Unicode
2013 ခုနှစ် ....
ဖြတ်သန်းလာခဲ့တဲ့လမ်းတစ်လျှောက်မှာရှိတဲ့ တစ်ထပ်အိမ်လေးတွေက အရောင်အသွေးစုံလင်သလို ...ကျူးလစ်ပန်းစိုက်ခင်းတို့နှင့်ပနံ့သင်တာမို့ ထိုမြင်ကွင်းတို့က မြင်တဲ့လူတိုင်းရဲ့စိတ်အာရုံကိုဖမ်းစားထားနိုင်လောက်မည်။
ကောင်းကင်ပြာပြာ၊ဖြေးညှင်းစွာတိုက်ခတ်နေတဲ့လေပြေအေးအေးနှင့် ကျူးလစ်ပန်းစိုက်ခင်းတွေရှိတဲ့ မြင်ကွင်းဟာသူနေစဥ်တကွမြင်တွေ့နေရတဲ့မြင်ကွင်းဆိုပေမဲ့ရိုးအီသွားခြင်းလည်းမရှိ။
ကြည်လင်သွားတဲ့ စိတ်အစုံကြောင့်
ကားပြတင်းပေါက်ကိုဖွင့်ကာ လက်တစ်ဖက်ကို အပြင်ဆန့်ထုတ်လျက် သဘာဝလေအေးကို
ရှုရှိုက်လိုက်မိ၏ ။အမ်စတာဒမ်မြို့ကလှသည်။
ပြီးတော့ သူနေတဲ့နေရာဟာ ကျူးလစ်ပန်းစိုက်ခင်းတွေ၊ လေရဟတ်တွေရှိတဲ့
မြို့ရဲ့အစွန်ဖျားဒေသမှာ။
အလုပ်ရုံးနဲ့အိမ်က ဝေးပေမဲ့ တဖြေးဖြေးလိမ့်လာတဲ့ ကားက...မြို့ရဲ့မြောက်ဘက်အစွန်မှာရှိတဲ့နေအိမ်တစ်ခုရဲ့ရှေ့မှာရပ်၏။
ဒီနေ့က ရုံးဖွင့်ရက်ဖြစ်သလို ပုံမှန်ဆိုနေ့လည်စာစားချိန်အိမ်ပြန်လေ့မရှိတဲ့သူ့အတွက် ခြံတံခါး
လာဖွင့်ပေးမဲ့ Tom လည်းမရှိပါ။ထို့ကြောင့်
ကားကိုစက်ရပ်ပြီး ခြံတံခါးကိုသော့ဖွင့်ဝင်လာရ၏။
အိမ်ရှေ့မှာစိုက်ထားတဲ့ Daisy ပန်းခင်းကြီးကို
ကျေနပ်စွာကြည့်ရင်း ဖြတ်ကျော်ကာ
သူ့ရဲ့အိမ်အပြာနုလေးရှိတဲ့နေရာဆီကို...
"ဟာ ဆရာ ... အိမ်ပြန်လာပြီလား"
ပန်းတွေရေလောင်းဖို့ပြင်နေတဲ့ Tomက
သူ့ကိုမြင်တာတဲ့ အလောတကြီးပြေးကြိုလာသည်။
"ကျွန်တော်မသိလိုက်လို့ ခြံတံခါးလာမဖွင့်ပေးမိတာ"
"ရပါတယ်Tomရာ။အခုလည်း စာရွက်စာတမ်းတချို့မေ့လို့လာယူတာပါ..ခဏပဲ"
"ယူပေးမယ်လေ... စာကြည့်ခန်းထဲမှာပဲမလား"
"ဟုတ်တယ် ဒါဆို Tomပဲကူညီပါအုံး"
ခပ်သွက်သွက်ဖြင့်အပေါ်ထပ်ဆီပြန်ပြေးတတ်သွားတဲ့ Tom ။အနားယူဖို့ ဧည့်ခန်းဆီကိုအသွား မှန်ထဲက သူ့ပုံရိပ်က မျက်လုံးထောင့်မှာပေါ်လာသည်။နေ့စဥ်နှင့်တကွရှိနေတဲ့ အမှုတွဲတွေကြားမှာအချိန်ကုန်ဆုံးရင်းနဲ့ ဒီရက်ပိုင်း
သူ့ကိုယ်သူဂရုမစိုက်နိုင်ဖြစ်သွားတာပဲ။
'စေရာနေရေး' ဆိုတဲ့ သူက နယ်သာလန်နိုင်ငံ၊
အမ်စတာဒမ်မြို့ရဲ့ တရားရုံးချုပ်ကရှေ့နေတစ်ယောက်... မိဘပိုင်ဆိုင်မှုတွေကိုဘေးချိတ်ကာ
ဝါသနာပါတဲ့ရှေ့နေအလုပ်ကိုလုပ်နေတဲ့သူတစ်ယောက်ဖြစ်သည်။အသက်ငယ်ပေမဲ့ ထက်မြတ်တဲ့သူက ရုံးချုပ်မှာမရှိမဖြစ်လိုအပ်တဲ့ရှေ့နေ၊
နေရေးဆီက ဥပဒေအကြံကိုယူဖို့ တန်းစီနေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမှ မနည်းမနော။ဒီလို အောင်မြင်မှုတွေရထားတဲ့သူက အလုပ်ကို တွယ်တာနေတာထူးဆန်းပါသလား။
ဝုန်း... ဒုန်း
"ရှင် လွန်လာပြီကမ္ဘာသူ"
"ဟ ဖောက်ပြန်တာက မင်းမဟုတ်ဘူးလားကွ"
"ရှင်ကရော ... ရှင်ကရော
ဖောက်ပြန်တာမဟုတ်ဘူးလား"
ကြားနေရတဲ့ မြန်မာစကားသံပီပီသသတို့က
တစ်ဖက်အိမ်ကနေပျံ့လွင့်လာတဲ့အသံတွေဆိုတာ ချက်ချင်းသိစေနိုင်တာမို့ စေရာနေရေးရဲ့အာရုံက ထိုဆီရောက်သွား၏။ အေးချမ်းတာကိုကြိုက်လို့ မြို့အစွန်ကရပ်ကွက်မှာနေပေမဲ့ ဘေးအိမ်နီးချင်းလင်မယား၂ယောက်ရဲ့ ရန်ပွဲကိုတော့ နေ့စဥ်ရက်ဆက်ကြားရသည်လေ။
"ဟိုဖက်အိမ်က ၂ယောက်က ရန်ဖြစ်ပြန်ပြီထင်တယ် ။ သူတို့လည်း အမြဲတမ်းပဲနော်။
ဒီဖိုင်အနီလေးမလား... ဆရာ"
"ဟုတ်တယ်Tom။အင်း ကလေးမရှိတဲ့အချိန်ရန်ဖြစ်တာပဲကောင်းပါတယ်လေ"
"ဗျာ ! ကလေး... မိုင်မိုင်းလား။သူရှိတယ်...
