ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

20.2K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

475 66 0
By phyolay1991

Chapter 3 Sweet
December 19, 2023
Chapter 3

လွန်စွာတိုးညှင်းသောအသံဖြင့် အားကျန့်က ထိုတစ်ခွန်းတည်းကိုသာ ပြောလာခဲ့သည်။ ထိုလူရမ်းကားအား တိတ်တဆိတ်‌မော့ကြည့်ပြီး ခေါင်းကိုပြန်ငုံ့ကာ သူ့ရဲ့လက်သမားအလုပ်အား ပြန်လည်လုပ်ကိုင်နေသဖြင့် သူ့ရဲ့ တိတ်ဆိတ်နေသော ‌မျက်နှာတစ်ခြမ်းကိုသာ မြင်နေရပေသည်။

ဆယ်စက္ကန့်မျှကုန်ဆုံးသွားသည့်အခါ၊ ရွှီလော့ယန်က ချီချန်အန်းရဲ့ရောင်ဝါမှာ တစ်ဖန်ပြောင်းလဲသွားကြောင်းသတိထားမိလိုက်သည်။ တိုက်စားတတ်သည့် ရေမည်းများပြည့်နေသည့် ကန်တစ်ကန်အလား၊ သူ့ပင်ကိုယ်မျက်ခုံးတို့မှာ ဓားတစ်ချောင်း၏ချွန်မြနေသည့် အဆုံးကဲ့သို့ပင်။ ယင်းက သူ့နှလုံးသားအား တင်းကြပ်သွားစေသည်။

ဇာတ်ညွှန်းနောက်တစ်ခန်းအား ပြောင်းလဲသွားပြီမှန်း သူခန့်မှန်းမိလိုက်သည်။

"အံ့ဩသွားလား"

ချီချန်အန်း၊ မဟုတ်ဘူး...!

အားကျန့်က ချင်းချောင်အား ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်မှ အပြုံးတို့တွင် လှောင်ရယ်မှုတို့ ရောယှက်လျက်ရှိနေသည်။

"ဟုတ်တယ်" ဟူသည့် စကားအား မျိုချကာ ရွှီလော့ယန်လဲ ဇာတ်လမ်းထဲသို့ စိတ်နှစ်လိုက်တော့သည်။

ချင်းချောင်၏အသံမှာ အက်ပွဲနေပြီး၊ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားကာ သူ့ခံစားချက်များအား ဖြေလျော့ရန် စားပေါ်ပေါ်သို့ နှစ်ကြိမ်မျှထိုးချလိုက်သည်။ သို့သော်လည်း သူက စိတ်မတည်ငြိမ်သေးဘဲ သူ့အသံအား ခပ်ရမ်းရမ်းပင် မြှင့်လိုက်သည်။

"ငါက အံ့ဩလို့မရဘူးလား မင်းက ငါ့ရဲ့ညီအကိုလေ ငါတို့တွေ အတူတူကြီးပြင်းလာရတာ စောက်ကျိုးနည်း မင်းကဘယ်လိုလုပ်ပြီး...."

"လူသတ်သမားတစ်ယောက်..." အားကျန့်က သူ့စကားအား ဆက်ပြောပေးလိုက်သည်။

တည်ငြိမ်သည့်အသံဖြင့်ပင် ချင်းချောင်ပြောမထွက်နိုင်သည့်စကားလုံးအားပြောကာ ထရပ်လိုက်သည်။

ရွှီလော့ယန်မသိစိတ်မှ နောက်သို့ခြေတစ်လှမ်းဆုတ်မိသွားရသည်။ အခုချိန်တွင် သူ့နောက်ကျောက ကြက်သီးများထနေသည်။

ချီချန်အန်းရဲ့ခြေလှမ်းက သူနှင့်တဖြည်းဖြည်းနီးကပ်လာသည်။ ထို့နောက် သူတို့ခန္ဓာကိုယ်မှအပူချိန်တို့ ထိတွေ့သွားရကာ ထိုသူ၏အသက်ရှုသံနွေးနွေးနှင့် အေးစက်စက်စကားလုံးများက သူ့နားထဲသို့တိုးဝင်လာတော့သည်။

