The city in my heart (U&Z)

By AyeThida847

3.2K 236 36

ဒီမြို့လေးထဲမှာကျွန်တော့်ရဲ့နှလုံးသားရှိတယ်။ More

အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း(၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)

အခန်း(၅)

62 4 0
By AyeThida847

ေရာင္နီထမင္းစားပြဲတြင္ဝင္ထိုင္လိုက္ေတာ့
ေမေမဖူးကရိႈင္းကိုထမင္းခူးေပးေနသည္။

“သားေလးစားတတ္ပါ့မလားမသိဘူးကြယ္။အ
ေမတို႔အိမ္ကအသားဟင္းမစားဘူးဆိုေတာ့
ဟင္းေတြက"

“အို…ရပါတယ္အေမ။ရပါတယ္။ေရာင္နီနဲ႔စသိကတည္းကသူအသားမစားတာကၽြန္ေတာ္သိၿပီးသားပါ။ကၽြန္ေတာ္စားႏိုင္ပါတယ္"

ေရာင္နီကရိႈင္းကိုမ်က္လံုးျပဴ းေလးနဲ႔ၾကည့္ေနမိသည္။ေျဗာင္လိမ္ေျဗာင္စားႀကီးပါလား။သူနဲ႔သိကတည္းကဆိုတာေန႔တစ္ဝက္ေတာင္မက်ိဳးေသးဘူး။သတ္သတ္လြတ္စားမွန္းသိတာကတစ္
နာရီေတာင္မျပည့္ေသးဘူး။ေျပာေနတဲ့ေလသံကငယ္ေပါင္းႀကီးေဖာ္ေတြလားေအာက္ေမ့ရ
သည္။ေတာ္ေတာ္မ်က္ႏွာေျပာင္တဲ့လူႀကီး။

ေမေမဖူးကရိႈင္းပန္းကန္ထဲကိုဟင္းေတြခပ္ထည့္ေပးၿပီးေရာင္နီ႔ကိုေတာ့ထည့္မေပး။ေရာင္နီက-

“အေမ”

“ဘာလဲသား"

“အေမ့သားအရင္းကကၽြန္ေတာ္ေလ"

“အင္းေလ"

ေမေမဖူးကအင္းေလဆိုၿပီးဘာမွဆက္ေျပာမလာေတာ့ေရာင္နီစူပုပ္ၿပီးသူ႔ဟာသူဟင္းေတြ
ေကာ္ထည့္သည္။

ေရာင္နီကၾကက္ဥတစ္မိ်ဳးတည္းပဲစားတဲ့သူမို႔ေမေမဖူးကၾကက္ဥကိုပံုစံမ်ိဳးစံုနဲ႔မ႐ိုးရေအာင္ခ်က္
ေကၽြးတတ္သည္။ဒီေန႔ခ်က္ထားတာကၾကက္
ဥလိပ္၊ပဲၾကာဆံနဲ႔ေက်ာက္ပြင့္သုပ္၊ေျပာင္းဖူးေထာင္း၊ပဲျပားခ်ဥ္စပ္ဟင္းရည္။

ရိႈင္းကထမင္းကိုအားရပါးရစားၿပီးကုန္လုကုန္
ခင္ျဖစ္သြားေတာ့ေမေမဖူးက-

“သားထမင္းထပ္ယူဦးမလား"

“ဟုတ္ကဲ့အေမ။ယူဦးမယ္”

အရွက္မရွိစားေသာက္ေနသည့္ရိႈင္းကိုေရာင္နီ
စိတ္ပ်က္လက္ပ်က္ႏွင့္ၾကည့္ရင္း-

“ခင္ဗ်ားအိမ္မွာထမင္းမစားရဘူးလား"

“မစားရဘူးေလ။မနက္ကေသြးလႉရွင္ရွာေနရတာနဲ႔မစားရဘူး။ေန႔လည္ကစားေသာက္ဆိုင္
ေရာက္ၿပီးမွမင္းဘာမွမစားလို႔ငါလည္းဘာမွမစားရဘူး။အခုမွစားရတာ”

