🌸More Than Friends(သူငယ်ချင်...

By LoonDarli

55K 2.4K 192

❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့... More

🌸Intro🌸
🌸Part -1🌸
🌸Part -2🌸
🌸Part -3🌸
🌸Part -4🌸
🌸Part -6🌸
🌸Part -7🌸
🌸Part -8🌸
🌸Part -9🌸
🌸Part -10🌸
🌸Part -11🌸
🌸Part-12🌸
🌸Part -13🌸
🌸Part -14🌸
🌸Part -15🌸
🌸Part -16🌸
🌸Part -17🌸
🌸Part -18🌸
🌸Part -19🌸
🌸Part -20🌸
🌸Part -21🌸
🌸Part -22🌸
🌸Final🌸

🌸Part -5🌸

2.2K 118 14
By LoonDarli

(Zawgyi)

🌸More than friends(သူငယ္ခ်င္းထက္ပိုေသာ)🌸

ရိုဟန္ ေရွာင္းက်န႔္ အေအးသြားယူတာကိုေစာင့္ေနစဥ္ ဆရာ ဆရာမမ်ားနဲ႕အားလုံးက ေရပုံးေတြျဖင့္ စတိုခန္းကိုဝိုင္းပတ္ေနၾကသည္ ။ ရိုဟန္ ‌ေ-သခ်ာၾကည့္လိုက္ေတာ့ စတိုခန္းထဲမွ မီးေတာက္မ်ားႏွင့္ မီးခိုးေတြထြက္ေနတာေၾကာင့္

"ဟာ! ဟိုမွန္ေၾကာင္ေကာင္ အဲ့ဒီအထဲမွာပဲ ဒုကၡပဲ ငါကအေအးသြားယူခိုင္းတာေလးကို မီးပါေလာင္ကုန္ၿပီ မီးေလာင္တာကိစၥမရွိဘူး ဒင္းပါ‌ေ-သရင္ ငါ့ကိုအမႈပတ္မွာ က်စ္"

ရိုဟန္ ဖုန္းကိုထုတ္လိုက္ကာ မီးသ-တ္ကိုအေၾကာင္းၾကားလိုက္ၿပီး သူတို႔နားေနတဲ့အခန္းမွ ေစာင္အထူႀကီးကို ေျပးယူကာ ေရႏွစ္လိုက္သည္။ ေရေတြနဲ႕ေလးနစ္ေနတဲ့ ထိုေစာင္ကို သူ႕တစ္ကိုယ္လုံးကိုၿခဳံလိုက္ကာ စတိုခန္းထဲကိုဝင္မယ္အလုပ္ မိန္းကေလးတစ္ေယာက္ကိုဆြဲၿပီးထုတ္လာတဲ့တစ္ေယာက္ ရိုဟန္သတိထားမိသည္

"ဒါက မွန္ေၾကာင္ၾကည့္ၾကည့္ၿပီး ငိုေနတဲ့တစ္ေယာက္မလား? ဘာလဲ? ဒီေကာင္က သူ႕ဟာကိုပဲကယ္တာလား? ေစာက္လူစိတ္မရွိတဲ့ေကာင္ ခ်ီးပဲ!"

ရိုဟန္ ရိေပၚကိုက်ိန္ဆဲကာ စတိုခန္းထဲကိုဝင္ဖို႔ၾကည့္ေတာ့ စတိုခန္းရဲ႕ အေရွ႕ဘက္တံခါးတစ္ခုလုံး မီးမ်ားႏွင့္ ၿပိဳက်လာေနၿပီ ဒါေၾကာင့္ စတိုခန္းရဲ႕အေနာက္ဘက္အျပင္မွ မီးေတြဆြဲေနတဲ့ ျပတင္းေပါက္ကို သံတုတ္ျဖင့္ရိုက္ကာ ခ်ိဳးျပစ္လိုက္ၿပီး ထိုအေပါက္ေလးထဲမွ အထဲသို႔ခုန္ဝင္သြားေသာရိုဟန္။

အထဲေရာက္ေတာ့ အစားအေသာက္ေတြ ကုန္ပစၥည္းေတြကိုအကုန္မီးစြဲေနကာ စတိုခန္းတစ္ခုက မီးခိုးေတြနဲ႕ျပည့္ႏွံ႕လွ်က္ ဘာမွမျမင္ရေပ။ ဒါေၾကာင့္ ရိုဟန္က နာမည္ေအာ္ေခၚမည္လုပ္ေတာ့ ေရွာင္းက်န႔္နာမည္ကိုသူမသိေပ။ ဒါေၾကာင့္ ေရစိုေနတဲ့ေစာင္ျဖင့္ မီးခိုးမမႊန္ေအာင္ သူ႕ႏႈတ္ေခါင္းကိုပိတ္ကာ ေရွာင္းက်န႔္ကိုရွာမိေတာ့ မီးေတြကြၽတ္ကြၽတ္ေလာင္ေနတဲ့ေနရာရဲ႕ၾကားေလးထဲ၌ ေခြေခြေလးလဲက်ေနတဲ့ေရွာင္းက်န႔္ကိုေတြ႕ၿပီး ရိုဟန္ အေျပးသြားရသည္။ ‌

ေရွာင္းက်န႔္ပတ္ပတ္လည္မွမီးေတြကို သူ႕ရဲ႕ေရစိုေစာင္ျဖင့္ဖယ္ရွားၿပီး ေရွာင္းက်န႔္ကိုေပြ႕ခ်ီလိုက္သည္

"ငါ့ဘဝမွာ ဘယ္သူ႕ကိုမွ အသ-က္နဲ႕လဲၿပီး မကယ္ခဲ့ဖူးဘူးမွန္ေၾကာင္ မင္းကံေကာင္းတယ္မွတ္ပါ"

ထိုသို႔ေျပာကာ ေရစိုေနတဲ့ေစာင္ကို အေပါက္ေရွ႕မွ မီးေတြကိုအုပ္လိုက္ၿပီး သတိေမ့ေနတဲ့ေရွာင္းက်န႔္ကိုေပြ႕ခ်ီလွ်က္ ေလာင္စာမ်ားကိုေရွာင္ကာ အျပင္သို႔အျမန္ထြက္လာလိုက္သည္။

ရိေပၚ ဝမ္ခ်င့္စကားသံေၾကာင့္ အျမန္ထကာ ၾကည့္မိေတာ့ ရိုဟန္လက္ထဲမွာ ေပ်ာ့ေခြကာ မီးစဒဏ္ေၾကာင့္ အက်ီမ်ားကၿပဲစုတ္လွ်က္ မီးအခိုးေငြ႕ေၾကာင့္အသားမ်ားမဲေနတဲ့ေရွာင္းက်န႔္ ။ ရိေပၚ ေရွာင္းက်န႔္အနားကိုသြားမယ္လုပ္ေတာ့ ရိုဟန္က သူ႕ကိုစိုက္ၾကည့္ကာ လူနာတင္ကားေပၚသို႔အျမန္တင္လိုက္သည္။ ၿပီးေနာက္ ထိုလူနာတင္ကားေပၚသို႔ ရိုဟန္ပါလိုက္သြားသည္