"ချင်းချောင် ငါလူသတ်ခဲ့ပြီးပြီ ပြီးတော့ တစ်ယောက်တည်းတောင်မဟုတ်ဘူး"

ထို့နောက် ခပ်အုပ်အုပ်ရယ်သံဖြင့် "ဒါပေမယ့်... မင်း သက်သေရှာနိုင်မှာလား ဟင်..." ဟု ဆိုလေ၏။

သူ့အသံက လွန်စွာမှ နားဝင်ချိုစရာကောင်းနေသည်။

ထိုအချိန်တွင် ချင်းချောင်ရဲ့အသက်ရှုသံမှာ တည်ငြိမ်သွားပြီး သူ၏လက်အားဖြည်းညှင်းစွာမြှောက်လိုက်သည်။ သူ့လက်ငါးချောင်းလုံးက အားသန်လှသည်။ သူ့လက်မောင်းများဖြင့် တစ်ဖက်လူအား တင်းတင်းကြပ်ကြပ်ရစ်ပတ်လိုက်ပြီး တစ်ဖက်လူ၏နားနားသို့ကပ်၍ သွားများကြားမှ ‌ထွက်လာသည့်‌ လေတိုးသံဖြင့် စကား​ဆိုလိုက်သည်။

"အကယ်၍ ငါသာသက်သေမရှာနိုင်ခဲ့ရင် ငါမွေးလာမယ့်သားကို မင်းရဲ့မျိုးရိုးနာမည်ကိုပေးလိုက်မယ်"

ချီချန်အန်းရဲ့နောက်ကျောတွင်တင်ထားသည့် သူ့လက်များက စက္ကန့်အနည်းငယ်လောက် တောင့်တင်းသွားရကာ ရွှီလော့ယန်က သူ့လက်များအား အလျင်အမြန်ပြန်ရုတ်သိမ်းလိုက်သည်။ သူ့ရဲ့ ပြင်းထန်သောကိုယ်ရောင်ကိုယ်ဝါသည်လည်း ချက်ချင်းဆိုသလိုပျောက်ရှသွားလေသည်။ သူကဆိုဖာပေါ်ဘေးတစ်စောင်းလှဲချလိုက်ကာ သူ့ခြေထောက်အားဆုပ်ကိုင်ထာရင်း တစ်အားအား‌ အော်ဟစ်လိုက်တော့သည်။

ထိန်းချုပ်ထားသည့်မျက်ရည်များက  သူ့မျက်လုံးထဲ ပြည့်လျှံလာပြီး ရွှီလော့ယန်၏မျက်နှာက လက်နှီးစုတ်ကဲ့သို့ ရှုံ့တွနေလေသည်။

"အဲ့ဒါက အရမ်းမာမယ်မှန်းသိရင် ကော်ဖီစားပွဲကို ကန်ချင်ယောင်ပဲဆောင်လိုက်မှာပေါ့ နာလွန်းလို့ ခြေထောက်အဆစ်က ပေါက်ကွဲပြီးလွင့်ထွက်သွားသလိုပဲ"

ခြေထောက်တစ်ဖက်တည်းနှင့်ခုန်ဆွခုန်ဆွလုပ်နေသည့် သူ့အားကြည့်ကာ ချီချန်အန်းက ရုတ်ချည်းဆိုသလို ရယ်ချင်သွားကာ သူ့ခန္ဓာကိုယ်မှာလည်း ပြေလျော့‌သွားရသည်။

သူ့ခြေချောင်းလေးများက နာကျင်နေဆဲဖြစ်သော်လည်း သူ့နဂို‌နေရာတွင်သာထိုင်နေဆဲဖြစ်သည့် ချီချန်အန်းအား ကြည့်လိုက်မိရာ၊ ရုတ်တရက်ပင်  "နှင်းမုန်တိုင်း"ရုပ်ရှင်အား ဆယ်ခါ၊အခါနှစ်ဆယ်မျှ သူကြည့်ပြီးသော်လည်း  အဘယ်ကြောင့်မရိုးအီနိုင်ကြောင်း ရွှီလော့ယန်နားလည်သွားရသည်။

