When I Fly Towards You ( ဘာသာ...

By ANyein_26

7.1K 488 30

NO PAID GP ‼️ Title - She's a Little Crazy / 她病得不轻; 陆遥知他意 Author - Zhu Yi Chapter - 63 Started Date : 23.11... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6.2
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter - 11.1
Chapter - 11.2
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18.1
Chapter - 18.2
Chapter - 19

Chapter-6.1

133 19 1
By ANyein_26



[ Crush ရှိခြင်းက အထီးကျန်ဆန်လွန်းတယ်..
ငါက အထီးကျန်မှုကို ခံနိုင်ရည်ရှိတဲ့လူ မဟုတ်ဘူး ]

< နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

အောက်တိုဘာလနှောင်းပိုင်းတွင် ရာသီဥတုက လျင်မြန်စွာ ပြောင်းလဲခဲ့ပြီး မိုးရွာသည်နှင့် လျင်လျင်မြန်မြန် ရွာသွန်းခဲ့သည်။

နေ့လည်ခင်း အတန်းပြီးဆုံးချိန်နှင့် ညနေပိုင်းစာသင်ချိန်ကြား၌ စာသင်ခန်းထဲတွင် လူအနည်းငယ်သာရှိသော်လည်း ဆူညံနေသေးသည်။ အဝေးမှနေ၍ စာသင်ခန်းမှ ဆူညံသံများနှင့် အသံလွှင့်ခန်းမှ ပြတ်သားပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးအသံကို သူ ကြားနေရသည်။

ကျန်းလုရန့် စာသင်ခန်းထဲသို့ ၀င်သွားသည်။ သူ့နေရာကို မရောက်ခင်မှာ သူ့စားပွဲပေါ်တွင် နီညိုရောင်ခေါက်ထီးတစ်ချောင်း ရှိနေပြီး သူ့အာရုံကို ဆွဲဆောင်ဖို့ ကြိုးစားနေသလို အလယ်မှာ ဂရုမစိုက်ဘဲ ချထားတာကို သူတွေ့လိုက်သည်။ သူ ကောက်ယူလိုက်လျှင် ထီးလက်ကိုင်တွင် ကပ်ထားသော စာရွက်တစ်ရွက်ရှိနေရာ ရေစိုခံရန်အတွက် Scotch တိပ်အလွှာများစွာကို ကပ်ထားသည်ကို တွေ့လိုက်ရသည်။

တစ်စုံတစ်ခုကို ပွတ်တိုက်မိလို့ အနည်းငယ် မှုန်ဝါးဝါး ရေးထားတဲ့ စာကြောင်းတစ်ကြောင်းရှိနေသည်။ သို့သော် သူက စကားလုံးများကို ရှင်းရှင်းလင်းလင်း ဖတ်နိုင်ပါသေးသည်။

- စူးကျိုက်ကျိုက် ၊ အတန်း(၉) ၊ ကျောင်းသူ ၊ ဒီဟာကို ကျန်းလုရန့် ၊ အတန်း(၁) ၊ ကျောင်းသား အား ဌားပါသည် -

'ဌားသည်' ဟူသော စကားလုံး၏အရွယ်အစားမှာ အခြားစကားလုံးများ၏ အရွယ်အစားနှစ်ဆ ဖြစ်သည်။ သူ ခေါင်းငုံ့ထားပြီး အလွန်တည်ငြိမ်သော အမူအရာဖြင့် ထီးကို စားပွဲပေါ် ပြန်တင်လိုက်သည်။

စာအုပ်အနည်းငယ်ကိုသိမ်းဆည်း ကျောင်းလွယ်အိတ်ထဲထည့်ကာ သူ့နောက်ကျောတွင် လွယ်ထားပြီး စာသင်ခန်းမှ ထွက်လာခဲ့သည်။ သူ ထွက်မသွားခင် သူနှင့်အတူ ထီးယူသွားဖို့ကိုလည်း မမေ့ခဲ့။

သူသည် နှစ်ထပ်သို့တက်ပြီး ညာဘက်သို့လှည့် အခြားအဆောက်အဦးဆီသို့ တည့်တည့်သွားကာ ကျောင်းရုံးခန်းနှင့်အနီးဆုံး စာသင်ခန်းဆီသို့ လျှောက်သွားသည်။ ရုံးခန်းနှင့် အလွန်နီးကပ်နေတာကြောင့် ဖြစ်နိုင်သလို ထိုနေရာတွင် လူနည်းတာကြောင့်လည်း စာသင်ခန်းဟာ အလွန်တိတ်ဆိတ်နေသည်။

