Liquor (ချစ်ဆိပ်ရည်)

Da LayNge_

40.2K 4.5K 606

အရက်ဆိုတာ သောက်မိရင် ဖြတ်ရခက်သလိုမျိုးပဲ အချစ်ဆိုတာကလည်း စ မိရင် နောက်ဆုတ်ဖို့မလွယ်တော့ဘူး။ သိပ်ချစ်မိသွားရင်... Altro

Liquor 1
Liquor 2
Liquor 3
Liquor 4
Liquor 5
Liquor 6
Liquor 7
Liquor 8
Liquor 9
Liquor 10
Liquor 12
Liquor 13

Liquor 11

2.3K 293 66
Da LayNge_

"Sean သူက ဘယ်သူလဲဟင်"

"ကိုယ့်ရဲ့ Ex"

Rediam က "ဝိုး" ဟု တီးတိုးရွတ်ရင်း အနောက်ကို မသိမသာလှည့်ကြည့်နေသည်။ ရှောင်းကျန့်သည် ဦးငယ်က သူတို့ကို ကြည့်နေသည်ဆိုတာ လှည့်ကြည့်စရာမလိုဘဲ သိနေတာကြောင့် တမင်ပင် Rediam ကိုအနားရောက်သည်အထိ ဆွဲဖက်ထားလိုက်သည်။

လိုအပ်သည်ထက် ပိုဂရုစိုက်ကြင်နာပြလိုက်ခြင်းအတွက် ဦးငယ်ဘယ်လိုဖြစ်နေမလဲဆိုတာကို ကားနောက်ကြည့်မှန်ကနေ ကြည့်လိုက်သည်။ တွေတွေငေးငေးကြည့်ရင်းကျန်ခဲ့တာကိုမြင်တော့ သူ့ရင်ထဲတဆစ်ဆစ်နဲ့နာကျင်လာရသည်။

ဦးငယ်ရဲ့ပုံရိပ်က တဖြည်းဖြည်းသေးငယ်သောအမှုန်အစလေးအဖြစ် ပျောက်ကွယ်သွားသည်။ ရှောင်းကျန့်က အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။ ဒီလောက်တော့ သူ့ဘက်က တုန့်ပြန်ခွင့်ရှိသည်မဟုတ်လား။

"ကိုယ်ချစ်ရသူကို နာကျင်အောင်လုပ်တဲ့အခါ ကိုယ်တိုင်လည်း သူ့ထက်မလျော့တဲ့နာကျင်မှုမျိုးကို ခံစားရတတ်တယ်"

Rediam က သူ့ကိုမကြည့်ဘဲ တစ်ယောက်တည်းပြောနေသလို စကားဆိုသည်။ ရှောင်းကျန့်က မျက်မှောင်တွေကျုံ့ထားရင်း ကားမောင်းတဲ့ဆီကိုသာ အာရုံစိုက်ထားသည်။

"တို့ကို သူ့အကြောင်း ပြောပြပါလား Sean"

"ဘာမှပြောစရာမရှိဘူး။ it's just past."

ချက်ချင်းငြင်းဆိုလိုက်သည့် ရှောင်းကျန့်ရဲ့စကားကိုကြားတော့ Rediam က ခပ်တိုးတိုးရယ်နေသည်။

"just past but still touch"

ရှောင်းကျန့်ရဲ့မျက်မှောင်တွေက ပိုပြီးတွန့်ကုပ်ကွေးလာသည်။ Restaurant ရှေ့မှာ ကားကိုရပ်လိုက်ပြီးနောက် ကားပေါ်က ဆင်းလိုက်သည်။ ဧည့်ကြိုဝန်ထမ်းလေးက Rediam ဘက်ကအခြမ်းကို တံခါးဖွင့်ပေးနေသည်။ ရှောင်းကျန့်က ကားသော့ကို လှမ်းပေးလိုက်တော့ ကောင်လေးက သူ့ကားကို parking မှာသွားထားပေးလေသည်။

"ဒီဆိုင်က အီတလီလူမျိုးပိုင်တာဆိုပေမယ့် American Vibe အပြည့်ရတယ်။ တို့လည်းသဘောကျတယ်"

Rediam က ပြုံးလျက်ဆိုရင်း သူ့လက်မောင်းကို တွယ်ချိတ်လျက် ဆိုင်ထဲဝင်ခဲ့လိုက်ကြသည်။

"Milan ကိုဘယ်လိုမြင်လဲ Sean"

Rediam က Beef steak ကို ဓါးနဲ့အသာလှီးဖြတ်ရင်း သူ့ကို မေးလိုက်သည်။ ရှောင်းကျန့်က Winter Wine ကို မော့သောက်လိုက်ရင်း

"သူက အိန္ဒြေကြီးလွန်းတယ်။ လွတ်လပ်ပွင့်လင်းတယ်လို့ မခံစားမိ‌ဘူး"

"အဲ့ဒါတော့ဟုတ်တယ်။ အမေရိကားနဲ့တော့ မတူဘူးပေါ့။ ဥရောပတိုက်သားတွေက ကိန်းကြီးခန်းကြီးနိုင်ကြတယ်လေ။ သူတို့ကလည်း အမေရိကန်တွေကို ခပ်ပေါ့ပေါ့တွေလို့မြင်ကြတာနော်"

အမေရိကန်-အီတလီကပြားမလေးဖြစ်တဲ့ Rediam က သူ့စကားသူသဘောကျစွာ ပြုံးရယ်နေသည်။ ရှောင်းကျန့်က ထိုင်နေရာမှ ထ လိုက်ပြီး မှန်ပြတင်းနားမှာရပ်လျက် မီလန်ရဲ့ညရှုခင်းကို ငေးကြည့်နေသည်။

ညက လှုပ်ရှားသွားလာနေသူတွေနဲ့ အသက်ဝင်နေတယ်ဆိုပေမယ့် မြင်ရ တွေ့ရသမျှက ပေါ့ပေါ့ပါးပါးမရှိဘဲ သတိအနေအထားကြီးလိုဖြစ်နေသည်လို့ ခံစားရသည်။ Rediam က သူ့အနားလာရပ်ရင်း သူ့ကို ဝိုင်ခွက်ကမ်းပေးသည်။

"Sean ဒီည အရမ်းငြိမ်နေတယ်။ စကားလည်းသိပ်မပြောဘူး"

"Sorry Rediam!"

"Sean က တို့အနားမှာရှိနေပေမယ့်လည်း တစ်ခါတစ်လေ ဝေးနေသလိုမျိုးခံစားရတယ်"

ရှောင်းကျန့်က ဝိုင်ခွက်ကို အနားက stand table ပေါ်တင်လိုက်ပြီး Rediam နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

"မင်း ကိုယ့်အပေါ် ခံစားချက်တွေမလေးနက်ရင်ကောင်းမယ် Rediam"

Rediam က ရယ်သည်။

"Sean လို အရာရာပြီးပြည့်စုံတဲ့လူမျိုးကို တို့က စိတ်ဝိညာဉ်ကင်းမဲ့နေသူလိုရှိနေရမှာလားကွယ်"

ရှောင်းကျန့်ရဲ့မျက်နှာက အလိုမကျသလို တည်တင်းသွားလေသည်။ Rediam က အသံထွက်ရယ်လိုက်ပြီး

"တို့က ဒီအတိုင်းပြောလိုက်တာပါကွာ။ Sean က တို့ကို အချိန်မရွေးပစ်ချသွားမှာပဲဆိုတာ တွေးထားပြီးသားပါ။ ဒီနေ့ကျ ပိုသေချာသွားတယ်"

Rediam က ရှောင်းကျန့်ရဲ့လည်တိုင်ကို တွယ်ဖက်လိုက်ပြီး နှုတ်ခမ်းတွေကိုထိကပ်လိုက်သည်။ ရှောင်းကျန့်က ခေါင်းကို ငဲ့ရှောင်လိုက်ပြီး Rediam ရဲ့လက်တွေကို ဆွဲဖယ်လိုက်သည်။

"ကိုယ့်နှုတ်ခမ်းကို နမ်းခွင့်မရှိဘူးလို့ ကိုယ်ပြောထားခဲ့တယ်လေ Rediam"

Rediam က တိုးသဲ့သဲ့ရယ်ရင်း သူ့လည်တိုင်ကို ခိုဖက်ထားပြီး ရင်ခွင်မှာ မျက်နှာအပ်ထားသည်။

"ဘယ်သူပဲနမ်းခွင့်ရှိလဲ Sean. You ရဲ့ Ex ဆိုသူမှာပဲ ဒီအခွင့်ရှိတာလား"

Rediam က ကိုယ်တိုင်မေးပြီး ကိုယ်တိုင်ဖြေလိုက်သည်။ ရှောင်းကျန့်ကတော့ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး ပြန်မဖြေပေ။

