Wonbin မရောက်တာတစ်လကျော်ကြာပြီဖြစ်သော ဆိုင်အတွင်းသို့ဝင်လိုက်သည်နှင့် ရင်းနှီးနေကြ အကိုဆူမင်း၏ သီချင်းဆိုသံက နားထဲသို့ အရင်တိုးဝင်လာသည်။ဘာမှမပြောင်းလဲသည့် ဆိုင်လေးထဲ မျက်မှန်းတန်းမိနေသည့်လူများ၊အခုမှမျက်နှာသစ်လူများကို တစ်ချက်ဝေ့ကြည့်ရင်း band နားသို့ Wonbinလျှောက်သွားလိုက်သည်။
အကိုဆူမင်းက Wonbin ကိုမြင်သည်နှင့် ပြုံးပြလာကာ သီချင်းဆိုနေသည့်တစ်လျှောက်လုံး Wonbin ဆီမှအကြည့်မရွေ့တော့။
Band နားတွင်တော့ Wonbin မရင်းနှီးသည့်ကောင်လေးတစ်ယောက်ထိုင်နေသည်။ဖြစ်နိုင်တာ အကိုဆူမင်း အသစ်ခေါ်ထားခြင်းပဲဖြစ်ရမည်။ ဖုန်းကြည့်နေသည်မို့ Wonbin သူ့အနားသို့ရောက်သွားသည့်တိုင် ထိုကောင်လေးက ရိပ်မိပုံမပေါ်။
သီချင်းတစ်ပုဒ်ပြီးတော့ အကိုဆူမင်းက ထိုကောင်လေးနဲ့ စကားခဏပြောကာ လူချင်းလဲပြီး Wonbin ဘေးသို့လာထိုင်သည်။ခုထိအံ့ဩနေဆဲမျက်နှာတွင် Wonbin ကိုပြန်တွေ့ရလို့ ပျော်နေဟန်လည်း ပေါက်နေသေးသည်။
" အကိုက မင်းပြန်မလာတော့ဘူးထင်နေတာညီ ၊ တစ်လျှောက်လုံး စိတ်ပူနေခဲ့ပေမယ့် ဖုန်းဆက်တော့လည်း စက်ပိတ်ထားတော့...၊ ပြီးတော့ ကိုယ် ဘယ်ကိုဘယ်လိုလိုက်ရှာရမှန်းလည်းမသိဘူးကွာ "
စိုးရိမ်မှု အမူအယာတွေဖြတ်ပြေးနေတဲ့ အကိုဆူမင်းအား Wonbin ဘယ်လိုတုန့်ပြန်ရမည်မှန်းမသိပါ။ ဖြေရှင်းချက်ပေးဖို့အကောင်းဆုံး စကားလုံးများကိုသာ ရှာဖွေးစဉ်းစားနေမိသည်။ သို့သော်ကား စဉ်းစား၍မတတ်။
" ဒီကိုပြန်မလာလို့... ကျွန်တော့်မှာသွားစရာနေရာမှမရှိတာ "
Wonbin ဒါကိုတော့အမှန်တိုင်းပြောလိုက်တာပင်။ ကိုယ်ပိုင်တဲ့ Bar ကိုပြန်မလာလို့ ဘယ်ကိုသွားရမှာလဲ။ ဒီ Bar က Wonbin အပိုင်မှန်း သူရယ် သူ့မန်နေဂျာရယ်ပဲသိသည်။ ဆိုင်တစ်ဆိုင်လုံးကို မန်နေဂျာနှင့်သာလွှဲထားသည်မို့ အကိုဆူမင်းတို့သည်လည်း မန်နေဂျာကြီးကိုသာ ဆိုင်ရှင်ထင်နေကြတာဖြစ်သည်။အဲ့လိုဖြစ်အောင်လည်း Wonbin က တမင်ခိုင်းခဲ့တာ။မဟုတ်ရင် ပါးပါးက သူ့ကို ရှာတွေ့သွားအုံးမည်ပင်။