ေရာင္နီ႔အေမကရိႈင္းစားေသာက္ေနတာကိုၾကည့္ၿပီးသားတစ္ေယာက္ေကာက္ရသလိုမ်ိဳးပီတိ
ေတြျဖာေနသည္။ျမင္ျမင္ခ်င္းေမတၱာရွိၾကတယ္
ဆိုေတာ့ဘယ္ဘဝကေရစက္ေတြမ်ားပါလိမ့္။ႏွစ္ေယာက္လံုးကေရာင္နီ႔ကိုရွိတယ္လို႔ပင္မထင္
ၾက။

“အေမ့သားေရာင္နီကသားလိုမ်ိဳးပြင့္လင္း႐ိုးသားတဲ့သူငယ္ခ်င္းတစ္ေယာက္ရထားတာအရမ္းကံေကာင္းတာပဲ။ငယ္ငယ္ကတည္းကဂ်စ္တီးဂ်စ္ကန္နဲ႔ဆိုေတာ့သူ႔သူငယ္ခ်င္ေတြနဲ႔ရန္ျဖစ္မွာကိုအေမကအၿမဲစိုးရိမ္ေနခဲ့ရတာ”

ဒီတစ္ခါေတာ့ေရာင္နီမေနႏိုင္ေတာ့ေပ။

“အေမ…သူစိမ္းတစ္ေယာက္ေရွ႕မွာသားကိုဘာလို႔အဲလိုေျပာရတာလဲ"

“အေမေျပာတာမဟုတ္လို႔လား။မင္းကအၿမဲတမ္းဂ်စ္ကန္ကန္နဲ႔။ဒီေလာက္သေဘာေကာင္းတဲ့သူငယ္ခ်င္းကိုရထားတာေတာင္မင္းကဘာလို႔
မေခၚခ်င္မေျပာခ်င္ျဖစ္ေနရတာလဲ"

“သူငယ္ခ်င္းမဟုတ္ပါဘူးဆို။အေမကသူ႔အ
ေၾကာင္းကိုဘယ္ေလာက္သိလို႔လဲ။သူ႔နာမည္ကိုအေမသိလား။သူ႔မိ်ဳး႐ိုး၊သူ႔မိသားစု၊သူ႔အလုပ္အကိုင္”

“ေၾသာ္…ဟုတ္သားပဲ။သားနာမည္ကဘယ္လို
ေခၚလဲ"

အခုမွအင္တာဗ်ဴ းစတာပဲ။ေကာင္းပါတယ္အေမရယ္။

“သားနာမည္ကရိႈင္းေတဇပါ”

“သားကေရာင္နီနဲ႔ေက်ာင္းတူတူပဲလား။ေရာင္နီ႔
ထက္ေတာ့အသက္ႀကီးမယ္ထင္တယ္ေနာ္"

“ေရာင္နီကအသက္ဘယ္ေလာက္လဲ"

“ႏွစ္ဆယ္ေလ"

“ကၽြန္ေတာ္ကႏွစ္ဆယ့္ငါး။သူ႔ထက္ငါးႏွစ္ႀကီးတယ္”

“ဒါဆိုအသက္ခ်င္းငါးႏွစ္ေတာင္ကြာတာပဲ။ဘယ္လိုလုပ္သူငယ္ခ်င္းေတြျဖစ္သြားတာလဲ။ေက်ာင္းတူတဲ့စီနီယာေတြလား"

“ေရာင္နီကဘယ္ေက်ာင္းကလဲ"

“သူနာျပဳတကၠသိုလ္ကေလ။ေနာက္ဆံုးႏွစ္ေနာက္ဆံုးစာေမးပြဲကိုဟိုတေလာကမွေျဖၿပီးသြားတာ"

ရိႈင္းကအခုမွသိသြားၿပီးမ်က္ႏွာကအ့ံၾသဟန္ေပါက္ေနသည္။ေယာက္်ားေလးသူနာျပဳဆိုတာျမန္
မာျပည္မွာအရမ္းႀကီးေပါမ်ားေနတာမဟုတ္။

ေရာင္နီကသူ႔ထက္ပိုၿပီးအ့ံၾသေနရသည္။ေရာင္နီ႔ကိုသူ႔သူငယ္ခ်င္းပါဆိုၿပီးဂ်င္းထည့္သြားသည္။ၿပီးေတာ့ေရာင္နီ႔အေၾကာင္းေတြအကုန္လံုးကိုသူ႔အေမဆီကေနျပန္ၿပီးသတင္းႏိႈက္သြားသည္။ပါးပါးေလးနဲ႔ကပ္လွီးေနတဲ့လူလည္ႀကီး။ရိႈင္းကေမေမဖူးကိုယံုၾကည္မႈအျပည့္ရွိေနေသာေလသံႏွင့္ေျပာခ်လိုက္တာက-