"မိန်းမတွေကို လျှော့မတွက်နဲ့ Sean. မိန်းကလေးတိုင်းက တို့လိုမျိုး you ကို အလှကြည့်နေကြမယ်မထင်နဲ့။ တို့နေရာမှာ တစ်ခြားမိန်းကလေးတစ်ယောက်သာဆို you တော့ဒုက္ခများနေပြီမှတ်"

ရှောင်းကျန့်က ရယ်လိုက်တော့ Rediam က ရင်ခွင်ထဲကနေ သူ့ကိုမော့ကြည့်ရင်း တည်ငြိမ်စွာစကားဆိုသည်။

"တကယ်ပြောနေတာ Sean... you တွဲခဲ့တဲ့ မိန်းကလေးတွေက အထက်တန်းစားစိတ်ဓါတ်နဲ့မိန်းမတွေဖြစ်နေတာ ကံကောင်းတယ်မှတ်ပါ"

ရှောင်းကျန့်က ရယ်နေရာမှ တည်ကြည်သွားသည်။ ထို့နောက် နှုတ်ခမ်းစွန်းလေးကွေးသွားအောင် ပြုံးလိုက်ပြီး

"Sean Xiao လိုလူမျိုးနဲ့ တွဲမယ့်မိန်းကလေးက ခပ်နိမ့်နိမ့်စိတ်ဓါတ်စရိုက်မျိုးတော့ဖြစ်စရာအကြောင်း မရှိဘူးလေ Rediam"

--------------------

"Dr. Wang ခုနတုန်းက Dean ရောက်လာသေးတယ်။ ဆရာနဲ့ဆွေးနွေးစရာရှိလို့ဆိုလားပဲ။ ဆရာ စာသင်ချိန်ရှိတယ်ဆိုတာနဲ့ ပြန်သွားပါတယ်"

စာသင်ချိန်ပြီးလို့ ရုံးခန်းကိုပြန်လာတော့ Ms. Grace က သူ့ကို စောင့်နေပြီး သတင်းစကားလှမ်းပေးသည်။

"ဟုတ်လား။ ကျွန်တော် အခုပဲ ဆရာကြီးဆီသွားလိုက်ပါမယ်။ ကျေးဇူးပဲ Ms. Grace"

ရိပေါ်က ရုံးခန်းထဲမဝင်တော့ဘဲ ဌာနရဲ့ Dean (ဌာနမှူး) ရုံးခန်းဆီသို့ ဦးတည်လိုက်သည်။ ဆရာ့ရဲ့ရုံးခန်းတံခါးကို အသာခေါက်လိုက်သည်။

ဒေါက် ဒေါက်...

"Yes, Professor Wang လား ဝင်ခဲ့လိုက်ပါ"

ရိပေါ် အခန်းထဲဝင်လိုက်တော့ ဆရာကြီးဆီမှာ ဧည့်သည်တစ်ယောက်ရှိနေလေသည်။ ကျောပေးထိုင်နေသည်မို့ မည်သူမည်ဝါရယ်လို့ မသိရသေးပေ။ ထိုသူက ရုတ်တရက် လှည့်ကြည့်လိုက်မှ ရိပေါ်မှာ အံ့အားသင့်သွားရသည်။

"Tom"

"Hi Sir!"

Tom က ထိုင်ရာမှ မတ်တပ်ရပ်လိုက်ပြီး သူ့ကို လက်တစ်ဖက်ကမ်းပေးသည်။ သူလည်း Tom ရဲ့လက်ကို ပြန်ဆွဲယူနှုတ်ဆက်လိုက်သည်။

"Glad to see you again!"

"Same feeling with you, Sir"

Tom က ဆရာနဲ့ပြန်ဆုံရတာကို အမှန်တကယ်ပင် အလွန်အင်မတန်ဝမ်းသာနေလေသည်။

"Mr. Tommy က Conference လာတက်တာလေ။ သူက ဒီမှာလာနှုတ်ဆက်ရင်း Professor Wang က သူ့ဆရာများလားဆိုပြီး စကားပြောမိကြရင်းက ဟုတ်နေတာနဲ့ ကျွန်တော် ဆရာ့ကို အဲ့ဒီအကြောင်းလာပြောသေးတယ်"

"ဟုတ်ကဲ့ Tom က ကျွန်တော့် candidate ဖြစ်ဖူးပါတယ် ဆရာကြီး"

ရိပေါ်က Tom ကို ပြုံးပြီးကြည့်လိုက်သည်။ Tom ကလည်း သူ့လက်တွေကို ဝမ်းသာအားရဆုပ်ညှစ်ထားလေသည်။

----------------

ရှေးကျတဲ့ အီတလီရိုးရာစားသောက်ဆိုင်လေးထဲ ဝင်လိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရှောင်းကျန့်ရဲ့မျက်နှာက မေးရိုးတွေထောင်,ထလာတဲ့အထိ တည်တင်းသွားရသည်။

"Sean!"

အဝင်တံခါးနဲ့ မျက်နှာချင်းဆိုင်ထိုင်နေသည့် Tommy က သူ့ကို မြင်သွားပြီး အံ့အားသင့်သွားလေသည်။ နှုတ်မှအသံထွက်သွားပြီး နေရာမှထလို့ သူ့ကို လက်ဆွဲနှုတ်ဆက်နေသည်။ ဦးငယ်က ကျောပေးထိုင်နေရာမှ ငဲ့ကြည့်လာသည်။

"Hi Tom!

ကျောင်းသားဘဝတုန်းကတော့ ထိုးတဲ့ကြိတ်တဲ့အဆင့်အထိ ဖြစ်ခဲ့ကြဖူးပေမယ့် အခုအချိန်မှာတော့ သူတို့နှစ်ယောက်လုံး အေးဆေးတည်ငြိမ်စွာ စကားဆိုနိုင်ကြလေပြီဖြစ်သည်။

"အလုပ်ကိစ္စနဲ့ရောက်နေတာလား Sean"

"ဟုတ်တယ် မင်းရော"

"ငါလည်းစာတမ်းဖတ်ပွဲလာတက်တာလေ။ မနက်ကပြီးသွားပြီ။ မနက်ဖြန်မနက်အစောပြန်တော့မှာ။ မင်း ဒီမှာရှိနေတာ စောသိခဲ့ရင် ကြိုချိန်းပါတယ်"

Tom စကားကို သူပြုံးလိုက်ပြီး

"နောက်မှဆုံကြတာပေါ့။ Ok! Safe flight for tomorrow!"

ရှောင်းကျန့်က Tommy ရဲ့ပခုံးကို အသာပုတ်လိုက်ပြီး နေရာမှာ သွားထိုင်လိုက်သည်။ သူနဲ့ချိန်းထားသူ Clark က အရင်ရောက်နှင့်ပြီးဖြစ်သည်။ သူတို့ဝိုင်းနဲ့ ဦးငယ်တို့ဝိုင်းနဲ့က ကြားထဲနှစ်ဝိုင်းလောက်ခြားပြီး မျက်စောင်းထိုးအနေအထားဖြစ်သည်။

ဦးငယ်နဲ့သူက မျက်နှာချင်းဆိုင်လိုဖြစ်နေတာကြောင့် ရှင်းလင်းစွာလှမ်းမြင်နေရသည်။ ဦးငယ်က သူ့ကို ကြည့်နေတာကို ခံစားသိနေသော်လည်း မကြည့်မိအောင်နေလိုက်သည်။

"Sean တစ်ခုခုဖြစ်လာသလား"

ဦးငယ်ကို Tom နဲ့အတူ ညစာစားနေတာကိုရော အပြုံးတွေနဲ့စကားဆိုနေကြတာကိုရော အလိုမကျဖြစ်နေတာကြောင့် သူ့မျက်နှာမကြည်သာနေသည်ကို Clark က မေးလာမှ သူ့ကိုယ်သူပြန်ထိန်းလိုက်ရသည်။

"Nothing. Ok Let's start our discussion"

မီလန်မှာ ပန်းချီခန်းမတစ်ခုတည်ဆောက်ဖို့နဲ့ ခန်းမမှာ ထားမယ့် ပန်းချီကားများ၊ ဖိတ်ကြားမယ့် ပန်းချီဆရာများစာရင်းကို Clark က သူ့ကို ပြနေသည်။ ကြည့်နေပေမယ့်လည်း သူ့အာရုံက Tom ကိုပြုံးလျက်စကားဆိုနေတဲ့ ဦးငယ်ဆီရောက်နေတာကြောင့် လက်သီးကို ကျစ်ကျစ်ဆုပ်ထားလိုက်မိသည်။

