အထိန်းတော်ကြီး / ကြင်ယာတော်ရှောင် ကြင်ယာတော်ရှင်းက တွေ့ ခွင့်တောင်းနေပါတယ်
ရှောင်ကျန့် ကလေးလေးအတွက် သိုးမွှေးထိုးပေးရင်း
ရှောင်ကျန့် / ဝင်လာခဲ့...
ရှင်းလျန် / ကြင်ယာတော်ရှောင့်ကို ဂါရဝပြုပါတယ်
ရှောင်ကျန့် / မလိုပါဘူး ရှင်းမိန်းကလေး ထပါ
ဒီအထိလာရှာတာ ဘာကိစ္စရှိလို့ပါလဲ
ရှင်းလျန် / ရှင်းလျန် သခင်လေးကို လာတောင်းပန်တာပါ
ဟိုတနေ့ညက ကိစ္စ...
ရှောင်ကျန့် / မလိုပါဘူး မိန်းကလေး
အဲ့နေ့က ကျွန်တော်လဲ
နည်းနည်းစိတ်ခံစားချက်လွယ်နေလို့ပါ
အခုပြန်စဉ်းစားကြည့်တော့
အရှင်ရဲ့စိတ်ပေါ်မှာမူတည်နေတာပဲလေ
ကျွန်တော်ဘက်က တားဆီးပိုင်ခွင့်မှမရှိပဲ
ကျွန်တော်နည်းနည်း လောတကြီးသွားမိတယ်
ရှင်းလျန် / အဲ့ကိစ္စကြောင့်တော့ ရှင်းလျန်တို့ရဲ့ ဆက်ဆံရေးကို မထိခိုက်ပါဘူးနော် ရှင်းလျန်ကို မိတ်ဆွေတစ်ယောက်လို သဘောထားသေးတယ် မဟုတ်လားဟင်
ရှောင်ကျန့် / စိတ်ချပါ မိန်းကလေးရှင်း ကျွန်တော်ဘက်က
ဒါကို မိန်းကလေးရဲ့ အပြစ်လို့မယူဆပါဘူး
ရှင်းလျန် /ကျေးဇူးတင်ပါတယ် သခင်လေး
ဒါဆို ရှင်းလျန်ကိုယ်တိုင်လုပ်လာတဲ့ အားဆေးကို သုံးဆောင်ပေးပါဦး
ရှောင်ကျန့် / ဒါက...
ရှင်းလျန် / ဘာဖြစ်လို့လဲ သခင်လေး
ရှင်းလျန် ကိုယ်တိုင် သေချာသောက်ကြည့်ပြီးပါပြီ
မဟုတ်မှ ရှင်းလျန်ကို မယုံလို့လားဟင်...
ရှောင်ကျန့် / မဟုတ်ပါဘူး ... အင်းး ထားခဲ့လိုက်လေ...
ကျွန်တော် သေချာသောက်လိုက်ပါမယ်
ရှင်းလျန် / သခင်လေးက ရှင်းလျန်အပေါ် တကယ်မယုံကြည်သေးတာပဲ၊ ရှင်းလျန် ဝမ်းနည်းမိပါတယ်
ရှောင်ကျန့် / အာ...မဟုတ်ပါဘူး မဟုတ်ပါဘူး
သောက်ပါ့မယ် ဒီမှာကြည့်ပါ
ရှောင်ကျန့်က အားဆေးပန်းကန်အား အနည်းငယ်သောက်ပြလိုက်လေသည်။
ရှင်းလျန် / အဟင်းယင်း ရှင်းလျန်စေတနာတွေကို
အသိအမှတ်ပြုပေးလို့ကျေးဇူးတင်ပါတယ်
ဒါနဲ့ သခင်လေးရဲ့ အစေခံကိုရောမမြင်မိပါလား
ရှောင်ကျန့် / မယ်တော့်ဆီက လက်ဆောင်တွေ ပို့လိုက်တယ်ဆိုလို့ သွားယူနေတာပါ
ရှင်းလျန် / အော်...
အယ် ဒါလေးက.... သခင်လေးက သိုးမွေးပါထိုးတက်တာလား
ရှောင်ကျန့်က သူ့ဗိုက်လေးကိုပွတ်သပ်ရင်း
ရှောင်ကျန့် / အင်း ... ကလေးလေးအတွက်ပါ
ငယ်ငယ်တုန်းက သင်ထားဖူးတော
ကလေးလေးအတွက် ထိုးထားပေးကြည့်တာ
ရှင်းလျန် / အဟင်းဟင်း သခင်လေးက ချစ်တက်ပါပေတယ်...
