Promise

Oleh Leowang2004

28.8K 2K 705

ပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါ‌... Lebih Banyak

Promise 1
Promise 2
Promise 3
Promise 4
Promise 5
Promise 6
Promise- 7
Promise 8
Promise 9
Promise 10
promise 11
Promise 12
ရင်ဖွင့်စာ
Promise 13
Promise 14
Promise 15
promise 17
Promise 18
Promise 19
Promise 20
Promise 21
ဝမ်းနည်းမိ
Promise 22
Promise 23
Promise 24
Promise 25
နှုတ်ဆက်လက်ဆောင်‌လေး

promise 16

741 67 14
Oleh Leowang2004

"ကျွန်တော်တို့မူးယစ်ဆေးဝါးအမှုနဲ့ ရှောင်ကျန့်ဆိုတဲ့ကောင်လေးကိုလာဖမ်းတာပါ "

"ရှင် !!"

ရုတ်တရပ်ပါပဲ အိမ်ထဲဝင်လာသော ရဲတွေနဲ့ရပ်ကွက်လူကြီး ရှောင်ကျန့်အားဆေးဝါးသုံးစွဲရောင်းဝယ်မှုနဲ့တိုင်လို့လာဖမ်းကြသည်တဲ့ သားအမိနှစ်ယောက်ရန်လဲဆက်မဖြစ်နိုင်စကားလဲ ဆက်မများနိုင် တော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာကြောင်အမ်းနေကြသည်

"အခုတော့လိုက်ခဲ့ပေးပါကျန်တဲ့ကိစ္စနောက်မှရှင်းကြပေါ့ "

"မဟုတ်ဘူး ခေါ်မသွားကြပါနဲ့ကျမသားက အဲ့လိုကလေးမဟုတ်ပါဘူး "

လက်ထိပ်ခတ်ကာခေါ်နေကြသောရဲများအား ရှောင်ကျန့်အမေကအတင်းဆွဲကာထားသည်သူမသားရဲ့လက်မောင်းကိုကျစ်နေအောင်ကိုင်ကာဆွဲထား၏ မျက်ရည်များကျကာ ရှောင်ကျန့်ကိုမကောင်းတဲ့သူမဟုတ်ကြောင်း ခေါ်မသွားကြဖို့တောင်းပန်ကာပြောနေသည်မှာ ခြံပြင်ရောက်သည်အထိ

"ကျေးဇူးပြုပြီး နေခဲ့ပေးပါ "

"ငါ့သားကိုခေါ်မသွားကြနဲ့ ငါ့သားမှာအပြစ်မရှိဘူးလေ ငါတို့မှာဒီသားအမိနှစ်ယောက်ထဲရှိတာမို့ပါ sob "

"မားး"

ခေါ်ထုတ်သွားသည်သူမသားကို ဖမ်းခေါ်သွားကြသည် သူမမှာဒီသားလေးပဲရှိတာလေ အဘယ်ကြောင့်များ သူမချစ်တဲ့တစ်ဦးတည်းသောကလေးကိုမှသူမအနားကဆွဲထုတ်ချင်ရတာလဲ မဖြစ်ဘူး သူမသားသာမရှိရင်သူမသေသွားနိုင်တယ် တားရမယ် သူမသားကိုခေါ်မသွားဖို့တားကိုတားရမယ်

မျက်ရည်များကြားကအားတင်းကာ ရှောင်ကျန့်အမေဟာ သူမသားကိုဖမ်းခေါ်သွားသောရဲကားနောက်ကိုလိုက်သည် မမောပန်းနိုင်ကားအနောက်ကနေ တစ်ချက်မနားပဲလိုက်လာခဲ့သည်

"သား ကျမသားကိုမခေါ်သွားပါနဲ့ "

ပါးစပ်ကနေသူမသားကိုမခေါ်သွားဖို့အထပ်ထပ်ကိုပြောနေခဲ့သည် မျက်ဝန်းထက်မျက်ရည်များပြည့်လျှံနေခြင်းကြောင့်အရှေ့ကိုပင်ကောင်းကောင်းမမြင်နိုင်ခဲ့တဲ့သူမဟာသားဇောကပ်နေခဲ့သည်

"သား ရှောင်ကျန့်!! "

"ဒုန်းးးး"

"အင့်"

"မား!!"

