ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

19.5K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

345 51 0
By phyolay1991

Chapter 6 Sweet
December 19, 2023
Chapter 6

ထိုင်ပြီးသိပ်မကြာခင်၌ပင် ချီချန်အန်းမှာယူထားသည့် မတ်ပဲဆန်ပြုတ်တစ်ပန်းကန်အား လာရောက်ချပေးလေသည်။ ချီချန်အန်းက သူ့ကိုယ်ပိုင်တူ၊ဇွန်း၊ခရင်းတို့အား ထုတ်ယူတာကို ရွှီလော့ယန်မြင်သော်လည်း မထူးဆန်းတော့ပေ၊ သူက မြင်ရပါများ၍ကျင့်သားရနေပြီဖြစ်သည်။ သို့သော်လည်း ဆန်ပြုတ်ထဲမှ ပဲစိမ်းလုံးများအား စိတ်ရှည်စွာနှင့် တစ်စိချင်းဆယ်ထုတ်၍ ကြွေပန်းကန်ပြားအသေးလေးပေါ်တင်နေတာကို မြင်လိုက်ရသည့်အခါ သူအံ့အားသင့်သွားရပြန်သည်။

"ပဲစိမ်းလုံးကို မစားဘူးလား"

"အင်း ကိုယ်က ဘာပဲအမျိုးအစားမှမစားဘူး"

မုန်လာဥနီမှလွဲ၍ ကျန်သည့်အရာအားလုံးကိုစားသောက်ကြီးပြင်းလာသည့် ရွှီလော့ယန်မှာ ချီချန်အန်းအား ရှားပါးမျိုးစိတ်တစ်မျိုးကို မြင်နေရသကဲ့သို့ ကြည့်လိုက်မိသည်။

"အစကတည်းက ခင်ဗျားက ရိုးရိုးအစားချေးများတဲ့သူမဟုတ်တာကို သတိထားမိပေမယ့် အခု ကျွန်တော် စဥ်းစားမိတာ ခင်ဗျားဒီလောက် အစားရွေးနေတာ ဂိုဏ်းတစ်ခုတောင်ထောင်လို့ရနေပြီလို့"

ချီချန်အန်းက ပြုံးကာ ပြန်လည်ပြောဆိုရန်ပြင်စဉ် တီဗီထံမှ ရင်းနှီးနေတဲ့နာမည်တစ်ခုအား ကြားလိုက်ရသည်။ နှစ်ယောက်သား တစ်ချိန်တည်းလိုလို နံရံပေါ်ရှိတီဗီအားမော့ကြည့်လိုက်မိသည်။ ကြီးမားထင်ရှားသောခေါင်းစဉ်ဖြင့် အနုပညာရှိုးပွဲတစ်ခုအား တီဗီထက် ထုတ်လွှင့်ပြသထားလေသည်။

"ရွှီလော့ယန်က ရုပ်ရှင်ဧကရီယွင်ရှုနဲ့ ညဘက်မှာတွေ့ဆုံခဲ့ပြီး နောက်တနေ့မနက်အစောပိုင်းမှ ပြန်သွားခဲ့ပါတယ်..."

ချီချန်အန်းအား လှည့်မကြည့်မီ ရွှီလော့ယန်က စကားလုံးတစ်လုံးချင်းစီအား အသံထွက်ဖတ်ကြည့်လိုက်ပြီးနောက် ထိတ်လန့်သွားရသည်။

"ကျွန်တော် ကိုယ်ပွားခံလိုက်ရတာလား"

သူ့နောက်ပိုင်းစကားကိုကြားသည့်အခါ ချီချန်အန်း၏မျက်ဝန်းထဲမှ အေးစက်မှုများကလျော့ကျသွားပြီး သူ့စကားလုံးများထဲ အပြုံးတစ်ခုကိုပင် မြင်နိုင်လေသည်။

"ကိုယ်တော့ အဲ့ဒီလိုမထင်ဘူး သတင်းမှာပြောသွားတာက ဒီနေ့မနက်ဆယ်နာရီမှာ ဒီသတင်းကို Weiboပေါ်တင်ခဲ့တာတဲ့ ပြီးတော့ သတင်းမှာပါတဲ့ အကြောင်းအရာအရ မင်းချိန်းတွေ့ခဲ့တာက တစ်မြန်နေ့မ‌ရောက်ခင်ညတုန်းကပဲ ပြီးတော့ မင်းက ယွင်ရှုရဲ့အိမ်က မနေ့ကမနက်ခင်းမှာ ပြန်ထွက်လာတာ"