“ကၽြန္ေတာ္ကအလုပ္သင္ဆရာဝန္ပါအေမ"

“ဟယ္"

ေမေမဖူးပါးစပ္ကဟယ္ခနဲ႔ထြက္သြားၿပီးေရာင္နီ႔
မ်က္ႏွာႀကီးကေတာ့စူပုပ္သည္ထက္စူပုပ္သြားရသည္။

“ခင္ဗ်ားဘာမဟုတ္တမ္းတရားေတြေလွ်ာက္
ေျပာေနတာလဲ"

“ငါဘာမွေလွ်ာက္မေျပာဘူး။ဟုတ္မဟုတ္ေသခ်ာခ်င္ရင္ဒီမွာၾကည့္"

ရိႈင္းကသူ႔ဖုန္းကိုဖြင့္ျပသည္။ဖုန္း screen ေပၚကပံုကရိႈင္းႏွင့္မိန္းကေလးတစ္ေယာက္အတူတြဲၿပီး႐ိုက္ထားသည့္ပံု။ႏွစ္ေယာက္လံုးကဂ်ဴ တီကုတ္အျဖဴ ေရာင္ဝတ္ထားၿပီးမိန္းကေလးလည္
ပင္းတြင္နားၾကပ္တစ္ခုခ်ိတ္ထားသည္။ေသခ်ာ
ေပါက္ေဆးေက်ာင္းသားေတြပဲ။ေရာင္နီ႔စိတ္ထဲမွာေတာ့-

“ဒီလူႀကီးကေသခ်ာေပါက္ဆရာဝန္ပဲ။ငါဘယ္
လိုၾကည့္ၾကည့္ဆရာဝန္လို႔ျမင္လို႔မရပါလား"

ဟူ၍သာေတြးမိသည္။ေရာင္နီကရိႈင္းကိုေစ့ေစ့
ၾကည့္ၿပီးသကာလ-

“ခင္ဗ်ား႐ုပ္ကဆရာဝန္႐ုပ္လည္းမေပါက္ဘူး။
ဘယ္လိုၾကည့္ၾကည့္ဂန္းစတား႐ုပ္ပဲေပါက္ေနတယ္"

“သခြားေမႊး"

ေမေမဖူးေအာ္လိုက္ေတာ့ေရာင္နီထမင္းစားပြဲကထသြားသည္။ေရာင္နီစိတ္ဆိုးၿပီးျခံထဲဆင္းထိုင္ေနမိသည္။အေမနဲ႔ဟိုလူႀကီးအခုမွေတြ႕ဖူးတဲ့ဟာကိုမ်ားႏွစ္တစ္ရာေလာက္သိကၽြမ္းလာခဲ့တဲ့အတိုင္းပဲ။ခ်စ္ခင္ေနလိုက္ၾကတာ။

“ဖတ္"

“အေမ့"

အေတြးလြန္ေနတုန္းပုခံုးေပၚလက္တစ္ဖက္ေရာက္လာတာေၾကာင့္ေရာင္နီလန္႔ၿပီးေအာ္လိုက္မိသည္။ရိႈင္းကသူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ဝင္ထိုင္
သည္။

“ခင္ဗ်ားစားလို႔ေသာက္လို႔ၿပီးၿပီမဟုတ္လား။ဘာလို႔မျပန္ေသးတာလဲ"

ရိႈင္းကသူ႔လက္ထဲကအေငြ႕တေထာင္းေထာင္းထေနသည့္ေကာ္ဖီခြက္ကိုေျမႇာက္ျပသည္။

“စားလို႔ပဲၿပီးတာ။ေသာက္လို႔မၿပီးေသးဘူး။မင္းတို႔အိမ္ကထမင္းဟင္းေတြတကယ္စားလို႔ေကာင္းတယ္"