ရပ်ကွက်လမ်းကြားထဲက ထွက်လာတဲ့ကားလေးနောက်သို့ပြေးလိုက်လာသောသူမဟာ လမ်းမကြီးကိုမမြင်မိ သူမရှေ့ကရှောင်ကျန့်ပါသွားသောကားဆီကိုသာစိတ်ရောက်နေခဲ့သည် ခဏအကြာလွင့်တက်သွားသောသူမခန္ဓာကိုယ် ပူထူပြီးအမြင်တွေဝေဝါးကုန်သည် သို့သေည်အတွေးအာရုံများမှာသူမသားသာကြီးစိုးနေခဲ့သည်

ခဏတာတိတ်ဆိတ်သွားသည့်ပတ်ဝန်းကျင်...

ခေါင်းငုံ့ထားတဲ့ရှောင်ကျန့်မျက်ဝန်းတွေပြူးကျယ်သွားတယ် အသံ ဒီအသံက .... ကျိန်းသေသူ့နောက်ကိုလိုက်လာတဲ့အမေဖြစ်သူဆီက

"မား!!!"

ကားရပ်သွားသည်နှင့် ရှောင်ကျန့်ဟာပြေးဆင်းလို့အမေဖြစ်သူဆီပြေးတယ်

"မား "

"အဟွတ် သား~~~ "

"အားးး မဖြစ်ရဘူး မား တစ်ယောက်ယောက် အားးဆေးရုံကားခေါ်ကြပါ မားး မားး မား "

"မငိုပါနဲ့ ထောင်မကျအောင် အဟွတ် ဟင့် မင်းအဖေကိုအကူညီတောင်း "

"Sob မား "

"ဘယ်သူမှ မော်မကြည့်ရဲအောင်ကြိုးစားး"

"မား မား မားးး အားး မသွားပါနဲ့ မားး ကူညီကြပါဦး မား ကျနော့်မားကိုခေါ်မရတော့ဘူးဗျ "

လမ်းမထက်လဲလျောင်းနေတဲ့သူမကိုပွေ့ဖက်လို့ငိုကျွေးနေတဲ့ရှောင်ကျန့် လက်ထိပ်တွေကြားအမေဖြစ်သူကိုထွေးပွေ့လို့အော်ဟစ်ကာအကူညီတောင်းနေသည်မှာအရူးတစ်ယောက်လို

ရှောင်းတို့သားအမိအိမ်ကနေထွက်သွားထဲကရိပေါ်ဟာအခန်းထဲထည့်ပိတ်ခြင်းခံထားရတယ် ငိုရလွန်းလို့ပင်ပန်းပြီးအိပ်ပျော်သွားတဲ့ရိပေါ်က ည၉နာရီလောက်မှာနိုးလာခဲ့တယ် ရေဆာတာကြောင့် အခန်းတံခါးကိုဖွင့်ကြည့်တော့ ဖွင့်လို့ရနေခဲ့တယ် ဘယ်အချိန်ထဲကပြန်ဖွင့်ပေးထားလဲဆိုတာရိပေါ်မသိ တံခါးကိုထုရိုက်ထားလို့ပေါက်ပြဲနေတဲ့လက်ကိုလဲ ပတ်တီးစည်းဆေးလိမ်းပေးထားသေးတယ် ဒါဟာကျိန်းသေပေါက်ကိုကြီးလုပ်ပေးထားတာဒါပေမယ့်ကိုကြီးကိုခွင့်မလွှတ်နိုင်သေးဘူး အကိုတစ်ယောက်ရဲ့စေတနာဆိုပေမယ့် ရှောင်ကျန့်အပေါ်လွန်လွန်းတယ် မိသားဖသားပီပီလာတောင်းရမ်းတာကိုဒီလောက်ထိပြောဆိုဖို့မသင့် ရှောင်ကျန့်ရောအဆင်ပြေပါ့မလား အန်တီကရိုက်နေမလား အတွေးတွေနဲ့အတူရင်မောရတာကြောင့် အောက်ထပ်ဆင်းလာခဲ့လိုက်သည် ရေအေးလေးနဲ့အတူအပူတွေမောချချင်ပါရဲ့

အပေါ်ထပ်ကနေဆင်းလာတဲ့ရိပေါ်ဟာအောက်ထပ်ကအသံတွေကြားမိတာကြောင့်မဆင်းသေးဘဲ လှေကားအကွယ်က နံရံလေးမှာရပ်ကာနားထောင်နေမိသည်

"တိုင်ခဲ့ပြီလား"

"တိုင်ခဲ့ပြီပါး"

