🌸More Than Friends(သူငယ်ချင်...

By LoonDarli

54.9K 2.4K 192

❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့... More

🌸Intro🌸
🌸Part -2🌸
🌸Part -3🌸
🌸Part -4🌸
🌸Part -5🌸
🌸Part -6🌸
🌸Part -7🌸
🌸Part -8🌸
🌸Part -9🌸
🌸Part -10🌸
🌸Part -11🌸
🌸Part-12🌸
🌸Part -13🌸
🌸Part -14🌸
🌸Part -15🌸
🌸Part -16🌸
🌸Part -17🌸
🌸Part -18🌸
🌸Part -19🌸
🌸Part -20🌸
🌸Part -21🌸
🌸Part -22🌸
🌸Final🌸

🌸Part -1🌸

4K 146 16
By LoonDarli

(Zawgyi)

🌸More than friends(သူငယ္ခ်င္းထက္ပိုေသာ)🌸

မဂ္လာခမ္းမႀကီးထဲတြင္ လူမ်ားစည္းကားလ်က္။ ေရွာင္းက်န႔္ မ်က္ဝန္းတြင္ ေပ်ာ္႐ႊင္မႈေတြက ျပည့္ႏွံ႕ေနသည္။ ရိေပၚက ေရွာင္းက်န႔္ပါးေလးကိုကိုင္ကာ

"ကိုယ္မင္းကို တစ္သ-က္လုံးသစၥာရွိရွိခ်စ္သြားပါ့မယ္ေရွာင္းက်န႔္"

"ငါေရာပဲရိေပၚ ငါလည္းမင္းကိုအရမ္းခ်စ္တယ္"

ဖာသာမွ

"ခ်စ္သူႏွစ္ဦး အနမ္းဖလွယ္ေပးၾကပါ"

ထိုစကားအဆုံး ႏႈတ္ခမ္းခ်င္းနီးကပ္ကာ နမ္းေနၾကၿပီျဖစ္တဲ့ ေရွာင္းက်န႔္နဲ႕ဝမ္ရိေပၚ။

"ေရွာင္းက်န႔္...ေရွာင္းက်န႔္ ေရွာင္းက်န႔္!"

ရိေပၚေခၚသံေၾကာင့္ ေရွာင္းက်န႔္ရဲ႕စိတ္ကူးယွဥ္ကမာၻေလးက ပ်က္ပ်ယ္သြားခဲ့သည္

"အမ္ ဟမ္ ရိေပၚ  ဘာေျပာလိုက္တာလဲ"

"မင္းဘာေတြျဖစ္ေနတာလဲေရွာင္းက်န႔္ ႐ုပ္ကလည္း ၿပီတီတီနဲ႕ ႏႈတ္ခမ္းႀကီးဆူၿပီး ဘာလုပ္ေနတာလဲ"

ရိေပၚအေမးေၾကာင့္ ေရွာင္းက်န႔္ သူ႕အေတြးနဲ႕သူ ရွက္ေသြးျဖာေနသည္။ ရိေပၚက ေရွာင္းက်န႔္ကို‌ေ-သခ်ာၾကည့္၍

"အမယ္ ပါးေတြကလည္းရဲလို႔ပါလား မွန္မွန္ေျပာစမ္း မင္းအိမ္မက္ထဲမွာ မဟုတ္မွ အိမ္မက္ထဲမွာ ဘယ္ေကာင္မေလးနဲ႕မင္း.."

"ဝမ္ရိေပၚ! မင္းမသိပဲ ပါးစပ္ထဲေလွ်ာက္မေျပာနဲ႕ ငါမႀကိဳက္ဘူး အဲ့လိုေတြေျပာတာ"

"အဟဟဟ မင္းကလည္းကြာ ငါကစတာကို ဘာျဖစ္တာလဲ႐ုပ္ႀကီးက"

"........."

ေရွာင္းက်န႔္ သူ႕ကို ရိေပၚနဲ႕ကလြဲ၍ တျခားသူေတြနဲ႕အခုလိုမဟုတ္ေတြေျပာတာသူမႀကိဳက္ ။ သူဆိုတာ ရိေပၚအတြက္ပဲ ဘယ္သူ႕အတြက္မွမဟုတ္။ မ်က္ႏွာႀကီးဆူပုပ္ေနတဲ့ေရွာင္းက်န႔္ကို ရိေပၚက ပုခုံးကေနသိုင္းဖက္ကာ ရင္ခြင္ထဲဆြဲသြင္းလိုက္ၿပီး

"အခ်စ္ကေလးကလည္း တကယ္ပါပဲ ကိုယ့္ကိုစိတ္ဆိုးသြားတာလားေျပာ"

ရိေပၚတို႔ရဲ႕ ထိုစကားခ်ိဳခ်ိဳေလးေတြကိုၾကားရျပန္ေတာ့လည္း ေရွာင္းက်န႔္တို႔မွာ မေနနိုင္ေပ

"ဟြန႔္! မင္းေနာ္ သနားလို႔စိတ္ဆိုးေျပလိုက္မယ္"

"အဟဟဟ ဟုတ္ပါၿပီဗ်ာ ေအာ္ဒါနဲ႕ေရွာင္းက်န႔္ ငါမေန႕ညက မင္းကိုေျပာတဲ့ဟာေလးေလ အဲ့ဒါရၿပီလား"

"ဘယ္ဟာလဲ"

"ဟာ မင္းကလဲ အထက္တန္းေနာက္ဆုံးႏွစ္က မိန္းကေလးကို ငါဖြင့္ေျပာဖို႔အတြက္ မင္းကိုပန္းစည္းလုပ္ခိုင္းထားတယ္ေလကြာ"

"ဟင္ ဟုတ္သားပဲ ငါေမ့ေနတာ sorry ပါရိေပၚရာ ငါတကယ္ေမ့က်န္ခဲ့တယ္"

"က်စ္ ေရွာင္းက်န႔္ကလည္း လုပ္ၿပီမင္းကေတာ့"

ခ်စ္ရသူက မ်က္ေမွာင္ႀကီးက်ဳံ႕ေနေတာ့လည္း ေရွာင္းက်န႔္မွာ စိတ္မခ်မ္းသာ

"ရိေပၚကလည္း ဒီလိုလုပ္ေလ ငါအိမ္ျပန္ၿပီး သြားယူလိုက္မယ္ ခဏပဲၾကာမွာေလ ေနာ္"

"ၿပီးေရာ အခုသြားယူ အတန္းဆင္းရင္ မေျပာလိုက္ရပဲေနဦးမယ္"

"ေအးပါကြာ ခဏေလးပဲေနာ္ ငါသြားယူေပးမယ္"

ေရွာင္းက်န႔္ ေက်ာင္းေရွ႕သို႔ အေျပးထြက္သြားသည္။ေရွာင္းက်န႔္တို႔ေက်ာင္းက အျပင္ကိုထြက္လို႔မရေပ။ ဒါေၾကာင့္ ေရွာင္းက်န႔္က ဂိတ္ဝမွလုံၿခဳံေရး ဦးေလးႀကီးကို တစ္ပတ္ရိုက္ရေတာ့သည္ ။

"အား...နာလိုက္တာ ဦးေလး ဦးေလး"

လုံၿခဳံေရးဦးေလးႀကီးက ေရွာင္းက်န႔္ကိုၾကည့္၍

"ဘာျဖစ္ေနတာလဲ သား"

"ဗိုက္အရမ္းနာလို႔ ဦးေလး"

"ေဟ အဲ့ဒါဆို ေဆးေပးခန္းကိုသြားေလ"

"ဟင့္အင္း ေဆးေပးခန္းသြားလို႔မရဘူးဦးေလး သားက သားေဆးနဲ႕မွရတာ ေဆးက အိမ္မွာက်န္ခဲ့တယ္"

"အဲ ျဖစ္ပါ့မလား သားတစ္ေယာက္ထဲ အိမ္ျပန္ၿပီး ေဆးယူဖို႔က"

"ျဖစ္ပါတယ္ဗ် သားခဏပဲသြားမွာပါ ေနာ္ဦးေလး အား...မရေတာ့ဘူး အရမ္းနာတယ္"

"ေအးေအးေအး သား ျမန္ျမန္ေတာ့ျပန္လာေနာ္"

"ဟုတ္ကဲ့ ဦးေလး ေက်းဇူးတင္ပါတယ္ဗ်"

ဆိုကာ လုံၿခဳံေရးဦးေလးႀကီးက ေက်ာင္းတံခါးကိုလည္းဖြင့္ေပးေရာ အျမန္ေျပးခ်သြားတဲ့ေရွာင္းက်န႔္။ လုံၿခဳံေရးဦးေလးႀကီးကေတာ့

"ဗိုက္ေအာင့္တဲ့သူကလည္း ေျပးတာျမန္လိုက္တာ"

ဒါကိုေက်ာင္းခန္းျပတင္းေပါက္ကေန သေဘာတက်ၾကည့္ေနတဲ့ရိေပၚ

"ေရွာင္းက်န႔္ကေတာ့ ဉာဏ္ေျပးတဲ့ေနရာမွာ ႏွစ္ေယာက္မရွိဘူးပဲ "

..................................................................................