ဟုတ္မွာပါ။အၿမဲတမ္းဆီဦးေထာပတ္ေတြခ်ည္း
စားေနရတဲ့လူကတစ္ခါတစ္ေလဟင္းၾကမ္းေလးေတြလည္းစားခ်င္ဦးမွာေပါ့။လူဆိုတာအ
ေျပာင္းအလဲကိုႀကိဳက္တဲ့အမ်ိဳးပဲ။ရိႈင္းကေကာ္ဖီကိုအရသာခံေသာက္ရင္း-

“ဒီေကာ္ဖီအရသာတကယ္ထူးျခားတယ္။ငါဒီအရသာမ်ိဳးတစ္ခါမွမေသာက္ဖူးဘူး"

“ခင္ဗ်ားဘယ္လိုလုပ္ေသာက္ဖူးမွာလဲ။အဲဒါေစ်းအေပါဆံုးေကာ္ဖီ။သူ႔ထက္ေစ်းေပါတာမရွိေတာ့ဘူး"

ရိႈင္းကအ့ံၾသဟန္ႏွင့္-

“ဟုတ္လား"

“ခင္ဗ်ားအသက္အစိတ္ေတာင္ရွိေနၿပီ။အခုထိအလုပ္သင္ပဲလား"

“ငါေက်ာင္းဆက္မတက္တာသံုးႏွစ္ရွိၿပီ"

“……"

“ငါဘာလို႔ေက်ာင္းဆက္မတက္လဲဆိုတာမသိ
ခ်င္ဘူးလား"

ေရာင္နီကရိႈင္းကိုစကားျပန္မေျပာဘဲမႈန္ေတ
ေတႏွင့္စိုက္ၾကည့္ေနသည္။ရိႈင္းက-

“အဟက္…သိခ်င္ေနတာကိုဝန္မခံဘူးေပါ့။ရပါတယ္။ငါေျပာျပမယ္။ငါကငါ့အေၾကာင္းကိုသူမ်ားစပ္စုတာမႀကိဳက္ဘူး။ဒါေပမဲ့ခၽြင္းခ်က္အေနနဲ႔မင္းကိုေတာ့ငါ့အေၾကာင္းေတြေျပာျပရမယ္။ဘာလို႔လဲဆိုေတာ့ငါ့အေၾကာင္းေတြကိုသူမ်ားေျပာ
ျပမွမင္းသိရမွာကိုငါမလိုခ်င္ဘူး။မင္းကိုတဆင့္
စကားေတြမၾကားေစခ်င္ဘူး"

ေရာင္နီကအင္းမလႈပ္အဲမလႈပ္။ႏႈတ္ခမ္းႀကီးစူ
ေထာ္ၿပီးရိႈင္းကိုပဲမ်က္ေမွာင္ၾကဳံ႕ကာၾကည့္ေန
ေလသည္။

🍈Thida

********

Unicode

အခန်း(၅)

ရောင်နီထမင်းစားပွဲတွင်ဝင်ထိုင်လိုက်တော့မေမေဖူးကရှိုင်းကိုထမင်းခူးပေးနေသည်။

“သားလေးစားတတ်ပါ့မလားမသိဘူး။အမေတို့အိမ်ကအသားဟင်းမစားဘူးဆိုတော့ဟင်းတွေက"

“အို…ရပါတယ်အမေ။ရပါတယ်။ရောင်နီနဲ့စသိကတည်းကသူအသားမစားတာကျွန်တော်သိပြီးသားပါ။ကျွန်တော်စားနိုင်ပါတယ်"

ရောင်နီကရှိုင်းကိုမျက်လုံးပြူးလေးနဲ့ကြည့်နေမိသည်။ဗြောင်လိမ်ဗြောင်စားကြီးပါလား။သူနဲ့စသိကတည်းကဆိုတာနေ့တစ်ဝက်တောင်မကျိုးသေးဘူး။သတ်သတ်လွတ်စားမှန်းသိတာကတစ်နာရီတောင်မပြည့်သေးဘူး
။ပြောနေတဲ့လေသံကငယ်ပေါင်းကြီးဖော်တွေလားအောက်မေ့ရသည်။တော်တော်မျက်နှာပြောင်တဲ့လူကြီး။

မေမေဖူးကရှိုင်းပန်းကန်ထဲကိုဟင်းတွေခပ်
ထည့်ပေးပြီးရောင်နီ့ကို‌တော့ထည့်မပေး။ရောင်နီက-

