လွမ်းမောစရာ ခေတ်ဟောင်းမြေ (လြ...

By Nhait-Sway-Suu

2.2K 170 4

ရှေးဟောင်းဟန်လင်းမြို့ကို သွားလိုက်ရအောင်လား.. (ေ႐ွးေဟာင္းဟန္လင္းၿမိဳ႕ကို သြားလိုက္ရေအာင္လား..) More

p - 1
p - 2
p - 4
p - 5
p - 6
p - 7
p - 8
p - 9
p - 10
p - 11
p - 12
p - 13
p - 14
p - 15
p - 16
p -17
p -18

p - 3

128 11 0
By Nhait-Sway-Suu

Unicode...

ထိုညတွင် မိုင်ရိုစ်ကို တစ်ယောက်တည်း အိပ်ခိုင်းသော်လည်း ကြောက်သည် ဆိုကာ နွေကို ခေါ်အိပ်သည်။နွေသည်လည်း ဘာစောဒကမှ တက်‌မနေတော့ပဲ အသာတကြည် မိုင်ရိုစ်နှင့် သွားအိပ်ပေးလိုက်သည်။

ချမ်းသည်ဟုဆိုကာ အရိုးကြေလုမတတ် ဖက်ထားသည်ကို သည်းခံရင်း...။

..

နွေ တစ်ကိုယ်လုံးညောင်းညာစွာ အိပ်ယာကနေ နိုးထလာသည်။ပေါင်ပေါ်တင်ထားသော ခြေထောက်ကို နိုးမှာစိုး၍ ဖြေးဖြေးချင်း ဖယ်ချရသည်မှာ အသက်ပင် မရှုဝံ့။

မျက်နှာသစ်ပြီး ဆံပင်ကို တပတ်လျိုထုံးဖွဲ့လိုက်သည်။ညအိပ်ဝတ်စုံတို့ကို အဝါနုရောင် ဝမ်းဆက်နှင့် လဲလှယ်လိုက်ပြီး မနက်စာအတွက် မုန့်ဟင်းခါးကို နှစ်ယောက်စာ ချက်လိုက်သည်။နိုင်ငံခြားသူလေးကို မြန်မာအစားအစာတွေ စားစေချင်သည်။မည်သို့မှန်းမသိ ထိုမိန်းကလေးကို ရင်းနီးနေသည့်ခံစားချက်ဖြစ်နေသည်။တစ်ခါမှ မတွေ့ဖူးပါပဲလေ..။

နွေ ခြံထဲ ဆင်းပြီး ပန်းပင်တို့ ရေလောင်းပေါင်းသင်ပြီး သီးပင်စားပင်တို့မှ ခူးဆွတ်ရန် အချိန်တန်သည့် အသီးအရွက်တို့ကို ခူးဆွတ်လိုက်သည်။ဘုရားပန်းကပ်ရန် နှင်းဆီပန်းတို့ကို ခူးနေရင်း မလှမ်းမကမ်းမှ ဖုန်းဖြင့် ဖွင့် ထားသော ခင်မောင်တိုး၏ ပန်းချစ်သူသီချင်းမှာလည်း နှင်းဆီပန်းရနံ့တွေနှင့်အပြိုင် ပျံ့လွင့်နေသည်။

🎶 ပန်းချစ်သူ တို့လက်နဲ့ကွယ် ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်။
     ဆွတ်ယူမယ် ဟန်ပြင်ကာပင် ယုယစွာ ထွေးပွေ့ထားပါမယ်။
      အသာအယာဆွတ်ယူ ရင်မှာ သိမ်းထားမယ်။
      အိုလေ.. ပန်းလေးတစ်ပွင့်ရယ်။
       ပန်း.. ကိုချစ်တဲ့ ပန်းချစ်သူ ကိုယ်တိုင်ချူကာ ဆွတ်ခူးမယ်။🎶

