Ch-55 အရက်မူးနေသောရှန်ရှောက်ချင်
အုတ်ဂူအားနှုတ်ဆက်စကားပြောပြီးသည်နှင့် မိမိသည်သရဲမရှုဝေ့ရှန်အပြင်ဟုန်ရှောင်ပေ့နှင့်ကယ်ဗင်ကိုပါ ဘယ်တော့မှထပ်မတွေ့ရတော့ပေ။သူတို့သုံးဦးမှာ မိမိဘဝတွင်ဖြတ်သွားခဲ့သည့်ဥက္ကာပျံတစ်စင်းအလားပင်။သူတို့သည်ဘယ်တုန်းကမှပေါ်မလာခဲ့ဘူးသလို လှစ်ကနဲပင်။
စုယန်သည်သူ၏ပရော်ဖက်ဆာရာထူးမှနှုတ်ထွက်ခဲ့သည်။သူသည်ဤသီးသန့်ဖန်တီးမှုအပေါ် လက်လျှော့ပစ်လိုက်ပြီဟုပြောခဲ့သည်။သူသည်နှစ်သက်ခြင်းမခံရသည့်ကိုယ်လုပ်တော်တစ်ဦးဖြစ်နေသည့်အလား မိမိထံညစ်တစ်တစ်အကြည့်တစ်ချက်ပေးလာသည်။
သူကငါ့ကိုအပြစ်တင်နေတာလား။
တည်ငြိမ်မှုသည်မိမိတို့ဘဝများထံပြန်ရောက်လာခဲ့သည်။ထိုသည်မှာဖန်ခွက်တစ်ခုထဲရှိရေအားကြည့်နေရသည်နှင့်နှိုင်းယှဉ်လို့ရသည်။ထိုသည်မှာ တုန်ခါမှုအနည်းငယ်မျှပင်မရှိခဲ့ပေ။လတ်တလော၌ စုယန်သည်သူ၏'မှီငြမ်းဖို့လစ်လပ်ေနတယ်' ဆိုသည့်စကားစုအတွင်းရှိနေသည်။နေ့စဉ်နေ့တိုင်းသူသည်ဘာအလုပ်မှမလုပ်ဘဲပျင်းရိနေပေလိမ့်မည်။မိမိမှာသူပေးသလောက်လစာဖြင့်သာလုံးလုံးတင်းတိမ်နေရသည်။
*ဘန်း ဘန်း ဘန်း*
ဤကဲ့သို့ပုံမျိုးနှင့်တစ်ပတ်အကြာနေပြီးသော် ညတစ်ညတွင် မိမိတို့၏ငြိမ်းချမ်းနေသည့်လေထုအားပျံ့ကျဲသွားစေသည့် အလောတကြီးတံခါးခေါက်သံများ မိမိတို့တံခါး၌ထွက်လာခဲ့သည်။ထိုအချိန်ကသန်းခေါင်ယံကြီးဖြစ်နေပြီး မိမိမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။
အမှန်မှာ ခေါက်သည်ဆိုသည့်အသုံးမှာမမှန်ပါပေ။ရိုက်ချိုးနေသည်ဆိုသည်ကမှပိုတူနေသေးသည်။
"ဘယ်သူလဲဟာ..."