ေရွာင္းက်န႔္ အိမ္ထဲသို႔ အေမာတေကာဝင္လာသည္။ ေခြၽးေတြကလည္း စို႔ေနကာ ႐ႊဲစိုလွ်က္။ ေရွာင္းမား သူ႕သား အိမ္ထဲဝင္လာတာကိုျမင္၍

"ဟယ္ သားငယ္ ဘယ္လိုလုပ္ အိမ္ကိုျပန္လာတာတုန္း"

"ပစၥည္းေလးက်န္ခဲ့လို႔ပါ မား"

"ဟဲ့ ဘာပစၥည္းမို႔ သားငယ္က အဲ့ေလာက္ေတာင္ေမာႀကီးပန္းႀကီးေျပးေနရတာလဲ"

"ရိေပၚက ဒီေန႕ေကာင္မေလးတစ္ေယာက္ကို ပန္းစည္းနဲ႕ဖြင့္ေျပာမလို႔ေလ အဲ့ဒါသားကို ပန္းစည္းလုပ္ခိုင္းထားတာ သားကလည္းေမ့က်န္ခဲ့တာ မားေရ"

"ေဟ ရိေပၚေလးက ဟိုတစ္ေန႕ကတင္ ပန္းစည္းနဲ႕ ေကာင္မေလးတစ္ေယာက္ကိုခ်စ္ေရးဆိုတယ္ဆို အခုက ေနာက္တစ္ေယာက္လား အဲ့ေကာင္ေလးက ရည္းစားဘယ္ႏွေယာက္ေတာင္ရွိေနတာလဲသား"

"မားကို ေနာက္မွပဲေျပာေတာ့မယ္ မားရယ္ ရိေပၚရဲ႕ပန္းစည္းက အေရးႀကီးတယ္"

ေရွာင္းက်န႔္ အေပၚထက္သို႔‌ေျပးတက္ကာ သူ႕အခန္းထံမွ ပန္းစည္းကိုယူလိုက္ၿပီး တစ္ခ်က္ၿပဳံးမိသြားသည္။ သူေမာတာကအေရးမႀကီး ရိေပၚစိတ္ခ်မ္းသာဖို႔က အေရးႀကီးသည္ပင္။ ေရွာင္းက်န႔္ ပန္းစည္းကိုကိုင္ကာ ျပန္ေျပးထြက္သြားသည္ ။

"သြားၿပီ မားေရ!..."

ေရွာင္းမားကေတာ့ သ-က္ျပင္းသာခ်လိဳက္သည္ ။ သူ႕သားေလးက ရိေပၚအေပၚ ဘယ္ေလာက္ေတာင္ခင္တြယ္လဲဆိုတာ သူသိသည္မို႔ပင္

..................................................................................

ေက်ာင္းအတန္းဆင္းခါနီးအခ်ိန္ ေရွာင္းက်န႔္ ေက်ာင္းခန္းထဲသို႔ပန္းစည္းျဖင့္ ေျပးဝင္လာသည္ ။ ရိေပၚအနားကိုသြားကာ ပန္းစည္းကိုေပးလိုက္ၿပီး

"ေရာ့ ရိေပၚ မင္းဟာ"

"ဟီးဟီး ေက်းဇူးပါေရွာင္းက်န႔္ရာ "

ေရွာင္းက်န႔္ ရိေပၚရဲ႕ေဘးက သူ႕စာေရးစားပြဲေနရာမွာထိုင္လိုက္ကာ အေမာေျဖေနသည္ ။ ရိေပၚက

"မင္းဒီပန္းစည္းကို ဘယ္လိုယူလာတာလဲေရွာင္းက်န႔္ လုံၿခဳံေရးဦးေလးႀကီးရွိေနတာကိုေလ"

‌"ငါပါ ဝမ္ရိေပၚရာ လွည့္ပတ္ပုံးၿပီး ဝင္လာရတာေပါ့"

"အဟဟဟ"

ရိေပၚ ၿပဳံးရယ္ေနသည္ကို ေရွာင္းက်န႔္ေငးေနလွ်က္ ေက်ာင္းဆင္းတဲ့အသံေၾကာင့္ ေရွာင္းက်န႔္အၾကည့္လႊဲလိုက္သည္

"ရိေပၚ မင္းဟိုေကာင္မေလးဆီသြားမွာမလား သြားေတာ့"

"သြားမွာေလ မင္းေရာမလိုက္ဘူးလား"

"ငါေမာေနတယ္ အဲ့ဒါေၾကာင့္ မင္းပဲအရင္သြားႏွင့္ၿပီး ဖြင့္ေျပာလိုက္ေတာ့ ငါေက်ာင္းေရွ႕မွာေစာင့္မယ္"

"Ok Ok ဒါဆိုငါသြားၿပီ"

"အင္းအင္း"

ရိေပၚ ပန္းစည္းကိုင္ကာထြက္သြားေတာ့ ေရွာင္းက်န႔္သ-က္ျပင္းခ်ရသည္ ။

"အ႐ူးေကာင္ ေမာေနတဲ့ငါ့ကိုေရေလးေတာင္မတိုက္ဘူး သူ႕ဟာကို အေရးႀကီးေနတယ္"

ေရွာင္းက်န႔္ လြယ္အိတ္ယူကာ အတန္းဆင္းေတာ့ ေက်ာင္းေရွ႕တစ္ေနရာမွာ ေကာင္မေလးတစ္ေယာက္ကို ပန္းစည္းေပးေနေသာဝမ္ရိေပၚ။ ထိုသူႏွစ္ေယာက္ကို ေဘးမွေက်ာင္းသူေက်ာင္းသားမ်ားက အားက်ေနၾကသည္ ။ အဘယ္ေၾကာင့္ဆို ရိေပၚက ထိုေက်ာင္းရဲ႕Kingျဖစ္သလို တစ္ဖက္ေကာင္မေလးကလည္း ထိုေက်ာင္းရဲ႕ Queenပင္

"ဝမ္ခ်င္ ကိုယ္မင္းကိုခ်စ္တယ္ ကိုယ့္ကိုစဥ္းစားေပးနိုင္မလား"

ဝမ္ခ်င္ ရိေပၚကို‌ေ-သခ်ာၾကည့္ေနသည္။ အသားျဖဴျဖဴ အရပ္ရွည္ၿပီး ေခ်ာေမာလြန္းတဲ့ရိေပၚက သူ႕ရဲ႕typeဆိုေပမယ့္ ရိေပၚရည္းစားရႈပ္တယ္ဆိုတာကို သူၾကားဖူးသည္ ဒါေၾကာင့္ သူမယုံရဲ

"ငါ့ကို နင္ခ်စ္တယ္ဆိုတာကို ငါကဘယ္လိုယုံရမလဲ"

"ငါတကယ္ခ်စ္တာပါ ဒါေၾကာင့္ နင္မယုံရင္ငါ့ကိုေစာင့္ၾကည့္ေလ ‌ေ-သခ်ာစဥ္းစားၿပီးမွ အေျဖေပးမယ္ဆိုလည္းရပါတယ္"

"Okေလ ဒီစကားကိုသေဘာတူတယ္ ငါနင့္ကိုေစာင့္ၾကည့္မယ္ ဒီေစာင့္ၾကည့္ေနတဲ့အေတာအတြင္းမွာ နင့္ဘက္ကတစ္ခုခုဆို ငါစဥ္းစားေနမွာမဟုတ္ဘူး တန္းျငင္းမွာ"

"အင္းရတယ္ "

"Ok"

ဝမ္ခ်င္ ရိေပၚလက္ထဲမွ ပန္းစည္းကိုယူသြားကာ သူ႕ကားထဲသို႔ဝင္၍ ထြက္သြားသည္ ။ ဒါကို အားက်ကာ ေဘးမွၾကည့္ေနတဲ့သူေတြၾကား ေရွာင္းက်န႔္ကေတာ့ မ်က္ရည္ဝဲလွ်က္ တိုင္ေလးတစ္ခုကို ကြယ္ကာ ခိုးၾကည့္ေနသည္

(ရိေပၚ  မင္းဒီတစ္ခါေတာ့ ကံေကာင္းတယ္သိလား ေက်ာင္းသူဝမ္ခ်င္က စာအရမ္းေတာ္တယ္လို႔ၾကားဖူးတယ္ မ်က္ႏွာေလးကလည္းလွေတာ့ မင္းနဲ႕ဆိုသိပ္လိုက္ဖက္မွာပဲ အင္း ငါကေတာ့ စာဉာံ့တယ္ ႐ုပ္လည္းဆိုးတယ္ ဒါေၾကာင့္ ငါက မင္းေဘးနားမွာ ဒီလိုအေျခအေနနဲ႕ပဲ ေနေနရတာမစမ္းေတာ့ပါဘူး...)