"အမလေး မလွန်ဘူးလား ဘာပဲပြောပြောသူက သားငယ်နဲ့အသက်တူတူပဲမလားကျောင်းနေအရွယ်လေးကိုကွယ် မင်းတို့ဟာကမဟုတ်သေးပါဘူး"

"မား‌ ! ကျောင်းနေအရွယ်က ကျနော်တို့ငယ်လေးကိုခိုးပြေးတယ်လေမားတွေ့လား ငယ်လေးဘယ်လောက်တောင်ကြောက်နေခဲ့လဲ သူ့အသက်ရွယ်နဲ့မှူးယစ်ဆေးဝါးရောင်းနေတာကို ကောင်းနေတယ်ပေါ့ အခုဖြစ်ရတာသူ့အပြစ်တွေ ပဲသူခံပေါ့ဗျာ "

"သားကြီး မင်းဟာကွယ် "

တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသော စကားများကိုရိပေါ်ကြားပါ၏ ရင်ထဲလဲနာကျင်ရ၏ ချစ်သူကအချုပ်ခန်းထဲမှာတဲ့လား အရာအားလုံးရိပေါ်ကြောင့်ပဲ နေရာမှာတင်ပါးစပ်ကိုအုပ်လို့ငိုကြွေးနေမိ၏

အောက်ထပ်က စကားသံတွေလဲ ဖုန်းလာသံကြောင့်တိတ်ဆိတ်သွားကြသည် သို့သော် ဖုန်းထဲကစကားသံကြောင့် သုံးယောက်သား ကြောင်နစွာဖြင့်

"အေးပြော "

ကျိယန်ဟာ ‌ဝမ်မားနဲ့စကားအခြေတင်ဖြစ်နေတုန်းဝင်လာတဲ့ဖုန်းကြောင့်ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ ဝမ်ပါးကြားအောင်စပီကာဖွင့်လိုက်သည်

"ရှောင်ကျန့် အဖမ်းခံရတယ်ဘောစ့် ဒါပေမယ့် ...."

"ဆက်ပြော "

အကွယ်ကရိပေါ်ဟာလဲ ရှောင်ကျန့်ဆိုတဲ့နာမည်ကြောင့်မျက်ရည်များဆွဲသုတ်ကာ ဂရုတစိုက်နားထောင်နေ၏

"ရှောင်ကျန့်အမေဆုံးသွားပြီ "

"ဘယ်လို "

"ရှောင်ကျန့်ကို‌ဖမ်းသွားတဲ့ရဲ‌ကားနောက်ပြေးလိုက်ရင်း ကားတိုက်မိတာပါဘော့စ့် "

"အင်းဆက်စောင့်ကြည့်ထား"

တစ်ဖက်ကဖုန်းကိုချသွားသည်နှင့်ဝမ်မားဟာဝမ်ပါးနဲ့ ကျိယန်ကိုပြောဆိုတော့သည်

"နင်တို့တွေ နင်တို့တွေကြောင့်သူများမိသားစုပြို‌ကွဲပြီ ဟမ် !ကောင်းလား အစကတည်းက ဒီလောက်နဲ့ပြီးသွားသင့်တာ နင်တို့က ဘာလို့..."

"မားကျနော်တို့လုပ်နေတာငယ်လေးကောင်းဖို့"

"ဟင့် လွန်တယ် "

"ငယ်လေး "

"သားငယ် "

ရိပေါ်ဟာကိုယ့်နားပင်ကိုယ်မယုံနိုင် ကိုကို့မားကဆုံးပြီတဲ့လား ပြီးတော့ကိုကို့ဇောနဲ့ ရိပေါ်ကိုသာလာမတောင်းခဲ့ရက်အခုလိုဖြစ်ပါ့မလား ရက်စက်လွန်းတယ် ဘယ်လိုပဲရိပေါ်အတွက်လို့ဆိုဆို တစ်ဖက်လူမိသားသုပြိုကွဲရပြီ

အကွယ်ကနေငိုယိုကာထွက်လာသော ရိပေါ်ကို မြင်သွားသော လူသုံးယောက်မှာ စိုးရိမ်သွားမိတာတော့အမှန် ဝမ်းနည်းဖို့အကောင်းဆုံးအရာသည်ကား ဝမ်ပါးနဲ့ဝမ်ကျိယန်ကိုမျက်ရည်များပြည့်နေသောနီရဲနေသည့်မျက်ဝန်းစူးစူးဆးတို့နှင့်စိုက်ကြည့်နေပြီးတုန်လှုပ်နေသော နှုတ်ခမ်းတို့ကို ကိုက်ထားသောကြောင့်ပင် သူတို့အတွက် ဝမ်ရိပေါ်ရဲ့မမြင်ဖူးသော ပုံစံဖြစ်နေသည်မဟုတ်လား