အလွန်အမင်း တိတ်ဆိတ်နေသည်။

ကျန်းလုရန့်သည် ပြတင်းပေါက်နှင့် အနီးဆုံးရှိ အဖွဲ့အတွင်းဘက်တွင် ထိုင်နေသည့် မိန်းကလေးတစ်ဦးကိုသာ တွေ့လိုက်ရပြီး သူမနှာတံပေါ်မှ အနားကွပ်ကြီးကြီး မျက်မှန်တစ်လက်နှင့် နားကြပ်တပ်ထားပြီး သူမလက်ထဲက စာအုပ်တစ်အုပ်ကို လှန်ကြည့်နေသည်။

ပြတင်းပေါက်အပြင်ဘက်တွင် နေရောင်က အကန့်အသတ်မရှိ လှပနေပါ၏။ သစ်ရွက်များထူထပ်နေသော အလွှာများပေါ်တွင် အလင်းရောင်များ ထွန်းလင်းတောက်ပနေပြီး ပြောက်တိပြောက်ကျားမျှသာရှိသော အလင်းတန်းများသည် လေပြေလေညင်းနှင့်အတူ သစ်ရွက်များကို ဖြတ်ကျော်ဝင်ရောက်လာရာ စာအုပ်ပေါ်တွင် ပတ်ပတ်လည်ဝိုင်းနေသော ရောင်လျှံစက်ဝန်းအချို့ကို ဖန်တီးကာ မိန်းကလေး၏လက်မှ တောက်ပသော အဖြူရောင်အလင်းတန်းများကို အလင်းပြန်စေသည်။

၎င်းက ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။

ကျန်းလုရန့် သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး နှုတ်ခမ်းဟကာ ပြောလိုက်သည်။

"စူးကျိုက်ကျိုက်"

သူမ သူ့ကို မကြားလိုက်သလို သူမလက်လှုပ်ရှားရာတွင် နည်းနည်းလေးတောင် ရပ်တန့်သွားခြင်းမရှိခဲ့။ ကျန်းလုရန့်က သူမကို ထပ်မခေါ်တော့ဘဲ ဝင်လာခဲ့သည်။ သူမမျက်လုံးထောင့်ကနေ သူမထိုင်ခုံဖော်ရဲ့စားပွဲဘေးမှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်၏။ စူးကျိုက်ကျိုက် စာရွက်များကို လှန်မကြည့်တော့ဘဲ နားကြပ်တစ်ဖက်ကို ဆွဲဖြုတ်လိုက်သည်။

ထုတ်လွှင့်နေသောအသံက သူမနားထဲသို့ တိုးဝင်လာပြီး မိန်းကလေး၏အသံမှာ ငြိမ့်ညောင်းပြီး ချစ်စရာကောင်းသည်။

[ ဟန်ဟန်ရဲ့ 'A မြို့တော်' ထဲမှာ ဒီလိုစကားမျိုးရှိပါတယ် ]

[ ဒီကမ္ဘာမှာ ဒါမျိုးမရှိပါဘူး.. အရာတစ်ခုကို သဘောကျဖို့ အချိန်ခဏလေးပဲလိုတယ် နောက်ပြီး ဒီအရာကို ဘာကြောင့်သဘောကျလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ညှဉ်းဆဲပြီး စစ်ဆေးမေးမြန်းဖို့အတွက်ကျတော့ ဖြည်းဖြည်းချင်း နှစ်ပေါင်းများစွာ အချိန်ယူရပါတယ် ]

***

စူးကျိုက်ကျိုက် ခေါင်းမော့ပြီး သူ့ကို ကြည့်လိုက်သည်။

ကောင်ငယ်လေးရဲ့နှုတ်ခမ်းများမှာ ပြေပြစ်သော မျဉ်းကွေးလေးတစ်ခုနှင့်အတူ ယဲ့ယဲ့လေး ကွေးညွှတ်သွားလေသည်။ သူ့မျက်လုံးများမှာလည်း နှင်းစွက်နေဟန် တောက်ပနေပြီး ဘာခံစားချက်မှမရှိ ၊ သူ၏အနက်ရောင်ဆံပင် တစ်ဝက်ခန့်က စိုစွက်နေရာ သူ့အား လေးတွဲ့နေဟန်ဖြင့် တောက်ပနေစေသည်။

