မြကြိုင် (Completed)

By TAIN_YAN_THWAY

2.2K 177 2

မြကြိုင် More

မြကြိုင် (၁)
မြကြိုင် (၂)
မြကြိုင် (၃)
မြကြိုင် (၄)
မြကြိုင် (၅)
မြကြိုင် (၆)
မြကြိုင် (၇)
မြကြိုင် (၈)
မြကြိုင် (၉)
မြကြိုင် (၁၀)
မြကြိုင် (၁၁)
မြကြိုင် (၁၂)
(၁) Zawgyi
(၂) Zawgyi
(၄) Zawgyi
(၅) Zawgyi
( ၆) Zawgyi

(၃) Zawgyi

5 0 0
By TAIN_YAN_THWAY

"မြကြိုင်ရေ.."

"အနု ဝင်ခဲ့လေ"

မနက်စောစော ပန်းသီနေတဲ့ မြကြိုင်က သူငယ်ချင်း ဖြစ်တဲ့ နုနုကို လှမ်းခေါ်တယ်။ နုနုက မြကြိုင်ရဲ့ အနားမှာ ထိုင်လိုက်ရင်း ကြက်ဥတွေ ပါလာတဲ့ဈေးခြင်းတောင်းကို ဖြည်းဖြည်းလေးချတယ်။

"ရေသောက်မလား အနု"

နုနု က ခေါင်းခါတယ်။ပြီးတော့ မြကြိုင်ကို ကြည့်တယ်။

"ရွာကိုလေ ဆရာအသစ်ရောက်မယ်တဲ့"

"အေး"

မြကြိုင်ဟာ သိပ်ပြီး စိတ်ဝင်စားတဲ့ပုံစံမပြဘူး၊ သူ့ စံပယ်ပန်းကို နမ်းကြည့်လိုက်၊ သီလိုက်လုပ်နေတယ်။

"ရွာလူကြီးက မနေ့က ငါ့ကို မှာလိုက်တယ်"

"ဘာကိုလဲ"

"ကျောင်းဆရာလေး အိမ်ကို နေ့တိုင်းရေဖြည့်ပေးဖို့ ပြောပေးပါတဲ့၊ ငါ့ကို ပြောခိုင်းလိုက်လို့"

"အေးလေ ငါလုပ်မှာပေါ့၊ ရေဖိုးပေးမှာမလား"

မြကြိုင်က စကားပြောရင်း စံပယ်ပန်းကုံး ကို ယိုးဒယားကလစ် အသေးလေးနဲ့ ညှပ်ပန်လိုက်တယ်။

"အေးပေါ့၊ ဒါပေမဲ့ သူပေးမယ်တဲ့၊ ကျောင်းဆရာ ဆီက မတောင်းနဲ့တဲ့"

မြကြိုင်ဟာ ခေါင်းလေးတညိတ်ညိတ်နဲ့ အင်း လို့ ဆိုတယ်။

"အေး ငါသဘောပေါက်ပြီ"

မြကြိုင်ဟာ သူ့ပန်းပန်တဲ့ ကိစ္စပြီးတဲ့အခါ နုနုဘက်ကို အသေအချာ လှည့်ကြည့်တယ်။ မြကြိုင် အလှကြိုက်တာကိုတော့ သူငယ်ချင်းဖြစ်တဲ့ နုနု အပြင် တစ်ရွာလုံး  အသေအချာသိပါရဲ့။ သိဆို  ဘယ်အချိန်ကြည့်ကြည့် မြကြိုင်က သနပ်ခါးနဲ့ ပါးကွက်ကြားနဲ့လေ။ မနက်စောစောစီးစီးမှာတောင် မြကြိုင်က ပန်းလေးပန်ပြီး နှုတ်ခမ်းနီ ဆိုးပြီးနေပြီ။ မြကြိုင်ဟာ အဲသည်လိုပဲ။ အလှပြင်ပြီးမှ ကျန်တဲ့ အလုပ်တွေ ဆက်လုပ်တတ်တယ်။

နုနုဟာ မြကြိုင်ကို အသေအချာလေးကြည့်နေတယ်။ နုနုရဲ့ စိတ်ထဲမှာ မြကြိုင်က မိန်းမတစ်ယောက်လိုပဲ။

"ဟဲ့ အနု"

"အေး"

"ငါ လှပြီလား"

နုနုက ခေါင်းလေးညိတ်လို့ ထောက်ခံတယ်။ နုနု စိတ်ထဲမှာလည်း မြကြိုင်က လှပါတယ်။

"ဒါဖြင့် ငါသွားပြီနော်"

"အေးအေး"