ဒီမတိုင်ခင်ကတောင် ခြံထဲမှာဆော့နေတာ
မြင်မိတယ်နော်"
"ကျစ် !! "
နေရေးအထင် ကလေးမလေးအိမ်မှာမရှိဘူး
ထင်လို့ ဒီရန်ပွဲကိုဆက်ပြီးနားထောင်နေခဲ့တာ။
ကလေးကရှိနေတယ်တဲ့ ဒီအသိကြောင့်ပဲ
ခြေလှမ်းကျဲကျဲတို့ဟာ တစ်ဖက်အိမ်ဆီလျင်မြန်စွာဦးတည်လာခဲ့၏။ ခပ်နိမ့်နိမ့်ခြံစည်းရိုးအဖြူလေးသာကာထားတာမို့ လှမ်းကြည့်ရင်တောင် တစ်ဖက်ကတစ်ထပ်အိမ်ပုလေးကို လှမ်းမြင်ရသည့်အနေအထား... သို့သော် ဟိုဖက်အိမ်က
ကလေးသေးသေးလေးတစ်ယောက်ကိုတော့
မတွေ့မိတာမို့ စိုးရိမ်စိတ်ဝင်လာ၏။ သူမ မိဘတွေကများ ရိုက်နှပ်ပြီးအခန်းထဲပိတ်ထားပြီလား ဆိုတဲ့အတွေးတို့က ဖြူဖြူလုံးလုံးအရာလေးတစ်ခုကိုမြင်မှရပ်၏။
တစ်ဖက်ခြံရဲ့အိမ်အဝင်ပေါက်ဝမှာ ငြိမ်ကုတ်စွာထိုင်နေတဲ့ ကလေးတစ်ယောက်နဲ့ကြောင်တစ်ကောင်။ ကြည့်ရတာ အိမ်ထဲမှာဖြစ်နေတဲ့
အရာတွေနဲ့ ဝေးဝေးနေလိုဟန်ပေါ်သည်။
အမြဲတမ်းပဲ... ဒီကလေးက အမြဲတမ်းပဲ
ပန်းတွေအပြည့်ရှိတဲ့ အဲ့ဒီခြံစည်းရိုးအဖြူရဲ့
ဘေးမှာ ထိုင်နေခဲ့တာ။
"မိုင်မိုင်း... ကလေးလေး"
ကရုဏာသက်စွာ ခေါ်လိုက်တော့ မော့ကြည့်လာတဲ့ကလေးလေးက မျက်ရည်အရွဲသားနှင့်...အင်းပေါ့ ကလေးလေးပဲရှိသေးတာမလား။မိဘတွေရဲ့ ဖောက်ပြန်မှုနဲ့ အိမ်ထောင်ရေးပြဿနာတွေနဲ့ ဘာမှမဆိုင်ရှာပဲ အပြစ်ဖြစ်နေရတဲ့ကလေးလေးပဲမလား။
"ဦးဦး"
"အင်း ဘာလို့ငိုနေတာလဲကွ"
"ရန်ဖြစ်တာကိုမကြိုက်ဘူး"
"အင်း ကိုယ်သိတယ်"
"ဒါပေမဲ့ မာမီနဲ့ဒယ်ဒီက ရန်ဖြစ်ပြန်ပြီ"
"ကလေးလေးရယ်"
မျက်ရည်စတွေကိုသုတ်ပေးရင်း ဆံနွယ်အိအိလေးတွေကို သပ်တင်ပေးတော့ ကလေးမလေးက မျည်ရည်ပြန်ကျလာသည်။ပင်ပန်းရှာမှာပေါ့ အခုမှ ၁၀နှစ်ပဲရှိသေးတဲ့ကလေးပေကို။
"မငိုနဲ့တော့ ။ကိုယ်ရောက်လာပြီလေ... ကျောင်းက ဘာလို့မသွားရတာလဲ။ဟင် မိုင်မိုင်းကလေးက ကျောင်းပျင်းလေးလား"
"ဟင့်အင်း နေမကောင်းလို့"
"နေမကောင်းတာကိုကွာ..."
မချင့်မရဲရေရွတ်မိပြန်၏။အခုထိ သူမတို့
အိမ်ထဲမှာ ပစ္စည်းပေါက်ခွဲသံ၊အော်ဟစ်သံတို့က ဆူညံနေသေးတာ။
"မိုင်မိုင်းလေးနေမကောင်းတာ မာမီနဲ့ဒယ်ဒီသိလား။ ဆေးရော တိုက်ရဲ့လား"
"မာမီက ဒီနေ့မနက်မှပြန်လာတယ်"
"ဆိုတော့ နေမကောင်းတာဘယ်သူမှမသိဘူးပေါ့"
"ဟုတ်"
"ရိုက်သေးလား... ဟမ် ဒယ်ဒီက မိုင်မိုင်းကိုရိုက်သေးလား"
ခေါင်းညိတ်ပြလာတဲ့မိုင်မိုင်းကြောင့် သနားကြင်နာစိတ်ကပါပို၏။
"ဟင့် ဒယ်ဒီကအရက်တွေသောက်ထားသေးတယ်"
"မငိုနဲ့တော့ ... ကိုယ်နဲ့လိုက်ခဲ့မလား"
"ဟုတ်"
"ညနေမှ ပြန်လာခဲ့ရမှာနော် အိုခေလား ပေါက်စလေး"
"အိုခေ ဟင့် "
နောက်ဆုံးမှာရှိုက်သံလေးပါလာတဲ့ မိုင်မိုင်းကို ကောက်ချီလိုက်တော့ ကလေးမလေးက သူ့ကိုရယ်ပြလာပြန်၏။ လက်ကလေးတွေကို သူ့ပခုံးကိုပေါ်တင်ကာ ခြေထောက်လေးတွေလှုပ်ရမ်းလာတာမို့ တစ်ခုခုကိုသဘောပေါက်သွားတဲ့
သူက..
"ကြောင်လေးလား ... ကြောင်လေးကိုတော့ ရုံးအထိခေါ်လို့မရဘူးကွ။ဦးလေးTomနဲ့ပဲ ထားခဲ့လို့ရမယ်"
"အိုခေ"
"ဟမ့် ကလေးလေးကလည်လိုက်တာ"
စိုးရိမ်မကင်းဖြစ်နေတဲ့ ရွှေဝါရောင်ကြောင်လေးကိုပါ လက်တစ်ဖက်နဲ့ပွေ့ယူကာ သူမလေးဆီပေးလိုက်တော့မှ မျက်နှာလေးကကြည်လင်လာ၏။
"ok let go ! "
"အမယ် အိမ်ထဲပြန်ပို့ပေးလိုက်ရ"
"ဦးဦးက လူဆိုးမဟုတ်ဘူးလေ"
"မင်းပဲတတ်တယ် လူလည်မလေး"
အလယ်တန်းပထမနှစ်ကလေးတစ်ယောက်လို့
မထင်ရအောင် ပေါ့ပါးကာသေးကွေးနေတဲ့ကလေးမလေးကိုပွေ့ချီရင်း သူ့အိမ်ကိုပြန်ရသည်။ ဟိုဖက်အိမ်က ရန်ပွဲပြီးမှ Tomကိုလွတ်ပြီး ကလေးကိုခေါ်သွားကြောင်းပြောလည်း နောက်မကျပါဘူး။
ဟေးမိုင်မိုင်း လို့အမည်ရတဲ့ကလေးမလေးဟာ ဆံပင်အဖြူရောင်၊မျက်ဝန်းပြာပြာလေးတွေနဲ့ ပါးဖောင်းဖောင်းအိအိလေးတွေရှိတဲ့ကလေးတစ်ယောက်၊ သူမမိခင်Oriana (အော်ရီယာနာ)နဲ့ ဖခင် ဦးကမ္ဘာသူဆိုတဲ့ တာဝန်မကျေတဲ့မိဘ
နှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ သနားစရာကလေးလေး။အရင်၂နှစ်လောက်ကပြောင်းလာတဲ့သူမတို့မိသားစုအကြောင်း Tomဆီက
ကြားရသလောက်တော့ ...ဦးကမ္ဘာသူက
အော်ရီယာနာရဲ့ မိဘပိုင်ကုမ္ပဏီကိုအရှုံးပေါ်အောင်လုပ်လို့ပြောင်းရွေ့ခဲ့ရတာဆိုပဲ။
မိန်းမလိုက်စားတဲ့ဖခင်၊ နောက်ယောကျာ်းနဲ့ဖောက်ပြန်နေတဲ့ မိခင်၊မပြေလည်တဲ့ စီးပွားရေးနဲ့ အိမ်ထောင်ရေး အခြေအနေတွေရဲ့ကြားမှာ ဟေးမိုင်မိုင်ဆိုတဲ့ 10နှစ်သမီးက
ဓားစာခံဖြစ်နေသည်။
"ဦးဦး ... ဦးဦးက ဒေစီပန်းတွေကိုကြိုက်လား"
"အင်း ... ဘာလို့လဲ"
"ဦးလေးTomကပြောတယ်။ဒီအိမ်မှာတဲ့ မိုင်မိုင်းစိတ်တိုင်းကျဆော့လို့ရပေမဲ့ ဦးဦးရဲ့ဒေစီပန်းခင်းကိုတော့ထိလို့မရဘူးတဲ့ ... စိတ်ဆိုး
လိမ့်မယ်တဲ့ ဟုတ်လား"
"ဟုတ်တာပေါ့"
"ဒါပေမဲ့ မိုင်မိုင်းကရချင်တယ်"
"မရပါဘူး"
"ဦးဦးလို့..."