ေရွာင္းက်န႔္ ထိုသိူ႕ေတြး၍ မ်က္ရည္ေတြကိုသုတ္ကာ ထိုေနရာမွာ ထြက္ခြာသြားခဲ့သည္ ။

ရိေပၚ  ဝမ္ခ်င္ထြက္သြားေတာ့ သူ႕ရဲ႕တျခားေသာသူငယ္ခ်င္းေတြက ဂုဏ္ျပဳစကားေတြေျပာေနၾကသည္

"ရိေပၚေရ ဂုဏ္ယူတယ္ကြာ ဝမ္ခ်င္က ေတာ္႐ုံဘယ္သူ႕ဆီကမွ လက္ေဆာင္မယူဘူး ေနာက္ၿပီး သိပ္မာနႀကီးတာ အခုလိုစဥ္းစားေပးမယ္ေျပာတာ မင္းတစ္ေယာက္ပဲရွိေသးတယ္ "

"အဟဟဟ ငါပဲေလ ဝမ္ရိေပၚတဲ့"

"အဟဟဟ ေအးပါကြာ ကဲကဲ ငါတို႔သြားၿပီရိေပၚေရ႕"

သူငယ္ခ်င္းေတြ ထြက္သြားၾကေတာ့ ရိေပၚ ေရွာင္းက်န႔္ကို အခုမွသတိရသည္။ ထို႔ေၾကာင့္ ပတ္ဝန္းက်င္ကို လွည့္ပတ္ရွာေတာ့မရွိေပ

"ေရွာင္းက်န္ ဘယ္ေရာက္သြားတာလဲ?"

ရိေပၚ ေရွာင္းက်န႔္ကိုဖုန္းေခၚလိုက္သည္ ။ ဖုန္းက ဝင္ေနေပမယ့္ မကိုင္။ ရိေပၚ ထပ္ဆက္သည္ ။ ေရွာင္းက်န႔္ ဖုန္းကိုၾကည့္ကာ

"ငါ့ကိုအခုမွ သတိရတာလားဝမ္ရိေပၚ"

ေရွာင္းက်န႔္ ဖုန္းကိုမကိုင္ပဲခ်လိဳက္သည္ ။ ရိေပၚ ဖုန္းဆက္မရ၍ ‌စိတ္တိုလာသည္

"ဒီေကာင္ဘာလုပ္တာလဲ ငါ့ဖုန္းကိုမကိုင္ဘူး ေတြ႕မယ္ မင္း"

ရိေပၚ ထိုသို႔ေျပာကာ အိမ္ျပန္သြားသည္ ။

..................................................................................

အိမ္ထဲသို႔ ပင္ပန္းဟန္ျဖင့္ မ်က္ႏွာညိုးငယ္စြာဝင္လာတဲ့ေရွာင္းက်န႔္ကို ေရွာင္းမား ဧည့္ခန္းထဲက ၾကည့္ေနသည္ ။ အေပၚထပ္သို႔တက္သြားေတာ့ ေရွာင္းမားက

"သား ထမင္းစားေတာ့မလား မား ထမင္းပြဲျပင္လိုက္မယ္"

"မစားေတာ့ပါဘူးမား သားပင္ပန္းလို႔ အိပ္ေတာ့မယ္"

"ေအာ္ အင္းအင္းသား"

ေရွာင္းက်န႔္ ပင္ပန္းေနပါသည္ ။ သူ႕အတြက္ ဒီေန႕ကေတာ့ ထပ္အံငိုရမည့္ေန႕ပင္ ။ ဒါေပါ့ ခါတိုင္းေန႕ေတြမွာလည္း ရိေပၚက ေကာင္မေလးေတြနဲ႕ခ်ိန္းေတြ႕ရင္ အေဖာ္လိုက္ေပးရၿပီး ခ်ိန္းေတြ႕ဖို႔လိုအပ္တဲ့ ပန္းစည္းလက္ေဆာင္ေတြကို သူကိုယ္တိုင္လုပ္ေပးရသည္ ။

ေရွာင္းက်န႔္က ပန္းစည္းေတြ ပန္းေတြနဲ႕ အလွဆင္တဲ့သင္တန္းကိူ တက္ေျမာက္ထားတာေၾကာင့္ ရိေပၚအတြက္ ပန္းစည္းကို ရိေပၚကတျခားကမဝယ္ပဲ သူ႕ကိုလုပ္ခိုင္းသည္ ။ သူလုပ္ေပးတဲ့ပန္းစည္မွ ရိေပၚက သေဘာက်သည္တဲ့ေလ။ ခါတိုင္းခ်ိန္းေတြ႕တာေတြ ရည္းစားစကားဖြင့္ေျပာတာေတြကို သူျမင္ဖူးပါတယ္ သို႔ေသာ္ ရိေပၚအေပ်ာ္တြဲေနသည္ကိုသိတာေၾကာင့္ ေရွာင္းက်န႔္ စိတ္ခံသာရသည္ ။ ဒါေပမယ့္ ဒီေန႕က်တာ့ အဲ့လိုမဟုတ္ခဲ့ ရိေပၚရဲ႕မ်က္လုံးေတြထဲမွာ ဝမ္ခ်င္ကိုတအားသေဘာက်ေနကာ ခ်စ္ေနတဲ့ပုံစံေပါက္ေနသည္

သူသိတာေပါ့ ရိေပၚဆိုတာ သူ႕အတြက္ ပန္းဥယ်ာဥ္တစ္ခုလိုပဲ ။ သူကေတာ့ ဥယ်ာဥ္မႉးေပါ့ ။ သူအျမတ္တနိုး ျပဳစုပ်ိဳးေထာင္ထားတဲ့ပန္းဥယ်ာဥ္က ပန္းေတြေဝျဖာၿပီး ဖူးပြင့္ေနရင္ သူေပ်ာ္ရသည္ ။ ပန္းေတြညွိုးၿပီး မလန္းဆန္းတဲ့အခါ သူဝမ္းနည္းရသည္ ။ ေရွာင္းက်န႔္ ေရခ်ိဳးၿပီး အိပ္ယာထဲသို႔ လဲလိုက္ကာ

"ရိေပၚ  ေကာင္းေသာညပါေနာ္ ဒီေန႕ ငါ့ေၾကာင့္ မင္းေပ်ာ္သြားရတယ္မလား ငါေပ်ာ္တယ္သိလား ၿပီးေတာ့....ငါငိုရတယ္ရိေပၚ....ဘယ္လိုပဲျဖစ္ျဖစ္ပါ မင္းက အေပ်ာ္တြဲေနတာပဲမဟုတ္လား ဒီေတာ့ ငါမင္းကို စိတ္ခ်ပါရေစေနာ္ မင္းဘယ္သူ႕ကိုမွ အတည္မခ်စ္မိဖို႔ ဆုေတာင္းပါတယ္ Good Night "

ထိုစကားေတြကိုေျပာၿပီး မ်က္လုံးမွိတ္ကာ အိပ္စက္သြားတဲ့ေရွာင္းက်န႔္ မ်က္လုံးေထာင့္နားမွ မ်က္ရည္တို႔က စီးက်လွ်က္

..................................................................................

ရိေပၚ အိပ္မရေပ ခါတိုင္းဆို ေက်ာင္းဆင္းရင္ သူပါမွ အတူအိမ္ျပန္တက္တဲ့ေရွာင္းက်န္က အခုသူ႕ဖုန္းကိုလည္းမကိုင္ သူ႕ကိုလည္း မႏႈတ္ဆက္ပဲျပန္သြားတဲ့ေရွာင္းက်န႔္ေၾကာင့္ ရိေပၚ တင္းေနသည္

"ေရွာင္းက်န႔္ မင္းဘာျဖစ္သြားတာလဲ? ငါ့ကိုမ်ားစိတ္ဆိုးေနလို႔လား? ငါကေရာ သူ႕ကိုဘာလုပ္မိလို႔ပါလိမ့္? က်စ္ ၾကာတယ္ကြာ မစဥ္းစားေတာ့ဘူး"

ရိေပၚ ကုတ္အက်ီတစ္ထည္ကိုေကာက္ဝတ္ကာ ေရွာင္းက်န႔္ အိမ္သို႔ထြက္လာသည္ ။

..................................................................................