*ဒီဟက် သေတော့မဲ့ ကလေးကိုများ ကလေးလေးအတွက်လုပ်နေသေးတယ်*
အထိန်းတော်ကြီး / မင်းကြီး ကြွချီလာပါတယ်...
ရှောင်ကျန့် / အရှင်ကို ဂါရပြုပါတယ်...
ရှင်းလျန် / မင်းကြီး...
မင်းကြီးက ရှောင်ကျန့်ကိုလျစ်လျူရှု့ကာ
မင်းကြီး / ရှင်းလျန် မနက်က မူးလဲသေးတယ်ဆို
ဘယ်လိုဖြစ်တာလဲ အခုလဲ နန်းဆောင်မှာမနေ လျောက်သွားနေရသလား
ရှင်းလျန် / ကျွန်တော်မျိုးမရဲ့အမှားပါ
အခုရက်ပိုင်းနည်းနည်းအားနည်းနေတာ
ကိုယ့်ကိုယ်ကို သေချာဂုမစိုက်မဘူး
အခုတော့ မင်းကြီးကိုစိတ်ပူစေမိပြီ
တောင်းပန်ပါတယ်မင်းကြီး
ရှင်းလျန်က မျက်နှာငယ်လေးဖြင့် မင်းကြီးကိုချွဲနေတော့
ရှောင်ကျန့်မှာဘေးလူလိုပင်
မင်းကြိး / ဘာမှမဖြစ်ဘူး အခု သမားတော်ကိုပြလိုက်ရင်ရပြီ
မင်းပုံစံကြည့်ရတာအတော်လေးအားနည်းနေတယ်
လာ ကိုယ်တော်တို့ နန်းဆောင်ပြန်ကြမယ်
မင်းကြီးက ရှောင်ကျန့်ကို ဂရုမစိုက်စွာ
ရှင်းလျန်ကိုခေါ်ပြီး နန်းဆောငျထဲက ထွက်သွားရန်ပြင်လိုက်သည်။
ထိုအခါ ရှောင်ကျန့်က မင်းကြီးရဲ့ ဝတ်ရုံအနားစကိုလှမ်းဆွဲကာ
မျက်ရည်များ ဟန်မဆောင်နိုင်အောင်ကျနေပြီး တိုးလျသောလေသံဖြင့်
ခေါ်လိုက်သည်။
ရှောင်ကျန့် /အရှင်...
တိုးညှင်းစွာခေါ်လိုက်ပေမဲ့ နှစ်ကိုယ်ကြား ကြားနိုင်သည့်အနေအထား
သို့သော် မင်းကြီးက တချက်ပင်လှည့်မကြည့်ပဲ ဝတ်ရုံစကို ခါထုတ်လျက် ထွက်သွားလေသည်။
ရှောင်ကျန့်က လက်ထဲကလွတ်သွားတဲ့ ဝတ်ရုံစကို ဝမ်းနည်းမျက်ဝန်းများဖြင့်ကြည့်ကာ လေဟာနယ်ကိုဖမ်းစုပ်လျက် မျက်ရည်များဖြင့်
တိတ်တခိုးရေရွက်မိသည်က အရှင့်အားတောင်းပန်သည့်စကားပင်...
* အရှင်...ကျွန်တော်မျိုးမှားမှန်းသိပါပြီ ကျွန်တော်မျိုးကိုမမုန်းလိုက်ပါနဲ့ ကျေးဇူးပြုပြီး... *
.......................
မင်းကြီး / သမားတော်ကြီးကြင်ယာတော်ရှင်းက
ဘာလို့ခဏခဏအားနည်းနေရတာလဲ
သမားတော်ကြီးလဲ ဝမ်းသာအားရဖြင့်
သားတော် / မင်းကြီး... ဂုဏ်ယူပါတယ် ကြင်လာတော်ရှင်းမှာလဲ ကိုယ်ဝန်လွယ်ထားရပါပြီ
ကြင်ယာတော်ရှင်းက ထိုအဖြေကိုကြိုသိပြီးသားဖြစ်သည်။
သို့သော် မင်းကြီးရှေ့မှာမို့
ဝမ်းသာမျက်ရည်များဖြင့် ကြည်နူးပြနေ၏။
မင်းကြီးကတော့ တစ်ခုခုလွဲနေပြီဆိုတာ
သဘောပေါက်လိုက်၏။
သို့သော် သက်သေမရှိသေးတာမို့
ငြိမ်နေလိုက်သည်။
ထို့နေ့ညမှာပဲ ညဉ်းနက်ပိုင်းအချိန်၌
ကြာပန်းနန်းဆောင်တွင် ကြင်ယာတော်ရှောင်တာ
ဝမ်းဗိုက်မှ နာကျင်မှုဒဏ်ကြောင့်
အလူးအလွန်ခံစားနေရရှာသည်။
ယွဲ့ယယ် / သခင်လေး...သမားတော်ခေါ် ခိုင်းထားပါတယ်
ခဏနေလာပါတော့မယ် ခဏလောက်သည်းခံပေးပါဦး
ရှောင်ကျန့် / ယွဲ့ယယ်..ဒါ...ဒါကဘာတွေလဲ...