"ဆော့ကွာ... မိုင်မိုင်းသဘောကျပဲ"
"ဟီးဟီး အဲ့တာကြောင့် ဦးဦးကိုချစ်နေရတာ"
"မင်းပဲအတတ်ဆုံးပါ ဟေးမိုင်မိုင်းရယ်။ဒါနဲ့ပဲ ညာစားနေလိုက်တာ"
ပျံ့လွင့်လာတဲ့ရယ်သံလွင်လွင်လေးတွေက ရန်ဖြစ်ဆူညံ့သံတို့ကို မေ့ထားချင်ပုံပေါ်သည်။
အမှတ်မထင်တွေ့လိုက်ရတာက ကြောင်လေးကိုပွေ့ထားတဲ့ကလေးရဲ့လက်မောင်းကညိုမဲနေသည်။ရိုက်ခံထားရပြန်တာပဲ ကလေးရယ်။
လူလည်မလေးက သူစိတ်မကောင်းဖြစ်မှာဆိုးလို့ အရိုက်မခံရပါဘူးလိမ်ပြောသေးသည်။
"Tom ... ခဏနေဟိုဘက်အိမ်သွားပြီး
ကလေးကို ကိုယ်ခေါ်သွားတယ်ပြောပေးနော်"
"ထားခဲ့ပါလားဆရာ။အလုပ်မအားဘူးဆိုတော့လေ ဒီကလေးနဲ့က"
"အဆင်ပြေတယ်... အနှောင့်အယှက်မရှိဘူး။ သြော် ကိုယ့်ကိုဒေစီပန်းတစ်စည်းစာလောက်
ခူးပေးပါလား"
"ဗျာ !! "
"မြန်မြန်လေး"
"အာ ဟုတ်ကဲ့ ! ဟုတ်ကဲ့"
"ဦးဦး ဦးလေးTomကိုပြောလိုက်အုံးလေ"
"သြော် Tomရေ နောက်များတော့ ဒီပန်းတွေကို မိုင်မိုင်းလေးလာဆော့တဲ့အခါ ဆော့ခွင့်ပြုလိုက်ပါကွာ"
"ဗျာ !! "
"လိုချင်ရင်လည်းခူးပေးလိုက်ပါ"
"ဟုတ်... ဟုတ်ကဲ့ဆရာ။ ဒါလေးရပြီ"
"ကျေးဇူး ... ကိုယ်ညနေအလုပ်ပြီးရင် စောစောပြန်လာခဲ့မယ် ။ ဒီကြောင်ကိုလည်း ထိမ်းထားလိုက်အုံးနော် "
ပါးစပ်အဟောင်းသားနဲ့ကျန်နေခဲ့တဲ့ Tomကတော့ ဆရာဖြစ်သူရဲ့ကားပြန်ထွက်သွားသည့်တိုင်အောင် အံ့သြမှုများစွာနဲ့ကျန်ခဲ့၏။
ဆရာ့ဆီ သူအလုပ်လုပ်လာတဲ့သက်တမ်းတစ်လျှောက်မှာ အဲ့ဒီဒေစီပန်းခင်းကြီးက ဘယ်တုန်းကများ ပန်းခူးရလို့လဲ။အခုကျ
ပန်းခူးယုံတင်မကဘူး ဆော့ခွင့်ပါပြုတယ်တဲ့။
ဘာတွေဖြစ်ကုန်ပြီလဲ။
::::::::::
ဒေစီပန်းတွေကိုချေမွကာ ထိုင်ဆော့နေတဲ့ ကလေးမလေးကိုကြည့်ရင်း 'ဒီပါလွမ်း'တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့်သာ သက်ပြင်းချမိ၏။ ရှေ့နေတစ်ယောက်ဖြစ်ပါလျက် ... အခုတော့ သူ့အဖြစ်ကကလေးထိမ်း တစ်ယောက်ဖြစ်နေရပြီ။ဒါတွေက ဟိုမကောင်းတဲ့အကောင် စေရာနေရေးကြောင့်။ရုံးချိန်းရှိပြီး အလုပ်မအားရင် ကလေးကိုဘာလို့ခေါ်လာသေးလဲ။အခုတော့ ကလေးကိုသူ့ဆီထိုးအပ်ထားခဲ့ပြီလေ။
"ဦးဦးလွမ်း"
"ဟေ"
"ပျင်းတယ်"
"ငါလည်းပျင်းတာပဲကွ ။အလုပ်တောင်မလုပ်ရပဲ ခင်ဗျားဘေးမှာပဲထိုင်နေရတာ"
"ပျင်းရင် ဆော့ရအောင်လေ"
"ကိုယ့်ဟာကိုယ်ဆော့စမ်းပါမိုင်မိုင်းရယ်"
"milkteaသောက်ချင်တယ်"
"ရှုပ်လိုက်တာကွာ"
"ဟင့် ... "
"ဟာ ငိုတော့မှာလား။နေအုံး ဝယ်တိုက်မယ်
မင်းသမီးကို ကျွန်တော်မျိုးဝယ်တိုက်ပါ့မယ်
ငိုတော့မငိုပါနဲ့ကွာ"
"အခုသောက်ချင်တာ"
"အေး အေး အခုသွားဝယ်ပေးမယ်"
မျက်မှောင်ကြီးကျုံ့ပြီး ခပ်သွက်သွက်ထွက်သွားတဲ့ဦးဦးလွမ်းကြောင့် မိုင်မိုင်းတစ်ယောက် ကျိတ်ရယ်နေရ၏။ပြီးတော့ လက်သေးသေးလေးတွေက စားပွဲပေါ်ကfileတစ်ခုဆီလက်လှမ်းလိုက်သည်... မိုင်မိုင်းက ပန်းချီဆွဲရတာဝါသနာပါသည်လေ။
:::::::::::::
သက်သေအခိုင်အမာမရှိတဲ့အမှုတွဲတို့ထုံးစံအတိုင်း အမှုကရက်ရှည်ကြာဖြစ်နေခဲ့ရာ အခုတော့ တရားခံအတိအကျပေါ်သွားပြီမို့
အမှုပိတ်သိမ်းချိန်ရောက်လာသည်။