" အကိုတို့ ရေခဲတုံးလေး ပြန်လာတော့အားတက်သွားပြီဗျာ "
" ဒါနဲ့ ညီ မင်းမရှိတဲ့အချိန် အကိုအသစ်တစ်ယောက်ခေါ်ထားသေးတယ် "
" သူလား "
သီချင်းသံနှင့်အတူ တက်ကြွစွာသီချင်းဆိုနေသော ကောင်လေးဘက်သို့ မျက်စပစ်ပြရင်း Wonbin မေးလိုက်သည်။
" ဟုတ်တယ် ညီ ၊ သူ့ကိုဘယ်လိုမြင်လဲ အဆင်ပြေလား "
" မဆိုးပါဘူး "
Wonbin ထင်သည် Band ထဲ ဒီလိုကလေးတစ်ယောက်သာရှိရင် Bar ကနေ့ရော၊ညရောလူပြတ်တော့မည်မဟုတ်တော့ အခုလည်း မပြတ်မဘူးဆိုပေမယ့်ပေါ့။ ရုပ်ရည်၊ အရပ်အမောင်း ၊ အရည်အချင်း အပြစ်ဟူ၍ပြောစရာမရှိလှ။ အကို ဆူမင်းကတော့ အမြဲ အကိုဆူမင်း ဖြစ်နေတုန်းပဲ။ လူသစ်ခေါ်တိုင်း အရာအားလုံးပြည့်စုံနေမှ။ သို့သော် ရေရှည်တော့မခံ။
" အရင်လို တစ်ပတ်လေးရက် ပြန်ယူဖို့အဆင်ပြေရဲ့လား "
" သုံးရက်ပဲယူတော့မယ် အကို တစ်ချက်ပြန်ညှိပေးပါအုံး "
" အိုခေဗျာ ဘယ်နေ့တွေယူချင်လဲ "
" Wed, Thu, Fri ယူချင်တယ် အဆင်ပြေနိုင်မလား "
" အင်း အကိုတစ်ချက်ပြန်ညှိပေးမယ် အဆင်ပြေအောင်လုပ်ပေးရမှာပေါ့ဗျာ ၊
အကိုတို့ Band က ရေခဲတုံးမင်းသားမရှိရင်မဖြစ်ဘူးလေကွ မင်းသိရဲ့သားနဲ့"
" ဒါဆို ခုနေ့တော့ ရောက်လက်စနဲ့ ကျွန်တော် ဝင်ဆိုပေးမယ် "
" ဟုတ်ပါပြီဗျာ "
ထို့နောက် Wonbin သီချင်းနှစ်ပုဒ်လောက်ဝင်ဆိုပြီးချိန်တွင် အကိုဆူမင်းနှင့် Bandမှလူများကိုနှုတ်ဆက်ကာ အိမ်ပြန်လာခဲ့တော့သည်။
//
အိမ်ပြန်ရောက်သည်နှင့် Wonbin စိတ်ထဲ အထီးကျန်လာသလိုခံစားချက်မျိုးဝင်လာသည်။
တစ်ခုခုကိုလွမ်းနေသလိုမျိုး *တစ်မနက်လေး အတူရှိခဲ့တာကို Wonbin ရယ်မင်းအသိတရားဝင်စမ်းပါ* Wonbin ကိုယ့်ခေါင်းကိုပြန်ထုရင်း အသိပေးနေမိသည်။
