လွမ်းမောစရာ ခေတ်ဟောင်းမြေ (လြ...

By Nhait-Sway-Suu

3K 208 5

ရှေးဟောင်းဟန်လင်းမြို့ကို သွားလိုက်ရအောင်လား.. (ေ႐ွးေဟာင္းဟန္လင္းၿမိဳ႕ကို သြားလိုက္ရေအာင္လား..) More

p - 1
p - 3
p - 4
p - 5
p - 6
p - 7
p - 8
p - 9
p - 10
p - 11
p - 12
p - 13
p - 14
p - 15
p - 16
p -17
p -18

p - 2

199 17 0
By Nhait-Sway-Suu

Unicode..

" ဒီက ညီမလေး လမ်းခရီးမှာ အဆင်ပြေရဲ့လား.."

" ဟုတ် ပြေပါတယ်အစ်မ၊ တွေ့ရတာ ဝမ်းသာပါတယ်"

မိုင်ရိုစ်ကမ်းပေးလိုက်သည့် လက်ကို ထိုအမျိုးသမီးက အပြုံးလေးနှင့် ပြန်ဆုပ်ကိုင်သည်။ရင်ခုန်နှုန်းသည် တဖြေးဖြေးမြန်လာပြီး အလိုလို ပျော်ရွှင်မှုကို ခံစားလာရသည်။ပျောက်ဆုံးနေသော နှလုံးသား တခြမ်းကို တွေ့လိုက်ရသည့်နှယ် နှလုံး‌သားလေးမှာ ပျော်မြူး ခုန်ပေါက်နေပေသည်။မိုင်ရိုစ်မှာ ရင်ခုန်းနှုန်းကို ထိန်းရင်း..

" ရိုစ် နာမည်က မိုင်ရိုစ်က‌က်သရင်းနိုဒယ်ပါ။မိုင်ရိုစ်လို့ ခေါ်လို့ရပါတယ်။ဒါနဲ့ အစ်မနာမည်ကရောဟင်.."

အစ်မက မိုင်ရိုစ်၏ ခရီးဆောင်အိတ်ကို ကူဆွဲပေးပြီး

" မိုင်ရိုစ် နာမည်ကို တို့သိပြီးပါပြီ။ တို့နာမည်က နွေခီယာဝန်းပါ.. မိုင်ရိုစ် ခေါ်လို့ရမယ်မထင်ဘူး..'

အပေါ်ထပ်တက်မည့် လှေကားကို တဆင့်ချင်း ဂရုတစိုက် တက်ရင်း ထိုအမျိုးသမီးက ပြောသည်။

" ဒါဆို ဟန်နီလို့ ခေါ်ရမလား.."

" အို!"

ဘေးတဇောင်းမြင်နေရသော ပါးမို့မို့လေးသည် ရုတ်ချည်းနီမြန်းသွားလေသည်။

" တို့က အသက်ကြီးတာလေ ကလေးမရဲ့"

" အသက်ကြီးရင် မခေါ်ရတော့ဘူးတဲ့လား.."

နွေသည် လှမ်းလက်စ ခြေလှမ်းတို့ ရပ်သွားပြီး နှုတ်ခမ်းကို ကိုက်ရင်း တစ်ချက်စဉ်းစားသည်။

" တို့မသိပါဘူး မင်းဖာသာ ခေါ်ချင်သလိုခေါ်.."

အားကောင်းမောင်းသန် အမျိုးသမီးသည် နားရွက်ဖျားတို့ နီရဲသွားပြီး ခရီးဆောင်အိတ်ကို မ ရင်း အခန်းတစ်ခုထဲ ခပ်သွက်သွက် ဝင်သွားလေသည်။

မိုင်ရိုစ်၏ နှလုံးသားလေးသည်လည်း ခုန်ပေါက်မြူးထူးပြီး လိုက်ပါသွားလေသတည်း..။

..

