မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

168K 29.2K 929

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား

1.1K 205 5
By XiaoManTou96

Unicode

မရှိဘူး? အဖြေက အရမ်းမျှော်လင့်မထားတာကြောင့်ဟဲကျင့်က ချင်ယွီ ကို အံ့အားသင့်စွာ ကြည့်နေခဲ့လေသည်။ မူလက သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအတွေ့အကြုံတွေအကြောင်း ဆွေးနွေးချင်ပေမယ့် မထင်မှတ်ပဲ တခြားကောင်လေးမှာ မရှိခဲ့ဘူး!

"ဘာလို့ ငါ့ကိုဒီလိုကြည့်နေတာလဲ?" ချင်ယွီ က ပြုံးပြီး "မင်း မယုံဘူးလား?"

ဟဲကျင့် ကချင်ယွီ ပြောလိုက်သည့် နောက်ဆုံးတစ်ဝက်ကို အလိုအလျောက် လျစ်လျူရှုကာ ခေါင်းညိတ်လိုက်ပြီး "ငါထင်တာ မင်း က..."

ချင်ယွီ က ကြားဖြတ်ပြောလိုက်သည် "ငါကဘာလဲ? ငါက ဘယ်လိုလူလို့ထင်လို့လဲ?"

"မင်းက ရုပ်ချောတယ် တင်းနစ်ကစားတတ်တယ် သဘောထားကြီးတယ်  စကားပြောကောင်းတယ် စာနာတတ်တယ် စိတ်အားထက်သန်တယ်..." ဟဲကျင့် က သူ့ကို ရေကန်မှာ အကြံပေးခဲ့တဲ့  အချိန်ကို သတိရသွားပြီး အဖျားတက်နေချိန်မှာ တနေကုန် သူ့ကို အဖော်လုပ်ကာအိပ်ဆောင်သို့ပြန်ခေါ်လာပေးခဲ့တာကိုပါ သတိရသွားသည်။

သူက အင်္ဂလိပ်Grammar လေ့လာရာမှာ အကူအညီတောင်းတုန်းက ချင်ယွီ ရဲ့ နှိမ့်ချတဲ့ တောင်းဆိုမှုကိုလည်း တွေးမိပြီး အဲဒီညမှာပဲ ဟဲကျင့် တုန်နေတာကို တွေ့တော့ ချင်ယွီက  သူ့အင်္ကျီကို ချွတ်ပြီးခြုံ ပေးခဲ့တာကိုလည်း တွေးမိ၏...

သူတို့နှစ်ယောက်ဟာ ရက်အနည်းငယ်သာ သိခဲ့ကြပေမယ့် ချင်ယွီ  လုပ်တဲ့အရာတွေက သူရဲ့ ပင်ကိုစရိုက် ကို ဟဲကျင့် ရဲ့ အမြင်မှာ ကြည့်ကောင်းစေလေသည်။ ဟဲကျင့် ၏ နှလုံးသားထဲတွင် သူသည် သူ၏ "ကျောင်း idol" ဂုဏ်သတင်းထက် များစွာပို၍ အဓိပ္ပါယ်ရှိနေသည်။

တက္ကသိုလ်တွင် အခြားသူများ၏ ကျောင်းသားများကို  အကဲဖြတ်မှုသည် အဆင့်များနှင့် ပညာရေးရလဒ်များသက်သက်အတွက် ကန့်သတ်ထားခြင်း မရှိတော့ဘဲ မိသားစုဇစ်မြစ် အသွင်အပြင်နှင့် ကိုယ်ရည်ကိုယ်သွေးကဲ့သို့သော အရာများလည်း ပါဝင်သည်။ ယင်းတို့သည် အမျိုးသား အမျိုးသမီး သူငယ်ချင်းများ ရွေးချယ်ရာတွင် အဓိက ထည့်သွင်းစဉ်းစားလေ့ရှိသော အကြောင်းရင်းများဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ ချင်ယွီသည် အတွင်းရော အပြင် ရုပ်ရည်ပါ ထူးချွန်သူဖြစ်သည်။ ကျောင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် သူကတော့ လူကြိုက်အများဆုံး အမျိုးအစားထဲမှာ ပါဝင်လေ၏။ မိန်းကလေးတွေက သူ့ဘေးမှာ အမြဲဝိုင်းအုံနေတာ အံ့သြစရာမရှိတော့ပေ။

ဟဲကျင့် က သူ့အကြောင်း ချီးကျူးစကားပြောနေတာကို ကြားတော့ ချင်ယွီရဲ့ နှုတ်ခမ်းထောင့် အကူအညီမဲ့စွာ ဖြင့် မြင့်တက်သွားတော့သည်။

"ပြီးတော့?"

"ငါ ထင်တာ မင်းလို လူက ကောင်မလေးကို စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိလိမ့်မယ်လို့လေ" လမ်းခွဲလိုက်ချိန်မှာတောင် ထုန်ရွှမ် စီက ပျင်းစရာကောင်းတယ် စိတ်ကူးယဉ်မဆန်ဘူး ရှေးကျတယ်  တစ်ကိုယ်ကောင်းဆန်တယ် ပြီးတော့ ပျော့ညံ့တဲ့ ကြက်တစ်ကောင်လို့ တောင် စွပ်စွဲခံခဲ့ရတဲ့ သူနဲ့မတူဘဲလေ (=_=) ...