မြကြိုင်ဟာ နုနု ပြန်သွားတဲ့အခါ မှ ဈေးထွက်ဖို့ ပြင်တယ်။ ဈေးထွက်တဲ့ အခါတော့ မြကြိုင် တစ်ခါတလေမှ ပန်းပန်ပြီး နှုတ်ခမ်းနီဆိုးဖြစ်ပါတယ်။  မြကြိုင်က အိမ်နေရင်းမှာပဲ အလှပြင်လေ့ရှိတယ်လေ။  ပလတ်စတစ် ဆွဲခြင်းအပြာရောင်လေးကို ကိုင်ပြီး ကတ္တီပါ ဖိနပ် အညိုလေးကို ထုတ်စီးတယ်။ မြကြိုင်ဟာ ဒီ ကတ္တီပါ ဖိနပ်ကလေးကို သိပ်သဘောကျတယ်။ တစ်ခါတလေမှပဲ ဒီဖိနပ်လေးကို ထုတ်စီးပေမဲ့ ဖုန်မတက်အောင်လည်း အမြဲ ဂရုစိုက်ပြန်တယ်။

မြကြိုင်တို့အိမ်မှာ သော့မရှိဘူး။ မြကြိုင်တို့ ရွာလေးထဲမှာ ဘယ်သူမဆို အပြင်သွားရင် အရေးတယူ သော့ခတ်တာမျိုးလည်း မရှိကြဘူးလေ။ စေ့ရုံကလေးစေ့ ပြီး ထားခဲ့ကြတာပဲ။ အချို့ အတော်ကလေး ပိုက်ဆံရှိမှ သော့ခတ်ကြတာ။

မြကြိုင်တို့ကတော့ ရှင်းတယ်။ သော့လည်းမခတ်ဘူး၊ သော့လည်း မလိုဘူး။

ဈေးထဲကို မြကြိုင်ရောက်တော့ ဈေးတောင် ကွဲတော့မယ်။ ရွာဈေးက ဒီလိုပဲ။ မနက် ၇ နာရီလောက်ဆိုရင် ဈေးမှာ လူတွေ သိပ်မရှိကြတော့ဘူး။

"‌မမရေ"

မြကြိုင်ဟာ ဝယ်နေကျ ဟင်းရွက်သည်ကို အသံအနိမ့်အမြင့်လေးနဲ့ ခေါ်တယ်။

"ချဉ်ပေါင်ရွက် ဘယ်လောက်လဲ"

" တစ်စည်းကို နှစ်ဆယ်၊ ငါးဆယ်ဖိုး သုံးစည်း"

"ချဉ်ပေါင်က ငါးဆယ်ဖိုး၊ ဂေါ်ဖီက တစ်စိတ်"

မြကြိုင်က တစ်လက်စတည်း ငရုတ်သီး အပုလေးတွေကို လက်ညိုးလေး ထိုးပြတယ်။

"ဟိုငရုတ်သီးလေးက တစ်ဘူး‌နော်၊ အားလုံး ဘယ်လောက်လဲ"

"နှစ်ရာ"

မြကြိုင်ဟာ  လိပ်ပြီး ကိုင်လာတဲ့ ပိုက်ဆံလေးကို ရေတယ်။

"ဒီမှာနော်"

မြကြိုင်က ပိုက်ဆံ နှစ်ရာတန်လေးကို ပေးပြီးတဲ့အခါ အသားတန်း‌ဘက်ကို ဆက်လျှောက်တယ်။
မြကြိုင် က အသားဟင်းကြိုက်တဲ့သူတော့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခါတလေ ဆိုရင်တော့ စိတ်လိုလက်ရ ချက်စားတတ်တယ်။

မြကြိုင် အိမ်ပြန်ရောက်တော့ မြန်မြန်ဆန်ဆန်ပဲ ချက်ပြုတ်ရတယ်။ ခဏနေရင် ရေထမ်းထွက်ရတော့မှာကိုး။

မြကြိုင်ဟာ ပုစွန်တွေကို အရင်ဆေးကြောတယ်။ မြကြိုင်က ပုစွန်ကို ကြော်ရင် အမြဲ အခွံကို ချွတ်၊ ချေးကြောင်းတွေ ဖယ်၊ ခေါင်းတွေ ဖြုတ်ပြီးမှ ကြော်တတ်တယ်။

"အင်း အမြီးဖြုတ်၊ ခေါင်းဖြုတ်နဲ့ ပုစွန်ငါးရာဖိုးကလည်း ဘာမှ ကို မကျန်ပါဘူး"