"တော်လိုက်တာ Mr.Rei ...ဒီအမှုက ခင်ဗျားရှေ့မှာ၂ယောက်တာဝန်ယူဘူးတယ်ဗျ။ခင်ဗျားနဲ့ တွေ့တော့မှပဲ ပြီးသွားတော့တယ်"
"ယုံကြည်ပေးလို့ ကိုယ်ကလည်းကျေးဇူးတင်တယ်နော်။ချီးကျူးသလောက်လည်းမဟုတ်ပါဘူး"
"ဘာပဲဖြစ်ဖြစ် Mr.Rei (မစ္စတာရေး)တော်တာကိုတော့လက်ခံရမှာပဲ။ ဒီအမှုကကျုပ်တို့အတွက် အဖုအထစ်ကြီးဖြစ်နေတာဗျ...အခုတော့ အမှန်တရားကဘာလဲ အားလုံးရှေ့မှာချပြနိုင်ခဲ့ပြီ။အဲ့တာ Mr.Reiကျေးဇူးပဲ... ကျေးဇူးတင်လွန်းလို့ ညစာစားပွဲ
ဖိတ်ပါရစေMr.Rei"
"ရပါတယ်ဗျာ... ဒါကိုယ့်တာဝန်ပဲ။ညစာစားပွဲတော့ငြင်းပါရစေ။ခွင့်ပြုပါအုံးနော်"
"ဒါဆိုလည်းဟုတ်ပါပြီဗျာ"
ဒီမှာပဲအချိန်ဆွဲလို့မရဘူးဆိုတဲ့အသိက မိုင်မိုင်းပျင်းနေမှာစိုးရိမ်လို့သာ။ ဟိုကောင်ဒီပါလွမ်းကလည်း ဘာမှအားကိုးရမှာမဟုတ်ဘူး...မလွဲသာလို့သာထားခဲ့ရတာမို့ အလုပ်ပြီးတာနဲ့ မိုင်မိုင်းဆီသွားချင်စိတ်ကများနေသည်။
"hey Mr.Rei ... အမှုနိုင်သွားပြီဆို ဂုဏ်ယူပါတယ်ကွာ"
"ကျေးဇူးပါ John"
"ဒါနဲ့ မင်းရဲ့ညီမလား..ပါလာတာထင်တယ်"
"ဟုတ်တယ် ကိုယ့်တူမလေး"
"မင်းရုံးခန်းရှေ့ကဖြတ်လာတော့ အော်ငိုသံကြားလို့လေ... ကလေးကပျင်းနေပြီထင်တယ်"
"ခွင့်ပြုပါအုံးနော်"
စိုးရိမ်စိတ်ကပိုပြီးတိုးလာတာမို့ တစ်ဖက်လူကိုလည်း သေချာမနှုတ်ဆက်နိုင်ခဲ့ပါ။
2ယောက်တွဲတစ်ခန်းဖြစ်နေတဲ့ သူနဲ့ဒီပါလွမ်းရဲ့ ရုံးခန်းရှေ့ကိုအရောက် လွမ်းရဲ့အသံစူးစူးကြောင့် သူ့ခြေလှမ်းတို့ရပ်သွား၏။
"မျက်ရည်လည်းမကျပဲနဲ့ အော်မနေပါနဲ့တော့ မိုင်မိုင်းရာ ။ အပြစ်လုပ်ထားတဲ့သူက အော်နေတာ ပြောင်းပြန်ဖြစ်နေပြီ"
"မိုင်မိုင်းက လှစေချင်လို့ဆွဲပေးတာကိုလို့"
"ပြဿနာပဲကွာ။နေရေးလာရင် မင်းတော့ဆူခံရတော့မယ်"
"ဟင့် ... ဟင့် ဦးဦးလွမ်းကိုမုန်းတယ်။အကျင့်
မကောင်းဘူး အီးးဟီးးး လူကိုအော်နေတာပဲ"
"ဟာ ဟေ့ မငိုနဲ့လေ။ စေရာနေရေးရေ မင်းရဲ့သမီးလေးကိုငါမနိုင်တော့ဘူးဟ"
ညည်းညူစွာအော်လိုက်တဲ့အသံကြောင့် စေရာနေရေးရဲ့နှုတ်ခမ်းတစ်စုံက အလိုလိုပြုံးမိသွားရ၏။ အခန်းထဲဝင်လိုက်တာနဲ့ သူ့ဆီအပြေးလာတဲ့ ကလေးမလေးကိုပွေ့ကာ...
"မငိုပါနဲ့ ကိုယ်က လွမ်းလိုမဟုတ်ဘူးလေ။
မိုင်မိုင်းပေါက်စလေးကိုမအော်ပါဘူး"
"ဟင် ! "
"ဦးဦးတကယ်ပြောတာနော်။မဆူဘူးနော်"
"အင်းပေါ့"
"ဟင့် ဒါပေမဲ့ မိုင်မိုင်းကအရေးကြီးတဲ့စာရွက်တွေမှာပုံဆွဲလိုက်မိတာ ဘယ်လိုလုပ်ရပါ့မလဲ"
"ဆွဲလို့ရတယ် မိုင်မိုင်းသဘောကျပဲ။ဘာမှမဖြစ်ပါဘူးကွာ... အဲ့တာလောက်ကပြန်ရေးလို့ရတယ် တိတ်နော်"
"ဟုတ်"
"လက်ကဒဏ်ရာကိုဆေးလိမ်းရအောင်။ မငိုနဲ့တော့ ... မဆူဘူးလို့ပြောပြီးပြီကို"
"ဟုတ် ဦးဦးကိုအဲ့တာကြောင့်ချစ်နေရတာ"
"ဟေးမိုင်မိုင်းတစ်ယောက်နဲ့တော့..."
လူလည်မလေး၊အတတ်မလေးကြောင့် သူ့မှာ
မပြုံးပဲမနေနိုင်တော့။ ဘာဖြစ်လဲ အဲ့ဒီစာရွက်စာတမ်းလောက်က
ဒီပါလွမ်းပြန်ရေးပေးလိမ့်မယ်။
To Be Continue .... Part - 2
ဦးဦးတို့အိမ်ကနေကြည့်ရင်မြင်ရတဲ့
မိုင်မိုင်းတို့အိမ်လေး
မိုင်မိုင်းထိုင်စောင့်နေတဲ့ခြံရှေ့
ဒေစီပန်းခင်းကြီး
Zawgyi
2013 ခုႏွစ္ ....