သူ့လက်ကိုမြှောက်ပြီး စကားတစ်လုံးမှမပြောဘဲ သူမအား ထီးကိုပေးလိုက်သည်။

စူးကျိုက်ကျိုက် လက်မခံဘဲ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေ၏။

ဒါကိုမြင်တော့ ကျန်းလုရန့်က မော့ကြည့်ပြီး သူမစားပွဲပေါ်မှာ ထီးကိုတင်၍ လှည့်ထွက်လာသည်။ စူးကျိုက်ကျိုက်က သူ့ကို အမြန်လှမ်းခေါ်လိုက်၏။

"ကျန်းလုရန့်"

ကောင်ငယ်လေးက ရပ်တန့်ပြီး သူမကို လှည့်ကြည့်လာသည်။

"နင် ငါ့ကို မှတ်မိလား"

စူးကျိုက်ကျိုက် သူမလက်ထဲက စာအုပ်ကိုချကာ စားပွဲပေါ်မှ ထီးကို ကောက်ကိုင်ရင်း လှုပ်ယမ်းပြသည်။

ကျန်းလုရန့်က ခေါင်းညိတ်ပြသော်လည်း ပြန်မဖြေ။

သူမနှလုံးသား၏ဟိုးအောက်ခြေမှ တစ်စုံတစ်ရာက လျှံထွက်လာသည့်အလား ၎င်းက စူးကျိုက်ကျိုက်ကို စိတ်လှုပ်ရှားပြီး မထိန်းမသိမ်းနိုင်လောက်အောင် ပြင်းပြလာစေသည်။ သူမရဲ့စိတ်လှုပ်ရှားနေခြင်းကို ထိန်းသိမ်းလျက် မတ်တပ်ရပ်ပြီး သူ့အား ရဲရဲရင့်ရင့် မေးလိုက်၏။

"နင်က ငါ့ကို တိတ်တိတ်လေး အာရုံစိုက်နေတာလား"

ဒီလိုမေးခွန်းမျိုးကို သူ လုံးဝမမျှော်လင့်ထားသလိုပဲ ကျန်းလုရန့်က မျက်မှောင်ကြုတ်ပြီး သူမနှင့်စကားဆက်မပြောလိုဘဲ တံခါးအပြင်ကို ထွက်လာခဲ့သည်။ သူမက အနောက်မှလိုက်လာပြီး ဆက်ပြော၏။

"ငါ နင့်ကို မဖော်ထုတ်လိုက်သင့်ဘူး စိတ်မဆိုးပါနဲ့ ငါ ဘာမှမပြောခဲ့သလို ဟန်ဆောင်လိုက်မယ်လေ"

ကျန်းလုရန့်၏နှုတ်ခမ်းထောင့်စွန်းမှာ လှုပ်ယမ်းသွားသည်။ သူ သည်းမခံနိုင်တော့ဘဲ အသံတိုးတိုးဖြင့် လှောင်ပြောင်ကာ

"Acceleration က တစ်စက္ကန့်ကို မီတာနှစ်ထပ်ကိန်း"

"........"

အဲဒီနေ့က သူမက တကယ့်ကို နာမည်တွေအော်ခေါ်ပြီး အလွတ်ကျက်ထားတဲ့မေးခွန်းတွေကို ကျယ်လောင်စွာ ရွတ်နေပုံရတယ်...

သူမ ရုတ်တရက်ကြီး အရမ်းရှက်လာပြီ...

ဒါပေမဲ့ သူမ ခံနိုင်ရည်ရှိနေတုန်းပဲ။

ထို့အပြင် ယခင်က သူမလုပ်ခဲ့သည့်အရာသည် အချည်းနှီးမဟုတ်သလိုပင် ၊ သူက သူမအပေါ် အနည်းငယ် အထင်အမြင်ရှိနေသေးသည်။ စူးကျိုက်ကျိုက် မျက်တောင်ခတ်လိုက်ပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်၏။

"အဲဒီနေ့က ငါ နင့်ကို တကယ်ကျိန်ဆဲခဲ့တာဆိုတော့ တောင်းပန်တဲ့အနေနဲ့ နင့်ကို ငါ့ထီးဌားပေးတယ်..."

"မလိုပါဘူး"

စူးကျိုက်ကျိုက်က လက်ခါပြလျက်

"အဲဒါက အဆင်မပြေဘူး ငါက အဲလိုလူစားမျိုး မဟုတ်ဘူး"

"ငါလဲ မင်းကို ပြန်ကျိန်ဆဲခဲ့တာပဲ"

သူ့လေသံက သာမာန်ကာလျှံကာ...

စူးကျိုက်ကျိုက် အံသြသွားသည်။ သူမကို ဘယ်တုန်းက ကျိန်ဆဲခဲ့တာလဲ... အဲဒီနေ့က 'အရူး' ဆိုတဲ့ဟာလား?