"Sue လည်းဘွဲ့ရသွားလို့ ဌာနမှာပဲ Master ဆက်တက်နေတယ်ဆရာ။ ကျွန်တော် မီလန်မှာ ဆရာနဲ့တွေ့တာသူသိရင် ဒီကောင်မလေး မနာလိုဖြစ်နေဦးမှာ။"

ရှောင်းကျန့်ဆီစိတ်ရောက်နေသည့် ရိပေါ်က Tom စကားကြားမှ လက်ရှိအချိန်ကို စိတ်ရောက်ရသည်။

"အင်း ၃ နှစ်ကျော်ပြီဆိုတော့ Sue လည်းဘွဲ့ရပြီပေါ့။ အချိန်က ခဏလေးလိုပဲ"

Tom က ပြုံးရင်း

"အားလုံး ဆရာ့ကို သတိရကြပါတယ်။ Sue က သတိအရဆုံးပေါ့။ သူက ဆရာ့လိုဖြစ်ချင်လို့ ဌာနမှာ ဆရာမ ပြန်လုပ်မလို့တဲ့လေ။ အခု မာစတာတက်ရင်း Research Assistant အနေနဲ့ undergrad တန်းတွေမှာ စာကူသင်ပေးနေတယ်။ Teaching Method Class တွေလည်းတက်နေလေရဲ့"

ရိပေါ်က Tom ကို လှမ်းကြည့်လိုက်သည်။ သူက စိတ်ထဲတစ်မျိုးဖြစ်သွားပေမယ့် Tom ကတော့ ထိုစကားကို ရိုးရိုးပြောလိုက်ပုံရသည်။ အီတလီစတိုင် ကြက်ကင်သုတ်ကို ခက်ရင်းနဲ့ထိုးစားရင်း စကားကိုဆက်လေသည်။

"သူတို့ ၂ ယောက် လက်ထပ်ဖို့တော့ လူကြီးတွေက စီစဉ်ထားကြပုံပါပဲ"

ဘာကိုရည်ရွယ်ပြောသလဲ သိပေမယ့် ရိပေါ်က ဘာစကားမှမဆိုမိဘဲ ငြိမ်သက်နေသည်။ Tom ကတော့ တစ်ချိန်က တစ်ကျောင်းတည်းအတူရှိခဲ့ဖူးသည်မို့ သတင်းတစ်ခုအနေဖြင့် ပြောသလိုမျိုးသာ ပြောနေပုံရသည် ထင်ရပေမယ့် ရိပေါ်ကတော့ စိတ်ထဲ မလုံမလဲခံစားနေရသည်။

စားသောက်ပြီး ပြန်ဖို့ပြင်ကြတော့ Tom က ရှောင်းကျန့်ကိုသွားနှုတ်ဆက်နေသည်။ ရိပေါ်ကတော့ ခဏမျှသာငေးကြည့်နေရင်း အပြင်ကနေပဲ ထွက်စောင့်နေလိုက်သည်။ Tom ပြန်ထွက်လာတော့ သူတို့နှစ်ယောက် ရိုးရာဆိုင်တန်းတွေဘက် အတူလမ်းလျှောက်နေကြရင်း Tom က သူ့ကို ငဲ့ကြည့်လာသည်။

"ဆရာ အဆင်ပြေရဲ့လား"

မေးခွန်းကိုနားမလည်တာကြောင့် ရိပေါ်က Tom ကိုစိုက်ကြည့်နေရင်း ပြန်မဖြေဖြစ်ပေ။ Tom က တစ်ခုခုပြောရန်ပြင်ပြီးမှ သူ့ကို အားနာဟန်ဖြင့် ဆက်မမေးတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ဆရာ့မှာ တစ်ခြားလုပ်စရာတွေရှိနေမှာပဲ။ ကျွန်တော် ရှေ့လမ်းမှာပဲ Taxi ငှားပြန်လိုက်ပါ့မယ် ပြန်ဆုံရတာရော ညနေစာအတွက်ရော ကျေးဇူးတင်ပါတယ်ဆရာ။ See you again!"

"See you!"

Tom က သူ့ကို လက်ဆွဲနှုတ်ဆက်ရင်း Taxi တစ်စီးကိုလှမ်းတားလို့ ကားပေါ်တက်သွားလေသည်။ လက်ပြနှုတ်ဆက်နေသည့် Tom ကို ပြန်လက်ပြလိုက်ရင်း ရိပေါ်က ဘယ်မှမသွားဖြစ်သေးဘဲ နေရာမှာပဲရပ်နေမိသည်။

လမ်းသွယ်လေးတွေက ကျဉ်းပေမယ့် သပ်ယပ်သန့်ရှင်းနေသလို လူသွားလူလာလည်း ရှုပ်ထွေးမနေပါ။ လမ်းထိပ်မှာရပ်နေရင်းက လာရာလမ်းကို ပြန်လှည့်ကြည့်လိုက်မိသည်။

မလင်းမမှိန်သော လမ်းမီးရောင်တွေအောက်မှာ တရွေ့ရွေ့လျှောက်လာနေတဲ့ ရှောင်းကျန့်ကို တွေ့လိုက်ရတာကြောင့် ရိပေါ်က ငေးကြည့်နေသည်။ တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်တဲ့ ရှောင်းကျန့်ကလည်း သူ့ကို မြင်တော့ မဲ့ပြုံးတစ်ချက်ပြုံးသွားသည်။

"Professor... မပြန်သေးဘူးလား။ ဧည့်သည်ရော"

"အချိန်ရရင် စကားပြောရအောင် ကျန့်"

"Professor ရဲ့ Dating Day က ပြီးသွားပြီလား"

ခပ်လှောင်လှောင်မေးလိုက်သော ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ်ရဲ့မျက်နှာက တည်တင်းသွားသည်။ သို့သော် စိတ်ကိုထိန်းချုပ်လိုက်ပြီး သူ့ကို အရွဲ့စကားဆိုနေသူအား စကားကောင်းသာပြန်ဖြေလိုက်သည်။

"Tom က စာတမ်းဖတ်ပွဲလာရင်း ဆုံတာကြောင့် ညစာအတူလာစားတာပါ။ သူ မနက်ပြန်တော့မှာ"

"အဟွန်း... Professor စိတ်မကောင်းဖြစ်နေမှာပေါ့ Sorry"

"ရှောင်း ကျန့်"

အသံမာမာနဲ့အော်လိုက်ခြင်းကြောင့် ရှောင်းကျန့်ကလည်း သူ့ကို စူးရဲခက်ထန်စွာစိုက်ကြည့်လာသည်။ ရိပေါ်က သက်ပြင်းတစ်ချက်ချလို့ စိတ်ကိုလျှော့လိုက်ပြီး

"ဆောရီး ကျန့်... တောင်းပန်တယ်။ ဦးငယ်တို့ ခဏလောက်စကားပြောကြရအောင်"

"ပြောစရာမရှိဘူး"

ရှောင်းကျန့်ကပြောပြီးတာနဲ့ ချက်ချင်း‌ကျောခိုင်းထွက်သွားသည်။ ရိပေါ်က နောက်ကနေ အမြန်လိုက်ရင်း

"ခဏလေး ကျန့်... ၅ မိနစ်ဆို ရပါပြီ"

"ခင်ဗျားကို အချိန် ၅ စက္ကန့်တောင်မပေးနိုင်ဘူးဗျာ"

သူ့ကို တည့်တည့်စိုက်ကြည့်ရင်း ခပ်တင်းတင်းပြောလိုက်တာကြောင့် ရှောင်းကျန့်ရဲ့လက်မောင်းကို လှမ်းဆွဲထားတဲ့ ရိပေါ်ရဲ့လက်ချောင်းတွေက အားနည်းစွာ ပြေလျော့ကျသွားလေသည်။

--------------------

Last 3 years

"Sean ကို Sue နဲ့ လက်ထပ်ပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ ဆရာဝမ်"

ရိပေါ်က မူမပျက်သွားအောင် စိတ်ကိုငြိမ်အောင်ထားရင်း ကြိုးစားပြုံးပြလိုက်သည်။

"သူတို့ချင်းမေတ္တာမျှနေကြရင် ပိုကောင်းတာပေါ့ မစ္စတာဂျွန်"

ချစ်ခြင်းတရားကို အလေးထားသော ရိပေါ်က ထိုစကားကို အလေးအနက်ဆိုလိုက်မိသည်။ ရှောင်းဂျွန်မင်က ခပ်လွန့်လွန့်ပြုံးသည်။

"အချစ်... အင်း ... လက်ထပ်ပြီးရင်တော့ အိမ်ထောင်ဖက်သံယောဇဉ်ဖြစ်လာမှာပဲမဟုတ်လား။ ပြီးတော့ Sean နဲ့ Sue က ငယ်ကတည်းကအတူကြီးပြင်းလာတာမို့ အဲ့ဒါကိုလည်း သီးသန့်တည်ဆောက်စရာမလိုဘူးမဟုတ်လား ဆရာဝမ်"