ရိေပၚ ရိုဟန္ရဲ႕အၾကည့္ကိုသိပါသည္ သူ႕ကိုအသုံးမက်တဲ့လူတစ္ေယာက္လိုၾကည့္သြားတာကို သူသိတာေပါ့။ ရိေပၚ ငိုေန႐ုံမွအပ ဘာမွမေျပာနိုင္ေတာ့ေပ။ ဝမ္ခ်င္မွ ရိေပၚပုခုံးကိုကိုင္လိုက္ၿပီး

"ရိေပၚ ရွင္အဆင္ေျပရဲ႕လား"

ရိေပၚ ေခါင္းၿငိမ့္ျပ‌လိုက္ၿပီး ဝမ္ခ်င္နဲ႕ရိေပၚကို ဆရာမမ်ားက ေဆး႐ုံသို႔‌ေခၚသြားလိုက္ၾကသည္။

..................................................................................

>>>ေဆး႐ုံ၌<<<

အေရးေပၚခန္းထဲတြင္ ဆရာဝန္မ်ားပ်ာယာေနၾကသည္။ အဘယ္ေၾကာင့္ဆို ေရွာင္းက်န႔္က မီးခိုးေငြ႕ရဲ႕ ဒဏ္ေတြေၾကာင့္ အခိုးေငြ႕အဆိပ္တက္ကာ အသ-က္လုေနရသည္ပင္။ အသ-က္ရႈလမ္းေၾကာင္း၌ မီးခိုးအေငြ႕ေတြပိတ္ဆို႔ၿပီး အသ-က္ရႈရခက္ေနတဲ့ေရွာင္းက်န႔္ေၾကာင့္ ဆရာဝန္မ်ားေခြၽးျပန္ေနၾကသည္။

ထိုအေျခအေနကို အခန္းအျပင္မွ ၾကည့္ၿပီး ငိုေနတဲ့ရိေပၚ ။ ဝမ္ခ်င္လည္း ငိုေနကာ ၿငိမ္ေနသည္။ ထိုအခ်ိန္ ရိုဟန္က ရိေပၚေရွ႕ေရာက္လာၿပီး

"ေဟ့ေကာင္ ဝမ္ရိေပၚ!"

ရိေပၚ သူ႕ကိုေခၚေနတဲ့ရိုဟန္ေၾကာင့္ မတ္တပ္ရပ္လိုက္ေတာ့ မ်က္ႏွာေပၚသို႔က်လာေသာလက္သီးတစ္ခ်က္

~ခြက္!~

ရိေပၚ သူ႕ပါးစပ္ထဲမွ‌ေ-သြးမ်ားပင္ ထြက္လာၿပီး အေနာက္သို႔လဲက်သြားသည္။ ထိုအခါဝမ္ခ်င္က

"ရိေပၚ!...ရိုဟန္! နင္ဘာလုပ္တာလဲ ဒါ"

"နင့္အေကာင္ကို နင္ေမးၾကည့္ပါလား!! စတိုခန္းထဲမွာႏွစ္ေယာက္ပဲရွိတာကို တစ္ေယာက္ပဲေ႐ြးကယ္ခဲ့တဲ့ အဲ့သတၱိေၾကာင္တဲ့ေကာင္ကို နင္ေမးေလ! ေမး!!!"

ထိုေတာ့မွ ဝမ္ခ်င္လည္း စကားေတြေပ်ာက္ရွသြားကာ ဘာမွျပန္မေျပာန္ုင္ေတာ့ေပ။ ဟုတ္ပါသည္ သူ႕ကိုကယ္ခဲ့တုန္းက ရိေပၚကိုသူေမးပါသည္

*"ရိေပၚ အထဲမွာေရွာင္းက်န႔္ရွိေသးတယ္ အျမန္သြားကယ္!"

"..........."

သူ႕ကိုဘာမွျပန္မေျပာပဲ စတိုခန္းကိုေၾကာင္ၾကည့္ကာ မ်က္ရည္ေတြဝဲေနတဲ့ရိေပၚေၾကာင့္ သူစိတ္တိုခဲ့ရသည္*

"အဟက္! မင္းတို႔ကို ငါတစ္ခါထဲေျပာလိုက္မယ္ မွန္ေၾကာင္သာတစ္ခုခုျဖစ္ရင္ ငါမင္းကို အရွင္မထားဘူးဝမ္ရိေပၚ!!"

ရိုဟန္ ေဒါသထြက္ေနခ်ိန္ တစ္ကိုယ္လုံးအနက္ဝမ္းဆက္suitဝတ္စုံမ်ားျဖင့္ ဝင္လာၾကေသာလူမ်ား ။ ထိုလူမ်ားရဲ႕အေနာက္ဆုံးမွဝင္လာေသာ အမ်ိဳးသမီးႀကီးတစ္ေယာက္ ရိုဟန႔္ဆီကိုသြားကာ တစ္ကိုယ္လုံးကိုပ်ာပ်ာသလဲၾကည့္သည္

"သား ဘာျဖစ္သြားေသးလဲ မားရင္ေတြတုန္လိုက္တာကြယ္"

"သား ဘာမွမျဖစ္ဘူး ျဖစ္သြားတာ သားသူငယ္ခ်င္းပါ"

"ဘယ္လို? ဟယ္ အႏၲာရယ္ေရာကင္းရဲ႕လားကြယ္ အဲ့ကေလး"

"မသိေသးဘူးမား အခုထိေတာ့စိုးရိမ္ေနရတုန္းပဲ အေရးေပၚခန္းထဲမွာ"

ရိုဟန္ သူ႕မားကိုေျပာေနတုန္း အေရးေပၚခန္းထဲမွ ဆရာဝန္တစ္ေယာက္ အျမန္ေျပးထြက္လာသည္။

"လူနာက မီးခိုးေငြ႕ေတြေၾကာင့္ အဆိပ္သင့္ၿပီး အရမ္းအႏၲာရာယ္မ်ားေနတယ္ ျဖစ္နိုင္ရင္ ပါရဂူေခၚမွရမယ္ ဒါေၾကာင့္ အဆင္ေျပၾကလားဗ်ာ"

ထိုအခါ က်န္းသခင္မႀကီးက (ရိုဟန္၏အေမ)

"လိုတာအကုန္လုပ္ေပးပါDr. က်သမွ်အကုန္ ကြၽန္မရွင္းမယ္ professor နဲ႕ဆိုလည္းရတယ္Dr."