တကယ်တော့ သူက သူမကို ကျိန်ဆဲနေတာလို့ သူမ မထင်ထားခဲ့ဘူး ၊ ဤမြင့်မားသောတောင်ပေါ်ပန်းသည် ကိစ္စတိုင်းတွင် စည်းကမ်းကြီးသူတစ်ယောက်ဖြစ်ပြီး ဖော်မပြနိုင်သော ခြားနားချက်က အလွန်ချစ်ဖို့ကောင်းသည်။

ဟား ဟား!

ဒါပေမဲ့ သူမ ဘယ်လို တုံ့ပြန်ရမလဲ...

'နင် ငါ့ကို ကျိန်ဆဲရဲတယ်' ဆိုပြီး ဒေါသတကြီး ပြန်ဖြေလိုက်မယ်ဆိုရင် ဒီလိုမျိုး အပေါက်ဆိုးဆိုး မိန်းကလေးရဲ့လက်တုံ့ပြန်ပုံက အနာဂတ်မှာ ကျန်းလုရန့်က သူမကို ထပ်ပြီးကျိန်ဆဲဖို့ ကြောက်လွန်းနေရင် ဘယ်လိုလုပ်မလဲ?

သူမ ကျိန်ဆဲခံလိုက်ရသော်လည်း ဤခံစားချက်ကို သူမ အလွန်နှစ်သက်ဆဲဖြစ်သည်။ သူမ အလှလေးထံမှ အထူးကုသမှုခံယူရသလို ခံစားရတယ်။

အဲလိုမှမဟုတ်ရင် သူမက သူ့လက်မောင်းကို ပုတ်ပြီး 'ဟား ဟား နင် ကောင်းကောင်းလုပ်ခဲ့တယ်! နင် ကျိန်ဆဲတာကို ငါသဘောကျတယ်!' ဆိုပြီး ပြောလိုက်မယ်ဆိုရင်လည်း သူက သူမကို စိတ်ရောဂါရှိသူလို့ မှတ်ယူလိုက်လိမ့်မယ်...

မေ့လိုက်ပါတော့ အကြောင်းအရာကို ပြန်ပြောင်းကြည့်ရအောင်...

"ဒါနဲ့ အဲဒီနေ့က ငါ ကျိုးရွှီယင်းကို လာရှာတာမဟုတ်ဘူး နင့်နာမည်က ကျိုးရွှီယင်းလို့ ငါထင်ခဲ့တာ.. ငါက နင့်ကို လာရှာတာ"

သူမက တကယ့်ကို ပရောပရည်ကျတဲ့ မိန်းကလေးမဟုတ်ပါဘူး! သူမက အရမ်းသစ္စာရှိတယ်!

"အင်း"

ဘာမှမထူးခြားဘူးလား...

စူးကျိုက်ကျိုက် ဆက်လက်ကြိုးစားအားထုတ်ပြန်သည်။

"ငါ နင့်ကို ဘာလို့လာရှာတာလဲလို့ မမေးတော့ဘူးလား"

"မသိချင်ဘူးလား"

မသိချင်ဘူးလား...

အိုကေလေ သူက မသိချင်ဘူးဆိုရင် သူမ ဘာမှထပ်မပြောတော့ဘူး ၊ စူးကျိုက်ကျိုက် လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တယ်။

ခေါင်းစဉ်ထပ်ပြောင်းကြည့်ရအောင်...


_______________________




[ Crush ရွိျခင္းက အထီးက်န္ဆန္လြန္းတယ္..
ငါက အထီးက်န္မႈကို ခံနိုင္ရည္ရွိတဲ့လူ မဟုတ္ဘူး ]

< နတ္မိမယ္ေလးစူးက်ိဳက္က်ိဳက္ရဲ႕ဒိုင္ယာရီ >

ေအာက္တိုဘာလေႏွာင္းပိုင္းတြင္ ရာသီဥတုက လ်င္ျမန္စြာ ေျပာင္းလဲခဲ့ၿပီး မိုး႐ြာသည္ႏွင့္ လ်င္လ်င္ျမန္ျမန္ ႐ြာသြန္းခဲ့သည္။