မိမိသည်စိတ်တိုတိုဖြင့်အော်လိုက်ပြီး အိပ်ရာမှနေခုန်ထွက်လာခဲ့ရေတာ့သည်။လမ်းတွင်မိမိမှာတံခါးတွင်အနားယူနေသည့်တွန်အားတက်နင်းမိလုနီးနီးပင်။
မိမိသည်တံခါးနားချဉ်းကပ်လိုက်သည်နှင့် ခေါက်နေသည်မှာရုတ်ချည်းအဆုံးသတ်သွားသည်။ထို့နောက် မိမိသည်တစ်စုံတစ်ယောက်မှ တံခါးpasswordအားနှိပ်နေသံကိုကြားလိုက်ရသည်။ထိုလူသည်သုံးလေးကြိမ်ကြိုးစားကြည့်သော်ငြား ကျရှုံးနေဆဲပင်။
ငါ့ရဲ့ကံမကောင်းတဲ့ကိုယ်က မကောင်းတဲ့တစ်ခုခုကိုများထပ်ဆွဲဆောင်လိုက်နိုင်တာလားဟ။
မိမိအတွေးများသည် ခေါင်းထဲ၌တောင်စဉ်မရဖြစ်နေသည်။မကြာသေးခင်တုန်းက ထွက်ပြေးေနတဲ့ရာဇဝတ်သားတွေများရှိနေမလား။
မိမိသည်နံရံအားထိန်းကိုင်ရင်း တံခါးထံခြေဖော့သွားလိုက်သည်။ချောင်းကြည့်ပေါက်မှနေ မိမိသည်ရောင်ပြန်ဟပ်နေသည့်ရှန်ရှောက်ချင်အားမြင်လိုက်ရသည်။သူသည်သူ့ကိုယ်သူရူးကြောင်ကြောင်ဖြင့်ကျေနပ်နေပုံရပြီး မတူသောပေါင်းစပ်မှုများကိုအကြိမ်များစွာဆက်ကြိုးစားနေခဲ့သည်။
မိမိသည်တံခါး၏passwordအားသူသိသည်ကို သိလေသည်....သူဘယ်လောက်တောင်သောက်လာတာလဲ။
"ဘယ်သူလဲ..."
စုယန်သည်လည်းဆူညံသံကြောင့်နိုးလာခဲ့သည်။သူ၏စိတ်အနှောင့်အယှက်ဖြစ်မှုညွှန်းကိန်းသည် မိမိထက်ကိုပိုမြင့်သည်မှာသေချာသည်လေ။သူ၏လက်များသည်ရှုပ်ပွနေသောဆံပင်များအား ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများအားမှေးကာ သူ့အခန်းထဲမှဝုန်းဒိုင်းကြဲထွက်လာသည်။သူ၏နောက်တွင် နက်မှောင်သောအော်ရာတစ်ခုပေါ်ထွက်လာနေသည်။
မိမိသည်သက်ပြင်းချလိုက်ရင်း
"အဲ့ဒါရှန်ရှောက်ချင်။သူမူးနေတယ်"
တံခါးဖွင့်လိုက်သည်နှင့် အရက်နံ့မှာမိမိအတွေးများအားအတည်ပြုပေးလာခဲ့သည်။မိမိသည်လက်ဖြင့်ယမ်းကာ ဆိုးဝါးသောအရက်နံ့အားပြယ်ရန်လုပ်လိုက်သည်။
"စုယန် ယန်န်န်န်။မင်းနောက်ဆုံးတော့တံခါးဖွင့်ပြီပေါ့နော်..."
ရှန်ရှောက်ချင်သည်မိမိနောက်ရှိရေခဲမျက်နှာဖြင့်စုယန်ထံ လက်ညှိုးထိုးရင်းအာလေးလျှာလေးဖြင့်ပြောလာသည်။သူသည်နောက်ထပ်ရူးကြောင်ကြောင်ပြုံးလိုက်ပြီး သူ့ဘက်ဆီလက်များအားဖြန့်လိုက်သည်။သို့သော်သူသည်မိမိကြောင့်ဟိုယိုင်ဒီယိုင်ဖြစ်နေပြီး ရုတ်တရက်ဆိုသလို ဝင်ပေါက်ရှိဖိနပ်ပါးများဖြင့်ခလုတ်တိုက်ကာ ခေါင်းမှေနစလဲကျလာသည်။
ထိုသည်မှာအတော်ရယ်စရာကောင်းနေပေလိမ့်မည်။မိမိပေါ်ကျလာသည်မှလွဲ၍ပေါ့။
ထိုသည်ကအဆိုးဆုံးလုပ်ခဲ့သည်မှာ ရှန်ရှောက်ချင်၏နဖူးသည်မိမိနဖူးနှင့် ခပ်ကြမ်းကြမ်းတိုက်မိသွားတော့သည်။မိမိတို့၏တိုက်မိမှုကြောင့် ခွပ်ကနဲအသံအကျယ်ကြီးထွက်လာသည်။ထိုသည်မှာစုယန်ရှေ့တွင်ပင် ဖြစ်သွားခဲ့သည့်အတွက်အလွန်ရှက်စရာကောင်းလှသည်။
"မိန်းမတွေကလူလိမ်တွေချည်းပဲ...."