"ဒီအချက် မှန်သလား၊ အောင်မြင်သလားဆိုတာ ခင်ဗျားတို့ အိမ်ထောင်ရေးက မျက်မြင်သက်သေပဲမဟုတ်လား" ဆိုသည့်စကားကို ယဉ်ကျေးသောကျောင်းဆရာက နှုတ်မှတော့ ဖွင့်မပြောဖြစ်ခဲ့လိုက်ပါ။

"Sean ရဲ့ အုပ်ထိန်းသူတစ်ယောက်အနေနဲ့ ဆရာဝမ်ရဲ့သဘောထားကိုလည်း ကျွန်တော်အလေးထားပါတယ်"

ရိပေါ်က သူ့ရှေ့က‌ ရေဖန်ခွက်ကို မော့သောက်လိုက်သည်။ ရှောင်းဂျွန်မင်က သူ့ဆီကတစ်ခုခုကြားရမလားလို့ မျှော်လင့်စောင့်စားနေသည်။ သူ ဘာမှမပြောဖြစ်လိုက်ပါ။

"Sean ကလည်း ဇာတ်လမ်းတွေများတယ်။ ယောက်ကျားလေးတွေရော မိန်းကလေးတွေရော။ ဒါပေမယ့် သူက မိန်းကလေးတစ်ယောက်နဲ့ပဲ လက်ထပ်ရမှာပါ။ အဲ့ဒီမိန်းကလေးက ကျွန်တော့်သမီးလိုဖြစ်နေတဲ့ Sue ဆိုရင် အကောင်းဆုံးပဲလို့ထင်မိတယ်။ Sue ကို ဆရာဝမ်လည်းသိထားပြီးသားဆိုတော့ ဘယ်လိုသဘောရလဲ ဆရာဝမ်"

ဇာတ်လမ်းတွေများတယ်... ယောက်ကျားလေးတွေရော... မိန်းကလေးတွေရော...။ ရိပေါ် ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။ ရှောင်းကျန့်နဲ့တွဲနေသည့် ယောက်ကျားလေးဆိုတာ သူပဲရှိတာမဟုတ်လား။ ဒါကို ရှောင်းဂျွန်မင်ကလည်း မသိစရာအကြောင်းမရှိပါ။

ရှောင်းဂျွန်မင်က စကားကို ပညာသားပါပါနဲ့ဆိုနေသည်။ ဘယ်သူ ဘယ်ဝါကိုမှ အပြစ်တင်နေတာမျိုး မဖြစ်စေဖို့ စကားကို သတိထားပြောနေသည်။ ရှောင်းကျန့်နဲ့ Sue ကို လက်ထပ်ပေးမည့်အကြောင်းကိုလည်း ကာယကံရှင်တွေကို ပြောရသေးပုံမပေါ်။ Sue ရဲ့သဘောထားအမှန်ကိုလည်း သိမည်မဟုတ်သေးပေ။

အခုအချိန်ထိ သဘောတူ၏ မတူ၏ ဘာတစ်ခုမှဆိုမလာသည့် သူ့ကို ရှောင်းဂျွန်မင်ကလည်း အကဲခတ်သလိုကြည့်နေသည်။ ရိပေါ်က ရှောင်လွှဲမနေတော့ဘဲ အသက်ကိုပြင်းပြင်းရှူရှိုက်လိုက်ပြီး ရှောင်းဂျွန်မင်ကို တည့်တည့်ကြည့်လိုက်သည်။

"ကျန့်နဲ့ကျွန်တော်နဲ့ပတ်သက်မှုကို မစ္စတာဂျွန်သိနေပြီးသားဖြစ်မယ်လို့ ကျွန်တော်ထင်တယ်"

ရှောင်းဂျွန်မင် မျက်ခုံးတွေမြင့်တက်သွားပြီး အံ့ဩသွားရလေသည်။ ဆရာဝမ်လို ဂုဏ်သိက္ခာကို တန်ဖိုးထားသည့် လူမျိုးက ဒီအကြောင်းကို တိုက်ရိုက်ကြီး ဝန်ခံလာမည်လို့ သူ မျှော်လင့်မထားခဲ့ပေ။ သူက Sean နဲ့လက်ထပ်ပေးချင်သူဟာ Sue လို့ ပြောလိုက်လျှင် သူဘာမှအများကြီးပြောစရာမလိုဘဲ ဝမ်ရိပေါ်က နောက်ဆုတ်သွားမည်လို့ ထင်ထားခဲ့သည်။

ရှောင်းဂျွန်မင်က စားပွဲကို လက်ညှိုးနဲ့ အသာခေါက်နေရင်း ဘာမှမပြောသေးဘဲ ရိပေါ်ကို စိုက်ကြည့်နေသည်။ ရိပေါ်က သက်ပြင်းတစ်ချက်ကြိတ်ချရင်း နှုတ်ခမ်းကို အသာကိုက်လို့

"အဲ့လိုဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့..."

"Sean လက်ထပ်မယ့်သူဟာ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်စေချင်တယ်"

"..."

သူ့စကားမဆုံးခင် ဖြတ်ပြောခံလိုက်ရတာကြောင့် ရိပေါ်က ရုတ်တရက်နှုတ်ဆွံ့သွားသည်။ ရှောင်းဂျွန်မင်ရဲ့မျက်နှာကတော့ ဒေါသကင်းစွာ တည်ငြိမ်နေပါသည်။ ထို့နောက် ခေါင်းတချက်ညိမ့်လိုက်ပြီး

"ဆရာဝမ်ထင်ထားသလိုပဲ အဲ့ဒီအကြောင်း ကျွန်တော်ရိပ်မိပါတယ်။ အဲ့ဒါသိလိုက်လို့လည်း ဆရာဝမ့်အပေါ်ထားတဲ့ ကျွန်တော့်လေးစားမှုပျောက်မသွားပါဘူး။ Sean ကိုစောင့်ရှောက်ခဲ့တဲ့ဆရာဝမ်ရဲ့ကျေးဇူးတရားတွေကို ကျွန်တော်အမြဲရင်ထဲရှိတယ်။ ကျွန်တော် အနူးအညွတ်တောင်းပန်ချင်ပါတယ် ဆရာဝမ်။ Sean ကို လက်လွှတ်ပေးပါ"

ရိပေါ်ရင်ထဲ နာကျင်သွားရလေသည်။ သူ ဘာမှမပြောနိုင်ခင် ရှောင်းဂျွန်မင်က ဆက်ပြောလာသည်။

"Sean အကြောင်းကို ဆရာဝမ်ရော ကျွန်တော်ရောကောင်းကောင်းသိတယ်။ သူက ဘာအကြောင်းကြောင့်မှနောက်ဆုတ်မယ့်သူမဟုတ်ဘူး။ သူက သူ့အဖေရှောင်းမင်ယီလိုပဲ အချစ်အတွက် အားလုံးကိုစွန့်သွားမယ့်လူမျိုး။ ဒါကြောင့် ဆရာဝမ်ကပဲ နောက်ဆုတ်ပေးပါ။ ဆရာဝမ်က လက်လွှတ်လိုက်ရင် ရပါပြီ"

ရိပေါ် ရင်ထဲ ဆို့ကြပ်လာသည်။ သူ ဘာမှပြောခွင့်မသာအောင် ရှောင်းဂျွန်မင်က စကားတွေ ဆက်တိုက်ပြောနေသည်။

"ဆရာဝမ်စဉ်းစားပါဦး။ အားလုံးနဲ့ဝေးရာမှာ နှစ်ယောက်တည်း ဇာတ်မြှုပ်နေကြမယ်လို့ တွေးထားတာလား။ ဘဝတစ်ခုတည်ဆောက်ဖို့ အချစ်တစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာ ဆရာဝမ်က ပိုသိမှာပါ။ Sean က အခုမှ ကျောင်းပြီးခါစ။ ဘဝကို စတင်ဖို့ကြိုးစားနေတုန်း။ သူ ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေအများကြီးရှိပါသေးတယ်။ သူ့ဘဝကို ဘာမှတောင် မစတင်လိုက်ရဘဲ အဆုံးသတ်သွားမှာမျိုးကို ဆရာဝမ်ကလည်း လိုလားမှာမဟုတ်ပါဘူး"

ရှောင်းဂျွန်မင်က သူ့အရှိုက်ကိုတည့်တည့်ထိုးလိုက်သလိုပင်။ ခင်ဗျားက အသက်ကြီးသူ။ ပိုစဉ်းစားတတ်သူပဲ ငယ်သူနဲ့ပြိုင်မမိုက်ချင်စမ်းပါနဲ့လို့ မပြောရုံတမယ်ပင် ဖြစ်သည်။

"သူ တစ်ခုခုဖြစ်သွားရင်..."