ဟဲကျင့် က သက်ပြင်းတစ်ချက်ချရင်း သူမ ချစ်သူအဖြစ် နေခဲ့ချိန်တွင်  သူမကို ဆက်ဆံရာမှာ တကယ်ကို ဆိုးဝါးခဲ့တာပဲဖြစ်နိုင်ပါတယ်။

ထုန်ရွှမ် က တည်ငြိမ်သွားသည်နှင့် သူ့ကို တောင်းပန်လာသေးသည်။ သူမက စိတ်ထဲက ပါ၍ မဟုတ်ပဲ သွေးပူနေတုန်းပြောခဲ့ခြင်းပင်။ သို့သော်လည်း သူ့အား ထိုစကားကို အော်ဟစ်ငိုယိုကာပြောခဲ့သော ထုန်ရွှမ် ၏ မျက်နှာမှာ ဟဲကျင့် အတွက် စွဲထင်ခဲ့ပြီဖြစ်သည်။

၎င်းသည် သူ့အား ထုံကျင်နေသော စိတ်ဝိညာဉ်ကို ဆန်းစစ်ကာ  ရှာဖွေတွေ့ရှိရန် တွန်းအားပေးခဲ့သည်။သူမ ပြောခဲ့သည့် အရာ အားလုံးသည် အမှန်ဖြစ်ပုံပေါ်သည်... သူသည် သူ့ကိုယ်သူ အလွန်ရွံရှာမိသည်-

ဟုတ်သည် ဟဲကျင့် ကိုယ်တိုင်ပင် သူ့ကိုယ်သူ မကြိုက်ခဲ့ပေ။

ထို့ကြောင့် ဂိမ်းထဲတွင် မီး နှင့်တွေ့ပြီး လွန်ခဲ့သည့် ရှစ်နှစ်ကတည်းက အခြားလူက သူ့ကို စောင့်နေကြောင်း သိလိုက်ရသောအခါ ဟဲကျင့် သည် မယုံနိုင်လောက်အောင် ခံစားခဲ့ရသည်။ သူ့လိင်အစစ်အမှန်ကို ဝန်ခံရင် သူတို့ ပြဿနာ တက်မှာကို သူကြောက်သည်။အမုန်းမပွားချင်ပေ။ပြီးတော့ သူဒီလို လှလှပပဆက်ဆံခံရဖို့လည်း ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါပေ.....

"ငါက တခြားသူတွေကို စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲ သိတယ်ဆိုရင်တောင် သူတို့ကို ချစ်တယ်လို့ မဆိုလိုဘူးလေ" လို့ ချင်ယွီ က ဆက်ပြောသည်။

"ဒါ့အပြင် အချစ်လိုအရာမျိုးက နှလုံးသားထဲက လာသင့်တာ မဟုတ်လား?"

ဟဲကျင့် : "နှလုံးသားထဲက?"

ကောင်လေးတွေက ကောင်မလေးတွေကို လက်ဆွဲပြီး လမ်းလျှောက်ထွက်တာ ဒါမှမဟုတ် ရုပ်ရှင်အတူကြည့်တာမျိုးကို အချစ်လို့ ထင်ခဲ့တာ...

ချင်ယွီ က စိတ်ရင်းမှန်ဖြင့် ဆက်ပြောသည်

"ဟုတ်တယ် မင်းက တစ်ယောက်ယောက်ကို ကြိုက်တဲ့အခါမင်း သူတို့အကြောင်း မထင်မှတ်ဘဲ စပြီးတွေးမယ် အမြဲ သူတို့နဲ့ အချိန်ပိုပြီးရှိအောင်ကြိုးစားနေမယ် သူတို့ပြုံးရယ်နေတာကိုပဲ မြင်ချင်နေမယ်  သူတို့ အမြဲတမ်း ပျော်ရွှင်နေဖို့ပဲ  မျှော်လင့်နေမယ် ငါတော့ အဲ့တာကို စိတ်ကျေနပ်အောင်လုပ်ပေးတယ်လို့ မပြောချင်ဘူး ဘာလို့ဆို လူတစ်ယောက်ကို သဘောကျရင်  ဒီခံစားချက်တွေက သူ့အလိုလို ဖြစ်တည် လာတဲ့ အရာအတွေမလို့လေ"

ဟဲကျင်: "..."  အဲ့ဒါက အဲ့လိုလား? ဒီလိုဆိုတော့လည်း အဓိပ္ပာယ် ရှိသား

ချင်ယွီ သည် ဟဲကျင့် ၏ မျက်မှောင်ကြုံနေသည့် အမူအရာကိုကြည့်ကာ အကူညီမဲ့စွာဖြင့် ဟက်ဟက် ပက်ပက် ရယ်မောကာ ပြောလာတော့သည်။

"ငါပြောတာမှားနေတာလား?မင်း ချစ်ဖူးလား?"

ဟဲကျင့်သည် ခေါင်းမငြိမ့် ခင် အနည်းငယ်တုံဆိုင်းသွား သည် မှာ ချင်ယွီ မျက်လုံးများမှ ပြေးမလွတ်ခဲ့ပေ။ ချင်ယွီသည် ရုတ်တရက် ပြုံးနေတာကိုရပ်လိုက်ကာ သူ့ကို စိုက်ကြည့်ရင်း "တကယ် ချစ်ဖူးတယ်ပေါ့?" ဟု အတည်ပြုလိုက်သည်။

"ဟုတ်တယ်" ပြီးတော့ အရပ်မြင့်မြင့် လူရဲ့ ရုတ်တရက် အေးစက်စက်အသံကြောင့် သူ အံ့သြသွားကာ ဟဲကျင့် က တုံ့ ဆိုင်းစွာ ဆက်ပြောသည်။

"မင်းလည်း သူမ ကိုတွေ့ဖူးတယ် ရေကန်ခရီးတုန်းကပါတဲ့ ထုန်ရွှမ်လေ ငါတို့ ပထမနှစ်တုန်းက အတူ ရှိခဲ့ကြပေမယ့် တစ်နှစ်မပြည့်ခင်မှာ လမ်းခွဲခဲ့ကြတယ်"ဟဲကျင့် က အဲဒီတုန်းက သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေကို ပြန်တွေးပြီး ချီတုံချတုံနဲ့ ပြောလာသည်။

"မင်းပြောခဲ့တဲ့ ခံစားချက်တွေကို ငါတစ်ခါမှ မခံစားဖူးဘူး... ငါထင်ခဲ့တာအချစ်ဆိုတာ အလေ့အကျင့်တစ်ခုလိုပဲလို့လေ  မင်းဟာ စိတ်ကူးယဉ်ဆန်ဆန်အချစ်ရေးနဲ့ တခြားအရာတွေကို ဆက်လုပ်နေရင် အဲဒါကို တည်ဆောက်နိုင်လိမ့်မယ်လို့လေ"

အစတွင် သူ အနည်းငယ် စိတ်မသက်မသာ ခံစားရသော်လည်းဟဲကျင့် ၏ "ချစ်ခြင်း" အကြောင်း ဖော်ပြချက်ကို ကြားပြီးနောက် ချင်ယွီ လည်း အတော်လေး အံ့အားသင့်သွားသည်

"ဒါဆို မင်းအဲ့ဒါတွေကို တစ်ခါမှ မလုပ်ဖူးဘူးလား?"