မိုင်ရိုစ်သည် မျက်နှာသစ်ရေချိုးလိုက်ပြီး အိမ်ထဲ ဟိုဟိုဒီဒီ လိုက်ပတ်ကြည့်ပြီးနောက် အိမ်ရှင်ကို မတွေ့သဖြင့် ခြံထဲ ဆင်းလာလိုက်သည်။  အေးအေးညိမ့်ညိမ့် သီချင်းသံစဉ်ကို ကြားရပြီးနောက် တဆက်တည်းဆိုသလိုပင် နှင်းဆီပန်းရနံ့တို့ကပါ လေနှင်ရာ ဝေ့ဝဲရင်း မိုင်ရိုစ်၏ နှာဖျားသို့ ကလူကျီဆယ်နေသည်။
နှင်းဆီပန်းတို့နှင့်အပြိုင် ထိုအမျိုးသမီးမှာ လှသွေး‌ကြွယ်နေပြီး လေတိုက်သဖြင့် ဆံပင်တို့ ယိမ်းနွဲ့နေသည်မှာ မိုင်ရိုစ် နှလုံးသားလေးကို ကလူကျီဆယ်နေသကဲ့သို့ ယားယံလာသည်။

အနီရဲရဲ နှင်းဆီခင်းထဲတွင် ထိုအမျိုးသမီးမှာ အဝါရောင် ပိုတုံးလုံးလေးနှင့်ပင် တူလှသည်။မိုင်ရိုစ်မှာ သူ့အတွေးကို သူ့ဘာသာ သဘောကျပြီး နှစ်ခြိုက်စွာ တစ်ချက်ပြုံးလိုက်ရာပါးပေါ်ရှိ ပါးချိုင့်တို့မှာ ခွက်ဝင်သွားလေသည်။

ထို့နောက် အနားကို တိုးကပ်သွားလိုက်ပြီး

" အန်တီက ဒီရောက်နေတာကို"

လန့်သွားမည်ထင်သော်လည်း အထင်နှင် လွဲစွာ

" ဘာရယ် အန်တီဟုတ်လား.."

ပန်းခူးနေရင်းနှင့် နွေ အနောက်ကို လှည့်ကြည့်လိုက်သည်။ ခူးလက်စပန်းတို့ကို လက်တစ်ဖက်ကကိုင် ကျန်လက်တစ်ဖက်က ကတ်ကြေးကို ကိုင်ထားရင်း မျက်မှောင်ကြုံ့ကြည့်မိသည်။

" ဟုတ်တယ်လေ မိုင်ရိုစ်အသက်က အခုမှ ၂၅ရှိသေးတာ။အန်တီက အဲထက်ကြီးမယ် ထင်တာပဲ။ပြီးတော့ ဟန်နီ ဆိုတာက ရည်းစားတွေ ဖြစ်မှ ခေါ်မယ်လေ.."

" တို့က ရှင့်ကို ရည်းစားတော်မယ် ထင်နေလား"

နွေက ပြောရင်းဆိုရင်း ပန်းကို ဆက်ခူးနေ‌သည်။

" ပြောလို့မရဘူးလေ..  ဒါနဲ့ အန်တီ့အသက်က ဘယ်လောက်လဲ"

" ၃၅"

နွေက တုံးတိတိဖြေလိုက်သည်။

" ၃၅ လား .. ဝိုး မထင်ရဘူးနော်။အန်တီက တအားနုတယ်"

" အပိုတွေ ပြောပြန်ပြီ မနှင်းဆီရယ်"

အဂ်လိပ်လို ပြောနေရင်းမှ နွေက မနှင်းဆီဆိုသော မြန်မာစကားလုံးကို ထည့်ပြောလိုက်သည်။

" မ.. နှင်း.. ဆီ.. အဲတာ ဘာလဲဟင်."

မပီမသနှင့် တစ်လုံးချင်းထွက်လာသည်မှာ ကြားရသူများအဖို့ ချစ်စရာကောင်းသည်ဟု ထင်မိမှာအမှန်ပင်။

" ကလေးမ နာမည်က မိုင်ရိုစ်မလား.. နှင်းဆီဆိုတာ ရိုစ်ရဲ့ မြန်မာလို အဓိပ္ပာယ်။ မနှင်းဆီဆိုတာ မိန်းကလေးနာမည်လေ"

" ကြိုက်တယ်.."

ပြောရင်း မိုင်ရိုစ်က နှင်းဆီအနီရဲရဲတစ်ပွင့်ကို လက်နှင့်ချိုးယူပြီး နွေ့ကို ပန်ပေးလိုက်သည်။

" အို .."