~တီး ေတာင္~

ည၁၂နာရီအခ်ိန္ အိမ္ေရွ႕မွဘဲလ္တီးသံေၾကာင့္ ေရွာင္းမား ထြက္လာကာ ၿခံေစာင့္အားက်ိဳကိုၾကည့္ၿပီး

"ဘယ္သူလဲမသိဘူး အားက်ိဳ သြားၾကည့္လိုက္ပါဦး"

"ဟုတ္ကဲ့အန္တီေလး"

အားက်ိဳ တံခါးဖြင့္ၾကည့္ေတာ့ ရိေပၚကိုေတြ႕သည္

"အာ အကိုဝမ္ရိေပၚပဲ လာလာ"

ရိေပၚဝင္လာေတာ့ ေရွာင္းမားမ်က္လုံးျပဴးသြားသည္။

"ဟယ္ သား ရိေပၚ ဘယ္လိုျဖစ္လို႔ညဘက္ႀကီးေရာက္လာတာတုန္း"

"အိမ္မွာ အိပ္မရလို႔အန္တီ ေရွာင္းက်န႔္အေပၚမွာမလား"

"ေအးဟုတ္တယ္သား သားငယ္က သူ႕အခန္းထဲမွာ"

"ဟုတ္အန္တီ သားေရွာင္းက်န႔္ဆီသြားလိုက္ဦးမယ္"

"ေအးေအး သြားသြား"

ရိေပၚ အေပၚထပ္သို႔တက္လာကာ တံခါးေခါက္လိုက္သည္

~ေဒါက္ ေဒါက္ ေဒါက္~

"ေရွာင္းက်န႔္ ေရွာင္းက်န႔္"

ရိေပၚ အထဲမွ ဘာသံမွမၾကားတာေၾကာင့္ တံခါးဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ အိပ္ေပ်ာ္ေနတဲ့ေရွာင္းက်န႔္ေၾကာင့္ အထဲသို႔အသာေလးဝင္ကာ တံခါးကိုျပန္ပိတ္လိုက္ၿပီး ေရွာင္းက်န႔္ အနားသို႔သြားကာ မ်က္ႏွာကိုတစ္ခ်က္ၾကည့္လိုက္သည္

ငိုထားသည့္အတြက္ မ်က္လုံးေလးေတြက မို႔အစ္ကာ မ်က္ရည္စေလးေတြေၾကာင့္ မ်က္ေတာင္ေလးေတြက စိုစင္းစင္း ။ရိေပၚ ေရွာင္းက်န႔္ေဘးကို တက္အိပ္ရန္ ကုတင္ေပၚတက္ၿပီး ေစာင္ကိုယူ၍ ေရွာင္းက်န႔္ကိုၿခဳံေပးမလို႔လုပ္ေတာ့ ႐ုတ္တရတ္လန႔္နိုးလာတဲ့ေရွာင္းက်န႔္

"ဟင္! ရိေပၚ မင္းဘယ္လိုလုပ္ ငါအခန္းထဲေရာက္ေနတာလဲ"

"ငါ့ကိုအေၾကာင္းမျပန္ပဲ အိမ္ျပန္သြားတာဘယ္သူလဲ ငါ့ဖုန္းကိုမကိုင္ပဲ ေနတာဘယ္သူလဲေျပာ"

ရိေပၚ ေျပာရင္း ေရွာင္းက်န႔္ေဘးမွာ လဲအိပ္လိုက္ၿပီး ေရွာင္းက်န႔္အနားကိုကပ္လာသည္

"ငါ့ ငါ့ဖုန္း အားကုန္သြားလို႔...က်စ္ မင္းဟိုဘက္တိုးစမ္းပါ"

"မတိုးပါဘူး ကပ္မွာပဲ"

ဆိုကာ ပို၍ကပ္လာတဲ့‌ရိေပၚ ။ ေရွာင္းက်န႔္ သူဘာစကားမွမေျပာခ်င္ ဒါေၾကာင့္ မ်က္ႏွာလႊဲကာေနေတာ့ ရိေပၚ စိတ္ဘဝင္မက်

"ေရွာင္းက်န႔္ ငါ့ကိုၾကည့္"

".........."

"ေရွာင္းက်န႔္ ငါ့ကိုၾကည့္လို႔ေျပာေနတယ္ေလ"

"............"

ရိေပၚ စိတ္တိုသြားကာ ေရွာင္းက်န႔္ကိုယ္ေလးကို သိမ္းက်ဳံ႕ကာ သူ႕ရင္ခြင္ထဲသို႔ ဆြဲဖက္ျပစ္လိုက္သည္ ။ ထိုသို႔လုပ္ေတာ့ ေရွာင္းက်န႔္ လန႔္သြားကာ

"ဝမ္ရိေပၚ ဘာလုပ္တာလဲ လႊတ္စမ္း!"

"မလႊတ္ဘူးကြာ မင္းငါ့ကိုမွမၾကည့္တာ မလႊတ္ဘူး"

"မင္းကိုမၾကည့္တာနဲ႕ပဲ မင္းက ဘာလို႔ဒီေလာက္ေဒါသထြက္ေနတာလဲ လႊတ္ အခု"

ေရွာင္းက်န႔္အေမးကို ရိေပၚမေျဖတက္။ ေရွာင္းက်န႔္ရဲ႕အျမင္အာ႐ုံထဲမွာ သူ႕ကိုပဲရွိေစခ်င္သည္

" မ မသိဘူးကြာ ငါ့ကိုပဲၾကည့္ ငါ့ကိုပဲအာ႐ုံထား ငါ့ဖုန္းကိုပဲကိုင္ ငါခိုင္းတာလုပ္ ငါေျပာတာနားေထာင္ ဒါပဲ"

"ဝမ္ရိေပၚ မင္းဘာလို႔အတၱႀကီးေနတာလဲ ငါ့ကိုမင္းဘာမ်ားမွတ္ေနလဲ ဟမ္!"

ေရွာင္းက်န႔္ ေျပာရင္း ငိုသံေလးကပါလာသည္။ ဒါကိုသိတဲ့ရိေပၚက

"မသိဘူး...မင္းငါ့အနားမွာပဲေနရမယ္"

"ေခြးစုတ္ေကာင္ ငါ့ကိုဆိုအၿမဲအနိုင္က်င့္ေနတယ္ သြားကြာ မင္း! မဖက္နဲ႕သြား"

ရိေပၚ ပိုတိုးကာ ဖက္၍ အိပ္ေနၿပီး

"ေရွာင္းက်န႔္ ငါ့ကိုအသည္းယားေအာင္မလုပ္နဲ႕ေနာ္ ငါကိုက္ဆြဲလိုက္မွာ"

"ကိုက္ဆြဲရင္ကိုက္ဆြဲၾကည့္ေလ ျဖတ္ထိုးမွာ ဖယ္ကြာ! သြား လာမဖက္နဲ႕ မင္းအိမ္မင္းျပန္အိပ္"

ရိေပၚ သူ႕ရင္ခြင္ထဲမွ လုံးတုံးလုံးတုံးေလးျဖင့္ ရႈန္းၿပီးပြစိပြစိေျပာေနတဲ့ယုန္ေလးကို အသည္းယားလာသည္။ ဒါေၾကာင့္ သူသတိလက္လြတ္ျဖစ္ကာ ေရွာင္းက်န႔္ ပါးေဖာင္းေဖာင္းေလးကိုဖြဖြေလးကိုက္လိုက္သည္ ။ ထိုအခါ ရႈန္းကန္ေနတဲ့ေရွာင္းက်န႔္တစ္ေယာက္ ၿငိမ္က်သြားသည္

ႏႈတ္ခမ္းသားေလးနဲ႕ ပါးေလးကိုကိုက္ထားတဲ့ခံစားခ်က္က ရိေပၚစိတ္ထဲမွာ တစ္မ်ိဳးႀကီးခံစားေနရသည္။ ထိုခံစားခ်က္ႏွင့္အတူ ျဖစ္ေပၚလာတဲ့ရင္ခုန္သံ

~ဒုတ္ဒုတ္ ဒုတ္ဒုတ္~

(ငါ ဘာျဖစ္ေနတာလဲ မဟုတ္ေသးဘူး ဒါကရင္ခုန္ေနတာမလား? ဟာကြာ ငါဘာေတြျဖစ္ေနပါလိမ့္)

ေရွာင္းက်န႔္ သူ႕ပါးကိူကိုက္လိုက္တဲ့ရိေပၚေၾကာင့္ သူအရမ္းအံ့ဩသြားမိသည္။ သူ႕ပါးကိုအၾကမ္းမဟုတ္ပဲ ဖြဖြေလးကိုက္လိုက္တဲ့ရိေပၚ အနမ္းေၾကာင့္ ေရွာင္းက်န႔္ ႏွလုံးသားတစ္ခုလုံးတုန္ရီလာကာ စိတ္လႈပ္ရွားေနသည္ ။ ထိုအခ်ိန္ ရိေပၚဆီမွ ႏွလုံးခုန္သံကို ခပ္သဲ့သဲ့ၾကားလိုက္ေသာ ေရွာင္းက်န႔္ ။ မ်က္ႏွာတစ္ခုလုံး နီရဲတက္သြားသည္

(ရိ ရိေပၚက ငါ့ကိုနမ္းလိုက္တယ္လား ဟာ...မျဖစ္နိုင္ပါဘူး စိတ္တိုလို႔ကိုက္လိုက္တာပဲမလား...ဟင္ ရိေပၚရဲ႕ႏွလုံးခုန္သံက ဘာလို႔ဒီေလာက္က်ယ္ေနရတာလဲ?...မဟုတ္မွလြဲ ငါ့ကိုမ်ား...ဟင္းးး မျဖစ္နိုင္ပါဘူး)

အေတြးႏွင့္အတူ ရိေပၚမ်က္ႏွာႀကီးကိုတြန္းလိုက္ေသာေရွာင္းက်န႔္

"ဖယ္စမ္း ပါးကိုသေရေတြေပကုန္ၿပီ"

"ဘာလဲ မင္းက ႐ြံေနတာလား"

"သြား မင္းအိမ္မင္း ျပန္သြားအိပ္"

"မအိပ္ဘူး မင္းနဲ႕ပဲအိပ္မွာ လာပါကြာ....သူငယ္ခ်င္းႀကီးကလည္း ငါ့ကိုမခ်စ္ဘူးလားေျပာ"

ရိေပၚ ေရွာင္းက်န႔္ကိုယ္ေလးကို ျပန္ဆြဲဖက္ကာ သူ႕ရင္ခြင္ထဲကိုထည့္ထားသည္

"ခ်စ္တာ မခ်စ္တာနဲ႕ဆိုင္လို႔လား"

"ဆိုင္တာေပါ့ ေျပာ ခ်စ္လား မခ်စ္လား"

"ခ်စ္ ခ်စ္တယ္"

"အဟီးဟီး ဒါမွ ငါ့သူငယ္ခ်င္းေရွာင္းက်န႔္"

ရိေပၚ ရယ္ၿပဳံးကာ ေရွာင္းက်န႔္ကိုဖက္ထားၿပီး အိပ္စက္လိုက္သည္။ ရင္ခြင္ထဲမွ ေရွာင္းက်န႔္ကလည္း ရိေပၚကို ျပန္ဖက္ထားလိုက္ကာ မ်က္ရည္ဝဲလွ်က္ ၿပဳံး၍ အိပ္ေပ်ာ္သြားသည္

(ငါဒီညေတာ့ အိမ္မက္လွလွမက္မယ္ထင္ပါရဲ႕... အ႐ူး....ငါေျပာတဲ့ခ်စ္တယ္‌ဆိုတာက သူငယ္ခ်င္းလိုမဟုတ္ဘူးရိေပၚ.....)