[T/N- အဲ့ဒါတွေ means ဟိုဟာဒီဟာ ဘာညာ]

"ဘယ်လိုမျိုးတွေလဲ?"

ဒီစကားတွေကို သူပြောပြီးတာနဲ့ ဟဲကျင့် က ချင်ယွီ  ရဲ့ ဆိုလိုရင်းကို ရုတ်တရက် သဘောပေါက်သွားပြီး သူ့လက်တွေကို အသဲအသန် ဝှေ့ယမ်းကာ ငြင်းလာသည်။

"ဟင့်အင်း ဟင့်အင်း"

ချင်ယွီ ၏အမူအရာသည် စိတ်သက်သာရာရသွားသည်-

"ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ? စုံတွဲတွေကြားထဲမှာ ဒီလိုအရာတွေ လုပ်တာက ပုံမှန်ပါပဲ။"

အမှန်စင်စစ် ဤခေတ်တွင် လူငယ်များအကြား လိင်ပိုင်းဆိုင်ရာ အယူအဆသည် ပိုမိုပွင့်လင်းလာပြီး အချစ်ကိုအခြေခံသော ဆက်ဆံရေးများတွင် အဖြစ်များသည်။ သို့သော်လည်း ဟဲကျင့် သည် ခေတ်မမှီသော ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ပြီး အတော်လေး ရှေးရိုးဆန်သော စရိုက်လက္ခဏာရှိသည်။ ဒီလိုမျိုးပြောရုံနဲ့တောင် သူ့ပါးပြင်တွေကို ခရမ်းချဉ်သီးတွေလိုမျိုး နီရဲသွားစေလိမ့်မယ်။

ဟဲကျင့် :"မင်းပြောသလိုပဲ ငါ့မှာ အဲ့လိုမျိုး ခံစားချက် မရှိဘူး"

ချင်ယွီ က စပ်စုစွာ မေးလာသည်။

"နမ်းတာတောင်?"

ဟဲကျင့် က သူ့ကို လှောင်ပြောင်တဲ့ အကြည့်မျိုး ကြည့်ခံရမှာကို ကြောက်ပြီး "အမ်း" ဟု တိုးတိုးလေးပြောကာ ချင်ယွီရဲ့ အကြည့်ကို ရှောင်လိုက်သည်။

ချင်ယွီ က ပြုံးလိုက်ပြီး "ဒါဆို မင်း စာရွက်ဖြူတစ်ရွက်နဲ့ အတူတူပဲ မဟုတ်လား?"

ချင်ယွီ ၏ နောက်ပြောင်နေသောလေသံကြောင့် ဟဲကျင့် က သူ့ကို လှောင်ပြောင်နေသလို ခံစားလာရပြီး သူက ဒေါသတကြီးဖြင့် ပြောလာတော့သည်။

"မင်း ငါ့ကို ဝေဖန် ဖို့ ဘာအရည်အချင်း ရှိလို့လဲ? မင်းအကြောင်းတောင် မပြောပြပဲနဲ့!"

ချင်ယွီ: "..."

ချင်ယွီက သူ့နှလုံးသားထဲမှာ ဒီလိုပြောခဲ့တယ်-  ဒါဟာ မင်း ချစ်ခြင်းကို ဖွင့်တဲ့ အဓိပ္ပါယ်ဖြစ်တယ်ဆိုရင် အဲဒီအကြောင်းကို မပြောဘဲနေတာ ပိုကောင်းတယ်!!!

သို့သော် ဟဲကျင့် သူရဲ့ လွဲမှားနေတဲ့ အဓိပ္ပာယ် ဖွင့်ဆိုမူတွေကြားမှာ သူမှန်တယ်ဆိုသည့် အားကိုး ဖြင့် မေးစေ့လေး မော့ကာ မာနကြီးနေသည့် သူနဲ့ တစ်နှစ်ကွာ သော ထိုလူသေးသေးလေးမှာ ချင်ယွီ၏ အမြင်တွင် တစ်မျိုးတစ်ဖုံ အလွန်ချစ်စရာကောင်းပုံရသည်။

ထို့ကြောင့် သူသည် သူ့ကို ဆက်၍မစတော့ပဲ  ပြုံးရုံသာပြုံးကာ ပြောလိုက်သည်။

"မင်း က အံ့သြစရာကောင်းတယ်လို့ ငါတော့ထင်တယ်"

ချင်ယွီ ၏ အဖြေကို ကြားလိုက်ရသည်နှင့် ဟဲကျင့် ၏ ဒေါသသည် ချက်ချင်း လေပျော့နေသော ပူဖောင်းတစ်ခုလို ပျောက်ကွယ်သွားသည်။ မချော့ခင်ကတင်ပျော့နေလေပြီ.....

ထို့နောက် သူတို့သည် ၎င်းတို့၏ Grammar သင်ကြားမူ အား ဆက်လက်ပြုလုပ်ခဲ့ရာ ချင်ယွီ သည်  အာရုံ မပျံ့တော့ပဲ ဟဲကျင့်ကလည်း အလေးအနက်  သင်ကြားပေးခဲ့သည်။ သို့သော်လည်း ရုတ်တရက် ထွက်ပေါ်လာတဲ့ သီချင်းသံကြောင့် သူတို့၏အာရုံစူးစိုက်မှု ပျက်သွားတော့သည်...

"ငါ့ရဲ့ မပြည့်စုံတဲ့ အိပ်မက်— မင်း ငါနဲ့ အတူ မက်တယ်။

ငါ့ရဲ့ မစုံလင်တဲ့ သတ္တိ— မင်းပြောသလို သတ္တိရှိစေတယ်...