ျဖတ္သန္းလာခဲ့တဲ့လမ္းတစ္ေလွ်ာက္မွာရွိတဲ့ တစ္ထပ္အိမ္ေလးေတြက အေရာင္အေသြးစုံလင္သလို ...က်ဴးလစ္ပန္းစိုက္ခင္းတို႔ႏွင့္ပနံ႕သင္တာမို႔ ထိုျမင္ကြင္းတို႔က ျမင္တဲ့လူတိုင္းရဲ႕စိတ္အာ႐ုံကိုဖမ္းစားထားနိုင္ေလာက္မည္။
ေကာင္းကင္ျပာျပာ၊ေျဖးညွင္းစြာတိုက္ခတ္ေနတဲ့ေလေျပေအးေအးႏွင့္ က်ဴးလစ္ပန္းစိုက္ခင္းေတြရွိတဲ့ ျမင္ကြင္းဟာသူေနစဥ္တကြျမင္ေတြ႕ေနရတဲ့ျမင္ကြင္းဆိုေပမဲ့ရိုးအီသြားျခင္းလည္းမရွိ။
ၾကည္လင္သြားတဲ့ စိတ္အစုံေၾကာင့္
ကားျပတင္းေပါက္ကိုဖြင့္ကာ လက္တစ္ဖက္ကို အျပင္ဆန့္ထုတ္လ်က္ သဘာဝေလေအးကို
ရႈရွိုက္လိုက္မိ၏ ။အမ္စတာဒမ္ၿမိဳ႕ကလွသည္။
ၿပီးေတာ့ သူေနတဲ့ေနရာဟာ က်ဴးလစ္ပန္းစိုက္ခင္းေတြ၊ ေလရဟတ္ေတြရွိတဲ့ ၿမိဳ႕ရဲ႕အစြန္ဖ်ားေဒသမွာ။
အလုပ္႐ုံးနဲ႕အိမ္က ေဝးေပမဲ့ တေျဖးေျဖးလိမ့္လာတဲ့ ကားက...ၿမိဳ႕ရဲ႕ေျမာက္ဘက္အစြန္မွာရွိတဲ့ေနအိမ္တစ္ခုရဲ႕ေရွ႕မွာရပ္၏။
ဒီေန႕က ႐ုံးဖြင့္ရက္ျဖစ္သလို ပုံမွန္ဆိုေန႕လည္စာစားခ်ိန္အိမ္ျပန္ေလ့မရွိတဲ့သူ႕အတြက္ ၿခံတံခါး
လာဖြင့္ေပးမဲ့ Tom လည္းမရွိပါ။ထို႔ေၾကာင့္
ကားကိုစက္ရပ္ၿပီး ၿခံတံခါးကိုေသာ့ဖြင့္ဝင္လာရ၏။
အိမ္ေရွ႕မွာစိုက္ထားတဲ့ Daisy ပန္းခင္းႀကီးကို
ေက်နပ္စြာၾကည့္ရင္း ျဖတ္ေက်ာ္ကာ
သူ႕ရဲ႕အိမ္အျပာႏုေလးရွိတဲ့ေနရာဆီကို...
"ဟာ ဆရာ ... အိမ္ျပန္လာၿပီလား"
ပန္းေတြေရေလာင္းဖို႔ျပင္ေနတဲ့ Tomက
သူ႕ကိုျမင္တာတဲ့ အေလာတႀကီးေျပးႀကိဳလာသည္။
"ကြၽန္ေတာ္မသိလိုက္လို႔ ၿခံတံခါးလာမဖြင့္ေပးမိတာ"
"ရပါတယ္Tomရာ။အခုလည္း စာ႐ြက္စာတမ္းတခ်ိဳ႕ေမ့လို႔လာယူတာပါ..ခဏပဲ"
"ယူေပးမယ္ေလ... စာၾကည့္ခန္းထဲမွာပဲမလား"
"ဟုတ္တယ္ ဒါဆို Tomပဲကူညီပါအုံး"
ခပ္သြက္သြက္ျဖင့္အေပၚထပ္ဆီျပန္ေျပးတတ္သြားတဲ့ Tom ။အနားယူဖို႔ ဧည့္ခန္းဆီကိုအသြား မွန္ထဲက သူ႕ပုံရိပ္က မ်က္လုံးေထာင့္မွာေပၚလာသည္။ေန႕စဥ္ႏွင့္တကြရွိေနတဲ့ အမႈတြဲေတြၾကားမွာ
အခ်ိန္ကုန္ဆုံးရင္းနဲ႕ ဒီရက္ပိုင္းသူ႕ကိုယ္သူ
ဂ႐ုမစိုက္နိုင္ျဖစ္သြားတာပဲ။
'ေစရာေနေရး' ဆိုတဲ့ သူက နယ္သာလန္နိုင္ငံ၊
အမ္စတာဒမ္ၿမိဳ႕ရဲ႕ တရား႐ုံးခ်ဳပ္ကေရွ႕ေနတစ္ေယာက္... မိဘပိုင္ဆိုင္မႈေတြကိုေဘးခ်ိတ္ကာ
ဝါသနာပါတဲ့ေရွ႕ေနအလုပ္ကိုလုပ္ေနတဲ့သူတစ္ေယာက္ျဖစ္သည္။အသက္ငယ္ေပမဲ့ ထက္ျမတ္တဲ့သူက ႐ုံးခ်ဳပ္မွာမရွိမျဖစ္လိုအပ္တဲ့ေရွ႕ေန၊
ေနေရးဆီက ဥပေဒအႀကံကိုယူဖို႔ တန္းစီေနရတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြမွ မနည္းမေနာ။ဒီလို ေအာင္ျမင္မႈေတြရထားတဲ့သူက အလုပ္ကို တြယ္တာေနတာထူးဆန္းပါသလား။
ဝုန္း... ဒုန္း
"ရွင္ လြန္လာၿပီကမာၻသူ"
"ဟ ေဖာက္ျပန္တာက မင္းမဟုတ္ဘူးလားကြ"
"ရွင္ကေရာ ... ရွင္ကေရာေဖာက္ျပန္တာမဟုတ္ဘူးလား"
ၾကားေနရတဲ့ ျမန္မာစကားသံပီပီသသတို႔က
တစ္ဖက္အိမ္ကေနပ်ံ့လြင့္လာတဲ့အသံေတြဆိုတာ ခ်က္ခ်င္းသိေစနိုင္တာမို႔ ေစရာေနေရးရဲ႕အာ႐ုံက ထိုဆီေရာက္သြား၏။ ေအးခ်မ္းတာကိုႀကိဳက္လို႔ ၿမိဳ႕အစြန္ကရပ္ကြက္မွာေနေပမဲ့ ေဘးအိမ္နီးခ်င္းလင္မယား၂ေယာက္ရဲ႕ ရန္ပြဲကိုေတာ့ ေန႕စဥ္ရက္ဆက္ၾကားရသည္ေလ။
"ဟိုဖက္အိမ္က ၂ေယာက္က ရန္ျဖစ္ျပန္ၿပီထင္တယ္ ။ သူတို႔လည္း အၿမဲတမ္းပဲေနာ္။
ဒီဖိုင္အနီေလးမလား... ဆရာ"
"ဟုတ္တယ္Tom။အင္း ကေလးမရွိတဲ့အခ်ိန္ရန္ျဖစ္တာပဲေကာင္းပါတယ္ေလ"
"ဗ်ာ ! ကေလး... မိုင္မိုင္းလား။သူရွိတယ္... ဒီမတိုင္ခင္ကေတာင္ ၿခံထဲမွာေဆာ့ေနတာျမင္မိတယ္ေနာ္"
"က်စ္ !! "
ေနေရးအထင္ ကေလးမေလးအိမ္မွာမရွိဘူး
ထင္လို႔ ဒီရန္ပြဲကိုဆက္ၿပီးနားေထာင္ေနခဲ့တာ။
ကေလးကရွိေနတယ္တဲ့ ဒီအသိေၾကာင့္ပဲ
ေျခလွမ္းက်ဲက်ဲတို႔ဟာ တစ္ဖက္အိမ္ဆီလ်င္ျမန္စြာဦးတည္လာခဲ့၏။ ခပ္နိမ့္နိမ့္ၿခံစည္းရိုးအျဖဴေလးသာကာထားတာမို႔ လွမ္းၾကည့္ရင္ေတာင္ တစ္ဖက္ကတစ္ထပ္အိမ္ပုေလးကို လွမ္းျမင္ရသည့္အေနအထား... သို႔ေသာ္ ဟိုဖက္အိမ္က
ကေလးေသးေသးေလးတစ္ေယာက္ကိုေတာ့ မေတြ႕မိတာမို႔ စိုးရိမ္စိတ္ဝင္လာ၏။ သူမ မိဘေတြကမ်ား ရိုက္ႏွပ္ၿပီးအခန္းထဲပိတ္ထားၿပီလား ဆိုတဲ့အေတြးတို႔က ျဖဴျဖဴလုံးလုံးအရာေလးတစ္ခုကိုျမင္မွရပ္၏။
