မောင့် ခွန်းငယ်

Door MoeYaySet74

1.6K 46 10

ကျုပ်ခွန်းငယ်ကိုသဘောကျတယ်။ ကျုပ်ရဲ့ချစ်ရသူ အဖြစ်နေပေးပါ။ ကျုပ်ရဲ့ ခင်ပွန်းအဖြစ်နေပေးပါ။ Meer

အပိုင်း{1}
အပိုင်း{2}
အပိုင်း{3}
အမှာစာ
အပိုင်း{5}
အပိုင်း{6}
အပိုင်း{7}
အပိုင်း{8}
အပိုင်း{9}
အပိုင်း{10}
အပိုင်း{11}

အပိုင်း{4}

103 4 0
Door MoeYaySet74

သူကြီးအိမ်ရှေ့တွင် ဟိုကောင်လေးကိုချပေးခဲ့ကာ သူကတော့တစ်ဖက်ဝိုင်းထဲကို နွားလှည်းသွားထားလိုက်သည်။နွားလှည်းထားပြီးသည်နှင့် သူကြီးတို့ဝိုင်းထဲ သွားရန်ပြင်လိုက်သည်။ခြေလှမ်းများကလည်း နှစ်ဆပိုမြန်နေ၏။သူကြီးဝိုင်းထဲ ဝင်သွားလိုက်သည်နှင့် ပျင်ထောင်အိမ်နှစ်ထက် အိမ်ကြီးအရှေ့က ခုံတန်းရှည်ပေါ်ထိုင်ကာ သူကြီးနဲ့စကားပြောနေတဲ့ ကောင်လေးကို တွေ့လိုက်ရသည်။သူလည်း ခုံတန်းရှည်အနားသွားလိုက်ကာ ကောင်လေး ဘေးနားဝင်ထိုင်လိုက်သည်။သူထိုင်လိုက်တော့
လှည့်ကြည့်လာတဲ့ ထိုကောင်လေးရဲ့ မျက်ဝန်းတွေနှင့်ဆုံသည်။တစ်မိနစ်ပင်မကြာလိုက် ထိုကောင်လေးက တစ်ဖက်သို့ခေါင်းပြန်လှည့်သွားခဲ့သည်။

"သူကြီး..နောက်ရက်တွေလည်း ကျုပ်ပဲဒီကောင်လေးကို အကြို
အပို့လုပ်ပေးလိုက်မယ် သူကြီးတို့လည်း မအားဘူးမလား"

သူပြောလိုက်တော့ သူကြီးသည်ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်။ဟိုကောင်လေးကတော့ သူ့ကိုတစ်ချက်မျှပင်လှည့်မကြည့်ချေ။

"ကျုပ် မင်းကို အကြိုအပိုလုပ်ပေးလို့...ရမလား..."

သူကြီးကခွင့်ပြုပေမဲ့ ဒီကောင်လေးရဲ့ ခွင့်ပြုချက်ကိုတော့ သူရချင်သေးသည်။ထို့ကြောင့် နောက်တစ်ခေါက် ခွင့်တောင်းခြင်းသာ။

"ရ ရပါတယ်"

ထစ်အစွာပြန်ဖြေလာတဲ့ ထိုကောင်လေးရဲ့အသံကြောင့် သူ
နှာခမ်းစွန်း တစ်ဖက်ကွေးတက်ရုံမျှ ပြုံးမိသည်။

"မနက်ဖြန်မနက် ခြောက်နာရီ..ကျုပ်ရောက်အောင်လာခဲ့မယ်။နေ့လည် ဆယ့်နှစ်နာရီတိတိ..ကျုပ်ထမင်းချိုင့်အရောက်လာပို့မယ်။ညနေငါးနာရီ..ကျုပ်စောရောက်နေစေရမယ်"

ပြောပြီးဝိုင်းထဲက ထွက်သွားသည့် အကို့ရဲ့ ကျောပြင်ကျယ်ကျယ်ကို သူ လိုက်ကြည့်နေမိသည်။ထိုအကိုသည် အသားညိုညို ခပ်သြသြအသံ နဲ့ ကတုံးပုံစံဆံပင်တို့က လွန်စွာလိုက်ဖက်နေသည်။

"မောင်ရင်..! "

သူ ဘယ်အချိန်ထိ လိုက်ကြည့်နေမိသည် မသိ။ သူကြီး၏ခေါ်သံကြားမှ ဆက်ခနဲလှည့်ကြည့်မိသည်။

"ခင်မျာ"

"အိမ်ထဲဝင်တော့လေ လေစိမ်းတွေတိုက်နေတော့ အေးနေလိမ့်မယ်"

"ဟုတ်ကဲ့"

သူကြီးပြောတာမှန်သည် မိုးရာသီဖြစ်တာကြောင့် လေပြေညှင်းလေးတစ်ခါ တိုက်ခက်လိုက်တိုင်း ခန္ဓာတစ်ခုလုံး အေးစိမ့်စိမ့်ဖြစ်သွားရသည်။ထို့ကြောင့် ညနေပိုင်းတွေဆို လက်ရှည်အပါးလေးတစ်ထည်ကတော့အမြဲဝတ်ရသည်။ဟိုအကိုတော့မသိချေ အကိုကအမြဲ စွပ်ကျယ် ဒါမှမဟုတ် အင်္ကျီလက်တို,ကိုသာ အမြဲဝတ်တက််သည်။ဒီမိုးရာသီရဲ့ ချမ်းစိမ့်မှုတွေက အကို့အပေါ်မသက်ရောက်ဘူးထင်ပါတယ်။စဝ်ခွန်းချစ်အတွေးတို့ကို ရကိကာပျင်ထောင်အိမ်ကြီးထဲသို့ ဝင်သွားလိုက်သည်။

