းလိုက်လုပ်မှာ"
ရောင်နီစိတ်ထဲကနေကျိတ်ပြီးတော့ကျိန်ဆဲလိုက်မိပေမဲ့ပါးစပ်ကတော့နားချသလိုမျိုးပြောလိုက်သည်။
“ခင်ဗျားဆရာဝန်လုပ်ဖို့ဝါသနာမပါရင်ဆရာ
ဝန်မလုပ်ပါနဲ့။ဆရာဝန်သူနာပြုတွေရဲ့ဘဝကအအိပ်ပျက်အစားပျက်နဲ့အရမ်းပင်ပန်းတယ်
။ကျွန်တော့်ကိုအနိုင်ယူချင်တာလေးတစ်ခုတည်းနဲ့အဲလောက်ထိဒုက္ခခံဖို့မသင့်ပါဘူး"
“ဒုက္ခဆိုတာခံသင့်ရင်ခံရတယ်။ငါတခြားလူတွေကိုနိုင်ဖို့အတွက်အရမ်းလွယ်တယ်။ငွေဆိုတာတစ်ခုတည်းနဲ့တင်လူတိုင်းကိုငါနိုင်တယ်။ငါမနိုင်တာကမင်းပဲ။ငါ့ငွေတွေနဲ့မင်းကိုအနိုင်ယူလို့မရဘူး။
အဲဒီတော့ငါမင်းကိုရတဲ့နည်းနဲ့အနိုင်ယူရမယ်။ဒီနှစ်ငါကျောင်းပြန်အပ်မယ်။အလုပ်
သင်ပြန်ဆင်းမယ်။နောက်နှစ်ဆိုငါဆရာဝန်ဖြစ်ပြီ"
ရှိုင်းကသူ့တွက်ကိန်းနဲ့သူဟုတ်နေသည်။ရောင်နီကမျက်စောင်းထိုးပြီးကြည့်နေတော့သူကပြုံးပြပြီး-
“ငါဆရာဝန်ဖြစ်ချင်တာကမင်းအတွက်ပါ"
“ကျွန်တော့်ကိုအနိုင်ကျင့်ချင်တာကိုများကျွန်တော့်အတွက်ဟုတ်လား"
ရှိုင်းကရောင်နီ့ကိုမျက်လုံးတွေမှေးစင်းပြီးကြည့်လိုက်သည်။ရောင်နီကရှိုင်းမျက်လုံးတွေကိုကြည့်ပြီး-
“ဟွန့်…မျက်လုံးအကြည့်ကိုကလူနဲ့မတူဘူး"
“လူနဲ့မတူတော့ဘာနဲ့တူတာလဲ"
“မြွေဟောက်တစ်ကောင်ရဲ့မျက်လုံးနဲ့တူတယ်"
“ငါသာမြွေဟောက်ဆိုရင်သတ်သတ်လွတ်တော့မစားဘူး။မင်းတစ်ကိုယ်လုံးကိုမြိုချပစ်မှာ"
ရှိုင်းစကားကြောင့်ရောင်နီ့ခန္ဓာကိုယ်လေးကျုံ့သွားရသည်။လက်ကလေးတွေကအချင်း
ချင်းပွတ်သပ်နေသည်။ရှိုင်းကရောင်နီ့ကိုအကြင်နာရိပ်သန်းသောမျက်လုံးများနှင့်ကြည့်ရင်း-
“ငါတကယ်ပြောတာပါ။ငါကမင်းအတွက်နဲ့ဆရာဝန်ဖြစ်ချင်စိတ်ပေါက်သွားတာ။ငါကမင်းကိုအကာအကွယ်ပေးချင်လို့ပါ"
“မလိုပါဘူး"
ခင်ဗျားရန်ကနေပဲကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ကြိုးစားရမှာဟုစိတ်ထဲကနေပြောလိုက်မိ
သည်။
“လိုတာပေါ့။အခုကတည်းကကိုကိုကမင်းကိုစောင့်ရှောက်ပေးမှာ"
“ဘယ်ကကိုကိုလဲ။ကျွန်တော့်မှာကိုကိုမရှိဘူး"
“သခွားသီးလေးရယ်မင်းကမေ့တတ်လိုက်တာ။မင်းအမေကငါ့ကိုသားအဖြစ်အသိအ
မှတ်ပြုလိုက်ပြီ။ဒီနေ့ကစပြီးငါကမင်းရဲ့ကိုကို။မင်းကငါ့ရဲ့ဘေဘီလေး"
“ထွီ…ရွံစရာကောင်းလိုက်တာ။ဘယ်သူကကိုကိုဘယ်သူကဘေဘီလဲ"