စီးပွားရေးအရ ထည့်သွင်းထားသည့် လူသစ်လေးသာဖြစ်သော်လည်း ဝဲလ်နိုင်ငံတကာရုပ်ရှင်ပွဲတော်၌ သူဘာကြောင့် အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့ပါသနည်း။

သူ့မှာ တစ်ကယ်ကို အံ့မခန်းတဲ့ဆွဲဆောင်မှုရှိနေတာကြောင့်ပင်။

မဟုတ်သေးဘူး...။ သူက လုံးဝကို စင်မြင့်အပေါ်မှာရပ်တည်ဖို့မွေးဖွားလာတဲ့သူမျိုးပင်။

ထိုမိနစ်အနည်းငယ်အတွင်း ရွှီလော့ယန်မှာ သူကအမှန်စင်စစ် ရွှီကျန့်ဖြင့်ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ မြို့ငယ်လေးမှာပုန်းအောင်းနေသည့် သစ်သားကဲ့သို့သော လက်သမားငယ်လေးဖြစ်သော်လည်း လျှို့ဝှက်ချက်များ များပြားလွန်းလှသည်။ ဝန်ခံရလျှင်၊ သူ့ကိုယ်ပိုင်သရုပ်ဆောင်မှုများသည်ပင် ခံစားချက်ပိုပြင်းနေခြင်းမှာ အစမှအဆုံးထိ ချီချန်အန်းက သူ့အားဦးဆောင်ကာ ဇာတ်လမ်းထဲမျောပါသွားစေ၍ပင်။

သို့သော် ယင်းက အင်မတန်ပင် ကောင်းမွန်လွန်းလှသည်။ နောက်စက္ကန့်အနည်းငယ်အတွင်း ကောင်းကင်ဘုံးသို့ရောက်သွားတော့မည့်အလား သူခံစားခဲ့ရသည်။

ထိုစိတ်လှုပ်ရှားမှုအား မည်ကဲ့သို့ဖော်ပြရမည်မှန်း ရွှီလော့ယန်မသိတော့။ ထို့ကြောင့် သူက ရိုးရိုးရှင်းရှင်းပင် ရေစိုပုဝါလေးတစ်ခုအားထုတ်ယူကာ သူ့လက်များကိုသုတ်လိုက်ပြီး ချီချန်အန်းဆီသို့ လက်လှမ်းလိုက်ကာ အသက်ပြင်းပြင်းရှူ၍ပြောလိုက်သည်။

"ကောင်းမွန်သော ပူးပေါင်းမှုပါ"

ရွှီလော့ယန်၏လက်များအား ခဏငေးကြည့်နေပြီးမှ ချီချန်အန်းလည်း ထရပ်လိုက်ကာ ရွှီလော့ယန်ရဲ့လက်များအပေါ်သူ့လက်အားတင်လိုက်ပြီး ပြောလိုက်သည်။

"ကောင်းမွန်သော ပူးပေါင်းမှုပါ"

ထိုရေစိုပုဝါများက လက်ဖက်စိမ်းအနံ့လေးဖြစ်ပြီး၊ သူတို့အနီးရှိလေထုမှာလည်း ထိုရနံ့ဖြင့် ဖုံးလွှမ်းခံလိုက်ရလေသည်။

ချီချန်အန်းက မြန်မြန်ဆန်ဆန်လက်ရုတ်သွားတာကို မြင်လိုက်ရသည့်အခါ၊ ရွှီလော့ယန်က ထိုင်ချလိုက်ပြီး အကူအညီမဲ့စွာ ရေစိုပုဝါတစ်ခုအားထပ်မံထုတ်ယူလိုက်ပြီး လှမ်းပေးလိုက်သည်။