"ဟုတ္ကဲ့ပါဗ်"

ဆိုကာ ဆရာေတြယုတ္ယုတ္သဲသဲျဖစ္ေနၾကသည္။ ရိေပၚ အေရးခန္းထဲမွ ေအာက္စီဂ်င္ပိုက္ေတြျဖင့္ အသ-က္လုေနရတဲ့ေရွာင္းက်န႔္ကိုၾကည့္ကာ မ်က္ရည္မ်ားက်ေနသည္

(ငါေတာင္းပန္ပါတယ္ေရွာင္းက်န႔္....ငါမွားသြားခဲ့ပါတယ္....ငါ့အေပၚ အရမ္းေကာင္းတဲ့မင္းကို ငါမီးေတြၾကားျပစ္ထားခဲ့မိတယ္...ဒါေၾကာင့္ ငါ့ကိုထလာၿပီးအျပစ္ေပးပါေတာ့ ေရွာင္းက်န႔္ရယ္....မင္းဘာမွျဖစ္လို႔မရဘူး ငါ့ကိုဒီလိုအျဖစ္မ်ိဳးနဲ႕ တစ္ေယာက္ထဲထားခဲ့ဖို႔မစဥ္းစားနဲ႕ေရွာင္းက်န႔္ အဲ့ဒါဆို ငါစိတ္ဆိုးမိလိမ့္မယ္)

ဝမ္ခ်င္ ရိေပၚေၾကာကို ပြတ္သပ္ေပးကာ

"ရိေပၚရယ္ မငိုပါနဲ႕ ေရွာင္းက်န႔္က ဘာမွမျဖစ္ေလာက္ပါဘူး အခုလည္း ပေရာ္ဖက္ဆာေတြေရာက္လာၿပီေလေနာ္ စိတ္ခ်ရမွာပါ"

"အင္း"

ရိေပၚ ေခါင္းသာၿငိမ့္၍ ေအာက္တြင္သာငုတ္တုတ္ေလးထိုင္ကာ အသံတိတ္ငိုေနသည္။

..................................................................................

>>>၄နာရီခန႔္ ၾကာၿပီးေနာက္<<<

ရိုဟန္ အေရးေပၚခန္းမေရွ႕မွာ ေရွ႕သြားလိုက္ ေနာက္သြားလိုက္ျဖင့္ ေဒါသထြက္ေနသည္

"သူတို႔လုပ္ေနတာမၿပီးေတာ့ဘူးလား အရမ္းၾကာေနၿပီ အထဲကလူနာဘယ္လိုအေျခအေနရွိလဲဆိုတာလည္း အခုထိမသိရေသးဘူး မား တစ္ခုခုလုပ္ေတာ့ဗ်ာ"

ရိုဟန္က သူ႕မားေရွ႕မွာေဒါသထြက္ေနတာကို ဆရာ ဆရာမေတြကၾကည့္ကာ ေခါင္းမ်ားႀကီးေနၾကသည္။ က်န္းသခင္မႀကီးက ဆရာမေတြဘက္လွည့္ၾကည့္ကာ

"ဒီမွာ ဆရာတို႔ ဆရာမတိူ႕ ရွင္တို႔ပဲ ဒီခရီးစဥ္ကို အေကာင္းဆုံးလုပ္ေဆာင္မယ္ဆို ကြၽန္မသားကို ‌ေ-သခ်ာေစာင့္ေရွာက္ၿပီး ေက်ာင္းသားေတြလည္း ေပ်ာ္ရပါေစမယ္ဆို အခုကဒါဘာလဲ! ဟမ္!!"

ဆရာမမ်ားက တုန္ရီေနၾကကာ

"ဒါ ဒါက ကြၽန္မ ကြၽန္မတို႔လည္း ‌‌ေ-သခ်ာသတိမထားလိုက္လို႔ရွင္"

"ေအာ္ ရွင္တို႔က အခုေတာ့ဒီလိုေျပာၿပီေပါ့ ရတယ္ေလ ရွင္တို႔အားလုံး အလုပ္ထြက္ဖို႔ျပင္ထားလိုက္ေတာ့!"

"မားကလည္းတစ္မ်ိဳး ဆရာမေတြနဲ႕ဘာဆိုင္လဲ ကြၽန္ေတာ္တို႔ကို ‌ေ-သခ်ာတစ္ေယာက္ခ်င္းစီဘယ္သူက လိုက္ၾကည့္နိုင္မွာလဲ သူ႕ဘာသာျဖစ္ခ်ိန္တန္လို႔ ျဖစ္တာကို ေပါက္ကရေတြေလွ်ာက္ေျပာမေနနဲ႕"

ရိုဟန႔္ေဒါသေၾကာင့္ က်န္းသခင္မႀကီးက

"သားရယ္ မားက စိတ္ပူသြားလို႔ပါ "

"မလိုဘူး ရတယ္"

"ဟင္း...."

ရိုဟန္ရဲ႕ဟန႔္တားမႈေၾကာင့္ ဆရာ ဆရာမမ်ားက စိတ္ေအးသြားရသည္။ အဘယ္ေၾကာင့္ဆို ရိုဟန္ရဲ႕မားျဖစ္သူ က်န္းလင္သခင္မႀကီးက သူတို႔ေက်ာင္းရဲ႕CEOျဖစ္ေနလို႔ပင္။ က်န္းသခင္မႀကီးက အားလုံးကိုသာ အမိန႔္ေပးနိုင္တာ သူ႕သား ရိုဟန္ကိုေတာ့ အမိန႔္မေပးန္ုင္ေပ။ သားျဖစ္သူရိုဟန္ကို သိပ္ခ်စ္ကာ အရမ္းလည္းအလိုလိုက္သည္။ ရိုဟန္ျဖစ္ခ်င္တာဆို မရရေအာင္လုပ္ေပးတဲ့က်န္းသခင္မႀကီးပင္

အေရးေပၚခန္းထဲမွ ဆရာဝန္မ်ားထြက္လာၾကေတာ့ အားလုံးက နိုးနိုးၾကားၾကားျဖစ္သြားၾကသည္။

"လူနာက စိတ္ခ်သြားရပါၿပီခဗ် အခုလူနာေဆာင္ကိုပို႔ပါေတာ့မယ္ ေဘးကိုခဏေလးဖယ္ေပးၾကပါ"

ေရွာင္းက်န႔္ကို ကုတင္လွည္းေပၚကိုတင္ကာ အေရးခန္းထဲမွထုတ္လာၿပီး လူနာအခန္းသို႔ ေျပာင္းေ႐ြ႕လိုက္သည္ ။

အားလုံးစိတ္ခ်ရၿပီဆိုတဲ့အခ်ိန္မွ ပ်ာပ်ာသလဲေရာက္လာတဲ့ေရွာင္းမား ။ အခန္းအျပင္မွာ ရပ္ေနတဲ့ရိေပၚကိုေတြ႕ေတာ့ အနားသို႔အေျပးသြားကာ ငိုလွ်က္

"သား ရိေပၚ ေရွာင္းက်န႔္ေလးေရာ"