သူ့အခန်းက မြောက်ဘက်တွင်ရှိတာကြောင့် အခန်းထဲကနေလှမ်းကြည့်လျှင် အကို့အိမ်ကိုမြင်ရသည်။ထိုမှတစ်ဆင့် အကိုစိုက်ထားတဲ့ နှင်းဆီပွင့်ဖြူဖြူတို့ကိုလည်းမြင်ရသည်။အကို့အိမ်ရဲ့အနောက်ဘက်ကို ကြည့်မယ်ဆိုရင်တော့
ပုဇွန်ဆီရောင်သန်းနေကာ ဝင်တော့
မည့် နေမင်းကြီးကိုမြင်ရသည်။
ခတ္တမျှ ပြတင်းပေါက်မှ သူကြည့်နေမိစဥ် အိမ်ထဲကထွက်လာတဲ့ အကို့ကြောင့် သူကျောမတ်သွားလေသည်။အကိုက သူ့ကိုမြင်ပုံ
မပေါ် နှင်းဆီပွင့်ဖြူဖြူတို့ကိုသာ ရေးလောင်းနေ၏။မသိစိတ်က "အကိုမသိပါဘူးလေ" ဆိုတဲ့အတွေးစလေးဖြင့် အခွင့်ကောင်းယူပြီး ခိုးကြည့်နေမိသည်။အချိန်တွေဘယ်လောက်ကြာသွားသည်မသိ အကိုလည်းအိမ်ထဲပြန်ဝင်သွားသည်။ခုနက ပုဇွန်ဆီရောင်သန်းနေတဲ့ ကောင်းကင်ကြီးသည်လည်း မှောင်မဲနေလေပြီ။မည်သူမှ မမြင်ပေမဲ့ ဂုတ်ပိုးလေးကို အရှက်ပြေပွတ်လိုက်မိသည်။

"ငါဟာလေ......တကယ်ပါပဲ...."

ကိုယ့်ဟာကိုပြောပြီး ရေချိုးဖို့အောက်ထက်ဆင်းလာခဲ့သည်။အောက်ထက်အရောက် သူကြီးကသူ့ကိုမြင်တော့။

"မောင်ရင် အခုထိရေမချိုးရသေးဘူးလား..အအေးပတ်နေမယ်နော့"

"အာ ဟုတ်ကဲ့ပါ ကျွန်တော်
နည်းနည်း မှေးမိသွားလို့"

မုသားသုံး၍ သူကြီးကိုဖြေလိုက်မိသည်။အဲ့သည့်အတွက်လည်း
ကိုယ့်ကိုကိုယ် စိတ်မလုံပေ။ထို့နောက် မြောက်ဘက်သို့ထွက်လာခဲ့သည်။ရေချိုးကန်ရှိ စင်အိုးများသည် ရေအပြည့်ဖြစ်နေ၏။

အပူအပင်ကင်းစွာ ရေချိုးနေသည့် ဖြူအုအုကောင်လေးကို တစ်စုံတစ်ယောက်က အကွယ်တစ်ခုကနေ ခိုးကြည့်နေခဲ့သည်ကို ထိုကောင်လေးမသိခဲ့ပေ။ထို့အတူ ခုနက မသိဘူးနေမှာပါဆိုပြီး
ခိုးကြည့်နေခဲ့သည့် ကောင်းလေးမသိသည့်အရာက နှင်းဆီပွင့်ဖြူဖြူတို့ကို ရေလောင်းနေတဲ့ လူရဲ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်ကနေရာယူထားသည်ကိုပင်။ထိုကောင်လေးကတော့ စိတ်ရှင်းစွာနဲ့ပဲ ရေကို စိတ်အေးလက်အေးချိုးနေခဲ့သည်။

မင်းကိုမောင်မောင် ထိုကောင်လေးရေချိုးလို့ပြီးတဲ့အထိ ခိုးကြည့်နေခဲ့သည်။သူခုနက ရေလောင်းနေတုန်းကလည်း ထိုကောင်လေးခိုးကြည့်နေခဲ့သည် မလား။အပြန်အလှန်ပေါ့။

"မင်း ဘာကြောင့် ကျုပ်ကိုခိုး
ကြည့်နေသလဲ ကျုပ်မသိဘူး။ကျုပ်ကိုယ်တိုင်ကလဲ မင်းကို ဘာကြောင့်ခိုးကြည့်နေသလဲ ဆိုတာ မစဥ်းစားတက်တော့ဘူး"

ပြန်ဖြေမည့်လူမရှိပေမဲ့ တစ်ယောက်ထဲ စကားတွေ ပြောနေမိသည်။သူ့အိမ်ကလည်း ပျင်ထောင်အိမ် နှစ်ထက်ဖြစ်တာ
ကြောင့် အခန်းထဲကနေ ဟိုကောင်လေးအခန်းကို မြင်ရသည့် ပြတင်းပေါက်လည်းရှိသည်။ထိုကောင်လေးအခန်း ပြတင်းပေါက်နဲ့ သူ့အခန်း ပြတင်းပေါက်နဲ့
က မျက်နှာချင်းဆိုင် ဖြစ်နေသည် ဆိုလည်းမမှား။ထိုကြောင့် အဲ့ဒီကောင်လေးအခန်းကို သူရှင်းရှင်းလင်းလင်းမြင်ရသည်။ဝိုင်းချင်းကလည်း ကပ်လျက် ဖြစ်နေတာကြောင့်လည်း ပါသည်။ပြတင်းပေါက်ကနေ မြင်နေရသည့်ထိုကောင်လေးရဲ့ လှုပ်ရှားမှုတိုင်းကို ခွင့်ပြုချက်မရှိပဲ ကြည့်နေမိသည်။