ခြေထောက်တလျောက် စီးကျလာတဲ့ သွေးတွေကိုကြည့်ပြီး ကြင်ယာတော်ရှောင်ဟာ အနည်းငယ်ထိတ်လန့်သွားရသည်။
ရှောင်ကျန့် / သွေး...သွေးတွေမဟုတ်လား...
ယွဲ့ယယ်က သခင်လေးပြတဲ့သွေးတွေကိုကြည့်ကာထိတ်လန့်သွားပြီး
ယွဲ့ယယ် / သခင်လေး...!!!
ရှောင်ကျန့် / မဖြစ်ဘူး !!!မဖြစ်ဘူး ...
ကလေးလေး...ပါးကလေးလေး...
ဝတ်ရုံအဖြူထပ်စွန်းထင်လာတဲ့ သွေးတွေဟာ
မြင်မကောင်းစွာ...
ရှောင်ကျန့် / မဖြစ်ဘူး !!!ငါ့ရဲ့ ကလေးလေး
ယွဲ့ယယ်...!!!
မြန်မြန်...သမားတော်ခေါ် ... မြန်မြန်!!!
ရှောင်ကျန့် ငိုနေရင်းမှ သမားတော်အမြန်ရောက်လာစေဖို့
ဆုတောင်းနေမိသည်။
ရှောင်ကျန့်ရဲ့ အတွေးအာရုံတွေဝေဝါးလာခဲ့ပြီး စကားလူံးတွေဟာ
အဆက်အစပ်မရှိ တိုးလျလာခဲ့သည်။
ရှောင်ကျန့် / ငါ့ရဲ့ ကလေးလေးကို အဆုံးရှုံးမခံနိုင်ဘူး....
မြန်မြန်...သမားတော်...ခေါ်...ပေးကြပါ
အရှင်...အရှင်... ကျွန်တော်မျိုးမှားပါတယ် ကျေးဇူးပြုပြီးမမုန်းလိုက်ပါနဲ့... ကလေးလေးကိုကယ်ပေးပါ အရှင်...
ရှောင်ကျန်က ပြောနေရင်းပင်
သတိလစ်သွားတာမို့
ယွဲ့ယယ်ကအမြန်ဖမ်းထိန်းလိုက်ရသည်။
သမားတော် ရောက်လာချိန်မှာတော့
အချိန်မမှီတော့ချေ...
ယွဲ့ယယ် / သမားတော်ကြီး သခင်လေး ဘာဖြစ်တာလဲဟင်
သမားတော်ကြီး / စိတ်မကောင်းစရာပဲ
ကိုယ်ဝန်ပျက်ကျသွားတာပါ
မင်းကြီး / ဘာ!!!
အထိန်းတော်ကြီးရဲ့ ခေါ်ဆိုမျှကြောင့် ရောက်လာသော မင်းကြီးက ထိုစကားအားကြားကာ ဒေါ်သတကြီးဖြင့် အဆောင်တော်ထဲဝင်ရောက်လာခဲ့ပေသည်။
အားလုံးကလဲ ကြောက်ရွံ့စွာဖြင့် မင်းကြီးရှေ့ ဒူးထောက်ချလိုက်ကြသည်။
မင်းကြီး / ကိုယ်ဝန်က ဘာကြောင့်ပျက်ကျရတာလဲ
အမြန်ဆုံးလျောက်တင်ကြစမ်း!!!
သမားတော်ကြီး / ဆေး... ဆေးသုံးထားတဲ့ လက္ခဏာမျိုးတွေ့ရှိပါတယ်မင်းကြီး
သန္ဓတေားဆေးအပြင်းစားပါ အခန့်မသင်ရင်
လူကြီးကိုတောင် ဘေးဖွဈစနေိုငျလောကျတဲ့ ပမာဏပါမင်းကြီး
မင်းကြီး / တောက်!!!
ရှောင်ကျန့် မင်းအခုချက်ချင်းထစမ်း!!!
မင်းကြီးလဲ ဒေါသစိတ်ကြောင့်
သတိလစ်ပြီးဖျော့တော့စွာအိပ်နေတဲ့ ရှောင်ကျန့်အား အတင်းအကြမ်းလှုပ်ခတ်နိုးလေသည်။
ယွဲ့ယယ် / မင်းကြီး !!! သခင်လေးရှောင်က အားနည်းနေပါတယ် ကျေးဇူးပြုပြီး!!!