သစ်သားကုတင်သည် အခန်းထောင့်စွန်းတွင် ရှိနေပြီး ကုတင်၏ ခပ်လှမ်းလှမ်းရှိ ပြတင်းပေါက်ဘေးတွင် စာဖတ်ရန် သစ်သားထိုင်ခုံနှင့် စားပွဲကို ချပေးထားသည်။အခန်းသည် အလင်းရောင် ကောင်းစွာရပြီး တော်တော်လေး ကျယ်ဝန်းသည်ဟု ပြောရမည်။အခန်းထဲထဲတွင် ဗီရိုတစ်ခုလည်းရှိသည်။ပြတင်းမှ လှမ်းကြည့်လိုက်ရင် အိမ်အ‌နောက်ဘက်က ခြံဝန်းကို အတိုင်းသား မြင်နေရပြီး သီးပင်၊စားပင် စိမ်းစိမ်းစိုစိုတို့မှာ အမြင်အေးစေသည်။ညနေစောင်းပြီ ဖြစ်သောကြောင့် တစ်အိမ်လုံး လျှပ်စစ် မီးရောင်တို့ဖြင့် လင်းထိန်သွားသည်။

ရေချိုးခန်း၊ အိမ်သာကိုပါ နွေက တစ်ခါတည်းလိုက်ပြသည်။ခေတ်မှီသည့် ဘိုထိုင်အိမ်သာနှင့် ရေချိုးခန်းတွင်လည်း ရေပန်းတို့ကို ထားသည်။

" အိမ်သားတွေရော မတွေ့သလိုပဲ"

" တို့ တစ်ယောက်တည်း နေတာ။အသက်သုံးဆယ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်အတွက် အဖော်ဆိုတာလည်း မလိုတော့ပါဘူး။"

မိုင်ရိုစ် မျက်ခုံးတို့ စုကြုံ့မိသွားသည်။ထိုအမူအရာသည် သူ(မ)တစ်ခုခုကို မကျေနပ်လျှင် လုပ်နေကျ အမူအရာဖြစ်သည်။

' ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အဖော်က လိုတာပဲလေ။အသက်ကြီးရင် ပိုတောင် လိုသေးတယ်' စိတ်ထဲကနေ မကျေမနပ် ရေရွတ်လိုက် သည်။

" ဒါဆို ညစာ အရင်စားမလား.. ရေချိုးပြီးမှ စားမလား.."

" ရေချိုးပြီးမှ စားတော့မယ်"

" ဟုတ်ပြီ နောက် နာရီဝက်နေရင် လာခေါ်မယ်"

'ဘုရားသခင် ဒါက သူ့ကို အချိန် သတ်မှတ်ပေးလိုက်တာလား။အဲအချိန်မှ မပြီးရင် လူကို ဆူပူမယ့်ရုပ်နဲ့..'

မိုင်ရိုစ်မှာ ကိုယ့်အချိန်ကို ကိုယ်တိုင်စီမံခန့်ခွဲသူဖြစ်ပြီး အဖေဖြစ်သူ၏ လွှမ်းမိုးမှုပင် မခံ။ 'သူ့ဆန်စား ရဲရတော့မှာပေါ့' ဟုသာ တွေးရင်း ရေကို မြန်မြန်ချိုးလိုက်သည်။

ထားပေးသော ခေါင်းလျှော်ရည်ကို တချက်ကြည့်လိုက်ပြီး အနံ့ခံလိုက်တော့ စိမ်းရွှေရွှေအနံ့ကြောင့် ဝေးဝေးကို ပို့လိုက်ပြီး သူ(မ)ပါလာသော ခေါင်းလျှော်ရည်ကိုသာ သုံးပြီး ခေါင်းလျှော်လိုက်သည်။

* ဒေါက်.. ဒေါက်.. *

" ကလေးမ နာရီဝက်ပြည့်ပြီ မပြီးသေးဘူးလား.."

" ခေါင်းလျှော်နေလို့ "

" မြန်မြန်"

' ညနေဘက်ကြီး ခေါင်းလျှော်တာ အအေးပက်တော့မှာပဲ'ဆိုသည့် ရေရွတ်သံသဲ့သဲ့ကို ကြားလိုက်ပြီး ခြေသံသည် တဖြေးဖြေး ဝေးသွားလေသည်။
မိုင်ရိုစ်လည်း ခေါင်းကို မြန်မြန်လျှော်ပြီး အင်္ကျီကို ကောက်စွပ် ဘောင်းဘီ အတိုကို ဝတ်ကာ လမ်းတလျှောက် ခေါင်းကို တဘက်ဖြင့် သုတ်ရင်း အောက်ကို ခပ်မြန်မြန် ဆင်းလာလိုက်သည်။