ငါ့ရဲ့ မစုံလင်သောစိုးရိမ်မှုများ—မင်းလည်း ဒါတွေကို စိတ်ပူတယ်....

ဒီမစုံလင်တဲ့ ငါ့ကို မင်းအမြဲတမ်း မင်းရဲ့ရတနာအဖြစ် သတ်မှတ်တယ်... "

.................

ဟဲကျင့် မော့ကာ ကြည့်လိုက်တော့ သီချင်းရဲ့ အရင်းအမြစ်သည် ချင်ယွီရဲ့ စမတ်လက်ပတ်မှ ဖြစ်နေလေသည်။

သူ့အနားတွင် ချင်ယွီက မတ်တပ်ထရပ်ပြီး ဖုန်းကိုပြန်ဖြေနေပြီပင်။

"ဟဲလို? အင်း... ဟုတ်တယ်  မဟုတ်ဘူး ငါ ဒီနေ့ လုပ်စရာလေးတွေရှိလို့ ကောင်းပြီ နောက်မှ တွေ့မယ်။"

ဟဲကျင့် သည် ဖုန်းပြောနေစဉ်တွင် တိတ်ဆိတ်နေပြီးချင်ယွီက ဖုန်းချပြီးသည်နှင့်မေးလာသည်။

"တစ်စုံတစ်ယောက်က မင်းဆီက တစ်ခုခုလိုလို့လား?"

ချင်ယွီ : "အင်း ရှန်လေ ငါ့ကို အပြင်ထွက်စားဖို့ခေါ်တာ ငါငြင်းလိုက်တယ် "

"ငါ့ကြောင့်လား? ရပါတယ်  မင်းသွားလို့ရတယ်နောက်နေ့မှဆက်ပြောမယ်..."

ဟဲကျင့်က  အနည်းငယ်ရှက်သွားပြီး အမြန်ထရပ်လိုက်သည်။ သို့သော် ချင်ယွီသည်လည်း မမျှော်လင့်ဘဲ သူ့နောက်မှ လိုက်ရပ်လာကာ တစ်ချိန်တည်းမှာ ပဲ သူရဲ့  V ပုံစံ လည်ပင်းပေါက် ချည်အင်္ကျီကို ချွတ်လိုက်ပြီးပြောလာသည်။

"မဟုတ်ဘူး ငါမင်းနဲ့ အတူစားမယ်။ ခဏစောင့်နော် အဝတ်အစားလဲလိုက်မယ်"

ချင်ယွီ၏  အပေါ်ပိုင်း ဗလာ နှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသောအခါ ဟဲကျင့်သည် ထိုသူ၏ပိန်သွယ်သောခါး ၊ သန်မာပြီး ချောမွေ့သော နောက်ကျောကြွက်သားများ၊ လက်နှစ်ဖက်ကို မြှောက်လိုက်သည်နှင့်  ဆန့်ထွက်လာသည့်  ကြွက်သားများ ထိုအရာတွေကို အကူညီမဲ့စွာဖြင့် တစ်ချက်လောက်ကြည့် လိုက်မိလေသည်။...

အရာအားလုံးသည် သန်မာပြီး ယောက်ျားဆန်သောရောင်ဝါဖြင့် လွှမ်းခြုံထားလေသည်။ .

သူ့မှာ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ် အနေအထားရှိတာပဲ.....

အရပ်ရှည်ရှည်လူသည် ဘောင်းဘီရှည်ကို ဆက်လက်လဲတော့မည်ကို မြင်လိုက်ရသဖြင့် ဟဲကျင့် သည်အလျင်အမြန် တစ်ဖက်သို့လှည့်လိုက်ရသည်။ သူသည် စိတ်လှုပ်ရှားကာ အနေရခက်သဖြင့် လက်ကိုတောင် ဘယ်နား ထားရမလဲ မသိတော့ပေ။





Zawgyi

030:ၾကည့္ေကာင္းတဲ့ခႏၶာကိုယ္အေနအထား

မရွိဘူး? အေျဖက အရမ္းေမွ်ာ္လင့္မထားတာေၾကာင့္ဟဲက်င့္က ခ်င္ယြီ ကို အံ့အားသင့္စြာ ၾကည့္ေနခဲ့ေလသည္။ မူလက သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးအေတြ႕အႀကဳံေတြအေၾကာင္း ေဆြးေႏြးခ်င္ေပမယ့္ မထင္မွတ္ပဲ တျခားေကာင္ေလးမွာ မရွိခဲ့ဘူး!

"ဘာလို႔ ငါ့ကိုဒီလိုၾကည့္ေနတာလဲ?" ခ်င္ယြီ က ၿပဳံးၿပီး "မင္း မယုံဘူးလား?"

ဟဲက်င့္ ကခ်င္ယြီ ေျပာလိုက္သည့္ ေနာက္ဆုံးတစ္ဝက္ကို အလိုအေလ်ာက္ လ်စ္လ်ဴရႈကာ ေခါင္းညိတ္လိုက္ၿပီး "ငါထင္တာ မင္း က..."

ခ်င္ယြီ က ၾကားျဖတ္ေျပာလိုက္သည္ "ငါကဘာလဲ? ငါက ဘယ္လိုလူလို႔ထင္လို႔လဲ?"

