ရှောင်ကျန့် / အရှင့် !!!
အရှင်တစ်ခုခုဖြစ်နေတယ် ယွဲ့ယယ် ငါအရှင့်ဆီသွားမှဖြစ်မယ်
ယွဲ့ယယ် / မင်းကြီးက ဘာမှမဖြစ်ပါဘူး အခုဆို အိပ်ဆောင်တော် ဝင်နေလောက်ပြီ
သခင်လေးသာ အထူးဂရုစိုက်ရမှာ အခုက အရင်လို
သခင်လေးတစ်ယောက်တည်းလဲမဟုတ်တော့ဘူးမလား စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ မနက်မှ မင်းကြီးကို ပန်းဆက်ရင်း အခစားဝင်ကြတာပေါ့
ရှောင်ကျန့် / ငါ အရှင့်ကို စိတ်မချဘူး ယွဲ့ ယယ် အရှင်နဲ့ ပတ်သတ်တဲ့ အိမ်မက်ဆိုးတွေ မက်နေတယ် အရှင့်အဆင်ပြေမပြေ ခဏလေးပဲသွားကြည့်မှာပါ
နောက်ဆုံးးမှာ တော့သူ့သခင်လေးကို
တားမရတဲ့ ယွဲ့ယယ်ဟာ
သခင်လေးနဲ့အတူ မင်းကြီးနန်းထောင်ရှေ့သို့
ရောက်ခဲ့လေသညျ။
ရှောင်ကျန့် / အထိန်းတော်ကြီး အရှင်အထဲမှာရှိနေလား
အထိန်းတော်ကြီး / ဟုတ်တဲ့ ရှိနေပါတယ် ဒါပေမဲ့...
ကြင်ယာတော် ဝင်သွားဖို့မသင့်တော်ဘူးထင်ပါတယ်
ရှောင်ကျန့် / ဘာလို့လဲ အရှင်ရှိနေတယ်ဆို ဝင်လို့ရ ရမှာပေါ့
အထိန်းတော်ကြီးလဲ မျက်နှာပျက်စွာ...
အထိန်းတော်ကြီး / အဲ့တာက အထဲမှာ
ကြင်ယာတော်ရှင်းလဲရှိနေပြီးတော့
နှစ်ယောက်အတူ အိမ္ေဆာင်တော်ဝင်နေလို့ပါ
ရှောင်ကျန့် / ဘာ!!!
အထိန်းတော်ကြီး ပြောလိုက်တဲ့ စကားလုံးတွေက သူ့ရင်ကိုထိုးစိုက်နေတဲ့ ချွန်မြတဲ့ဓားသွားတွေလိုပင် ဝဲဘက်ရင်အုံမှ တဆစ်ဆစ်နာကျင်နေရပါ၏။ အရှင်က... သူ့မှာကိုယ်ဝန်ရှိနေလို့သာ တခြားသူကိုသွားရှာတာမှန်းသဘောပေါက်လိုက်လေပြီ
ယွဲ့ယယ် / သခင်လေး...
ရှောင်ကျန့် /ယွဲ့ယယ် ငါတို့ပြန်ကြမယ် အရှင့်ကို မနှောက်ယှက်ပဲနေရအောင်
ထို့နောက် ဘုရင့်နန်းဆောင်တော်ကနေ အငိုမျက်လုံးများဖြင့် ပြန်သွားတဲ့ ကြင်ယာတော်ရှောငျ့ကို အထိန်းတော်ကြီးများလဲ သနားဂရုနာသက်စွာကြည့်နေရုံမှတပါး မတတ်နိုင်ခဲ့ပါချေ
နောက်တစ်နေ့မနက်မှာတော့
မင်းကြီးဟာစိတ်ရှုပ်ထွေးစွာနိုးထလာခဲ့ပြီးတော့ ညက ကိစ္စများကို ဘာတစ်ခုမှ မမှတ်တော့ပါပေ...
သူ့ဘေးတွင်ညကအိမ်ဆက်အနားယူနေသော
ၾကင္ယာေတာ်ရှင်းကိုထပ်ချက်မျှကြည့်တာ
မနက်ခင်းရေချိုးဆောင်ကိုသာ ဝင်ခဲ့လိုက်တော့သည်။
မင်းကြီးထွက်သွားတော့မှ
ကြင်ယာတော်ရှင်းက အိပ်ချင်ယောင်ဆောင်နေရာမှ
ထလာခဲ့ပြီး
ကြင်ယာတော်ရှင်း / ဒီလောက်ဆို ဒီကလေးက မင်းကြီးကလေးပါလို့ပြောရင် အားလုံးယုံကြည်လောက်မယ်မလား အဟက်
ထိုကဲ့သို့ သူတစ်ယောက်ကြားရုံမျှ ရေရွတ်ရင်း မင်းကြီးရဲ့ကုတင်နန်းထပ်
တယုတယပွတ်သပ်နေလိုက်တော့သည်။
ခဏကြာတော့ ကြင်ယာတော်ရှောင်က မင်းကြီးဆီ အခစားဝင်လာ၏။
မင်းကြီး / ရှောင်... မနက်ခင်းအစောကြီး ကိုယ့်တော့်ဆီလာတာ အကြောင်းကိစ္စရှိလို့လား
ကြင်ယာတော်ရှောငျက ဘုရင့်ရွှေနန်းကုတင်ထပ်မှာရှိတဲ့ ကြင်ယာတော်ရှင်းကို တချက်လှည့်ကြည့်လိုက်ကာ
ရှောင်ကျန့် / ကျွန်တော်မျိုးရှောင်ကျန် အရှင့်ကိုသာလျှင်အလိုရှိပါတယ် အရှင်!!!