နွေ၏ ပါးပြင်တို့သည် နှင်းဆီအနီနှင့်အပြိုင် နီစွေးသွားလေတော့သည်။နိုင်ငံခြားသူလေးသည် ထိုသို့လည်း လက်ရဲဇက်ရဲ နိုင်ပါဘိ။

" တို့ ဘုရား.. ဘုရားပန်း သွားကပ်အုံးမယ်"

ရှက်ကိုးရှက်ကန်းပြေးထွက်သွားသော အမျိုးသမီးသည်
လေယူရာယိမ်းသည့် ပန်းပွင့်ငယ်လို မြတ်နိုးချင်ဖွယ်ကောင်းလေသည်။

ကိုယ်သင်းနံ့နှင့်ရောနေသော သနပ်ခါးပန်းနံ့‌သင်းသင်းလေးသည်လည်း စိတ်ကိုကြည်လင်ချမ်းမြေ့စေသည်။
နှလုံးသားလေးသည် နွေခီယာဝန်းဟူသော ရပ်ဝန်းငယ်လေးထဲတွင် မကူမကယ်နိုင်စုန်းစုန်းနစ်လေတော့သည်။

..

အဝတ်အစားလဲကာမနက်စာ မုန့်ဟင်းခါးစားပြီး၍ မိုင်ရိုစ်တို့နှစ်ယောက် ဟန်လင်းမြို့သို့ ခရီးဆက်ကြသည်။‌
နွေမှာ အညိုရောင် ဝမ်းဆက်ကို ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပြီး ရှည်လျားလှသော ဆံပင်များကို စည်းနှောင်ထားသည်။မိုင်ရိုစ်မှာမူ ပေါ့ပေါ့ပါးပါး စတိုင်ပန်နှင့် လက်ရှည်ကို ဝတ်ဆင်ထားလေသည်။ဟန်လင်း(ဟလင်းကြီး)မြို့ဟောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်အတွင်း၌ ရွှေဘိုမြို့၏ အရှေ့တောင်ဘက် ကိုးမိုင်ခန့်အကွာတွင် တည်ရှိသည်။ကားနှင့် တစ်နာရီခွဲခန့်အကြာမောင်းပြီး ဟန်လင်းမြို့ဟောင်းသို့ ရောက်ရှိလာသည်။

မွန်းတည့်နေပြီဖြစ်သောကြောင့် နေက အရမ်းမပူသော်လည်း အပူရှိန် နည်းနည်းတော့ရှိနေပေသည်။မလိုမကာ ယူလာသော ထီးကို ဖွင့်ပြီး နေထိုး၍ မျက်မှောင်ကြုံ့နေသော တိုင်းတစ်ပါးသူလေးကို ထီးဆောင်းပေးသည်။ထို့‌နောက်မှ ကြုံ့ထားသော မျက်ခုံးတွေလည်း ပြေလျော့သွားလေသည်။

" ပေးလေ ကိုယ်ကိုင်မယ် အရပ်က ပုပုလေးနဲ့"

ထီးကိုင်ပေးမယ်ဆို၍ ကျေးဇူးတင်သော်လည်း ခနဲ့တဲ့တဲ့ အပြောကြောင့် နွေမကျေမနပ် ကြည့်မိသွားသည်။
ထို့နောက် ထီးကို ပေးလိုက်ပြီး မြို့ဟောင်းကို လှမ်းကြည့်သည်။

မြို့ရိုးဖြင့် ဝန်းရံထားသော ဟန်လင်းမြို့ဟောင်းသည် ယခင်က မည်မျှ ကြီးကျယ် ခမ်းနားကြောင်း ထင်ရှားလေသည်။ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် ကျုံးမှာလည်း ကောလျက်ရှိသည်။

ငေးကြည့်နေသော မျက်ဝန်းအိမ်တို့၌ မျက်ရည်တို့ ရစ်ဝဲလာသည်။ဝမ်းနည်းလွမ်းဆွတ် ခံစားချက်က နှစ်ယောက်သား၏ ရင်တွင်း လောင်မြိုက်နေသည်။