"မင္းက ႐ုပ္ေခ်ာတယ္ တင္းနစ္ကစားတတ္တယ္ သေဘာထားႀကီးတယ္ စကားေျပာေကာင္းတယ္ စာနာတတ္တယ္ စိတ္အားထက္သန္တယ္..." ဟဲက်င့္ က သူ႔ကို ေရကန္မွာ အႀကံေပးခဲ့တဲ့ အခ်ိန္ကို သတိရသြားၿပီး အဖ်ားတက္ေနခ်ိန္မွာ တေနကုန္ သူ႔ကို အေဖာ္လုပ္ကာအိပ္ေဆာင္သို႔ျပန္ေခၚလာေပးခဲ့တာကိုပါ သတိရသြားသည္။

သူက အဂၤလိပ္Grammar ေလ့လာရာမွာ အကူအညီေတာင္းတုန္းက ခ်င္ယြီ ရဲ႕ ႏွိမ့္ခ်တဲ့ ေတာင္းဆိုမႈကိုလည္း ေတြးမိၿပီး အဲဒီညမွာပဲ ဟဲက်င့္ တုန္ေနတာကို ေတြ႕ေတာ့ ခ်င္ယြီက သူ႔အက်ႌကို ခြၽတ္ၿပီးၿခဳံ ေပးခဲ့တာကိုလည္း ေတြးမိ၏...

သူတို႔ႏွစ္ေယာက္ဟာ ရက္အနည္းငယ္သာ သိခဲ့ၾကေပမယ့္ ခ်င္ယြီ လုပ္တဲ့အရာေတြက သူရဲ႕ ပင္ကိုစ႐ိုက္ ကို ဟဲက်င့္ ရဲ႕ အျမင္မွာ ၾကည့္ေကာင္းေစေလသည္။ ဟဲက်င့္ ၏ ႏွလုံးသားထဲတြင္ သူသည္ သူ၏ "ေက်ာင္း idol" ဂုဏ္သတင္းထက္ မ်ားစြာပို၍ အဓိပၸါယ္ရွိေနသည္။

တကၠသိုလ္တြင္ အျခားသူမ်ား၏ ေက်ာင္းသားမ်ားကို အကဲျဖတ္မႈသည္ အဆင့္မ်ားႏွင့္ ပညာေရးရလဒ္မ်ားသက္သက္အတြက္ ကန႔္သတ္ထားျခင္း မရွိေတာ့ဘဲ မိသားစုဇစ္ျမစ္ အသြင္အျပင္ႏွင့္ ကိုယ္ရည္ကိုယ္ေသြးကဲ့သို႔ေသာ အရာမ်ားလည္း ပါဝင္သည္။ ယင္းတို႔သည္ အမ်ိဳးသား အမ်ိဳးသမီး သူငယ္ခ်င္းမ်ား ေ႐ြးခ်ယ္ရာတြင္ အဓိက ထည့္သြင္းစဥ္းစားေလ့ရွိေသာ အေၾကာင္းရင္းမ်ားျဖစ္သည္။

ဤကိစၥႏွင့္ ပတ္သက္၍ ခ်င္ယြီသည္ အတြင္းေရာ အျပင္ ႐ုပ္ရည္ပါ ထူးခြၽန္သူျဖစ္သည္။ ေက်ာင္းမွာပဲျဖစ္ျဖစ္ အျပင္မွာပဲျဖစ္ျဖစ္ သူကေတာ့ လူႀကိဳက္အမ်ားဆုံး အမ်ိဳးအစားထဲမွာ ပါဝင္ေလ၏။ မိန္းကေလးေတြက သူ႔ေဘးမွာ အၿမဲဝိုင္းအုံေနတာ အံ့ၾသစရာမရွိေတာ့ေပ။

ဟဲက်င့္ က သူ႔အေၾကာင္း ခ်ီးက်ဴးစကားေျပာေနတာကို ၾကားေတာ့ ခ်င္ယြီရဲ႕ ႏႈတ္ခမ္းေထာင့္ အကူအညီမဲ့စြာ ျဖင့္ ျမင့္တက္သြားေတာ့သည္။

"ၿပီးေတာ့?"

"ငါ ထင္တာ မင္းလို လူက ေကာင္မေလးကို စိတ္ေက်နပ္ေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာ သိလိမ့္မယ္လို႔ေလ" လမ္းခြဲလိုက္ခ်ိန္မွာေတာင္ ထုန္႐ႊမ္ စီက ပ်င္းစရာေကာင္းတယ္ စိတ္ကူးယဥ္မဆန္ဘူး ေရွးက်တယ္ တစ္ကိုယ္ေကာင္းဆန္တယ္ ၿပီးေတာ့ ေပ်ာ့ညံ့တဲ့ ၾကက္တစ္ေကာင္လို႔ ေတာင္ စြပ္စြဲခံခဲ့ရတဲ့ သူနဲ႔မတူဘဲေလ (=_=) ...

ဟဲက်င့္ က သက္ျပင္းတစ္ခ်က္ခ်ရင္း သူမ ခ်စ္သူအျဖစ္ ေနခဲ့ခ်ိန္တြင္ သူမကို ဆက္ဆံရာမွာ တကယ္ကို ဆိုးဝါးခဲ့တာပဲျဖစ္ႏိုင္ပါတယ္။

ထုန္႐ႊမ္ က တည္ၿငိမ္သြားသည္ႏွင့္ သူ႔ကို ေတာင္းပန္လာေသးသည္။ သူမက စိတ္ထဲက ပါ၍ မဟုတ္ပဲ ေသြးပူေနတုန္းေျပာခဲ့ျခင္းပင္။ သို႔ေသာ္လည္း သူ႔အား ထိုစကားကို ေအာ္ဟစ္ငိုယိုကာေျပာခဲ့ေသာ ထုန္႐ႊမ္ ၏ မ်က္ႏွာမွာ ဟဲက်င့္ အတြက္ စြဲထင္ခဲ့ၿပီျဖစ္သည္။

၎သည္ သူ႔အား ထုံက်င္ေနေသာ စိတ္ဝိညာဥ္ကို ဆန္းစစ္ကာ ရွာေဖြေတြ႕ရွိရန္ တြန္းအားေပးခဲ့သည္။သူမ ေျပာခဲ့သည့္ အရာ အားလုံးသည္ အမွန္ျဖစ္ပုံေပၚသည္... သူသည္ သူ႔ကိုယ္သူ အလြန္႐ြံရွာမိသည္-

ဟုတ္သည္ ဟဲက်င့္ ကိုယ္တိုင္ပင္ သူ႔ကိုယ္သူ မႀကိဳက္ခဲ့ေပ။

ထို႔ေၾကာင့္ ဂိမ္းထဲတြင္ မီး ႏွင့္ေတြ႕ၿပီး လြန္ခဲ့သည့္ ရွစ္ႏွစ္ကတည္းက အျခားလူက သူ႔ကို ေစာင့္ေနေၾကာင္း သိလိုက္ရေသာအခါ ဟဲက်င့္ သည္ မယုံႏိုင္ေလာက္ေအာင္ ခံစားခဲ့ရသည္။ သူ႔လိင္အစစ္အမွန္ကို ဝန္ခံရင္ သူတို႔ ျပႆနာ တက္မွာကို သူေၾကာက္သည္။အမုန္းမပြားခ်င္ေပ။ၿပီးေတာ့ သူဒီလို လွလွပပဆက္ဆံခံရဖို႔လည္း ဘယ္တုန္းကမွ မရည္႐ြယ္ခဲ့ပါေပ.....