ေန႕လည္ခင္း အတန္းၿပီးဆုံးခ်ိန္ႏွင့္ ညေနပိုင္းစာသင္ခ်ိန္ၾကား၌ စာသင္ခန္းထဲတြင္ လူအနည္းငယ္သာရွိေသာ္လည္း ဆူညံေနေသးသည္။ အေဝးမွေန၍ စာသင္ခန္းမွ ဆူညံသံမ်ားႏွင့္ အသံလႊင့္ခန္းမွ ျပတ္သားၿပီး ႏူးညံ့သိမ္ေမြ႕ေသာ မိန္းကေလးအသံကို သူ ၾကားေနရသည္။

က်န္းလုရန့္ စာသင္ခန္းထဲသို႔ ၀င္သြားသည္။ သူ႕ေနရာကို မေရာက္ခင္မွာ သူ႕စားပြဲေပၚတြင္ နီညိုေရာင္ေခါက္ထီးတစ္ေခ်ာင္း ရွိေနၿပီး သူ႕အာ႐ုံကို ဆြဲေဆာင္ဖို႔ ႀကိဳးစားေနသလို အလယ္မွာ ဂ႐ုမစိုက္ဘဲ ခ်ထားတာကို သူေတြ႕လိုက္သည္။ သူ ေကာက္ယူလိုက္လွ်င္ ထီးလက္ကိုင္တြင္ ကပ္ထားေသာ စာ႐ြက္တစ္႐ြက္ရွိေနရာ ေရစိုခံရန္အတြက္ Scotch တိပ္အလႊာမ်ားစြာကို ကပ္ထားသည္ကို ေတြ႕လိုက္ရသည္။

တစ္စုံတစ္ခုကို ပြတ္တိုက္မိလို႔ အနည္းငယ္ မႈန္ဝါးဝါး ေရးထားတဲ့ စာေၾကာင္းတစ္ေၾကာင္းရွိေနသည္။ သို႔ေသာ္ သူက စကားလုံးမ်ားကို ရွင္းရွင္းလင္းလင္း ဖတ္နိုင္ပါေသးသည္။

- စူးက်ိဳက္က်ိဳက္ ၊ အတန္း(၉) ၊ ေက်ာင္းသူ ၊ ဒီဟာကို က်န္းလုရန့္ ၊ အတန္း(၁) ၊ ေက်ာင္းသား အား ဌားပါသည္ -

'ဌားသည္' ဟူေသာ စကားလုံး၏အ႐ြယ္အစားမွာ အျခားစကားလုံးမ်ား၏ အ႐ြယ္အစားႏွစ္ဆ ျဖစ္သည္။ သူ ေခါင္းငုံ႕ထားၿပီး အလြန္တည္ၿငိမ္ေသာ အမူအရာျဖင့္ ထီးကို စားပြဲေပၚ ျပန္တင္လိုက္သည္။

စာအုပ္အနည္းငယ္ကိုသိမ္းဆည္း ေက်ာင္းလြယ္အိတ္ထဲထည့္ကာ သူ႕ေနာက္ေက်ာတြင္ လြယ္ထားၿပီး စာသင္ခန္းမွ ထြက္လာခဲ့သည္။ သူ ထြက္မသြားခင္ သူႏွင့္အတူ ထီးယူသြားဖို႔ကိုလည္း မေမ့ခဲ့။

သူသည္ ႏွစ္ထပ္သို႔တက္ၿပီး ညာဘက္သို႔လွည့္ အျခားအေဆာက္အဦးဆီသို႔ တည့္တည့္သြားကာ ေက်ာင္း႐ုံးခန္းႏွင့္အနီးဆုံး စာသင္ခန္းဆီသို႔ ေလွ်ာက္သြားသည္။ ႐ုံးခန္းႏွင့္ အလြန္နီးကပ္ေနတာေၾကာင့္ ျဖစ္နိုင္သလို ထိုေနရာတြင္ လူနည္းတာေၾကာင့္လည္း စာသင္ခန္းဟာ အလြန္တိတ္ဆိတ္ေနသည္။

အလြန္အမင္း တိတ္ဆိတ္ေနသည္။

က်န္းလုရန့္သည္ ျပတင္းေပါက္ႏွင့္ အနီးဆုံးရွိ အဖြဲ႕အတြင္းဘက္တြင္ ထိုင္ေနသည့္ မိန္းကေလးတစ္ဦးကိုသာ ေတြ႕လိုက္ရၿပီး သူမႏွာတံေပၚမွ အနားကြပ္ႀကီးႀကီး မ်က္မွန္တစ္လက္ႏွင့္ နားၾကပ္တပ္ထားၿပီး သူမလက္ထဲက စာအုပ္တစ္အုပ္ကို လွန္ၾကည့္ေနသည္။