ကကုသန်ဘုရားလက်ထက်တွင် ပစ္ဆိမနာဂရ၊ကဿပဘုရားလက်ထက်တွင် ကာမဝတီ၊ဂေါတမဘုရားလက်ထက်တွင် ဟလ္လမခေါက်ဟူ၍ ဟန်လင်းမြို့ဟောင်းကို ခေါ်တွင်ကြောင်း ရှေးဟောင်း သမိုင်းများက ဖော်ပြထားသည်။မဟာသမ္မတမင်း လက်ထက်တွင် ကရပေါ်မင်းသားက စတင်တည်ထောင်ခဲ့၍ ဟံသာဝတီမည်တွင်ပြီး မင်းဆက် ၇၉၉ယောက်မြောက်အဖြစ် ပျူမင်းဗန္ဓဝစိုးစံကြောင်း ဖတ်မှတ်ဖူးသည့် ဟန်လင်းမြို့၏ သမိုင်းများကို နွေစဉ်းစားနေမိသည်။

တချို့သော ချစ်သူတွေသည် နှစ်ယောက်သား အသည်းနင့်အောင် ချစ်ခဲ့ပါသော်လည်း ကြားလူတွေကြောင့် ကွေကွင်းရတာမျိုး..။

..နှစ်ဆွေးဆူး..

words - 1156

media မှာ ပန်းချစ်သူ သီချင်းလေး ထည့်ပေးထားပါတယ်ရှင့်🤗






...

Zawgyi..






ထိုညတြင္ မိုင္႐ိုစ္ကို တစ္ေယာက္တည္း အိပ္ခိုင္းေသာ္လည္း ေၾကာက္သည္ ဆိုကာ ေႏြကို ေခၚအိပ္သည္။ေႏြသည္လည္း ဘာေစာဒကမွ တက္‌မေနေတာ့ပဲ အသာတၾကည္ မိုင္႐ိုစ္ႏွင့္ သြားအိပ္ေပးလိုက္သည္။

ခ်မ္းသည္ဟုဆိုကာ အ႐ိုးေၾကလုမတတ္ ဖက္ထားသည္ကို သည္းခံရင္း...။

..

ေႏြ တစ္ကိုယ္လုံးေညာင္းညာစြာ အိပ္ယာကေန ႏိုးထလာသည္။ေပါင္ေပၚတင္ထားေသာ ေျခေထာက္ကို ႏိုးမွာစိုး၍ ေျဖးေျဖးခ်င္း ဖယ္ခ်ရသည္မွာ အသက္ပင္ မ႐ႈဝံ့။

မ်က္ႏွာသစ္ၿပီး ဆံပင္ကို တပတ္လ်ိဳထုံးဖြဲ႕လိုက္သည္။ညအိပ္ဝတ္စုံတို႔ကို အဝါႏုေရာင္ ဝမ္းဆက္ႏွင့္ လဲလွယ္လိုက္ၿပီး မနက္စာအတြက္ မုန္႔ဟင္းခါးကို ႏွစ္ေယာက္စာ ခ်က္လိုက္သည္။ႏိုင္ငံျခားသူေလးကို ျမန္မာအစားအစာေတြ စားေစခ်င္သည္။မည္သို႔မွန္းမသိ ထိုမိန္းကေလးကို ရင္းနီးေနသည့္ခံစားခ်က္ျဖစ္ေနသည္။တစ္ခါမွ မေတြ႕ဖူးပါပဲေလ..။

ေႏြ ျခံထဲ ဆင္းၿပီး ပန္းပင္တို႔ ေရေလာင္းေပါင္းသင္ၿပီး သီးပင္စားပင္တို႔မွ ခူးဆြတ္ရန္ အခ်ိန္တန္သည့္ အသီးအ႐ြက္တို႔ကို ခူးဆြတ္လိုက္သည္။ဘုရားပန္းကပ္ရန္ ႏွင္းဆီပန္းတို႔ကို ခူးေနရင္း မလွမ္းမကမ္းမွ ဖုန္းျဖင့္ ဖြင့္ ထားေသာ ခင္ေမာင္တိုး၏ ပန္းခ်စ္သူသီခ်င္းမွာလည္း ႏွင္းဆီပန္းရနံ႔ေတြႏွင့္အၿပိဳင္ ပ်ံ႕လြင့္ေနသည္။