နောက်ဆုံးအနေနဲ့ ရိပေါ်ဘက်က အရဲစွန့်စကားဆိုမိသည်။

"အဆင်ပြေသွားမှာပါ။ သူ့ကို..."

ရှောင်းဂျွန်မင်က ပြိုလဲလုလုဖြစ်နေသည့် ရိပေါ်ရဲ့မျက်နှာကို ခပ်ငေးငေး တစ်ချက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။ ဆိုင်အပြင်ဘက် အဝေးတစ်နေရာကို ကြည့်ရင်း ဖြည်းညင်းစွာဆက်ပြောလေသည်။

"သူ့ကို သဘာဝတရားနဲ့မဆန့်ကျင်တဲ့ ဘဝမျိုးမှာရှိနေဖို့... အင်း... အဲ့ဒီအတိုင်းပဲရှိနေစေရမယ်။ ကျွန်တော့်သဘောထားကို နားလည်ဖို့ မျှော်လင့်ပါတယ် ဆရာဝမ်"

------------------

Current time, Milan.

စီးကရက်မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး နေရာအနှံ့ လွင့်ပျံ့သွားတဲ့ အငွေ့တွေကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်။ နောက်တစ်ကြိမ် ရှိုက်သွင်းပြီး မှုတ်ထုတ်လိုက်တော့

အဟွတ် အဟွတ်...

တစ်ခါမှ မသောက်ဖူးတာကြောင့် ဒဏ်မခံနိုင်တာလား၊ အသားမကျတာလားမသိ။ ချောင်းတွေတဟွတ်ဟွတ်ထဆိုးတော့သည်။

အဟွတ် အဟွတ် အဟွတ်...

မသက်သာလာဘဲ ဆက်တိုက်ဆိုးနေတာကြောင့် လက်ထဲက စီးကရက်ကို ပြာခံခွက်ထဲ ထိုးစိုက်လိုက်ပြီး ရေချိုးခန်းထဲ ပြေးဝင်လိုက်ရသည်။

အဟွတ်... ဝေါ့

နှာရည်၊ မျက်ရည်တွေနဲ့ တံတွေးတွေပါ ထွက်သွားမှ နေရသက်သာသွားသည်။ ဘေစင်က ရေကို ဖွင့်ချလိုက်ပြီး မျက်နှာ လည်ဂုတ်တို့ကိုပါ ရေနဲ့ ပွတ်သုတ်ပစ်လိုက်သည်။ မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ့်ရုပ်သွင်ကိုယ် ကြည့်မိပြီး စိတ်ပျက်သွားရသည်။

မျက်နှာ၊ နှာခေါင်းတို့မှာ နီရဲနေပြီး နှာဝမှလည်း နှာရည်တွေက စီးကျနေသေးသည်။ တစ်သျှူးတစ်ရွက်နဲ့ ဆွဲယူသုတ်လိုက်ပြီး အခန်းထဲပြန်ဝင်လာခဲ့သည်။ နောက်တစ်ကြိမ် စီးကရက်သောက်ဖို့တော့ မရဲတော့ပေ။

ဟူးး...

ရိပေါ်သည် ခုံပေါ်ထိုင်လိုက်ပြီး ကျောမှီမှာ ခေါင်းကို မှီချလိုက်ပြီး သက်ပြင်းအရှည်ကြီးချလိုက်သည်။

"ခင်ဗျားကို အချိန် စက္ကန့်တောင်မပေးနိုင်ဘူးဗျာ"

အကြိမ်ကြိမ်ကြားယောင်နေပြီး ထပ်ခါနာကျင်နေရသည်။

"နာကျည်းသွားမှာပေါ့လေ။ ဖြစ်သင့်ပါတယ်။ ငါကနာကျင်အောင်လုပ်ခဲ့သူပဲ။ ဒီလောက်တော့ ခံစားသင့်တာပေါ့"

မျက်လုံးတွေကို မှိတ်ချပစ်လိုက်တော့ မျက်ဝန်းထောင့်ဆီက အရည်ကြည်တစ်ချို့ ကျဆင်းသွားလေသည်။

------------------

လက်မှနာရီကို မြှောက်ကြည့်လိုက်တော့ ည ၈ နာရီပဲရှိသေးသည်။ နှစ်ကူးသွားတဲ့အထိ နေမှာဆိုတော့ ၁၀ နာရီလောက်မှ သွားမည်ဟု တွေးပြီး အလုပ်ဆက်လုပ်နေလိုက်သည်။

ဌာနရဲ့ New Year party ကို Drinking Bar တစ်ခုမှ လုပ်ချင်သည်လို့ ကျောင်းသားတွေက တောင်းဆိုတာကြောင့် ဌာနမှူးဆရာကြီးကလည်း ခွင့်ပြုထားသည်။ ဆိုင်နေရာကို ကျောင်းသားတွေက ရွေးချယ်ကြပြီး ဌာနဂရုမှာ Map ကို ပို့ထားလေသည်။ 

ကျောင်းသားတွေကတော့ ရောက်နှင့်နေကြပြီး ပွဲစထားကြပေလိမ့်မည်။ ဆရာတစ်ချို့လည်း ရောက်နေကြလောက်ပြီထင်သည်။ ရိပေါ်ကတော့ ဒီရက်ပိုင်း ရင်ထဲနေလို့မကောင်းတာရောကြောင့် ပျော်ပွဲရွှင်ပွဲတွေကို နောက်ချန်ထားနေမိသည်။

သူများတွေပျော်နေလို့တောင် သူမပျော်နိုင်နေတာ ဘယ်လောက်ကြာနေပြီလဲ။ ဒါဟာ သူကိုယ်တိုင်ရဲ့ ‌ရွေးချယ်မှုပဲမဟုတ်လား။ တစ်နှစ်ပြီး တစ်နှစ်ကူးပြောင်းခြင်းဟာ သူ့အတွက်တော့ ကိန်းဂဏန်းတစ်ခု ပြောင်းသွားတာထက် ဘာမှထူးပြီးမပိုခဲ့ပေ။

ဟူး...

ဘွဲ့လွန်ကျောင်းသားတစ်ယောက်ရဲ့ စာတမ်းကို ဖတ်ရင်း Review မှာ comment ပေးနေရာက ရပ်လိုက်သည်။ မျက်ရိုးတွေကိုက်လာတာကြောင့် စာကြည့်မျက်မှန်ကို ချွတ်လိုက်ပြီး နှာနုကြောကို အသာလေးနှိပ်နေမိသည်။

ဒေါက် ဒေါက်...

အခန်းတံခါးခေါက်သံကြောင့် မော့ကြည့်လိုက်သည်။ သူ့အဖြေကို မစောင့်ဘဲ တစ်ဖက်က တံခါးကို အသာဟလို့ ကြည့်လာသူက Florence ဖြစ်နေသည်။

"Dr. Wang... မသွားသေးဘူးလား။ ကျွန်တော် အခုပဲ ထွက်တော့မလို့ အတူသွားမယ်ဆို... ဒါနဲ့ ခင်ဗျား နေရော ကောင်းရဲ့လား"

Florence က စကားတွေပြောနေရင်းက သူ့အမူအရာကို ကြည့်ပြီး စိုးရိမ်စွာမေးလာသည်။

"နေကောင်းတယ် Dr. Florence. ကျွန်တော်မလိုက်သေးဘူးဗျာ။ ဒီစာတမ်းလေးတွေ အပြီးစစ်လိုက်ဦးမယ်။"

"OK!. ဒါဆို ကျွန်တော် သွားနှင့်မယ်။ အဟဲ သွားနှင့်မယ်သာ ပြောတာပါ။ ကျွန်တော်က ဌာနကပွဲမသွားသေးဘူး။ အနုပညာက party ကို အရင်သွား join ဦးမယ် ဟဲ ဟဲ"

Florence က အနုပညာဌာနက Professor Dr. Nancy ကို စိတ်ဝင်စားနေတာကို သိထားသည့် ရိပေါ်က ပြုံးလိုက်မိသည်။ သူ့အပြုံးကို မြင်တော့ Florence က မလုံမလဲ ရယ်ကျဲကျဲဖြင့် ဆက်ရှင်းပြနေသည်။

"အဲ့ဒီမှာ ပြပွဲတုန်းက ပါခဲ့တဲ့ ပန်းချီပညာရှင်တွေပါ လာကြလို့ပါဗျ အဟဟ"

Florence က တံခါးကို ပြန်ပိတ်ပေးပြီး ထွက်သွားလေပြီ။ ရိပေါ်ကတော့ Florence ပြောသွားတဲ့ နောက်ဆုံးစကားကြောင့် စဉ်းစားရင်း ကျန်ခဲ့သည်။