ထမင်းစားခန်းမှာ ထိုင်စောင့်နေသော အမျိုးသမီးကြောင့် ကိုယ်ရှိန်သတ်လိုက်ပြီး လမ်းကို တစ်လှမ်းချင်း သတိထား လျှောက်လိုက်သည်။

' နေပါအုံး ဘာလို့ အပြစ်လုပ်ထားတဲ့ ကလေးလို ခံစားနေရတာလဲ။သဘောကောင်းသယောင် ထင်ရတဲ့ မျက်နှာလှလှလေးက အရှိန်အဝါ တစ်မျိုးထွက်နေသလိုပဲ'

ထိုင်ခုံမှာ သတိကြီးကြီးထား၍ထိုင်လိုက်သည်။

" ရေပြောင်းမြေပြောင်းကို နေမကောင်းဖြစ်တတ်တယ်ကလေးမရဲ့။"

" ကလေးမ မဟုတ်ပါဘူး မိုင်ရိုစ်ပါ"

ထိုအမျိုးသမီးက မျက်လုံးလှန်ကြည့်သောကြောင့် လျှာရှည်မိသော လျှာကို နာနာလေးဖိကိုက်ထားလိုက်သည်။

" ဟုတ်ပြီ မိုင်ရိုစ်.. ဒါက အာလူးနဲ့ ဘဲဥနဲ့ ချက်တာ၊ဒါက ငရုတ်သီးကျော်၊ဒါက တို့စရာ"

" ဟင် ဒါပဲလားဟင်"

" ဒါပဲလေ.. မိန်းမတစ်ယောက်တည်းရှိတာ ဘယ်လောက်ချမ်းသာမယ်ထင်လို့လဲ"

'အိမ်အကြီးကြီးကိုမှ အားမနာ ပြောရဲတယ်' မိုင်ရိုစ်မှာ စိတ်ထဲက ချဉ်ချဉ်တူးတူးတွေးလိုက်သည်။အစားအသောက်က မတူလို့ မစားနိုင်ရသည့်ကြားက အသားဟင်းလေးတောင်မပါ။
မိုင်ရိုစ်မှာ ဘဲဥမစားချင်သည်နှင့် နီနီရဲရဲ ငရုတ်သီးကျော်ဆိုတာကို ဇွန်းတစ်ပြည့်ခပ်ထည့်လိုက်သည်။

ထိုအမျိုးသမီးမှာ တစ်ချက်သာ ကြည့်ပြီး ဘာမှတော့မပြော။ထို့နောက် ထမင်းနည်းနည်းနှင့် စားလိုက်သည်။
လျှာဖျားကနေ ပူစပ်သွားပြီး လည်ချောင်းတစ်လျှောက် ပူလောင်စွာ ဝင်သွားသည်။နားထဲက လေတို့ပင် ထွက်လာသလို..။

" ရေ .. ရေ"

နွေမှာ ပြုံးတုံ့တုံ့ မျက်နှာဖြင့် ထမင်းစားခန်းထောင့်တွင်ထားသော မြေအိုးထဲက ရေကို ခပ်တိုက်လိုက်သည်။

" သက်သာလား"

မိုင်ရိုစ်မှာ ခေါင်းသာညိတ်ပြနိုင်တော့သည်။အစပ်သက်သာသွားပင်မယ့် အားအင်တွေ ကုန်ခန်းသွားသလို ခံစားလိုက်ရသည်။

" စပ်တာကို ဘာလို့မပြောတာလဲ"

" မပြောချင်လို့ပေါ့"

" တော်ပြီ ထမင်းမစားတော့ဘူး"

ဖေဖေ့ကို စိတ်ကောက်တတ်သော ဉာဉ်ဆိုးလေး ပေါ်လာသည်။

" ထမင်းမစားရင် ညကျ ဆာနေလိမ့်မယ်။ဒါတွေက တို့စားပြီးရင် သွန်ပစ်တော့မှာ"

မိုင်ရိုစ်မှာ စိတ်တိုတိုနှင့် ထမင်းဖြူတွေသာ ခပ်စားနေတော့သည်။ထိုအချိန်တွင် ပန်းကန်ထဲ ရောက်လာသည့် အာလူးဖက်လေး..။ မိုင်ရိုစ် မော့ကြည့်လိုက်တော့ သူ့ထမင်းသူ ဘာမှ မလုပ်ထားသလို စားနေသည့် အမျိုးသမီးကိုသာ တွေ့ရသည်။