ျပတင္းေပါက္အျပင္ဘက္တြင္ ေနေရာင္က အကန႔္အသတ္မရွိ လွပေနပါ၏။ သစ္႐ြက္မ်ားထူထပ္ေနေသာ အလႊာမ်ားေပၚတြင္ အလင္းေရာင္မ်ား ထြန္းလင္းေတာက္ပေနၿပီး ေျပာက္တိေျပာက္က်ားမွ်သာရွိေသာ အလင္းတန္းမ်ားသည္ ေလေျပေလညင္းႏွင့္အတူ သစ္႐ြက္မ်ားကို ျဖတ္ေက်ာ္ဝင္ေရာက္လာရာ စာအုပ္ေပၚတြင္ ပတ္ပတ္လည္ဝိုင္းေနေသာ ေရာင္လွ်ံစက္ဝန္းအခ်ိဳ႕ကို ဖန္တီးကာ မိန္းကေလး၏လက္မွ ေတာက္ပေသာ အျဖဴေရာင္အလင္းတန္းမ်ားကို အလင္းျပန္ေစသည္။

၎က ၿပိဳးၿပိဳးျပက္ျပက္ ျဖစ္ေနသည္။

က်န္းလုရန့္ သူ႕မ်က္လုံးမ်ားကို အနည္းငယ္ က်ဥ္းေျမာင္းလိုက္ၿပီး ႏႈတ္ခမ္းဟကာ ေျပာလိုက္သည္။

"စူးက်ိဳက္က်ိဳက္"

သူမ သူ႕ကို မၾကားလိုက္သလို သူမလက္လႈပ္ရွားရာတြင္ နည္းနည္းေလးေတာင္ ရပ္တန့္သြားျခင္းမရွိခဲ့။ က်န္းလုရန့္က သူမကို ထပ္မေခၚေတာ့ဘဲ ဝင္လာခဲ့သည္။ သူမမ်က္လုံးေထာင့္ကေန သူမထိုင္ခုံေဖာ္ရဲ႕စားပြဲေဘးမွာ ရပ္ေနတဲ့ လူတစ္ေယာက္ကို ေတြ႕လိုက္၏။ စူးက်ိဳက္က်ိဳက္ စာ႐ြက္မ်ားကို လွန္မၾကည့္ေတာ့ဘဲ နားၾကပ္တစ္ဖက္ကို ဆြဲျဖဳတ္လိုက္သည္။

ထုတ္လႊင့္ေနေသာအသံက သူမနားထဲသို႔ တိုးဝင္လာၿပီး မိန္းကေလး၏အသံမွာ ၿငိမ့္ေညာင္းၿပီး ခ်စ္စရာေကာင္းသည္။

[ ဟန္ဟန္ရဲ႕ 'A ၿမိဳ႕ေတာ္' ထဲမွာ ဒီလိုစကားမ်ိဳးရွိပါတယ္ ]

[ ဒီကမာၻမွာ ဒါမ်ိဳးမရွိပါဘူး.. အရာတစ္ခုကို သေဘာက်ဖိဳ႕ အခ်ိန္ခဏေလးပဲလိုတယ္ ေနာက္ၿပီး ဒီအရာကို ဘာေၾကာင့္သေဘာက်လဲဆိုတာကို ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္ညွဥ္းဆဲၿပီး စစ္ေဆးေမးျမန္းဖို႔အတြက္က်ေတာ့ ျဖည္းျဖည္းခ်င္း ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူရပါတယ္ ]

***

စူးက်ိဳက္က်ိဳက္ ေခါင္းေမာ့ၿပီး သူ႕ကို ၾကည့္လိုက္သည္။

ေကာင္ငယ္ေလးရဲ႕ႏႈတ္ခမ္းမ်ားမွာ ေျပျပစ္ေသာ မ်ဥ္းေကြးေလးတစ္ခုႏွင့္အတူ ယဲ့ယဲ့ေလး ေကြးၫႊတ္သြားေလသည္။ သူ႕မ်က္လုံးမ်ားမွာလည္း ႏွင္းစြက္ေနဟန္ ေတာက္ပေနၿပီး ဘာခံစားခ်က္မွမရွိ ၊ သူ၏အနက္ေရာင္ဆံပင္ တစ္ဝက္ခန႔္က စိုစြက္ေနရာ သူ႕အား ေလးတြဲ႕ေနဟန္ျဖင့္ ေတာက္ပေနေစသည္။