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

#WattpadAuthor_LoonDarli

#feedbackေလးေတြေပးခဲ့ၾကပါဦးဗ်

#ဖတ္ရႈေပးတဲ့ဒါဒါေလးတို႔ကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္

..................................................................................

(Unicode)

🌸More than friends(သူငယ်ချင်းထက်ပိုသော)🌸

မဂ်လာခမ်းမကြီးထဲတွင် လူများစည်းကားလျက်။ ရှောင်းကျန့် မျက်ဝန်းတွင် ပျော်ရွှင်မှုတွေက ပြည့်နှံ့နေသည်။ ရိပေါ်က ရှောင်းကျန့်ပါးလေးကိုကိုင်ကာ

"ကိုယ်မင်းကို တစ်သ-က်လုံးသစ္စာရှိရှိချစ်သွားပါ့မယ်ရှောင်းကျန့်"

"ငါရောပဲရိပေါ် ငါလည်းမင်းကိုအရမ်းချစ်တယ်"

ဖာသာမှ

"ချစ်သူနှစ်ဦး အနမ်းဖလှယ်ပေးကြပါ"

ထိုစကားအဆုံး နှုတ်ခမ်းချင်းနီးကပ်ကာ နမ်းနေကြပြီဖြစ်တဲ့ ရှောင်းကျန့်နဲ့ဝမ်ရိပေါ်။

"ရှောင်းကျန့်...ရှောင်းကျန့် ရှောင်းကျန့်!"

ရိပေါ်ခေါ်သံကြောင့် ရှောင်းကျန့်ရဲ့စိတ်ကူးယှဉ်ကမ္ဘာလေးက ပျက်ပျယ်သွားခဲ့သည်

"အမ် ဟမ် ရိပေါ်  ဘာပြောလိုက်တာလဲ"

"မင်းဘာတွေဖြစ်နေတာလဲရှောင်းကျန့် ရုပ်ကလည်း ပြီတီတီနဲ့ နှုတ်ခမ်းကြီးဆူပြီး ဘာလုပ်နေတာလဲ"

ရိပေါ်အမေးကြောင့် ရှောင်းကျန့် သူ့အတွေးနဲ့သူ ရှက်သွေးဖြာနေသည်။ ရိပေါ်က ရှောင်းကျန့်ကို‌ေ-သချာကြည့်၍

"အမယ် ပါးတွေကလည်းရဲလို့ပါလား မှန်မှန်ပြောစမ်း မင်းအိမ်မက်ထဲမှာ မဟုတ်မှ အိမ်မက်ထဲမှာ ဘယ်ကောင်မလေးနဲ့မင်း.."

"ဝမ်ရိပေါ်! မင်းမသိပဲ ပါးစပ်ထဲလျှောက်မပြောနဲ့ ငါမကြိုက်ဘူး အဲ့လိုတွေပြောတာ"

"အဟဟဟ မင်းကလည်းကွာ ငါကစတာကို ဘာဖြစ်တာလဲရုပ်ကြီးက"

"........."

ရှောင်းကျန့် သူ့ကို ရိပေါ်နဲ့ကလွဲ၍ တခြားသူတွေနဲ့အခုလိုမဟုတ်တွေပြောတာသူမကြိုက် ။ သူဆိုတာ ရိပေါ်အတွက်ပဲ ဘယ်သူ့အတွက်မှမဟုတ်။ မျက်နှာကြီးဆူပုပ်နေတဲ့ရှောင်းကျန့်ကို ရိပေါ်က ပုခုံးကနေသိုင်းဖက်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး

"အချစ်ကလေးကလည်း တကယ်ပါပဲ ကိုယ့်ကိုစိတ်ဆိုးသွားတာလားပြော"

ရိပေါ်တို့ရဲ့ ထိုစကားချိုချိုလေးတွေကိုကြားရပြန်တော့လည်း ရှောင်းကျန့်တို့မှာ မနေနိုင်ပေ

"ဟွန့်! မင်းနော် သနားလို့စိတ်ဆိုးပြေလိုက်မယ်"

"အဟဟဟ ဟုတ်ပါပြီဗျာ အော်ဒါနဲ့ရှောင်းကျန့် ငါမနေ့ညက မင်းကိုပြောတဲ့ဟာလေးလေ အဲ့ဒါရပြီလား"

"ဘယ်ဟာလဲ"

"ဟာ မင်းကလဲ အထက်တန်းနောက်ဆုံးနှစ်က မိန်းကလေးကို ငါဖွင့်ပြောဖို့အတွက် မင်းကိုပန်းစည်းလုပ်ခိုင်းထားတယ်လေကွာ"

"ဟင် ဟုတ်သားပဲ ငါမေ့နေတာ sorry ပါရိပေါ်ရာ ငါတကယ်မေ့ကျန်ခဲ့တယ်"

"ကျစ် ရှောင်းကျန့်ကလည်း လုပ်ပြီမင်းကတော့"

ချစ်ရသူက မျက်မှောင်ကြီးကျုံ့နေတော့လည်း ရှောင်းကျန့်မှာ စိတ်မချမ်းသာ

"ရိပေါ်ကလည်း ဒီလိုလုပ်လေ ငါအိမ်ပြန်ပြီး သွားယူလိုက်မယ် ခဏပဲကြာမှာလေ နော်"

"ပြီးရော အခုသွားယူ အတန်းဆင်းရင် မပြောလိုက်ရပဲနေဦးမယ်"

"အေးပါကွာ ခဏလေးပဲနော် ငါသွားယူပေးမယ်"

ရှောင်းကျန့် ကျောင်းရှေ့သို့ အပြေးထွက်သွားသည်။ရှောင်းကျန့်တို့ကျောင်းက အပြင်ကိုထွက်လို့မရပေ။ ဒါကြောင့် ရှောင်းကျန့်က ဂိတ်ဝမှလုံခြုံရေး ဦးလေးကြီးကို တစ်ပတ်ရိုက်ရတော့သည် ။

"အား...နာလိုက်တာ ဦးလေး ဦးလေး"

လုံခြုံရေးဦးလေးကြီးက ရှောင်းကျန့်ကိုကြည့်၍

"ဘာဖြစ်နေတာလဲ သား"

"ဗိုက်အရမ်းနာလို့ ဦးလေး"

"ဟေ အဲ့ဒါဆို ဆေးပေးခန်းကိုသွားလေ"

"ဟင့်အင်း ဆေးပေးခန်းသွားလို့မရဘူးဦးလေး သားက သားဆေးနဲ့မှရတာ ဆေးက အိမ်မှာကျန်ခဲ့တယ်"

"အဲ ဖြစ်ပါ့မလား သားတစ်ယောက်ထဲ အိမ်ပြန်ပြီး ဆေးယူဖို့က"

"ဖြစ်ပါတယ်ဗျ သားခဏပဲသွားမှာပါ နော်ဦးလေး အား...မရတော့ဘူး အရမ်းနာတယ်"

"အေးအေးအေး သား မြန်မြန်တော့ပြန်လာနော်"

"ဟုတ်ကဲ့ ဦးလေး ကျေးဇူးတင်ပါတယ်ဗျ"

ဆိုကာ လုံခြုံရေးဦးလေးကြီးက ကျောင်းတံခါးကိုလည်းဖွင့်ပေးရော အမြန်ပြေးချသွားတဲ့ရှောင်းကျန့်။ လုံခြုံရေးဦးလေးကြီးကတော့

"ဗိုက်အောင့်တဲ့သူကလည်း ပြေးတာမြန်လိုက်တာ"

ဒါကိုကျောင်းခန်းပြတင်းပေါက်ကနေ သဘောတကျကြည့်နေတဲ့ရိပေါ်

"ရှောင်းကျန့်ကတော့ ဉာဏ်ပြေးတဲ့နေရာမှာ နှစ်ယောက်မရှိဘူးပဲ "

..................................................................................