"ကျွန်တော်လက်က အခုလေးတင် ကျွန်တော်ခြေထောက်ကိုကိုင်ထားတာမို့လို့ ခင်ဗျားမကြိုက်မှန်းသိပါတယ်"

ချီချန်အန်းက မငြင်းဆန်ပေ။ သူက လက်ချောင်းများပါမကျန် ပုဝါဖြင့် သုတ်လိုက်တော့၏။

ချီချန်အန်းက သူ့လက်ချောင်းများအား အကြိမ်ကြိမ်သုတ်နေတာကိုကြည့်ပြီး ရွှီလော့ယန်က ရယ်မောလိုက်မိသည်။

"တော်တော့လေ ကျွန်တော်အရှေ့မှာ အဲ့လိုမျိုး မလုပ်လို့မရဘူးလား ကျွန်တော်ခံစားချက်ကို ထိခိုက်စေတယ်"

"ကောင်းပြီလေ"

ချီချန်အန်း၏အမူအရာမှာ အရမ်းကို သက်တောင့်သက်သာဖြင့်ပုံမှန်ဖြစ်လွန်းလှသည်။

သူ့နံဘေးတွင် ပျင်းရိလေးတွဲစွာထိုင်နေသည့်လူအား ကြည့်ကာ "အဲ့ဒီတော့ မင်းရဲ့ခံစားချက်ကို ထိခိုက်သွားစေတဲ့အတွက် လျော်ကြေးအနေနဲ့ မင်းကို ညစာလိုက်ကျွေးမယ်လေ"

"အပြင်ထွက်ပြီး စားမလို့လား"

ရွှီလော့ယန်က ခေါင်းအုံးကိုပိုက်ကာ မတ်မတ်ထိုင်လိုက်ပြီး သူ့မေးစေ့ဖြင့်ပွတ်သပ်ကာ အကြံပြုလိုက်သည်။

"အပြင်ထွက်ပြီးစားရတာ ပျော်စရာမကောင်းပါဘူး အိမ်မှာပဲချက်စားကြမယ်လေ ဘယ်လိုလဲ ကျွန်တော်တို့ အောင်မြင်စွာပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ဖို့ ဆုတောင်းဆိုပါတော့"

ချီချန်အန်းအတွက်မူ ထိုနည်းကလည်း အဆင်ပြေသည်။

သို့သော်...

"ကိုယ်တော့ ဟင်းမချက်တတ်ဘူး မင်းကရော..."

"ဒါကို ခင်ဗျားသိသင့်တယ် အိမ်မှုကိစ္စဆိုတာ ရာစုသစ်က အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုပဲလေ ကျွန်တော် ခင်ဗျားကို ပြမယ်"

ကျန်သည့်တစ်မနက်ခင်းလုံး၊ ရွှီလော့ယန်က မီးဖိုချောင်တံခါးကိုပိတ်ထားပြီး ဘာတွေလုပ်ရမလဲဟု စဉ်းစားနေစဥ်တွင် ချီချန်အန်းက ဆိုဖာပေါ်တွင်ထိုင်ကာ ဇာတ်ညွှန်းအား တည်ငြိမ်အေးချမ်းစွာ ဆက်လက်ဖတ်ရှုနေ၏။

___

ဆယ့်နှစ်နာရီထိုးချိန်တွင် မီးဖိုချောင်တံခါးက ပွင့်လာပြီး ရွှီလော့ယန်က တံခါးဝတွင်ရပ်ကာ၊ ချီချန်အန်းအား 'မလာရ' ဟူသည့် အမူအရာပြပြီး လျှို့ဝှက်စွာပြောလာသည်။

"မလှုပ်နဲ့ ကျွန်တော်အစားအသောက်တွေ နေရာချပြီးမှ ခင်ဗျားလာလို့ရမယ်"

ချီချန်အန်းမှာလည်း လွန်စွာမှ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသဖြင့်၊ ဇာတ်ညွှန်းအား ကိုင်လျက် ပြန်ထိုင်ချလိုက်သည်။