🎶 ပန္းခ်စ္သူ တို႔လက္နဲ႔ကြယ္ ခူးဆြတ္ဖို႔ စိုး႐ြံ႕လို႔ေနတယ္။
     ဆြတ္ယူမယ္ ဟန္ျပင္ကာပင္ ယုယစြာ ေထြးေပြ႕ထားပါမယ္။
      အသာအယာဆြတ္ယူ ရင္မွာ သိမ္းထားမယ္။
      အိုေလ.. ပန္းေလးတစ္ပြင့္ရယ္။
       ပန္း.. ကိုခ်စ္တဲ့ ပန္းခ်စ္သူ ကိုယ္တိုင္ခ်ဴကာ ဆြတ္ခူးမယ္။🎶

မိုင္႐ိုစ္သည္ မ်က္ႏွာသစ္ေရခ်ိဳးလိုက္ၿပီး အိမ္ထဲ ဟိုဟိုဒီဒီ လိုက္ပတ္ၾကည့္ၿပီးေနာက္ အိမ္႐ွင္ကို မေတြ႕သျဖင့္ ျခံထဲ ဆင္းလာလိုက္သည္။  ေအးေအးညိမ့္ညိမ့္ သီခ်င္းသံစဥ္ကို ၾကားရၿပီးေနာက္ တဆက္တည္းဆိုသလိုပင္ ႏွင္းဆီပန္းရနံ႔တို႔ကပါ ေလႏွင္ရာ ေဝ့ဝဲရင္း မိုင္႐ိုစ္၏ ႏွာဖ်ားသို႔ ကလူက်ီဆယ္ေနသည္။
ႏွင္းဆီပန္းတို႔ႏွင့္အၿပိဳင္ ထိုအမ်ိဳးသမီးမွာ လွေသြး‌ႂကြယ္ေနၿပီး ေလတိုက္သျဖင့္ ဆံပင္တို႔ ယိမ္းႏြဲ႕ေနသည္မွာ မိုင္႐ိုစ္ ႏွလုံးသားေလးကို ကလူက်ီဆယ္ေနသကဲ့သို႔ ယားယံလာသည္။

အနီရဲရဲ ႏွင္းဆီခင္းထဲတြင္ ထိုအမ်ိဳးသမီးမွာ အဝါေရာင္ ပိုတုံးလုံးေလးႏွင့္ပင္ တူလွသည္။မိုင္႐ိုစ္မွာ သူ႕အေတြးကို သူ႕ဘာသာ သေဘာက်ၿပီး ႏွစ္ၿခိဳက္စြာ တစ္ခ်က္ျပဳံးလိုက္ရာပါးေပၚ႐ွိ ပါးခ်ိဳင့္တို႔မွာ ခြက္ဝင္သြားေလသည္။

ထို႔ေနာက္ အနားကို တိုးကပ္သြားလိုက္ၿပီး

" အန္တီက ဒီေရာက္ေနတာကို"

လန္႔သြားမည္ထင္ေသာ္လည္း အထင္ႏွင္ လြဲစြာ

" ဘာရယ္ အန္တီဟုတ္လား.."

ပန္းခူးေနရင္းႏွင့္ ေႏြ အေနာက္ကို လွည့္ၾကည့္လိုက္သည္။ ခူးလက္စပန္းတို႔ကို လက္တစ္ဖက္ကကိုင္ က်န္လက္တစ္ဖက္က ကတ္ေၾကးကို ကိုင္ထားရင္း မ်က္ေမွာင္ၾကဳံ႕ၾကည့္မိသည္။

" ဟုတ္တယ္ေလ မိုင္႐ိုစ္အသက္က အခုမွ ၂၅႐ွိေသးတာ။အန္တီက အဲထက္ႀကီးမယ္ ထင္တာပဲ။ၿပီးေတာ့ ဟန္နီ ဆိုတာက ရည္းစားေတြ ျဖစ္မွ ေခၚမယ္ေလ.."