ရေချိုးပြီးခါစမို့ ရေစိုနေသည့် ကျောပြင်ဖွေးဖွေး,ဖြူအုနေတဲ့
ဂုတ်ပိုးလေး,ဆံပင်တွေက ရေဆိုနေတာကြောင့် မျက်နှာလေးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ကြည့်နေတုန်း သူ့ဘက်လှည့်လာသည်မို့ ပြတင်းပေါက်နားက အမြန်ထွက်လာလိုက်သည်။

စဝ်ခွန်းချစ် အဝတ်လည်းဖို့ လုပ်နေတုန်း တစ်ယောက်ယောက်က
ကြည့်နေသလို ခံစားမိတာကြောင့်ပြတင်းပေါက်ဘက် လှည့်ကြည့်
မိရာ အကိုကသူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသည်။သူမြင်သွားလို့ထင်သည် အက်ိုက ချက်ချင်းမျက်နှာလွှဲသွားကာ ထွက်သွားလေ၏။

သူလည်း စိတ်ထဲထားမနေတော့ပဲ အဝတ်သာ ခပ်သွက်သွက်လည်းလိုက်သည်။ထို့နောက် ကျောင်းကပါလာသည့် စာများကိုစစ်ရန် ချိတ်ထားတဲ့ လွယ်အိတ်ထဲမှ စာအုပ်တစ်ချို့ကို ထုတ်လိုက်သည်။

ညနေ ခြောက်နာရီလောက်က
စစ်လိုက်သည့် စာများသည်
ညရှစ်နာရီမှ အပြီးသတ်သွားချေ၏။ထိုင်တာကြာသွားတာ
ကြောင့် ခါးတောင်ညောင်းလာသလိုပင်။ကုလားထိုင်ကို ကျောမှီ၍ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ပြီးနောက် ထိုင်ရာမှထကာ အိမ်အောက်ထက်သို့ ဆင်းလာခဲ့သည်။

"သူကြီး"

"ဟေ ဘာတုံး"

"ကျွန်တော်..ကော်ဖီသောက်ချင်လို့ ကော်ဖီရှိလားဟင်"

"ကော်ဖီတော့မရှိဘူးကွယ့်။ရွာထိပ်က မမြရွှေ ဆိုင်တော့ ဖွင့်အုန်းမယ်ထင်တယ် မောင်ရင် သောက်ချင်ရင် မောင်တိုးကို သွားဝယ်ခိုင်းလိုက်မယ်လေ"

သူကြီးကို သူလက်ကာပြ၍။
"ကျွန်တော့်ဘာသာပဲ သွားဝယ်လိုက်ပါမယ်.."ဟုပြောပြီး ပျင်ထောင်အိမ် အပေါ်ထက်သို့ တက်ကာ ဓာတ်မီးယူ၍ အောက်ပြန်ဆင်းခဲ့လိုက်သည်။ထို့နောက် ဝိုင်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။လေစိမ်းတိုက်နေသည်မို့ လက်ရှည်အပါးလေးတစ်ထည်ပါ ဝတ်ခဲ့လိုက်သည်။

မင်းကိုမောင်မောင် ရေအိမ်သွားရန် ဝိုင်းထဲထွက်လာစဥ် တစ်ဖက်ဝိုင်းက ဟိုကောင်လေး ထွက်သွားတာမလို့ မသိစိတ်က ထိုကောင်လေးအနောက်လိုက်ရန် ခြေလှမ်းတို့ကို ဦးတည်စေခဲ့သည်။ထိုကောင်လေး အနောက်လိုက်လာခဲ့ရာ ရေအိမ်သွားချင်တဲ့စိတ်တောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။

စဝ်ခွန်းချစ် ခြေသံတစ်ရှပ်ရှပ်မည်နေသော အနောက်ဘက်က အသံကြောင့်သူ့နောက်ကို လူတစ်ယောက်လိုက်နေမှန်း ရိပ်မိခဲ့၏။
သို့နှင့် မသိချင်ယောင်ဆောင်ကာသွားမည့်နေရာကို ပြောင်းလိုက်သည်။ခြေလှမ်းများသည် ဘယ်နေရာသို့ ဦးတည်၍သွားနေမှန်း
သူ မသိ။အနောက်ဘက်က ခြေသံတစ်ရှပ်ရှပ်အသံသည်လည်း သူနှင့်ထပ်ကျက်မကွာလိုက်ပါလာ၏။ထို့
ကြောင့် သူ့အနောက်ကို တမင်တကာလိုက်နေမှန်း သိသွားသည်။ခြလှမ်းတို့ကို ခပ်သွက်သွက်လျှောက်ကာ အနောက်ကလူမသိခင်မှာပဲ သစ်ပင်ကြီးတစ်ပင်အနောက်သို့ လျှင်မြန်စွာ ဝင်ပုန်းလိုက်သည်။

ဘေးဘီဝဲရာကြည့်မိတော့ သစ်ပင်၏ ပင်စည်နားတွင် သစ်သားတုတ်တစ်ချောင်း
ကိုတွေ့၏။ထိုသစ်သားတုတ် ကိုကောက်ယူလိုက်ပြီး တင်းတင်းဆုတ်ကိုင်ထားလိုက်၏။ထို့နောက် မျက်လုံးတို့ကို မှိတ်ကာ အမည်မသိလူဆီသို့ အားပျင်းပျင်းဖြင့်
လွှဲရိုက်လိုက်သည်။

အား ! !

အားခနဲအော်သံနှင့်အတူ လည်းကျသွားဟန်တူသည့် အမည်မသိလူရဲ့ အသံကို ရင်းနှီးနေတာကြောင့် လည်းကျသွားသည့် လူအနားတိုးသွားလိုက်သည်။

သူသွားကြည့်လိုက်တော့...