ငါးမိနစ်ကျော်ကြာသည့်အခါ၊ ရွှီလော့ယန်က စားပွဲဘေးတွင်ရပ်ကာ လှမ်းခေါ်လေသည်။

"ရပြီ ခင်ဗျား လာပြီး ကျွန်တော်ရဲ့လက်ရာကို ခံစားကြည့်"

ချီချန်အန်း စားပွဲနားသို့ရောက်လာသည့်အခါ၊ ရွှီလော့ယန်က ပန်းကန်ပြားထဲရှိ အသီးအရွက်ကြော်အား လက်ညှိုးထိူပြကာ မိတ်ဆက်ပေးလေသည်။

"ဒါက ခရမ်းချဉ်သီးကြက်ဥမွှေကြော်"

ထို့နောက် ဟင်းရည်အား ညွှန်ပြကာ "ဒါက ခရမ်းချဉ်သီးကြက်ဥဟင်းရည်" ပြောပြီးသည့်နောက်  သူက ချီချန်အန်းအား မျှော်လင့်နေသည့်မျက်နှာလေးဖြင့်မော့ကြည့်လာသည်။

သူ့မှာ အမြှီးသာရှိပါက ရွှင်မြူးစွာ ဝှေ့ယမ်းနေလိမ့်မည်ပင်။

ချီချန်အန်းက စားပွဲပေါ်ရှိ ဟင်းနှင့်ဟင်းရည်ကိုကြည့်ကာ၊ ယခင်ကသူစဥ်းစားထားသည့်ချီးကျူးစကားများမှာ မသင့်လျှော်ကြောင်းတွေးမိသဖြင့်၊ နောက်ဆုံးတော့ ရိုးရှင်းစွာဖြင့် "အထင်ကြီးစရာပဲ" ဟူ၍သာ ချီးကျူးလိုက်ရသည်။

သို့သော် ထိုချီးကျူးစကားမှာ ရွှီလော့ယန်၏ကွဲကြေနေသည့်နှလုံးသားလေးအတွက် ကြီးမားသည့်နှစ်သိမ့်မှုပင်။ သူက ဖုန်းကိုထုတ်က၍ ဓာတ်ပုံရိုက်လိုက်ပြီး စာရေးကာ အလျင်အမြန်တင်လိုက်သည်။

"အံ့ဩစရာပဲ ဟုတ်တယ်မလား ရက်ပေါင်းငါးဆယ်လောက်အထိ ငါဂုဏ်ယူလို့ရတယ်"

သူ့Weiboနှင့် မိတ်ဆွေအသိုင်းအဝိုင်းတွင် ပို့စ်တင်ပြီးနောက်၊ ‌ရွှီလော့ယန်က အားရကျေနပ်စွာထိုင်ချလိုက်ပြီး "ကျွန်တော်မန်နေဂျာက ကျွန်တော်ကWeiboမှာအရမ်းကြိုးကြိုးစားစားနဲ့ ပို့စ်တင်တာပဲလို့ အမြဲပြောတယ် ဆန်းကြယ်တာတော့မဟုတ်ပေမယ့် ခြောက်လလောက်နေမှ Weiboပိုစ့်လေးတစ်ခုပဲတင်ဖို့ကို ကျွန်တော်ဘယ်လိုမှလက်မခံနိုင်ဘူး Weiboပေါ်ပို့စ်တစ်ရက်မတင်ရရင် ကျွန်တော်ရဲ့အရည်အချင်းကို ကျွန်တော်မပြနိုင်ဘူးလို့ ခံစားရတယ်"

ချီချန်အန်းမှာ 'ဘယ်တော့မှ ပို့စ်မတင်'သည့် အုပ်စုထဲတွင် ပါဝင်လေ၏။ သူက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။

"အဲ့ဒီလူတွေက တခြားလူတွေနဲ့မျှဝေလောက်ရအောင် စိတ်ဝင်စားဖို့ကောင်းတဲ့အရာ သူတို့ဘဝမှာမရှိဘူးလို့ ထင်လို့နေမှာပါ"