"တစ်မြန်နေ့မ‌ရောက်ခင်ညက ဟုတ်စ...ဟမ့်...ကျွန်တော်တို့က အိမ်မှာ အဝတ်တွေလျှော် စောင်တွေလျှော်ပြီး ကြမ်းတိုက်နေတာလေ လုံးဝကို သန့်ရှင်းသပ်ရပ်သွားတာကို...မနေ့ကမနက်က ကျွန်တော်ရိုက်ကူးရေးတစ်ခုလုပ်ခဲ့တယ် ပြီးတော့ စက္ကန့်သုံးဆယ်စာဗီဒီယိုရိုက်ပြီး ဒါရိုက်တာကျန်းဆီပို့ခဲ့ရတာ"

"ဟင်း..." ချီချန်အန်းက တီဗီသို့ထပ်မံကြည့်လိုက်သည်။

"ထုတ်လာတဲ့ဓာတ်ပုံတွေက ခိုးရိုက်ထားတာတွေ ဘယ်သူမှန်းသေချာမမြင်ရဘူး ဟာကွယ်တွေအများကြီးရှိနေတယ် နားလည်မှုလွဲတာပဲလား ဒါမှမဟုတ် တစ်ယောက်ယောက်က ရည်ရွယ်ပြီးလုပ်တာပဲလား ပြီးတော့ ဗီဒီယိုဖိုင်နဲ့ဓာတ်ပုံတွေက ဘယ်ကထွက်လာတာလဲ"

ရွှီလော့ယန်က အင်မတန်ပင်ပန်းဖို့ကောင်းတယ်ဟု ခံစားလိုက်ရသည်။

"ကျွန်တော်ဘာသာကျွန်တော် အဝတ်ပဲလျှော်နေတာတောင်မှ ကောင်းကင်ကနေ အိုးတစ်လုံးပြုတ်ကျလာသေးတယ်နော်"

သူက ဖုန်းကို ထုတ်ကာ သူ့မန်နေဂျာထံဖုန်းခေါ်ဆိုလိုက်သည်။ သို့သော် တစ်ဖက်လူ၏ဖုန်းမှာ မအားသေးပေ။ သူက ဖုန်းကိုတန်းချလိုက်ပြီး Weiboထဲဝင်လိုက်သည်။

ထင်ထားသည့်အတိုင်းနေ့တစ်ဝက်ပင်မျိုးသေးခင် "ရွှီလော့ယန်က ယွင်ရှူနဲ့ ဒိတ်နေတယ်" ဟူသည့်ခေါင်းစီးမှာ ထိပ်ဆုံးသုံးနေရာသို့ ရောက်ရှိနေလေပြီ။

ခေါင်းစီးအားဖွင့်၍ ကိစ္စများက မည်သည့်အခြေအနေသို့ရောက်ရှိနေပြီလဲဟု ကြည့်လိုက်ရာ၊ ရွှီလော့ယန်မှာ ရုတ်ချည်း ထိတ်လန့်သွားရသည်။

"ဒီလမ်းကြောင်းက နည်းနည်းရှုပ်ထွေးနေတာပဲ ကျွန်တော်က ၂၅ ယွင်ရှုက ၃၅ အစကတော့ မောင်နှမလိုဆက်ဆံရေး နောက်တော့ စပွန်‌ဆာဆက်ဆံရေးဖြစ်သွားပြန်ရော အခု ကျွန်တော်က ယွင်ရှုကိုမှီပြီး နာမည်ရလာတာ အရင်းအမြစ်တွေရဖို့ သူမအပေါ်မှီခိုပြီး နာမည်လည်းကြီးလာရော သူမကိုကန်ထုတ်လိုက်တယ်တဲ့ ဒါက ထုံးစံအတိုင်းနှလုံးသားမရှိတဲ့ ဆန်ကုန်မြေလေး ငါးဆားနူကောင် ပုံစံ ဇာတ်အိမ်ပဲ"

ရွှီလော့ယန်မှာ စိတ်ဆင်းရဲသွားရသည်။

"ဒါက လုံးဝ ယုတ်မာတာပဲ ကျွန်တော်မှာ အခုချိန်ထိ အချစ်ဦးတောင်မရှိသေးဘူး ပြီးတော့အခု ကျွန်တော်ကနှလုံးသားမရှိတဲ့ ဆန်ကုန်မြေလေးကောင်အဖြစ် စန်းတင်ခံလိုက်ရတယ် လူတွေက ကျွန်တော် ကို ကြည့်မရဖြစ်ပြီး ဘယ်သူက ကျွန်တော်နဲ့ဒိတ်ချင်တော့မှာလဲ နာကျင်စရာကောင်းလွန်းတယ် အိုက်ယား..."