ထို့နောက် အတွေးမများစေရန် ပန်းချီခန်းဆီသို့သာ Wonbin ဦးတည်လိုက်တော့သည်။
ဆွန်းဟန်ရောက်သည့်နေ့က မြင်သွားသည့် တစ်ပိုင်းတစ်စဆွဲထားသည့် ပန်းချီကားကိုလက်စသတ်ရန်ပြင်လိုက်မိသည်။အပိုင်းအစတွေကိုသာ ရေးခြစ်ထားပြီး ရုပ်လုံးမပေါ်သေးသည်မို့ ထိုနေ့က ကံကောင်းစွာဖြင့်
ဆွန်းဟန် မသိသွားခဲ့ခြင်းပင်။
ထပ်ပြီး ဆုံစည်းခွင့်ပေးတဲ့ ကံကြမ္မာကိုပဲကျေးဇူးတင်ရမလား။ မင်းကို ကိုယ့်ဆီရောက်အောင် တွန်းပို့ပေးတဲ့ ဘုရားသခင်ကိုပဲကျေးဇူးတင်ရမလား မသိပေမယ့် ကိုယ်တော့ ဒီအခြေအနေလေး ဒီအခိုက်လေးတွေကိုရပ်ထားချင်မိတယ် ဆွန်းဟန်ရယ်။
ပန်းချီကားတစ်ခုလုံး ရေးဆွဲပြီးသွားချိန်တွင်တော့ အတော်ပင် ညဉ့်နက်နေပြီဖြစ်သည်။သို့သော်လည်း ပင်ပန်းရကောင်းမှန်းမသိ၊ဗိုက်လည်းမဆာ၊ ပန်းချီကားထဲမှ ကလေးတစ်ယောက်နှယ် ပြုံးနေသူအားကြည့်ရင်း သူပါလိုက်ပြုံးမိသည်အထိ ကြည့်နူးနေမိသည်။ဤလူသားလေးအား ချစ်မြတ်နိုးသည့်စိတ်က တစ်ရက်ထက်တစ်ရက် ပိုလာသည်မို့ Wonbin ပါးပါးအားပေးထားသောကတိအား မတည်နိုင်တော့မည်ကို စိုးရိမ်နေမိသည်မှာအမှန်ပင်ဖြစ်သည်။သို့သော် သူဘယ်တော့မှရှေ့သို့ တိုးမည်မဟုတ်သည်မှာလည်း အမှန်တရားပင်။
ထို့နောက် ပန်းချီးကားချပ်လေးအား ပိတ်စအဖြူဖြင့် ဖုံးကာ အိပ်စက်ရန်အတွက် ပန်ချီးဆွဲခန်းမှထွက်၍ အိပ်ခန်းသို့ပြန်လာခဲ့လိုက်တော့သည်။
///
တီးတောင် ~ တီးတောင် ~ တီးတောင်
အဆက်မပြတ်မြည်နေသော ဘဲတီးသံကြောင့် Wonbin မထချင်ဘဲထလိုက်ရသည်။ညက ညဉ့်နက်မှ အိပ်ထားသည်မို့ အိမ်ချင်မူးတူးဖြစ်နေသေးကာ မျက်လုံးတစ်ဖက်သာဖွင့်လျှောက်သွား၍ တံခါးဖွင့်ကြည့်မိသည်။ ထို့နောက် အိပ်ချင်နေဆဲဖြစ်သော စိတ်အလုံးစုံဟာ ရှေ့မှလူကိုမြင်သည်နှင့် ကွယ်ပျောက်သွားတော့သည်။
" ဆွန်းဟန် မင်းဘယ်လိုလုပ်..."