"ေရွာင္းက်န႔္ အခန္းထဲမွာပါအန္တီ"

ေရွာင္းမား အခန္းထဲသို႔အျမန္ဝင္လိုက္ေတာ့ ကုတင္ေပၚမွာ ေအာက္ဆီဂ်င္ပိုက္တက္ထားတဲ့ေရွာင္းက်န႔္ကိုျမင္သြားသည္။ ေရွာင္းက်န႔္လက္ကိုကိုင္ကာ ေရွာင္းမားငိုေနသည္

"သား ေရွာင္းက်န႔္ေလး မားမားေရာက္ၿပီေနာ္  သားရယ္ အႏၲာရာယ္မ်ားလိုက္တာ"

ေရွာင္းက်န႔္လက္ကိုကိုင္ကာ ငိုေနတဲ့ေရွာင္းမားကို က်န္းသခင္မႀကီး‌ေ-သခ်ာၾကည့္ေနသည္။ ထိူ႕ေနာက္ က်န္းသခင္မႀကီးက

"ေရွာင္းန်န္? "

ငိုေနတဲ့ေရွာင္းမားက သူ႕ကိုေခၚတဲ့အသံေၾကာင့္ အေနာက္သို႔လွည့္ၾကည့္ေတာ့

"ဟင္!? က်န္းလင္!"

"ေရွာင္းန်န႔္!!.."

ထိုအခါမွ တစ္ေယာက္ကိုတစ္ေယာက္ မွတ္မိသြားၾကတဲ့သူငယ္ခ်င္းႏွစ္ေယာက္ အခ်င္းခ်င္းေပြ႕ဖက္လိုက္ၾကသည္ ။ က်န္းသခင္မႀကီးမွ

"ဟယ္ ေရွာင္းန်န္ရယ္ ဒါကနင့္သားလား"

"ဟုတ္တယ္ က်န္းလင္ ဒါငါ့သားေလး"

"အမေလး ေရွာင္းန်န္ရယ္"

ဆိုကာ က်န္းသခင္မႀကီး မ်က္ရည္မ်ားက်ကာ ေရွာင္းမားကိုဖက္ထားသည္ ။ ထိုအေျခအေနကိုၾကည့္‌၍ ရိေပၚ အခန္းထဲမဝင္ပဲ အျပင္မွာသာ ငုတ္တုတ္ထိုင္ေနသည္ ။ ဝမ္ခ်င္ကပါ ငုတ္တုတ္လိုက္ထိုင္လိုက္ၿပီး

"ရိေပၚ  အခန္းထဲမဝင္ဘူးလား"

"........"

ရိေပၚ ဘာမွျပန္မေျပာတာေၾကာင့္ ဝမ္ခ်င္လည္း သ-က္ျပင္းတစ္ခ်က္ခ်မိသည္။

အခ်ိန္ခဏအၾကာ အခန္းထဲမွထြက္လာၾကေသာ ဆရာ ဆရာမမ်ားနဲ႕ က်န္းသခင္မႀကီး ၊ ေရွာင္းမားနဲ႕ ရိုဟန္တို႔ ။ က်န္းသခင္မႀကီးက

"ဒါဆို ေရွာင္းန်န္ နင္ငါ့အိမ္လိုက္အိပ္လိုက္ မနက္ၾကမွ ငါနင့္အိမ္ကိုျပန္ပို႔ေပးမယ္"

"ဒီမွာ ငါ့သားရွိေနတာေလ ငါသားကို ဘယ္သူဂ႐ုစိုက္မွာလဲ"

ရိေပၚ/ရိုဟန္ - "ကြၽန္ေတာ္ဂ႐ုစိုက္လိုက္ပါ့မယ္"

သံၿပိဳင္ထြက္လာတဲ့ရိေပၚနဲ႕ရိုဟန္ေၾကာင့္ အားလုံးရဲ႕အၾကည့္က ထိုႏွစ္ေယာက္တြင္သာ။ ေရွာင္းမားက

"ရိေပၚ သား အန္တီသားကိုဂ႐ုစိုက္ေပးပါဦးကြယ္"

"ဟူတ္ကဲ့ အန္တီ စိတ္ခ်ပါ"

ရိုဟန္က

"မား ကြၽန္ေတာ္လည္းေနခဲ့မယ္ မွန္ေၾကာင္ကိုစိတ္မခ်လိဳ႕"

ထိုအခါ ရိေပၚက ရိုဟန္ကိုၾကည့္ၿပီး

"မင္းက ဘာကိစၥနဲ႕စိတ္မခ်တာလဲ ငါတစ္ေယာက္လုံးရွိေနတာကို"

"မင္းရွိေနလို႔ကို စိတ္မခ်တာကြာ ရွင္းလား?"

ရိုဟန္နဲ႕ရိေပၚရဲ႕ အၾကည့္ခ်င္းစစ္ကြင္းမွာ ေရွာင္းမားတံေတြးမ်ိဳခ်မိသည္

"ဟို သားရိေပၚနဲ႕ ဒီက သား...?"

က်န္းသခင္မႀကီးက

"ရိုဟန္ လို႔ေခၚတယ္ န်န္"

"ေအးေအး ဒီက သားရိုဟန္တို႔ႏွစ္ေယာက္ အန္တီ့သားေလးကိုေစာင့္ေရွာက္ေပးပါဦးကြယ္ အန္တီက ေဆး႐ုံနဲ႕အိမ္အရမ္းေဝးေနေတာ့ အဆင္မေျပလို႔ပါ"

ရိုဟန္က

"ရတယ္ အန္တီစိတ္ခ် သားတို႔တာဝန္ထား"

"ေအးကြယ္ သားတို႔ရယ္ ေက်းဇူးတင္ပါတယ္ တစ္ခုခုဆို အန္တီ့ကိုဖုန္းဆက္ၾကေနာ္ သားေလးကိုတစ္ေယာက္ထဲထားခဲ့ရတာ အန္တီလည္းစိတ္ခ်တာမဟုတ္ဘူး"

ရိေပၚက

"သားတစ္ေယာက္လုံးရွိပါတယ္အန္တီ စိတ္ခ်ေနာ္"

"ေအးေအး သားရိေပၚ"

ဆရာမမွ ဝမ္ခ်င္ကို

"သမီး ဆရာမတို႔လည္း ေဂဟာကိုျပန္ရေအာင္ ဟိုမွာ ရဲေတြေရာက္ေနတယ္ေျပာတယ္ အဲ့ဒါစစ္ေဆးေမးျမန္းစရာေလးရွိလို႔တဲ့ ကာယံကာရွင္ေတြကိုေခၚေနလို႔"

"ဟုတ္ကဲ့ ဆရာမ သမီးတို႔သြားၾကမယ္ ရိေပၚ  ကြၽန္မျပန္လိုက္ဦးမယ္ ေရွာင္းက်န႔္ကို စိတ္ခ်မယ္ေနာ္"

"အင္းပါ မင္းလည္း ဟိုမွာတစ္ခုခုထူးရင္ ကိုယ့္ကိုဖုန္းဆက္ေနာ္"

"အင္းအင္း"

ဝမ္ခ်င္နဲ႕ဆရာမတို႔ ထြက္သြားၾကၿပီး က်န္းသခင္မႀကီးနဲ႕ေရွာင္းမားတို႔လည္း ထြက္သြားၾကသည္။ ရိေပၚနဲ႕ရိုဟန္ အခန္းဝင္မယ္လုပ္ေတာ့ တံခါးအဝမွာ ႏွစ္ေယာက္သားတိုက္မိသည္။ ရိုဟန္က

"မင္းမျမင္ဘူးလား ငါဝင္ေနတယ္ေလ!"