တစ္ဖက္ၿခံရဲ႕အိမ္အဝင္ေပါက္ဝမွာ ၿငိမ္ကုတ္စြာထိုင္ေနတဲ့ ကေလးတစ္ေယာက္နဲ႕ေၾကာင္တစ္ေကာင္။ ၾကည့္ရတာ အိမ္ထဲမွာျဖစ္ေနတဲ့
အရာေတြနဲ႕ ေဝးေဝးေနလိုဟန္ေပၚသည္။
အၿမဲတမ္းပဲ... ဒီကေလးက အၿမဲတမ္းပဲ
ပန္းေတြအျပည့္ရွိတဲ့ အဲ့ဒီၿခံစည္းရိုးအျဖဴေဘးမွာ ထိုင္ေနခဲ့တာ။
"မိုင္မိုင္း... ကေလးေလး"
က႐ုဏာသက္စြာ ေခၚလိုက္ေတာ့ ေမာ့ၾကည့္လာတဲ့ကေလးေလးက မ်က္ရည္အ႐ြဲသားႏွင့္...အင္းေပါ့ ကေလးေလးပဲရွိေသးတာမလား။မိဘေတြရဲ႕ ေဖာက္ျပန္မႈနဲ႕ အိမ္ေထာင္ေရးျပႆနာေတြနဲ႕ ဘာမွမဆိုင္ရွာပဲ အျပစ္ျဖစ္ေနရတဲ့ကေလးေလးပဲမလား။
"ဦးဦး"
"အင္း ဘာလို႔ငိုေနတာလဲကြ"
"ရန္ျဖစ္တာကိုမႀကိဳက္ဘူး"
"အင္း ကိုယ္သိတယ္"
"ဒါေပမဲ့ မာမီနဲ႕ဒယ္ဒီက ရန္ျဖစ္ျပန္ၿပီ"
"ကေလးေလးရယ္"
မ်က္ရည္စေတြကိုသုတ္ေပးရင္း ဆံႏြယ္အိအိေလးေတြကို သပ္တင္ေပးေတာ့ ကေလးမေလးက မ်ည္ရည္ျပန္က်လာသည္။ပင္ပန္းရွာမွာေပါ့ အခုမွ ၁၀ႏွစ္ပဲရွိေသးတဲ့ကေလးေပကို။
"မငိုနဲ႕ေတာ့ ။ကိုယ္ေရာက္လာၿပီေလ... ေက်ာင္းက ဘာလို႔မသြားရတာလဲ။ဟင္ မိုင္မိုင္းကေလးက ေက်ာင္းပ်င္းေလးလား"
"ဟင့္အင္း ေနမေကာင္းလို႔"
"ေနမေကာင္းတာကိုကြာ..."
မခ်င့္မရဲေရ႐ြတ္မိျပန္၏။အခုထိ သူမတို႔ အိမ္ထဲမွာ ပစၥည္းေပါက္ခြဲသံ၊ေအာ္ဟစ္သံတို႔က ဆူညံေနေသးတာ။
"မိုင္မိုင္းေလးေနမေကာင္းတာ မာမီနဲ႕ဒယ္ဒီသိလား။ ေဆးေရာ တိုက္ရဲ႕လား"
"မာမီက ဒီေန႕မနက္မွျပန္လာတယ္"
"ဆိုေတာ့ ေနမေကာင္းတာဘယ္သူမွမသိဘူးေပါ့"
"ဟုတ္"
"ရိုက္ေသးလား... ဟမ္ ဒယ္ဒီက မိုင္မိုင္းကိုရိုက္ေသးလား"
ေခါင္းညိတ္ျပလာတဲ့မိုင္မိုင္းေၾကာင့္ သနားၾကင္နာစိတ္ကပါပို၏။
"ဟင့္ ဒယ္ဒီကအရက္ေတြေသာက္ထားေသးတယ္"
"မငိုနဲ႕ေတာ့ ... ကိုယ္နဲ႕လိုက္ခဲ့မလား"
"ဟုတ္"
"ညေနမွ ျပန္လာခဲ့ရမွာေနာ္ အိုေခလားေပါက္စေလး"
"အိုေခ ဟင့္ "
ေနာက္ဆုံးမွာရွိုက္သံေလးပါလာတဲ့ မိုင္မိုင္းကို ေကာက္ခ်ီလိုက္ေတာ့ ကေလးမေလးက သူ႕ကိုရယ္ျပလာျပန္၏။ လက္ကေလးေတြကို သူ႕ပခုံးကိုေပၚတင္ကာ ေျခေထာက္ေလးေတြလႈပ္ရမ္းလာတာမို႔ တစ္ခုခုကိုသေဘာေပါက္သြားတဲ့သူက..
"ေၾကာင္ေလးလား ... ေၾကာင္ေလးကိုေတာ့ ႐ုံးအထိေခၚလို႔မရဘူးကြ။ဦးေလးTomနဲ႕ပဲ ထားခဲ့လို႔ရမယ္"
"အိုေခ"
"ဟမ့္ ကေလးေလးကလည္လိုက္တာ"
စိုးရိမ္မကင္းျဖစ္ေနတဲ့ ေ႐ႊဝါေရာင္ေၾကာင္ေလးကိုပါ လက္တစ္ဖက္နဲ႕ေပြ႕ယူကာ သူမေလးဆီေပးလိုက္ေတာ့မွ မ်က္ႏွာေလးကၾကည္လင္လာ၏။
"ok let go ! "
"အမယ္ အိမ္ထဲျပန္ပို႔ေပးလိုက္ရ"
"ဦးဦးက လူဆိုးမဟုတ္ဘူးေလ"
"မင္းပဲတတ္တယ္ လူလည္မေလး"
အလယ္တန္းပထမႏွစ္ကေလးတစ္ေယာက္လို႔ မထင္ရေအာင္ ေပါ့ပါးကာေသးေကြးေနတဲ့ကေလးမေလးကိုေပြ႕ခ်ီရင္း သူ႕အိမ္ကိုျပန္ရသည္။ ဟိုဖက္အိမ္က ရန္ပြဲၿပီးမွ Tomကိုလြတ္ၿပီး ကေလးကိုေခၚသြားေၾကာင္းေျပာလည္း ေနာက္မက်ပါဘူး။
ေဟးမိုင္မိုင္း လို႔အမည္ရတဲ့ကေလးမေလးဟာ ဆံပင္အျဖဴေရာင္၊မ်က္ဝန္းျပာျပာေလးေတြနဲ႕ ပါးေဖာင္းေဖာင္းအိအိေလးေတြရွိတဲ့ကေလးတစ္ေယာက္၊ သူမမိခင္Oriana (ေအာ္ရီယာနာ)နဲ႕ ဖခင္ ဦးကမာၻသူဆိုတဲ့ တာဝန္မေက်တဲ့မိဘ ႏွစ္ေယာက္ကိုပိုင္ဆိုင္ထားတဲ့ သနားစရာကေလးေလး။အရင္၂ႏွစ္ေလာက္ကေျပာင္းလာတဲ့
သူမတို႔မိသားစုအေၾကာင္း Tomဆီကၾကားရသေလာက္ေတာ့ ...ဦးကမာၻသူက ေအာ္ရီယာနာရဲ႕ မိဘပိုင္ကုမၸဏီကိုအရႈံးေပၚေအာင္လုပ္လို႔
ေျပာင္းေ႐ြ႕ခဲ့ရတာဆိုပဲ။မိန္းမလိုက္စားတဲ့ဖခင္၊ ေနာက္ေယာက်ာ္းနဲ႕ေဖာက္ျပန္ေနတဲ့ မိခင္၊
မေျပလည္တဲ့ စီးပြားေရးနဲ႕ အိမ္ေထာင္ေရး အေျခအေနေတြရဲ႕ၾကားမွာ ေဟးမိုင္မိုင္ဆိုတဲ့ 10ႏွစ္သမီးက ဓားစာခံျဖစ္ေနသည္။
"ဦးဦး ... ဦးဦးက ေဒစီပန္းေတြကိုႀကိဳက္လား"
"အင္း ... ဘာလို႔လဲ"
"ဦးေလးTomကေျပာတယ္။ဒီအိမ္မွာတဲ့ မိုင္မိုင္းစိတ္တိုင္းက်ေဆာ့လို႔ရေပမဲ့ ဦးဦးရဲ႕ေဒစီပန္းခင္းကိုေတာ့ထိလို႔မရဘူးတဲ့ ... စိတ္ဆိုးလိမ့္မယ္တဲ့ ဟုတ္လား"
"ဟုတ္တာေပါ့"
"ဒါေပမဲ့ မိုင္မိုင္းကရခ်င္တယ္"
"မရပါဘူး"
"ဦးဦးလို႔..."