မြကြိုင်ဟာ ပုစွန်ဝယ်လာတိုင်း ပြောနေကျစကားကို ပြောပြီးတာနဲ့ ပုစွန်ကို ကြော်ဖို့ပြင်တယ်။ ပဲငံပြာရည်နဲ့ နယ်ထားတဲ့ ပုစွန်ကို ဆီပူပူထဲ ထည့် ကြော်ပြီးတာနဲ့ မြကြိုင်က ချဉ်ပေါင်ရွက်ကိုလည်း သင်ပြီးသားပဲ။ ချဉ်ပေါင်ကို အရည်လေးနည်းနည်းနဲ့ ချက်နေတဲ့ အချိန်မှာ မြကြိုင်က မုန့်ပေါင်းပူပူလေးကို တစ်ကိုက်ချင်းကိုက်စားရင်း အရသာခံတယ်။ အုန်းသီးဖွေးဖွေးလေးတွေနဲ့ မုန့်ပေါင်းကို မြကြိုင်အကြိုက်ဆုံးပဲ။

ထမင်းကျက် ဟင်းကျက်တဲ့အခါ မြကြိုင်က မီးဖိုပေါ်ကို ရေနွေးအိုးလေးတင်တယ်။ နောက်ပြီး ရေထမ်းထွက်ဖို့ ပြင်တော့တယ်။

မြကြိုင်ဟာ ရေထမ်းထွက်ချိန်မှာတော့ နှုတ်ခမ်းနီလေးနဲ့ ပါးကွက်ကလေးကို ဖျက်လိုက်တယ်။ ပြီးတော့မှ ဆံပင်လေးကို သေချာဖြီးပြီး လှလှကလေးထွက်တယ်။ ဒါပေမဲ့ ဖိနပ်ကလေးကတော့ အနောက်ဘက်က ပါးနေတဲ့ သားရေဖိနပ်ကလေးပါပဲ။

ရေတံပိုးလေးနဲ့ ရေပုံးလေးကို ညာဘက်ပခုံးပေါ်တင်ပြီး မြကြိုင်ဟာ ရေတွင်းဆီကို ဦးတည်လိုက်တယ်။ နေ့တိုင်း ပုံမှန်ဖြည့်ရတဲ့ အိမ်တွေကို အရင်ဖြည့်ဖို့ သွက်သွက်ကလေး လျှောက်လိုက်တယ်။

"မြကြိုင် လာပြီလား"

မြကြိုင်ဟာ သွားလေးတွေပေါ်တဲ့ အထိ  ပြုံးပြ ရင်း ပြန်နှုတ်ဆက်လိုက်တယ်။ အသံကတော့ မထွက်နိုင်တော့ဘူး။ မြကြိုင် ပခုံးပေါ် ရေတံပိုးနဲ့လေ။

ဒီလိုပဲ မြကြိုင်ဟာ တစ်အိမ်ဝင် တစ်အိမ်ထွက် ရေလိုက်ဖြည့်တယ်။ အဖိုးအဖွား တွေရဲ့ အိမ်တွေရောက်ရင် သောက်ရေ လိုသလား မေးပြီး ဝင်ဖြည့်ခဲ့တယ်။

ရေထမ်းထားတဲ့ မြကြိုင်က နွဲ့နွဲ့ကလေး မဟုတ်တော့ဘဲ ခြေကို သွက်သွက်ကလေး လှမ်းရင်း သွားနေတယ်။ ပုဆိုးအနားတွေဆိုရင် ရေလေးတွေ စိုရွှဲနေလေရဲ့။

*****

ညဘက်ဆိုရင် မြကြိုင်ဟာ ကြယ်လေးတွေကို ကြည့်တတ်တယ်။ ကြယ်စုံတဲ့ ညများဆိုရင် မြကြိုင်တစ်ယောက် ညနက်တဲ့ အထိ ကြယ်တွေကို မော့ကြည့်နေတော့တာပဲ။ အဲဒီလိုမျိုး မြကြိုင်ဟာ ကြယ်တွေ မရှိရင်တော့ ကက်ဆက်လေးဖွင့်ပြီး သီချင်းလေး နားထောင်နေလေ့ရှိတယ်။ ကက်ဆက်ဆိုလို့ သစ်လွင်တာမျိုး မဟုတ်ပါဘူး။ အခြားသူတွေ အိမ်မှာ တီဗီတွေရှိနေတဲ့အချိန် မြကြိုင် မှာ ဒီ ကက်ဆက်လေးပဲရှိတာလေ။အဖေ့လက်ထက်က ပစ္စည်းလေး မလို့လည်း မြကြိုင်က ရိုရိုသေသေလေး သုံးရှာပါတယ်။ ဒါကြောင့်မလို့လည်း ဒီကက်ဆက်လေးရော၊ တိတ်ခွေလေးတွေရော မပျက်မစီး ရှိနေတုန်းပဲ။

ဒီနေ့ လလည်း မသာဘူး၊ ကြယ်လည်း မစုံဘူး။ မိုးသံတဖျောက်ဖျောက် ကျနေတော့ ကြယ်တွေလည်း မလင်းနိုင်ကြဘူး။ မြကြိုင်က အိပ်ခန်းထဲက  ကက်ဆက်ကို ယူပြီး အိမ်ပြင်ဘက်မှာ ချတယ်။ ပြီးတော့ အကြိုက်ဆုံး အခွေကို ဖွင့်တယ်။

တဂျောက်ဂျောက် နဲ့ ခလုတ်တွေ နှိပ်ပြီးတဲ့အခါ
မြကြိုင် ကြားချင်တဲ့ သီချင်းလေးကို ကြားရပါပြီ။

"မူယာလေးမော့မော့ ဆံနွယ်ကျော့ကျော့မှာ.."