“ငါလေးကမင်းရဲ့ကိုကိုပေါ့ဘေဘီလေးရဲ့"
“ဘယ်သူကခင်ဗျားကိုအသိအမှတ်ပြုလို့လဲ"
“မင်းအသိအမှတ်မပြုချင်လည်းပြုရမယ်။ငါကဒီနေ့ကစပြီးမင်းကိုငါ့ရဲ့ဘေဘီလေးလို့သတ်မှတ်လိုက်ပြီ။ဒီတော့ငါကမငင်းရဲ့ကိုကိုပဲ"
ရှိုင်းကစကားဆုံးလျှင်ကော်ဖီခွက်ကိုကိုင်ပြီးထသွားသည်။ရောင်နီကတော့သစ်ပင်အောက်တွင်တစ်ယောက်တည်းစိတ်ဆိုးပြီးကျန်ခဲ့သည်။ရှိုင်းကိုဘာမှလုပ်မရတော့အပြစ်မရှိတဲ့မြေကြီးကိုပဲဖနောင့်နဲ့ပေါက်မိသည်။
*
*
နောက်တစ်နေ့-
ရှိုင်းကရောင်နီတို့ရပ်ကွက်ထိပ်ကကားမှတ်
တိုင်တွင်ကားရပ်ပြီးရောင်နီ့ကိုစောင့်နေ
သည်။သူရောင်နီ့အိမ်ကိုသွားတော့ရောင်နီ့အမေကရောင်နီအပြင်သွားသည်ဟုပြောသည်။ရောင်နီ့ကိုဖုန်းဆက်ကြည့်တော့ရောင်နီကဘတ်စ်ကားပေါ်မှာဟုပြောသည်။
ရောင်နီရောက်ကာနီးနေပြီမို့ရှိုင်းကကြိုစောင့်နေခြင်းဖြစ်သည်။သိပ်မကြာခင်မှာပဲဘတ်စ်
ကားတစ်စီးထိုးဆိုက်လာပြီးရောင်နီကားပေါ်ကဆင်းလာသည်။ရှိုင်းကရောင်နီ့ကိုသူ့ကားပေါ်တက်ခိုင်းပြီးရောင်နီ့အိမ်သို့မောင်းလာခဲ့သည်။
ရောင်နီ့အိမ်ရှေ့သို့ရောက်လျှင်ရှိုင်းကကားရပ်ပြီးကားပေါ်ကမဆင်းသေးဘဲရောင်နီ့ကိုမေးလိုက်သည်။
“မင်းဘယ်တွေလျှောက်သွားနေတာလဲ"
“ကျောင်းကိုအောင်စာရင်းသွားကြည့်တာ"
“အောင်လား"
“အောင်တယ်"
“အောင်တယ်ဆိုတော့မင်းဘာဆက်လုပ်မှာလဲ"
“ဘွဲ့ယူဖို့စောင့်ရမယ်"
“ဘွဲ့ယူပြီးရင်ရော"
“အလုပ်လျှောက်မယ်"
“ဘွဲ့မယူရသေးခင်ဒီကြားထဲမှာမင်းဘာလုပ်မှာလဲ"
“အချိန်ပိုင်းအလုပ်လုပ်မှာပေါ့"
“မင်းက male nurse ပဲ။အပြင်ဆေးခန်းတွေမှာအလုပ်မလုပ်ချင်ဘူးလား"
“မလုပ်ချင်ပါဘူး။အစိုးရဝန်ထမ်းဖြစ်ရင်တစ်ချိန်လုံးဆေးရုံမှာပဲနေရမှာ။အခုချိန်မှာအခွင့်
အရေးရတုန်းအပြင်မှာပဲနေမယ်။
“special nurse မလုပ်ချင်ဘူးလား"
“ကျွန်တော်မှဘွဲ့မရသေးတာ။မလုပ်ချင်ပါဘူး"
“special nurse လုပ်တာဘွဲ့ရပြီးတာနဲ့မဆိုင်ပါဘူး။မင်းကသူနာပြုတက္ကသိုလ် ကျောင်းဆင်းလေ။ကျောင်းမှာအကုန်သင်ခဲ့ပြီးသားမဟုတ်လား"
“အင်း"
“အဲဒါဆိုငါ့တူလေးအတွက် special nurse လုပ်ပေးပါလား။ငါ့တူလေးစိုင်းမနေ့ကခွဲထားတာ။သူ့ကိုအနီးကပ်စောင့်ရှောက်ဖို့ special nurse တစ်ယောက်လိုနေတယ်"