"ေဆာ့ကြာ... မိုင္မိုင္းသေဘာက်ပဲ"
"ဟီးဟီး အဲ့တာေၾကာင့္ ဦးဦးကိုခ်စ္ေနရတာ"
"မင္းပဲအတတ္ဆုံးပါ ေဟးမိုင္မိုင္းရယ္။ဒါနဲ႕ပဲ ညာစားေနလိုက္တာ"
ပ်ံ့လြင့္လာတဲ့ရယ္သံလြင္လြင္ေလးေတြက ရန္ျဖစ္ဆူညံ့သံတို႔ကို ေမ့ထားခ်င္ပုံေပၚသည္။
အမွတ္မထင္ေတြ႕လိုက္ရတာက ေၾကာင္ေလးကိုေပြ႕ထားတဲ့ကေလးရဲ႕လက္ေမာင္းကညိုမဲေနသည္။ရိုက္ခံထားရျပန္တာပဲ ကေလးရယ္။
လူလည္မေလးက သူစိတ္မေကာင္းျဖစ္မွာဆိုးလို႔ အရိုက္မခံရပါဘူးလိမ္ေျပာေသးသည္။
"Tom ... Tom ခဏေနဟိုဘက္အိမ္သြားၿပီး ကေလးကို ကိုယ္ေခၚသြားတယ္ေျပာေပးေနာ္"
"ထားခဲ့ပါလားဆရာ။အလုပ္မအားဘူးဆိုေတာ့ေလ ဒီကေလးနဲ႕က"
"အဆင္ေျပတယ္... အေႏွာင့္အယွက္မရွိဘူး။ ေၾသာ္ ကိုယ့္ကိုေဒစီပန္းတစ္စည္းစာေလာက္ ခူးေပးပါလား"
"ဗ်ာ !! "
"ျမန္ျမန္ေလး"
"အာ ဟုတ္ကဲ့ ! ဟုတ္ကဲ့"
"ဦးဦး ဦးေလးTomကိုေျပာလိုက္အုံးေလ"
"ေၾသာ္ Tomေရ ေနာက္မ်ားေတာ့ ဒီပန္းေတြကို မိုင္မိုင္းေလးလာေဆာ့တဲ့အခါ ေဆာ့ခြင့္ျပဳလိုက္ပါကြာ"
"ဗ်ာ !! "
"လိုခ်င္ရင္လည္းခူးေပးလိုက္ပါ"
"ဟုတ္... ဟုတ္ကဲ့ဆရာ။ ဒါေလးရၿပီ"
"ေက်းဇူး ... ကိုယ္ညေနအလုပ္ၿပီးရင္ ေစာေစာျပန္လာခဲ့မယ္ ။ ဒီေၾကာင္ကိုလည္း ထိမ္းထားလိုက္အုံးေနာ္ "
ပါးစပ္အေဟာင္းသားနဲ႕က်န္ေနခဲ့တဲ့ Tomကေတာ့ ဆရာျဖစ္သူရဲ႕ကားျပန္ထြက္သြားသည့္တိုင္ေအာင္ အံ့ၾသမႈမ်ားစြာနဲ႕က်န္ခဲ့၏။
ဆရာ့ဆီ သူအလုပ္လုပ္လာတဲ့သက္တမ္းတစ္ေလွ်ာက္မွာ အဲ့ဒီေဒစီပန္းခင္းႀကီးက ဘယ္တုန္းကမ်ား ပန္းခူးရလို႔လဲ။အခုက် ပန္းခူးယုံတင္မကဘူး ေဆာ့ခြင့္ပါျပဳတယ္တဲ့။
ဘာေတြျဖစ္ကုန္ၿပီလဲ။
::::::::::
ေဒစီပန္းေတြကိုေခ်မြကာ ထိုင္ေဆာ့ေနတဲ့ ကေလးမေလးကိုၾကည့္ရင္း 'ဒီပါလြမ္း'တစ္ေယာက္ စိတ္ပ်က္လက္ပ်က္ျဖင့္သာ သက္ျပင္းခ်မိ၏။ ေရွ႕ေနတစ္ေယာက္ျဖစ္ပါလ်က္ ... အခုေတာ့ သူ႕အျဖစ္ကကေလးထိမ္း တစ္ေယာက္ျဖစ္ေနရၿပီ။ဒါေတြက ဟိုမေကာင္းတဲ့အေကာင္ ေစရာေနေရးေၾကာင့္။႐ုံးခ်ိန္းရွိၿပီး အလုပ္မအားရင္ ကေလးကိုဘာလို႔ေခၚလာေသးလဲ။အခုေတာ့ ကေလးကိုသူ႕ဆီထိုးအပ္ထားခဲ့ၿပီေလ။
"ဦးဦးလြမ္း"
"ေဟ"
"ပ်င္းတယ္"
"ငါလည္းပ်င္းတာပဲကြ ။အလုပ္ေတာင္မလုပ္ရပဲ ခင္ဗ်ားေဘးမွာပဲထိုင္ေနရတာ"
"ပ်င္းရင္ ေဆာ့ရေအာင္ေလ"
"ကိုယ့္ဟာကိုယ္ေဆာ့စမ္းပါမိုင္မိုင္းရယ္"
"milkteaေသာက္ခ်င္တယ္"
"ရႈပ္လိုက္တာကြာ"
"ဟင့္ ... "
"ဟာ ငိုေတာ့မွာလား။ေနအုံး ဝယ္တိုက္မယ္
မင္းသမီးကို ကြၽန္ေတာ္မ်ိဳးဝယ္တိုက္ပါ့မယ္ ငိုေတာ့မငိုပါနဲ႕ကြာ"
"အခုေသာက္ခ်င္တာ"
"ေအး ေအး အခုသြားဝယ္ေပးမယ္"
မ်က္ေမွာင္ႀကီးက်ဳံ႕ၿပီး ခပ္သြက္သြက္ထြက္သြားတဲ့ဦးဦးလြမ္းေၾကာင့္ မိုင္မိုင္းတစ္ေယာက္ က်ိတ္ရယ္ေနရ၏။ၿပီးေတာ့ လက္ေသးေသးေလးေတြက စားပြဲေပၚကfileတစ္ခုဆီလက္လွမ္းလိုက္သည္... မိုင္မိုင္းက ပန္းခ်ီဆြဲရတာဝါသနာပါသည္ေလ။
:::::::::::::
သက္ေသအခိုင္အမာမရွိတဲ့အမႈတြဲတို႔ထုံးစံအတိုင္း အမႈကရက္ရွည္ၾကာျဖစ္ေနခဲ့ရာ အခုေတာ့ တရားခံအတိအက်ေပၚသြားၿပီမို႔