အခြေအနေက လျင်မြန်စွာပြောင်းလဲနေကြောင်းကြားလိုက်ရသည့်အခါ ချီချန်အန်း၏အမူအရာမှာလည်း လေးနက်လာသည်။

"မင်းတစ်ယောက်ယောက်ကိုများ အမှားလုပ်မိခဲ့သေးလား"

ရွှီလော့ယန်လည်း ဤမေးခွန်းအား မဖြေနိုင်ပေ။ သူက သူကိုယ့်သူပင်သတိမထားမိဘဲ အခြားသူ၏လမ်းကြောင်းအား ပိတ်မိသွားသလားဆိုတာ သိပ်မသေချာပေ။

"ကျွန်တော်လည်း မသေချာဘူး ဒါပေမယ့် လမ်းကြောင်းက သုံးခါလောက်ပြောင်းသွားတာ အနောက်က တစ်ယောက်ယောက်ကြိုးကိုင်နေတာဖြစ်လောက်တယ်"

"ကိုယ်ထွက်လာပြီး စကားပြောပေးရမလား"

ဤကိစ္စအားဖြေရှင်းရန်နည်းလမ်းမှာ အင်မတန်မှ ရိုးရှင်းသည့်အတွက် ချီချန်အန်းက တိုက်ရိုက်ပင်အကြံပြုလာသည်။ဓာတ်ပုံရိုက်ခံလိုက်ရသည့်လူမှာ ရွှီလော့ယန်မဟုတ်ကြောင်း သက်သေပြလိုက်နိုင်တာနှင့် ရွှီလော့ယန်၏နာမည်မှာ ရှင်းလင်းပြီးသားဖြစ်သွားပေလိမ့်မည်။

"ခဏလောင်စောင့်ပြီး ကျန်းကောတို့ဘက်မှာ ဘာတွေဖြစ်နေလဲလို့ ကြည့်ရအောင်"

ရွှီလော့ယန်၏တူများက ရပ်တန့်သွားကာ သူက ဂရုတစိုက် ချီချန်အန်းထံရှင်းပြလိုက်သည်။

"အဲ့ဒီယွင်ရှု ပွဲဦးထွက်တုန်းက ယို့လိအန်တာတိန်းမန့်နဲ့ စာချုပ်ချုပ်ပြီး ကျွန်တော်မန်နေဂျာကျန်းသုန့်ရဲ့ ပထမဆူံအနုပညာရှင်ပဲ သူက သူမကို ရုပ်ရှင်ဘုရင်မဖြစ်အောင် လုပ်ပေးခဲ့တာ"

သူတို့တွေ ခွာပြဲသွားပြီးတော့ ယွင်ရှုက ယို့လိနဲ့သူမရဲ့စာချုပ်ကို ဖျက်လိုက်ပြီး နောက်တစ်နှစ်မှာ ချမ်းသာတဲ့လုပ်ငန်းရှင်တစ်ယောက်နဲ့လက်ထပ်သွားတယ်လေ ဒါပေမယ့် အဲ့ဒီလုပ်ငန်းရှင်က သိပ်အခြေမကျသေးလို့ နှစ်နည်းနည်းကြာတော့ ဒေဝါလီခံသွားရပြီး ယွင်ရှုလည်း ကွာရှင်းလိုက်ရတယ် အဲ့ဒါပြီးတော့ သူက ရုပ်ရှင်လောကထဲပြန်လာချင်တာမို့ အကိုကျန်းကိုလာရှာခဲ့တာ ဒါပေမယ့် အဲ့ဒီအချိန်က သူ့မှာ လူနှစ်ယောက်ထပ်ခေါ်ထားပြီးပြီလေ ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းပေါ့ ပြီးတော့ သုံးယောက်မြောက်လူထပ်ယူဖို့ သူမပြင်ဆင်ထားတာနဲ့ ဒီတိုင်းငြင်းလိုက်တာ"

ချီချန်အန်းက သေသေချာချာနားထောင်နေတာကို မြင်တော့ ရွှီလော့ယန်က နိဂုံးချုပ်ပေးလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီယွင်ရှုနဲ့ ကျွန်တော်မန်နေဂျာက တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးရှိနေတာ အဲ့ဒီတော့ ဒီနေ့အခြေအနေက ဘာလို့ဖြစ်လာမှန်း ကျွန်တော်မသိဘူး ကျွန်တော်မေးကြည့်မှ ရမှာ"