မင်းကြီး / ဘာကိုဆိုလိုချင်နေတာလဲ ကြင်ယာတော်ရှောင်
ရှောင်ကျန့် / ကျွန်တော်မျိုးရဲ့ ကိုယ်ဝန်ကြောင့် အရှင်က တခြားသူတို့သွားရှာတာ ဆိုရင် ဒီကလေးကို ကျွန်တော်မျိုးမလိုချင်ပါဘူး...
မင်းကြီး / ရှောင်ကျန့်...!!!
ရှောင်ကျန့် / ကျွန်တော်မျိုး အရှင့်ဆီက ချစ်ခြင်းမေတ္တာတွေကို တစ်ယောက်တည်းပဲ အပိုင်လိုချင်ပါတယ် တခြားသူကို ဝေငှ မပေးနိုင်ပါဘူး
ဒါကြောင့် ဒီကလေးက အခက်အခဲတစ်ခုဆိုရင် ကျွန်တော်မျိုး ဒီကလေးကို အရှင့်ထပ်ပိုပြီး မမြတ်နိုးနိုင်ပါဘူး
အရှင်က ဒေါသထွက်စွာ ရှောင်ကျန့်လည်ပင်းထပ် ဓားဖြင့်ရွယ်လိုက်သည်။
ရှောင်ကျန့် / ကျွန်တော်မျိုးဘက်က တောင်းဆိုတာလွန်တယ်ထင်ရင် အခုချက်ချင်း သတ်လိုက်ပါအရှင် ကိုယ်ချစ်မြတ်နိုးတဲ့သူကို ကလေးတစ်ယောက်ကြောင့် တခြားသူသိ အပါမခံနိုင်ပါဘူး...
မင်းကြီးလဲ ရှုပ်ထွေးနေတဲ့ဒေါသစိတ်တွေကို ခဏလောက်ငြိမ်အောက်ထိန်းချုပ်လိုက်ကာ
မင်းကြီး/ကိုယ်တော့်ရဲ့ ရင်သွေးရတနာကို မင်းသေချာပေါက်အန္တာရယ်ကင်းကင်းနဲ့ မွေးပေးရမယ်ရှောင်ကျန် ဒါကိုယ်တော့်အမိန့်ပဲ!!!
ထို့နောက် မင်းကြီးက အေးစက်စက်မျက်နှာထားဖြင့်
နန်းဆောင်ထဲက ထွက်သွားလေသည်။
ရှောင်ကျန့်ကတော့ နန်းဆောင်ထဲတွင် ငိုယိုလျက်ကျန်ခဲ့ရလေသည်။
ဖြစ်စဉ် အားလုံးကို အစအဆုံးသိရှိသွားတဲ့ ကြင်ယာတော်ရှင်းကတော့ နောက်ထပ်အကောက်ကြံဖို့ရန်စီစဉ်နေပြန်၏။
ကြင်ယာတော်ရှင်း / * အဟက်... ရင်သွေးလေးကို မလိုချင်ဘူးလား ဒါဖြင့် စီစဉ်ပေးရတာပေါ့ *
.............................
ရှင်းလျန် / သမားတော် ငါပြင်ဆင်ခိုင်းထားတဲ့ သန္ဓတေားဆေးရပြီလား
သမားတော် / ရပါပြီ ကြင်ယာတော်ရှင်း... ဒါနဲ့ဆေးကိုဘယ်မှာသုံးမလို့ပါလဲ
ရှင်းလျန် /သေချာပေါက်ငါသုံးဖို့တော့မဟုတ်ဘူးပေါ့ ကလေးမလိုချင်ဘူးလို့ပြောတဲ့ သူတစ်ယောက်ဖို့ အဟက်ဟက်...