"မင္းကေရာ ငါဝင္ေနတာမျမင္ဘူးလား"

ရိေပၚနဲ႕ရိုဟန္ တံခါးအဝ၌သာ အၾကည့္ခ်င္းစစ္ထိုးေနၾကသည္

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

#WattpadAuthor_LoonDarli

#feedbackေလးေတြေပးခဲ့ၾကပါဦးဗ်

#ဖတ္ရႈေပးတဲ့ဒါဒါေလးတို႔ကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်

..................................................................................

(Unicode)

🌸More than friends(သူငယ်ချင်းထက်ပိုသော)🌸

ရိုဟန် ရှောင်းကျန့် အအေးသွားယူတာကိုစောင့်နေစဉ် ဆရာ ဆရာမများနဲ့အားလုံးက ရေပုံးတွေဖြင့် စတိုခန်းကိုဝိုင်းပတ်နေကြသည် ။ ရိုဟန် ‌ေ-သချာကြည့်လိုက်တော့ စတိုခန်းထဲမှ မီးတောက်များနှင့် မီးခိုးတွေထွက်နေတာကြောင့်

"ဟာ! ဟိုမှန်ကြောင်ကောင် အဲ့ဒီအထဲမှာပဲ ဒုက္ခပဲ ငါကအအေးသွားယူခိုင်းတာလေးကို မီးပါလောင်ကုန်ပြီ မီးလောင်တာကိစ္စမရှိဘူး ဒင်းပါ‌ေ-သရင် ငါ့ကိုအမှုပတ်မှာ ကျစ်"

ရိုဟန် ဖုန်းကိုထုတ်လိုက်ကာ မီးသ-တ်ကိုအကြောင်းကြားလိုက်ပြီး သူတို့နားနေတဲ့အခန်းမှ စောင်အထူကြီးကို ပြေးယူကာ ရေနှစ်လိုက်သည်။ ရေတွေနဲ့လေးနစ်နေတဲ့ ထိုစောင်ကို သူ့တစ်ကိုယ်လုံးကိုခြုံလိုက်ကာ စတိုခန်းထဲကိုဝင်မယ်အလုပ် မိန်းကလေးတစ်ယောက်ကိုဆွဲပြီးထုတ်လာတဲ့တစ်ယောက် ရိုဟန်သတိထားမိသည်

"ဒါက မှန်ကြောင်ကြည့်ကြည့်ပြီး ငိုနေတဲ့တစ်ယောက်မလား? ဘာလဲ? ဒီကောင်က သူ့ဟာကိုပဲကယ်တာလား? စောက်လူစိတ်မရှိတဲ့ကောင် ချီးပဲ!"

ရိုဟန် ရိပေါ်ကိုကျိန်ဆဲကာ စတိုခန်းထဲကိုဝင်ဖို့ကြည့်တော့ စတိုခန်းရဲ့ အရှေ့ဘက်တံခါးတစ်ခုလုံး မီးများနှင့် ပြိုကျလာနေပြီ ဒါကြောင့် စတိုခန်းရဲ့အနောက်ဘက်အပြင်မှ မီးတွေဆွဲနေတဲ့ ပြတင်းပေါက်ကို သံတုတ်ဖြင့်ရိုက်ကာ ချိုးပြစ်လိုက်ပြီး ထိုအပေါက်လေးထဲမှ အထဲသို့ခုန်ဝင်သွားသောရိုဟန်။

အထဲရောက်တော့ အစားအသောက်တွေ ကုန်ပစ္စည်းတွေကိုအကုန်မီးစွဲနေကာ စတိုခန်းတစ်ခုက မီးခိုးတွေနဲ့ပြည့်နှံ့လျှက် ဘာမှမမြင်ရပေ။ ဒါကြောင့် ရိုဟန်က နာမည်အော်ခေါ်မည်လုပ်တော့ ရှောင်းကျန့်နာမည်ကိုသူမသိပေ။ ဒါကြောင့် ရေစိုနေတဲ့စောင်ဖြင့် မီးခိုးမမွှန်အောင် သူ့နှုတ်ခေါင်းကိုပိတ်ကာ ရှောင်းကျန့်ကိုရှာမိတော့ မီးတွေကျွတ်ကျွတ်လောင်နေတဲ့နေရာရဲ့ကြားလေးထဲ၌ ခွေခွေလေးလဲကျနေတဲ့ရှောင်းကျန့်ကိုတွေ့ပြီး ရိုဟန် အပြေးသွားရသည်။ ‌

ရှောင်းကျန့်ပတ်ပတ်လည်မှမီးတွေကို သူ့ရဲ့ရေစိုစောင်ဖြင့်ဖယ်ရှားပြီး ရှောင်းကျန့်ကိုပွေ့ချီလိုက်သည်

"ငါ့ဘဝမှာ ဘယ်သူ့ကိုမှ အသ-က်နဲ့လဲပြီး မကယ်ခဲ့ဖူးဘူးမှန်ကြောင် မင်းကံကောင်းတယ်မှတ်ပါ"

ထိုသို့ပြောကာ ရေစိုနေတဲ့စောင်ကို အပေါက်ရှေ့မှ မီးတွေကိုအုပ်လိုက်ပြီး သတိမေ့နေတဲ့ရှောင်းကျန့်ကိုပွေ့ချီလျှက် လောင်စာများကိုရှောင်ကာ အပြင်သို့အမြန်ထွက်လာလိုက်သည်။

ရိပေါ် ဝမ်ချင့်စကားသံကြောင့် အမြန်ထကာ ကြည့်မိတော့ ရိုဟန်လက်ထဲမှာ ပျော့ခွေကာ မီးစဒဏ်ကြောင့် အကျီများကပြဲစုတ်လျှက် မီးအခိုးငွေ့ကြောင့်အသားများမဲနေတဲ့ရှောင်းကျန့် ။ ရိပေါ် ရှောင်းကျန့်အနားကိုသွားမယ်လုပ်တော့ ရိုဟန်က သူ့ကိုစိုက်ကြည့်ကာ လူနာတင်ကားပေါ်သို့အမြန်တင်လိုက်သည်။ ပြီးနောက် ထိုလူနာတင်ကားပေါ်သို့ ရိုဟန်ပါလိုက်သွားသည်

ရိပေါ် ရိုဟန်ရဲ့အကြည့်ကိုသိပါသည် သူ့ကိုအသုံးမကျတဲ့လူတစ်ယောက်လိုကြည့်သွားတာကို သူသိတာပေါ့။ ရိပေါ် ငိုနေရုံမှအပ ဘာမှမပြောနိုင်တော့ပေ။ ဝမ်ချင်မှ ရိပေါ်ပုခုံးကိုကိုင်လိုက်ပြီး

"ရိပေါ် ရှင်အဆင်ပြေရဲ့လား"

ရိပေါ် ခေါင်းငြိမ့်ပြ‌လိုက်ပြီး ဝမ်ချင်နဲ့ရိပေါ်ကို ဆရာမများက ဆေးရုံသို့‌ေခါ်သွားလိုက်ကြသည်။

..................................................................................