ချီချန်အန်းက ခေါင်းညိတ်ကာ "အဲ့ဒါဆို မင်းအကူအညီလိုရင် ကိုယ့်ကိုပြောပါ"

"ဒါပေါ့ ကျွန်တော်ရဲ့အပြစ်ကင်းမှုအတွက် ကောကိုယုံကြည်ထားလိုက်မယ်နော် ချန်အန်းကော"

ရွှီလော့ယန်ရဲ့မျက်ခုံးများကပင် ပြုံးနေလေ၏။ ထို့နောက်သူက ယခုလေးတင် လာချသွားသည့်ကြက်သားအား ချီချန်အန်းအရှေ့သို့ချလိုက်ကာ "ခင်ဗျား အသားတွေအကုန် စားလိုက်လို့ရတယ်"

ချီချန်အန်းက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "အင်း...မင်းရဲ့ဖြူစင်မှုကို ထိန်းသိမ်းထားနိုင်ဖို့ ကိုယ်အတတ်နိုင်ဆုံး‌ကြိုးစားပါ့မယ်"

___

ကျန်းသုန့်၏ဖုန်းဝင်လာသည့်အချိန်တွင် သူတို့နှစ်ဦးမှာ စားသောက်ဆိုင်မှ ထွက်လာကာစသာရှိသေးသည်။

သူ့မန်နေဂျာ၏အသံကို ကြားလိုက်သည်နှင့် ရွှီလော့ယန်မှာ ထိုသူစိတ်ဓာတ်ကျနေကြောင်း နားလည်လိုက်သည်။

သူက အလွန်အမင်းချဲ့ကားထားသည့်လေသံဖြင့် “ငါတို့ ကျန်းကောကို ဒေါသထွက်အောင် ဘယ်သူလုပ်တာတုန်း ငါ ရှန်ရှန်ကိုခေါ်ပြီး သူတို့လမ်းကိုပိတ်ပြီးရိုက်နှက်ပစ်ဦးမယ် ငါတို့ယို့လိအင်တာတိန်းမန့်ရဲ့ ဓားသမားသုံးယောက်ကို အထင်သေးရဲတဲ့သူကို ကြီးကြီးမားမားပြန်ပေးဆပ်စေရမယ်”

ယဲ့ရှန်ရှန်မှာ ကျန်းသုန့်၏အခြားအနုပညာရှင်တစ်ယောက်ဖြစ်သည်။

“မင်းတို့နှစ်ယောက်နဲ့ ဘယ်သူကလက်နက်ကိုင်တပ်သားသုံးယောက်အဖွဲ့ ဖွဲ့ချင်နေလို့လဲ”

ကျန်းသုန့်က ဟက်ဟက်ပက်ပက်ရယ်လိုက်သော်လည်း သူ့ပါးစပ်မှထွက်လာသည်က ဤစကားလုံးများပင်။ ထို့နောက်သူက ချောင်းဟန့်၍ လည်ချောင်းရှင်းချင်ဟန်ဆောင်လိုက်၏။

“ကောင်းပြီ ကောင်းပြီ အဓိကပြဿနာအကြောင်းပြောရအောင် မင်းလည်း သတင်းတွေနဲ့ hot search ကို မြင်ပြီးပြီမို့လား”

“ကျွန်တော် အကုန်တွေ့တယ် ညစာစားနေရင်းမြင်လိုက်ရတာ ကောကိုဖုန်းလည်းဆက်လို့မရတာနဲ့ Weiboပေါ်တက်ကြည့်လိုက်တာ အဲ့ဒီမှာ ဒေါသထွက်လွန်းလို့ ဆက်တောင်မစားနိုင်တော့ဘူး “

ထိုစကားအား ချီချန်အန်းကြားသည့်အခါ သူက ရွှီလော့ယန်အား ပြုံး၍ကြည့်လာခဲ့ပြီး လက်သုံးချောင်းထောင်ပြလိုက်သည်။

အဓိပ္ပာယ်မှာ သူက နေ့လည်စာ ထမင်းပန်းကန်အကြီးကြီးသုံးပန်ကန်လောက်စားခဲ့ခြင်းကြောင့်ဖြစ်သည်။ ရွှီလော့ယန်က ခါးခါးသီးသီးပင် သူ့မျက်လုံးများအားဖုံးကွယ်ကာ ချီချန်အန်းအား တိတ်တိတ်နေရန် အမူအရာပြလိုက်သည်။

