အပိုင်း{6}

148 9 0
                                    

အကိုက ဖက်ထားသည့် လက်တို့ကို ဖယ်ခွာလိုက်ပြီး လှဲလျှောင်းနေရာမှ ထထိုင်လိုက်သည်။သူလည်း အကို့ နည်းတူ ထထိုင်လိုက်သည်။အကိုက မတ်တည့်ထရပ်ကာ သူ့ဘက်
လှည့်လာပြီး။

"မင်းရေသွားချိုးနှင့် ကျုပ်
အိပ်ရာ သိမ်းလိုက်မယ်"

"ဟို..ကျွန်တော် သိမ်းလိုက်
ပါမယ်"

"ရေသာ သွားချိုးစမ်းပါ။
မင်း ကျောင်းနောက်ကျလိမ့်မယ်"

အကို့ရဲ့ အမိန့်ဆန်ဆန် စကားတစ်ခွန်းကြောင့် သူခေါင်းတစ်ဆက်ဆက်ညိတ်ကာ အိမ်အောက်ထက်ဆင်းလာခဲ့သည်။အိမ်အောက်ထက်ရောက်တော့မှ မျက်နှာသစ်ဖို့ နှင့် ရေချိုးဖို့ ဘာမှယူမလာခဲ့သည်ကို သတိထားမိတော့မှ အိမ်အပေါ်ထက်သို့ ပြန်တက်ရပြန်သည်။

အိမ်အပေါ်ထက်ရှိ အကို့အခန်းတွင်း ဝင်သွားလိုက်တော့ သက်ရပ်စွာ ခေါက်သိမ်းထားသည့် စောင်
နှင့် နေရာတကျထား,ထားသည့် ခေါင်းအုံးနှစ်လုံးကို တွေ့လိုက်သည်။အခန်းတွင်း မျက်လုံးကစားလိုက်တော့ ပြတင်းပေါက်နား ရပ်နေသည့်အကို့ကို တွေ့လိုက်ရသည်။အကိုက သူဝင်လာတာ သတိထားမိသည်ထင် အနောက်သို့လှည့်ကြည့်လာ၏။

"မျက်နှာသစ်ဖို့ ပစ္စည်းတွေ
ကျန်ခဲ့လို့ လာယူတာ အကို..."

အကိုက ခေါင်းတစ်ချက်မျှသာ
ညိတ်ပြ၍ ပြတင်းပေါက်အပြင်ဘက်သို့ အကြည့်ပြန်ပို့ထားလေသည်။သူ ပစ္စည်းတွေယူပြီး၍ အခန်းထဲက ထွက်မည်အပြုတွင် အကိုက။

"ရေချိုးကန်က အိမ်အရှေ့မှာ"

"ဟုတ်..ကျွန်တော်တွေ့တယ် ခင်မျ"

"အကြီးကို ပြန်ခံပြောတယ်ပေါ့"

"ဗျာ.."

"ကျုပ်လဲ ရေချိုးမလို့ပဲ။ကျုပ်နဲ့ အတူချိုးလို့ အဆင်ပြေလား"

"ဗျာ"

အကိုက သူ့ကိုပြန်မဖြေပဲ အိမ်အောက်ထက်ဆင်းသွားချေသည်။
ယောက်ျားချင်းပဲ
ဘာရှက်စရာလိုလို့လဲဆိုသည့် အတွေးဖြင့် စဝ်ခွန်းချစ် အိမ်အောက်ထက်သို့ ဆင်းခဲ့လိုက်သည်။

ဝိုင်းထဲသို့ သူထွက်လာချိန် အပေါ်ပိုင်းဗလာကျင်းနေသည့် အကို့ပုံစံကြောင့် ယောင်နနဖြင့် မျက်နှာကိုလက် နှင့် ကွယ်ထားမိသည်။လက်ထဲတွင်ပါလာသော ပစ္စည်းများသည်လည်း မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက် ပြုတ်ကျကုန်၏။

မောင့် ခွန်းငယ် Where stories live. Discover now