"အရမ်း လွန်တယ် ဘာလို့အဲ့လိုထိလုပ်ရက်ရတာတာလဲ အကျိုးအပြစ်အနေနဲ့ အင့် ရှောင်းး ဟင်းး ရှောင်းကျန့်တို့မိသားသုပြိုကွဲရတယ် ပျော်လားသူများမိသားစုသေကွဲကွဲရတာကိုပျော်နေကြတာလား sob ဟင့် "

"သားငယ် အဲ့လိုမဟုတ်ဘူးလာ မားပြောပြမယ်"

ဝမ်မားမှာအရိပ်အခြေနေသိတာမို့ ရိပေါ်နားသွားကာ ပခုံးတို့ကို ဆုပ်ကိုင်င်ကာ အထဲကိုချော့ခေါ်ဖို့ကြိုးစားသည်

"နားမချပါနဲ့ နားမချပါနဲ့မား မားနားချရမှာကျနော့်ကိုမဟုတ်ဘူး အင့် ဟင့် အခု အင့် အခုကိစ္စကကိုကြိးအမှား ပြီးနေပြီ အင့် မဟုတ်လား ဘာလို့သူများကြားဝင်ပါရတာလဲ ကျနော်က ပတ်သတ်နေလို့လားအခုတော့ကိုကြီးနဲ့ပါးရဲ့အမှားကြောင့် ရှောင်မားသေရတာ "

ဖမ်းဆုတ်ထားသောဝမ်မားရဲ့လက်တွေကိုပုတ်ချကာ ငိုယိုပြီး‌ဒေါသထွက်နေသောရိပေါ်ဟာအခုချိန်မှာအရာအားလုံးကိုရင်ဖွင့်ချ‌တော့မည့်အတိုင်း မျက်ရည်များမှာထိန်းမနိုင်ပဲတာကျိုးသလို ရှိုက်သံတွေကြားကနေ အကိုဖြစ်သူနှင့် အဖေအားပြောနေခဲ့သည်

"ငါတို့လုပ်တာငယ်‌လေးအတွက်ပဲ ငယ်လေးငြိမ်နေတာတောင်အဲ့ကောင်ဘာစောက်ချိုးချိုးလဲ ခိုးပြေးပြီး ငယ်လေးကို ကျစ်!!!"

"ကိုကြီးကယ်ခဲ့တယ်လေ ပြီးခဲ့ပြီ "

"ငယ်လေး အဲ့ကောင်ကနောက်တစ်ကြိမ် နောက်တစ်ခါမလုပ်ပါဘူးပြောနိုင်လားဟမ် "

အခြေတင်စကားဝိုင်းကဒီမှာတင်မပြီးနိုင် ဆက်ရန်သာရှိသည် ဝမ်ပါးနဲ့ဝမ်မားလဲ ဝင်မတားမိ ရိပေါ်ဟာလဲ ငိုရင်းနဲ့ စိတ်တိုကာမျက်နှာတစ်ခုလုံရဲဆွေးနေ၏ အကိုဖြစ်သူကဒေါသတွေထွက်ကာသူ့ညီကိုငုံ့ကြည့်ကာ ပြောဆိုနေသည်

"ချစ်တယ် "

"ဘာ "

"ကိုကို့ကိုချစ်တယ် ချစ်လို့ သူထိခိုက်မှာစိုးလို့ငြိမ်နေခဲ့တာ ကိုကြီးလွန်တယ် အဲ့လောက်ထိကိုကို့ကို လုပ်ဖို့လိုလားအခုတော့ အခုတော့ကိုကိုတစ်ယောက်ထဲ သူဘယ်လောက်တောင်နာကျင်လိုက်မလဲ "

"မိုက်လိုက်တာ ငယ်လေး ငါကတော့ တောက်!!မင်းကမွေးရကျိုးမနပ်ဘူးပဲ "

"ဟုတ်တယ် ကျနော်ကမွေးရကျိုးမနပ်တဲ့‌အကောင် ကိုကြီးကစာနာစိတ်မရှိတဲ့သူ "

"ဖြောင်း !!!"

"သား!!"