ဒါက လျှို့ဝှက်ချက်နော်...ဟုတ်ပြီလား...။

“မင်းမစားနိုင်တာကောင်းတယ် အဲ့ဒါမှ မင်းဝတုတ်ပြီးပြန်လာတဲ့အခါ ဝိတ်ချရလို့ဆိုပြီး ငါ့ဆီသနားစရာကောင်းအောင် လာငိုပြနေစရာမလိုတော့ဘူးပေါ့ ငါမင်းကို နည်းနည်းလေးတောင် သနားမှာမဟုတ်ဘူး”

ကျန်းသုန့်ကပြောနေကျစကားနှစ်ခွန်းကိုသာဆိုလာခဲ့ပြီးနောက် “မေး မင်း မေးချင်တာသာမေး” ဟုပြောလာ၏။

ရွှီလော့ယန်ရဲ့ပုံစံမှာ လေးလေးနက်နက်ဖြစ်သွားသည်။ ပထမဆုံးပြောလိုက်သည့်စကားမှာပင် အဓိကအချက်အားမေးလိုက်သည်။

“hot search နဲ့ မီဒီယာကိုသတင်းလွှင့်တာ ကျွန်တော်တို့ဘက်က လုပ်တာမဟုတ်ဘူးမို့လား”

ဤလှုပ်ရှားမှုများမှတစ်ဆင့် ကျန်းသုန့်၏လက်ချက်လုံးဝမဟုတ်ကြောင်းကို သူသိတွေးထားမိသည်။ သို့သော်လည်း ပို၍လုံခြုံသည့်ဘက်၌ရှိနေကြောင်း သေချာစေရန် သူမေးရမည်ပင်။ ၄င်းကိစ္စသည် စုပေါင်းအားထုတ်ထားသည့်ကိစ္စလား၊ တစ်ဖက်သတ်နာမည်ရစေရန်ပြုလုပ်ထားသည့်အရှုပ်ထုပ်လားဟု သူ့အနေဖြင့် အနည်းဆုံးတော့ သိထားသင့်လေသည်။

သူ့အသက်တစ်ဆယ့်ကိုးနှစ်အရွယ်၊ပွဲဦးထွက်ချိန်မှစ၍ ရွှီလော့ယန်မှာ သတင်းများမှတစ်ဆင့် နာမည်ထွက်လာစေရန်ပြုလုပ်ခြင်းအား ရင်းနှီးနေခဲ့ပြီဖြစ်သည်။ သူလိုချင်သည်ဖြစ်စေ၊မလိုချင်သည်ဖြစ်စေ၊ ကုမ္ပဏီက သူ့အားရေပန်းစားစေရန် လုပ်နိုင်သမျှအကုန် ပြုလုပ်ပေလိမ့်မည်။

အစဦးအချိန်များ၌ ကျန်းသုန့်က သူ့အား “ကျောင်းပြီးကာစပွဲဦးထွက်အသစ်လေး”ဟူသည့် တံဆိပ်ကပ်ပေးခဲ့သည်။

သို့သော် ထိုအချိန်က သူကအမှန်ပင် ငယ်ရွယ်နေသေးသည့်အတွက် သည်းခံနိုင်ခဲ့သည်။ သို့သော် ယခုအချိန်မှာတော့ ….

သူ့စိတ်အတွင်းတွင် ရွှီလော့ယန်မှာ သူက “တက္ကသိုလ်မှအမှိုက်ကောက်သမား” ဆိုတဲ့ခေါင်းစဥ်တော့ဖြစ်နိုင်သေးတယ်ဟု တွေးနေမိသည်။

စဉ်းစားရင်း သူ့အတွေးများကလမ်းလွဲသွားပြန်တာကို သတိထားမိသည့်အခါ ရွှီလော့ယန်က မြန်မြန်ဆန်ဆန်ပင် အတွေးများအား လမ်းကြောင်းမှန်ပေါ်ပြန်လည်ဆွဲတင်လိုက်သည်။ အရိပ်ကျနေသည့်နေရာမှခုံတန်းလျားတစ်ခုအား ရှာဖွေကာ ချီချန်အန်းနှင့်အတူထိုင်လိုက်ပြီး ဖုန်းကိုလည်း စပီကာဖွင့်ထားလိုက်သည်။