“ခင်ဗျားတူဆေးရုံတက်နေတာစိန်ပန်းပြာ ဆေးရုံမဟုတ်ဘူးလား။နိုင်ငံတကာအဆင့်မှီ ဆေးရုံကြီးမှာ special nurse မရှိဘူးလား"
“ရှိပါတယ်။ဒါပေမဲ့လူနာကမင်းကိုလိုအပ်နေလို့"
ရောင်နီကရှိုင်းမျက်နှာကိုစူးစမ်းသည့်အ
ကြည့်နှင့်ကြည့်လိုက်မိသည်။ရှိုင်းရဲ့မြွေ
ဟောက်မျက်လုံးတွေကလျို့ဝှက်ကြံစည်မှုတွေအပြည့်။ရောင်နီကနှာခေါင်းတစ်ချက်
ရှုံ့လိုက်သည်။
“ဟွန့်…ကျွန်တော့်ကိုလိုအပ်နေတာလူနာကမဟုတ်ပါဘူး။ခင်ဗျားကလိုအပ်နေတာ"
“ဘာလို့အဲလိုထင်တာလဲ"
“လူနာကသူ့ရောဂါနဲ့သူခုတင်ပေါ်ကတောင်ထနိုင်တာမဟုတ်ဘူး။စပါယ်ရှယ်နာ့စ်ကဘယ်သူဖြစ်ဖြစ်သူကဘာသိမှာမို့လို့လဲ။ခင်ဗျားသာကျွန်တော့်ကိုအနားမှာထားပြီးခိုင်းစားချင်နေတာ"
“ဟား…ဟား…ဟား"
ရောင်နီ့စကားကြောင့်ရှိုင်းသဘောကျပြီးရယ်လိုက်မိသည်။
“ဟုတ်တယ်ပဲထားပါတော့။ဒါပေမဲ့ငါကလူနာရှင်လေ။ငါ့လူနာအတွက်ငါယုံကြည်စိတ်ချရတဲ့လူကိုပဲအနားမှာခေါ်ထားချင်တာ"
“ခင်ဗျားကကျွန်တော့်ကိုယုံတယ်ပေါ့"
“အင်းလေ"
“ဘာကိုကြည့်ပြီးယုံတာလဲ"
“မင်းကငါ့တူလေးကိုသွေးလှူထားတယ်မဟုတ်လား။မင်းလှူထားတဲ့သွေးနဲ့အသက်
ဆက်နေရတဲ့ကလေးတစ်ယောက်ကိုမင်းသေ
ချာပေါက်ဂရုစိုက်မယ်ဆိုတာငါယုံတယ်"
“ယုံတာကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျွန်
တော်ကခင်ဗျားတို့တေဇမိသားစုဆီမှာဘယ်
တော့မှ special nurse မလုပ်ဘူး"
ရောင်နီကပြောပြီးကားပေါ်ကဆင်းသွားသည်။ရှိုင်းကလည်းသူ့နောက်ကကပ်လိုက်သွားသည်။ရောင်နီကခြံတံခါးဖွင့်ရန်ပြင်ပြီး
မှနောက်လှည့်ကြည့်ပြီး-
“ခင်ဗျားကဘာလုပ်မလို့လဲ"
“အိမ်ထဲဝင်မလို့"
“ဘာလို့ဝင်မှာလဲ။အိမ်မှာအမေမရှိဘူး"
“အမေမရှိရင်မဝင်ရတော့ဘူးလား။မင်းမမေ့နဲ့ငါလည်းအမေ့သားတစ်ယောက်ပဲ။ဒီအိမ်ကိုဝင်ချင်သလိုဝင်လို့ရတယ်"
“ဝင်ချင်သလိုဝင်ရအောင်ခင်ဗျားကိုဘယ်သူကခွင့်ပြုထားလို့လဲ"
“အမေကခွင့်ပြုတယ်လေ။ဒီမှာတွေ့လား။ငါ့ကိုသော့တစ်တွဲပေးထားတယ်"
ရှိုင်းကသော့တွဲလေးကိုမြှောက်ကာလှုပ်ယမ်းပြတော့ရောင်နီသူ့နဖူးသူပိတ်ရိုက်လိုက်မိ
သည်။သေသာသေလိုက်ချင်တော့တယ်။ဒီအမေနဲ့တော့။ခြံတံခါးသော့ရော၊အိမ်တံခါးသော့ရောဒီလူကြီးကိုပေးထားရသလား
အမေရယ်။
🍈Thida
*******