နာရသည် အသက်လောက်ချစ်တဲ့ညီဖြစ်သူဆီက သူ့အားခွန်းတုံ့ပြန်ကာခံပြောသည့်စကားသံတွေကိုပထမဆုံးကြားဖူးခြင်းပင် ချစ်ကြောင်းတွေဖွင့်ပြနေတဲ့ညီဖြစ်သူကိုရိုက်နှက်ကာမချစ်သင့်ကြောင်း ဆုံးမလိုက်ချင်ပါ၏ လုပ်ရက်တွေကဒီကလေးအတွက်ပဲမဟုတ်လား ချစ်လွန်းလို့ဖူးဖူးမှုတ်ထားတဲ့ကလေးငယ်ကိုနိုင်ထက်စီးနင်းလုပ်ပြီး မယားလိုပေါင်းသင်းဆက်ဆံဖို့လုပ်တဲ့သူကို အပြစ်ပေးတာ သူလွန်သွားလား လူစိတ်မရှိဘူးတဲ့နာရတယ် သိပ်နာကျင်ရတယ် ဒေါသတွေမထိန်းနိုင်တဲ့အခါ နာကျင်လွန်းလို့ရိုက်လိုက်မိတဲ့ ကိုယ့်လက်ကိုသာအပြစ်တင်သည် အခုတော့ညီငယ်လေးရဲ့ပါးပြင်နုနုထင်သူ့လက်ရာကြီးထင်းလို့ သူ့ကိုစိုက်ကြည့်နေသည်မှာ နာကျည်းစွာ

"မုန်းတယ် ကိုကြီးကိုမုန်းတယ် ကျနော့်ကိုနားမလည်ပေးတဲ့ကိုကြီးကိုမုန်းတယ်!!"

မုန်းကြောင်းတွေဖွင့်ဟတဲ့ညီငယ်က ငိုယိုအော်ဟစ်ကာ အခန်းရှိရာ အပေါ်ထပ်ကိုပြေးတက်သွားတယ် လိုက်ဖို့ပြင်တဲ့မားကိုလဲ‌ ကျိယန်မှာခေါင်းသာခါပြမိသည် သူစိတ်ပင်ပန်းနေပြီ ငယ်လေးလဲ ပင်ပန်းနေမှာ ခဏလောက်အနားယူပါစေလေ

ဘယ်အရာမှဖြစ်ပါစေဆိုပြီးဆုတောင်းနေခဲ့တာတော့မဟုတ် ကံကြမ္မာက သတ်မှတ်သွားခဲ့တာ ချစ်ခြင်းမေတ္တာကြောင့် အမုန်းတရားတွေဖြစ်လာရတာ

______________________________________

"သား ရှောင်း "

"ပါး ! မား ကျနော့်အမေ မားအဆင်ပြေရဲ့လား မား!"

မူးယစ်ဆေးဝါးအမှုနဲ့ဖမ်းခံထားရတယ်ဆိုတဲ့သားဖြစ်သူရဲ့သတင်းကိုကြားကြားချင်းလိုက်လာခဲ့တာ ‌ရှောင်ပါးရင်တွေပူလွန်းတာ ကိုယ်တိုင်အသိပင် ဒီသားတစ်ယောက်ပဲရှိတာမဟုတ်လား ပြီးတော့ သူမကလဲဆုံးပြီတဲ့သားစိတ်နဲ့ ပဲ ဆုံးသွားရှာတယ် စိတ်မကောင်းဖြစ်ရသည် သူ့သားဟာ သူ့အမေမရှိတော့တာကိုသိရင်ဘယ်လိုနေမလဲ သူနဲ့ရော လိုက်နေပါ့မလား သူရှေ့က မျက်ရည်တွေဆွဲသုတ်ကာပြောနေတဲ့ သားရှောင်ကျန့်ကို ဘယ်လိုဖြေသိမ့်ပေးရပါ့မလဲ

"ဆုံးသွားပြီ "

"ဗျာ "

ခဏတာတိတ်ဆိတ်သွားသလိုပါပဲ ခေါင်းထဲမှာအချက်ပေးသံတွေမြည်နေခဲ့ပြီး တုန်လှုပ်နေခဲ့တယ် သေချာပေါက်ဆေးရုံကိုပို့ပေးခဲ့ပါသည်လေ သူ့မှာမားပဲရှိတာ သူ့ဘဝ သူ့မီးအိမ် သူ့အတွက်အရာရာကိုမှ လုယူသွားရသလား

"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ကျနော်မယုံဘူး"