"ဟင် အကို"

ဦးခေါင်းကနေ သွေးတွေစီးကျနေတဲ့ အကို့ကိုမြင်တော့ သူပြာသွားရသည်။အကို့ကိုမနိုင်မနင်းဖြင့် သယ်ကာ သူကြီးအိမ်သို့ပြန်လာခဲ့လိုက်သည်။

သူကြီးက သူတို့ကိုမြင်တော့ ဝိုင်းထဲသို့ မပြေးရုံတမယ် လျှောက်လာလေသည်။အနားရောက်တော့
အကို့ကို မနိုင်မနင်းဖြင့် သယ်ထားတဲ့ သူ့ကို ကူထိန်းပေး၏။သို့နှင့် အကို့ကို နိီးစပ်ရာ သူကြီး အခန်းထဲ ပို့ပေးခဲ့ကြသည်။အကို့ကို ကုတင်ပေါ် လှဲလျှောင်းစေလိုက်တော့ အလိုမကျသည့်ဟန် မျက်ခုံးတို့ကို တွန့်ချိုးထား၏။

သူကြီးက မောင်တိုးဆိုသည့် လူကို ဆေးဆရာအမြန်သွားခေါ်ခိုင်းကာ သွေးထွက်မလွန်စေရန် ဦးခေါင်းသို့အဝတ်စ တစ်ခုနှင့် စုချီထားပေးသည်။တစ်အောင့်လောက်
ကြာတော့ မောင်တိုးဆိုသည့်
လူသည် ဆေးဆရာနှင့်အတူပြန်ရောက်လာခဲ့၏။ဆေးဆရာက လိုအပ်တာများကိုလုပ်ပေးပြီး သောက်ရမည့် ဆေးတစ်ချို့ကိုပေးခဲ့သည်။

ခနလောက်ကြာတော့ အကို့မျက်လုံးတို့က ဖြည်းညှင်စွာ ပွင့်လာသည်။သူ ထိုင်နေရာမှထကာ
အကို့နားသွားလိုက်သည်။

"တောင်း..တောင်းပန်ပါတယ် အကို"

မင်းကိုမောင်မောင် ခေါင်းကိုအရိုက်ခံလိုက်ရပြီးနောက် မည်သည်မှ မမှတ်မိတော့ချေ။ဦးခေါင်းက တစ်ဆစ်ဆစ်ထိုးကိုက်လာသည်မို့ မျက်လုံးတို့ကို အားယူ၍ ဖွင့်ကြည့်လိုက်သည်။မျက်လုံးဖွင့်ဖွင့်ချင်း ဘေးနားတွင်
ခေါင်းငုံ့၍ တောင်းပန်စကားဆိုလာသည့် ဟိုကောင်လေးကို သူခတ္တမျှနားမလည်ခဲ့ချေ။ဦးနှောက်ကို အလုပ်ပေးလိုက်တော့မှ ထိုကောင်လေး သူ့ခေါင်းကိုရိုက်ခဲ့သည့် ကိစ္စကပြန်ပေါ်လာသည်။

"မင်းလုပ်လို့ဖြစ်တာဆိုတော့
မင်းမှာတာဝန်ရှိတယ်။အဲ့တော့
မင်းငါ့ကိုယူ"

"ဘယ်..ဘယ်လို"

"ငါပြောချင်တဲ့အဓိပ္ပာယ်က...မင်းငါ့အိမ်မှာလိုက်နေပြီး ငါ့ကိုပြုစုပေးဖို့ပြောနေတာ"

"ဟုတ်..ဟုတ်ကဲ့"

ဦးခေါင်းကနာရမဲ့အစား နှလုံးသားက တစ်ဒိတ်ဒိတ်ဖြင့် မရပ်မနားခုန်လာသည်မို့ ဘယ်ဘက်ရင်အုံကို အသာဖိမိလိုက်သည်။

"ဘာဖြစ်လို့လဲ အကို"

"မင်းကြောင့် ငါ့နှလုံးသား
ဒါမှမဟုတ် ငါ့ရင်ဘက်က ရင်ခုန်နှုန်းတွေ မြန်နေလို့"

"ဗျာ ?!"

_______________________________
4.5.2024/Saturday...

မှတ်စုတို - ဖတ်ပြီးတော့ comment,voteမပေးတဲ့ သူလေးတွေဆို အရမ်းစိတ်ကောက်မိပါတယ်နော်။စာရေးတဲ့သူ အားတက်အောင်ဝောာ့ ပေးသင့်တယ်မလား။comment,voteလေးတွေတက်လာမှ ဒီကစာရေးသူကလည်း အားရှိမှာလေနော်။

Unicode

သူႀကီးအိမ္ေရွ႕တြင္ ဟိုေကာင္ေလးကိုခ်ေပးခဲ့ကာ သူကေတာ့တစ္ဖက္ဝိုင္းထဲကို ႏြားလွည္းသြားထားလိုက္သည္။ႏြားလွည္းထားၿပီးသည္ႏွင့္ သူႀကီးတို႔ဝိုင္းထဲ သြားရန္ျပင္လိုက္သည္။ေျခလွမ္းမ်ားကလည္း ႏွစ္ဆပိုျမန္ေန၏။သူႀကီးဝိုင္းထဲ ဝင္သြားလိုက္သည္ႏွင့္ ပ်င္ေထာင္အိမ္ႏွစ္ထက္ အိမ္ႀကီးအေရွ႕က ခုံတန္းရွည္ေပၚထိုင္ကာ သူႀကီးနဲ႔စကားေျပာေနတဲ့ ေကာင္ေလးကို ေတြ႕လိုက္ရသည္။သူလည္း ခုံတန္းရွည္အနားသြားလိုက္ကာ ေကာင္ေလး ေဘးနားဝင္ထိုင္လိုက္သည္။သူထိုင္လိုက္ေတာ့
လွည့္ၾကည့္လာတဲ့ ထိုေကာင္ေလးရဲ႕ မ်က္ဝန္းေတြႏွင့္ဆုံသည္။တစ္မိနစ္ပင္မၾကာလိုက္ ထိုေကာင္ေလးက တစ္ဖက္သို႔ေခါင္းျပန္လွည့္သြားခဲ့သည္။

"သူႀကီး..ေနာက္ရက္ေတြလည္း က်ဳပ္ပဲဒီေကာင္ေလးကို အႀကိဳ
အပို႔လုပ္ေပးလိုက္မယ္ သူႀကီးတို႔လည္း မအားဘူးမလား"

သူေျပာလိုက္ေတာ့ သူႀကီးသည္ေခါင္းတစ္ၿငိမ့္ၿငိမ့္ျဖင့္။ဟိုေကာင္ေလးကေတာ့ သူ႔ကိုတစ္ခ်က္မွ်ပင္လွည့္မၾကည့္ေခ်။

"က်ဳပ္ မင္းကို အႀကိဳအပိုလုပ္ေပးလို႔...ရမလား..."