>>>ဆေးရုံ၌<<<

အရေးပေါ်ခန်းထဲတွင် ဆရာဝန်များပျာယာနေကြသည်။ အဘယ်ကြောင့်ဆို ရှောင်းကျန့်က မီးခိုးငွေ့ရဲ့ ဒဏ်တွေကြောင့် အခိုးငွေ့အဆိပ်တက်ကာ အသ-က်လုနေရသည်ပင်။ အသ-က်ရှုလမ်းကြောင်း၌ မီးခိုးအငွေ့တွေပိတ်ဆို့ပြီး အသ-က်ရှုရခက်နေတဲ့ရှောင်းကျန့်ကြောင့် ဆရာဝန်များချွေးပြန်နေကြသည်။

ထိုအခြေအနေကို အခန်းအပြင်မှ ကြည့်ပြီး ငိုနေတဲ့ရိပေါ် ။ ဝမ်ချင်လည်း ငိုနေကာ ငြိမ်နေသည်။ ထိုအချိန် ရိုဟန်က ရိပေါ်ရှေ့ရောက်လာပြီး

"ဟေ့ကောင် ဝမ်ရိပေါ်!"

ရိပေါ် သူ့ကိုခေါ်နေတဲ့ရိုဟန်ကြောင့် မတ်တပ်ရပ်လိုက်တော့ မျက်နှာပေါ်သို့ကျလာသောလက်သီးတစ်ချက်

~ခွက်!~

ရိပေါ် သူ့ပါးစပ်ထဲမှ‌ေ-သွးများပင် ထွက်လာပြီး အနောက်သို့လဲကျသွားသည်။ ထိုအခါဝမ်ချင်က

"ရိပေါ်!...ရိုဟန်! နင်ဘာလုပ်တာလဲ ဒါ"

"နင့်အကောင်ကို နင်မေးကြည့်ပါလား!! စတိုခန်းထဲမှာနှစ်ယောက်ပဲရှိတာကို တစ်ယောက်ပဲရွေးကယ်ခဲ့တဲ့ အဲ့သတ္တိကြောင်တဲ့ကောင်ကို နင်မေးလေ! မေး!!!"

ထိုတော့မှ ဝမ်ချင်လည်း စကားတွေပျောက်ရှသွားကာ ဘာမှပြန်မပြောန်ုင်တော့ပေ။ ဟုတ်ပါသည် သူ့ကိုကယ်ခဲ့တုန်းက ရိပေါ်ကိုသူမေးပါသည်

*"ရိပေါ် အထဲမှာရှောင်းကျန့်ရှိသေးတယ် အမြန်သွားကယ်!"

"..........."

သူ့ကိုဘာမှပြန်မပြောပဲ စတိုခန်းကိုကြောင်ကြည့်ကာ မျက်ရည်တွေဝဲနေတဲ့ရိပေါ်ကြောင့် သူစိတ်တိုခဲ့ရသည်*

"အဟက်! မင်းတို့ကို ငါတစ်ခါထဲပြောလိုက်မယ် မှန်ကြောင်သာတစ်ခုခုဖြစ်ရင် ငါမင်းကို အရှင်မထားဘူးဝမ်ရိပေါ်!!"

ရိုဟန် ဒေါသထွက်နေချိန် တစ်ကိုယ်လုံးအနက်ဝမ်းဆက်suitဝတ်စုံများဖြင့် ဝင်လာကြသောလူများ ။ ထိုလူများရဲ့အနောက်ဆုံးမှဝင်လာသော အမျိုးသမီးကြီးတစ်ယောက် ရိုဟန့်ဆီကိုသွားကာ တစ်ကိုယ်လုံးကိုပျာပျာသလဲကြည့်သည်

"သား ဘာဖြစ်သွားသေးလဲ မားရင်တွေတုန်လိုက်တာကွယ်"

"သား ဘာမှမဖြစ်ဘူး ဖြစ်သွားတာ သားသူငယ်ချင်းပါ"

"ဘယ်လို? ဟယ် အန္တာရယ်ရောကင်းရဲ့လားကွယ် အဲ့ကလေး"

"မသိသေးဘူးမား အခုထိတော့စိုးရိမ်နေရတုန်းပဲ အရေးပေါ်ခန်းထဲမှာ"

ရိုဟန် သူ့မားကိုပြောနေတုန်း အရေးပေါ်ခန်းထဲမှ ဆရာဝန်တစ်ယောက် အမြန်ပြေးထွက်လာသည်။

"လူနာက မီးခိုးငွေ့တွေကြောင့် အဆိပ်သင့်ပြီး အရမ်းအန္တာရာယ်များနေတယ် ဖြစ်နိုင်ရင် ပါရဂူခေါ်မှရမယ် ဒါကြောင့် အဆင်ပြေကြလားဗျာ"

ထိုအခါ ကျန်းသခင်မကြီးက (ရိုဟန်၏အမေ)

"လိုတာအကုန်လုပ်ပေးပါDr. ကျသမျှအကုန် ကျွန်မရှင်းမယ် professor နဲ့ဆိုလည်းရတယ်Dr."