ကျန်းသုန့်၏အသံမှာ ဖုန်းမှတစ်ဆင့်ထွက်လာသည်။

“မဟုတ်ပါဘူး ငါလည်းမင်းမသိခင် နှစ်နာရီလောက်ကပဲစောပြီး သိလိုက်ရတာ”

ကျန်းသုန့်ကပြောရင်းနှင့် သက်ပြင်းချလိုက်ပြီး “ငါတောင်းပန်ပါတယ် ဒီတစ်ခေါက် ငါမင်းကို ဆွဲချမိသွားတယ်”

“ကျန်းကော စိတ်ငြိမ်ငြိမ်ထားပါဦး ကောတောင်းပန်နေမှပဲ တစ်ခုခုကြီးကြီးမားမားဖြစ်နေပြီလို့ ကျွန်တော်ခံစားနေရမှာ”

ရွှီလော့ယန်ကသူ့မေးစေ့အားပွတ်သပ်ရင်း “အဲ့လိုပြောမှပဲ ဒီဇာတ်လမ်းက တော်တော်လေးအလှည့်အပြောင်းတွေများပြီး အထိအခိုက်လည်းများတာပဲ အာ..”

“ရွှီလော့ယန် ငါမင်းကိုသတိပေးထားမယ်နော် ပေါက်ကရတွေလျှောက်တွေးမနေနဲ့ မင်းပြန်လာတဲ့အချိန်ကျရင် ငါမင်းအိမ်ရှေ့ကိုခွေးခေါ်လာပြီး ပိုစ့်တင်ပစ်လိုက်မယ်”

ရွှီလော့ယန်မှာ ချက်ချင်းပင်ကြောက်လန့်သွားရသည်။

“အာ...ဟုတ်သားပဲ ကောလက်ထဲမှာခွေးတစ်ကောင်ရှိနေတယ်ဆိုတော့ ကောလက်ချောင်းထိပ်မှာကမ္ဘာကြီးကို ဆုပ်ကိုင်ထားနိုင်တာပေါ့ ကျွန်တော်စိတ်ချသွားရပါပြီ”

လူနှစ်ဦးကြားမှ စကားအပြောအဆိုအား နားထောင်လျက်၊ ရွှီလော့ယန်နှင့် သူ့မန်နေဂျာတို့မှာ အင်မတန်ဆက်ဆံရေးကောင်းလှသည်ဟု ချီချန်အန်းတွေးနေမိသည်။ သူတို့၏ နေ့စဉ်စကားစမြည်ပြောဆိုမှုမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ကျန်းသုန့်က မူရင်းအကြောင်းအရာအား ပြန်လည်ပြောဆိုလိုက်သည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ယွင်ရှု ငါ့ဆီလာသွားတယ် သူက ငါသူ့ကို လက်ကမ်းကူညီပေးစေချင်တယ်တဲ့ သူပြန်လာတာ တစ်နှစ်လောက်ရှိနေပြီဆိုပေမယ့် ရသစုံရှိုးတစ်ခုမှာ သရုပ်ဆောင်အကဲဖြတ်ဒိုင်လုပ်ရတာကလွဲလို့ သူက ဘယ်ဒရာမာတစ်ခုမှ လက်မခံရသေးဘူး ဒီရုပ်ရှင်လောကထဲက သူမထွက်သွားခင် သူစော်ကားသွားတဲ့လူတွေက အခု သူ့ထက်ပိုပြီး နာမည်ကြီးနေပြီလေ အခု သူတို့က သူ့ကိုအခွင့်ရတိုင်း ဖိနှိပ်နေကြတာဆိုတော့ သူကခက်ခဲတဲ့အခြေအနေမှာရောက်နေတယ်”

နိုင်ငံ၏ရုပ်ရှင်မင်းသမီးများက အသက် သုံးဆယ့်ငါးနှစ်ပြည့်ပြီးပြီဆိုပါက၊ အလိုလိုနေရင်းပင် ဇာတ်ညွှန်းကောင်းကောင်း မရနိုင်သည့်အခြေအနေသို့ ရောက်ရှိသွားတတ်သည်။ အောင်မြင်မှုအထွတ်အထိပ်သို့ရောက်ရှိနေစဉ် လက်ထပ်ထိမ်းမြားရန် ရုပ်ရှင်လောကမှထွက်ခွါသွားသည့် ယွင်ရှုကဲ့သို့မင်းသမီးမျိုးကို ထည့်ပင်ပြောရန်မလိုပေ။ အံ့မခန်းနိုင်သည့် သူတို့၏ကိုယ်ပိုင်အင်အားနှင့် မယုံနိုင်စရာအရင်းအမြစ်များကြောင့်သာမဟုတ်ပါက သူတို့ရဲ့ယခင်မှအောင်မြင်မှုအား ပြန်လည်ရယူရန် မလွယ်ကူပေ။