သူႀကီးကခြင့္ျပဳေပမဲ့ ဒီေကာင္ေလးရဲ႕ ခြင့္ျပဳခ်က္ကိုေတာ့ သူရခ်င္ေသးသည္။ထို႔ေၾကာင့္ ေနာက္တစ္ေခါက္ ခြင့္ေတာင္းျခင္းသာ။

"ရ ရပါတယ္"

ထစ္အစြာျပန္ေျဖလာတဲ့ ထိုေကာင္ေလးရဲ႕အသံေၾကာင့္ သူ
ႏွာခမ္းစြန္း တစ္ဖက္ေကြးတက္႐ုံမွ် ၿပဳံးမိသည္။

"မနက္ျဖန္မနက္ ေျခာက္နာရီ..က်ဳပ္ေရာက္ေအာင္လာခဲ့မယ္။ေန႔လည္ ဆယ့္ႏွစ္နာရီတိတိ..က်ဳပ္ထမင္းခ်ိဳင့္အေရာက္လာပို႔မယ္။ညေနငါးနာရီ..က်ဳပ္ေစာေရာက္ေနေစရမယ္"

ေျပာၿပီးဝိုင္းထဲက ထြက္သြားသည့္ အကို႔ရဲ႕ ေက်ာျပင္က်ယ္က်ယ္ကို သူ လိုက္ၾကည့္ေနမိသည္။ထိုအကိုသည္ အသားညိဳညိဳ ခပ္ၾသၾသအသံ နဲ႔ ကတုံးပုံစံဆံပင္တို႔က လြန္စြာလိုက္ဖက္ေနသည္။

"ေမာင္ရင္..! "

သူ ဘယ္အခ်ိန္ထိ လိုက္ၾကည့္ေနမိသည္ မသိ။ သူႀကီး၏ေခၚသံၾကားမွ ဆက္ခနဲလွည့္ၾကည့္မိသည္။

"ခင္မ်ာ"

"အိမ္ထဲဝင္ေတာ့ေလ ေလစိမ္းေတြတိုက္ေနေတာ့ ေအးေနလိမ့္မယ္"

"ဟုတ္ကဲ့"

သူႀကီးေျပာတာမွန္သည္ မိုးရာသီျဖစ္တာေၾကာင့္ ေလေျပညႇင္းေလးတစ္ခါ တိုက္ခက္လိုက္တိုင္း ခႏၶာတစ္ခုလုံး ေအးစိမ့္စိမ့္ျဖစ္သြားရသည္။ထို႔ေၾကာင့္ ညေနပိုင္းေတြဆို လက္ရွည္အပါးေလးတစ္ထည္ကေတာ့အၿမဲဝတ္ရသည္။ဟိုအကိုေတာ့မသိေခ် အကိုကအၿမဲ စြပ္က်ယ္ ဒါမွမဟုတ္ အက်ႌလက္တို,ကိုသာ အၿမဲဝတ္တက္္သည္။ဒီမိုးရာသီရဲ႕ ခ်မ္းစိမ့္မႈေတြက အကို႔အေပၚမသက္ေရာက္ဘူးထင္ပါတယ္။စဝ္ခြန္းခ်စ္အေတြးတို႔ကို ရကိကာပ်င္ေထာင္အိမ္ႀကီးထဲသို႔ ဝင္သြားလိုက္သည္။

သူ႔အခန္းက ေျမာက္ဘက္တြင္ရွိတာေၾကာင့္ အခန္းထဲကေနလွမ္းၾကည့္လွ်င္ အကို႔အိမ္ကိုျမင္ရသည္။ထိုမွတစ္ဆင့္ အကိုစိုက္ထားတဲ့ ႏွင္းဆီပြင့္ျဖဴျဖဴတို႔ကိုလည္းျမင္ရသည္။အကို႔အိမ္ရဲ႕အေနာက္ဘက္ကို ၾကည့္မယ္ဆိုရင္ေတာ့
ပုဇြန္ဆီေရာင္သန္းေနကာ ဝင္ေတာ့
မည့္ ေနမင္းႀကီးကိုျမင္ရသည္။
ခတၱမွ် ျပတင္းေပါက္မွ သူၾကည့္ေနမိစဥ္ အိမ္ထဲကထြက္လာတဲ့ အကို႔ေၾကာင့္ သူေက်ာမတ္သြားေလသည္။အကိုက သူ႔ကိုျမင္ပုံ
မေပၚ ႏွင္းဆီပြင့္ျဖဴျဖဴတို႔ကိုသာ ေရးေလာင္းေန၏။မသိစိတ္က "အကိုမသိပါဘူးေလ" ဆိုတဲ့အေတြးစေလးျဖင့္ အခြင့္ေကာင္းယူၿပီး ခိုးၾကည့္ေနမိသည္။အခ်ိန္ေတြဘယ္ေလာက္ၾကာသြားသည္မသိ အကိုလည္းအိမ္ထဲျပန္ဝင္သြားသည္။ခုနက ပုဇြန္ဆီေရာင္သန္းေနတဲ့ ေကာင္းကင္ႀကီးသည္လည္း ေမွာင္မဲေနေလၿပီ။မည္သူမွ မျမင္ေပမဲ့ ဂုတ္ပိုးေလးကို အရွက္ေျပပြတ္လိုက္မိသည္။

"ငါဟာေလ......တကယ္ပါပဲ...."