ပြပွဲတုန်းကပန်းချီဆရာတွေလာမည်ဆိုပါလား...။ ဒါဆို ရှောင်းကျန့်လည်း အဲ့ဒီနေရာမှာ ရှိနေနိုင်သည်။ နေပါဦး... အနုပညာဌာနရဲ့ New Year Party က ဘယ်မှာလုပ်တာပါလိမ့်။ ဌာနပေါင်းစုံရဲ့ နှစ်ကူးပါတီတွေလုပ်ကြသည့်နေရာတွေကို ကျောင်း webpage မှာ ဝင်ကြည့်ပြီး ရှာလိုက်သည်။

လိပ်စာကို Map ထဲ မှတ်လိုက်ပြီး အားလုံး သိမ်းဆည်းလို့ ရုံးခန်းထဲကနေ အမြန်ထွက်ခဲ့လိုက်တော့သည်။

--------------------

"Dr. Wang ကိုတော့ ခေါ်မလာဘူး"

"သူက အလုပ်မပြီးသေးလို့ မလိုက်လာတာ Nancy"

"Dr. Wang ကအလုပ်တအားလုပ်တာပဲနော်။"

"ဟုတ်ပဗျာ။ သူက သူ့ဘဝတစ်ခုလုံးကို သုတေသနနဲ့သင်ကြားရေးထဲပဲ မြှုပ်နှံထားသလားမှတ်ရတယ်။ အလုပ်ပြီးအလုပ်ပဲ ဟဟ"

အရင်တစ်ခါ ပန်းချီပြပွဲမှာ ဦးငယ်နဲ့အတူလာတာတွေ့ခဲ့သည့် Professor ကို မြင်လိုက်တာကြောင့် ထိုနေရာသို့ မသိမသာချဉ်းကပ်သွားလိုက်သည်။ နှစ်ယောက်သားရယ်မောပြောနေကြသည့်စကားတွေကို နားထောင်ရင်း သူ ပြုံးလိုက်တာလား မဲ့လိုက်မိသွားတာလား မသေချာ။

အနုပညာဌာနကဖိတ်တဲ့ New Year party ကို မလာတော့ဘူးလို့ တွေးထားပြီးမှ လူကတော့ ထိုနေရာသို့ ရောက်နေလေပြီ။ drink မျိုးစုံခင်းကျင်းထားသည့်နေရာကနေ ဘီယာတစ်ဗူးကို ယူသောက်နေလိုက်သည်။

"Hello Sean!"

ကျောင်းသူတွေလား၊ တစ်ခြားအပြင်ကပဲလားမသေချာသော မိန်းကလေးတစ်ဖွဲ့က သူ့ကို နှုတ်ဆက်ရင်း လာရောနေကြသည်။ သူ အလိုက်သင့် ပြန်နှုတ်ဆက်လိုက်ပြီး ရှောင်ထွက်သွားမည် လုပ်ပြီးမှ မျက်လုံးထောင့်ထဲဝင်လာတဲ့ အရိပ်တစ်ခုကြောင့် စိတ်ပြောင်းသွားသည်။

"Hi Girls!"

အနီးဆုံးမှာရှိနေသည့် မိန်းကလေးနှစ်ယောက်ရဲ့ခါးကို ဆွဲဖက်လိုက်ပြီး က နေကြတဲ့ အဖွဲ့တွေထဲမှာ ရော က နေလိုက်သည်။

ရိပေါ်သည် သီချင်းသံတွေ၊ တေးဂီတသံတွေ၊ စကားပြောသံတွေ ဆူညံနေသည့် လူအုပ်ထဲသို့ တိုးဝင်လာရင်း ပတ်ဝန်းကျင်ကို လိုက်ကြည့်နေမိသည်။ မီးရောင်ကလည်း တသမတ်တည်းမရှိဘဲ အရောင်ပြောင်းနေသည့် ဆလိုက်မီးဖြစ်တာကြောင့် လူတွေရဲ့မျက်နှာကို ရှင်းလင်းစွာမမြင်ရဘဲ ဖြစ်နေသည်။

တစ်ချို့က mask တပ်ထားကြတာကြောင့်လည်း ရှောင်းကျန့်ရှိနေမလားလို့ ရှာရတာ အဆင်ပြေမနေပေ။ သူနဲ့ရင်းနှီးသည့် ပန်းချီပန်းပုက ကျောင်းသားတွေကို လိုက်ရှာကြည့်မိသည်။ အနားကကောင်တာပေါ်က ရေသန့်ဗူးတစ်ဗူးကို ဆွဲယူရင်း အမှောင်ထောင့်မှာ သွားရပ်နေလိုက်သည်။

ရေဗူးကို ဖွင့်သောက်နေရင်းက ပျော်ရွှင်နေကြတဲ့လူငယ်တွေကိုကြည့်ရင်း ခေါင်းပါမူးချင်လာသည်။ DJ တီးခတ်နေသူတွေနဲ့ ကခုန်နေကြသူတွေဆီ အကြည့်ရောက်သွားသည်။ က နေကြတဲ့ယောက်ကျားလေး မိန်းကလေးလူစုံတွေကြားထဲမှာ သူ ရှာဖွေနေသူကို မြင်လိုက်ရပါသည်။

ရိပေါ်က ရေသန့်ဗူးကို အကုန်မော့သောက်လိုက်ပြီး ဗူးခွံတွေပစ်ထားတဲ့ Trash ထဲ ပစ်ထည့်လိုက်သည်။ Mask ကို တပ်လိုက်သည်။ လူတွေအများကြီးကို တိုးတိုက်ပြီး dancing floor ဆီ ရောက်အောင်သွားရသည်။

"ကျန့်"

ကောင်မလေးတွေရဲ့ခါးကို ဖက်ရင်း ခုန်ပေါက်ကနေတဲ့ ရှောင်းကျန့်ကို သူ လှမ်းဆွဲလိုက်သည်။ အားလုံးက သီဆိုကနေကြတဲ့ဆီ အာရုံရောက်နေကြတာမို့ ရှောင်းကျန့်ကို သူ ဆွဲခေါ်သွားသည့်အပေါ် attention များများမထားခဲ့ကြပေ။

လူကြားမှာ ရှောင်းကျန့်က သူ့ကို အကျယ်အကျယ်အော်မှာမဟုတ်တာကို သိနေလို့လည်း  ဒီလိုလုပ်လိုက်ခြင်းဖြစ်သည်။ အပြင်လမ်းပေါ်ကိုရောက်မှ ရှောင်းကျန့်က သူ့လက်တွေကနေ ဆောင့်ရုန်းလိုက်သည်။

"Professor ... နည်းနည်းတော့ လွန်နေပြီထင်တယ်"

"တော်တော့ ကျန့်... ကလေးဆန်နေတာတွေရပ်တော့။ ဦးငယ်တို့ စကားသေချာပြောရအောင်"

"ဘာာာာ..."

ရှောင်းကျန့်ရဲ့အသံက ကျယ်သွားတာကြောင့် လမ်းပေါ်က ဖြတ်သွားဖြတ်လာလူအချို့က လှမ်းကြည့်လာကြသည်။ သူတို့နှစ်ယောက်စလုံး Mask တွေတပ်ထားကြလို့ တော်သေးသည်။ ရှောင်းကျန့်က လူတွေအာရုံစိုက်လာမည်စိုး၍ လမ်းမကို ကျောပေးရပ်လိုက်သလို ရိပေါ်ကလည်း long coat ထဲ လက်နှိုက်ထားရင်း မျက်နှာလွှဲလိုက်သည်။

လူအနည်းငယ်ရှင်းသွားမှ ရှောင်းကျန့်က သူနဲ့မျက်နှာချင်းဆိုင်လာသည်။ မျက်လုံးတွေထဲက မခိုးမခန့်လှောင်ပြောင်ရိပ်တွေကို မြင်ရတော့ ရိပေါ်မှာ ရင်ထဲအောင့်သွားရသည်။

"အဟက်... ဘာတဲ့ ... ကလေးဆန်တယ် ဟုတ်လား။ ရယ်စရာပါလား Professor.။ လောကကြီး ဘာတွေဖြစ်သွားတာပါလိမ့်။ မတရားခံလိုက်ရသူကပဲ မတရားလုပ်ခဲ့သူကို ပြန်တောင်းပန်ရမယ့်ပုံပဲ OMG!"

ခေါင်းကိုမော့လိုက်ပြီ ဘုရားသခင်ကို တ ရင်း သူ့ကို လှောင်ပြောင်ကြည့်လိုက်ပုံကြောင့် ရိပေါ် မျက်နှာပျက်သွားပြီး သက်ပြင်းခပ်ဖွဖွချလိုက်မိသည်။

"အဲ့လို မဟုတ်ပါဘူး ကျန့်... ဦးငယ် တောင်းပန်..."