"ငါက တျခားသူေတြကို စိတ္ေက်နပ္ေအာင္ ဘယ္လိုလုပ္ရမလဲ သိတယ္ဆိုရင္ေတာင္ သူတို႔ကို ခ်စ္တယ္လို႔ မဆိုလိုဘူးေလ" လို႔ ခ်င္ယြီ က ဆက္ေျပာသည္။

"ဒါ့အျပင္ အခ်စ္လိုအရာမ်ိဳးက ႏွလုံးသားထဲက လာသင့္တာ မဟုတ္လား?"

ဟဲက်င့္ : "ႏွလုံးသားထဲက?"

ေကာင္ေလးေတြက ေကာင္မေလးေတြကို လက္ဆြဲၿပီး လမ္းေလွ်ာက္ထြက္တာ ဒါမွမဟုတ္ ႐ုပ္ရွင္အတူၾကည့္တာမ်ိဳးကို အခ်စ္လို႔ ထင္ခဲ့တာ...

ခ်င္ယြီ က စိတ္ရင္းမွန္ျဖင့္ ဆက္ေျပာသည္

"ဟုတ္တယ္ မင္းက တစ္ေယာက္ေယာက္ကို ႀကိဳက္တဲ့အခါမင္း သူတို႔အေၾကာင္း မထင္မွတ္ဘဲ စၿပီးေတြးမယ္ အၿမဲ သူတို႔နဲ႔ အခ်ိန္ပိုၿပီးရွိေအာင္ႀကိဳးစားေနမယ္ သူတို႔ၿပဳံးရယ္ေနတာကိုပဲ ျမင္ခ်င္ေနမယ္ သူတို႔ အၿမဲတမ္း ေပ်ာ္႐ႊင္ေနဖို႔ပဲ ေမွ်ာ္လင့္ေနမယ္ ငါေတာ့ အဲ့တာကို စိတ္ေက်နပ္ေအာင္လုပ္ေပးတယ္လို႔ မေျပာခ်င္ဘူး ဘာလို႔ဆို လူတစ္ေယာက္ကို သေဘာက်ရင္ ဒီခံစားခ်က္ေတြက သူ႔အလိုလို ျဖစ္တည္ လာတဲ့ အရာအေတြမလို႔ေလ"

ဟဲက်င္: "..." အဲ့ဒါက အဲ့လိုလား? ဒီလိုဆိုေတာ့လည္း အဓိပၸာယ္ ရွိသား

ခ်င္ယြီ သည္ ဟဲက်င့္ ၏ မ်က္ေမွာင္ႀကဳံေနသည့္ အမူအရာကိုၾကည့္ကာ အကူညီမဲ့စြာျဖင့္ ဟက္ဟက္ ပက္ပက္ ရယ္ေမာကာ ေျပာလာေတာ့သည္။

"ငါေျပာတာမွားေနတာလား?မင္း ခ်စ္ဖူးလား?"

ဟဲက်င့္သည္ ေခါင္းမၿငိမ့္ ခင္ အနည္းငယ္တုံဆိုင္းသြား သည္ မွာ ခ်င္ယြီ မ်က္လုံးမ်ားမွ ေျပးမလြတ္ခဲ့ေပ။ ခ်င္ယြီသည္ ႐ုတ္တရက္ ၿပဳံးေနတာကိုရပ္လိုက္ကာ သူ႔ကို စိုက္ၾကည့္ရင္း "တကယ္ ခ်စ္ဖူးတယ္ေပါ့?" ဟု အတည္ျပဳလိုက္သည္။

"ဟုတ္တယ္" ၿပီးေတာ့ အရပ္ျမင့္ျမင့္ လူရဲ႕ ႐ုတ္တရက္ ေအးစက္စက္အသံေၾကာင့္ သူ အံ့ၾသသြားကာ ဟဲက်င့္ က တုံ႔ ဆိုင္းစြာ ဆက္ေျပာသည္။

"မင္းလည္း သူမ ကိုေတြ႕ဖူးတယ္ ေရကန္ခရီးတုန္းကပါတဲ့ ထုန္႐ႊမ္ေလ ငါတို႔ ပထမႏွစ္တုန္းက အတူ ရွိခဲ့ၾကေပမယ့္ တစ္ႏွစ္မျပည့္ခင္မွာ လမ္းခြဲခဲ့ၾကတယ္"ဟဲက်င့္ က အဲဒီတုန္းက သူတို႔ႏွစ္ေယာက္ရဲ႕ ခံစားခ်က္ေတြကို ျပန္ေတြးၿပီး ခ်ီတုံခ်တုံနဲ႔ ေျပာလာသည္။

"မင္းေျပာခဲ့တဲ့ ခံစားခ်က္ေတြကို ငါတစ္ခါမွ မခံစားဖူးဘူး... ငါထင္ခဲ့တာအခ်စ္ဆိုတာ အေလ့အက်င့္တစ္ခုလိုပဲလို႔ေလ မင္းဟာ စိတ္ကူးယဥ္ဆန္ဆန္အခ်စ္ေရးနဲ႔ တျခားအရာေတြကို ဆက္လုပ္ေနရင္ အဲဒါကို တည္ေဆာက္ႏိုင္လိမ့္မယ္လို႔ေလ"

အစတြင္ သူ အနည္းငယ္ စိတ္မသက္မသာ ခံစားရေသာ္လည္းဟဲက်င့္ ၏ "ခ်စ္ျခင္း" အေၾကာင္း ေဖာ္ျပခ်က္ကို ၾကားၿပီးေနာက္ ခ်င္ယြီ လည္း အေတာ္ေလး အံ့အားသင့္သြားသည္

"ဒါဆို မင္းအဲ့ဒါေတြကို တစ္ခါမွ မလုပ္ဖူးဘူးလား?"