"ဟုတ်ကဲ့ပါဗျ"

ဆိုကာ ဆရာတွေယုတ်ယုတ်သဲသဲဖြစ်နေကြသည်။ ရိပေါ် အရေးခန်းထဲမှ အောက်စီဂျင်ပိုက်တွေဖြင့် အသ-က်လုနေရတဲ့ရှောင်းကျန့်ကိုကြည့်ကာ မျက်ရည်များကျနေသည်

(ငါတောင်းပန်ပါတယ်ရှောင်းကျန့်....ငါမှားသွားခဲ့ပါတယ်....ငါ့အပေါ် အရမ်းကောင်းတဲ့မင်းကို ငါမီးတွေကြားပြစ်ထားခဲ့မိတယ်...ဒါကြောင့် ငါ့ကိုထလာပြီးအပြစ်ပေးပါတော့ ရှောင်းကျန့်ရယ်....မင်းဘာမှဖြစ်လို့မရဘူး ငါ့ကိုဒီလိုအဖြစ်မျိုးနဲ့ တစ်ယောက်ထဲထားခဲ့ဖို့မစဉ်းစားနဲ့ရှောင်းကျန့် အဲ့ဒါဆို ငါစိတ်ဆိုးမိလိမ့်မယ်)

ဝမ်ချင် ရိပေါ်ကြောကို ပွတ်သပ်ပေးကာ

"ရိပေါ်ရယ် မငိုပါနဲ့ ရှောင်းကျန့်က ဘာမှမဖြစ်လောက်ပါဘူး အခုလည်း ပရော်ဖက်ဆာတွေရောက်လာပြီလေနော် စိတ်ချရမှာပါ"

"အင်း"

ရိပေါ် ခေါင်းသာငြိမ့်၍ အောက်တွင်သာငုတ်တုတ်လေးထိုင်ကာ အသံတိတ်ငိုနေသည်။

..................................................................................

>>>၄နာရီခန့် ကြာပြီးနောက်<<<

ရိုဟန် အရေးပေါ်ခန်းမရှေ့မှာ ရှေ့သွားလိုက် နောက်သွားလိုက်ဖြင့် ဒေါသထွက်နေသည်

"သူတို့လုပ်နေတာမပြီးတော့ဘူးလား အရမ်းကြာနေပြီ အထဲကလူနာဘယ်လိုအခြေအနေရှိလဲဆိုတာလည်း အခုထိမသိရသေးဘူး မား တစ်ခုခုလုပ်တော့ဗျာ"

ရိုဟန်က သူ့မားရှေ့မှာဒေါသထွက်နေတာကို ဆရာ ဆရာမတွေကကြည့်ကာ ခေါင်းများကြီးနေကြသည်။ ကျန်းသခင်မကြီးက ဆရာမတွေဘက်လှည့်ကြည့်ကာ

"ဒီမှာ ဆရာတို့ ဆရာမတိူ့ ရှင်တို့ပဲ ဒီခရီးစဉ်ကို အကောင်းဆုံးလုပ်ဆောင်မယ်ဆို ကျွန်မသားကို ‌ေ-သချာစောင့်ရှောက်ပြီး ကျောင်းသားတွေလည်း ပျော်ရပါစေမယ်ဆို အခုကဒါဘာလဲ! ဟမ်!!"

ဆရာမများက တုန်ရီနေကြကာ

"ဒါ ဒါက ကျွန်မ ကျွန်မတို့လည်း ‌‌ေ-သချာသတိမထားလိုက်လို့ရှင်"

"အော် ရှင်တို့က အခုတော့ဒီလိုပြောပြီပေါ့ ရတယ်လေ ရှင်တို့အားလုံး အလုပ်ထွက်ဖို့ပြင်ထားလိုက်တော့!"

"မားကလည်းတစ်မျိုး ဆရာမတွေနဲ့ဘာဆိုင်လဲ ကျွန်တော်တို့ကို ‌ေ-သချာတစ်ယောက်ချင်းစီဘယ်သူက လိုက်ကြည့်နိုင်မှာလဲ သူ့ဘာသာဖြစ်ချိန်တန်လို့ ဖြစ်တာကို ပေါက်ကရတွေလျှောက်ပြောမနေနဲ့"

ရိုဟန့်ဒေါသကြောင့် ကျန်းသခင်မကြီးက

"သားရယ် မားက စိတ်ပူသွားလို့ပါ "

"မလိုဘူး ရတယ်"

"ဟင်း...."

ရိုဟန်ရဲ့ဟန့်တားမှုကြောင့် ဆရာ ဆရာမများက စိတ်အေးသွားရသည်။ အဘယ်ကြောင့်ဆို ရိုဟန်ရဲ့မားဖြစ်သူ ကျန်းလင်သခင်မကြီးက သူတို့ကျောင်းရဲ့CEOဖြစ်နေလို့ပင်။ ကျန်းသခင်မကြီးက အားလုံးကိုသာ အမိန့်ပေးနိုင်တာ သူ့သား ရိုဟန်ကိုတော့ အမိန့်မပေးန်ုင်ပေ။ သားဖြစ်သူရိုဟန်ကို သိပ်ချစ်ကာ အရမ်းလည်းအလိုလိုက်သည်။ ရိုဟန်ဖြစ်ချင်တာဆို မရရအောင်လုပ်ပေးတဲ့ကျန်းသခင်မကြီးပင်

အရေးပေါ်ခန်းထဲမှ ဆရာဝန်များထွက်လာကြတော့ အားလုံးက နိုးနိုးကြားကြားဖြစ်သွားကြသည်။

"လူနာက စိတ်ချသွားရပါပြီခဗျ အခုလူနာဆောင်ကိုပို့ပါတော့မယ် ဘေးကိုခဏလေးဖယ်ပေးကြပါ"

ရှောင်းကျန့်ကို ကုတင်လှည်းပေါ်ကိုတင်ကာ အရေးခန်းထဲမှထုတ်လာပြီး လူနာအခန်းသို့ ပြောင်းရွေ့လိုက်သည် ။

အားလုံးစိတ်ချရပြီဆိုတဲ့အချိန်မှ ပျာပျာသလဲရောက်လာတဲ့ရှောင်းမား ။ အခန်းအပြင်မှာ ရပ်နေတဲ့ရိပေါ်ကိုတွေ့တော့ အနားသို့အပြေးသွားကာ ငိုလျှက်

"သား ရိပေါ် ရှောင်းကျန့်လေးရော"

"ရှောင်းကျန့် အခန်းထဲမှာပါအန်တီ"

ရှောင်းမား အခန်းထဲသို့အမြန်ဝင်လိုက်တော့ ကုတင်ပေါ်မှာ အောက်ဆီဂျင်ပိုက်တက်ထားတဲ့ရှောင်းကျန့်ကိုမြင်သွားသည်။ ရှောင်းကျန့်လက်ကိုကိုင်ကာ ရှောင်းမားငိုနေသည်

"သား ရှောင်းကျန့်လေး မားမားရောက်ပြီနော်  သားရယ် အန္တာရာယ်များလိုက်တာ"

ရှောင်းကျန့်လက်ကိုကိုင်ကာ ငိုနေတဲ့ရှောင်းမားကို ကျန်းသခင်မကြီး‌ေ-သချာကြည့်နေသည်။ ထိူ့နောက် ကျန်းသခင်မကြီးက

"ရှောင်းနျန်? "

ငိုနေတဲ့ရှောင်းမားက သူ့ကိုခေါ်တဲ့အသံကြောင့် အနောက်သို့လှည့်ကြည့်တော့

"ဟင်!? ကျန်းလင်!"

"ရှောင်းနျန့်!!.."