"ဘာလို့မရှိရမှာလဲ စိတ်ဝင်စားစရာကောင်းတာတွေမှ အများကြီးပဲ အာ...ကျွန်တော် ခင်ဗျားကို ဒါ ပြမယ်"

ရွှီလော့ယန်က သူ့ဖုန်းအားလှမ်းပေးကာ မိုင်တစ်ရာလောက်မှ topic တစ်ခုအား ပြလေသည်။

"ဖန်တစ်ယောက် ပြန်တင်ထားတာ ကျွန်တော် အသက်တစ်ဆယ့်ကိုးနှစ် ပွဲဦးထွက်တုန်းက ကျွန်တော်မှာ သဘာဝဆံပင်အနက်ရောင်ပဲရှိသေးတယ် ကြည့်ကြည့် ကျွန်တော်ဆံပင်က လုံးဝကိုမဲနက်နေတာ နှမ်းနက်ပင်ကမွေးလာတဲ့ နှမ်းနက်စေ့တွေလိုပဲ မည်းနက်ပြီးတောက်ပြောင်နေတာ ကံမကောင်းစွာနဲ့ နောက်ကျ ကျွန်တော်ရဲ့သဘာဝအလှက ဆံပင်ဆိုးဆေးတွေနဲ့ ဖုံးခံလိုက်ရတယ် ဟူး..."

ချီချန်အန်းက ဓာတ်ပုံထဲက သိသိသာသာကို သေးငယ်နေသည့်ရွှီလော့ယန်အားကြည့်ကာ နှလုံးသားမှ မှတ်ချက်ချလိုက်မိသည်။

"အဲ့ဒီတုန်းက မင်းက တော်တော်လှတာပဲ"

သူ့အသားအရည်မှာ ဖြူဖွေးနေကာ၊ မျက်လုံးများက အာရုံစူးစိုက်လျက်၊ သူ့အပြုံးက သိသိသာသာပင် ပွင့်လင်း၊ငယ်ရွယ်မှုတို့နှင့် တောက်ပနေလေသည်။

"ဟုတ်တာပေါ့ အဲ့ဒီတုန်းက ကျွန်တော်က အခုအရမ်းခေတ်စားနေတဲ့ ခွေးပေါက်လေးလိုပုံစံမျိုးလေ ဒါပေမယ့် အခုတော့.."

သူက ကျစ်ခနဲစုတ်သပ်ကာ၊ သက်ပြင်းချလိုက်ပြီး " ကျွန်တော်က အသက်ကြီးပြီး တစ်ကိုယ်တည်းသမား အသိုက်အမြုံမရှိ ပြီးတော့ ကျွန်တော်မန်နေဂျာက ဘယ်နေ့ ကျွန်တော်အလုပ်ပြုတ်မလဲလို့ စိုးရိမ်နေရပြီး ကျွန်တော်ဆံပင်တွေလည်း ကျွတ်လာပြီ"

"အဲ့ဒါဆို ကိုယ်လည်း တစ်ကိုယ်တည်းသမား အသိုက်အမြုံမရှိတဲ့သူပဲလေ"

ချီချန်အန်းက ကြက်ဥမွှေကြော်အနည်းငယ်အား ယူစားလိုက်သည်။ အနည်းငယ်ငန်သော်လည်း သူ့တွင် အစားစားချင်စိတ်ကောင်းမွန်နေလေရာ၊ ထမင်းဖြူပဲစားနေရပင်လျှင် အရသာရှိနေလေသည်။

စဉ်းစားပြီးသည့်နောက် သူ့လက်ထဲမှ တူအားချကာ ချီချန်အန်းက လေးလေးနက်နက်ပြောလိုက်၏။

"ဒါပေမယ့် အခုမင်းကလည်း တော်တော်လေး ကောင်းတယ်လို့ ကိုယ်ထင်တယ်"

"ကျွန်တော်လည်း အဲ့လိုပဲထင်ပါတယ်"