ရှောင်းကျန့် အိမ်ထဲသို့ အမောတကောဝင်လာသည်။ ချွေးတွေကလည်း စို့နေကာ ရွှဲစိုလျှက်။ ရှောင်းမား သူ့သား အိမ်ထဲဝင်လာတာကိုမြင်၍

"ဟယ် သားငယ် ဘယ်လိုလုပ် အိမ်ကိုပြန်လာတာတုန်း"

"ပစ္စည်းလေးကျန်ခဲ့လို့ပါ မား"

"ဟဲ့ ဘာပစ္စည်းမို့ သားငယ်က အဲ့လောက်တောင်မောကြီးပန်းကြီးပြေးနေရတာလဲ"

"ရိပေါ်က ဒီနေ့ကောင်မလေးတစ်ယောက်ကို ပန်းစည်းနဲ့ဖွင့်ပြောမလို့လေ အဲ့ဒါသားကို ပန်းစည်းလုပ်ခိုင်းထားတာ သားကလည်းမေ့ကျန်ခဲ့တာ မားရေ"

"ဟေ ရိပေါ်လေးက ဟိုတစ်နေ့ကတင် ပန်းစည်းနဲ့ ကောင်မလေးတစ်ယောက်ကိုချစ်ရေးဆိုတယ်ဆို အခုက နောက်တစ်ယောက်လား အဲ့ကောင်လေးက ရည်းစားဘယ်နှယောက်တောင်ရှိနေတာလဲသား"

"မားကို နောက်မှပဲပြောတော့မယ် မားရယ် ရိပေါ်ရဲ့ပန်းစည်းက အရေးကြီးတယ်"

ရှောင်းကျန့် အပေါ်ထက်သို့‌ေပြးတက်ကာ သူ့အခန်းထံမှ ပန်းစည်းကိုယူလိုက်ပြီး တစ်ချက်ပြုံးမိသွားသည်။ သူမောတာကအရေးမကြီး ရိပေါ်စိတ်ချမ်းသာဖို့က အရေးကြီးသည်ပင်။ ရှောင်းကျန့် ပန်းစည်းကိုကိုင်ကာ ပြန်ပြေးထွက်သွားသည် ။

"သွားပြီ မားရေ!..."

ရှောင်းမားကတော့ သ-က်ပြင်းသာချလိုက်သည် ။ သူ့သားလေးက ရိပေါ်အပေါ် ဘယ်လောက်တောင်ခင်တွယ်လဲဆိုတာ သူသိသည်မို့ပင်

..................................................................................

ကျောင်းအတန်းဆင်းခါနီးအချိန် ရှောင်းကျန့် ကျောင်းခန်းထဲသို့ပန်းစည်းဖြင့် ပြေးဝင်လာသည် ။ ရိပေါ်အနားကိုသွားကာ ပန်းစည်းကိုပေးလိုက်ပြီး

"ရော့ ရိပေါ် မင်းဟာ"

"ဟီးဟီး ကျေးဇူးပါရှောင်းကျန့်ရာ "

ရှောင်းကျန့် ရိပေါ်ရဲ့ဘေးက သူ့စာရေးစားပွဲနေရာမှာထိုင်လိုက်ကာ အမောဖြေနေသည် ။ ရိပေါ်က

"မင်းဒီပန်းစည်းကို ဘယ်လိုယူလာတာလဲရှောင်းကျန့် လုံခြုံရေးဦးလေးကြီးရှိနေတာကိုလေ"

‌"ငါပါ ဝမ်ရိပေါ်ရာ လှည့်ပတ်ပုံးပြီး ဝင်လာရတာပေါ့"

"အဟဟဟ"

ရိပေါ် ပြုံးရယ်နေသည်ကို ရှောင်းကျန့်ငေးနေလျှက် ကျောင်းဆင်းတဲ့အသံကြောင့် ရှောင်းကျန့်အကြည့်လွှဲလိုက်သည်

"ရိပေါ် မင်းဟိုကောင်မလေးဆီသွားမှာမလား သွားတော့"

"သွားမှာလေ မင်းရောမလိုက်ဘူးလား"

"ငါမောနေတယ် အဲ့ဒါကြောင့် မင်းပဲအရင်သွားနှင့်ပြီး ဖွင့်ပြောလိုက်တော့ ငါကျောင်းရှေ့မှာစောင့်မယ်"

"Ok Ok ဒါဆိုငါသွားပြီ"

"အင်းအင်း"

ရိပေါ် ပန်းစည်းကိုင်ကာထွက်သွားတော့ ရှောင်းကျန့်သ-က်ပြင်းချရသည် ။

"အရူးကောင် မောနေတဲ့ငါ့ကိုရေလေးတောင်မတိုက်ဘူး သူ့ဟာကို အရေးကြီးနေတယ်"

ရှောင်းကျန့် လွယ်အိတ်ယူကာ အတန်းဆင်းတော့ ကျောင်းရှေ့တစ်နေရာမှာ ကောင်မလေးတစ်ယောက်ကို ပန်းစည်းပေးနေသောဝမ်ရိပေါ်။ ထိုသူနှစ်ယောက်ကို ဘေးမှကျောင်းသူကျောင်းသားများက အားကျနေကြသည် ။ အဘယ်ကြောင့်ဆို ရိပေါ်က ထိုကျောင်းရဲ့Kingဖြစ်သလို တစ်ဖက်ကောင်မလေးကလည်း ထိုကျောင်းရဲ့ Queenပင်

"ဝမ်ချင် ကိုယ်မင်းကိုချစ်တယ် ကိုယ့်ကိုစဉ်းစားပေးနိုင်မလား"

ဝမ်ချင် ရိပေါ်ကို‌ေ-သချာကြည့်နေသည်။ အသားဖြူဖြူ အရပ်ရှည်ပြီး ချောမောလွန်းတဲ့ရိပေါ်က သူ့ရဲ့typeဆိုပေမယ့် ရိပေါ်ရည်းစားရှုပ်တယ်ဆိုတာကို သူကြားဖူးသည် ဒါကြောင့် သူမယုံရဲ

"ငါ့ကို နင်ချစ်တယ်ဆိုတာကို ငါကဘယ်လိုယုံရမလဲ"

"ငါတကယ်ချစ်တာပါ ဒါကြောင့် နင်မယုံရင်ငါ့ကိုစောင့်ကြည့်လေ ‌ေ-သချာစဉ်းစားပြီးမှ အဖြေပေးမယ်ဆိုလည်းရပါတယ်"

"Okလေ ဒီစကားကိုသဘောတူတယ် ငါနင့်ကိုစောင့်ကြည့်မယ် ဒီစောင့်ကြည့်နေတဲ့အတောအတွင်းမှာ နင့်ဘက်ကတစ်ခုခုဆို ငါစဉ်းစားနေမှာမဟုတ်ဘူး တန်းငြင်းမှာ"

"အင်းရတယ် "

"Ok"

ဝမ်ချင် ရိပေါ်လက်ထဲမှ ပန်းစည်းကိုယူသွားကာ သူ့ကားထဲသို့ဝင်၍ ထွက်သွားသည် ။ ဒါကို အားကျကာ ဘေးမှကြည့်နေတဲ့သူတွေကြား ရှောင်းကျန့်ကတော့ မျက်ရည်ဝဲလျှက် တိုင်လေးတစ်ခုကို ကွယ်ကာ ခိုးကြည့်နေသည်

(ရိပေါ်  မင်းဒီတစ်ခါတော့ ကံကောင်းတယ်သိလား ကျောင်းသူဝမ်ချင်က စာအရမ်းတော်တယ်လို့ကြားဖူးတယ် မျက်နှာလေးကလည်းလှတော့ မင်းနဲ့ဆိုသိပ်လိုက်ဖက်မှာပဲ အင်း ငါကတော့ စာဉာံ့တယ် ရုပ်လည်းဆိုးတယ် ဒါကြောင့် ငါက မင်းဘေးနားမှာ ဒီလိုအခြေအနေနဲ့ပဲ နေနေရတာမစမ်းတော့ပါဘူး...)

ရှောင်းကျန့် ထိုသိူ့တွေး၍ မျက်ရည်တွေကိုသုတ်ကာ ထိုနေရာမှာ ထွက်ခွာသွားခဲ့သည် ။

ရိပေါ်  ဝမ်ချင်ထွက်သွားတော့ သူ့ရဲ့တခြားသောသူငယ်ချင်းတွေက ဂုဏ်ပြုစကားတွေပြောနေကြသည်

"ရိပေါ်ရေ ဂုဏ်ယူတယ်ကွာ ဝမ်ချင်က တော်ရုံဘယ်သူ့ဆီကမှ လက်ဆောင်မယူဘူး နောက်ပြီး သိပ်မာနကြီးတာ အခုလိုစဉ်းစားပေးမယ်ပြောတာ မင်းတစ်ယောက်ပဲရှိသေးတယ် "

"အဟဟဟ ငါပဲလေ ဝမ်ရိပေါ်တဲ့"

"အဟဟဟ အေးပါကွာ ကဲကဲ ငါတို့သွားပြီရိပေါ်ရေ့"

သူငယ်ချင်းတွေ ထွက်သွားကြတော့ ရိပေါ် ရှောင်းကျန့်ကို အခုမှသတိရသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာတော့မရှိပေ

"ရှောင်းကျန် ဘယ်ရောက်သွားတာလဲ?"