“အမေ"

“ဘာလဲသား"

“အမေ့သားအရင်းကကျွန်တော်လေ"

“အင်းလေ"

မေမေဖူးကအင်းလေဆိုပြီးဘာမှဆက်ပြောမလာတော့ရောင်နီစူပုပ်ပြီးသူ့ဟာသူဟင်းတွေကော်ထည့်သည်။

ရောင်နီကကြက်ဥတစ်မျိုးပဲစားတဲ့သူမို့မေမေဖူးကကြက်ဥကိုပုံစံမျိုးစုံနဲ့မရိုးရအောင်ချက်ကျွေးတတ်သည်။ဒီနေ့ချက်ထားတာကကြက်
ဥလိပ်၊ပဲကြာဆံနှင့်ကျောက်ပွင့်သုပ်၊ပြောင်း
ဖူးထောင်း၊ပဲပြားချဉ်စပ်ဟင်းရည်။

ရှိုင်းကထမင်းကိုအားရပါးရစားပြီးကုန်လုကုန်ခင်ဖြစ်သွားတော့မေမေဖူးက-

“သားထမင်းထပ်ယူဦးမလား"

“ဟုတ်ကဲ့အမေ။ယူဦးမယ်"

အရှက်မရှိစားသောက်နေတဲ့ရှိုင်းကိုရောင်နီစိတ်ပျက်လက်ပျက်နဲ့ကြည့်ရင်း-

“ခင်ဗျားအိမ်မှာထမင်းမစားရဘူးလား"

“မစားရဘူးလေ။မနက်ကသွေးလှူရှင်ရှာနေရတာနဲ့မစားရဘူး။နေ့လည်ကစားသောက်ဆိုင်ရောက်ပြီးမှမင်းဘာမှမစားလို့ငါလည်းဘာမှမစားရဘူး။အခုမှစားရတာ"

ရောင်နီ့အမေကရှိုင်းစားသောက်နေတာကိုကြည့်ပြီးသားတစ်ယောက်ကောက်ရသလိုမျိုးပီတိတွေဖြာနေသည်။မြင်မြင်ချင်းမေတ္တာရှိကြတယ်ဆိုတော့ဘယ်ဘဝကရေစက်တွေများပါလိမ့်။နှစ်ယောက်လုံး
ကရောင်နီ့ကိုရှိတယ်လို့ပင်မထင်ကြ။

“အမေ့သားရောင်နီကသားလိုမျိုးပွင့်လင်းရိုးသားတဲ့သူငယ်ချင်းတစ်ယောက်ရထားတာအရမ်းကံကောင်းတာပဲ။ငယ်ငယ်ကတည်းကဂျစ်တီးဂျစ်ကန်နဲ့ဆိုတော့သူ့သူငယ်ချင်းတွေနဲ့ရန်ဖြစ်မှာကိုအမေကအမြဲစိုးရိမ်နေခဲ့ရတာ"

ဒီတစ်ခါတော့ရောင်နီမနေနိုင်တော့ပေ။

“အမေ…သူစိမ်းတစ်ယောက်ရှေ့မှာသားကိုဘာလို့အဲလိုပြောရတာလဲ"

“အမေပြောတာမဟုတ်လို့လား။မင်းကအမြဲ
တမ်းဂျစ်ကန်ကန်နဲ့ဒီလောက်သဘောကောင်းတဲ့သူငယ်ချင်းကိုရထားတာတောင်မင်းကဘာလို့မခေါ်ချင်မပြောချင်ဖြစ်နေရတာလဲ"

“သူငယ်ချင်းမဟုတ်ပါဘူးဆို။အမေကသူ့အကြောင်းကိုဘယ်လောက်သိလို့လဲ။သူ့နာ
မည်ကိုအမေသိလား။သူ့မျိုးရိုး၊သူ့မိသားစု၊သူ့အလုပ်အကိုင်"

“ဪ…ဟုတ်သားပဲ။သားနာမည်ကဘယ်လိုခေါ်လဲ"

အခုမှအင်တာဗျူးစတာပဲ။ကောင်းတာပေါ့
အမေရယ်။

“သားနာမည်က‌ရှိုင်းတေဇပါ"

“သားကရောင်နီနဲ့ကျောင်းတူတူပဲလား။ရောင်နီ့ထက်တော့အသက်ကြီးမယ်ထင်တယ်နော်"