" တို႔က ႐ွင့္ကို ရည္းစားေတာ္မယ္ ထင္ေနလား"

ေႏြက ေျပာရင္းဆိုရင္း ပန္းကို ဆက္ခူးေန‌သည္။

" ေျပာလို႔မရဘူးေလ..  ဒါနဲ႔ အန္တီ့အသက္က ဘယ္ေလာက္လဲ"

" ၃၅"

ေႏြက တုံးတိတိေျဖလိုက္သည္။

" ၃၅ လား .. ဝိုး မထင္ရဘူးေနာ္။အန္တီက တအားႏုတယ္"

" အပိုေတြ ေျပာျပန္ၿပီ မႏွင္းဆီရယ္"

အဂ္လိပ္လို ေျပာေနရင္းမွ ေႏြက မႏွင္းဆီဆိုေသာ ျမန္မာစကားလုံးကို ထည့္ေျပာလိုက္သည္။

" မ.. ႏွင္း.. ဆီ.. အဲတာ ဘာလဲဟင္."

မပီမသႏွင့္ တစ္လုံးခ်င္းထြက္လာသည္မွာ ၾကားရသူမ်ားအဖို႔ ခ်စ္စရာေကာင္းသည္ဟု ထင္မိမွာအမွန္ပင္။

" ကေလးမ နာမည္က မိုင္႐ိုစ္မလား.. ႏွင္းဆီဆိုတာ ႐ိုစ္ရဲ႕ ျမန္မာလို အဓိပၸာယ္။ မႏွင္းဆီဆိုတာ မိန္းကေလးနာမည္ေလ"

" ႀကိဳက္တယ္.."

ေျပာရင္း မိုင္႐ိုစ္က ႏွင္းဆီအနီရဲရဲတစ္ပြင့္ကို လက္ႏွင့္ခ်ိဳးယူၿပီး ေႏြ႕ကို ပန္ေပးလိုက္သည္။

" အို .."

ေႏြ၏ ပါးျပင္တို႔သည္ ႏွင္းဆီအနီႏွင့္အၿပိဳင္ နီေစြးသြားေလေတာ့သည္။ႏိုင္ငံျခားသူေလးသည္ ထိုသို႔လည္း လက္ရဲဇက္ရဲ ႏိုင္ပါဘိ။

" တို႔ ဘုရား.. ဘုရားပန္း သြားကပ္အုံးမယ္"

႐ွက္ကိုး႐ွက္ကန္းေျပးထြက္သြားေသာ အမ်ိဳးသမီးသည္
ေလယူရာယိမ္းသည့္ ပန္းပြင့္ငယ္လို ျမတ္ႏိုးခ်င္ဖြယ္ေကာင္းေလသည္။

ကိုယ္သင္းနံ႔ႏွင့္ေရာေနေသာ သနပ္ခါးပန္းနံ႔‌သင္းသင္းေလးသည္လည္း စိတ္ကိုၾကည္လင္ခ်မ္းေျမ့ေစသည္။
ႏွလုံးသားေလးသည္ ေႏြခီယာဝန္းဟူေသာ ရပ္ဝန္းငယ္ေလးထဲတြင္ မကူမကယ္ႏိုင္စုန္းစုန္းနစ္ေလေတာ့သည္။

..

အဝတ္အစားလဲကာမနက္စာ မုန္႔ဟင္းခါးစားၿပီး၍ မိုင္႐ိုစ္တို႔ႏွစ္ေယာက္ ဟန္လင္းၿမိဳ႕သို႔ ခရီးဆက္ၾကသည္။‌
ေႏြမွာ အညိဳေရာင္ ဝမ္းဆက္ကို ႐ိုး႐ိုး႐ွင္း႐ွင္းဝတ္ဆင္ထားၿပီး ႐ွည္လ်ားလွေသာ ဆံပင္မ်ားကို စည္းေႏွာင္ထားသည္။မိုင္႐ိုစ္မွာမူ ေပါ့ေပါ့ပါးပါး စတိုင္ပန္ႏွင့္ လက္႐ွည္ကို ဝတ္ဆင္ထားေလသည္။ဟန္လင္း(ဟလင္းႀကီး)ၿမိဳ႕ေဟာင္းသည္ စစ္ကိုင္းတိုင္းေဒသႀကီး ဝက္လက္ၿမိဳ႕နယ္အတြင္း၌ ေ႐ႊဘိုၿမိဳ႕၏ အေ႐ွ႕ေတာင္ဘက္ ကိုးမိုင္ခန္႔အကြာတြင္ တည္႐ွိသည္။ကားႏွင့္ တစ္နာရီခြဲခန္႔အၾကာေမာင္းၿပီး ဟန္လင္းၿမိဳ႕ေဟာင္းသို႔ ေရာက္႐ွိလာသည္။