ရိပေါ် ရှောင်းကျန့်ကိုဖုန်းခေါ်လိုက်သည် ။ ဖုန်းက ဝင်နေပေမယ့် မကိုင်။ ရိပေါ် ထပ်ဆက်သည် ။ ရှောင်းကျန့် ဖုန်းကိုကြည့်ကာ

"ငါ့ကိုအခုမှ သတိရတာလားဝမ်ရိပေါ်"

ရှောင်းကျန့် ဖုန်းကိုမကိုင်ပဲချလိုက်သည် ။ ရိပေါ် ဖုန်းဆက်မရ၍ ‌စိတ်တိုလာသည်

"ဒီကောင်ဘာလုပ်တာလဲ ငါ့ဖုန်းကိုမကိုင်ဘူး တွေ့မယ် မင်း"

ရိပေါ် ထိုသို့ပြောကာ အိမ်ပြန်သွားသည် ။

..................................................................................

အိမ်ထဲသို့ ပင်ပန်းဟန်ဖြင့် မျက်နှာညိုးငယ်စွာဝင်လာတဲ့ရှောင်းကျန့်ကို ရှောင်းမား ဧည့်ခန်းထဲက ကြည့်နေသည် ။ အပေါ်ထပ်သို့တက်သွားတော့ ရှောင်းမားက

"သား ထမင်းစားတော့မလား မား ထမင်းပွဲပြင်လိုက်မယ်"

"မစားတော့ပါဘူးမား သားပင်ပန်းလို့ အိပ်တော့မယ်"

"အော် အင်းအင်းသား"

ရှောင်းကျန့် ပင်ပန်းနေပါသည် ။ သူ့အတွက် ဒီနေ့ကတော့ ထပ်အံငိုရမည့်နေ့ပင် ။ ဒါပေါ့ ခါတိုင်းနေ့တွေမှာလည်း ရိပေါ်က ကောင်မလေးတွေနဲ့ချိန်းတွေ့ရင် အဖော်လိုက်ပေးရပြီး ချိန်းတွေ့ဖို့လိုအပ်တဲ့ ပန်းစည်းလက်ဆောင်တွေကို သူကိုယ်တိုင်လုပ်ပေးရသည် ။

ရှောင်းကျန့်က ပန်းစည်းတွေ ပန်းတွေနဲ့ အလှဆင်တဲ့သင်တန်းကိူ တက်မြောက်ထားတာကြောင့် ရိပေါ်အတွက် ပန်းစည်းကို ရိပေါ်ကတခြားကမဝယ်ပဲ သူ့ကိုလုပ်ခိုင်းသည် ။ သူလုပ်ပေးတဲ့ပန်းစည်မှ ရိပေါ်က သဘောကျသည်တဲ့လေ။ ခါတိုင်းချိန်းတွေ့တာတွေ ရည်းစားစကားဖွင့်ပြောတာတွေကို သူမြင်ဖူးပါတယ် သို့သော် ရိပေါ်အပျော်တွဲနေသည်ကိုသိတာကြောင့် ရှောင်းကျန့် စိတ်ခံသာရသည် ။ ဒါပေမယ့် ဒီနေ့ကျတာ့ အဲ့လိုမဟုတ်ခဲ့ ရိပေါ်ရဲ့မျက်လုံးတွေထဲမှာ ဝမ်ချင်ကိုတအားသဘောကျနေကာ ချစ်နေတဲ့ပုံစံပေါက်နေသည်

သူသိတာပေါ့ ရိပေါ်ဆိုတာ သူ့အတွက် ပန်းဥယျာဉ်တစ်ခုလိုပဲ ။ သူကတော့ ဥယျာဉ်မှူးပေါ့ ။ သူအမြတ်တနိုး ပြုစုပျိုးထောင်ထားတဲ့ပန်းဥယျာဉ်က ပန်းတွေဝေဖြာပြီး ဖူးပွင့်နေရင် သူပျော်ရသည် ။ ပန်းတွေညှိုးပြီး မလန်းဆန်းတဲ့အခါ သူဝမ်းနည်းရသည် ။ ရှောင်းကျန့် ရေချိုးပြီး အိပ်ယာထဲသို့ လဲလိုက်ကာ

"ရိပေါ်  ကောင်းသောညပါနော် ဒီနေ့ ငါ့ကြောင့် မင်းပျော်သွားရတယ်မလား ငါပျော်တယ်သိလား ပြီးတော့....ငါငိုရတယ်ရိပေါ်....ဘယ်လိုပဲဖြစ်ဖြစ်ပါ မင်းက အပျော်တွဲနေတာပဲမဟုတ်လား ဒီတော့ ငါမင်းကို စိတ်ချပါရစေနော် မင်းဘယ်သူ့ကိုမှ အတည်မချစ်မိဖို့ ဆုတောင်းပါတယ် Good Night "

ထိုစကားတွေကိုပြောပြီး မျက်လုံးမှိတ်ကာ အိပ်စက်သွားတဲ့ရှောင်းကျန့် မျက်လုံးထောင့်နားမှ မျက်ရည်တို့က စီးကျလျှက်

..................................................................................

ရိပေါ် အိပ်မရပေ ခါတိုင်းဆို ကျောင်းဆင်းရင် သူပါမှ အတူအိမ်ပြန်တက်တဲ့ရှောင်းကျန်က အခုသူ့ဖုန်းကိုလည်းမကိုင် သူ့ကိုလည်း မနှုတ်ဆက်ပဲပြန်သွားတဲ့ရှောင်းကျန့်ကြောင့် ရိပေါ် တင်းနေသည်

"ရှောင်းကျန့် မင်းဘာဖြစ်သွားတာလဲ? ငါ့ကိုများစိတ်ဆိုးနေလို့လား? ငါကရော သူ့ကိုဘာလုပ်မိလို့ပါလိမ့်? ကျစ် ကြာတယ်ကွာ မစဉ်းစားတော့ဘူး"

ရိပေါ် ကုတ်အကျီတစ်ထည်ကိုကောက်ဝတ်ကာ ရှောင်းကျန့် အိမ်သို့ထွက်လာသည် ။

..................................................................................

~တီး တောင်~

ည၁၂နာရီအချိန် အိမ်ရှေ့မှဘဲလ်တီးသံကြောင့် ရှောင်းမား ထွက်လာကာ ခြံစောင့်အားကျိုကိုကြည့်ပြီး

"ဘယ်သူလဲမသိဘူး အားကျို သွားကြည့်လိုက်ပါဦး"

"ဟုတ်ကဲ့အန်တီလေး"

အားကျို တံခါးဖွင့်ကြည့်တော့ ရိပေါ်ကိုတွေ့သည်

"အာ အကိုဝမ်ရိပေါ်ပဲ လာလာ"

ရိပေါ်ဝင်လာတော့ ရှောင်းမားမျက်လုံးပြူးသွားသည်။

"ဟယ် သား ရိပေါ် ဘယ်လိုဖြစ်လို့ညဘက်ကြီးရောက်လာတာတုန်း"

"အိမ်မှာ အိပ်မရလို့အန်တီ ရှောင်းကျန့်အပေါ်မှာမလား"

"အေးဟုတ်တယ်သား သားငယ်က သူ့အခန်းထဲမှာ"

"ဟုတ်အန်တီ သားရှောင်းကျန့်ဆီသွားလိုက်ဦးမယ်"

"အေးအေး သွားသွား"

ရိပေါ် အပေါ်ထပ်သို့တက်လာကာ တံခါးခေါက်လိုက်သည်

~ဒေါက် ဒေါက် ဒေါက်~

"ရှောင်းကျန့် ရှောင်းကျန့်"

ရိပေါ် အထဲမှ ဘာသံမှမကြားတာကြောင့် တံခါးဖွင့်ကြည့်လိုက်တော့ အထဲမှာ အိပ်ပျော်နေတဲ့ရှောင်းကျန့်ကြောင့် အထဲသို့အသာလေးဝင်ကာ တံခါးကိုပြန်ပိတ်လိုက်ပြီး ရှောင်းကျန့် အနားသို့သွားကာ မျက်နှာကိုတစ်ချက်ကြည့်လိုက်သည်

ငိုထားသည့်အတွက် မျက်လုံးလေးတွေက မို့အစ်ကာ မျက်ရည်စလေးတွေကြောင့် မျက်တောင်လေးတွေက စိုစင်းစင်း ။ရိပေါ် ရှောင်းကျန့်ဘေးကို တက်အိပ်ရန် ကုတင်ပေါ်တက်ပြီး စောင်ကိုယူ၍ ရှောင်းကျန့်ကိုခြုံပေးမလို့လုပ်တော့ ရုတ်တရတ်လန့်နိုးလာတဲ့ရှောင်းကျန့်

"ဟင်! ရိပေါ် မင်းဘယ်လိုလုပ် ငါအခန်းထဲရောက်နေတာလဲ"

"ငါ့ကိုအကြောင်းမပြန်ပဲ အိမ်ပြန်သွားတာဘယ်သူလဲ ငါ့ဖုန်းကိုမကိုင်ပဲ နေတာဘယ်သူလဲပြော"

ရိပေါ် ပြောရင်း ရှောင်းကျန့်ဘေးမှာ လဲအိပ်လိုက်ပြီး ရှောင်းကျန့်အနားကိုကပ်လာသည်

"ငါ့ ငါ့ဖုန်း အားကုန်သွားလို့...ကျစ် မင်းဟိုဘက်တိုးစမ်းပါ"

"မတိုးပါဘူး ကပ်မှာပဲ"

ဆိုကာ ပို၍ကပ်လာတဲ့‌ရိပေါ် ။ ရှောင်းကျန့် သူဘာစကားမှမပြောချင် ဒါကြောင့် မျက်နှာလွှဲကာနေတော့ ရိပေါ် စိတ်ဘဝင်မကျ

"ရှောင်းကျန့် ငါ့ကိုကြည့်"

".........."