နွေ၏ စိတ်ထဲတွင်တော့ ရယ်ချင်စိတ်ကို အတင်းမြိုချကာ ရုပ်တည်ကြီး လုပ်နေရသည်မှာ ‌လွယ်တော့မလွယ်။
ငရုတ်သီးစပ်၍ မျက်ရည်တို့သည် ထိုမိန်းကလေး၏ မျက်တောင်ဖျားပေါ်တွင် ခိုတွယ်နေသည်မှာ တော်တော်လှသည်ဟုထင်မိသည်။နှာခေါင်းနှင့် ပါးမို့မို့လေးသည် ရဲတက်လာပြီး ဖျစ်ညှစ်ချင်စဖွယ်။ပီဘိ ကလေးငယ်နှင့် တူလှသည်။ပြုံးခဲလှသောနွေသည်ပင် ရယ်ချင်နေပေတော့သည်။

..နှစ်ဆွေးဆူး..

words - 1201

ရေးပြီးသားမို့ တစ်နေ့ တစ်ပိုင်း တင်ပေး‌မယ် ဟီး🤭

..

Zawgyi..

" ဒီက ညီမေလး လမ္းခရီးမွာ အဆင္ေျပရဲ႕လား.."

" ဟုတ္ ေျပပါတယ္အစ္မ၊ ေတြ႕ရတာ ဝမ္းသာပါတယ္"

မိုင္႐ိုစ္ကမ္းေပးလိုက္သည့္ လက္ကို ထိုအမ်ိဳးသမီးက အျပဳံးေလးႏွင့္ ျပန္ဆုပ္ကိုင္သည္။ရင္ခုန္ႏႈန္းသည္ တေျဖးေျဖးျမန္လာၿပီး အလိုလို ေပ်ာ္႐ႊင္မႈကို ခံစားလာရသည္။ေပ်ာက္ဆုံးေနေသာ ႏွလုံးသား တျခမ္းကို ေတြ႕လိုက္ရသည့္ႏွယ္ ႏွလုံး‌သားေလးမွာ ေပ်ာ္ျမဴး ခုန္ေပါက္ေနေပသည္။မိုင္႐ိုစ္မွာ ရင္ခုန္းႏႈန္းကို ထိန္းရင္း..

" ႐ိုစ္ နာမည္က မိုင္႐ိုစ္က‌က္သရင္းႏိုဒယ္ပါ။မိုင္႐ိုစ္လို႔ ေခၚလို႔ရပါတယ္။ဒါနဲ႔ အစ္မနာမည္ကေရာဟင္.."

အစ္မက မိုင္႐ိုစ္၏ ခရီးေဆာင္အိတ္ကို ကူဆြဲေပးၿပီး

" မိုင္႐ိုစ္ နာမည္ကို တို႔သိၿပီးပါၿပီ။ တို႔နာမည္က ေႏြခီယာဝန္းပါ.. မိုင္႐ိုစ္ ေခၚလို႔ရမယ္မထင္ဘူး..'

အေပၚထပ္တက္မည့္ ေလွကားကို တဆင့္ခ်င္း ဂ႐ုတစိုက္ တက္ရင္း ထိုအမ်ိဳးသမီးက ေျပာသည္။

" ဒါဆို ဟန္နီလို႔ ေခၚရမလား.."

" အို!"

ေဘးတေဇာင္းျမင္ေနရေသာ ပါးမို႔မို႔ေလးသည္ ႐ုတ္ခ်ည္းနီျမန္းသြားေလသည္။

" တို႔က အသက္ႀကီးတာေလ ကေလးမရဲ႕"

" အသက္ႀကီးရင္ မေခၚရေတာ့ဘူးတဲ့လား.."

ေႏြသည္ လွမ္းလက္စ ေျခလွမ္းတို႔ ရပ္သြားၿပီး ႏႈတ္ခမ္းကို ကိုက္ရင္း တစ္ခ်က္စဥ္းစားသည္။

" တို႔မသိပါဘူး မင္းဖာသာ ေခၚခ်င္သလိုေခၚ.."