"တော် ပါ တော့"

ဒီတစ်ခါလည်း ရှောင်းကျန့်အသံက ကျယ်သွားပြန်သည်။ ဒီတစ်ခါတော့ သူတို့ကို ဘယ်သူကမှ အာရုံမစိုက်ကြတော့ပါ။

"တော်ပါတော့ Professor ရယ်။ ခင်ဗျားရဲ့မာယာတွေ ပရိယာယ်တွေ တော်လိုက်ပါတော့။ ခင်ဗျားမလိုချင်လို့ ထားခဲ့ပြီးပြီပဲမဟုတ်လား။ အခု ဘာဖြစ်ချင်နေတာလဲ"

ရှောင်းကျန့်က ပြောပြီး သူ့ကိုကျောခိုင်းလို့ လှည့်ထွက်သွားသည်။ လမ်းကို ဖြတ်ကူးသွားပြီး မျက်နှာချင်းဆိုင်မှာ ရှိသည့် Underground Club တစ်ခုထဲ ဝင်သွားလေသည်။ ရိပေါ်လည်း နောက်ကနေ ထပ်ချပ်မကွာ လိုက်သွားလိုက်သည်။

လှေခါးထစ်တွေမြောက်မြားစွာကို ဆင်းသွားလိုက်ရပြီး အဆုံးမှာတော့ အမှောင်ကမ္ဘာအခန်းတွေအများကြီးကို တွေ့လိုက်ရသည်။ ရှောင်းကျန့်က ဘယ်အခန်းကို ဝင်သွားလိုက်သလဲဆိုတာ မမြင်လိုက်ရတာကြောင့် ရိပေါ်မှာ ဟိုကြည့်ဒီကြည့်နဲ့ ဇဝေဇဝါ ဖြစ်နေရလေသည်။

"Hello Mr. Professor!"

အသံကို ဆွဲဆွဲငင်ငင် ကနွဲ့ကလျပြောရင်း သူ့ပုခုံးထက် မှီနွဲ့လာသည့် အမျိုးသမီးကြောင့် ရိပေါ်မှာ လန့်ပြီး နောက်ဆုတ်လိုက်ရသည်။ သူ့ကို သိနေသူလားဆိုပြီးလည်း စူးစိုက်ကြည့်လိုက်မိသည်။

"Do I know you?"

"ရှင့်ပုံစံက ကျောင်းဆရာနဲ့တူလို့ ကျွန်မက ပရော်ဖက်ဆာလို့ ခေါ်လိုက်တာလေ။ ဘာလဲ... ရှင် တကယ် ကျောင်းဆရာဖြစ်နေတာလား။ OMG ကျွန်မ ဗေဒင်ဟောစားလို့ရပြီထင်တယ်"

အမျိုးသမီးက သူ့စကားသူ့ဖာသာသဘောကျပြီး ပါးစပ်ကို လက်နှစ်ဖက်နဲ့အုပ်လို့ တခစ်ခစ်ရယ်နေပြန်သည်။

"Sorry! ကျွန်တော် လူတစ်ယောက်ကို လာရှာတာပါ"

နောက်ထပ် မိန်းကလေးတွေပါ အနားရောက်လာကြပြန်တာကြောင့် ရိပေါ်မှာ မနည်းရှောင်ထွက်ခဲ့လိုက်ရသည်။ အခန်းတံခါးတွေ တစ်ခန်းပြီးတစ်ခန်းဖွင့်ကြည့်ရင်း ရှောင်းကျန့်ကို ရှာရမလိုဖြစ်နေသည်။ သူများ privacy ကို ချိုးဖောက်လို့ သူတော့ ဝိုင်းအရိုက်ခံရမည့်ကိန်းပင်။

မတတ်နိုင်တော့။ Mask တက်ထားတာကြောင့် သူ့ကိုလည်း ဘယ်သူကမှ သိစရာအကြောင်းမရှိပါဘူးဟု တွေးကာ အခန်းတံခါးတွေကို ဆွဲလှပ်လိုက်သည်။

"ဟေးးး"

"အမယ်လေးးး"

"ဆောရီး"

ဆောရီးကို မနားတမ်းပြောရင်း ဖွင့်လိုက်ပိတ်လိုက်နဲ့ အခန်းတွေက ကုန်တော့မည်။ အခန်းတစ်ခုကို ဆွဲလှပ်လိုက်ပြီး "sorry" ဟုဆိုကာ ပြန်ပိတ်လိုက်ပြီးမှ အမြန်ပြန်ဆွဲဖွင့်လိုက်သည်။

"ကျန့်"

ရှောင်းကျန့်က ထိုင်ခုံပေါ်မှာ ထိုင်နေပြီး မိန်းကလေးတစ်ယောက်က သူ့ပေါင်ပေါ်ဘေးတစ်စောင်းထိုင်လို့ ကလူကျီစယ်နေလေသည်။ ရိပေါ် ရင်ထဲ ဒေါသတွေ အလိပ်လိုက်တက်လာသည်။

အံကို တင်းတင်းကြိတ်လိုက်ပြီး အခန်းထဲ လှမ်းဝင်လိုက်သည်။ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး ဒေါသကို မျိုချလို့ သူ့ရှေ့က နှစ်ယောက်ကို ခပ်တည်တည်နဲ့ လက်ပိုက်ကြည့်နေလိုက်သည်။ မိန်းကလေးက သူ့ကို နားမလည်သလို ကြည့်လာသည်။

ရှောင်းကျန့်က ဟက် ခနဲ မထီတရီ ပြုံးလိုက်ပြီး ဦးငယ်ကို သေချာစိုက်ကြည့်လို့ ကောင်မလေးနားကိုကပ်ပြီး တီးတိုးပြောလိုက်သည်။

"တကယ်လုပ်ရမှာလား။ ငါ မလုပ်ရဲဘူးနော်။ သူကြည့်နေတာ ကြောက်စရာကြီး"

ကောင်မလေးက ပြောလိုက်ပေမယ့် သူ့ပေါင်ပေါ်ကနေဆင်းပြီး ခြေထောက်နှစ်ချောင်းကြားမှာ ငုတ်တုပ်ထိုင်လိုက်သည်။ ဦးငယ်ရဲ့မျက်နှာ တင်းမာသွားပြီး လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်တာကို မြင်လိုက်တာကြောင့် သူကျေနပ်သွားပြီး ခပ်မဲ့မဲ့ပြုံးကြည့်နေလိုက်သည်။

ရှေ့ကမြင်ကွင်းကို ကြည့်ရင်း ရိပေါ် ဒေါသတွေထွက်လာသည်။ မိန်းကလေးက ရှောင်းကျန့်ရဲ့ ဘောင်းဘီခါးပတ်ကို ဖြည်နေတာကို မြင်တော့ သူ နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။ ဘောင်းဘီဇစ်ကို ဆွဲချလိုက်ချိန်မှာပင် ရိပေါ် ထိုင်နေရာမှ ထ ရပ်လိုက်သည်။

"Hey Ms! May I speak with him"

မိန်းကလေးကို လက်မောင်းကကိုင်ပြီး ဆွဲထူရင်း ပြောလိုက်တာကြောင့် ကောင်မလေးက ကြောင်အမ်းအမ်းဖြစ်သွားသော်လည်း သူ စိတ်ထင်တာများလားတော့မသိ ပြုံးသွားသလိုပင်။ သူမက ရှောင်းကျန့်ကို လှမ်းကြည့်ရင်း

"Ok ပါ။ ပြေလည်ကြပါစေရှင်"

ပြောပြီးတာနဲ့ သူမကတော့ အခန်းထဲကနေ အပြေးတစ်ပိုင်းနီးပါး ပြေးထွက်သွားသည်။ အခန်းထဲ နှစ်ယောက်တည်း ကျန်ခဲ့တော့ ရိပေါ်က ရှောင်းကျန့်ကို လှမ်းကြည့်လိုက်သည်။ ရှောင်းကျန့်က အခုထိ ဘောင်းဘီဇစ်ဟပြဲနဲ့ဖြစ်နေဆဲ။ အတွင်းခံအနက်ရောင်ကိုပါ မြင်နေရတာကြောင့် ရိပေါ်က မျက်နှာရဲရဲနဲ့ အကြည့်လွှဲလိုက်ပြီး

"မင်း... သေချာ သပ်သပ်ယပ်ယပ်ပြန်လုပ်ထား"

"အဟွန်း... ဘာကိုလဲ"

ရှောင်းကျန့်က နှာခေါင်းကို လက်ညှိုးနဲ့ အသာထိတို့လိုက်ပြီး ဘာမှမသိဟန်ဖြင့် ခြေထောက်တွေကို ပိုဖြဲကားပစ်လိုက်သေးသည်။ ရိပေါ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ရှောင်းကျန့်ကို ဆွဲထူပစ်လိုက်သည်။ ရှောင်းကျန့်က အံ့ဩသလိုဖြစ်သွားသည်။

ရိပေါ်က ရှောင်းကျန့်ရဲ့ ဘောင်းဘီခါးပတ်ကို ပြန်ဆွဲပတ်လိုက်ပြီး ဘောင်းဘီဇစ်ကိုပါ ဆွဲတင်ပေးလိုက်သည်။ ရှောင်းကျန့်ရဲ့မျက်လုံးထဲမှာ အရောင်တစ်ချို့ ဖြတ်ပြေးသွားသော်လည်း သူ့ကို တွန်းထုတ်ပစ်လိုက်သည်။

အရှိန်ကမပြင်းပေမယ့် ရုတ်တရက် ထင်မထားတာကြောင့် ရိပေါ်မှာ ခုံပေါ် ဖင်ထိုင်လျက် ကျသွားသည်။

"ကျန့်..."