“ကော…ကော စိတ်ပျော့သွားသေးလား”

“ငါ ငတုံးမဟုတ်ဘူး”

ကျန်းသုန့်ကထိုစကားအားပြောလိုက်ချိန်၌၊ မိုင်တစ်ရာလောက်အကွာမှသူ့အား မျက်စောင်းခဲနေလိမ့်မည်ဟု ရွှီလော့ယန်ခံစားမိသည်။

ကျန်းသုန့်က စကားဆက်လာသော်လည်း သူ့လေသံကဆိုးဝါးနေလေ၏။

“သူက အရှုပ်တွေလုပ်တဲ့လူပဲ ချမ်းသာတဲ့မိသားစုထဲအငယ်အနှောင်းအဖြစ် လက်ထပ်ဝင်ဖို့နဲ့ ရုတ်တရက်ကြီး သူ့ရဲ့စာချုပ်ကိုဖျက်ပြီးထွက်ပြေးသွားတာ သူအရင်ရက်က ငါ့ဆီလာတော့ ငါသူ့ကိုဗြောင်ပဲငြင်းလွှတ်လိုက်တာ ဒီနေ့လိုမျိုး ပွဲအကြီးကြီးတစ်ခုလုပ်လိမ့်မယ်လို့ ငါမထင်ထားမိဘူး”

“ကောလည်း လူလတ်ပိုင်းအရွယ်ရောက်နေပြီပဲ ဒေါသမထွက်ပါနဲ့တော့ မဟုတ်ရင် ကောရဲ့ခန္ဓာကိုယ်ပဲ ထိခိုက်လိမ့်မယ်”

ရွှီလော့ယန်က သူ့မန်နေဂျာ၏အတွေးရထားအား အမြန်ပင်လိုက်မီသွားသည်။

“သူ့ဘက်က ကြိုတင်တိုက်ခိုက်မှုလုပ်ဖို့ ရောက်လာခဲ့တာလား hot search နေရာတွေအကုန်ဝယ်ပြီးသွားတဲ့အထိ စောင့်နေပြီးမှ သူမဘယ်လောက်အထိ ခက်ခဲတဲ့အခြေအနေရောက်နေကြောင်း ပြောင်းပြန်လှန်ဖို့ အခွင့်အရေးတစ်ခုပဲလိုတဲ့အကြောင်း ကောဆီလာပြီး ငိုယိုပြမှာပေါ့ ပြီးတော့ ကောတို့နှစ်ယောက် အလုပ်တွဲလုပ်ခဲ့တုန်းက နေ့ရက်ကောင်းလေးတွေကို လွမ်းဆွတ်ပြလိမ့်မယ် နောက်ဆုံးတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ကောရဲ့ အနုပညာရှင်ဖြစ်တာမို့ ကျွန်တော်တို့ဘက်က လူသိရှင်ကြား ငြင်းချက်မထုတ်မရွေ့ ဒီသတင်းက ရက်အနည်းငယ်အတွင်း တဖြည်းဖြည်းပျောက်သွားမယ်ပေါ့ ကျွန်တော့်ကို ဘာမှထိခိုက်မှာမဟုတ်တဲ့အပြင် ရက်အနည်းငယ်လောက် ဘာမှအကုန်အကျမခံရဘဲ ရေပန်းစားသွားမှာပေါ့”

မြေပြင်ပေါ်တွင် လေနှင်ရာလွင့်နေသည့် ရွက်ကြွေများအား ငေးမောကြည့်လျက်၊ အစမှအဆုံးတိုင်၊ ရွှီလော့ယန်၏လေသံမှာ ပေါ့ပေါ့ပါးပါးပင်။

“နောက်ဆုံးအနေနဲ့ သူမက ကျွန်တော်တို့အားလုံးက အနုပညာအသိုင်းအဝိုင်းကပဲဖြစ်ပြီး သူ့ဆီမှာ အရင်းအမြစ်တွေနဲ့ အဆက်အသွယ်တွေရှိနေသေးတာမို့ သူမက ကျွန်တော့်ကို ကူညီပေးနိုင်တယ်လို့ သေချာပေါက် ပြောဦးမှာ”

ကျန်းသုန့်ဘက်က အချိန်ခဏလောက်တိတ်ဆိတ်သွားကာ အံ့ဩတကြီး အော်ဟစ်လာခဲ့သည်။

“မင်း ငါ့ရုံးခန်းထဲ ဖောက်ဝင်လာတာလား ဘာလို့ ဒီလောက်အထိ သိနေရတာတုန်း”

“ဟမ့်...”