မြကြိုင်ဟာ မျက်လုံးလေးမှိတ်ပြီး နားထောင်တယ်။ ဒီသီချင်းကို မြကြိုင် သိပ်ကြိုက်တာလေ။ အဆိုတော် စံလင်းရဲ့ သီချင်းလေး၊ မြကြိုင်ဘယ်လောက်နားထောင်ပါစေ ရိုးမသွားတဲ့ သီချင်းလေးပါပဲ။

ခဏနေတော့ မိုးက ပိုပြီးရွာလာတယ်။ မြကြိုင်လည်း အိမ်ရှေ့ကနေ နေရာရွှေ့ရတော့တယ်။ အိမ်ရှေ့ဘက်မှာက မိုးတအားရွာရင် မိုးပက်တော့ မြကြိုင်ဟာ ကက်ဆက်လေးကို ပိုက်ပြီး အိမ်ထဲ ဝင်ရတော့တာပဲ။

မိုးရွာတဲ့ အသံကြားရင် မြကြိုင် အိပ်မပျော်ဘူး။ ဒါပေမဲ့လည်း ကြိုးစား အိပ်ရတာပါပဲ။ လူးလူးလိမ့်လိမ့်နဲ့ မြကြိုင်ဟာ အိပ်ရာထဲ အိပ်မပျော်ဘဲဖြစ်နေတယ်။

"တိတ်တော့လေဟယ်"

မြကြိုင်ဟာ သက်ပြင်းကလေးချရင်းက မိုးကို လှမ်းပြောတယ်။ မိုးရွာတာ တားလို့ မရမှန်း မြကြိုင်သိပါရဲ့။ ဒါပေမဲ့လည်း တားချင်တာကိုး။

မြကြိုင်က အိပ်မပျော်တဲ့ အဆုံး မီးထွန်းဖို့ ပြင်တယ်။ ဖယောင်းတိုင် ကို ခြင်ထောင် အပြင်မှာ ထွန်းပြီး မြကြိုင်က ခြင်ထောင်ထဲမှာ လှဲနေတယ်။

ဒီလိုညတွေမှာ မြကြိုင် တစ်ယောက် တည်း တောင်တောင်မြောက်မြောက် လျှောက်တွေးနေတတ်တယ်။ ဥပမာဆိုရင် လူတွေက ဘာလို့ ရေကို သောက်ကြတာလဲ ဆိုတာမျိုး။ ဘာလို့ ဗိုက်ဆာရင် ထမင်းစားကြတာလဲ ဆိုတာမျိုး။

မီးမငြိမ်းမချင်း မြကြိုင်တစ်ယောက် အခုလိုပဲ တွေးနေတတ်တယ်။ မီးငြိမ်းသွားရင် မိုးစဲသလား ကြည့်တယ်။ မိုးစဲရင် မြကြိုင်က အိပ်တယ်။ မိုးဆက်သည်းနေရင်တော့ မြကြိုင်ဟာ မောက်ထပ်ဖယောင်းတိုင်တစ်ချောင်းကို ထွန်းရင်း တွေးချင်တာကို ဆက်တွေးပါတော့တယ်။

ကံကောင်းချင်တော့  ဖယောင်းတိုင် တစ်တိုင်ကုန်တဲ့ အခါ မိုးက စဲသွားတယ်။ မြကြိုင်လည်း စောင်ပါးလေးကို ခြုံရင်း အိပ်ဖို့ ကြိုးစားရတော့တယ်။

မြကြိုင်ရဲ့ခေါင်မိုးဆီကတော့ မိုးသံလေးတွေကို ခပ်တိုးတိုးလေး ကြားနေရတုန်းပဲ။ လေလေးတွေကလည်း ဝေ့လို့။

******










Continue Reading

You'll Also Like

937K 27K 43
Athena is trying to adjust in her newfound freedom but she is forcefully ripped away from it. But sometimes bad things happen for better!
7.6K 234 2
Just Pieces..... *may be deleted *No guarantee cover photo က လက်​​ဆောင်​ရထားတာပါ.... ​ကျေးဇူးအများကြီးတင်​ပါတယ်​ 💞💞
Alina By ihidethisapp

General Fiction

1.5M 38.8K 78
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
9.4K 905 39
အချစ်က..........ခါးတဲ့ ဘယ်သူ့အတွက်ခါးတာလဲ