အားေကာင္းေမာင္းသန္ အမ်ိဳးသမီးသည္ နား႐ြက္ဖ်ားတို႔ နီရဲသြားၿပီး ခရီးေဆာင္အိတ္ကို မ ရင္း အခန္းတစ္ခုထဲ ခပ္သြက္သြက္ ဝင္သြားေလသည္။

မိုင္႐ိုစ္၏ ႏွလုံးသားေလးသည္လည္း ခုန္ေပါက္ျမဴးထူးၿပီး လိုက္ပါသြားေလသတည္း..။

..

သစ္သားကုတင္သည္ အခန္းေထာင့္စြန္းတြင္ ႐ွိေနၿပီး ကုတင္၏ ခပ္လွမ္းလွမ္း႐ွိ ျပတင္းေပါက္ေဘးတြင္ စာဖတ္ရန္ သစ္သားထိုင္ခုံႏွင့္ စားပြဲကို ခ်ေပးထားသည္။အခန္းသည္ အလင္းေရာင္ ေကာင္းစြာရၿပီး ေတာ္ေတာ္ေလး က်ယ္ဝန္းသည္ဟု ေျပာရမည္။အခန္းထဲထဲတြင္ ဗီ႐ိုတစ္ခုလည္း႐ွိသည္။ျပတင္းမွ လွမ္းၾကည့္လိုက္ရင္ အိမ္အ‌ေနာက္ဘက္က ျခံဝန္းကို အတိုင္းသား ျမင္ေနရၿပီး သီးပင္၊စားပင္ စိမ္းစိမ္းစိုစိုတို႔မွာ အျမင္ေအးေစသည္။ညေနေစာင္းၿပီ ျဖစ္ေသာေၾကာင့္ တစ္အိမ္လုံး လွ်ပ္စစ္ မီးေရာင္တို႔ျဖင့္ လင္းထိန္သြားသည္။

ေရခ်ိဳးခန္း၊ အိမ္သာကိုပါ ေႏြက တစ္ခါတည္းလိုက္ျပသည္။ေခတ္မွီသည့္ ဘိုထိုင္အိမ္သာႏွင့္ ေရခ်ိဳးခန္းတြင္လည္း ေရပန္းတို႔ကို ထားသည္။

" အိမ္သားေတြေရာ မေတြ႕သလိုပဲ"

" တို႔ တစ္ေယာက္တည္း ေနတာ။အသက္သုံးဆယ္႐ွိၿပီျဖစ္တဲ့ မိန္းမတစ္ေယာက္အတြက္ အေဖာ္ဆိုတာလည္း မလိုေတာ့ပါဘူး။"

မိုင္႐ိုစ္ မ်က္ခုံးတို႔ စုၾကဳံ႕မိသြားသည္။ထိုအမူအရာသည္ သူ(မ)တစ္ခုခုကို မေက်နပ္လွ်င္ လုပ္ေနက် အမူအရာျဖစ္သည္။

' ဘယ္အသက္အ႐ြယ္ပဲ ေရာက္ေရာက္ အေဖာ္က လိုတာပဲေလ။အသက္ႀကီးရင္ ပိုေတာင္ လိုေသးတယ္' စိတ္ထဲကေန မေက်မနပ္ ေရ႐ြတ္လိုက္ သည္။

" ဒါဆို ညစာ အရင္စားမလား.. ေရခ်ိဳးၿပီးမွ စားမလား.."

" ေရခ်ိဳးၿပီးမွ စားေတာ့မယ္"

" ဟုတ္ၿပီ ေနာက္ နာရီဝက္ေနရင္ လာေခၚမယ္"

'ဘုရားသခင္ ဒါက သူ႕ကို အခ်ိန္ သတ္မွတ္ေပးလိုက္တာလား။အဲအခ်ိန္မွ မၿပီးရင္ လူကို ဆူပူမယ့္႐ုပ္နဲ႔..'