“ရောင်နီကအသက်ဘယ်လောက်လဲ"

“နှစ်ဆယ်လေ"

“ကျွန်တော်ကနှစ်ဆယ့်ငါး။သူ့ထက်ငါးနှစ်ကြီးတယ်"

“ဒါဆိုအသက်ချင်းငါးနှစ်တောင်ကွာတာပဲ။ဘယ်လိုလုပ်သူငယ်ချင်းတွေဖြစ်သွားတာလဲ။ကျောင်းတူတဲ့စီနီယာတွေလား"

“ရောင်နီကဘယ်ကျောင်းကလဲ"

“သူနာပြုတက္ကသိုလ်ကလေ။နောက်ဆုံးနှစ်နောက်ဆုံးစာမေးပွဲကိုဟိုတလောကမှဖြေပြီးသွားတာ"

ရှိုင်းကအခုမှသိသွားပြီးမျက်နှာကအံ့ဩဟန်ပေါက်နေသည်။ယောက်ျားလေးသူနာပြုဆိုတာမြန်မာပြည်မှာအရမ်းကြီးပေါများနေတာမဟုတ်။

ရောင်နီကသူ့ထက်ပိုပြီးအံ့ဩနေရသည်။ရောင်နီ့ကိုသူ့သူငယ်ချင်းပါဆိုပြီးဂျင်းထည့်သွားသည်။ပြီးတော့ရောင်နီ့အကြောင်းတွေအကုန် လုံးကိုသူ့အမေဆီကနေပြန်ပြီးသတင်းနှိုက်သွားသည်။ပါးပါးလေးနဲ့ကပ်လှီးနေတဲ့လူ
လည်ကြီး။ရှိုင်းကမေမေဖူးကိုယုံကြည်မှုအ
ပြည့်ရှိနေသောလေသံနှင့်ပြောချလိုက်တာက-

“ကျွန်တော်ကအလုပ်သင်ဆရာဝန်ပါအမေ"

“ဟယ်"

မေမေဖူးပါးစပ်ကဟယ်ခနဲ့ထွက်သွားပြီးရောင်နီ့မျက်နှာကြီးကတော့စူပုပ်သည်ထက်စူပုပ်သွားရသည်။

“ခင်ဗျားဘာမဟုတ်တမ်းတရားတွေလျှောက်ပြောနေတာလဲ"

“ငါဘာမှလျှောက်မပြောဘူး။ဟုတ်မဟုတ်သေချာချင်ရင်ဒီမှာကြည့်"

ရှိုင်းကသူ့ဖုန်းကိုဖွင့်ပြသည်။ဖုန်းမျက်နှာပြင်ပေါ်ကပုံကရှိုင်းနဲ့မိန်းကလေးတစ်ယောက်အ
တူတွဲပြီးရိုက်ထားသည့်ပုံ။နှစ်ယောက်လုံးကဂျူတီကုတ်အဖြူရောင်ဝတ်ထားပြီးမိန်းက
လေးလည်ပင်းတွင်နားကြပ်တစ်ခုချိတ်ထား
သည်။ဂျူတီကုတ်ရဲ့လက်မောင်းနေရာတွင်ကျောင်းတံဆိပ်တပ်ထားသည်။သေချာ
ပေါက်ဆေးကျောင်းသားတွေပဲ။ရောင်နီ့စိတ်ထဲမှာတော့-

“ဒီလူကြီးကသေချာပေါက်ဆရာဝန်ပဲ။ငါဘယ်လိုကြည့်ကြည့်ဆရာဝန်လို့မြင်လို့မရ
ပါလား" ဟူ၍သာ။

ရောင်နီကရှိုင်းကိုစေ့စေ့ကြည့်ပြီးသကာလ-

“ခင်ဗျားရုပ်ကဆရာဝန်ရုပ်လည်းမပေါက်ဘူး။ဘယ်လိုကြည့်ကြည့်ဂန်းစတားရုပ်ပဲပေါက်နေတယ်"

“သခွားမွှေး"