*ဘယ်လိုလေးလဲကွာ ချစ်စရာကောင်းလိုက်တာဗျာ ကိုက်ဆွဲချင်စရာလေးBinရာ*
ဆွန်းဟန် ပြုံးပြလိုက်ကာ အိပ်ရေးမဝသူ၏ ဆံပင်လေးများကိုဆွဲဖွပစ်ရင်း ရှေ့မှကလေးပေါက်စလိုဖြစ်နေသည့်လူအား အသည်းယားလာသည်။
" မင်းအတွက်မနက်စာဝယ်လာတယ် "
" ဘာလာလုပ်တာလဲ မနက်အစောကြီး "
" မင်းပြောတဲ့ ကြောင်ပေါက်လေး လာလုပ်တာ"
" ဟမ် "
"ကျွန်တော် မင်းအနားမှာ ကြောင်ပေါက်လေးလို ချွဲနေမလို့ "
ဆွန်းဟန် စကားကြောင့် Wonbin က အနည်းငယ်ပြုံးသွားသည်။ဒါကိုသိသွားမည်စိုး၍ထင်သည် ဆွန်းဟန်နှင့်မျက်နှာချင်းဆိုင်နေရာမှ မျက်နှာကိုဘေးသို့စောင်းသွားသည်။
" ကျွန်တော့်ကို အိမ်ထဲပေးမဝင်တော့ဘူးလား Binn "
" အေး.. ဝင်လေ၊ အဟမ်း "
အခုထိ ရယ်မြူးရိပ်သန်းနေတဲ့ Wonbinမျက်ဝန်းများသည် ပျော်နေမှန်းသိသာလှသည်။အိပ်ရာနိုးခါကာစ Binn ကအမှန်တကယ်ပင် ချစ်ဖို့ကောင်းလွန်းနေသည်။
" Binn ပြန်အိပ်ချင်ရင်အိပ်အုံးလေ အခု မှ7နာရီပဲရှိသေးတာ "
" မင်းကရော "
"အထုတ်တွေထားပြီးရင် အတူလာအိပ်မယ်"
" အင်း "
ထို့နောက် မီးဖိုခန်းဘက်သွားကာ ဝယ်လာသည့်မနက်စာထုပ်ကို နေရာတကျထားလိုက်သည်။ပြီးသည်နှင့်အဝတ်ထုတ်ကိုယူကာ ပြန်အိပ်နေသူ နိုးမသွားအောင် တံခါးကိုအသာဖွင့်ရင်း အခန်းထဲ ဝင်လာခဲ့လိုက်သည်။
" ဆွန်းဟန် "
" ဗျာ... Binn ပြန်အိပ်မပျော်ဘူးလား ၊ ကျွန်တော့် ကြောင့်အိပ်ရေးပျက်သွားရပြီ "
" မဟုတ်ပါဘူး ငါမင်းကိုစောင့်နေတာ အဲ့တာဘာလဲ "
" အဝတ်ထုပ် "
" ဘာလုပ်ဖို့လဲ အဝတ်ထုပ် "
" ကျွန်တော်အိမ်ပေါ်ကဆင်းလာတာ "
ဆွန်းဟန်၏ ယုံနိုင်စရာမကောင်းသော အကြောင်းပြချက်ကြောင့် Wonbin၏မျက်လုံးအစုံဟာ ဆွန်းဟန်ကိုယ်ပေါ်သို့ ကျရောက်လာသည်။ ဆွန်းဟန် မသိချင်ယောင်ဆောင်ကာဖြင့် အိပ်နေသူဘေးလို့ဝင်လှဲလိုက်သည့်တိုင် Wonbin ဟာ
ဆွန်းဟန်ကို ဆက်ကြည့်နေဆဲ။
" Binnရာ တစ်ပတ်ပါပဲ မဟုတ်ဘူးငါးရက်လေးပဲနေမယ်လေ မရဘူးလား "
"...."
" Binn နော်လို့ "
ဆွန်းဟန် Wonbinဘက်သို့စောင်းကာခေါင်းကိုလက်ထောက်၍ပြောလိုက်သည်။မျက်ခုံးနှစ်ဖက်ပါတွန့်ချိုးနေသော Wonbin သည် ဆွန်းဟန်ကို မသင်္ကာဟန်ကြည့်နေသေးသည်။
" နော်လို့ Binn "
ဆွန်းဟန် မျက်နှာကိုငယ်ချကာ ချွဲသည်ဟုမဆိုသာသော်လည်း အသံချိုချိုအေးအေးက Wonbin ၏စိတ်ကိုအနည်းငယ်လှုပ်ခပ်သွားသည်ထင်။ အနည်းငယ်ပြုံးရိပ်သန်းနေသောမျက်နှာကိုတစ်ဖက်လှည်းသွားပြီး