"ရှောင်းကျန့် ငါ့ကိုကြည့်လို့ပြောနေတယ်လေ"

"............"

ရိပေါ် စိတ်တိုသွားကာ ရှောင်းကျန့်ကိုယ်လေးကို သိမ်းကျုံ့ကာ သူ့ရင်ခွင်ထဲသို့ ဆွဲဖက်ပြစ်လိုက်သည် ။ ထိုသို့လုပ်တော့ ရှောင်းကျန့် လန့်သွားကာ

"ဝမ်ရိပေါ် ဘာလုပ်တာလဲ လွှတ်စမ်း!"

"မလွှတ်ဘူးကွာ မင်းငါ့ကိုမှမကြည့်တာ မလွှတ်ဘူး"

"မင်းကိုမကြည့်တာနဲ့ပဲ မင်းက ဘာလို့ဒီလောက်ဒေါသထွက်နေတာလဲ လွှတ် အခု"

ရှောင်းကျန့်အမေးကို ရိပေါ်မဖြေတက်။ ရှောင်းကျန့်ရဲ့အမြင်အာရုံထဲမှာ သူ့ကိုပဲရှိစေချင်သည်

" မ မသိဘူးကွာ ငါ့ကိုပဲကြည့် ငါ့ကိုပဲအာရုံထား ငါ့ဖုန်းကိုပဲကိုင် ငါခိုင်းတာလုပ် ငါပြောတာနားထောင် ဒါပဲ"

"ဝမ်ရိပေါ် မင်းဘာလို့အတ္တကြီးနေတာလဲ ငါ့ကိုမင်းဘာများမှတ်နေလဲ ဟမ်!"

ရှောင်းကျန့် ပြောရင်း ငိုသံလေးကပါလာသည်။ ဒါကိုသိတဲ့ရိပေါ်က

"မသိဘူး...မင်းငါ့အနားမှာပဲနေရမယ်"

"ခွေးစုတ်ကောင် ငါ့ကိုဆိုအမြဲအနိုင်ကျင့်နေတယ် သွားကွာ မင်း! မဖက်နဲ့သွား"

ရိပေါ် ပိုတိုးကာ ဖက်၍ အိပ်နေပြီး

"ရှောင်းကျန့် ငါ့ကိုအသည်းယားအောင်မလုပ်နဲ့နော် ငါကိုက်ဆွဲလိုက်မှာ"

"ကိုက်ဆွဲရင်ကိုက်ဆွဲကြည့်လေ ဖြတ်ထိုးမှာ ဖယ်ကွာ! သွား လာမဖက်နဲ့ မင်းအိမ်မင်းပြန်အိပ်"

ရိပေါ် သူ့ရင်ခွင်ထဲမှ လုံးတုံးလုံးတုံးလေးဖြင့် ရှုန်းပြီးပွစိပွစိပြောနေတဲ့ယုန်လေးကို အသည်းယားလာသည်။ ဒါကြောင့် သူသတိလက်လွတ်ဖြစ်ကာ ရှောင်းကျန့် ပါးဖောင်းဖောင်းလေးကိုဖွဖွလေးကိုက်လိုက်သည် ။ ထိုအခါ ရှုန်းကန်နေတဲ့ရှောင်းကျန့်တစ်ယောက် ငြိမ်ကျသွားသည်

နှုတ်ခမ်းသားလေးနဲ့ ပါးလေးကိုကိုက်ထားတဲ့ခံစားချက်က ရိပေါ်စိတ်ထဲမှာ တစ်မျိုးကြီးခံစားနေရသည်။ ထိုခံစားချက်နှင့်အတူ ဖြစ်ပေါ်လာတဲ့ရင်ခုန်သံ

~ဒုတ်ဒုတ် ဒုတ်ဒုတ်~

(ငါ ဘာဖြစ်နေတာလဲ မဟုတ်သေးဘူး ဒါကရင်ခုန်နေတာမလား? ဟာကွာ ငါဘာတွေဖြစ်နေပါလိမ့်)

ရှောင်းကျန့် သူ့ပါးကိူကိုက်လိုက်တဲ့ရိပေါ်ကြောင့် သူအရမ်းအံ့ဩသွားမိသည်။ သူ့ပါးကိုအကြမ်းမဟုတ်ပဲ ဖွဖွလေးကိုက်လိုက်တဲ့ရိပေါ် အနမ်းကြောင့် ရှောင်းကျန့် နှလုံးသားတစ်ခုလုံးတုန်ရီလာကာ စိတ်လှုပ်ရှားနေသည် ။ ထိုအချိန် ရိပေါ်ဆီမှ နှလုံးခုန်သံကို ခပ်သဲ့သဲ့ကြားလိုက်သော ရှောင်းကျန့် ။ မျက်နှာတစ်ခုလုံး နီရဲတက်သွားသည်

(ရိ ရိပေါ်က ငါ့ကိုနမ်းလိုက်တယ်လား ဟာ...မဖြစ်နိုင်ပါဘူး စိတ်တိုလို့ကိုက်လိုက်တာပဲမလား...ဟင် ရိပေါ်ရဲ့နှလုံးခုန်သံက ဘာလို့ဒီလောက်ကျယ်နေရတာလဲ?...မဟုတ်မှလွဲ ငါ့ကိုများ...ဟင်းးး မဖြစ်နိုင်ပါဘူး)

အတွေးနှင့်အတူ ရိပေါ်မျက်နှာကြီးကိုတွန်းလိုက်သောရှောင်းကျန့်

"ဖယ်စမ်း ပါးကိုသရေတွေပေကုန်ပြီ"

"ဘာလဲ မင်းက ရွံနေတာလား"

"သွား မင်းအိမ်မင်း ပြန်သွားအိပ်"

"မအိပ်ဘူး မင်းနဲ့ပဲအိပ်မှာ လာပါကွာ....သူငယ်ချင်းကြီးကလည်း ငါ့ကိုမချစ်ဘူးလားပြော"

ရိပေါ် ရှောင်းကျန့်ကိုယ်လေးကို ပြန်ဆွဲဖက်ကာ သူ့ရင်ခွင်ထဲကိုထည့်ထားသည်

"ချစ်တာ မချစ်တာနဲ့ဆိုင်လို့လား"

"ဆိုင်တာပေါ့ ပြော ချစ်လား မချစ်လား"

"ချစ် ချစ်တယ်"

"အဟီးဟီး ဒါမှ ငါ့သူငယ်ချင်းရှောင်းကျန့်"

ရိပေါ် ရယ်ပြုံးကာ ရှောင်းကျန့်ကိုဖက်ထားပြီး အိပ်စက်လိုက်သည်။ ရင်ခွင်ထဲမှ ရှောင်းကျန့်ကလည်း ရိပေါ်ကို ပြန်ဖက်ထားလိုက်ကာ မျက်ရည်ဝဲလျှက် ပြုံး၍ အိပ်ပျော်သွားသည်

(ငါဒီညတော့ အိမ်မက်လှလှမက်မယ်ထင်ပါရဲ့... အရူး....ငါပြောတဲ့ချစ်တယ်‌ဆိုတာက သူငယ်ချင်းလိုမဟုတ်ဘူးရိပေါ်.....)

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

#WattpadAuthor_LoonDarli

#feedbackလေးတွေပေးခဲ့ကြပါဦးဗျ

#ဖတ်ရှုပေးတဲ့ဒါဒါလေးတို့ကိုကျေးဇူးအများကြီးတင်ပါတယ်








Continue Reading

You'll Also Like

1M 73.6K 46
သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ်ဖို့သာ ပြင်ထားတော့ ဝမ်ရီလျှို့ ~~ရှောင်...
616K 31.8K 15
#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019
804K 39.1K 63
သင္ဟာ အင္ႏိုးစန္ ့ ေလးဆိုရင္ ဒီ Fic ကိုေက်ာ္သြားပါ🌚🌚🌚❌❌❌
502K 49.6K 36
ဝမ်ရိပေါ်ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီ/ ဝမ္ရိေပၚရဲ႕ ကေလးကို ကိုယ္ဝန္ေဆာင္ထားရၿပီ Associated Name 一不小心揣了对家的崽儿 Author(s) 美丽子是真的美丽 Translator(s) idun...