[T/N- အဲ့ဒါေတြ means ဟိုဟာဒီဟာ ဘာညာ]

"ဘယ္လိုမ်ိဳးေတြလဲ?"

ဒီစကားေတြကို သူေျပာၿပီးတာနဲ႔ ဟဲက်င့္ က ခ်င္ယြီ ရဲ႕ ဆိုလိုရင္းကို ႐ုတ္တရက္ သေဘာေပါက္သြားၿပီး သူ႔လက္ေတြကို အသဲအသန္ ေဝွ႔ယမ္းကာ ျငင္းလာသည္။

"ဟင့္အင္း ဟင့္အင္း"

ခ်င္ယြီ ၏အမူအရာသည္ စိတ္သက္သာရာရသြားသည္-

"ဘာလို႔ အရမ္းစိတ္လႈပ္ရွားေနတာလဲ? စုံတြဲေတြၾကားထဲမွာ ဒီလိုအရာေတြ လုပ္တာက ပုံမွန္ပါပဲ။"

အမွန္စင္စစ္ ဤေခတ္တြင္ လူငယ္မ်ားအၾကား လိင္ပိုင္းဆိုင္ရာ အယူအဆသည္ ပိုမိုပြင့္လင္းလာၿပီး အခ်စ္ကိုအေျခခံေသာ ဆက္ဆံေရးမ်ားတြင္ အျဖစ္မ်ားသည္။ သို႔ေသာ္လည္း ဟဲက်င့္ သည္ ေခတ္မမွီေသာ ပတ္ဝန္းက်င္တြင္ ႀကီးျပင္းခဲ့ၿပီး အေတာ္ေလး ေရွး႐ိုးဆန္ေသာ စ႐ိုက္လကၡဏာရွိသည္။ ဒီလိုမ်ိဳးေျပာ႐ုံနဲ႔ေတာင္ သူ႔ပါးျပင္ေတြကို ခရမ္းခ်ဥ္သီးေတြလိုမ်ိဳး နီရဲသြားေစလိမ့္မယ္။

ဟဲက်င့္ :"မင္းေျပာသလိုပဲ ငါ့မွာ အဲ့လိုမ်ိဳး ခံစားခ်က္ မရွိဘူး"

ခ်င္ယြီ က စပ္စုစြာ ေမးလာသည္။

"နမ္းတာေတာင္?"

ဟဲက်င့္ က သူ႔ကို ေလွာင္ေျပာင္တဲ့ အၾကည့္မ်ိဳး ၾကည့္ခံရမွာကို ေၾကာက္ၿပီး "အမ္း" ဟု တိုးတိုးေလးေျပာကာ ခ်င္ယြီရဲ႕ အၾကည့္ကို ေရွာင္လိုက္သည္။

ခ်င္ယြီ က ၿပဳံးလိုက္ၿပီး "ဒါဆို မင္း စာ႐ြက္ျဖဴတစ္႐ြက္နဲ႔ အတူတူပဲ မဟုတ္လား?"

ခ်င္ယြီ ၏ ေနာက္ေျပာင္ေနေသာေလသံေၾကာင့္ ဟဲက်င့္ က သူ႔ကို ေလွာင္ေျပာင္ေနသလို ခံစားလာရၿပီး သူက ေဒါသတႀကီးျဖင့္ ေျပာလာေတာ့သည္။

"မင္း ငါ့ကို ေဝဖန္ ဖို႔ ဘာအရည္အခ်င္း ရွိလို႔လဲ? မင္းအေၾကာင္းေတာင္ မေျပာျပပဲနဲ႔!"

ခ်င္ယြီ: "..."

ခ်င္ယြီက သူ႔ႏွလုံးသားထဲမွာ ဒီလိုေျပာခဲ့တယ္- ဒါဟာ မင္း ခ်စ္ျခင္းကို ဖြင့္တဲ့ အဓိပၸါယ္ျဖစ္တယ္ဆိုရင္ အဲဒီအေၾကာင္းကို မေျပာဘဲေနတာ ပိုေကာင္းတယ္!!!

သို႔ေသာ္ ဟဲက်င့္ သူရဲ႕ လြဲမွားေနတဲ့ အဓိပၸာယ္ ဖြင့္ဆိုမူေတြၾကားမွာ သူမွန္တယ္ဆိုသည့္ အားကိုး ျဖင့္ ေမးေစ့ေလး ေမာ့ကာ မာနႀကီးေနသည့္ သူနဲ႔ တစ္ႏွစ္ကြာ ေသာ ထိုလူေသးေသးေလးမွာ ခ်င္ယြီ၏ အျမင္တြင္ တစ္မ်ိဳးတစ္ဖုံ အလြန္ခ်စ္စရာေကာင္းပုံရသည္။

ထို႔ေၾကာင့္ သူသည္ သူ႔ကို ဆက္၍မစေတာ့ပဲ ၿပဳံး႐ုံသာၿပဳံးကာ ေျပာလိုက္သည္။

"မင္း က အံ့ၾသစရာေကာင္းတယ္လို႔ ငါေတာ့ထင္တယ္"

ခ်င္ယြီ ၏ အေျဖကို ၾကားလိုက္ရသည္ႏွင့္ ဟဲက်င့္ ၏ ေဒါသသည္ ခ်က္ခ်င္း ေလေပ်ာ့ေနေသာ ပူေဖာင္းတစ္ခုလို ေပ်ာက္ကြယ္သြားသည္။ မေခ်ာ့ခင္ကတင္ေပ်ာ့ေနေလၿပီ.....