အမႈပိတ္သိမ္းခ်ိန္ေရာက္လာသည္။
"ေတာ္လိုက္တာ Mr.Rei ...ဒီအမႈက ခင္ဗ်ားေရွ႕မွာ၂ေယာက္တာဝန္ယူဘူးတယ္ဗ်။ခင္ဗ်ားနဲ႕ ေတြ႕ေတာ့မွပဲ ၿပီးသြားေတာ့တယ္"
"ယုံၾကည္ေပးလို႔ ကိုယ္ကလည္းေက်းဇူးတင္တယ္ေနာ္။ခ်ီးက်ဴးသေလာက္လည္းမဟုတ္ပါဘူး"
"ဘာပဲျဖစ္ျဖစ္ Mr.Rei (မစၥတာေရး)ေတာ္တာကိုေတာ့လက္ခံရမွာပဲ။ ဒီအမႈကက်ဳပ္တို႔အတြက္ အဖုအထစ္ႀကီးျဖစ္ေနတာဗ်...အခုေတာ့ အမွန္တရားကဘာလဲ အားလုံးေရွ႕မွာခ်ျပနိုင္ခဲ့ၿပီ။
အဲ့တာ Mr.Reiေက်းဇူးပဲ... ေက်းဇူးတင္လြန္းလို႔ ညစာစားပြဲဖိတ္ပါရေစMr.Rei"
"ရပါတယ္ဗ်ာ... ဒါကိုယ့္တာဝန္ပဲ။ညစာစားပြဲေတာ့ျငင္းပါရေစ။ခြင့္ျပဳပါအုံးေနာ္"
"ဒါဆိုလည္းဟုတ္ပါၿပီဗ်ာ"
ဒီမွာပဲအခ်ိန္ဆြဲလို႔မရဘူးဆိုတဲ့အသိက မိုင္မိုင္းပ်င္းေနမွာစိုးရိမ္လို႔သာ။ ဟိုေကာင္ဒီပါလြမ္းကလည္း ဘာမွအားကိုးရမွာမဟုတ္ဘူး...မလြဲသာလို႔သာထားခဲ့ရတာမို႔ အလုပ္ၿပီးတာနဲ႕ မိုင္မိုင္းဆီသြားခ်င္စိတ္ကမ်ားေနသည္။
"hey Mr.Rei ... အမႈနိုင္သြားၿပီဆို ဂုဏ္ယူပါတယ္ကြာ"
"ေက်းဇူးပါ John"
"ဒါနဲ႕ မင္းရဲ႕ညီမလား..ပါလာတာထင္တယ္"
"ဟုတ္တယ္ ကိုယ့္တူမေလး"
"မင္း႐ုံးခန္းေရွ႕ကျဖတ္လာေတာ့ ေအာ္ငိုသံၾကားလို႔ေလ... ကေလးကပ်င္းေနၿပီထင္တယ္"
"ခြင့္ျပဳပါအုံးေနာ္"
စိုးရိမ္စိတ္ကပိုၿပီးတိုးလာတာမို႔ တစ္ဖက္လူကိုလည္း ေသခ်ာမႏႈတ္ဆက္နိုင္ခဲ့ပါ။
2ေယာက္တြဲတစ္ခန္းျဖစ္ေနတဲ့ သူနဲ႕ဒီပါလြမ္းရဲ႕ ႐ုံးခန္းေရွ႕ကိုအေရာက္ လြမ္းရဲ႕အသံစူးစူးေၾကာင့္ သူ႕ေျခလွမ္းတို႔ရပ္သြား၏။
"မ်က္ရည္လည္းမက်ပဲနဲ႕ ေအာ္မေနပါနဲ႕ေတာ့ မိုင္မိုင္းရာ ။ အျပစ္လုပ္ထားတဲ့သူက ေအာ္ေနတာ ေျပာင္းျပန္ျဖစ္ေနၿပီ"
"မိုင္မိုင္းက လွေစခ်င္လို႔ဆြဲေပးတာကိုလို႔"
"ျပႆနာပဲကြာ။ေနေရးလာရင္ မင္းေတာ့ဆူခံရေတာ့မယ္"
"ဟင့္ ... ဟင့္ ဦးဦးလြမ္းကိုမုန္းတယ္။အက်င့္မေကာင္းဘူး အီးးဟီးးး လူကိုေအာ္ေနတာပဲ"
"ဟာ ေဟ့ မငိုနဲ႕ေလ။ ေစရာေနေရးေရ မင္းရဲ႕သမီးေလးကိုငါမနိုင္ေတာ့ဘူးဟ"
ညည္းၫူစြာေအာ္လိုက္တဲ့အသံေၾကာင့္ ေစရာေနေရးရဲ႕ႏႈတ္ခမ္းတစ္စုံက အလိုလိုၿပဳံးမိသြားရ၏။ အခန္းထဲဝင္လိုက္တာနဲ႕ သူ႕ဆီအေျပးလာတဲ့ ကေလးမေလးကိုေပြ႕ကာ...
"မငိုပါနဲ႕ ကိုယ္က လြမ္းလိုမဟုတ္ဘူးေလ။ မိုင္မိုင္းေပါက္စေလးကိုမေအာ္ပါဘူး"
"ဟင္ ! "
"ဦးဦးတကယ္ေျပာတာေနာ္။မဆူဘူးေနာ္"
"အင္းေပါ့"
"ဟင့္ ဒါေပမဲ့ မိုင္မိုင္းကအေရးႀကီးတဲ့စာ႐ြက္ေတြမွာပုံဆြဲလိုက္မိတာ ဘယ္လိုလုပ္ရပါ့မလဲ"
"ဆြဲလို႔ရတယ္ မိုင္မိုင္းသေဘာက်ပဲ။ဘာမွမျဖစ္ပါဘူးကြာ... အဲ့တာေလာက္ကျပန္ေရးလို႔ရတယ္ တိတ္ေနာ္"
"ဟုတ္"
"လက္ကဒဏ္ရာကိုေဆးလိမ္းရေအာင္။ မငိုနဲ႕ေတာ့ ... မဆူဘူးလို႔ေျပာၿပီးၿပီကို"
"ဟုတ္ ဦးဦးကိုအဲ့တာေၾကာင့္ခ်စ္ေနရတာ"
"ေဟမိုင္မိုင္းတစ္ေယာက္နဲ႕ေတာ့..."
လူလည္မေလး၊အတတ္မေလးေၾကာင့္ သူ႕မွာ မၿပဳံးပဲမေနနိုင္ေတာ့။ ဘာျဖစ္လဲ အဲ့ဒီစာ႐ြက္စာတမ္းေလာက္က ဒီပါလြမ္းျပန္ေရးေပးလိမ့္မယ္။
To Be Continue .... Part - 74