"ခင်ဗျားက ကျွန်တော့်အပေါ် ဘာတွေများ ကောင်းခဲ့လို့ လာအော်နေရတာလဲ"

"ကျန့်... ဦးငယ်က..."

ရှောင်းကျန့်က သူ့ကို တည့်တည့်စိုက်ကြည့်လာသည်။

"ဦးငယ်ဆိုတာ ကျွန်တော့်ဘဝထဲမှာ မရှိတော့ဘူး။ စွန့်ပစ်ခဲ့ပြီးပြီမဟုတ်လား။ ထပ်ဝင်မလာပါနဲ့တော့။ ခင်ဗျားကို ကျွန်တော့်ဘဝထဲ ထပ်ဝင်လာဖို့လည်း ခွင့်မပြုတော့ဘူး Professor"

ရိပေါ်က ဝုန်းခနဲ ထ ရပ်လိုက်ပြီး ရှောင်းကျန့်နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

"တော်တော့ ကျန့်။ Professor... ခင်ဗျားဆိုတာတွေ သုံးပြီး ဦးငယ်ကို နာကျင်အောင်လုပ်တာတွေ ရပ်လိုက်တော့။ မိန်းကလေးတွေနဲ့ တွဲပြပြီး အရွဲ့တိုက်နေတာတွေလည်း တော်လိုက်တော့"

"ဘာပြောတယ်။ ခင်ဗျားကို အရွဲ့တိုက်နေတယ်ထင်နေတာလား။ ခင်ဗျားက ကျွန်တော့်ဘဝမှာ ဘာမှအရေးမပါတော့ဘူးဆိုတာ မသိတော့တာလား"

ဝမ်းနည်းရိပ်စွန်းထင်းသွားတဲ့ ဦးငယ်ရဲ့မျက်နှာကို မြင်လိုက်တော့ သူ စိတ်တွေရှုပ်ထွေးစွာဖြင့် ကျောခိုင်းပစ်လိုက်သည်။ သို့သော်လည်း သူ စကားတစ်ခွန်းကိုတော့ ပြောဖြစ်အောင် ဆက်ပြောလိုက်ပါသည်။

"ခင်ဗျားကို ကျွန်တော်ဘယ်လောက်ထိ နာကျည်းမုန်းတီးနေတယ်ဆိုတာ ခင်ဗျားတွေးမိမှာတောင်မဟုတ်ဘူး"

အခန်းထဲမှာ ဘာသံမှမကြားရတော့ဘဲ တိတ်ဆိတ်သွားလေသည်။ ရှောင်းကျန့်က ကျောခိုင်းထားပေမယ့် မျက်နှာချင်းဆိုင် မှန်နံရံကနေ ဦးငယ်ကို မြင်နေရသည်။ ဦးငယ်က သူ့ကျောပြင်ကို ငေးကြည့်နေရာမှ သူ့အနားတိုးကပ်လာပြီး သူ့ပုခုံးကို ဆွဲလှည့်လိုက်သည်။

"ဦးငယ်ကို ဘယ်လောက်ထိနာကျည်းနေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့်..."

ဦးငယ်က ဆက်မပြောသေးဘဲ သူ့ကို စူးစိုက်ကြည့်ရင်း တစ်ချက်ပြုံးလိုက်သည်။

"မင်း ဦးငယ်ကို မမုန်းပါဘူး"

"ဟ..."

ရှောင်းကျန့်က ခေါင်းကိုမော့လိုက်ပြီး လှောင်ရယ်ပစ်လိုက်သည်။ ထို့နောက် နံရံကိုမှီလိုက်ပြီး လက်ပိုက်ထားရင်း မခိုးမခန့်မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်သည်။

"သိပ်သေချာနေပါလား..."

"သေချာတာပေါ့။ ဘာလို့လဲဆိုတော့..."

ရိပေါ်က ရှောင်းကျန့်ရဲ့ အင်္ကျီရင်ဘတ်ကို ဆွဲစုကိုင်လိုက်ပြီး မျက်လုံးချင်းတေ့ဆိုင်ကြည့်လိုက်သည်။ ခြေဖျားထောက်လျက် မျက်နှာချင်းထိလုမတတ်ထိ တိုးကပ်လိုက်ပြီး နားနားလေးကပ်လို့

"ဘာလို့လဲဆိုတော့ မင်းက ဦးငယ်ရဲ့ ကလေးလေးပဲလေ"

တိုးဖွဖွပြောလိုက်ပြီးနောက် ရိပေါ်က ရှောင်းကျန့်ရဲ့နှုတ်ခမ်းတွေကို ဆွဲစုပ်နမ်းလိုက်လေသည်။

xxxxxxxxxxx

*Happy Birthday to me and Happy New Year to you All ပါ။ reader လေးတွေ လေးငယ်ငယ်လေးလို့ ခေါ်နေတဲ့ ကောင်မလေးက ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အသက် ၂၂ နှစ်ပြည့်သွားခဲ့ပါပြီလို့။ အဲ့ဒီတော့ လူကြီးလေး ဖြစ်သွားပြီပေါ့နော် အယ် လယ့် 😂။

*ဆိုတော့ လေးငယ်ရဲ့မွေးနေ့အတွက် reader လေးတွေဆီက မွေးနေ့လက်ဆောင်လေးတောင်းပါရစေလို့။ အဲ့ဒါကလေ အရမ်းတန်ဖိုးကြီးပြီး လူတိုင်းလည်းမပေးနိုင်ဘူးလို့ ထင်ပါတယ်😍။ ဒီကာလမှာလေ တော်လှန်ရေးကို ကိုယ်နဲ့မဆိုင်သလိုမနေကြပါနဲ့။ ကိုယ်နိုင်သလောက် နေရာအစုံကနေ ပါဝင်ပေးကြပါ။ စစ်မိစ္ဆာတွေ ဘယ်လောက်ထိ ယုတ်မာရိုင်းစိုင်းတာတွေကို သိနေကြပြီမို့ ဒီကောင်တွေနဲ့တော့ တမြေတည်းလည်းမနေနိုင်သလို တလေတည်းလည်းမရှူနိုင်ဘူးလေနော်။ ဒါကြောင့် လိုင်းသုံးလို့ ရနေသေးရင် ကလစ်ကူကြပါ။ ငွေကြေးတတ်နိုင်သေးရင် ၅၀၀-၁၀၀၀ ကမှအစ တလရအတွက် ကူပေး ပါဝင်ပေးကြပါလို့ တောင်းဆိုပါရစေ။ ငွေကူဖို့ ယုံကြည့်စိတ်ချရတဲ့အဖွဲ့တွေ မသိရင် လေးငယ်ကို PM မှာ လာမေးလို့ရပါတယ်နော်။ အဲ့ဒါ လေးငယ်က reader လေးတွေဆီက တောင်းတဲ့ မွေးနေ့လက်ဆောင်ပါရှင်။ ဒီအပိုင်းလေးကတော့ လေးငယ်မွေးနေ့အတွက် reader လေးတွေကိုပေးတဲ့ လက်ဆောင်လေးပါနော်*

*Stay Strong and Stay Safe ပါရှင်*

Aishiteru 💚❤

6765 words

Lay Nge Ko Ko

20231231

Continua a leggere

Ti piacerà anche

946K 21.7K 49
In wich a one night stand turns out to be a lot more than that.
338K 33.6K 52
[ Book 2 ] ◉‿◉Making memories with you , is my favourite things to do (. ❛ ᴗ ❛.) [WangYibo ❦︎ Xiao Zhan ]
539 123 3
Language Burmese Kim JiWoong x Seok Matthew
211K 4.4K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...