ရှန်ရှောက်ချင်မှာရေရွတ်နေခဲ့သည်။သူသည်မိမိမှာမွေ့ရာတစ်ခုအလား လှဲချလာသည်။သူသည်ထမည့်အရိပ်အယောင်ပြမလာခဲ့ပေ။
"သူ့ကိုမင်းအပေါ်ဆက်လှဲခိုင်းနေဦးမှာလား"
စုယန်သည်လက်ပိုက်လိုက်ပြီးလေးလေးနက်နက်မေးလာခဲ့သည်။
မိမိ၏မျက်နှာမှာရှုံ့တွနေပြီး ပိတ်မိနေသလိုခံစားနေရသည်။ထိုသည်မှာမိမိမထချင်၍မဟုတ်ပေ။
"ရှန်ရှောက်ချင်ကအရမ်းလေးတာပဲ။သူ့ကိုကျွန်မဆီကနေဖယ်ပေးပါဦး။ကျွန်မမထနိုင်တော့ဘူး"
စုယန်သည်လျှောက်လာရင်း ခေါင်းယမ်းကာ ခပ်ကျယ်ကျယ်သက်ပြင်းချလိုက်သည်။မူလကမိမိထင်သည်မှာသူသည်ရှန်ရှောက်ချင်အားသယ်မလိုက်မည်ဟုပင်။ထိုအစားသူသည်မိမိထံလက်ဆန့်လာပြီးသတိပေးလာသည်။
"ဒါကနည်းနည်းတော့နာလိမ့်မယ်။နာမှာကိုသည်းခံလိုက်နော်...."
မိမိမှသူ့စကား၏အဓိပ္ပာယ်ကိုနားမလည်နိုင်သေးခင်တွင် စုယန်သည်သူ၏လက်နှစ်ဖက်အားမိမိလည်ပင်းပေါ်တင်လိုက်သည်။ထို့နောက်သူသည် မိမိအားမုန်လာဥတစ်လုံးအလားဆွဲထုတ်ပါတော့သည်။
"အိုင်င်င်းးးးး!နာတယ်ဟ"
မိမိသည်ရုန်းကန်ရင်းကျယ်ကျယ်အော်လိုက်သည်။
"အား။လူသတ်သမားဗျို့။တစ်ယောက်ယောက်တော့သေရပါတော့မယ်။ကျွန်မအသက်မရှူနိုင်တော့ဘူး...."
"မင်းအသံတိုးဦး။ငါမင်းကိုသည်းခံပါလို့မပြောခဲ့ဘူးလား"
စုယန်သည်ဖြောင့်မတ်စွာပြောလာသည်။
"ရှင်ကဘာလို့ရှန်ရှောက်ချင်ကိုကျွန်မပေါ်ကနေတိုက်ရိုက်မ မလိုက်တာလဲ။အဲ့အစားကျွန်မကိုဘာလို့ဆွဲထုတ်နေရတာလဲ"
မိမိသည်စုယန်၏လက်မောင်းအားကိုင်ထားရင်း သူ့အားလှုပ်ခွင့်မပေးခဲ့ပေ။သူ၏အပြုအမူများသည်မိမိစိတ်အားအမှန်ကိုတုန်လှုပ်စေခဲ့သည်။သူသည်မိမိအေပါ်လက်စားပြန်ေချေနသည်လားဟုေတာင် မိမိမှာသံသယဝင်စပြုလာနေပြီဖြစ်သည်။သူသည်ညစာစားနေချိန်ကဖြစ်ခဲ့သည့်အပေါ်လက်စားပြန်ချေချင်နေသည်မှာဖြစ်ကောင်းဖြစ်နိုင်လေသည်။မိမိတို့သည်နောက်ဆုံးကြက်တောင်ပံအပိုင်းအတွက် တိုက်ပွဲဝင်ခဲ့ကြပြီးမိမိမှာအနိုင်ရခဲ့လေသည်။
"သူကအရက်သောက်ထားတာလေ။ငါသူ့ကိုမထိချင်ဘူး"
ထို့နောက်စုယန်သည်သူ၏လှုပ်ရှားမှုအားထပ်လုပ်ရန်ပြင်နေသည်။
ဝိုး။သူကသူ့သူငယ်ချင်းတွေအပေါ်ကိုတောင် နှိမ့်ချတယ်ပေါ့လေ။ဟမ့်။
"မလုပ်နဲ့!!!"