ရွှီလော့ယန်က သဘောတူစွာဖြင့် သူ့ခေါင်းအား အကြိမ်အနည်းငယ်ညိတ်လိုက်ပြီး ရိုးသားစွာဖြင့် ချီးကျူးလာလေသည်။

"ခင်ဗျားကလည်း အရမ်းကောင်းတယ် ရုပ်ချောတဲ့အပြင် ခင်ဗျားရဲ့သရုပ်ဆောင်စွမ်းရည်ကလည်း တော်တော်လေးကောင်းတယ်"

ထိုသို့ပြောပြီးနောက် ရွှီလော့ယန်က သူ့တူအားကိုက်ကာ ပြုံးလိုက်မိသည်။ ကြည့်ရတာ သူ့ရဲ့"လုပ်ငန်းဆိုင်ရာ မြှောက်ပင့်သည့်အလုပ်"က သဘာဝကျကျနှင့် အောင်မြင်သွားပုံပင်။

ညနေခင်းအချိန်၌၊ ချီချန်အန်းက သူ့အိပ်ခန်းထဲတွင် ဇာတ်ညွှန်းဖတ်နေချိန် ဖုန်းစခရင်မီးလင်းလာသည့်အတွက် သူက ဖုန်းကိုင်လိုက်သည်။

"လျန်ချိုး"

"သခင်လေးချီ"

လျန်ချိုး၏အသံမှာ ပုံမှန်အတိုင်းလေးစာမှုရှိသည့်ဟန်ဖြင့်ပင်။

"နေထိုင်ရတာ ဘယ်လိုနေပါသလဲ အဆင်မပြေရင် ကျွန်တော် ပိုကောင်းတဲ့နေရာပြောင်းဖို့ အဖွဲ့သားတွေနဲ့‌ဆွေးနွေးလိုက်ပါမယ်"

"မလိုဘူး အဆင်ပြေတယ်" စဉ်းတောင်မစဉ်းစားဘဲ ချီချန်အန်းက ငြင်းဆန်လိုက်၏။

လျန်ချိုးက အတန်ငယ်ထူးဆန်းသွားရသည်။ ချီချန်အန်းနေသည့်နေရာအား ရွှီလော့ယန်၏မန်နေဂျာ ကျန်းသုန့်ဖြင့် သူကြိုတင်၍ သွားကြည့်ထားသည်။ သန့်ရှင်းသပ်ရပ်သော်လည်း အဆောက်အဦးမှာ ဟောင်းနွမ်းနေပြီး ဓာတ်လှေကားပင်မရှိပေ။

"ကောင်းတယ်" ဟူသည်နှင့် နည်းနည်းလေးပင် နီးစပ်မှုမရှိချေ။

လျန်ချိုး၏သံသယအား သိရှိနေသကဲ့သို့ ချီချန်အန်းက ရှားရှားပါးပါး ဖြေရှင်းချက်ပေးလာလေသည်။

"လူက အရမ်းကောင်းတယ်"

လျန်ချိုးက ချက်ချင်းပင် နားလည်သွားသည်။ သူနေထိုင်တဲ့နေရာက မကောင်းသော်လည်း သူနှင့်အတူနေသည့်လူကတော့ အလွန်ကောင်းသည်။ သူက ရွှီလော့ယန်၏ကိုယ်ရေးအကျဉ်းအား ခေါင်းထဲပြန်လည်တွေးတောနေစဉ် ချီချန်အန်းဆက်ပြောလာတာကို ကြားလိုက်ရသည်။

"သူက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"

စိတ်ဝင်စားစရာကောင်းတယ်...။ လျန်ချိုးတစ်ယောက် အံ့ဩသွားရသည်။ သူ ချီချန်အန်းနောက်လိုက်လာသည်မှာ နှစ်နှစ်ရှိနေပြီဖြစ်ပြီး ထိုအတောအတွင်း ဤစကားမှာ ချီချန်အန်းဆီမှကြားဖူးသမျှထဲတွင် အမြင့်ဆုံးသောမှတ်ချက်ပင်။ သူက အင်မတန်အံ့အားသင့်သွားရတဲ့အတွက် မည်သို့ပြန်ဖြေရမည်ကိုပင် မသိတော့ချေ။