" အင်း " ဟုပြောသည်။
" အိပ်ရအောင် Binn "
" အိပ်လေ "
" ကျွန်တော်ချမ်းလို့ မင်းကိုဖက်ပြီးအိပ်မယ် "
" ချမ်းရင်စောင်ခြုံလေကွာ "
" စောင်ကမနွေးဘူး Binnကပိုနွေးတာ "
ဆွန်းဟန် စောင်ထုပ်ထဲမှလူအားကျစ်နေအောင်ဖက်ထားမိသည်။ရင်ခွင်ထဲမြှပ်မနေပါသည်တိုင် ရင်ခွင်ထဲထည့်ထားရသည်မို့ တကယ်ကိုနွေးထွေးနေပါတော့သည်။
ဤသို့ဖြင့် နှစ်ယောက်သားအိပ်ပျော်သွားတာ ပြန်နိုးလာချိန်တွင် နေ့လယ်စာစားရန် အချိန်သို့ပင် ရောက်နေပေတော့သည်။
ထမင်းစားခန်းတွင် နေ့လယ်စာစားရန် အညင်းပွားမှု တစ်ခုဖြစ်လို့နေသည်။
" မစားဘူးကွာ အိမ်မှာရှိတာပဲစားမယ် ၊ မနက်က မင်းဝယ်လာတာရှိတာပဲ "
"အဲ့မနက်စာက ဝယ်ထားတာကြာနေပြီလဗျာ Binnရာ မဆိုးပါနဲ့ကွာနော် အပြင်မှာအရသာရှိတာသွားစားမယ်လေ "
" မလိုက်ဘူး မင်းဘာမင်းသွား "
" မနက်ကဝယ်လာတဲ့ဟာတွေကမကောင်းတော့ဘူးလေကွာ "
" ကောင်းသေးတယ် ကိုယ်စားကြည့်ပြီးပြီ "
" တကယ် အပြင်မှာလိုက်မစားတာ သေချာလား "
" အင်း "
" ဒါဆိုကျွန်တော်လည်း မသွားတော့ဘူး ၊ မနက်ကဟာတွေပဲမစားရဘူး ကျွန်တော်ဒလီမှာအုံးမယ်ခဏစောင့်အုံးမင်း "
" အေးပါ ပီဇာလေးမှာပေး ကိုလာနဲ့ "
ဆွန်းဟန်ဘာမှပြန်မပြောဘဲနေလိုက်သည်။ သူ့အိမ်တက်နေပြီး အနိုင်ကျင့်သလိုဖြစ်နေလည်းမတတ်နိုင်။ အစားကိုဖြစ်သလိုစားနေတော့ ပိန်သွားတာသိသာလှသည်။ထို့ကြောင့် အချိန်မှန်မှန် ထမင်းစားစေချင်သည်။အရသာရှိတာလေး နေ့တိုင်စားစေချင်သည်။သူကတော့မဟုတ် ခေါက်ဆွဲဖြင့်သာပြီးသွားတတ်သည်။
" နော်လို့ ဆွန်းဟန် "
" မှာပြီးပါပြီဗျာ ညစာတော့အပြင်ထွက်စားမယ်နော် Binn "
" ပြီးရော "
" ဒီည Barကိုသွားရအုံးမှာလား Binn "
" ဘာလို့လဲ မနက်ဖြန်မှသွားရမှာ"
* ဒီး~ ဒီး~ ဒီး
" ဆွန်းဟန် မင်းဖုန်းလာနေတာထင်တယ် "
" ကျွန်တော် ဖုန်းခဏသွားပြောအုံးမယ်နော် "
Wonbin ခေါင်းညိတ်ပြမှ ဆွန်းဟန်ဖုန်းပြောရန် ဝရန်တာ သို့ထွက်ခဲ့တော့သည်။
" မနက်စာတောင်စားမသွားနိုင်လောက်အောင် အရမ်းလွမ်းလို့အိမ်ပေါ်ကဆင်းပြေးသွားတာလား "
ဖုန်းစကိုင်ကိုင်ချင်း ကြားရသော ဒယ်ဒီ ၏အထေ့အငေါ့စကားကြောင့် ဆွန်းဟန် အသံထွက်၍ပင်ရီမိသည်။
" ဒယ်ဒီကဗျာ "
" မသွားခင် အလွမ်းသယ်နေတာပေါ့ ဟုတ်လားငါ့သား ဟားဟား "
" နှစ်ပတ်တောင်ခွဲရမှာလေဗျာ ဒယ်ဒီစဉ်းစားကြည့်ပေါ့ "
" ဘယ်လိုလဲ ငါပဲသွားလိုက်ရလားကွဟေ "