မိမိခေါင်းမှနဂိုအတိုင်းရှိနေစဉ်တွင် စုယန်အားတားလိုက်ပြီး ပိုလွယ်သောနည်းလမ်းအားသင်ပေးလိုက်သည်။
"ရှန်ရှောက်ချင်ရဲ့ဘေးကိုသွားလိုက် ပြီးရင်ဖွဖွလေးကန်ပြီးရှင့်ရဲ့ခြေဖမိုးနဲ့နည်းနည်းလေးမတင်လိုက်။မှတ်ထားနော်။ညင်သာနေပါစေ...သာသာလေး...ဘာလို့လဲဆိုတော့အဲ့ဒါကကျွန်မကိုမတော်တဆထိခိုက်လာမှာစိုးလို့"
မိမိ၏အကြံပြုချက်အားနားထောင်ပြီးသည်နှင့် စုယန်သည်ရှန်ရှောက်ချင်ထံသွားကာ သူ၏ခြေထောက်အား သူ(ရှန်ရှောက်ချင်)ကိုယ်နားထားလိုက်သည်။ထို့နောက်သူသည် သူ၏နံကြားပတ်လည်အားကန်လိုက်ရာ ရှန်ရှောက်ချင်သည်လိမ့်သွားပြီးမိမိကိုယ်မှဖယ်သွားသည်။
မိမိသည်စုယန်မှာလိုက်နာလိမ့်မည်မဟုတ်သည်ကို သိထားသင့်လေသည်။သူ၏ကန်ချက်သည်သာသာလေးဟုတ်မနေပေ။ရှန်ရှောင်ချင်လှည့်သွားစဉ်၌ သူသည်အနီးရှိဗီရိုဖြင့်တိုက်မိသွားသည်။အနည်းဆုံးတော့မိမိမှာနောက်ဆုံးတော့လွတ်လပ်သွားလေပြီ။
"မင်းအဆင်ပြေရဲ့လား"
စုယန်သည်ဂရုစိုက်သလိုဟန်ဆောင်နေလေသည်။ထိုနေရာ၌သူသည်တော်လေသည်လေ။တစ်ကယ်တော့ သူသည်မိမိဘာဖြစ်မည်ကိုတစ်ကယ်ဂရုမစိုက်ပါပေ။
သို့သော်မိမိမှာအချက်တစ်ချက်လုပ်လိုက်သေးသည်။
"ရှင်က180cm,65kgရှိတဲ့အမျိုးသားတစ်ယောက်ရဲ့ရိုက်တာကိုခံချင်နေတာလားဆိုတာ ကျွန်မကိုပြောပါဦး။အိုင်းယား....ငါ့ခါးလေး"
မိမိသည်ငြီးတွားရင်း နဖူးအားကိုင်လိုက်သည်။ထို့နောက်မိမိသည် ခေါင်းပေါ်ရေခဲအိတ်သုံးရန်ထုတ်ယူဖို့ရေခဲသေတ္တာဆီသွားလိုက်သည်။
စိုးရိမ်မှုဖြင့်ပြည့်နေသောမျက်နှာနှင့် မိမိသည်ရှန်ရှောက်ချင်ဘေးသွားကာ သူ၏မျက်နှာအားဖွဖွလေးပုတ်လိုက်သည်။
"သူအိပ်ပျော်နေတာလား။မိန်းမတွေကလူလိမ်တွေချည်းပဲလို့သူပြောတာကို ကျွန်မကြားလိုက်ရတယ်။သူစော်ပစ်ခံလာရတာလား"
"ငါကဘယ်လိုလုပ်သိမှာလဲ"
စုယန်မှပြန်ဖြေလာသည်။
"ရှင်ကသူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းမဟုတ်ဘူးလား။အရက်မူးနေတာတောင် သူကရှင့်ဆီရောက်လာတုန်းလေ။ဒါကလုံလောက်တဲ့သက်သေပြချက်ပဲ။ရှင်က...."