အချိန်ခဏမျှစောင့်ပြီးသည့်တိုင်၊ ဖုန်းတစ်ဖက်ဆီမှ မည်သည့်စကားသံမျှမကြားရသေးပေ။ ချီချန်အန်းက ဖုန်းမချမီ နှုတ်ဆက်စကားပြောသွားသေးသည်။ ဖုန်းစခရင်အား သူ့လက်များနှင့်ပွတ်သပ်နေရင်း မိနစ်ဝက်ခန့် သူ့မျက်ဝန်းများ မှေးကျဉ်းသွားကာ လက်ထဲမှ ဇာတ်ညွှန်းကိုချလိုက်ပြီး ဆော့ဖ်ဝဲလ်တစ်ခုအား ဒေါင်းလုတ်ဆွဲလိုက်သည်။

သူက စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပြီးနောက် သူက login ဝင်သည့် လျှို့ဝှက်နံပါတ်အား ရိုက်နှိပ်လိုက်သည်။ ရှာဖွေသည့်နေရာတွင် ရွှီလော့ယန်ဟုစာရိုက်ကာ အဆုံးတွင် ရွှီလော့ယန်ရဲ့ Weiboပေ့ခ်ျထဲသို့ ဝင်လိုက်‌၏။

ထိပ်ဆုံး၌ရှိနေသည့် ပို့စ်အား သူချက်ချင်းမှတ်မိသွားသည်။ နေ့လည်စာအတွက်သူစားခဲ့သည့် ခရမ်းချဉ်သီးကြက်ဥဟင်းချို၏ ပုံဖြစ်ပြီး ရွှီလော့ယန်က ရေးသားထားသည့်ခေါင်းစဉ်မှာ  "အံ့ဩစရာပဲ ဟုတ်တယ်မလား ရက်ပေါင်းငါးဆယ်လောက်ထိ ငါဂုဏ်ယူလို့ရတယ်" ဟူ၍ပင်။

ချီချန်အန်းက ပြန်လည်မျှဝေသည့်ခလုတ်အားနှိပ်လိုက်ပြီးနောက် တစ်ချက်စဉ်းစားလိုက်ကာ "အရမ်းအထင်ကြီးစရာပဲ" ဟု ကောမန့်ရေးလိုက်သည်။

သူ့ဖုန်းအား ပိတ်လိုက်သည့်အခါ သူ‌ follow လုပ်ထားသည့် Weiboမှလူစာရင်းမှာ သုညမှ တစ်သို့ ပြောင်းသွားပြီဖြစ်သည်။

ချီချန်အန်းက အိပ်ရာဝင်သွားခဲ့ပြီဖြစ်သော်လည်း တခြားလူများက ဝုန်းဒိုင်းကြဲနေရလေသည်။

ကျန်းသုန့် : ရွှီလော့ယန်က သူ့ကို ချက်ချင်းပြန် follow မလုပ်သေးဘူးလား မဖြစ်ဘူး မဖြစ်ဘူး ငါဖုန်းခေါ်ပြီး မေးမှရမယ်

လျန်ချိုး : သခင်လေးချီက ဘယ်လိုလုပ်ပြီး သူ့ရဲ့Weiboနံပါတ်ကို မှတ်မိနေသေးတာလဲ မဟုတ်သေးပါဘူး ကျွန်တော်က မင်းဘယ်တော့မှ ပို့စ်မတင်ဘူးလို့ထင်ထားတာလေ ကြည့်ရတာ တစ်ခုခုတော့ မဟုတ်သေးပါဘူး

ပရိသတ်များ : ချီချန်အန်းနဲ့ ရွှီလော့ယန်တဲ့...ငါ...ငါတို့ စိတ်ငြိမ်ငြိမ်ထားဖို့လိုပြီ...

__

Continue Reading

You'll Also Like

5.3K 516 32
IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.face...
1.3M 46K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.2M 92K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
35.2K 4.1K 48
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...