" အဲ့လိုလုပ်မလား ဒယ်ဒီ "
" ဟေ့ကောင် ငါစကားအဖြစ်ပြောတာလေကွ ဘယ်နှယ့် ဖအေကို အနားလေးဘာလေးပေးမယ်မရှိဘူး"
" မင်းအဲ့လောက်စိတ်မချဖြစ်နေရင်လည်း အဖြစ်ရှိအောင်လုပ်ပြီးခေါ်သွားလေ ပွဲတက်ဖို့ပါတနာရှာစရာတောင်မလိုဘူး "
ဒယ်ဒီပြောတာအမှန်ပေမယ့် Binn ကိုဖွင့်ပြောလိုက်ရင် ဒီအခြေအနေလေးပျက်သွားမှာ ဆွန်းဟန်စိုးရိမ်မိနေသည်မို့။ ဒါပေမယ့်လည်း ဒယ်ဒီ့ စကားများကြောင့်ဆွန်းဟန်ရီသာရီနေမိတော့သည်။
ထိုအပြုံးတွေကို မျက်မှောင်ကြုတ်ကြီးဖြင့်လှမ်းကြည့်နေသော Wonbinကိုတော့
ဆွန်းဟန်သတ်ိမပြုမိခဲ့ပါ။
" ဒယ်ဒီ သားကိုဒီလိုတွေပြောဖို့ ဖုန်းလှမ်းဆက်တာလား "
" ဟုတ်တယ် "
" ဒါဆို ဖုန်းချပြီ သားကောင်လေးက နေ့လယ်စာအတူတူစားဖို့ စောင့်နေလို့ "
ဆွန်းဟန် ပြောပြီးသည်နှင့်ဖုန်းချလိုက်တော့သည်။ ဒယ်ဒီ့စကားတွေကြောင့် အိမ်ထဲပြန်ဝင်လာသည်အထိ အပြုံးမပျက်။
ဆွန်းဟန် ကိုစဖို့ဆို ဒယ်ဒီက အချိန်မရွေးနေရာမရွေးပင် ။
*တောင်
*အလုပ်လေး ဘာလေးလည်းသွားဦး ဟေ့ကောင် *
ဖုန်းချသွားတော့မက်စ်ဆေ့ပို့လာသည်။
ဆွန်းဟန် မသွားမှန်းသိလို့တမင် ပြောနေတာပင်။
ထမင်းစားဟန်ထဲပြန်ရောက်တော့ Wonbin က စားနေပြီဖြစ်သည်။ မှာထားသော အစားအစာများကိုလည်း ဘယ်ချိန်လာပို့သည်လည်းမသိလိုက်။
" Binn ကစားတောင်နေပြီလား "
ဆွန်းဟန် အားဘာမှပြန်မပြောဘဲ ပီဇာကို ငုံ့စားနေသော Binnသည် ဘာကိုအလိုမကျသည်မသိ မျက်မှောင်ကြုတ်ထားသည်။
" Binn ဘာလို့လဲ ပီဇာက စားမကောင်းဘူးလား "
"..."
" Binn "
" ကိုယ်ဝပြီ မင်းစားပြီးရင် ကျန်တာတွေအမှိုက်ပုံးထဲထည့်လိုက် "
ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကို ဆွန်းဟန် လိုက်မမှီဟန် ကြောင်အနေမိသည်။ ခုနကထိအကောင်းပါ ။ ဆွန်းဟန်ဒယ်ဒီနဲ့ ဖုန်းခဏပြောချိန်လေးမှာ ဘာဖြစ်သွားတာလဲ။
ဆွန်းဟန် ရှေ့မှအရာမရွံ့သော မုန့်များကိုမြင်သည်နှင့် ခုနထွက်သွားသူနောက်သို့ လိုက်ရတော့သည်။
ဝရန်တာတွင် ဆေးလိပ်သောက်နေသော Binnကတည်ငြိမ်စွာ။ ခုကလို မျက်မှောင်ကြုတ်ထားတာတွေလည်းမရှိတော့သလို ၊ မနက်ကလို ချစ်စရာကာင်းနေမှုမျိုးလည်းမတွေ့ရတော့။ ပကတိတည်ငြိမ်နေပေမယ့် ဆွန်းဟန် ဒီပုံစံကိုမရင်းနှီးတာအမှန်။
" Binn "
" Binn ခုနလာပို့တဲ့မုန့်တွေကမကောင်းလို့လားဟင် ကျွန်တော်အသစ်ထပ်မှာပေးရလား"
" Binn ကျွန်တော် ..."