ကြင်ယာတော်ရှောင်၏ နန်းဆောင်တွင်တော့ သူပြောခဲ့စကားတွေကြောင့် နောင်တရနေတဲ့ ကြင်ယာတော်လေးဟာ
ရှောင်ကျန့် /ပါးကလေးလေး ပါးတောင်းပန်ပါတယ်နော် မင်းရဲ့ ခမည်းတော်ကြောင့် ပါး ပါးစပ်က ပေါက်ကရတွေလျောက်ပြောမိတာပါ တကယ်ဆို ပါးက ပါးရင်သွေးကိုချစ်တာပေါ့မဟုတ်တဲ့စကားတွေကြားပြီး ပါးကိုမမုန်းလိုက်ပါနဲ့နော် ပါးကလေးလေး အပြင်ထွက်လာရင် ဝတ်ဖို့ ပါးသိုးမွေးထည်လေးထိုးထားပေးမယ်နော်
ရှောင်ကျန့်က သူ့ပြောခဲ့တဲ့ စကားတွေကြောင့်
နောင်တရနေတာဖြစ်သည်။
အမှန်ဆို သူ့သွေးသားနဲ့ ဖြစ်တည်လာတဲ့ကလေးပဲ
မချစ်ပဲနေမလာလေ
ဒါပေမဲ့ ရုတ်တရတ် ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့စိတ်ကြောင့် ထိန်းချုပ်လို့မရတော့ပဲ ပေါက်ကွဲထွက်လာတာပင်
.....................
ချင်းဟွာ / စစ်သူကြီးကျန်းချန် ကျွန်မ ဝင်လာခဲ့မယ်နော်
ချင်းမိန်းကလေးဟာ
စစ်သူကြီး နန်းဆောင်ထဲမှာ မရှိတုန်း
တမင် နန်းဆောင်ထဲ ခိုးဝင်ခဲ့တာပင်
ထို့နောက် ဟန်ပြယူလာတဲ့ အစားအသောက်တွေကို ချထားကာ
အခန်းပတ်ပတ်လည်ရှာဖွေစစ်ဆေးပါတော့သည်။
ထိုအချိန် စစ်သူကြီး ကျန်းချန် အခန်းတွင်းကိုရောက်လာပြီး
ကျန်းချန် / မင်းရှာလို့ဝရင် ငါ့ကိုအကြောင်းပြချက်တစ်ခုပေးရမယ်...
ချင်းဟွာ / စစ်...စစ်သူကြီးမင်း..
ကျန်းချန် / ယင်းမိန်းကလေး... ဒါကဘယ်လိုတောင် စည်းကမ်းမရှိတဲ့အပြုအမူမျိုးလဲ
ချင်းဟွာ / ကျွန်မက အစားအသောက်လေးလာပို့ရုံပါ ပြီးတော့ ကျွန်မမျိုးရိုးက ယင်းမဟုတ်ပါဘူး ချင်းပါ
ကျန်းချန် / ကောင်းပြီ ဒါဆို ငါ့ကိုပြော မင်းငါ့အခန်းထဲမှာ ဘာကိုရှာနေတာလဲဆိုတာ
ချင်းဟွာ / ကျွန်တော်မျိုးမ အစားအသောက်...
ကျန်းချန် / ထပ်လိမ်ရင် ဒိကိစ္စကို မင်းဖခင်ကနေတဆင့်ရှင်းရလိမ့်မယ်
ချင်းဟွာ / ကောင်းပြီလေ ဒါဆို ကျွန်မလဲ မဖုံးကွယ်တော့ပါဘူး
လူတစ်ယောက်ရဲ့ အမိန့်အရ ရှာဖွေရခြင်းပါ။ စစ်သူကြီးမင်းက ပုန်ကန်သူဟုတ်မဟုတ် သက်သေရှာဖွေနေတာပါ
ကျန်းချန် / တွေ့ လား သက်သေ!!!
ချင်းဟွာ / မ...မတွေ့ ပါဘူး
ကျန်းချန်/ ဘယ်သူ့အမိန့်လဲ !!!
ချင်းဟွာ / ဒါကိုတော့ ပြောပြမှာမဟုတ်ပါဘူး သတ်ချင်သတ်လိုက်ပါ
ကျန်းချန် / ကောင်းပြီလေ မင်းကိုလူကောင်းလို့သတ်မှတ်လိုက်မယ် မင်းပြန်လို့ရပြီ
ချင်းဟွာကိုသာ ထိုစကားဆိုလိုက်ပေမဲ့ စစ်သူကြီးကတော့
ချင်းဟွာ ဆီအကြည့်တချက်မပို့လာတော့ပေ
ချင်းတွာ ဒီလောက်လွယ်လွယ် လွတ်မယ်မထင်ထားပေမဲ့
ဘာကိုမှ ဂရုမစိုက်တော့ဟန်ပြနေတဲ့ စစ်သူကြီးမင်းကြောင့်
အစားအသောက်ဗန်းလေး မကာ အခန်းထဲကပြန်ထွက်ဖို့အလုပ်
ကျန်းချန် / အဲ့ဟာတွေထားခဲ့ မင်းငါ့အခန်းထဲဝင်ဖို့ အဲ့တာတွေယူလာခဲ့တာမလား ပြန်ယူသွားရင် တခြားသူတွေ သံသဃဝင်ကုန်မယ်
ချင်းဟွာ / အာ... ဟုတ်ကဲ့
အခန်းပြင်ရောက်တော့...
ချင်းဟွာ / *ဂုဏ်သတင်းအတိုင်း တကယ်ကို အရှိန်အဝါကြီးတာပဲ...*