"ဘယ်သူကသိမှာလဲ။ဒါပေမယ့်သူ့အတွက်တော့ အဆက်ဖြတ်ခံရဖို့ဆိုတာအရမ်းရှားပါတယ်။အရမ်းစိုးရိမ်မနေနဲ့။အိပ်ရာဆီပြန်သွားတော့ သူ့ကိုတော့ညအတွက်ဒီမှာပဲလှဲထားခဲ့လိုက်တော့။မနက်ခင်းသူနိုးလာရင် သူ့ဘာသာသူထသွားလိမ့်မယ်"
"ဒီမှာပဲပေါ့"
မိမိသည်တံခါးဝင်ပေါက်အားလက်ညှိုးထိုးပြလိုက်သည်။
"ရှင်ကသူ့ကိုဒီမှာပဲထား ထားဖို့ပြောလိုက်တာလား"
"အင်းလေ။အဲ့ဒါနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေလို့လား"
"မဟုတ်ပါဘူး။ဒါပေမယ့်ကြမ်းပြင်ကအေးလွန်းမနေဘူးလား"
"ဒါဆိုလည်းမင်းသူ့ကိုသယ်လိုက်လေ။ဘယ်လိုပဲဖြစ်ဖြစ် ငါတော့သူ့ကိုရွှေ့မှာမဟုတ်ဘူး။အရက်စော်ကိုနံဟောင်နေတာပဲ...."
စုယန်သည်သူ၏နှာခေါင်းအားကိုင်ကာ ရွံရှာနေသည့်ပုံလုပ်ပြလာသည်။
ထိုအချိန်တွင် မိမိသိချင်သည်မှာ ရှန်ရှောက်ချင်နှင့်စုယန်သည်တစ်ကယ်ကြီးသူငယ်ချင်းဟုတ်မဟုတ်ကိုပါပင်။အဲ့ဒါကတစ်ဖက်သတ်ပတ်သတ်မှုများလား။
"မဟုတ်ပါဘူး။တစ်ကယ်တော့ ရှင့်ရဲ့အကြံပြုချက်ကိုကျွန်မသဘောတူပါတယ်။ကျွန်မတို့တွေသူ့ကိုဒီမှာပဲအိပ်ခိုင်းလိုက်ကြတာပေါ့။အခုဂျူလိုင်ရောက်နေပြီဆိုတော့ ကြမ်းပြင်ပေါ်အိပ်တာကအတော်လေးဇိမ်ရှိနေသင့်တယ်လေ"
မိမိသည်စုယန်အားလက်မထောင်ပြလိုက်ပြီး ဖြတ်ကနဲပြုံးပြလိုက်သည်။ရှန်ရှောက်ချင်သည်ပြကွက်တစ်ခုဖန်တီးခဲ့၍ မိမိအားညလယ်ကြီးနှိုးလာခဲ့သည်။သူ၏ပြစ်ဒဏ်မှာကြမ်းပြင်ပေါ်အိပ်ရန်ဖြစ်သည်။
ဘုံအနေဖြင့်နားလည်သွားကြပြီးနောက် စုယန်နှင့်မိမိသည်အိပ်ရာဆီပြန်သွားကြတော့သည်။