မိုင္႐ိုစ္မွာ ကိုယ့္အခ်ိန္ကို ကိုယ္တိုင္စီမံခန္႔ခြဲသူျဖစ္ၿပီး အေဖျဖစ္သူ၏ လႊမ္းမိုးမႈပင္ မခံ။ 'သူ႕ဆန္စား ရဲရေတာ့မွာေပါ့' ဟုသာ ေတြးရင္း ေရကို ျမန္ျမန္ခ်ိဳးလိုက္သည္။

ထားေပးေသာ ေခါင္းေလွ်ာ္ရည္ကို တခ်က္ၾကည့္လိုက္ၿပီး အနံ႔ခံလိုက္ေတာ့ စိမ္းေ႐ႊေ႐ႊအနံ႔ေၾကာင့္ ေဝးေဝးကို ပို႔လိုက္ၿပီး သူ(မ)ပါလာေသာ ေခါင္းေလွ်ာ္ရည္ကိုသာ သုံးၿပီး ေခါင္းေလွ်ာ္လိုက္သည္။

* ေဒါက္.. ေဒါက္.. *

" ကေလးမ နာရီဝက္ျပည့္ၿပီ မၿပီးေသးဘူးလား.."

" ေခါင္းေလွ်ာ္ေနလို႔ "

" ျမန္ျမန္"

' ညေနဘက္ႀကီး ေခါင္းေလွ်ာ္တာ အေအးပက္ေတာ့မွာပဲ'ဆိုသည့္ ေရ႐ြတ္သံသဲ့သဲ့ကို ၾကားလိုက္ၿပီး ေျခသံသည္ တေျဖးေျဖး ေဝးသြားေလသည္။
မိုင္႐ိုစ္လည္း ေခါင္းကို ျမန္ျမန္ေလွ်ာ္ၿပီး အက်ႌကို ေကာက္စြပ္ ေဘာင္းဘီ အတိုကို ဝတ္ကာ လမ္းတေလွ်ာက္ ေခါင္းကို တဘက္ျဖင့္ သုတ္ရင္း ေအာက္ကို ခပ္ျမန္ျမန္ ဆင္းလာလိုက္သည္။

ထမင္းစားခန္းမွာ ထိုင္ေစာင့္ေနေသာ အမ်ိဳးသမီးေၾကာင့္ ကိုယ္႐ွိန္သတ္လိုက္ၿပီး လမ္းကို တစ္လွမ္းခ်င္း သတိထား ေလွ်ာက္လိုက္သည္။

' ေနပါအုံး ဘာလို႔ အျပစ္လုပ္ထားတဲ့ ကေလးလို ခံစားေနရတာလဲ။သေဘာေကာင္းသေယာင္ ထင္ရတဲ့ မ်က္ႏွာလွလွေလးက အ႐ွိန္အဝါ တစ္မ်ိဳးထြက္ေနသလိုပဲ'

ထိုင္ခုံမွာ သတိႀကီးႀကီးထား၍ထိုင္လိုက္သည္။

" ေရေျပာင္းေျမေျပာင္းကို ေနမေကာင္းျဖစ္တတ္တယ္ကေလးမရဲ႕။"

" ကေလးမ မဟုတ္ပါဘူး မိုင္႐ိုစ္ပါ"

ထိုအမ်ိဳးသမီးက မ်က္လုံးလွန္ၾကည့္ေသာေၾကာင့္ လွ်ာ႐ွည္မိေသာ လွ်ာကို နာနာေလးဖိကိုက္ထားလိုက္သည္။

" ဟုတ္ၿပီ မိုင္႐ိုစ္.. ဒါက အာလူးနဲ႔ ဘဲဥနဲ႔ ခ်က္တာ၊ဒါက င႐ုတ္သီးေက်ာ္၊ဒါက တို႔စရာ"

" ဟင္ ဒါပဲလားဟင္"

" ဒါပဲေလ.. မိန္းမတစ္ေယာက္တည္း႐ွိတာ ဘယ္ေလာက္ခ်မ္းသာမယ္ထင္လို႔လဲ"

'အိမ္အႀကီးႀကီးကိုမွ အားမနာ ေျပာရဲတယ္' မိုင္႐ိုစ္မွာ စိတ္ထဲက ခ်ဥ္ခ်ဥ္တူးတူးေတြးလိုက္သည္။အစားအေသာက္က မတူလို႔ မစားႏိုင္ရသည့္ၾကားက အသားဟင္းေလးေတာင္မပါ။
မိုင္႐ိုစ္မွာ ဘဲဥမစားခ်င္သည္ႏွင့္ နီနီရဲရဲ င႐ုတ္သီးေက်ာ္ဆိုတာကို ဇြန္းတစ္ျပည့္ခပ္ထည့္လိုက္သည္။