ထိုအခါမှ တစ်ယောက်ကိုတစ်ယောက် မှတ်မိသွားကြတဲ့သူငယ်ချင်းနှစ်ယောက် အချင်းချင်းပွေ့ဖက်လိုက်ကြသည် ။ ကျန်းသခင်မကြီးမှ

"ဟယ် ရှောင်းနျန်ရယ် ဒါကနင့်သားလား"

"ဟုတ်တယ် ကျန်းလင် ဒါငါ့သားလေး"

"အမလေး ရှောင်းနျန်ရယ်"

ဆိုကာ ကျန်းသခင်မကြီး မျက်ရည်များကျကာ ရှောင်းမားကိုဖက်ထားသည် ။ ထိုအခြေအနေကိုကြည့်‌၍ ရိပေါ် အခန်းထဲမဝင်ပဲ အပြင်မှာသာ ငုတ်တုတ်ထိုင်နေသည် ။ ဝမ်ချင်ကပါ ငုတ်တုတ်လိုက်ထိုင်လိုက်ပြီး

"ရိပေါ်  အခန်းထဲမဝင်ဘူးလား"

"........"

ရိပေါ် ဘာမှပြန်မပြောတာကြောင့် ဝမ်ချင်လည်း သ-က်ပြင်းတစ်ချက်ချမိသည်။

အချိန်ခဏအကြာ အခန်းထဲမှထွက်လာကြသော ဆရာ ဆရာမများနဲ့ ကျန်းသခင်မကြီး ၊ ရှောင်းမားနဲ့ ရိုဟန်တို့ ။ ကျန်းသခင်မကြီးက

"ဒါဆို ရှောင်းနျန် နင်ငါ့အိမ်လိုက်အိပ်လိုက် မနက်ကြမှ ငါနင့်အိမ်ကိုပြန်ပို့ပေးမယ်"

"ဒီမှာ ငါ့သားရှိနေတာလေ ငါသားကို ဘယ်သူဂရုစိုက်မှာလဲ"

ရိပေါ်/ရိုဟန် - "ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်"

သံပြိုင်ထွက်လာတဲ့ရိပေါ်နဲ့ရိုဟန်ကြောင့် အားလုံးရဲ့အကြည့်က ထိုနှစ်ယောက်တွင်သာ။ ရှောင်းမားက

"ရိပေါ် သား အန်တီသားကိုဂရုစိုက်ပေးပါဦးကွယ်"

"ဟူတ်ကဲ့ အန်တီ စိတ်ချပါ"

ရိုဟန်က

"မား ကျွန်တော်လည်းနေခဲ့မယ် မှန်ကြောင်ကိုစိတ်မချလို့"

ထိုအခါ ရိပေါ်က ရိုဟန်ကိုကြည့်ပြီး

"မင်းက ဘာကိစ္စနဲ့စိတ်မချတာလဲ ငါတစ်ယောက်လုံးရှိနေတာကို"

"မင်းရှိနေလို့ကို စိတ်မချတာကွာ ရှင်းလား?"

ရိုဟန်နဲ့ရိပေါ်ရဲ့ အကြည့်ချင်းစစ်ကွင်းမှာ ရှောင်းမားတံတွေးမျိုချမိသည်

"ဟို သားရိပေါ်နဲ့ ဒီက သား...?"

ကျန်းသခင်မကြီးက

"ရိုဟန် လို့ခေါ်တယ် နျန်"

"အေးအေး ဒီက သားရိုဟန်တို့နှစ်ယောက် အန်တီ့သားလေးကိုစောင့်ရှောက်ပေးပါဦးကွယ် အန်တီက ဆေးရုံနဲ့အိမ်အရမ်းဝေးနေတော့ အဆင်မပြေလို့ပါ"

ရိုဟန်က

"ရတယ် အန်တီစိတ်ချ သားတို့တာဝန်ထား"

"အေးကွယ် သားတို့ရယ် ကျေးဇူးတင်ပါတယ် တစ်ခုခုဆို အန်တီ့ကိုဖုန်းဆက်ကြနော် သားလေးကိုတစ်ယောက်ထဲထားခဲ့ရတာ အန်တီလည်းစိတ်ချတာမဟုတ်ဘူး"

ရိပေါ်က

"သားတစ်ယောက်လုံးရှိပါတယ်အန်တီ စိတ်ချနော်"

"အေးအေး သားရိပေါ်"

ဆရာမမှ ဝမ်ချင်ကို

"သမီး ဆရာမတို့လည်း ဂေဟာကိုပြန်ရအောင် ဟိုမှာ ရဲတွေရောက်နေတယ်ပြောတယ် အဲ့ဒါစစ်ဆေးမေးမြန်းစရာလေးရှိလို့တဲ့ ကာယံကာရှင်တွေကိုခေါ်နေလို့"

"ဟုတ်ကဲ့ ဆရာမ သမီးတို့သွားကြမယ် ရိပေါ်  ကျွန်မပြန်လိုက်ဦးမယ် ရှောင်းကျန့်ကို စိတ်ချမယ်နော်"

"အင်းပါ မင်းလည်း ဟိုမှာတစ်ခုခုထူးရင် ကိုယ့်ကိုဖုန်းဆက်နော်"

"အင်းအင်း"

ဝမ်ချင်နဲ့ဆရာမတို့ ထွက်သွားကြပြီး ကျန်းသခင်မကြီးနဲ့ရှောင်းမားတို့လည်း ထွက်သွားကြသည်။ ရိပေါ်နဲ့ရိုဟန် အခန်းဝင်မယ်လုပ်တော့ တံခါးအဝမှာ နှစ်ယောက်သားတိုက်မိသည်။ ရိုဟန်က

"မင်းမမြင်ဘူးလား ငါဝင်နေတယ်လေ!"

"မင်းကရော ငါဝင်နေတာမမြင်ဘူးလား"

ရိပေါ်နဲ့ရိုဟန် တံခါးအဝ၌သာ အကြည့်ချင်းစစ်ထိုးနေကြသည်

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

#WattpadAuthor_LoonDarli

#feedbackလေးတွေပေးခဲ့ကြပါဦးဗျ

#ဖတ်ရှုပေးတဲ့ဒါဒါလေးတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ















Continue Reading

You'll Also Like

420K 8K 32
အထန္ေကာင္ေလးနဲ႕ အရမ္းအလို လိုက္တဲ့ daddyႀကီးကို ျမင္ရမဲ့ ficေလးပါ ‌အေမွာင္ ficပါ 25+လို႔ေျပာလို႔ရပါတယ္ ခေလးေတြ မဖက္ရဲ႕ရင္ ဝင္မဖတ္ပါနဲ႕ (အထန်ကောင်လေး...
1M 73.6K 46
သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ်ဖို့သာ ပြင်ထားတော့ ဝမ်ရီလျှို့ ~~ရှောင်...
4.7M 196K 101
Camilo Madrigal. His nerve. His self-obsessed smirk. You wanted nothing to do with him after what he did. But maybe there's something beneath that sm...