ရွှီလော့ယန်၏အမြှီးလေးမှာ မိုးပေါ်သို့ထောင်တက်တော့မတတ်ပင်။

“ဒါတွေအကုန်သိရဖို့နဲ့ ကောရုံးခန်းကိုဖောက်၀င်စရာမလိုပါဘူး  ဟုတ်ပြီလား...ကျွန်တော့်ဘဝတစ်လျှောက်လုံး ဒါတွေလုပ်လာတာပဲကို အရင်က ကော ကျွန်တော့်ကို အထင်သေးခဲ့တာကို ဝန်ခံသင့်နေပြီနော်... ဟုတ်တယ်မလား”

“မင်းက ဒီလောက်တော်နေမှတော့ ငါဘယ်လိုတုံ့ပြန်လိုက်လဲဆိုတာ သိသင့်တာပေါ့ မဟုတ်ဘူးလား”

“ဒါက သေချာပေါက်ကို ဖြောင့်မတ်တဲ့ငြင်းဆန်မှုပဲပေါ့”

ရွှီလော့ယန်က သစ်ရွက်များလေနှင်ရာ၏လှုပ်ယမ်းနေပုံအား လိုက်လံကြည့်ရှုနေရင်း သူ့အကြည့်များက ချီချန်အန်း၏ ခြေကျင်းဝတ်ဆီသို့ ရောက်ရှိသွားလေသည်။

သူ့ပါးစပ်ကတော့ “ကျန်းကောရဲ့ မြင့်မြတ်တဲ့ဦးခေါင်းက မိစ္ဆာတွေရဲ့အင်အားအောက် ဘယ်တော့မှဦးညွတ်မှာမဟုတ်ဘူး” ဟု ဆက်လက်ပြောနေခဲ့သည်။

ကျန်းသုန့်က ထပ်မံ၍ သဘောတကျရယ်မောကာ “ဒါဆို ငါထပ်ပြောနေဖို့မလိုတော့ဘူး ရုပ်ရှင်အသစ်ရိုက်ဖို့ပြင်ဆင်တဲ့အနေနဲ့ မင်းအတွေ့အကြုံယူနေတယ်ဆိုတဲ့သတင်းကို ထုတ်ပြန်နိုင်မလားလို့ ငါ ဒါရိုက်တာကျန်းနဲ့ သွားဆွေးနွေးလိုက်ဦးမယ် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဘက်က အပြစ်တင်ခံမှာမဟုတ်ဘူး”

“ဒါပေါ့ ဒီအပြစ်တင်မှုကို ကျွန်တော်တို့ လုံးဝငြိမ်ခံနေလို့မရဘူး  ဟိုးအရင်ကတည်းက ကျွန်တော့်မှာ ဆက်ဆံရေးတစ်ခုတစ်လေလေးတောင် ရှိခဲ့တာမဟုတ်ဘူး ဒီခြိမ်းခြောက်မှုက အနာဂတ်မှာ ကျွန်တော်သဘောကျတဲ့လူကို စိတ်ပိုင်းဆိုင်ရာထိခိုက်စေလိမ့်မယ်”

“ငါ မင်းကို တကယ်အားကျတယ် အခုထိ စင်ဂယ်ဖြစ်နေတာတောင် စိုးရိမ်နေသေးတယ်ပေါ့”

ဖုန်းချလိုက်ပြီးနောက် ရွှီလော့ယန်၏မျက်ဝန်းများမှာ မှေးကျဉ်းသွားလေသည်။ သူ့နံဘေးတွင် တိတ်ဆိတ်စွာထိုင်နေသည့် ချီချန်အန်းအားကြည့်ကာ သက်ပြင်းချလိုက်သည်။

“ကျွန်တော်မန်နေဂျာက အလျော့မပေးတာကို ကျေးဇူးတင်ရမယ်  မဟုတ်ရင် ကျွန်တော်ရဲ့ဖြူစင်မှုက လုံးဝသွားပြီပဲ”

ချီချီအန်းကခေါင်းညိတ်လိုက်သည်။

Continue Reading

You'll Also Like

28.5K 2.7K 34
Status in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆ...
248K 6.2K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.4M 61.2K 72
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...