ထိုအမ်ိဳးသမီးမွာ တစ္ခ်က္သာ ၾကည့္ၿပီး ဘာမွေတာ့မေျပာ။ထို႔ေနာက္ ထမင္းနည္းနည္းႏွင့္ စားလိုက္သည္။
လွ်ာဖ်ားကေန ပူစပ္သြားၿပီး လည္ေခ်ာင္းတစ္ေလွ်ာက္ ပူေလာင္စြာ ဝင္သြားသည္။နားထဲက ေလတို႔ပင္ ထြက္လာသလို..။

" ေရ .. ေရ"

ေႏြမွာ ျပဳံးတုံ႔တုံ႔ မ်က္ႏွာျဖင့္ ထမင္းစားခန္းေထာင့္တြင္ထားေသာ ေျမအိုးထဲက ေရကို ခပ္တိုက္လိုက္သည္။

" သက္သာလား"

မိုင္႐ိုစ္မွာ ေခါင္းသာညိတ္ျပႏိုင္ေတာ့သည္။အစပ္သက္သာသြားပင္မယ့္ အားအင္ေတြ ကုန္ခန္းသြားသလို ခံစားလိုက္ရသည္။

" စပ္တာကို ဘာလို႔မေျပာတာလဲ"

" မေျပာခ်င္လို႔ေပါ့"

" ေတာ္ၿပီ ထမင္းမစားေတာ့ဘူး"

ေဖေဖ့ကို စိတ္ေကာက္တတ္ေသာ ဉာဥ္ဆိုးေလး ေပၚလာသည္။

" ထမင္းမစားရင္ ညက် ဆာေနလိမ့္မယ္။ဒါေတြက တို႔စားၿပီးရင္ သြန္ပစ္ေတာ့မွာ"

မိုင္႐ိုစ္မွာ စိတ္တိုတိုႏွင့္ ထမင္းျဖဴေတြသာ ခပ္စားေနေတာ့သည္။ထိုအခ်ိန္တြင္ ပန္းကန္ထဲ ေရာက္လာသည့္ အာလူးဖက္ေလး..။ မိုင္႐ိုစ္ ေမာ့ၾကည့္လိုက္ေတာ့ သူ႕ထမင္းသူ ဘာမွ မလုပ္ထားသလို စားေနသည့္ အမ်ိဳးသမီးကိုသာ ေတြ႕ရသည္။

ေႏြ၏ စိတ္ထဲတြင္ေတာ့ ရယ္ခ်င္စိတ္ကို အတင္းၿမိဳခ်ကာ ႐ုပ္တည္ႀကီး လုပ္ေနရသည္မွာ ‌လြယ္ေတာ့မလြယ္။
င႐ုတ္သီးစပ္၍ မ်က္ရည္တို႔သည္ ထိုမိန္းကေလး၏ မ်က္ေတာင္ဖ်ားေပၚတြင္ ခိုတြယ္ေနသည္မွာ ေတာ္ေတာ္လွသည္ဟုထင္မိသည္။ႏွာေခါင္းႏွင့္ ပါးမို႔မို႔ေလးသည္ ရဲတက္လာၿပီး ဖ်စ္ညႇစ္ခ်င္စဖြယ္။ပီဘိ ကေလးငယ္ႏွင့္ တူလွသည္။ျပဳံးခဲလွေသာေႏြသည္ပင္ ရယ္ခ်င္ေနေပေတာ့သည္။

..ႏွစ္ေဆြးဆူး..

words - 1190

ေရးၿပီးသားမို႔ တစ္ေန႔ တစ္ပိုင္း တင္ေပး‌မယ္ ဟီး🤭

Continue Reading

You'll Also Like

6.9M 442K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...
TPITWOHEF By Aduwei

Historical Fiction

95.7K 1.3K 200
NOT MY WORK, NOR MY TRANSLATION! For Offline Reading Only The Princess's Inner Thoughts Were Overheard by Her Emperor Father Author(s) 红豆煮水
2.5M 397K 66
Everything changed the day the King ordered me to seduce his son and bring him back to the Kingdom. He was my best friend. As per the order of things...
125K 15.6K 95
စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း