ယွဲ့ယယ်က သူ့သခင်လေးအပေါ် စိုးရိမ်စိတ်ဖြင့်ဝင်တားတော့
မင်းကြီး /အဲ့ဟာမကို မြေအောက်အကျဉ်းတိုက်ထဲ ဖမ်းခေါ်သွားကြစမ်း!!!
ယွဲ့ယယ် /မင်းကြီး!!! သခင်လေး!!!
အခန်းတွင်းဆူညံ့သွားတာမို့
ရှောင်ကျန့် မသက်သာစွာနဲ့နိုးထလာရသည်။
နိုးနိုးခြင်းဘေးမှာ အရှင့်ကိုတွေ့ လိုက်ရတာမို့
ဝမ်းသာသွားကာ...
ရှောင်ကျန့် / အရှင်...ကလေးလေး
ကျွန်တော်တို့ရဲ့ ကလေးလေး
တစ်ခုခုဖြစ်နေတယ်ထင်တယ်
ကယ်...ကယ်ပေးပါ...
အရှင့်ဆီလက်ကမ်းလျက် တိုးလျစွာသူတောင်းဆိုမိသည်။
သို့သော်ပြန်ရလိုက်သည်က အရှင့်ရဲ့ဉပက္ခာပြုမှု့နဲ့
ပြင်းထန်လွန်းတဲ့စွတ်စွဲချက်တစ်ခု...
မင်းကြီး / ကယ်လို့မရတော့ဘူး!!!
ကောင်းလိုက်တာ...မင်းလုပ်ရက်လိုက်တာရှောင်ကျန့်!!!
မင်းက မေတ္တာတရားမရှိတဲ့သူပဲ
ငါရဲ့ သွေးသားကို ဒီလိုလုပ်ရဲတယ်ပေါ့...!!!
ရှောင်ကျန့် / ကယ်လို့မရတော့ဘူးဆိုတာဘာကိုဆိုလိုတာလဲ အရှင်...
ကလေးလေး...ဘာဖြစ်တာလဲ...
မင်းကြီး / မင်းကိုယ်တိုင်ဆေးသုံးပြီး
ငါသွေးသားကို ဖျက်ချလိုက်တာလေ ဘာလဲအတိတ်မေ့သွားတာလား
မင်းကြီးရဲ့ဒေါသဟာ အထွတ်အထပ်ကိုရောက်နေပြီမှန်း
မင်းကြီးရဲ့မျက်ဝန်းတွေကနေ တဆင့် သိလိုက်ရလေပြီ
ရှောင်ကျန့် / အရှင်......မဟုတ်ဘူး
ကျွန်တော်မျိုး ကလေးလေးကိုလိုချင်ပါတယ် အရှင်ထင်သလိုမဟုတ်ဘူး ...
ရှောင်ကျန့် ငိုယိုကာ ငြင်းသော်လဲမရ
အရှင်က သူ့အားယုံကြည်မှု့ကင်းမဲ့နေခဲ့လေပြီ...
ရှောင်ကျန့် / ကလေးလေး...ဟင့် ပါးကလေးလေးရယ်...
မဟုတ်ဘူး...မဟုတ်ဘူး... ကျွန်တော်မျိုးအဲ့လိုမလုပ်ဘူး
အဲ့လိုစိတ်ဓာတ်မျိုး ကျွန်တော့်မှာမရှိပါဘူးအရှင် ယုံပေးပါ
မင်းကြီး /တောက်!!!
မင်းကိုယ်တိုင် ငါ့ရှေ့မှာ ဒီကလေးကိုမလိုချင်ဘူးပြောခဲ့တာလေ ဒါတောင်ငါ့ကိုလာလိမ်နေပြီး ယုံစေချင်သေးတာလား!!!
ရှောင်ကျန့် / မဟုတ်ဘူး ကျွန်တော်မျိုး စကားမှားခဲ့တာမှန်ပေမဲ့
အဲ့လိုရူးမိုက်တဲ့အလုပ်မျိုး မလုပ်ဘူး!!!
ကလေးလေး...ပါးရဲ့ ကလေးလေး ပြန်လာပေးပါ ပါးဆီကို ...
မင်းကြီးကတော့ ဒေါသထွက်စွာနဲ့ ထိုနန်းဆောင်ထဲကနေ ထွက်သွားခဲ့ချေပြီ
ရှောင်ကျန်ကတော့ သားကိုဆုံးရှုံးလိုက်ရသည့်အပြင် သူ့ချစ်သော ထိုလူသားဆီကပါ အထင်လွဲမုန်းတီးခြင်းကိုခံလိုက်ရပါ၏။