"တကယ်ပဲ ပါးလဲစိတ်မကောင်းပါဘူးသား "

သံတိုင်ကြားခေါင်းစိုက်လို့တိတ်ဆိတ်ငြိမ်သက်သွားတဲ့သားဖြစ်သူကိုကြည့်နေမိသည် ဒီကလေးဟာသိပ်အငြိုးကြီးသည်အချစ်လဲကြီးသည်အစွဲလမ်းလဲကြီးသည် ဘယ်လိုမျိုးမှ သားဖြစ်သူရဲ့ စိတ်ကိုကုစားနိုင်မှာပါလဲ အဆင်ပြေစေဖို့အရာအားလုံးဒီအဖေစွမ်းဆောင်ပေးမှာပါ ဒါဟာချစ်တဲ့စိတ်အားနာစိတ် အကုန်လုံးအတွက် ရှောင်ပါးရဲ့ပေးဆပ်ခြင်းပဲ ရှေ့ဆက်မယ့်အနာဂတ်မှာ ဒီသားတစ်ယောက်အတွက်သာပုံအောထားသည်

"ဘယ်သူလဲ "

"ဘာကိုလဲသား "

"ကျနော့်ကို ဖမ်းခိုင်းတဲ့သူ "

"ပါးစုံစမ်းပေးမယ် အခုတော့ မင်းမားရဲ့နောက်ဆုံးအချိန်လိုက်ပို့ရအောင် ‌ကောင်းမွန်စွာလိုက်ပို့ပေးရအောင်သား"

"ကျနော်ကအချုပ်ခန်းထဲမှာလေ "

"အခုလွတ်ပြီ "

အံ့ဩတဲ့မျက်ဝန်းတွေနဲ့ကြည့်လာတဲ့သားဖြစ်သူကို ရှောင်ပါးဟာ ပြုံးပြလိုက်သည်

"ဒီအဖေကိုအားကိုး ဖြစ်ချင်တာတွေလိုက်လျောပေးမယ် "

ရှောင်ကျန့်ဟာ နာရီပိုင်းနဲ့တင်အချုပ်ခန်းထဲကလွတ်ခဲ့သည်အဖေဖြစ်သူရဲ့ကျေးဇူးကြောင့်နဲ့ပင် အမေဖြစ်သူကိုလဲကောင်းမွန်စွာလိုက်ပို့နိုင်ခဲ့သည်


#မျက်နှာတောင်မပြရဲတော့ပါဘူးဗျာ🤧

စကားမဆက်ဝမ်ပိစိရဲ့ သီချင်းအတွက် https://t.me/bfxfxtf10050805 အဲ့မှာလုပ်တဲ့ project မှာကျနော်ပါဝင်အားဖြည့်ထားတဲ့ "ဦးငယ်"ဆိုတဲ့ fic တော်တော်မှောင်တယ်ဗျ လာပြောပြတာ😔









Zawgyi


"ရှင် !!"







"မားး"





"သား ရှောင်ကျန့်!! "

"ဒုန်းးးး"

"အင့်"

"မား!!"




"မား!!!"


"မား "

"အဟွတ် သား~~~ "



"Sob မား "






"တိုင်ခဲ့ပြီလား"

"တိုင်ခဲ့ပြီပါး"



"သားကြီး မင်းဟာကွယ် "



"အေးပြော "



"ဆက်ပြော "



"ဘယ်လို "






"ဟင့် လွန်တယ် "

"ငယ်လေး "

"သားငယ် "












"ချစ်တယ် "

"ဘာ "



"ဟုတ်တယ် ကျနော်ကမွေးရကျိုးမနပ်တဲ့‌အကောင် ကိုကြီးကလူစိတ်မရှိတဲ့သူ "

"ဖြောင်း !!!"

"သား!!"





______________________________________

"သား ရှောင်း "



"ဆုံးသွားပြီ "

"ဗျာ "





"ဘယ်သူလဲ "

"ဘာကိုလဲသား "




"အခုလွတ်ပြီ "










Lanjutkan Membaca

Kamu Akan Menyukai Ini

72.7K 3.3K 19
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
393K 11.8K 80
"I'm not afraid to hit a girl," he argued, and you grinned. "I know you aren't," you said, "because you know I can fight back, and you wanna know how...
72.6K 1.7K 32
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
1.3M 25.7K 51
and all at once, you are the one I have been waiting for theodore nott x fem oc social media x real life lowercase intended started: 3.25.23 finished...