ကိုယ့္ဟာကိုေျပာၿပီး ေရခ်ိဳးဖို႔ေအာက္ထက္ဆင္းလာခဲ့သည္။ေအာက္ထက္အေရာက္ သူႀကီးကသူ႔ကိုျမင္ေတာ့။

"ေမာင္ရင္ အခုထိေရမခ်ိဳးရေသးဘူးလား..အေအးပတ္ေနမယ္ေနာ့"

"အာ ဟုတ္ကဲ့ပါ ကြၽန္ေတာ္
နည္းနည္း ေမွးမိသြားလို႔"

မုသားသုံး၍ သူႀကီးကိုေျဖလိုက္မိသည္။အဲ့သည့္အတြက္လည္း
ကိုယ့္ကိုကိုယ္ စိတ္မလုံေပ။ထို႔ေနာက္ ေျမာက္ဘက္သို႔ထြက္လာခဲ့သည္။ေရခ်ိဳးကန္ရွိ စင္အိုးမ်ားသည္ ေရအျပည့္ျဖစ္ေန၏။

အပူအပင္ကင္းစြာ ေရခ်ိဳးေနသည့္ ျဖဴအုအုေကာင္ေလးကို တစ္စုံတစ္ေယာက္က အကြယ္တစ္ခုကေန ခိုးၾကည့္ေနခဲ့သည္ကို ထိုေကာင္ေလးမသိခဲ့ေပ။ထို႔အတူ ခုနက မသိဘူးေနမွာပါဆိုၿပီး
ခိုးၾကည့္ေနခဲ့သည့္ ေကာင္းေလးမသိသည့္အရာက ႏွင္းဆီပြင့္ျဖဴျဖဴတို႔ကို ေရေလာင္းေနတဲ့ လူရဲ႕မ်က္ႏွာထက္တြင္ အၿပဳံးတစ္ပြင့္ကေနရာယူထားသည္ကိုပင္။ထိုေကာင္ေလးကေတာ့ စိတ္ရွင္းစြာနဲ႔ပဲ ေရကို စိတ္ေအးလက္ေအးခ်ိဳးေနခဲ့သည္။

မင္းကိုေမာင္ေမာင္ ထိုေကာင္ေလးေရခ်ိဳးလို႔ၿပီးတဲ့အထိ ခိုးၾကည့္ေနခဲ့သည္။သူခုနက ေရေလာင္းေနတုန္းကလည္း ထိုေကာင္ေလးခိုးၾကည့္ေနခဲ့သည္ မလား။အျပန္အလွန္ေပါ့။

"မင္း ဘာေၾကာင့္ က်ဳပ္ကိုခိုး
ၾကည့္ေနသလဲ က်ဳပ္မသိဘူး။က်ဳပ္ကိုယ္တိုင္ကလဲ မင္းကို ဘာေၾကာင့္ခိုးၾကည့္ေနသလဲ ဆိုတာ မစဥ္းစားတက္ေတာ့ဘူး"

ျပန္ေျဖမည့္လူမရွိေပမဲ့ တစ္ေယာက္ထဲ စကားေတြ ေျပာေနမိသည္။သူ႔အိမ္ကလည္း ပ်င္ေထာင္အိမ္ ႏွစ္ထက္ျဖစ္တာ
ေၾကာင့္ အခန္းထဲကေန ဟိုေကာင္ေလးအခန္းကို ျမင္ရသည့္ ျပတင္းေပါက္လည္းရွိသည္။ထိုေကာင္ေလးအခန္း ျပတင္းေပါက္နဲ႔ သူ႔အခန္း ျပတင္းေပါက္နဲ႔
က မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေနသည္ ဆိုလည္းမမွား။ထိုေၾကာင့္ အဲ့ဒီေကာင္ေလးအခန္းကို သူရွင္းရွင္းလင္းလင္းျမင္ရသည္။ဝိုင္းခ်င္းကလည္း ကပ္လ်က္ ျဖစ္ေနတာေၾကာင့္လည္း ပါသည္။ျပတင္းေပါက္ကေန ျမင္ေနရသည့္ထိုေကာင္ေလးရဲ႕ လႈပ္ရွားမႈတိုင္းကို ခြင့္ျပဳခ်က္မရွိပဲ ၾကည့္ေနမိသည္။

ေရခ်ိဳးၿပီးခါစမို႔ ေရစိုေနသည့္ ေက်ာျပင္ေဖြးေဖြး,ျဖဴအုေနတဲ့
ဂုတ္ပိုးေလး,ဆံပင္ေတြက ေရဆိုေနတာေၾကာင့္ မ်က္ႏွာေလးကို ရွင္းရွင္းလင္းလင္း ျမင္ေနရသည္။ၾကည့္ေနတုန္း သူ႔ဘက္လွည့္လာသည္မို႔ ျပတင္းေပါက္နားက အျမန္ထြက္လာလိုက္သည္။

စဝ္ခြန္းခ်စ္ အဝတ္လည္းဖို႔ လုပ္ေနတုန္း တစ္ေယာက္ေယာက္က
ၾကည့္ေနသလို ခံစားမိတာေၾကာင့္ျပတင္းေပါက္ဘက္ လွည့္ၾကည့္
မိရာ အကိုကသူ႔ကိုၾကည့္ေနသည္ကို ျမင္လိုက္ရသည္။သူျမင္သြားလို႔ထင္သည္ အက္ိုက ခ်က္ခ်င္းမ်က္ႏွာလႊဲသြားကာ ထြက္သြားေလ၏။