" ကိုယ် အဲ့မုန့်ကြောင့်ဖြစ်နေတာမဟုတ်ဘူးဆွန်းဟန် "
" ကျွန်တော် ဖုန်းပြောတာကြာသွားလို့လား "
ဆွန်းဟန် ထိုသို့ပြောလိုက်တော့ ဘာမှမပြောတစ်ဖက်သို့ မျက်နှာလွှဲသွားသည်။
* မင်းဘာမှမသိဘူး ဆွန်းဟန် ၊ မင်းရဲ့အဲ့အပြုံးတွေကို ငါတစ်ယောက်တည်းပိုင်ဆိုင်ချင်လွန်းလို့ ရူးတော့မလိုပဲ မင်းအနားမှာနေရလေလေ မင်းကိုပိုလက်မလွှတ်ချင်လေဖြစ်နေပြီ တကယ်ရူးတော့မလိုပဲကွာ *
" Binnရာ ကျွန်တော့်ကိုစိတ်ဆိုးနေတာလား"
ဆွန်းဟန် Wonbin ရှေ့သို့သွားကာမျက်နှာချင်းဆိုင်လိုက်သည်။
" ဘယ်သူကဆိုးလို့လဲ "
" မဆိုးရင် နေ့လယ်စားရအောင် ဘာမှမစားရသေးဘဲ ဝပြီလုပ်နေတယ် မင်းနော် "
" မစားချင်ဘူး "
" ကျွန်တော် ခွံကျွေးမယ် မစားဘဲတော့မနေပါနဲ့ကွာ "
ဆွန်းဟန်အတင်းဆွဲခေါ်တော့ ထမင်းစားခန်းထဲပြန်ပါလာသည်။ သို့သော် ဒီတိုင်းထိုင်နေသည်မို့ ဆွန်းဟန် တကယ်ပင် ခွံကျွေးရတော့သည်။
*ဘယ်လို အဆိုးအတာလေးလဲမသိ ချစ်စရာလေးဗျာ "
ဆွန်းဟန် ခွံကျွေးသမျှအကုန်စားနေသော Wonbinက ကလေးတစ်ယောက်လိုပင်။
" Binn ခုနလေ ဒယ်ဒီဖုန်းဆက်တာ ကျွန်တော်အိမ်ပေါ်ကဆင်းသွားလို့တဲ့လှမ်းဆက်တာ "
" ပြန်သွားမှာလား "
" မသွားပါဘူး Binnရာ ကျွန်တော်ပြောပြီးသားပဲ မင်းရဲ့ကြောင်လေးလုပ်မလို့ပါဆို "
" နော် ကျွန်တော်ကိုစိတ်မဆိုးနဲ့တော့ မင်းအဲ့လိုနေရင် ကျွန်တော်မနေတတ်ဘူး "
" မဆိုးပါဘူး ဘယ်သူကဆိုးလို့လဲ "
" မဆိုးရင်ပြီးတာပါပဲဗျာ "
" Binn "
"ညစာထွက်စားရင်း ဟန်မြစ်ဘက်သွားကြမလား "
" အင်း သွားတာပေါ့ "
* ကိုယ်တော့ ကတိတွေကိုမေ့ပစ်ပြီး မင်းနဲ့ပဲပျော်ရွှင်ချင်မိတော့တယ် ဆွန်းဟန် *