သူ႕လက္ကိုျမႇောက္ၿပီး စကားတစ္လုံးမွမေျပာဘဲ သူမအား ထီးကိုေပးလိုက္သည္။

စူးက်ိဳက္က်ိဳက္ လက္မခံဘဲ သူ႕ကို စူးစူးစိုက္စိုက္ ၾကည့္ေန၏။

ဒါကိုျမင္ေတာ့ က်န္းလုရန့္က ေမာ့ၾကည့္ၿပီး သူမစားပြဲေပၚမွာ ထီးကိုတင္၍ လွည့္ထြက္လာသည္။ စူးက်ိဳက္က်ိဳက္က သူ႕ကို အျမန္လွမ္းေခၚလိုက္၏။

"က်န္းလုရန့္"

ေကာင္ငယ္ေလးက ရပ္တန့္ၿပီး သူမကို လွည့္ၾကည့္လာသည္။

"နင္ ငါ့ကို မွတ္မိလား"

စူးက်ိဳက္က်ိဳက္ သူမလက္ထဲက စာအုပ္ကိုခ်ကာ စားပြဲေပၚမွ ထီးကို ေကာက္ကိုင္ရင္း လႈပ္ယမ္းျပသည္။

က်န္းလုရန့္က ေခါင္းညိတ္ျပေသာ္လည္း ျပန္မေျဖ။

သူမႏွလုံးသား၏ဟိုးေအာက္ေျခမွ တစ္စုံတစ္ရာက လွ်ံထြက္လာသည့္အလား ၎က စူးက်ိဳက္က်ိဳက္ကို စိတ္လႈပ္ရွားၿပီး မထိန္းမသိမ္းနိုင္ေလာက္ေအာင္ ျပင္းျပလာေစသည္။ သူမရဲ႕စိတ္လႈပ္ရွားေနျခင္းကို ထိန္းသိမ္းလ်က္ မတ္တပ္ရပ္ၿပီး သူ႕အား ရဲရဲရင့္ရင့္ ေမးလိုက္၏။

"နင္က ငါ့ကို တိတ္တိတ္ေလး အာ႐ုံစိုက္ေနတာလား"

ဒီလိုေမးခြန္းမ်ိဳးကို သူ လုံးဝမေမွ်ာ္လင့္ထားသလိုပဲ က်န္းလုရန့္က မ်က္ေမွာင္ၾကဳတ္ၿပီး သူမႏွင့္စကားဆက္မေျပာလိုဘဲ တံခါးအျပင္ကို ထြက္လာခဲ့သည္။ သူမက အေနာက္မွလိုက္လာၿပီး ဆက္ေျပာ၏။

"ငါ နင့္ကို မေဖာ္ထုတ္လိုက္သင့္ဘူး စိတ္မဆိုးပါနဲ႕ ငါ ဘာမွမေျပာခဲ့သလို ဟန္ေဆာင္လိုက္မယ္ေလ"

က်န္းလုရန့္၏ႏႈတ္ခမ္းေထာင့္စြန္းမွာ လႈပ္ယမ္းသြားသည္။ သူ သည္းမခံနိုင္ေတာ့ဘဲ အသံတိုးတိုးျဖင့္ ေလွာင္ေျပာင္ကာ

"Acceleration က တစ္စကၠန႔္ကို မီတာႏွစ္ထပ္ကိန္း"

"........"

အဲဒီေန႕က သူမက တကယ့္ကို နာမည္ေတြေအာ္ေခၚၿပီး အလြတ္က်က္ထားတဲ့ေမးခြန္းေတြကို က်ယ္ေလာင္စြာ ႐ြတ္ေနပုံရတယ္...

သူမ ႐ုတ္တရက္ႀကီး အရမ္းရွက္လာၿပီ...

ဒါေပမဲ့ သူမ ခံနိုင္ရည္ရွိေနတုန္းပဲ။

ထို႔အျပင္ ယခင္က သူမလုပ္ခဲ့သည့္အရာသည္ အခ်ည္းႏွီးမဟုတ္သလိုပင္ ၊ သူက သူမအေပၚ အနည္းငယ္ အထင္အျမင္ရွိေနေသးသည္။ စူးက်ိဳက္က်ိဳက္ မ်က္ေတာင္ခတ္လိုက္ၿပီး အေၾကာင္းအရာကို အျမန္ေျပာင္းလိုက္၏။

"အဲဒီေန႕က ငါ နင့္ကို တကယ္က်ိန္ဆဲခဲ့တာဆိုေတာ့ ေတာင္းပန္တဲ့အေနနဲ႕ နင့္ကို ငါ့ထီးဌားေပးတယ္..."