သူလည္း စိတ္ထဲထားမေနေတာ့ပဲ အဝတ္သာ ခပ္သြက္သြက္လည္းလိုက္သည္။ထို႔ေနာက္ ေက်ာင္းကပါလာသည့္ စာမ်ားကိုစစ္ရန္ ခ်ိတ္ထားတဲ့ လြယ္အိတ္ထဲမွ စာအုပ္တစ္ခ်ိဳ႕ကို ထုတ္လိုက္သည္။

ညေန ေျခာက္နာရီေလာက္က
စစ္လိုက္သည့္ စာမ်ားသည္
ညရွစ္နာရီမွ အၿပီးသတ္သြားေခ်၏။ထိုင္တာၾကာသြားတာ
ေၾကာင့္ ခါးေတာင္ေညာင္းလာသလိုပင္။ကုလားထိုင္ကို ေက်ာမွီ၍ လက္ႏွစ္ဖက္ကို ဆန္႔တန္းလိုက္သည္။ၿပီးေနာက္ ထိုင္ရာမွထကာ အိမ္ေအာက္ထက္သို႔ ဆင္းလာခဲ့သည္။

"သူႀကီး"

"ေဟ ဘာတုံး"

"ကြၽန္ေတာ္..ေကာ္ဖီေသာက္ခ်င္လို႔ ေကာ္ဖီရွိလားဟင္"

"ေကာ္ဖီေတာ့မရွိဘူးကြယ့္။႐ြာထိပ္က မျမေ႐ႊ ဆိုင္ေတာ့ ဖြင့္အုန္းမယ္ထင္တယ္ ေမာင္ရင္ ေသာက္ခ်င္ရင္ ေမာင္တိုးကို သြားဝယ္ခိုင္းလိုက္မယ္ေလ"

သူႀကီးကို သူလက္ကာျပ၍။
"ကြၽန္ေတာ့္ဘာသာပဲ သြားဝယ္လိုက္ပါမယ္.."ဟုေျပာၿပီး ပ်င္ေထာင္အိမ္ အေပၚထက္သို႔ တက္ကာ ဓာတ္မီးယူ၍ ေအာက္ျပန္ဆင္းခဲ့လိုက္သည္။ထို႔ေနာက္ ဝိုင္းအျပင္ဘက္သို႔ ထြက္လာခဲ့သည္။ေလစိမ္းတိုက္ေနသည္မို႔ လက္ရွည္အပါးေလးတစ္ထည္ပါ ဝတ္ခဲ့လိုက္သည္။

မင္းကိုေမာင္ေမာင္ ေရအိမ္သြားရန္ ဝိုင္းထဲထြက္လာစဥ္ တစ္ဖက္ဝိုင္းက ဟိုေကာင္ေလး ထြက္သြားတာမလို႔ မသိစိတ္က ထိုေကာင္ေလးအေနာက္လိုက္ရန္ ေျခလွမ္းတို႔ကို ဦးတည္ေစခဲ့သည္။ထိုေကာင္ေလး အေနာက္လိုက္လာခဲ့ရာ ေရအိမ္သြားခ်င္တဲ့စိတ္ေတာင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားသည္။

စဝ္ခြန္းခ်စ္ ေျခသံတစ္ရွပ္ရွပ္မည္ေနေသာ အေနာက္ဘက္က အသံေၾကာင့္သူ႔ေနာက္ကို လူတစ္ေယာက္လိုက္ေနမွန္း ရိပ္မိခဲ့၏။
သို႔ႏွင့္ မသိခ်င္ေယာင္ေဆာင္ကာသြားမည့္ေနရာကို ေျပာင္းလိုက္သည္။ေျခလွမ္းမ်ားသည္ ဘယ္ေနရာသို႔ ဦးတည္၍သြားေနမွန္း
သူ မသိ။အေနာက္ဘက္က ေျခသံတစ္ရွပ္ရွပ္အသံသည္လည္း သူႏွင့္ထပ္က်က္မကြာလိုက္ပါလာ၏။ထို႔
ေၾကာင့္ သူ႔အေနာက္ကို တမင္တကာလိုက္ေနမွန္း သိသြားသည္။ျခလွမ္းတို႔ကို ခပ္သြက္သြက္ေလွ်ာက္ကာ အေနာက္ကလူမသိခင္မွာပဲ သစ္ပင္ႀကီးတစ္ပင္အေနာက္သို႔ လွ်င္ျမန္စြာ ဝင္ပုန္းလိုက္သည္။

ေဘးဘီဝဲရာၾကည့္မိေတာ့ သစ္ပင္၏ ပင္စည္နားတြင္ သစ္သားတုတ္တစ္ေခ်ာင္း
ကိုေတြ႕၏။ထိုသစ္သားတုတ္ ကိုေကာက္ယူလိုက္ၿပီး တင္းတင္းဆုတ္ကိုင္ထားလိုက္၏။ထို႔ေနာက္ မ်က္လုံးတို႔ကို မွိတ္ကာ အမည္မသိလူဆီသို႔ အားပ်င္းပ်င္းျဖင့္
လႊဲ႐ိုက္လိုက္သည္။

အား ! !

အားခနဲေအာ္သံႏွင့္အတူ လည္းက်သြားဟန္တူသည့္ အမည္မသိလူရဲ႕ အသံကို ရင္းႏွီးေနတာေၾကာင့္ လည္းက်သြားသည့္ လူအနားတိုးသြားလိုက္သည္။

သူသြားၾကည့္လိုက္ေတာ့...