ထို႔ေနာက္ သူတို႔သည္ ၎တို႔၏ Grammar သင္ၾကားမူ အား ဆက္လက္ျပဳလုပ္ခဲ့ရာ ခ်င္ယြီ သည္ အာ႐ုံ မပ်ံ႕ေတာ့ပဲ ဟဲက်င့္ကလည္း အေလးအနက္ သင္ၾကားေပးခဲ့သည္။ သို႔ေသာ္လည္း ႐ုတ္တရက္ ထြက္ေပၚလာတဲ့ သီခ်င္းသံေၾကာင့္ သူတို႔၏အာ႐ုံစူးစိုက္မႈ ပ်က္သြားေတာ့သည္...

"ငါ့ရဲ႕ မျပည့္စုံတဲ့ အိပ္မက္— မင္း ငါနဲ႔ အတူ မက္တယ္။

ငါ့ရဲ႕ မစုံလင္တဲ့ သတၱိ— မင္းေျပာသလို သတၱိရွိေစတယ္...

ငါ့ရဲ႕ မစုံလင္ေသာစိုးရိမ္မႈမ်ား—မင္းလည္း ဒါေတြကို စိတ္ပူတယ္....

ဒီမစုံလင္တဲ့ ငါ့ကို မင္းအၿမဲတမ္း မင္းရဲ႕ရတနာအျဖစ္ သတ္မွတ္တယ္... "

.................

ဟဲက်င့္ ေမာ့ကာ ၾကည့္လိုက္ေတာ့ သီခ်င္းရဲ႕ အရင္းအျမစ္သည္ ခ်င္ယြီရဲ႕ စမတ္လက္ပတ္မွ ျဖစ္ေနေလသည္။

သူ႔အနားတြင္ ခ်င္ယြီက မတ္တပ္ထရပ္ၿပီး ဖုန္းကိုျပန္ေျဖေနၿပီပင္။

"ဟဲလို? အင္း... ဟုတ္တယ္ မဟုတ္ဘူး ငါ ဒီေန႔ လုပ္စရာေလးေတြရွိလို႔ ေကာင္းၿပီ ေနာက္မွ ေတြ႕မယ္။"

ဟဲက်င့္ သည္ ဖုန္းေျပာေနစဥ္တြင္ တိတ္ဆိတ္ေနၿပီးခ်င္ယြီက ဖုန္းခ်ၿပီးသည္ႏွင့္ေမးလာသည္။

"တစ္စုံတစ္ေယာက္က မင္းဆီက တစ္ခုခုလိုလို႔လား?"

ခ်င္ယြီ : "အင္း ရွန္ေလ ငါ့ကို အျပင္ထြက္စားဖို႔ေခၚတာ ငါျငင္းလိုက္တယ္ "

"ငါ့ေၾကာင့္လား? ရပါတယ္ မင္းသြားလို႔ရတယ္ေနာက္ေန႔မွဆက္ေျပာမယ္..."

ဟဲက်င့္က အနည္းငယ္ရွက္သြားၿပီး အျမန္ထရပ္လိုက္သည္။ သို႔ေသာ္ ခ်င္ယြီသည္လည္း မေမွ်ာ္လင့္ဘဲ သူ႔ေနာက္မွ လိုက္ရပ္လာကာ တစ္ခ်ိန္တည္းမွာ ပဲ သူရဲ႕ V ပုံစံ လည္ပင္းေပါက္ ခ်ည္အက်ႌကို ခြၽတ္လိုက္ၿပီးေျပာလာသည္။

"မဟုတ္ဘူး ငါမင္းနဲ႔ အတူစားမယ္။ ခဏေစာင့္ေနာ္ အဝတ္အစားလဲလိုက္မယ္"

ခ်င္ယြီ၏ အေပၚပိုင္း ဗလာ ႏွင့္ ႐ုတ္တရက္ ရင္ဆိုင္လိုက္ရေသာအခါ ဟဲက်င့္သည္ ထိုသူ၏ပိန္သြယ္ေသာခါး ၊ သန္မာၿပီး ေခ်ာေမြ႕ေသာ ေနာက္ေက်ာႂကြက္သားမ်ား၊ လက္ႏွစ္ဖက္ကို ေျမႇာက္လိုက္သည္ႏွင့္ ဆန႔္ထြက္လာသည့္ ႂကြက္သားမ်ား ထိုအရာေတြကို အကူညီမဲ့စြာျဖင့္ တစ္ခ်က္ေလာက္ၾကည့္ လိုက္မိေလသည္။...

အရာအားလုံးသည္ သန္မာၿပီး ေယာက္်ားဆန္ေသာေရာင္ဝါျဖင့္ လႊမ္းၿခဳံထားေလသည္။ .

သူ႔မွာ ၾကည့္ေကာင္းတဲ့ ခႏၶာကိုယ္ အေနအထားရွိတာပဲ.....

အရပ္ရွည္ရွည္လူသည္ ေဘာင္းဘီရွည္ကို ဆက္လက္လဲေတာ့မည္ကို ျမင္လိုက္ရသျဖင့္ ဟဲက်င့္ သည္အလ်င္အျမန္ တစ္ဖက္သို႔လွည့္လိုက္ရသည္။ သူသည္ စိတ္လႈပ္ရွားကာ အေနရခက္သျဖင့္ လက္ကိုေတာင္ ဘယ္နား ထားရမလဲ မသိေတာ့ေပ။

Continue Reading

You'll Also Like

25.1K 1.7K 38
❝Loving you isn't a big mistake, it is actually the best thing happened in my life, even though we didn't end up together.❞ In which a girl loves a b...
3.6K 354 16
[COMPLETED] XiaLin က ဘီတာတစ်ယောက်ဖြစ်တယ် အရေးကြီးဆုံးကတော့ သူ့မှာ သူနဲ့ချိန်းတွေ့တဲ့ အယ်ဖာတွေ အကုန် သူတို့ရဲ့ ကံဇာတာပါတဲ့ အိုမီကာကို တွေ့ရလိမ့်မယ်ဆို...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...