"မလိုပါဘူး"

စူးက်ိဳက္က်ိဳက္က လက္ခါျပလ်က္

"အဲဒါက အဆင္မေျပဘူး ငါက အဲလိုလူစားမ်ိဳး မဟုတ္ဘူး"

"ငါလဲ နင့္ကို ျပန္က်ိန္ဆဲခဲ့တာပဲ"

သူ႕ေလသံက သာမာန္ကာလွ်ံကာ...

စူးက်ိဳက္က်ိဳက္ အံၾသသြားသည္။ သူမကို ဘယ္တုန္းက က်ိန္ဆဲခဲ့တာလဲ... အဲဒီေန႕က 'အ႐ူး' ဆိုတဲ့ဟာလား?

တကယ္ေတာ့ သူက သူမကို က်ိန္ဆဲေနတာလို႔ သူမ မထင္ထားခဲ့ဘူး ၊ ဤျမင့္မားေသာေတာင္ေပၚပန္းသည္ ကိစၥတိုင္းတြင္ စည္းကမ္းႀကီးသူတစ္ေယာက္ျဖစ္ၿပီး ေဖာ္မျပနိုင္ေသာ ျခားနားခ်က္က အလြန္ခ်စ္ဖို႔ေကာင္းသည္။

ဟား ဟား!

ဒါေပမဲ့ သူမ ဘယ္လို တုံ႕ျပန္ရမလဲ...

'နင္ ငါ့ကို က်ိန္ဆဲရဲတယ္' ဆိုၿပီး ေဒါသတႀကီး ျပန္ေျဖလိုက္မယ္ဆိုရင္ ဒီလိုမ်ိဳး အေပါက္ဆိုးဆိုး မိန္းကေလးရဲ႕လက္တုံ႕ျပန္ပုံက အနာဂတ္မွာ က်န္းလုရန့္က သူမကို ထပ္ၿပီးက်ိန္ဆဲဖို႔ ေၾကာက္လြန္းေနရင္ ဘယ္လိုလုပ္မလဲ?

သူမ က်ိန္ဆဲခံလိုက္ရေသာ္လည္း ဤခံစားခ်က္ကို သူမ အလြန္ႏွစ္သက္ဆဲျဖစ္သည္။ သူမ အလွေလးထံမွ အထူးကုသမႈခံယူရသလို ခံစားရတယ္။

အဲလိုမွမဟုတ္ရင္ သူမက သူ႕လက္ေမာင္းကို ပုတ္ၿပီး 'ဟား ဟား နင္ ေကာင္းေကာင္းလုပ္ခဲ့တယ္! နင္ က်ိန္ဆဲတာကို ငါသေဘာက်တယ္!' ဆိုၿပီး ေျပာလိုက္မယ္ဆိုရင္လည္း သူက သူမကို စိတ္ေရာဂါရွိသူလို႔ မွတ္ယူလိုက္လိမ့္မယ္...

ေမ့လိုက္ပါေတာ့ အေၾကာင္းအရာကို ျပန္ေျပာင္းၾကည့္ရေအာင္...

"ဒါနဲ႕ အဲဒီေန႕က ငါ က်ိဳး႐ႊီယင္းကို လာရွာတာမဟုတ္ဘူး နင့္နာမည္က က်ိဳး႐ႊီယင္းလို႔ ငါထင္ခဲ့တာ.. ငါက နင့္ကို လာရွာတာ"

သူမက တကယ့္ကို ပေရာပရည္က်တဲ့ မိန္းကေလးမဟုတ္ပါဘူး! သူမက အရမ္းသစၥာရွိတယ္!

"အင္း"

ဘာမွမထူးျခားဘူးလား...

စူးက်ိဳက္က်ိဳက္ ဆက္လက္ႀကိဳးစားအားထုတ္ျပန္သည္။

"ငါ နင့္ကို ဘာလို႔လာရွာတာလဲလို႔ မေမးေတာ့ဘူးလား"

"မသိခ်င္ဘူးလား"

မသိခ်င္ဘူးလား...

အိုေကေလ သူက မသိခ်င္ဘူးဆိုရင္ သူမ ဘာမွထပ္မေျပာေတာ့ဘူး ၊ စူးက်ိဳက္က်ိဳက္ လက္ေလွ်ာ့ဖို႔ ဆုံးျဖတ္လိုက္တယ္။

ေခါင္းစဥ္ထပ္ေျပာင္းၾကည့္ရေအာင္...


_______________________

Continue Reading

You'll Also Like

2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
543K 14.4K 31
read (&&) find out 😉. finished !
156K 11.9K 142
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Tags[ ] Alternate World A...
1.5M 130K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...