"ဟင္ အကို"

ဦးေခါင္းကေန ေသြးေတြစီးက်ေနတဲ့ အကို႔ကိုျမင္ေတာ့ သူျပာသြားရသည္။အကို႔ကိုမႏိုင္မနင္းျဖင့္ သယ္ကာ သူႀကီးအိမ္သို႔ျပန္လာခဲ့လိုက္သည္။

သူႀကီးက သူတို႔ကိုျမင္ေတာ့ ဝိုင္းထဲသို႔ မေျပး႐ုံတမယ္ ေလွ်ာက္လာေလသည္။အနားေရာက္ေတာ့
အကို႔ကို မႏိုင္မနင္းျဖင့္ သယ္ထားတဲ့ သူ႔ကို ကူထိန္းေပး၏။သို႔ႏွင့္ အကို႔ကို နိီးစပ္ရာ သူႀကီး အခန္းထဲ ပို႔ေပးခဲ့ၾကသည္။အကို႔ကို ကုတင္ေပၚ လွဲေလွ်ာင္းေစလိုက္ေတာ့ အလိုမက်သည့္ဟန္ မ်က္ခုံးတို႔ကို တြန္႔ခ်ိဳးထား၏။

သူႀကီးက ေမာင္တိုးဆိုသည့္ လူကို ေဆးဆရာအျမန္သြားေခၚခိုင္းကာ ေသြးထြက္မလြန္ေစရန္ ဦးေခါင္းသို႔အဝတ္စ တစ္ခုႏွင့္ စုခ်ီထားေပးသည္။တစ္ေအာင့္ေလာက္
ၾကာေတာ့ ေမာင္တိုးဆိုသည့္
လူသည္ ေဆးဆရာႏွင့္အတူျပန္ေရာက္လာခဲ့၏။ေဆးဆရာက လိုအပ္တာမ်ားကိုလုပ္ေပးၿပီး ေသာက္ရမည့္ ေဆးတစ္ခ်ိဳ႕ကိုေပးခဲ့သည္။

ခနေလာက္ၾကာေတာ့ အကို႔မ်က္လုံးတို႔က ျဖည္းညႇင္စြာ ပြင့္လာသည္။သူ ထိုင္ေနရာမွထကာ
အကို႔နားသြားလိုက္သည္။

"ေတာင္း..ေတာင္းပန္ပါတယ္ အကို"

မင္းကိုေမာင္ေမာင္ ေခါင္းကိုအ႐ိုက္ခံလိုက္ရၿပီးေနာက္ မည္သည္မွ မမွတ္မိေတာ့ေခ်။ဦးေခါင္းက တစ္ဆစ္ဆစ္ထိုးကိုက္လာသည္မို႔ မ်က္လုံးတို႔ကို အားယူ၍ ဖြင့္ၾကည့္လိုက္သည္။မ်က္လုံးဖြင့္ဖြင့္ခ်င္း ေဘးနားတြင္
ေခါင္းငုံ႔၍ ေတာင္းပန္စကားဆိုလာသည့္ ဟိုေကာင္ေလးကို သူခတၱမွ်နားမလည္ခဲ့ေခ်။ဦးေႏွာက္ကို အလုပ္ေပးလိုက္ေတာ့မွ ထိုေကာင္ေလး သူ႔ေခါင္းကို႐ိုက္ခဲ့သည့္ ကိစၥကျပန္ေပၚလာသည္။

"မင္းလုပ္လို႔ျဖစ္တာဆိုေတာ့
မင္းမွာတာဝန္ရွိတယ္။အဲ့ေတာ့
မင္းငါ့ကိုယူ"

"ဘယ္..ဘယ္လို"

"ငါေျပာခ်င္တဲ့အဓိပၸာယ္က...မင္းငါ့အိမ္မွာလိုက္ေနၿပီး ငါ့ကိုျပဳစုေပးဖို႔ေျပာေနတာ"

"ဟုတ္..ဟုတ္ကဲ့"

ဦးေခါင္းကနာရမဲ့အစား ႏွလုံးသားက တစ္ဒိတ္ဒိတ္ျဖင့္ မရပ္မနားခုန္လာသည္မို႔ ဘယ္ဘက္ရင္အုံကို အသာဖိမိလိုက္သည္။

"ဘာျဖစ္လို႔လဲ အကို"

"မင္းေၾကာင့္ ငါ့ႏွလုံးသား
ဒါမွမဟုတ္ ငါ့ရင္ဘက္က ရင္ခုန္ႏႈန္းေတြ ျမန္ေနလို႔"

"ဗ်ာ ?!"

_______________________________
4.5.2024/Saturday...

မွတ္စုတို - ဖတ္ၿပီးေတာ့ comment,voteမေပးတဲ့ သူေလးေတြဆို အရမ္းစိတ္ေကာက္မိပါတယ္ေနာ္။စာေရးတဲ့သူ အားတက္ေအာင္ေဝာာ့ ေပးသင့္တယ္မလား။comment,voteေလးေတြတက္လာမွ ဒီကစာေရးသူကလည္း အားရွိမွာေလေနာ္။

Ga verder met lezen

Dit interesseert je vast

3.2K 155 11
မချစ်ဘူးလို့ကြွေးကြော်ခဲ့ပြီးမှ....တကယ်ချစ်မိသွားသောအခါ
21K 661 28
Unicode ငယ်ကိုအရမ်းမုန်းတာပဲလားမမမုန်း သဲငယ် ငါ့ဘဝမှာမင်းကိုအမုန်းဆုံးပဲ တစ်သက်လုံးမုန်းန...
56.7K 1.2K 26
.. a story, of a girl who has a condition that could change her life for the greater good. Loni has a medical condition that stopped her from develop...
15.7K 1.5K 18
" ඇයි අයියෙ ඔයා කොයි වෙලෙත් මාව සුදු අරලිය මලකට සමාන කරන්නෙ.." මං අයියගෙ මූන දිහා බලන් අහනකොට එයා මගෙ ඇස් දෙක දිහා බැලුවා.. මගෙ අයියගෙ මූනෙ ඇඳිලා තිබ...