မြန္းတည့္ေနၿပီျဖစ္ေသာေၾကာင့္ ေနက အရမ္းမပူေသာ္လည္း အပူ႐ွိန္ နည္းနည္းေတာ့႐ွိေနေပသည္။မလိုမကာ ယူလာေသာ ထီးကို ဖြင့္ၿပီး ေနထိုး၍ မ်က္ေမွာင္ၾကဳံ႕ေနေသာ တိုင္းတစ္ပါးသူေလးကို ထီးေဆာင္းေပးသည္။ထို႔‌ေနာက္မွ ၾကဳံ႕ထားေသာ မ်က္ခုံးေတြလည္း ေျပေလ်ာ့သြားေလသည္။

" ေပးေလ ကိုယ္ကိုင္မယ္ အရပ္က ပုပုေလးနဲ႔"

ထီးကိုင္ေပးမယ္ဆို၍ ေက်းဇူးတင္ေသာ္လည္း ခနဲ႔တဲ့တဲ့ အေျပာေၾကာင့္ ေႏြမေက်မနပ္ ၾကည့္မိသြားသည္။
ထို႔ေနာက္ ထီးကို ေပးလိုက္ၿပီး ၿမိဳ႕ေဟာင္းကို လွမ္းၾကည့္သည္။

ၿမိဳ႕႐ိုးျဖင့္ ဝန္းရံထားေသာ ဟန္လင္းၿမိဳ႕ေဟာင္းသည္ ယခင္က မည္မွ် ႀကီးက်ယ္ ခမ္းနားေၾကာင္း ထင္႐ွားေလသည္။ကာလၾကာျမင့္ၿပီ ျဖစ္ေသာေၾကာင့္ က်ံဳးမွာလည္း ေကာလ်က္႐ွိသည္။

ေငးၾကည့္ေနေသာ မ်က္ဝန္းအိမ္တို႔၌ မ်က္ရည္တို႔ ရစ္ဝဲလာသည္။ဝမ္းနည္းလြမ္းဆြတ္ ခံစားခ်က္က ႏွစ္ေယာက္သား၏ ရင္တြင္း ေလာင္ၿမိဳက္ေနသည္။

ကကုသန္ဘုရားလက္ထက္တြင္ ပစၧိမနာဂရ၊ကႆပဘုရားလက္ထက္တြင္ ကာမဝတီ၊ေဂါတမဘုရားလက္ထက္တြင္ ဟလႅမေခါက္ဟူ၍ ဟန္လင္းၿမိဳ႕ေဟာင္းကို ေခၚတြင္ေၾကာင္း ေ႐ွးေဟာင္း သမိုင္းမ်ားက ေဖာ္ျပထားသည္။မဟာသမၼတမင္း လက္ထက္တြင္ ကရေပၚမင္းသားက စတင္တည္ေထာင္ခဲ့၍ ဟံသာဝတီမည္တြင္ၿပီး မင္းဆက္ ၇၉၉ေယာက္ေျမာက္အျဖစ္ ပ်ဴမင္းဗႏၶဝစိုးစံေၾကာင္း ဖတ္မွတ္ဖူးသည့္ ဟန္လင္းၿမိဳ႕၏ သမိုင္းမ်ားကို ေႏြစဥ္းစားေနမိသည္။

တခ်ိဳ႕ေသာ ခ်စ္သူေတြသည္ ႏွစ္ေယာက္သား အသည္းနင့္ေအာင္ ခ်စ္ခဲ့ပါေသာ္လည္း ၾကားလူေတြေၾကာင့္ ေကြကြင္းရတာမ်ိဳး..။

..ႏွစ္ေဆြးဆူး..

words - 1156


...







Continue Reading

You'll Also Like

77.4K 9.8K 25
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
43.6K 2.5K 48
"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}
37.8K 606 17
Step into the world of Devyn Mylls the owner and founder of Dynasty Records as he navigates life with many obstacles and many women in his path...He...
282K 19.3K 162
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...