မေမေဖူးကအော်လိုက်တော့ရောင်နီထမင်း
စားပွဲကထသွားသည်။ရောင်နီစိတ်ဆိုးပြီးခြံထဲဆင်းထိုင်နေမိသည်။အမေနဲ့ဟိုလူကြီးအခုမှတွေ့ဖူးတဲ့ဟာကိုများနှစ်တစ်ရာလောက်သိ
ကျွမ်းလာခဲ့တဲ့အတိုင်းပဲ။ချစ်ခင်နေလိုက်ကြတာ"

“ဖတ်"

“အမေ့"

အတွေးလွန်နေတုန်းပုခုံးပေါ်လက်တစ်ဖက်ရောက်လာတာကြောင့်ရောင်နီလန့်ပြီးအော်လိုက်မိသည်။ရှိုင်းကသူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်သည်။

“ခင်ဗျားစားလို့သောက်လို့ပြီးပြီမဟုတ်လား။ဘာလို့မပြန်သေးတာလဲ"

ရှိုင်းကသူ့လက်ထဲကအငွေ့တထောင်းထောင်းထနေသည့်ကော်ဖီခွက်ကိုမြှောက်ပြသည်။

“စားလို့ပဲပြီးတာ။သောက်လို့မပြီးသေးဘူး။မင်းတို့အိမ်ကထမင်းဟင်းတွေတကယ်စား
လို့ကောင်းတယ်"

ဟုတ်မှာပါ။အမြဲတမ်းဆီဦးထောပတ်တွေချည်းစားနေရတဲ့သူကတစ်ခါတစ်လေဟင်းကြမ်းလေးတွေလည်းစားချင်ဦးမှာပေါ့။လူဆိုတာအပြောင်းအလဲကိုကြိုက်တဲ့အမျိုးပဲ။ရှိုင်းကကော်ဖီကိုအရသာခံသောက်ရင်း-

“ဒီကော်ဖီအရသာကထူးခြားတယ်။ငါဒီအရသာမျိုးတစ်ခါမှမသောက်ဖူးဘူး"

“ခင်ဗျားဘယ်လိုလုပ်သောက်ဖူးမှာလဲ။အဲဒါဈေးအပေါဆုံးကော်ဖီ။သူ့ထက်ဈေးပေါတာ
မရှိတော့ဘူး"

ရှိုင်းကအံ့ဩဟန်နှင့်-

“ဟုတ်လား"

“ခင်ဗျားအသက်အစိတ်တောင်ရှိနေပြီ။အခုထိအလုပ်သင်ပဲလား"

“ငါကျောင်းဆက်မတက်တာသုံးနှစ်ရှိပြီ"

“……"

“ငါဘာလို့ကျောင်းဆက်မတက်လဲဆိုတာ
မသိချင်ဘူးလား"

“……"

ရောင်နီကရှိုင်းကိုစကားပြန်မပြောဘဲမှုန်တေတေနှင့်စိုက်ကြည့်နေသည်။ရှိုင်းက-

“အဟက်…သိချင်နေတာကိုဝန်မခံဘူးပေါ့။ရပါတယ်။ငါပြောပြမယ်။ငါကငါ့အကြောင်းကိုသူများစပ်စုတာမကြိုက်ဘူး။ဒါပေမဲ့ချွင်းချက်အနေနဲ့မင်းကိုတော့ငါ့အကြောင်းတွေပြောပြရမယ်။ဘာလို့လဲဆိုတော့ငါ့အကြော
င်းတွေကိုသူများပြောပြမှမင်းသိရမှာကိုငါမလိုချင်ဘူး။မင်းကိုတဆင့်စကားတွေမကြားစေချင်ဘူး"

ရောင်နီကအင်းမလုပ်အဲမလုပ်။နှုတ်ခမ်းကြီးစူထော်ပြီးရှိုင်းကိုပဲမျက်မှောင်ကြုံ့ကာကြည့်နေလေသည်။

🍈Thida

******

Continue Reading

You'll Also Like

176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
286K 49.3K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
57K 4.4K 61
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
31.9K 2.2K 83
တခါက ကျွန်းလေးပေါ်မှာ..ဒုက္ခရောက်နေတဲ့ တိ လေးတွေကို ကောက်ကောက်မွေးစားတတ်တဲ့ ကြင်နာတတ်တဲ့ လူငယ်လေး တဥိးရှိသတဲ့..ဒါပေမဲ့..တနေ့မှာ သူကောက်ယူမွေးစားလိုက်...